ဟန်လိရဲ့စွမ်းအား
Vol. 70 Ch. 4.558
အဘိုးကြီးစန်းရွှိက်လည်း သတိလက်လွတ် မခံဝံ့ပေ။ ဟန်လီရဲ့ အရှိန်အဟုန်က ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ မမျှော်လင့်ထားချေ။
"ကောင်းပြီ အရမ်းကောင်းတယ် မင်းနဲ့ တိုက်ရတာ အံ့သြစရာကောင်းတယ်"
အဘိုးကြီးစန်းရွှိက်က အော်ဟစ်လိုက်သည်။
ဟန်လိက "စန်းရွှိက်... မိသားစုကို ပြန်လည်ရှင်သန်ဖို့အတွက် ငါက အရှက်တရားတွေကို ကြံ့ကြံ့ခံပြီး လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးတွေကိုလည်း ကြံ့ကြံ့ခံခဲ့တယ်... နှစ်တွေ ကြာလာတာနဲ့အမျှ ငါ့ရဲ့အတွေ့အကြုံတွေကို ပြောပြလိုက်ရင် မင်းကို ကြောက်လန့်သွားစေမှာတောင် ရကြောက်တယ်... မင်းရဲ့ ကျိန်စာသုံးပါးက ကြီးကျယ်ခမ်းနားတဲ့ ကျိန်စာတစ်ခုလို ထင်နေတာလား? ငါတွေ့ကြုံခဲ့ရတဲ့ အရာတွေက သေမင်းကျိန်စာသုံးပါးရဲ့ ထိတ်လန့်တုန်လှုပ်မှုထက် အဆတစ်ထောင် ပိုပြင်းထန်တယ်"
အဘိုးကြီးစန်းရွှိက်က "မင်း ကြွားလုံးထုတ်နေတာ ဘာအသုံးဝင်လို့လဲ?"
သူက ဆို၍ ဟန်လိဘက်ကို လက်ညိုး ထိုးပြလိုက်သည်။
"တစ္ဆေငိုကြွေးခြင်း!"
ဟန်လိက ဟိန်းဟောက်ကာ သူ့လက်မောင်းကို ရှေ့သို့ ဝှေ့ယမ်းလိုက်ရာ သူ့အနောက်မှ အနက်ရောင်စွမ်းအင်များ ထွက်ပေါ်လာပြီး လေထုထဲ၌ပင် အရိုးစုများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ထို့နောက် လူအုပ်စုကြီး အဖြစ် အဘိုးကြီးစန်းရွှိက်ဆီသို့ ပြေးထွက်သွားကြသည်။
လုရွှမ် မျက်မှောင်ကြုတ်မိသည်။ ဤအရိုးစုများသည် တိမ်ပင်လယ်နယ်မြေရှိ စိုးရိမ်းခြင်းမဲ့ပင်လယ်၌ သူမြင်ခဲ့ရသည့် တစ္ဆေလိုဏ်ဂူထဲက အရာများကဲ့သို့ပင်။ အရိုးစုများက သူ့ကို ရင်းနှီးသော ခံစားချက်ကို ပေးစွမ်းနိုင်သည်။ သို့သော် နှိုင်းယှဉ်ကြည့်လိုက်လျှင် အနည်းဆုံးတော့ ပြောင်းလဲမှုတချို့ ရှိနေကာ အရင်က မြင်ဖူးတာက အစွမ်းထက်လွန်းသည်။
အဘိုးကြီးစန်းရွှိက်က မောက်မာစွာ ပြုံးပြသော်လည်း သူတို့၏ ခန္ဓာကိုယ်သည် မလှုပ်မယှက်ပင်။ အရိုးစုများက သူ့ကိုယ်ပေါ်ကို ဝိုင်းအုံလာကာ ကိုက်လိုက်ကြသည်။
လေအေးတွေ ဖြတ်တိုက်သွားသလို ရေခဲရေထဲ စိမ်ထားရသလိုမျိုး ဆိုပေမယ့် သူ့အမူအရာက မပြောင်းလဲဘဲ ကျန်နေခဲ့သည်။ ဒါက နည်းနည်းတော့ ကြောက်စရာ ကောင်းပေမယ့် တကယ်တမ်းတော့ ထင်သလောက်လည်း မဆိုူချေ။
