ဒဏ္ဍာရီမိသားစု
Vol. 70 Ch. 4.557
လုရွှမ်လည်း အဘိုးကြီးစန်းရွှိက်အား သူ့ကို ဖမ်းဖို့ ခွင့်ပြုလိုက်သည်။ သို့သော် လက်တစ်ဖက်က ရေထဲမှထွက်လာပြီး လုရွှမ်ရဲ့ ခြေဖဝါးတွေကို ဆုပ်ကိုင်လိုက်၏။
“ကောင်လေး မင်းက လုပ်ရဲတယ်ပေါ့?”
အဘိုးကြီးစန်းရွှိက်လည်း တိုးတိုးလေး ဟစ်အော်ကာ ရေထဲက ဟန်မျိုးရိုး ကျင့်ကြံသူထံ လေပြင်းလက်ဝါးဖြင့် လှမ်းရိုက်လိုက်သည်။ ဝုန်းကနဲ အသံနဲ့အတူ နှစ်ယောက်သား ပြိုင်တူ တိုက်ခိုက်လိုက်ကြသည်။
နေရာအနှံ့ ရေတွေ ပက်ကျဲသွားကာ အဘိုးကြီးစန်းရွှိက် နောက်ပြန်တစ်လှမ်း ဆုတ်သွားရသည်။ ဟန်မျိုးရိုး ကျင့်ကြံသူသည် ရေထဲတွင် ယိမ်းယိုင်သွားကာ သူ့ခန္ဓာကိုယ်က နစ်မြုပ်သွားပြီး နောက်အခိုက်အတန့်မှာတော့ တစ်ဖန် ပြန်ထလာသည်။
“ဟုတ်ပြီ အဘိုးကြီးစန်းရွှိက်မလား?”
အဘိုးကြီးစန်းရွှိက်လည်း ဟန်မျိုးရိုး ကျင့်ကြံသူအား လေးနက်သော မျက်နှာဖြင့် ကြည့်ကာ
"ကောင်လေး... မင်းက ဘယ်သူလဲ? ငါ့လက်ဖဝါးကို ညီညီညာညာ ခုခံနိုင်တဲ့သူ ဆိုတာ နတ်မီးနယ်ပယ်မှာ အများကြီး မရှိဘူးကွ! မင်းက ဒဏ္ဍာရီ မိသားစုနှစ်စုထဲကလား? မင်းနာမည် ဘယ်လိုခေါ်လဲ?"
ဟန်မျိုးရိုး ကျင့်ကြံသူက လှောင်ပြောင်ရင်း။
"ဟန်လိ!"
အဘိုးကြီးစန်းရွှိက်ရဲ့ မျက်လုံးများ တောက်ပသွားသည်။
"ဟန်မိသားစုမှာ အမွေဆက်ခံမယ့် သားစဉ်မြေးဆက်များ ရှိလိမ့်ဦးမယ်လို့ မမျှော်လင့်ထားဘူး"
လုရွှမ်ကတော့ ဘေးကနေ စိတ်ရှုပ်သွားပြီး
"လူအိုစန်း... ဘာဒဏ္ဍာရီမိသားစုတွေလဲ? သူတို့တွေက ဘယ်လိုမျိုး မိသားစုတွေလဲ? ဒီကောင်လေး ဟန်က အဲ့လောက်တောင် တော်လား"
အဘိုးကြီးစန်းရွှိက်ရဲ့ မျက်နှာက မည်းမှောင်လာပြီး
"ဘာလူအိုစန်းလဲ? လူအိုခေါ်လိုက် အဘိုးကြီး ခေါ်လိုက်နဲ့... ငါက ဘာကောင်မလို့လဲ"
လုရွှမ်လည်း တခစ်ခစ်ရယ်ရင်း
"နောက်တာပါ အကြီးအကဲ... ရပြီလား"
အဘိုးကြီးစန်းရွှိက်က ဟမ့်ကနဲ အသံပြုကာ ပြောပြလေသည်။
"ဒဏ္ဍာရီလာ မိသားစုဆိုတာ ရှေးဟောင်းလျှပ်စီး ကမ္ဘာက အစောဆုံး မိသားစုတွေကို ရည်ညွှန်းတာ ... ဒဏ္ဍာရီအရ မိသားစုသုံးစု ရှိတယ် တစ်ခုက အောင့်မိသားစု၊ ဟန်မိသားစုနဲ့ ရှီမိသားစုတို့ပဲ...”
