← Chapters

ဆက်သွယ်လာပြီ

Vol. 69 Ch. 4.553

ဆက်သွယ်လာပြီ

Vol. 69 Ch. 4.553

ထိုစကားများသည် ဟာသတစ်ခု ဖြစ်ကြောင်း အကြီးအကဲစန်းရွှိက် ကိုယ်တိုင် သိရှိထားပြီး အောင့်မိသားစု၏ ရှစ်ယောက်မြောက် ဦးလေး၏ လှောင်ပြောင်မှုကို သူ ဂရုမစိုက်ခဲ့ကြပေ။

"ဟမ့် တခြားဘာမှ မရှိရင် ဒီကလေးက ဘယ်မှာများ ပုန်းနေတာလဲ? ဘာလို့ သူ့ကို ဘယ်သူကမှ ဆက်သွယ်လို့ မရရတာလဲ? အရင်က ထူးဆန်းတဲ့ တိမ်တိုက်ထဲကို ဝင်သွားတယ်ဆိုပြီး အခုကျ သူ ဘယ်သွား​ပြန်ပြီလဲ? ဟမ့် စုတ်ပြတ်သတ်နေတဲ့ ဆက်သွယ်ရေး ကျောက်စိမ်းပြား!! ဝမ့်ကျစ်ကမ္ဘာက လူတွေထက်တောင် ပိုဆိုး​နေ​သေးတယ်”

နတ်သမီးဟွေယင်းသည် စကား ဝင်မပြောဝံ့သော်လည်း သူမလည်း စိုးရိမ်လာသည်။

"ကျွန်မတို့ လမ်းခွဲတုန်းက အန္တရာယ် တစ်ခုခုတော့ ခံစားရတယ်လို့ ပြောခဲ့တယ်...ဧကန္တ..."

​အောင့်မိသားစုရဲ့ ရှစ်ယောက်မြောက် ဦးလေးက ပြုံးပြီး။

"မဟုတ်ဘူး... ငါက သူနဲ့ မရင်းနှီးပေမယ့် ဒီကောင်လေးရဲ့ စရိုက်နဲ့ အရည်အချင်းကို ငါနားလည်နေသေးတယ်။ ကောင်လေးက လှည့်ပတ်သွားလာဖို့ သတ္တိရှိရင် စိတ်ချလက်ချ ထွက်သွားမှာ သေချာတယ်... ."

"အခုတော့ ထူးထူးဆန်းဆန်း တစ်နေရာကို သွားပြီး စွန့်စားခန်းတွေ လုပ်​​နေတာဖြစ်မယ် ထင်တယ်"

နတ်သမီးဟွေယင်းလည်း သံသယနဲ့ ခေါင်းညိတ်ပြပေမယ့် သူမလည်း အဲဒီလို ဖြစ်ပါစေလို့ မျှော်လင့်နေတာပဲ ဖြစ်သည်။ အဘိုးကြီးစန်းရွှိက်ကတော့ မကျေမနပ်နဲ့ အော်ဟစ်လိုက်သည်။

ဤအခိုက်အတန့်တွင် တစ်ဖက်က လုရွှမ်မှာတော့ သူ့ကံမကောင်းကြောင်း တိတ်တဆိတ် အော်ဟစ်​​နေသည်။ သူက ကံကောင်းမှုကို တောင်းခံနေချိန် ကျိန်ဆဲတာတွေ ရောက်လာပြီး ဘေးဥပဒ်ကို ရှောင်လွှဲရန်လည်း နည်းလမ်းမရှိဘူးဟု သူအရင်ကထင်ခဲ့သည်။ မထင်မှတ်ပဲ ထွက်လာပြီး သိပ်မကြာခင်မှာပဲ အသိမိတ်ဆွေတွေ တစ်စုနဲ့ သွားတွေ့ခဲ့သည်။

ဦးဆောင်သူမှာ လုရွှမ် လျှို့ဝှက် ရှာဖွေတွေ့ရှိခဲ့သော အောင့်မိသားစု၏ အတွင်းလူ ဖြစ်ကာ မျိုးရိုးဟန်နဲ့ လူအတွက် အလုပ်လုပ်ပေးနေသော သစ္စာဖောက် ဖြစ်သည်။