လုရွှမ်၏ မျက်လုံးများထဲတွင် ကောင်းကင်မီးတောက်များ တောက်ပလာပြီး အရိုးစုများကို စိုက်ကြည့်နေသည်။ အရိုးစုတို့တွင် ရုပ်အလောင်းများ မရှိတော့ဘဲ ထင်ယောင်ထင်မှား ဖြစ်နေသော ပုံရိပ်များ ဖြစ်ကြသည်။ သို့သော်လည်း အလွန်မှော်ဆန် ရိုးရှင်းတဲ့ စိတ်ပိုင်းဆိုင်ရာကို တိုက်ခိုက်မယ့်အစား ရုပ်ပိုင်းဆိုင်ရာကို တိုက်ခိုက်နိုင်နေသည်။
သို့သော် အဘိုးကြီးစန်းရွှိက်သည် သေမင်းကျိန်စာသုံးပါးနဲ့ ထိုကျော်ကြားမှုကို ရရှိခဲ့တာဆိုတဲ့ အချက်ကတော့ အမှန်ပဲ ဖြစ်သည်။ အနက်ရောင် ကျိန်စာ၏ ရောင်ဝါသည် သူ့ခန္ဓာကိုယ်ပေါ်တွင် ပျံ့နှံ့သွားပြီး ဦးခေါင်း အရိုးခွံများက ထိုအနက်ရောင် ရောင်ဝါကိုသာ ကိုက်နေလေသည်။
ရလဒ်အနေနဲ့ အချိန်အကြာကြီး စုပ်ယူပြီးနောက် ဘာမှစုပ်ယူမှု မရှိခဲ့ပါဘူး။
"ဟေ့ ကောင်လေး ငါပြောခဲ့တယ် မဟုတ်ဘူးလား? မင်းနည်းနည်း ချဲ့ကားနေပါတယ်လို့"
ဟန်လိက "စန်းရွှိက်... မင်းက ဒီလိုမျိုးကို အရမ်းကြိုက်တယ် ဆိုမှတော့ ဒါကို စမ်းကြည့်ပေါ့"
သူ့မျက်နှာသည် ရုတ်တရက် နီရဲလာပြီး ဖျော့တော့လာပြန်သည်။ အဘိုးကြီးစန်းရွှိက်ကို တိုက်ခိုက်နေသော အရိုးစုများသည် လျင်မြန်စွာ ပြောင်းလဲကာ စွဲမက်ဖွယ် မိန်းမလှလေးများ အဖြစ်သို့ ပြောင်းလဲသွားကြသည်။ သူတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းက လုံးလုံးလျားလျား ပေါ်ထင်နေ၏။
အဘိုးကြီးစန်းရွှိက်က အကျယ်ကြီး ရယ်မောရင်း
"အလှထောင်ချောက်ကို သုံးတယ်ပေါ့?? ဟေး ငါ အသည်းတွေ ကွဲနေပါပြီ"
"စောင့်ကြည့်ပြီးမှ ထပ်ပြောစမ်းပါ!"
ဒီအမျိုးသမီးတွေဟာ ဝိညာဉ် မရှိသလိုမျိုး ခန္ဓာကိုယ်လည်း မရှိကြသေးပါဘူး။ သူတို့ရဲ့ ခန္ဓာကိုယ်က ပွင့်လင်းပြီး မျက်လုံးတွေ မှိုင်းနေပေမယ့် သူတို့ရင်ထဲမှာ အေးစက်တဲ့အရိပ်အယောင်တွေ ဖုံးကွယ်ထားကြလေသည့။
လုရွှမ်မှာ ပိုလို့တောင် ထူးဆန်းနေသလို ခံစားလိုက်ရ၏။
အဘိုးကြီးစန်းရွှိက်က အစပိုင်းတွင် အလွန်တည်ငြိမ်နေသော်လည်း သူ့အမူအရာသည် မကြာမီ ပြောင်းလဲသွားကာ “ဒါဘာကောင်လဲ” ဟု ကျယ်လောင်စွာ အော်ရင်း သူ့ခန္ဓာကိုယ်ထဲက ယွမ်ချီတွေ ငြိမ်းသွားကြောင်း အမှန်တကယ် ခံစားလိုက်ရ၏။ သေခြင်းသုံးပါးကျိန်စာရဲ့ ကျိန်စာဖြင့် ကျိန်ခြင်းကို ခံရ၍ ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသော်လည်း ယခုမူ ကျိန်စာရဲ့ စွမ်းအားကိုပင် သတိမပြုမိတော့ဘဲ သူ့စိတ်ထဲ အနည်းငယ် ပင်ပန်းနေပြီဟုပင် ခံစားလိုက်ရသည်။
"အဘိုးကြီး... ငါကြုံဖူးတာက မင်းကြုံဖူးတာထက် အများကြီး ပိုကြောက်ဖို့ ကောင်းတယ်လို့ ငါပြောခဲ့သားပဲ..."