"ဟန်မိသားစုက ဟိုးအရင်ကတည်းက ပျက်စီးသွားခဲ့သခို ရှီမိသားစုကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းလောက်က ပျောက်ကွယ်သွားခဲ့တယ်... အောင့်မိသားစုကပဲ ကျန်ခဲ့တာ... ဒီနေ့အထိ ဟန်မိသားစု တည်ရှိနေတာကို မြင်ရဦးမယ်လို့ မမျှော်လင့်ထားဘူး"
ဟန်လိက တိုးတိုးလေး အော််လိုက်ပြီး
"အောင့်မိသားစုက ငါတို့မိသားစု သုံးစုရဲ့ ကံကြမ္မာကို ခိုးယူသွားတာလေ... ဒါကြောင့် သူတို့ ဒီနေ့ ရောက်နေကြတာ ဒါပေမဲ့ ငါတို့ရဲ့ အဓိက မိသားစုနှစ်စုကတော့ အချိန်ကာလ ရှည်လျားတဲ့ မြစ်ကမ်းပါးမှာ ပျောက်ဆုံးသွားခဲ့တယ်.... ဒီတစ်ခါတော့ ငါဟန်လိက အတိတ်ရဲ့ ဘုန်းအသရေကို ပြန်လည် သိမ်းပိုက်ဖို့ တောင်ပေါ်ကနေ ဆင်းလာပြီ”
"သိမ်းပိုက်မယ်? ဒါပေမဲ့ သူကတော့ မင်းနဲ့ ဘာမှမဆိုင်ဘူး ဟုတ်တယ်မလား"
သူ့စကားမှာ ထင်ရှားတဲ့ ကြောက်ရွံ့မှု အရိပ်အယောင်နဲ့ ပြောလိုက်သည်။ နတ်မီးနယ်ပယ်မှ သခင်တစ်ယောက်သည် ကောင်းကင်ဘုံသခင် ပြီးပြည့်စုံသော ကာလမှ သခင်ကို ကြောက်နေပါ၏။ ဒါဟာ ဟန်ဟိဟာ အလွန်အစွမ်းထက်ကြောင်း ထင်ရှားစေသည်။
လုရွှမ်သည် ရှေးဟောင်း လျှပ်စီးကမ္ဘာတွင် အဓိကမိသားစု သုံးစုရှိကြောင်း တွေ့ရှိရပြီး မိသားစုတစ်ခုစီတွင် ထူးကဲပြီး အမြင့်မြတ်ဆုံးသော ကျွမ်းကျင်မှုများနှင့် လျှို့ဝှက်ချက်များကိုလည်း ပိုင်ဆိုင်ထားကြောင်း သဘောပေါက်လိုက်သည်။
"သူ့လက်ထဲမှာ မန်ဟွမ်နတ်ဘုရား မျှော်စင် ရှိတယ်မလား?"
အဘိုးကြီးစန်းရွှိက်က ကျယ်လောင်စွာ ရယ်မောရင်း
"ဟန်လိ မင်းကို သာမန်လူတွေထက် သာလွန်သူလို့ မှတ်ယူလို့ရတယ်... သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ မန်ဟွမ်နတ်ဘုရား မျှော်စင် ရှိလား ဆိုတာ တခြား နတ်မီးနယ်ပယ်နဲ့ ကောင်းကင်ဘုံသခင်တွေ မမြင်ရဘူး... ဒါပေမဲ့ မင်းကတော့ မမြင်ရဘူးဆိုတာ မဖြစ်နိုင်ဘူး... ငါ့ကိုဒီလို မဆက်ဆံပါနဲ့ အပြင်မှာတွေ့ဖူးတဲ့ သဘောထား ပျော့ပျောင်းတဲ့သူတွေလို ဆက်ဆံစမ်းပါ"
ဟန်လိ မျက်နှာသည် ချက်ချင်းကို မည်းမှောင်သွား၏။ အဘိုးကြီးစန်းရွှိက်က သူ့ကို တိုက်ရိုက်ခေါ်လာမည်ဟု သူ မမျှော်လင့်ထားပေ။
လုရွှမ်လည်း သူ့စိတ်ထဲတွင် ကျိန်ဆဲလိုက်မိသည်။ ဤလူကြီးက အမှန်တကယ်ပင် လူကောင်း မဟုတ်ပေ။ သူက စိတ်ရှုပ်ဟန် ဆောင်နေခဲ့သူပင်။
"ဟမ့် အောင့်မိသားစုရဲ့ ကံကြမ္မာ အဆုံးသတ်က ရောက်လာပြီ... အခု ခင်ဗျားရဲ့ ကံကြမ္မာ၊ ကောင်းကင်ရဲ့ အလိုနဲ့ ဆန့်ကျင်ချင်တယ် ဆိုရင်တော့ ဒီကောင်လေး သေကို သေရမယ်..."