နောက်တစ်ခုက သူဟာ ကောင်းကင်ဘုံသခင် ပြီးပြည့်စုံတဲ့ နယ်ပယ်ကို ရောက်ရှိသွားပြီ။ လုရွှမ် သူ့ကို သတိမထားမိခင်မှာပဲ သူ့ရဲ့ရောင်ဝါကို ခံစားမိပြီး မြန်မြန်ဆန်ဆန် ပြေးထွက်သွားခဲ့သည်။

လုရွှမ် ထိုရောင်ဝါကို ခံစားလိုက်သောအခါတွင် သူ့ခန္ဓာကိုယ်မှ ရောင်ဝါတွေကိုလည်း သော့ခတ်ထားပြီး​ပြီ ဖြစ်သည်။ ဆန်းကြယ်ကောင်းကင်အိမ်တော်ရဲ့ ကျောက်စိမ်း သင်္ကေတဖြင့်ပင် ရောင်ဝါကို ဖုံးကွယ်၍မရပေ။

ထို့အပြင် အာဏာကို အသုံးချပြီးသည်နှင့် ရွှမ်ထျန်းတံဆိပ်ပြားက ထိရောက်မှု မရှိတော့ပေ။ လုရွှမ် ကျိန်ဆဲရင်း ထွက်ပြေးသွားခဲ့သည်။

သူနှင့် ကျားဖြူလေးတို့သည် ခြေထောက်အောက်တွင် လေပြင်းနိယာမကို သုံးကာ အရှိန်အပြည့်ဖြင့် ပျံဝဲနေကြပြီး သူတို့နှစ်ဦး၏ အရှိန်သည် အထွတ်အထိပ်သို့ တိုးလာသော်လည်း သူတို့နောက်မှ လူများက ပို၍ နီးကပ်လာသည်။

သူ့ကို လိုက်ဖမ်း​နေတဲ့ လူတွေ ပိုများလာလို့ ဟန်မျိုးရိုး ကျင့်ကြံသူက နေရာတိုင်းက လူတွေကို ခေါ်ထုတ်လာခဲ့တာ ထင်ရှားပေသည်။

လုရွှမ် မကျေမနပ်ဖြစ်လာပြီး တကယ် ရှက်စရာ ကောင်းတယ်လို့လည်း လှောင်ပြောင်လိုက်သည်။ သူဟာ ကောင်းကင်ဘုံသခင် ပြီးပြည့်စုံတဲ့ ကာလတောင် ဖြစ်နေပြီ။ ဒါပေမဲ့ တခြားသူတွေကို ခေါ်လာနေတုန်းပါပဲ။ သူ့မှာ ရန်လိုတဲ့ စိတ်ဓာတ်လေးတောင် ရှိမနေဘူးလား။

သေချာတာပေါ့။ သူ့စိတ်ထဲကနေ အဆုံးစွန်ထိ ကြိမ်းမောင်းနေရင်တောင် အကျိုးသက်ရောက်မှာ မဟုတ်ဘူး။ လုရွှမ်ရဲ့ နှလုံးခုန်သံက သူတောင် လူတွေကို ခေါ်လာနိုင်ရင် မိမိလည်း လူခေါ်လို့ရတယ်ဟုသာ တွေးမိသွားသည်။

အနီးအနားမှာ အောင့်မိသားစုက လူတွေရှိလား မသိပေမယ့် ဒီလူတွေ ရောက်လာပြီ ဆိုရင်တော့ အောင့်မိသားစုက လူတွေလည်း ဒီကိုရောက်လာနိုင်လို့ အံ့သြစရာ မရှိတော့ပေ။

ထို့အပြင် လုရွှမ်သည် တခြားသူများ ဤနေရာသို့ မရောက်နိုင်လောက်ဘူးလို့ မှန်းဆထားသော်လည်း အကြီးအကဲစန်းရွှိက်က သေချာပေါက် လိုက်လာလိမ့်မည်။ နောက်ကွယ်မှ ဆုတ်ယုတ်လာသော ကျိန်စာသုံးပါးကို ဖယ်ရှားဖို့ သူ့ကို အားကိုးနေရတာပဲ မဟုတ်ဘူးလား။

