တိုက်ကြတော့
Vol. 70 Ch. 4.559
လုရွှမ်သည် အဘိုးကြီးစန်းရွှိက်က ဒီလောက် အရှက်ကင်းမဲ့ပြီး အရိုက်ခံရပြီးနောက် ထွက်ပြေးချင်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။ မျက်နှာက အရေးကြီးပေမယ့် ဘဝက ပိုအရေးကြီးတယ်လေ။
လူနှစ်ယောက်သည် အလင်းတန်းတစ်ခု အဖြစ် လျင်မြန်စွာ လွင့်မျောသွားကြသည်။
ဟန်လိသည် တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။ သူတို့သည် ဒီလောက် အရှက်ကင်းမဲ့သူ ဖြစ်လိမ့်မည်ဟု သဘာဝကျကျကို မထင်ထားခဲ့ပေ။ သူသည် လူသိများသော သခင်တစ်ဦးလည်း ဖြစ်ပေသည်။ မနိုင်လျှင် ထွက်ပြေးရုံသာ ရှိပေလိမ့်မည်။
ဟန်လိ ခွန်အားတွေ စုဆောင်းရင်း သူတို့နောက်ကို တိုက်ရိုက်ပဲ လိုက်သွားတော့သည်။
ပြပွဲကို ကြည့်ရှုနေသူများမှာ တခဏတာလောက် အံ့အားသင့်သွားကာ လျင်မြန်စွာ လိုက်ပါလာခဲ့ကြသည်။ ဒါပေမဲ့ ကျင့်ကြံသူတွေ အများကြီးကတော့ လှည့်ပြီး ထွက်သွားကြလေ၏။
စည်းစိမ်ဥစ္စာ ကောင်းသော်လည်း အသက်ရှိရမည်။ ထိုကောင်းကင်ဘုံသခင်ရဲ့ စွမ်းအားကို မြင်လျှင် သူတို့သည် သတိရှိကြတာကြောင့် လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။ သို့မဟုတ်ပါက သူတို့ရဲ့ အသက်တွေပါ ပျက်စီးသွားနိုင်သည်။
လုရွှမ်သည် အဘိုးကြီးစန်းရွှိက်ဆီမှာ အဖမ်းခံထားရပြီ။ သာမန် ကျင့်ကြံသူတွေ သူ့ထံသို့ မချဉ်းကပ်ဝံ့ပေ။ လုရွှမ်လည်း သူ့ခန္ဓာကိုယ်အနှံ့ ယွမ်ယန်ကျင့်စဥ်ကို ဖြန့်ကျက်ထားလို့ ရိုက်နှက်ခံရမည်ကို မကြောက်ပေ။
ပျံသန်းရင်းနဲ့
"အကြီးအကဲ... ခင်ဗျား အရမ်းစိတ်ပျက်ဖို့ မကောင်းဘူးလား? ကောင်းကင်ဘုံသခင်ကိုတောင် အနိုင်မယူနိုင်ဘူး။ ဒီလောက်ကြီးကျယ်တဲ့ ဂုဏ်သတင်းကို အချည်းနှီး ဆုံးရှုံးသွားပြီ"
အဘိုးကြီးစန်းရွှိက်ရဲ့ မျက်နှာက မည်းမှောင်သွားသည်။
"ဟာသပဲ! ငါသူ့ကိုမတိုက်နိုင်တာ မဟုတ်ဘူး ငါသူ့ကိုမတိုက်ချင်တာ...ပြီးတော့ ငါ့ပန်းတိုင်က မင်း! သူမဟုတ်ဘူး...အဲ့တော့ အလုပ်ကြိုးစားရတာ တန်မှာလား?"
