← Chapters

အဆုံးစွန်သောလျှို့ဝှက်ချက်

Vol. 69 Ch. 4.554

အဆုံးစွန်သောလျှို့ဝှက်ချက်

Vol. 69 Ch. 4.554

လုရွှမ်သည် သူ့နောက်မှ လူများ ချဉ်းကပ်လာနေတာကို ခံစားလိုက်ရပြီး နောက်ပြန် လှည့်ကြည့်လိုက်သောအခါ ကောင်းကင်တွင် အနက်ရောင် အစက်အပြောက် တစ်ခုကိုပင် လှမ်းမြင်လိုက်ရသည်။

ဘာလုပ်ရမလဲ?

ရေထဲ ပြေးရမလား ဒါမှမဟုတ် ဘယ်ကို ပြေးရမလဲ?

ဆက်ပြီး ထွက်ပြေးဖို့ကလည်း အကြောင်းပြချက် မဟုတ်သေးပေ။ ဆက်ပြေးနေရင် ခွန်အားကို ဆက်သုံးနေမှာဖြစ်ပြီး တစ်စုံတစ်ယောက် သူ့ကို တကယ်ကို ဖမ်းမိသွားတဲ့အခါ ခုခံဖို့ အင်အားတောင် ရှိ​တော့မှာ မဟုတ်ဘူး။

သူက အစွမ်းထက်ခဲ့တဲ့အတွက် ဂုဏ်ယူပေမယ့် အခုလို ထွက်ပြေးနေရတာက စွမ်းအင်အလွန်အကျွံ သုံးနေရ၏။ လှည့်ပြီး တိုက်ခိုက်နေတာက လက်ရှိသူ လုပ်နိုင်သလောက်ပဲ ရှိတယ်လို့လို့ ထင်ရလေသည်။

ဒီမြင်ကွင်းကို မကြာခင် ခန့်မှန်းနိုင်လိမ့်မယ်လို့ တကယ်ကို မမျှော်လင့်ထားပေ။ လုရွှမ် ရပ်တန့်ကာ သူ့အားဖမ်းမိသွားသော ဟန်မျိုးရိုး ကျင့်ကြံသူအား အေးစက်စွာ ကြည့်လိုက်သည်။

"ကောင်လေး မင်းဘာလို့ ထွက်မပြေး​တော့တာလဲ? မင်းထွက်ပြေးလေ မင်းရဲ့ရုပ်ရည်နဲ့ ရှက်စရာကောင်းအောင် ပတ်ပြေးနေတာကို ငါတကယ် သဘောကျတယ် ဟားဟားဟား..."

ထိုလူက ဟန်ဆောင်ပြီး ကျယ်လောင်စွာ ဟားတိုက်ကာ ဂုဏ်ယူစွာ ရယ်မောလိုက်သည်။

"မင်းရဲ့မျိုးရိုးနာမည်က ဟန်... ​​​အောင့်မိသားစုနဲ့ မင်းရဲ့ဆက်ဆံရေးက ဘယ်လိုလဲ? မင်းမှာ အောင့်မိသားစုက သတင်းပေးသူ တစ်ယောက်ရှိတယ် ဆိုတာ ငါသိတယ်!"

လုရွှမ် ဘာမှထပ် မပြောပေမယ့် တစ်ဖက်က ဟန်မျိုးရိုး ကျင့်ကြံသူက လန့်​ဖြတ်သွား၏။

"မင်းဘယ်လိုလုပ် သိတာလဲ?"

ဟန်မျိုးရိုး ကျင့်ကြံသူရဲ့ မျက်နှာက ချက်ချင်း ပြောင်းလဲသွားသည်။ ထိုစစ်တုရင်ကွက်ကို ​အောင့်မိသားစုထဲမှာ နှစ်ပေါင်းများစွာ ကြာအောင် ထုလုပ်ထားခဲ့သည်။ သူအမြဲတမ်း ပြီးပြည့်စုံနေခဲ့တယ်လို့ ထင်ခဲ့သော်လည်း လုရွှမ်ရဲ့ စကားကြောင့် ကျိုးပဲ့သွားလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။

လုရွှမ်စိတ်ထဲက လှောင်ရယ်လိုက်သည်။ မင်းရဲ့ အာရုံကို ဆွဲဆောင်မထားနိုင်မှာကို ကြောက်လို့ တိတ်တိတ်လေး စိတ်ပူနေခဲ့တာ။ မင်းကို အချိန်ပိုကြာကြာ ဆွဲထားနိုင်လေ ပိုကောင်းလေပဲ။

လုရွှမ်က "ဘာလို့ မယုံဘူးလို့ ခံစားနေရပါလိမ့်? မင်းကို သစ္စာဖောက်တဲ့သူကို စဥ်းစားနေတာလား? အဲဒီလူက ​အောင့်မိသားစု တစ်စုံတစ်ယောက်လား? ထျန်းယန်လား? ဒါမှမဟုတ် တခြားတစ်ယောက်လား?"