အောင့်မိသားစု၌ အောင့်ယွဲ့သည် လုရွှမ်ကိုရှာရန် သူမ၏ရှစ်ယောက်မြောက် ဦးလေးနှင့်အတူ အပြင်ထွက်လိုသည်။ ဒါပေမဲ့ သူ့အဖေ ပြောတာကလည်း မှန်ပါ၏။ လုရွှမ်နဲ့ သူမရဲ့ဆက်ဆံရေးက အရမ်းနီးစပ်နေပြီး သူမ ထွက်သွားရင် လုရွှမ်အတွက်သာမက သူမအတွက်လည်း အန္တရာယ် ကြီးကြီးမားမား ဖြစ်စေနိုင်သည်။

ထို့ကြောင့် သူမ၏ ရှစ်ယောက်မြောက် ဦးလေးက သတင်းကောင်း ပေးမည်ဟု မျှော်လင့်ကာ အိမ်တွင် စိတ်ဓာတ်ကျစွာဖြင့်သာ နေခဲ့ရသည်။

သူမသည် လုရွှမ်ကို ခြေရာခံရှာဖွေပြီး လုရွှမ်ဆီက အဆက်အသွယ်ကို ရရှိရန် မျှော်လင့်ချက်နှင့် သူမသည်အဆက်မပြတ် စာပို့နေခဲ့သည်။ သို့သော် ဘိုး​ဘေးဦးလေးကို ဆက်သွယ်လို့ မရသလိုဘဲ လျှို့ဝှက်ဆန်းကြယ်သော အင်အားတစ်ခုက သူမတို့​ကြားကို ပိတ်ဆို့ထားသလိုမျိုး အဆက်အသွယ်လို့ မရခဲ့ပေ။

လုရွှမ်ကို တစ်ချိန်လုံး မဆက်သွယ်ဝံ့တော့ပေ။ လုရွှမ် အန္တရာယ်ထဲ ကျရောက်နေပြီး သူမက ဝင်ရောက်စွက်ဖက်မိခဲ့လျှင် နောင်တရရလိမ့်မည်။

စိုးရိမ်စိတ်တွေ ကြားမှာ ရုတ်တရက် ဆက်သွယ်ရေး ကျောက်စိမ်းပြားဆီက အသံ မြည်လာခဲ့သည်။ အောင့်ယွဲ့ ကျောက်စိမ်းပြားကို အမြန်ကောက်ကိုင်လိုက်တော့ တကယ် လုရွှမ်ပဲ ဆိုတာ သိလိုက်ရ၏။

သူမလည်း ဝမ်းသာအားရဖြင့်။

"လုရွှမ် ရှင် ဘယ်ရောက်နေတာလဲ? ကျွန်မရှင့်ကို တစ်ချိန်လို့ ဆက်သွယ်လို့ မရခဲ့ဘူး... ကျွန်မက ရှင်တစ်ခုခုဖြစ်သွားပြီ ထင်နေတာ"

လုရွှမ်က "အခုထိ​တော့ မဟုတ်သေးဘူး... ဒါပေမဲ့ မကြာခင် ပေါ်လာတော့မှာ အခု ငါ့ကို လိုက်နေတဲ့ လူယုတ်မာတစ်ယောက် ရှိတယ်... ကောင်းကင်ဘုံသခင် ပြီးပြည့်စုံတဲ့ကာလ! ငါအခု ဟန်ကျိုးလို့ခေါ်တဲ့ အရပ်မှာ ရှိနေတယ်.... မင်းရဲ့ ​အောင့်မိသားစုက တစ်ယောက်ယောက်ကို ဒီကို လာပို့ခဲ့တာလား? အကြီးအကဲ တစ်ယောက်ယောက်များ ဒီမှာရှိလား?"

"ရှိတယ် ရှိတယ်... ကျွန်မရဲ့ ရှစ်ယောက်မြောက် ဘိုး​ဘေးဦးလေးနဲ့ အဘိုးကြီးစန်းရွှိက်တို့ ဟန်ကျိုးကို ရောက်နေတယ် ...အဘိုးက ရှန်းရှဲ့ရဲ့ ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ယူထားတယ်.... ရှင် ရှန်းရှဲ့ကို ဆက်သွယ်လိုက်ရုံပဲ"

"ကောင်းပြီ... စကားရပ်ပြီး အရင်ထွက်ပြေးရဦးမယ်..."