အဘိုးကြီးစန်းရွှိက်လည်း ညည်းတွားကာ ပါးစပ်မှ သွေးများ ခပ်ကျဲကျဲ ထွက်ကျလာသည်။ သွေးတွေကနော့ အမှန်တကယ် လင်းလက်တောက်ပပြီး ယွမ်ချီတွေ အပြည့်ရှိသည်။
အမျိုးသမီး သရဲတစ္ဆေနှင့်တူသော ဒါဇင်ပေါင်းများစွာသော အရာများသည် အဘိုးကြီးစန်းရွှိက်ရဲ့ ခန္ဓာကိုယ်ထဲမှ ပြေးထွက်လာပြီး သွေးများဆီသို့ အရူးအမူး ပြေးသွားကြသည်။
အဘိုးကြီးစန်းရွှိက်လည်း ကျယ်လောင်စွာ အော်လိုက်သည်။ ထိုအခိုက် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားရာ တစ္ဆေသရဲများ စူးစူးဝါးဝါး အော်ဟစ်လိုက်ပေသည်။ အစိမ်းရောင် စွမ်းအင်များသည် ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် ကြီးထွားလာပြီး မကြာမီပင် သန့်စင်သော စွမ်းအင် ဘောလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားသည်။
အဘိုးကြီးစန်းရွှိက်က သူ့ပါးစပ်ထဲကို ဟပြီး သွေးအနှစ်သာရကို ပြန်စုပ်ယူလိုက်သည်။
"ဟမ့် ဒါက ဖြေရှင်းရတာ လွယ်တယ်လို့များ မင်းထင်နေလား?"
အဘိုးကြီးစန်းရွှိက်ရဲ့ အမူအရာက ပြောင်းလဲသွား၏။ အမျိုးသမီးများ၏ ဦးခေါင်းများသည် ၎င်းတို့၏ ခန္ဓာကိုယ်မှ ပြန်လည် ထွက်ပေါ်လာပြီး အလွန်ကြောက်စရာ ကောင်းသည့်ပုံများ ပေါက်နေသည်။
"ဒါက ငါသင်ယူခဲ့တဲ့ လျှို့ဝှက်ကျွမ်းကျင်မှုလေးတစ်ခုပဲ.... အဘိုးကြီး မင်း ဆက်မထိန်းနိုင်တော့ဘူးလား မင်းရဲ့စွမ်းအားက ဒီထက်ဘာအှ မပိုပါဘူး မင်းဂုဏ်သတင်းကို ဖြုန်းတီးရာ ကျသွားပြီ... ဒီလိုဆိုမှတော့ ငရဲကိုသွားလိုက်တော့"
ဟန်လိသည် သူ့ လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး လေထုထဲတွင် လျှပ်တစ်ပြက် စက်ဝိုင်းနှစ်ဝိုင်းကို ဆွဲလိုက်ကာ အဘိုးကြီးစန်းရွှိက်ဆီသို့ ပြေးဝင်သွားလေသည်။
"လျှပ်စီးမီး! လျှပ်စီးကြောင်းနဲ့ နတ်မိုးခြိမ်းသံတွေ?? ဒါက ရှေးဟောင်းလျှပ်စီးကမ္ဘာရဲ့ အဆုံးစွန်လျှို့ဝှက်ချက်တွေပဲ!"