အဘိုးကြီးစန်းရွှိက်လည်း လုရွှမ်ကို တစ်ချက် ကြည့်လိုက်ပြီး
"ဒီကောင်လေးက အရမ်းအစွမ်း ထက်တယ်ဆိုတာ ငါသိပါတယ်... ဒါပေမဲ့ ဒီလောက်အရေးကြီးလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး စဉ်းစားကြည့်ရအောင်"
လုရွှမ်ရဲ့ စိတ်က သိသိသာသာ ပြောင်းလဲသွားသည်။ အဘိုးကြီးစန်းရွှိက်နဲ့သာ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ရရင် အခြေအနေက ပိုးဆိုးသွားလိမ့်မယ်။ သူ့ရဲ့နောက်ဆုံး ဝှက်ဖဲကို တကယ် သုံးဖို့တော့ မလုပ်ချင်သေးဘူး။
လုရွှမ်ရဲ့စိတ်က ရွှေဒြပ်စင်နတ်ပုတီးစေ့ကို စတင် စည်းရုံးနေပြီး ယင်းစွမ်းအင်ကိုးစင်းနဲ့ ယွမ်ယန်ကျင့်စဥ်ကိုလည်း အချိန်မရွေး ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်ရန် အဆင်သင့် ပြင်နေပြီ ဖြစ်သည်။
အစိမ်းရောင် ရေထဲကို ပြုတ်ကျပြီး အာကာသ ကျောက်စိမ်းပြားသို့ တိုက်ရိုက် ဝင်နိုင်သရွေ့ စိမ်းလန်းသော စွမ်းအင်နှင့် ထိတွေ့တာကို ခံနိုင်ရည် ရှိပြီးသားဖြစ်သလို အနည်းဆုံးတော့ အသက်ရှင်နိုင်ဦးမှာ ဖြစ်သည်။
"အင်း ...ငါစဉ်းစားပြီးပြီ ဒီကောင်လေးက ငါ့အတွက် ပိုအသုံးဝင်တယ်လို့ ငါထင်နေတုန်းပဲ"
ဟန်လိရဲ့ မျက်နှာက မည်းမှောင်သွားတော့သည်။
"စန်းရွှိက် ခင်ဗျား ရှင်းရှင်းလင်းလင်း တွေးရမယ်နော်...ကျုပ် သူ့ကိုဖမ်းရင် ကျုပ်မှာ သူလိမ်လိမ်မာမာနဲ့ နာခံလာအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းအားလုံး ရှိတယ်... သူ ခင်ဗျားအတွက် ဘာပဲလုပ်ပေးနိုင်ပါစေ ကျုပ်လည်း ခင်ဗျားအတွက် လုပ်ပေးနိုင်တယ်"
အဘိုးကြီးစန်းရွှိက်က ခေါင်းယမ်းပြီး