လုရွှမ် ဆက်သွယ်ရေး ကျောက်စိမ်းပြားကို လက်တစ်ဖက်က ကိုင်ထားရင်း နတ်သမီးရှန်းရှဲ့ထံ အမြန်ဆက်သွယ်လိုက်သည်။ ယခုအချိန်တွင် အောင့်မိသားစု၏ ရှစ်ယောက်မြောက် ဘိုး​ဘေးဦးလေးလည်း အမြန် အဆက်အသွယ် ရခဲ့ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"လုရွှမ် မင်း အခု ဘယ်နေရာ ရောက်နေတာလဲ? ငါတို့ဟန်ကျိုးမှာ!"

လုရွှမ်လည်း သူ၏လက်ရှိ တည်နေရာကို လျင်မြန်စွာ သတင်းပို့ပြီး သူ့နောက်ကို လိုက်​နေသူ အများအပြား ရှိနေကြောင်းလည်း ထည့်သွင်း အသိပေးခဲ့သည်။

အောင့်မိသားစု၏ ရှစ်ယောက်မြောက် ဘိုး​ဘေးဦးလေးကလည်း သူ့လိပ်စာကို အကြောင်းကြားပြီး နှစ်ယောက်သား အချင်းချင်း ပြေးထွက်လာကြသည်။

လုရွှမ့က အရမ်းမြန်ပေမယ့် သူဘယ်လောက်ပဲ မြန်နေပါစေ ကောင်းကင်ဘုံသခင်ရဲ့ အမြန်နှုန်းနဲ့တော့ ယှဉ်လို့ မရချေ။ နောက်ဆုံးတော့ သူတို့နှစ်ဦးကြားက ကြီးမားတဲ့ ခြားနားချက်တစ်ခုက ရှိနေပြီး ပျံသန်းဖို့ အားကိုးအားထားပြုရတဲ့ စွမ်းအားက လုံးဝ ကွဲပြားလေသည်။

လုရွှမ်ရဲ့ စွမ်းအား ဘယ်လောက်ပဲ ဖြူစင်နေပါစေ ပမာဏ မလုံလောက်တဲ့ ပြဿနာက ကောင်းကင်ဘုံသခင်ရဲ့ ပျံသန်းခြင်းနဲ့ ယှဉ်ရင် သူ့အတွက် အားနည်းချက် တစ်ခုဖြစ်နေတာ သိသာထင်ရှားပါ၏။

ကံကောင်းထောက်မစွာ လုရွှမ်သည် လေပြင်းနိယာမဖြင့် သူ့အရှိန်ကို အဆက်မပြတ် မြှင့်တင်နိုင်ခဲ့သည်။ အနည်းဆုံးတော့ အချိန်တိုလေး အတွင်းမှာ သူ့အနောက်ကလူ သူ့ကို ဖမ်းမိသွားရန် မဖြစ်နိုင်တော့ပေ။

သို့သော် နတ်မီးနယ်ပယ်က အကြီးအကဲတစ်ယောက် တက်လာသည်နှင့် တပြိုင်နက် ဘာကိုမှ တွေးတောနေစရာ မလို​တော့ပေ။

တကယ်တော့ လုရွှမ်ဟာ သူ့ရဲ့ ဒန်တန်ထဲက မန်ဟွမ်နတ်ဘုရားမျှော်စင်ရဲ့ သဲလွန်စကို ဆက်သွယ်ဖို့ ကြိုးစားနေပေမယ့် သဲလွန်စကို မနှိုးဆွနိုင်ခဲ့တဲ့အတွက် အလွန်စိတ်ပျက်သွားရသည်။

ဒီလိုမှမဟုတ်ရင် မဆင်မခြင် တစ်စုံတရာရှိခဲ့လျှင်ပင် လုရွှမ် သူ့နောက်ကွယ်က လူအို​ကြီးကို သတ္တိရှိရှိ တိုက်ခိုက်ရဲလိမ့်မယ်။

ဒါပေါ့ တစ်ချက်ရိုက်ပြီးတာနဲ့ ဆက်ပြေးရမှာပဲ။

လူနှစ်ယောက်ကြားရှိ အကွာအဝေးသည် လျင်မြန်စွာ ပိတ်သွားခဲ့သည်။ စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်တော့ လုရွှမ်သည် သူ့နောက်ကျောပေါ်ရှိ အလင်းတန်းတစ်ခုနှင့် ထိတ်လန့်လာသော ခံစားချက်ကို ခံစားနေမိပြီဖြစ်သည်။