ထို့နောက်တွင် အဘိုးကြီးစန်းရွှိက်သည် လက်ရှိသူက ထူးထူးခြားခြား အခြေအနေထဲတွင် ရှိနေသဖြင့် ဤလှုပ်ရှားမှုရဲ့ စွမ်းအားကို ချက်ချင်း မြင်နိုင်သည်။ သေချာပါတယ်။ သူ့ရဲ့ ကျင့်ကြံမှုနဲ့အတူ သူ ဒါကို ပြင်းပြင်းထန်ထန် တွန်းလှန်နိုင်ခဲ့ပေမယ့် အခုချိန်မှာတော့ သူ ဒုက္ခရောက်နေပြီ။ ဒီလှုပ်ရှားမှုကို အပြင်းအထန် ခုခံဖို့ ကြိုးစားခဲ့မယ်ဆိုရင် ဒဏ်ရာတွေ ရနိုင်ချေများပါသည်။
သို့သော် ကျိန်စာရဲ့ ဆန့်ကျင်ဘက် တုံ့ပြန်မှု ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် အဲဒါကလည်း အမှန်တကယ် ဆိုးရွားသွားမှာပဲ ဖြစ်သည်။
အဘိုးကြီးစန်းရွှိက်သည် ကောင်းကင်ကို မော့ကြည့်လိုက်တော့ နေ့လယ်အချိန်က နီးနေပြီဖြစ်၍ တစ်နေ့လျှင် သုံးကြိမ် ကျိန်စာတိုက်ရမည့်အချိန် ဖြစ်သည်။
"အကြီးအကဲ သတိထား!!"
လုရွှမ် လှမ်းအော်လိုက်သည်။
အခု သူနဲ့ အကြီးအကဲစန်းရွှိက်တို့ဟာ ပုရွက်ဆိတ်တွေကို ကြိုးနဲ့ အချည်ခံထားရသလို ဖြစ်နေပြီ။ အဘိုးကြီးစန်းရွှိက် ရှုံးနိမ့်ပြီး ပြိုင်ဆိုင်လို့ မရတော့ကြောင်း ခံစားရလို့ ထွက်ပြေးသွားပါက သူသည် ကျိန်းသေပေါက် သေလိမ့်မည်။
ဟန်လိသည် သူနှင့်အတူ မန်ဟွမ်နတ်မျှော်စင်တွင် မရှိတော့ကြောင်း သိထားပြီးဖြစ်သော်လည်း ရွှေဒြပ်စင် နတ်ပုတီးစေ့က ရှိသေးသည်။ သူ့ကိုသတ်ရန် အခွင့်အလမ်း 90% ကျော်နေပြီ ဖြစ်သည်။
လုရွှမ်သည် ယွမ်ယန်ကျင့်စဥ်၏ စွမ်းအင်ဘောလုံး တစ်လုံးကို ထုတ်လိုက်သော် ယန်စွမ်းအင် အငွေ့အသက်သည် လွင့်ထွက်သွားပြီး အဘိုးကြီးစန်းရွှိက်ရဲ့ ခန္ဓာကိုယ်ထဲကို လေပြေကဲ့သို့ ပြေးဝင်သွားသည်။
အဘိုးကြီးစန်းရွှိက်မှာ ခဏနေတော့ အံ့အားသင့်သွားပြီး သူ့ခန္ဓာကိုယ်ထဲက အေးစက်မှုတွေဟာ လျင်မြန်စွာ ပျောက်ကွယ်သွားကြောင်း ခံစားလိုက်ရ၏။
တစ္ဆေအမျိုးသမီး တစ်ဒါဇင်က အော်ဟစ်ပြီး ခန္ဓာကိုယ်ထဲမှ ပြေးထွက်သွားသော်လည်း ပြာပုံထဲရောက်သွားသလို လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ ထိုတစ္ဆေ အမျိုးသမီးတွေရဲ့ ယခင်သွေးဆောင်မှုနှင့် မတူဘဲ ယခုတစ်ကြိမ်တွင် သူ့ခန္ဓာကိုယ်ထဲ၌ အေးစက်သော ခံစားမှုမျိုး မရှိတော့ပေ။
ပေါ်ပေါက်လာသော သေခြင်းသုံးပါးကျိန်စာသည်လည်း တဖြည်းဖြည်း မျိုသိပ်ထားပုံရသလို ငြိမ်သက်သွားလေ၏။
လုရွှမ်စကားက မှန်တယ်ဆိုတာ အဘိုးကြီးစန်းရွှိက်လည်း သဘောပေါက်သွားသည်။
“လူကောင်းလေး မင်းမှာ တကယ်အရည်အချင်း ရှိတာပဲ... နောက်ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ ငါ့အပေါ်မှာ မူတည်သွားပြီ!”