"အမှန်အတိုင်း ပြောရရင် အဘိုးကြီး ခင်ဗျားသာ ကျိန်စာက လွတ်မြောက်နိုင်ရင် ဘယ်အဆင့်ထိ ခွန်အားရှိမှာလဲ? ခင်ဗျား သူ့ကို သင်ခန်းစာတစ်ခု သင်ပေးမှာလား"
"ပေါက်ကရ! ကျိန်စာတွေကို ဖယ်ရှားပြီး ငါ့ရဲ့ ကျင့်ကြံမှုအဆင့်ကို ပြန်ကောင်းလာမယ်ဆိုရင် နတ်မီးနယ်ပယ် ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်သွားလိမ့်မယ်.... အငယ်တန်း ကောင်းကင်ဘုံသခင်က ငါ့လက်ဖျားကိုတောင် သူဖမ်းနိုင်မှာ မဟုတ်ဘူး"
လုရွှမ် သူ့နှုတ်ခမ်းတွေကို ကောက်ကွေးလိုက်သည်။ ဒီလူကြီးက သူ့မှာ နတ်မီးနယ်ပယ် ပြီးပြည့်စုံတဲ့ကာလရဲ့ ကျင့်ကြံမှုရှိတယ်လို့ မပြောဘဲ ကြွားလုံးထုတ်တာကို ကြိုက်နေပြန်ပြီ။ ကျိန်စာတွေကို ဖယ်ရှားလိုက်ရင်တောင် နှစ်တွေအကြာကြီး နှိပ်စက်ညှဉ်းပန်းခံရတဲ့ ခွန်အား 30% မှ 40% ကို ဆက်လက် ထိန်းသိမ်းထားနိုင်ရင်တော့ ကောင်းမှာပဲ။
"စကားမစပ် အဘိုးကြီး...ခင်ဗျားအစောက ကောင်းကင်ကို အတိအကျကြီး မော့ကြည့်လိုက်တာ ကျွန်တော် မြင်တယ်... မကြာခင် မွန်းတည့်တော့မယ်။ ခင်ဗျားရဲ့ သေခြင်းသုံးပါး ကျိန်စာနဲ့ ပတ်သက်မှု ရှိနေတာလား?"
အဘိုးကြီးစန်းရွှိက်မှာ သူ့စိတ်ထဲမှ အော်ဟစ် ကျိန်ဆဲလိုက်တော့သည်။ ဒီတစ္ဆေလေးက တကယ်ကို လိမ္မာပါးနပ်တာပဲ။ သူ့ကောင်းကင်ကို မော့ကြည့်တာတောင် တစ်ခုခု မှားနေတာကို တွေ့လိုက်သည်။
"တစ္ဆေလေး... မင်းငါ့ကိုကောင်းတာမြင်ရင် အကြီးအကဲလို့ ခေါ်လိုက် ငါထွက်ပြေးရင် ငါ့ကို အဘိုးကြီးလို့ ခေါ်လိုက်နဲ့ မင်းအကြီးကို ဘယ်လိုလေးစားရမယ် ဆိုတာ မသိဘူးလား?"
လုရွှမ်ကလည်း ဝမ်းသာအားရ အော်ဟစ်ပြီး ပြန်ကြည့်လိုက်သည်။
"လူကောင်းကြီး... အဲဒီကောင် အရမ်းမြန်နေတယ် ကျွန်တော်တို့ကို ဖမ်းမိတော့မယ်!"
ဟန်လိသည် သူ့ထက် ပိုမြန်ကြောင်း အဘိုးကြီးစန်းရွှိက်လည်း အစောကတည်းက ရိပ်မိနေတာ ဖြစ်သည်။
"အဓိပ္ပာယ်မရှိတာ! ရှေးဟောင်း လျှပ်စီးကမ္ဘာရဲ့ မူလအစ အဆုံးစွန်သောလျှို့ဝှက်ချက်ကို နားလည်ထားတဲ့သူကွ... ရှေးဟောင်း လျှပ်စီးကမ္ဘာရဲ့ မူလဇစ်မြစ်က လျှပ်စီးပဲ... ဒီအရှိန်က အရမ်းမြန်တယ်လို့တောင် ပြောလို့မရဘူး ကောင်လေး ငါ မင်းရဲ့ခန္ဓာကိုယ်မှာ လေပြင်းနိယာမကို တွေ့တယ်... ဒါပေမဲ့ လျှပ်စီးထွက်နှုန်းနဲ့ ယှဉ်ရင် အရှိန်နဲ့ စွမ်းအားအရတော့ နည်းနည်းလေး နောက်ကျနေတယ်"
လုရွှမ်သည် အဘိုးအိုက သူ့ခန္ဓာကိုယ်ပေါ်ရှိ လေပြင်းနိယာမကို မြင်နိုင်တဲ့အပေါ် မအံ့သြသွားပေ။ ရှေးဟောင်း လျှပ်စီးကမ္ဘာတွင် အစွမ်းထက်ဆုံးအရာမှာ သဘာဝအားဖြင့် လျှပ်စီးထွက်ကြောင်းကို ရုတ်တရက် သိလိုက်ရသည်။
သူ့နောက်ကလူက အရမ်းမြန်နေတာ မဆန်းပါဘူး။
ဒါဆို လျှပ်စီးကို ဘယ်ကနေ ရယူနိုင်မှာလဲ?