အောင့်မိသားစု၏ ရှစ်ယောက်မြောက် ဘိုးဘေးဦးလေးနှင့် အဘိုးကြီးစန်းရွှိက်တို့ နတ်မီးနယ်ပယ်က အရှင်သခင် နှစ်ယောက်သည် သူတို့လူများကို သူတို့နောက်မှာ တိုက်ရိုက် ထားခဲ့သည်။ ထို့နောက် လုရွှမ်ရဲ့ တည်နေရာဆီသို့ လျင်မြန်စွာ ပျံသန်းခဲ့ကြသော်လည်း အကွာအဝေးက ဝေးလွန်းလှသည်။

"အဘိုးကြီး... ခင်ဗျား အရင်သွားတော့"

အောင့်မိသားစုမှ ရှစ်ယောက်မြောက် ဦးလေးဖြစ်သူက ​အော်ပြောလိုက်သည်။ အဘိုးကြီးစန်းရွှိက်ရဲ့ အရှိန်က သူ့ထက် ပိုမြန်မယ်ဆိုတာ သူသိသည်။ သူစောစော ရောက်လာခဲ့ရင် လုရွှမ်ရဲ့အသက်ကို ကယ်နိုင်လိမ့်မယ်။

အဘိုးကြီးစန်းရွှိက်လည်း ဟန်ဆောင်မနေဘဲ ဆက်သွယ်ရေး ကျောက်စိမ်း​ပြာစကို ယူကာ အရှိန်မြှင့်ကာ ရှေ့သို့ အမြန် ပြေးထွက်သွားသည်။ တခဏချင်းမှာပဲ အောင့်မိသားစုရဲ့ ရှစ်ယောက်မြောက် ဘိုးဘေးဦးလေးကို ခပ်ဝေးဝေးမှာ ပစ်ထားခဲ့လိုက်လေ၏။

ဘိုးဘေးဦးလေးလည်း ထိတ်လန့်သွားသည်။ အရင်က စစ်အတွင်းမှာ အဘိုးကြီးစန်းရွှိက်ကို သေတဲ့အထိ တိုက်ခိုက်ချင်ခဲ့သေးတာကို ပြန်အမှတ်ရမိသည်။ အခုမြင်ရသလောက်တော့ သူက တစ်ဖက်လူရဲ့ ပြိုင်ဘက်တောင် မဟုတ်ချေ။

ကံကောင်းထောက်မစွာနဲ့ ဒီလိုတိုက်ပွဲမျိုးက မရှိလာခဲ့ဘူး မဟုတ်ရင် သူသေသွားလိမ့်မယ်။ ဒါကိုတွေးကြည့်ရင် အောင့်မိသားစုရဲ့ ရှစ်ယောက်မြောက် ဘိုးဘေးဦးလေးမှာ လုရွှမ်ကို ပိုလို့တောင် ကျေးဇူးတင်မိသွားသည်။

လူငယ်နဲ့ အောင့်ယွဲ့က အရမ်းထက်မြက်ပြီး ချစ်စရာကောင်းတဲ့ စုံတွဲတွေပဲ။

အဘိုးကြီးစန်းရွှိက်သည် အောင့်မိသားစု၏ ရှစ်ယောက်မြောက် ဘိုးဘေးဦးလေးလို အတွေးအမြင်မျိုး မရှိခဲ့ပေ။ ယခုအချိန်တွင် သူ၏ တစ်ခုတည်းသော အတွေးမှာ ပျံသန်းသွားကာ ထိုကလေးကို ကယ်တင်ပြီး သူ့ကိုယ်ထဲက ကျိန်စာအား ဖယ်ရှားပစ်ရန်သာ ဖြစ်သည်။

ဒါပေမဲ့ စိတ်ထဲမှာ နည်းနည်းတော့ စိတ်မသာယာသလို ခံစားလိုက်ရသည်။ သူတော်စင်နယ်ပယ်က ​​ကောင်လေးတစ်ယောက်က ကုသနိုင်ပါ့မလား။ အံ့ဖွယ်ဆရာဝန်တွေနဲ့ အဂ္ဂိရတ်ဘုရင်တွေ သူ့ကျိန်စာကို ဖြေရင်း ဘယ်လောက်တောင် ကျရှုံးခဲ့​ကြလဲ။

ဒါပေမဲ့ ဒါက တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်လို့ သူ ဒီအလောင်အစားကို လုပ်ရုံပဲ တတ်နိုင်တော့သည်။

All Chapters