အဘိုးကြီးစန်းရွှိက်က အော်ဟစ်လိုက်သည်။ အဲဒီထူးဆန်းတဲ့ မိန်းမတွေ မရှိတော့ရင် ကျိန်စာက မျိုသိပ်ထားလို့ရပြီ။
“ငါ့ရဲ့ ကောင်းကင်လက်သီးကို ကြည့်စမ်း!!”
သူက ဟောက်ပြီး လက်သီးနဲ့ ထိုးချလိုက်သည်။
လေထုထဲမှ လေပွေတစ်ခု တိုက်ရိုက် တိုးလာသည်။ ပင်လယ်ရေထဲမှာ အစိမ်းရောင် စွမ်းအင်တွေနဲ့ ရောနှောနေပြီး ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင်တွေက အလင်းဘက်ကို တိုးဝှေ့လာသည်။ ကောင်းကင်မှာရှိတဲ့ တိမ်တွေတောင် လှိုင်းလုံးတွေကြောင့် လွင့်စင်သွား၏။ မြူခိုးတွေ တရစပ် ဝိုင်းရံထားတဲ့ စက်ဝိုင်းနှစ်ခုဆီဟာ အချင်းချင်း ဦးတည်ကာ တိုက်ခိုက်လိုက်ကြသည်။
မိုးကြိုးသံများ ပဲ့တင်ထပ်သွားကာ လွင့်စင်နေသော လေလှိုင်းများကလည်း ဝန်းကျင်ကို ဖြာထွက်သွားသည်။ စွမ်းအင်အလင်းရဲ့ တောက်ပမှုများက တဖျပ်ဖျပ် ခတ်သွားသည်။ လူနှစ်ယောက် ပစ်ခတ်လိုက်သော စွမ်းအင်လုံးများသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီး အညီအမျှ ကွဲသွားကြသည်။
အဘိုးကြီးစန်းရွှိက်မှာ အနည်းငယ် အမှားအယွင်း ရှိသွားခဲ့၏။ တိုက်ကွက်ကြောင့် မထိန်းနိုင်ဘဲ အနောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်ရသည်။
ကောင်းကင်ဘုံသခင်များနှင့် နတ်မီးနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များသည် အချိန်အတော်ကြာအောင် အံ့အားသင့်သွားကြသည်။ ပြိုင်ဘက်က လူအိုကြီးစန်းရွှိက် ဖြစ်ကြောင်း တွေ့လိုက်ရတော့ ထိုဘီလူးကြီး သတိထားမိသွားမှာ ကြောက်လို့ ဘယ်သူမှ အနားကို မလာရဲတော့ပေ။
ဒါပေမဲ့ တစ်ဖက်က လူဟာလည်း အားလုံးရဲ့ မျက်လုံးတွေကို တုန်လှုပ်ခြောက်ခြား သွားစေ၏။ သူဟာ အစွမ်းထက်လွန်းလို့ တစ်ချက်လှုပ်ရုံနဲ့ လူအိုကြီးစန်းရွှိက်တောင် သူ့ကို အနိုင်မယူနိုင်ခဲ့ပေ။
"ဟမ့် ဒါထက် ဘာမှ မပိုပါဘူး...ငရဲကိုပဲ သွားလိုက်တော့" ဟန်လိက လှမ်းအော်လေသည်။
အဘိုးကြီးစန်းရွှိက်က လုရွှမ်ကို ဖမ်းဆွဲပြီး ပြောလိုက်သည်။
"မင်းအခုနက အရမ်းတော်တယ်... အခုတော့ မြန်မြန်ထွက်ပြေးရအောင်"