လုရွှမ်က ထျန်းယန်ဆိုတဲ့ နာမည်ကို တိုက်ရိုက်ခေါ်လိုက်တာကို ကြားတော့ ဟန်မျိုးရိုး ကျင့်ကြံသူရဲ့ အမူအရာလည်း ပြောင်းသွားတော့သည်။

"ဟုတ်တယ်... သူပဲ အိုး တခြားသူလည်း ဖြစ်နိုင်တာပဲ"

လုရွှမ်သည် ဟန်မျိုးရိုး ကျင့်ကြံသူရဲ့ မျက်နှာကို လွမ်းဆွတ်နေတဲ့ အကြည့်နဲ့ ကြည့်ပြီး မြန်မြန်လေး အော်ပြောလိုက်သည်။

“သူများတွေ မသိစေချင်ရင် ကိုယ်တိုင်လုပ်မှပဲ လုပ်ရမှာပေါ့ အစ်ကို​ရေ... မင်းလုပ်ခဲ့တာကို ဘယ်သူမှ မသိဘူးလို့ ထင်နေတာလား? ငါသိသလောက်တော့ သိတဲ့သူ လေးယောက်လောက် ရှိတယ်နော်"

လုရွှမ် ရုတ်တရက် လက်ခုပ်တီးလိုက်ပြီး

"အိုး ဒါနဲ့ငါ နတ်သမီးအောင့်ယွဲ့ကို မတော်တဆ ပြောလိုက်မိသလိုပဲ... နတ်သမီးအောင့်ယွဲ့ က မင်းရဲ့ သူလျှိုများ ဖြစ်​​မေမလားဆိုတာ ငါမသိဘူး အဲဒါကြောင့် ငါမပြောခဲ့ပါဘူး... မဟုတ်လည်း သူမဒီသတင်းကို သူမအဖေဆီကို ပြန်ပြောပြမှာ မဟုတ်ဘူးလေ"

ဟန်မျိုးရိုး ကျင့်ကြံသူ၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားပြီး မျက်လုံးထဲတွင် ပြင်းထန်သော အလင်းရောင်တစ်ခု လင်းလက်သွားသည်။

"မင်းပြောကြည့်... ငါမင်းနဲ့ပတ်သက်တဲ့ သတင်းကို မသိဘူး ဒါပေမဲ့ အောင့်မိသားစုက မင်းတို့ရဲ့ ဟန်မိသားစုအရေးကို အရမ်းသတိထား​နေမယ်လို့ ထင်တယ်... ဒီကိစ္စက ဟိုအရင်ကတည်းက ဖြစ်နေခဲ့တာ ဖြစ်နိုင်တယ် ငါပြောတာ မှန်တယ်မလား"

ဒီလူ သူ့ကို ရုတ်တရက် သတ်လာမှာကို စိုးရိမ်တာကြောင့် လုရွှမ်လည်း ဒီအကြောင်းအရာကို ဆက်ပြောပြီး ဟန်မျိုးရိုး ကျင့်ကြံသူရဲ့ စိတ်ကို ယိမ်းယိုင်သွားအောင် လုပ်နေသည်။ လုရွှမ်ရဲ့ မျက်နှာသည် တည်ငြိမ်နေသော်လည်း သူ့စိတ်ထဲတွင်တော့ အမြတ်နှင့် ဆုံးရှုံးမှုအတွက် စိုးရိမ်နေမိသည်။

"ဟမ့်... အောင့်မိသားစုက သိသွားတော့ရော ဘာဖြစ်မလဲ? မင်းဆီက မန်ဟွမ်နတ်ဘုရား မျှော်စင်ကို ငါရနိုင်သရွေ့ အောင့်မိသားစုကို မျက်လုံးထဲ ထည့်ထားစရာတောင် မလိုတော့ဘူး"

ဟန်မျိုးရိုး ကျင့်ကြံသူလည်း နောက်ဆုံးတွင် ငြိမ်သက်သွားပြီး ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်သည်။ တစ်ဆက်တည်း လုရွှမ်က အကျယ်ကြီး ရယ်မောချလိုက်သည်။

"မင်းဘာကို ရယ်နေတာလဲ?"