"အဘိုးကြီး... နောက်ဆုံးတော့ မင်းဒီကိုရောက်လာပြီ သောက်ကျိုးနည်း! မင်း ဒီလောက်နှေးနေရလား?"
အဘိုးကြီးစန်းရွှိက်က ရုတ်တရက် အော်လိုက်ပြီး သူ့အသံက ညည်းညူမှုတွေနဲ့ ပြည့်နေသည်။ ထိုအခိုက် ရှေ့မှ အသံတစ်ခု ထွက်ပေါ်လာ၏။
"နောက်ကျသွားပါတယ် နောက်ကျသွားပါတယ်"
သိပ်မကြာခင်မှာပဲ အဘိုးကြီးတစ်ယောက် ပျံသန်းလာပြီး အောင့်မိသားစုရဲ့ ရှစ်ယောက်မြောက် ဘိုးဘေးဦးလေး ဖြစ်နေတာကို တွေ့လိုက်ရသည်။
"လုရွှမ်... မင်း အဆင်ပြေနေတာ ကောင်းတယ်.. အောင့်ယွဲ့မင်းကို စိတ်ပူနေတာ"
"အကြီးအကဲကို နှုတ်ဆက်ပါတယ်"
လုရွှမ်က အရိုအသေပေးဖို့ ဆောလျင်စွာ ထွက်လာခဲ့သည်။ ခက်ခဲတဲ့အချိန်တွေမှာ တခြားသူတွေကို ကယ်တင်ဖို့ သူ့ကိုယ်သူ စတေးပြီး မတ်တပ်ထရပ်ခဲ့တဲ့ ကိစ္စကို အဘိုးအိုက ချီးကျူးနေတုန်းပါပဲ။
အဘိုးကြီးစန်းရွှိက်က ရယ်မောပြီး
"အခုတော့ နှုတ်ဆက်စကားတွေ ဖလှယ်ဖို့ အလုပ်ရှုပ်မနေနဲ့၍ဦး... ငါ့နောက်ကလူနဲ့ အရင်ဆက်ဆံဖို့က ပိုအရေးကြီးတယ် လောင်ပါး... အဲဒီကောင်က ရှေးဟောင်း လျှပ်စီးကမ္ဘာရဲ့ အဆုံးစွန်လျှို့ဝှက်ချက်ကို နားလည်သွားပြီဆိုတာ သတိပေးထားဦးမယ်..."
အောင့်မိသားစု၏ ရှစ်ယောက်မြောက် ဦးလေးဖြစ်သူ၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားကာ
"အံ့ဩစရာပဲ... ခင်ဗျားကို ဗရုတ်ကျအောင် ပြေးလာခိုင်းတာ မဆန်းပါဘူး"
အဘိုးကြီးစန်းရွှိက်ရဲ့ မျက်နှာမှာ မည်းမှောင်သွားတော့သည်။ ဒီလူတွေက ဘယ်သူတွေလဲ။ သူများကို စကားလုံးနဲ့ မတိုက်ခိုက်ရရင် စိတ်မချမ်းသာဘူးလားဟ။
နတ်မီးနယ်ပယ်မှ အရှင်နှစ်ပါးတို့သည် ဟန်လိနှင့် ရင်ဆိုင်ရသောအခါတွင် သဘာဝအတိုင်း ယုံကြည်မှု ရှိလာကြသည်။ ဟန်လိသည်လည်း ရပ်လိုက်ပြီး အောင့်မိသားစုမှ ဘိုးဘေးဦးလေးကို ကြည့်လိုက်သည်။
"အိုး... အောင့်မိသားစုပဲ... ကျစ် ကျစ် တသက်လုံး ခွေးတွေနဲ့ အတူတူနေခဲ့တာပဲ... အဲဒီနေ့က ငါလည်းအဲဒီမှာ ရှိနေခဲ့တယ်... မင်းတို့ရဲ့ အောင့်မိသားစုထဲက ဘယ်သူကမှ ရှေးဟောင်း လျှပ်စီးကမ္ဘာရဲ့ အဆုံးစွန်သော လျှို့ဝှက်ချက်ကို နားမလည်ခဲ့ပုံရတယ်... ဟမ့် ဘယ်လောက်တောင် သနားစရာကောင်းလိုက်တဲ့ လူတွေလဲ”
"နားလည်နိုင်တဲ့ အရည်အချင်းရှိသူ မရှိဘူး အဲဒါကြောင့် စက်ဆုပ်စရာကောင်းတဲ့ အပြုအမူနဲ့ မန်ဟွမ်နတ်ဘုရားမျှော်စင်ရဲ့ ကံကြမ္မာကို ခိုးယူခဲ့ကြတာလေ ဟုတ်တယ်မလား?"