"ငါ သူ့ကို ကယ်လိုက်ပြီ... သူကလည်း ငါ့ကို ကုသပေးဖို့ သဘောတူပြီးပြီ။ ဘာလို့ လက်ထဲမှာရှိတဲ့ အကြော်တွေကို စွန့်လွှတ်ပြီး သူ့ကို ခြိမ်းခြောက်ရမှာလဲ"
ဟန်လိရဲ့ အငွေ့အသက်များ သိသိသာသာ ပြောင်းလဲသွားကာ တစ္ဆေသရဲများ၏ အော်ဟစ်သံများနှင့် အူသံများက သူ့ခန္ဓာကိုယ် နောက်ကွယ်မှ တဖြည်းဖြည်း တက်လာတော့သည်။
"စန်းရွှိက် ဒါဆို ခင်ဗျားကကျုပ်နဲ့ ရန်သူလုပ်တော့မယ်ပေါ့? ဟမ့် နတ်မီးနယ်ပယ်က သခင်တွေကို ကျုပ်လည်း အများကြီး သတ်ပစ်ဖူးတယ်... အခု ကျုပ်တို့တွေ နှစ်ပေါင်းများစွာ အတက်အဆင်း လုပ်လာပြီးပြီဆိုတော့ စန်းရွှိက်ရဲ့ ခွန်အားတွေ ကျန်သေးလား သိချင်ပါရဲ့"
အဘိုးကြီးစန်းရွှိက်လည်း ပိုအားကောင်းလာပြီး
"ကောင်လေး ဒီတစ်ခါတော့ မင်းအတွက် ငါလှုပ်ရှားပေးလိုက်မယ်... မင်းငါ့ကို ကျိန်စာမကုသပေးနိုင်ရင် ငါမင်းကို ကမ္ဘာကြီးရဲ့ အဆုံးထိ လိုက်သတ်ပစ်မယ်!"
အဘိုးကြီးစန်းရွှိက် နောက်ပြောင်နေတာ မဟုတ်ဘူး ဆိုတာကို သူ့လေသံကနေတစ်ဆင့် သိနိုင်ပါ၏။ လုရွှမ်က လုံးဝမထိတ်လန့်သွားဘဲ အနည်းငယ် ရယ်ရင်း သူ့လက်ထဲတွင် မီးတောက်နှစ်ခု တက်လာခဲ့သည်။ ၎င်းတို့မှာ ဖီးနစ်နတ်မီးနဲ့ စိတ်ဝိညာဥ်မီးတောက်တို့ပဲ ဖြစ်ပေသည်။ သူ့လက်ထဲတွင် ထူးဆန်းသော မီးနှစ်လုံး အလွန်တောက်ပနေသည်။
လုရွှမ်သည် ယွမ်ယန်ကျင့်စဥ်ရဲ့ စွမ်းအားကို ပေါက်ကွဲ ထွက်လာစေပြီး အဖြူရောင် စွမ်းအင်တစ်ခု ထွန်းတောက်လာကာ ထူးဆန်းသော မီးတောက်နှစ်ခုသည်လည်း ရုတ်တရက် ခပ်မြင့်မြင့် ထိုးတက်သွားသည်။
လွန်စွာ ပြင်းထန်သော ယန်စွမ်းအင် အငွေ့အသက်သည် သူ့ခန္ဓာကိုယ် တစ်ဝိုက်တွင် ပျံ့လွင့်နေ၏။ လုရွှမ်က ပြုံးပြီး အကြီးအကဲစန်းရွှိက်ကို ကြည့်ကာ
"အကြီးအကဲ ဘယ်လိုလဲ?"