လုရွှမ်ကတော့ သူ ရယ်နေတော့ အချိန်ပိုကြန့်ကြာနေတာပေါ့လို့ စိတ်ထဲကပြောရင်း ထိုလူကို လက်ညှိုးထိုးပြပြီး ရယ်ပြန်သည်။

ထိုလူကို တိုက်ခိုက်ဖို့ စိတ်အားထက်သန်နေတာကို မြင်လိုက်ရသဖြင့် လုရွှမ်သည် အပြုံးမပျက်ဘဲ လျင်မြန်စွာ စကားဆက်ပြောဖို့ လမ်းရှာရလေသည်။ ဒီလူ အတင်းအကြပ် တိုက်ခိုက်လာလျှင် အလွန်ဆိုးပေလိမ့်မည်။

"ဘာရယ်နေတာလဲ ဟုတ်လား? ငါက မင်းရဲ့ကိုယ်ကျိုးအတွက် ရယ်နေတာလေ... ဂုဏ်ယူဝံ့ကြွားတဲ့ မိသားစုက ငါ့ကို မန်ဟွမ်နတ်ဘုရားမျှော်စင် ရစေမယ်လို့ မင်းထင်နေတာလား... ဖြစ်နိုင်မယ် ထင်လို့လား? အဲဒီနေ့က မင်းလည်းရှိနေမယ် ထင်တယ်နော် မန်ဟွမ်နတ်ဘုရားမျှော်စင်က ဘယ်လိုလဲဆိုတာ မင်း မမြင်လိုက်ဘူးလား?"

"မန်ဟွမ်နတ်ဘုရားမျှော်စင်လို ရွှမ်ထျန်းကမ္ဘာ့ ရတနာကို ငါကအလွယ်တကူ ရနိုင်မယ်လို့ မင်းထင်လား? ငါက သူတော်စင်နယ်ပယ်က လူလေးတစ်ယောက်ပဲ... အောင့်မိသားစုက ငတုံးမလို့လား?"

ဟန်မျိုးရိုး ကျင့်ကြံသူလည်း နောက်ဆုံးတွင် စုံစမ်းနှောင့်ယှက်ခြင်းကို ခံလိုက်ရတော့သည်။

"မင်း ဘာကို ဆိုလိုတာလဲ?"

"ဒါကိုတော့ ငါလည်းမသိဘူး ဒါပေမဲ့ ငါသိတာက ငါသာ အောင့်မိသားစုဝင် တစ်ယောက်ဆိုရင် သေချာပေါက် သတိထားနေမှာပဲ... လူတွေက မန်ဟွမ်နတ်ဘုရား မျှော်စင်ကို လုယက်ဖို့ ကြိုးစားနေကြပေမယ့် မန်ဟွမ်နတ်ဘုရားမျှော်စင်က တစ်ဆူပဲရှိတာလေ ဒါဆို ဘာလုပ်ရမလဲ?"

"ပြီးတော့ ငါကိုယ်တိုင်ရဲ့ ကျင့်ကြံမှုက အရမ်းငယ်သေးလို့ မန်ဟွမ်နတ်ဘုရား မျှော်စင်ကို တခြားသူတွေကို ဘယ်လိုလုပ် ပေးနိုင်မှာလဲ? ဟမ့် ငါသာရထားရင် မန်ဟွမ်နတ်ဘုရားမျှော်စင်နဲ့ တူတဲ့ မျှော်စင်ငယ်လေးကို တိတ်တဆိတ် ပြုပြင်ထားပြီး ငါ့ဘာသာငါ ကျင့်ကြံနေမှာပေါ့....နောက်ပိုင်းကိုတော့ မင်းသိပြီမလား?"