အောင့်မိသားစု၏ ရှစ်ယောက်မြောက် ဘိုးလေးဦးလေးမှာ အနည်းငယ် ရှက်သွားသော်လည်း သူပြောတာက မှန်နေသည်။ ရှေးဟောင်း လျှပ်စီးကမ္ဘာရဲ့ အဆုံးစွန်လျှို့ဝှက်ချက်ကို နားလည်တဲ့ လူတွေသာ အောင့်မိသားစုမှာ ရှိရင် ဒီလူတွေကို ဘယ်လိုလုပ် ကြောက်နေရမှာလဲ။
"ငါတို့ အောင့်မိသားစုမှာ အရည်အချင်းရှိတဲ့ သူတွေ အများကြီးရှိပါတယ်... တချို့လူတွေနဲ့ မတူတာက မိသားစုက ပျက်သုန်းပြီး သမိုင်းပဲ ဖြစ်လာခဲ့တယ်။ ငါတို့ အောင့်မိသားစုထဲက ဘယ်သူမှ ရှေးဟောင်းလျှပ်စီးကမ္ဘာရဲ့ အဆုံးစွန်သော လျှို့ဝှက်ချက်ကို နားမလည်ခဲ့ကြပေမယ့် မျိုးဆက်သစ် လူငယ်တွေ ကြီးပြင်းလာတာနဲ့အမျှ သူတို့ ကောင်းကင်ဘုံသခင် အဆင့်ကို ရောက်သွားတဲ့အခါ အဆုံးစွန်သော လျှို့ဝှက်ချက်ရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ မခက်ပါဘူး”
ဟန်လိက ပြုံးလိုက်ပြီး "ဒါဆို သူတို့ ကြီးပြင်းဖို့ အချိန်ယူရဦးမှာပေါ့..."
"လူယုတ်မာကြီး... ခင်ဗျား ဘာလို့ ဒီလောက် မာနကြီးနေရတာလဲ? အခုကျုပ်တို့မှာ နတ်မီးနယ်ပယ်က သခင်နှစ်ယောက်တောင် ရှိတယ်... ယုံချင်ယုံ မယုံချင်နေ မင်းကို အတူတူ ဖျက်ဆီးပစ်ကြလိမ့်မယ်.... ကျုပ်သာ ခင်ဗျားဆိုရင် အခုချက်ချင်း ဒီကနေ ထွက်သွားမှာ"
လုရွှမ်သည် သူ့နှလုံးသားထဲမှာ ဒီလူကြီးနှစ်ယောက်အတွက် စိတ်ပူပြီး ကျိန်ဆဲလိုက်သည်။ သူတို့ကို မြန်မြန်တိုက်ပြီး ချက်ချင်း ထွက်သွားစေချင်၏။
လူသုံးယောက်စလုံး လုရွှမ်ဆီသို့ ကြည့်လိုက်ကြသည်။ အဘိုးကြီးစန်းရွှိက်နှင့် အောင့်မိသားစု၏ ရှစ်ယောက်မြောက် ဘိုးဘေးဦးလေးသည် ဘေးချင်းကပ်ရပ်နေ၏။ ဟန်လိ အံကြိတ်ကာ သူတို့နှစ်ဦးကို စိုက်ကြည့်လိုကိသည်။
အဘိုးကြီးစန်းရွှိက်ရဲ့ အင်အားကိုတော့ သူဖြတ်၍ မမြင်နိုင်ပေ။ သူသည် ယခင်က အသာစီးရခဲ့သော်လည်း အခုတော့ သိပ်မသေချာလှပေ။ တကယ်လို့ အပြင်းအထန် တိုက်ခိုက်ဖြစ်ရင် ဘယ်သူက နိုင်မလဲ ဆိုတာကို အဆုံးအဖြတ်ပေးဖို့ ခက်ပါလိမ့်မယ်။
အောင့်မိသားစုက နတ်မီးနယ်ပယ် အကြီးအကဲတစ်ယောက်ကို ထပ်တိုးခြင်းဖြင့် တိုက်ပွဲတစ်ခုစတင်သည်နှင့် သူ ရှုံးနိမ့်သွားသော်လည်း ဒီအတိုင်း နောက်ဆုတ်လိုက်ဖို့တော့ ဆန္ဒမရှိပေ။
ဒီလုရွှမ်ဆိုတဲ့ ကောင်က ဒါကို သိနေတယ်!