အကြီးအကဲစန်းရွှိက်လည်း ရွှင်မြူးစွာ ရယ်မောရင်း
“မဆိုးဘူး... မဆိုးဘူး ဒီအငွေ့အသက်ပဲ... အရမ်းကောင်းတယ် အရမ်းကောင်းတယ် အရမ်းကောင်းတယ်ဟေ့”
ဟန်လိရဲ့ မျက်လုံးများက လေးနက်နေသည်။ အဘိုးကြီးစန်းရွှိက်က ကျိန်စာကို ဖယ်ရှားရန် လုရွှမ်ကို အမှန်တကယ် လိုအပ်နေကြောင်း သူသိလာခဲ့သည်။ သူသည် အလိုလို ကြိမ်းမောင်းချင်သော်လည်း လုရွှမ် မီးတောက်နှစ်မျိုး ပိုင်ဆိုင်ထားမယ်လို့ မထင်ထားခဲ့ပေ။ အထူးသဖြင့် ယန်စွမ်းအင်ရဲ့ အသွင်အပြင်ကို ပြသလာမယ်လို့ သူ မမျှော်လင့်ခဲ့ပေ။
ဟုတ်တယ်။ ဒီကောင်လေးဟာ သေမင်းသုံးပါး ကျိန်စာကို ဖယ်ရှားနိုင်တဲ့ အရည်အချင်း တကယ်ရှိနေတယ်။ တကယ်ကို ထူးဆန်းသလို အသက်ရှင်ခွင့် ပေးလို့လည်း မရဘူး။ မဟုတ်ရင် နောင်မှာ ပြဿနာကြီးကြီး ဖြစ်လာလိမ့်မယ်။
သူ့ကာကွယ်မှုနဲ့ဆို အောင့်မိသားစုသည် ဤအကျပ်အတည်းကို ဘေးကင်းစွာ လွတ်မြောက်နိုင်လိမ့်မည်။
"ကောင်လေးဟန်... မင်းဒီအပြောင်းအရွှေ့ကို မြင်ပြီးပြီမလား? အခု မင်းရဲ့ဒဏ္ဍာရီသုံးပါး မိသားစုရဲ့ စွမ်းအားကိုလည်း ငါခံစားကြည့်ချင်ပါတယ်"
လုရွှမ်လည်း ထိခိုက်မည်ကို စိုးရိမ်သဖြင့် သူတို့အနားမှ အမြန်ပြေးသွားခဲ့သည်။ ဒါက နတ်မီးနယ်ပယ် အဆင့်တွေရဲ့ တိုက်ခိုက်မှု တစ်ခုဖြစ်သည်။ အလွန်နီးကပ်သွားပါက သူ့အတွက် သေခြင်းတရားကို ရှာဖွေနေသလို ဖြစ်သွားလိမ့်မည်။
ပင်လယ်ပြင်တွင် လှည့်ပတ် ပြေးလွှားနေသော ကျင့်ကြံသူ တချို့လည်း ရှိနေပြီဖြစ်သည်။ လုရွှမ်ကို တွေ့လိုက်သောအခါ ဝမ်းသာအားရ မဖြစ်မီ သူတို့နှစ်ဦးထံမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်လာတာကို ခံစားလိုက်ရသည်။
သူတို့လည်း အနီးကပ် မလိုက်ဝံ့ကြပေ။ ထိခိုက်သွားမှာကို စိုးရိမ်သဖြင့် တစ်ယောက်ပြီး တစ်ယောက် ထွက်ပြေးသွားကြသည်။
ယုတ်ညံ့သော ကျိန်စာသုံးပါး၏ တန်ခိုးပါသော အဘိုးကြီးစန်းရွှိက်ရဲ့ ခန္ဓာကိုယ်မှ အလွန်ဆိုးရွားသော ရောင်ဝါတစ်ခု ပျံ့နှံ့လာသည်။ ဒီကျိန်စာသည် ဒီနှစ်များတစ်လျှောက် သူ့စွမ်းအားများကို ဆက်တိုက် ဖယ်ရှားနေခဲ့ပြီးဖြစ်သော်လည်း ယခုအခါ ၎င်းကို စွမ်းအားသုံးရပ်ဖြင့် ပေါင်းစည်းလိုက်တဲ့အခါ သူအသုံးပြုနိုင်သည့် စွမ်းအားတစ်ခု ဖြစ်လာခဲ့သည်။
ဟန်လိ ခန္ဓာကိုယ်တွင်လည်း ဆိုးရွားသော ရောင်ဝါရှိသော်လည်း ကွာခြားချက်မှာ သူ့ခန္ဓာကိုယ်ရှိ ရောင်ဝါသည် အနှစ်တစ်ထောင်ရေခဲများကဲ့သို့ အေးပြီး မည်းမှောင်နေခြင်းဖြစ်သည်။ အသက်ရှုသံ ထွက်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင် ပင်လယ်ရေသည် အေးခဲလာပြီး လေအေးများလည်း ပြန့်ကျဲစွားသည်။ လုရွှမ် အဝေးသို့ ရောက်နေပြီ ဖြစ်သော်လည်း အေးခဲမှုကို သူပင် ခံစားနိုင်သည်။