ဟန်မျိုးရိုး ကျင့်ကြံသူက ကဲ့ရဲ့ရှုံ့ချရင်း

"ငါဆိုလိုချင်တာကတော့ မင်းအသက်ကို ကယ်ချင်တာနဲ့ပဲ မန်ဟွမ်နတ်ဘုရားမျှော်စင်ကို ဒီလောက် လွယ်လွယ်ကူကူ ကူးယူနိုင်မယ်လို့ ထင်နေတာလား? အဲ့လိုဆို ဒီကမ္ဘာကြီး ပျက်စီးသွားတာကြာပြီပေါ့.... မင်းမှာ မန်ဟွမ် နတ်ဘုရားမျှော်စင် ရှိလား မရှိဘူးလားဆိုတာ ငါမင်းကို သတ်ပြီး ကြည့်လိုက်ရင် သဘာဝကျကျ သိလာလိမ့်မယ်"

နောက်ကွယ်မှာ အမဲစက်တချို့ တဖြည်းဖြည်း ပေါ်လာပေမယ့် အဝေးမှာ ရှိနေတုန်းပါပဲ။ သို့သော် ဟန်မျိုးရိုး ကျင့်ကြံသူရဲ့ စိတ်ဝိညာဉ်စွမ်းအား ဖြန့်ကျက်ထားတဲ့ အပိုင်းထဲသို့ သိသိသာသာ ဝင်ရောက်လာခဲ့သည်။

လုရွှမ်မှာ မအောင်မြင်သေးတာကြောင့် တိတ်တဆိတ် ဆူပူကြိမ်းမောင်းခဲ့သည်။ တစ်ဖက်လူ နောက်မှ လှုပ်ရှားလိုက်တာ ကောင်းမယ်။ မဟုတ်လည်း မလှုပ်ရှားတာ အကောင်းဆုံးပဲ။

"ကောင်လေး... မင်း အချိန်တွေ အများကြီး နောက်ကျနေပြီ ဘာလို့ စောင့်နေ​သေးတာလဲ? ဒီနေရာက အရမ်းဝေး​တယ် ဘယ်သူမှ ပေါ်လာမှာ မဟုတ်ဘူး... မင်း ငရဲကို သွားပေတော့"

သူက ဟိန်းဟောက်ကာ လက်ဖဝါးကို ဝှေ့ယမ်းကာ လေထုထဲတွင် မျဉ်းကြောင်းတစ်ခု ဖွဲ့လိုက်သည်။ လေထုအလယ်က လျှပ်စီးကြောင်းတွေ တလျှပ်လျှပ် ဖြာယှက်နေသော လက်ဖဝါးကြီးကြီးတစ်ခုက လုရွှမ်ကို ဖမ်းဆုပ်လိုက်​လေ

သည်။

လုရွှမ် လေးနက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ရှေး​ဟောင်းလျှပ်စီးကမ္ဘာကို ရှေး​ဟောင်းလျှပ်စီးကမ္ဘာဟု ခေါ်ရသည့် အကြောင်းရင်းကို လိပ်အိုကြီး၏ ရှင်းပြချက်အရ သူသိခဲ့သည်။ ဤကမ္ဘာတွင် ကိုယ်ခံပညာ လေ့ကျင့်မှု၏ အမြင့်ဆုံး လျှို့ဝှက်ချက်မှာ လှုပ်ရှားမှု ပြုလုပ်သည့်အခါ မိုးကြိုးနှင့် လျှပ်စီးကြောင်းများကို ချုပ်ထိန်းနိုင်ခြင်းပဲ ဖြစ်သည်။

ဒါက သာမန်မိုးခြိမ်းသံနှင့် လျှပ်စီးလက်တာမျိုး မဟုတ်ဘဲ ရှေး​​ဟောင်းလျှပ်စီးကမ္ဘာရဲ့ မူလအမွေဖြစ်သည်။ ရှေးဟောင်း လျှပ်စီးကမ္ဘာကြီး တစ်ခုလုံး၏ မူလအစနှင့် နှိုင်းယှဉ်ပါက ယခုစွမ်းအားသည် သမုဒ္ဒရာအတွင်း ကျဆင်းသွားသော ရေတစ်စက်လိုပဲ ဖော်ပြဖို့ပင် မထိုက်တန်ချေ။

ကျင့်ကြံသူများ အတွက်မူကား ထိုသို့သော လှုပ်ရှားမှုသည် အလွန် အစွမ်းထက်သည်။ ရန်သူကို သတ်​ဖြတ်ခြင်းရဲ့ အကျိုးသက်ရောက်မှုသည် လေထုထဲတွင် အနည်းဆုံး နှစ်ဆတိုးသွားသည်။