အကြောင်းတစ်ခုခုကြောင့် လုရွှမ်သည် သူ့စိတ်ထဲတွင် အနည်းငယ်ပို၍ စိုးရိမ်လာသလို ခံစားလိုက်ရသည်။ သူ သမုဒ္ဒရာထဲမှ မြန်မြန်ထွက်သွားချင်နေ၏။ ယခုအချိန်တွင် အောက်ဖက်က ရေသည် အလွန်ကြည်လင်နေပြီး ယခင်က အစိမ်းရင့်ရောင် စွမ်းအင်များ ပျောက်ကွယ်သွားတာကို သတိပြုမိခြင်း ရှိမရှိကို သူ မသိပေ။
အနီးပတ်ဝန်းကျင်ရှိ ပင်လယ်လေညင်းများ ငြိမ်သက်သွားကာ ပင်လယ်ရေသည် အနည်းငယ် လှိုင်းထလာပြီး တဖြည်းဖြည်း ငြိမ်သက်လာသည်။ တချို့သော ပင်လယ်ရေ မျက်နှာပြင်များကပါ မှန်ကဲ့သို့ပင် ပြန့်ကားလာသည်။
သို့သော် လုရွှမ်သည် ၎င်းက မုန်တိုင်းမတိုက်မီ ငြိမ်သက်နေသကဲ့သို့ သို့မဟုတ် မုန်တိုင်းတစ်ခု ရောက်လာတော့မည်ဟု ခံစားနေရ၏။
ထိုသခင်သုံးယောက်ကို ကြည့်လိုက်တော့ အန္တရာယ် ကျရောက်နေပြီ ဆိုတာကို သူတို့က မသိလိုက်သလိုမျိုး ထိပ်တိုက် ရန်တွေ့နေကြဆဲ ဖြစ်သည်။
"မြန်မြန် တိုက်ခိုက်စမ်းပါ... ပြီးရင် မြန်မြန်ထွက်လိုက်ရအောင် အန္တရာယ်တစ်ခု ကျရောက်နေပြီလို့ ကျွန်တော် ခံစားနေရတယ် အဲဒါက ဘယ်သူမှ သည်းမခံနိုင်တဲ့ အရမ်းကို ကြောက်စရာကောင်းတဲ့ ခြိမ်းခြောက်မှုကြီး!!"
လုရွှမ် အော်ဟစ်လိုက်သည်။ ဒီအချိန်မှာ သူ ဂရုမစိုက်နိုင်တော့ဘူး။
လူသုံးယောက်ရဲ့ အမူအရာများ ပြောင်းလဲသွားသည်။ လုရွှမ်ကို ကြည့်လိုက်ရာ လုရွှမ်ရဲ့ မျက်နှာမှာ တင်းမာနေပြီး ယခုအချိန်တွင် သူ့နဖူးပေါ်၌ ချွေးအနည်းငယ် ထွက်နေတာကိုပင် တွေ့လိုက်ရ၏။
ချွေးစက် အကြီးကြီးတွေ ပေါ်လာပြီး အကြီးကြီးတွေ လှိမ့်ဆင်းသွားသလိုပင်။
"လုရွှမ် ဘာဖြစ်နေတာလဲ? ငါဘာမှမခံစားရဘူး"
အောာင့်မိသားစုရဲ့ ရှစ်ယောက်မြောက် ဘိုးဘေးဦးလေးက အော်လိုက်သည်။
အဘိုးကြီး စန်းရွှိက်ကလည်း
"ကောင်လေး မင်း ခေါင်းရှောင်ဖို့များ ကြိုးစားနေတာလား? နတ်မီးနယ်ပယ်က သခင် သုံးယောက်တောင် အဲဒါကို မခံစားရဘူး... အန္တရာယ် ကျရောက်နေပြီလို့ မင်းက ခံစားရသေးတယ်ပေါ့?"