ဓားရည်ရွယ်ချက်ရဲ့ အသွင်အပြင် ဆိုပါက ဓားစွမ်းအင်၏ အကျိုးသက်ရောက်မှုကို မြှင့်တင်ပေးနိုင်၏။ ဤလျှပ်စီးကြောင်းသည် ရှေးဟောင်းလျှပ်စီးကမ္ဘာ၏ အဆုံးစွန်သော လျှို့ဝှက်ချက်ပဲ ဖြစ်သည်။ ရှေးဟောင်းလျှပ်စီးကမ္ဘာရဲ့ အဆုံးစွန်သော လျှို့ဝှက်ချက်ကို နားလည်ပြီးနောက် ဒီလှုပ်ရှားမှုက ဘယ်လောက်တောင် ထိတ်လန့်စရာ ကောင်းလိုက်လဲ စိတ်ကူးကြည့်နိုင်သည်။

ထိပ်တိုက် ရင်ဆိုင်တာက သေခြင်းတရားကို ရှာဖွေနေခြင်းသာ ဖြစ်သည်။

လုရွှမ်သည် သူ့စိတ်ထဲမှ ဝမ်းနည်းသွားသလို ခံစားလိုက်ရသည်။ ဒီလူကြီးက အလွန်တန်ခိုးကြီးကြောင်း အစောကတည်းကသာ သိခဲ့ပါက သူ ဆက်လက် ထွက်ပြေးနေဦးမှာ ဖြစ်သည်။

သူတို့သည် အောင့်မိသားစုနှင့် နှိုင်းယှဉ်နိုင်သော ရှေးဦးမိသားစုထဲက လူဖြစ်သည်။ ၎င်းမှာ ရှေးဟောင်း လျှပ်စစ်ကမ္ဘာ၏ အဆုံးစွန်သော လျှို့ဝှက်ချက်ကို နားလည် သဘောပေါက်ထားသေး၏။ သူကတော့ သူ့ကိုယ်သူ အထင်ကြီးမိခဲ့ပြီ။ အထင်ကြီးမိခဲ့လေပြီ။

သူ ရှောင်တိမ်းချင်ပေမယ့် ခဏလောက်အထိ မကြောက်​သေးပေမယ့် ထူးထူးခြားခြား သန့်စင်တဲ့ စွမ်းအားက သူ့အပေါ်ကို သော့ခတ်နေတာကို ခံစားလိုက်ရသည်။ သူဘယ်ကိုပဲ ပြေးနေပါစေ ဒီလှုပ်ရှားမှုကနေ မလွတ်မြောက်နိုင်​တော့ဘူးလို့ ထင်ရ၏။

ဒါက ပင်ကိုယ် အသိသဘော ဖြစ်ပြီး အလွန်ရှင်းလင်းသည်။ လုရွှမ်သည် သေရေးရှင်ရေးကြားက ဗီဇဖြစ်ကြောင်း နားလည်ထားကာ ၎င်းသည် ဘယ်သောအခါမှလည်း မှားမည်မဟုတ်ပေ။

မလွတ်မြောက်နိုင်ရင် ဘာလုပ်သင့်လဲ? သေချာပေါက် ခုခံရတော့မှာပေါ့!

လုရွှမ် အချိန်တော်တော် ကြာအောင် တွေးနေပုံရပေမယ့် ခဏလေးအတွင်းမှာပဲ သူ ဓားကို ယှဉ်ပြိုင်ဖို့ အတင်းအကျပ် ခိုင်းစေလိုက်တော့သည်။

ချွင်း!

မိုးနတ်ဘုရားဓားသည် နှိုးဆွခံရပြီးနောက် သူ့လက်ထဲမှ အလိုအလျောက် ခုန်ထွက်သွားသည်။

လုရွှမ် မိုးနတ်ဘုရားဓားကို လက်နှစ်ဘက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ ကျယ်လောင်စွာ အော်လိုက်သည်။ ပြင်းထန်သော ဓားတစ်ချောင်းသည် သူ့ခန္ဓာကိုယ်မှ လွင့်ထွက်သွား၍ တိမ်လွှာများကို ထိုးဖောက်ကာ ကောင်းကင်ဘုံသို့ တိုးဝင်သွားလေသည်။

အရှိန်တက်လာသည်နှင့် ပင်လယ်ရေက ထူးထူးခြားခြား အရှိန်အဟုန်နဲ့ လှုပ်ခတ်လာ၏။

All Chapters