လောကရဲ့အဝေးဆုံး
Vol. 70 Ch. 4.560
"လူမိုက်နှစ်ယောက်... လုရွှမ်က အရမ်းကံကောင်းတဲ့ကောင် သူ့စကားကို နားထောင်လို့ မမှားနိုင်ဘူး.... သွားပြီ"
လုရွှမ် ဘာမှပြန်မပြောခင် ဟန်လိက သူတို့သုံးယောက်ကို လျစ်လျူရှုပြီး ချက်ချင်းပဲ အော်ပြောကာ ပြေးထွက်သွားတော့သည်။
“သွားကြစို့!”
လုရွှမ်လည်း အော်ပြောလိုက်သည်။ အန္တရာယ်များက နီးကပ်လာနေပြီလို့ သူခံစားလိုက်ရသည်။ သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် မှင်တက်စွာ ကြည့်နေကြဆဲ ဖြစ်သော်လည်း လုရွှမ်ကတော့ အမြန်ပဲ ပြေးလိုက်သွားသည်။
ဒီအချိန်မှာ ရန်သူက ဘယ်သူလဲဆိုတာ အရေးမကြီးတော့ဘဲ ကိုယ့်အသက်ကို အရင် ကယ်ရတော့မှာပဲ ဖြစ်သည်။
လုရွှမ် ပြေးသွားသွားတာကို မြင်လိုက်ရတော့ သူတို့နှစ်ယောက် နောက်ပြန်ထိုင်ပြီး စောင့်ကြည့်မနေရဲတော့ဘဲ အမြန်နောက်သို့ လိုက်သွားကြသည်။ အဘိုးကြီးစန်းရွှိက်က လုရွှမ်ကို ဖမ်းကိုင်လိုက်ပြီး သုံးယောက်သား လျှပ်စီးကြောင်းအတိုင်း ဆင်းသက်ရန် ပြေးကြသည်။
ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ ကျင့်ကြံမှု အဆင့်ကို အမှန်တကယ် ထုတ်ဖော်ခဲ့လေသည်။
ဟန်လိနှင့် အဘိုးကြီးစန်းရွှိက်တို့သည် ရှေ့သို့ ပျံသန်းသွားကြသည်။ အောင့်မိသားစုရဲ့ ရှစ်ယောက်မြောက် ဦးလေးသည် အသဲအသန် ပျံသန်းနေသော်လည်း သူတို့ နောက်မှာကျန်ခဲ့ကာ အကွာအဝေးက ဆက်လက် တိုးလာသည်။
"အကြီးအကဲအောင့်ကိုပါ အတူခေါ်လိုက်ပါဦး!"
လုရွှမ်က အော်လိုက်၏။
အဘိုးကြီးစန်းရွှိက်သည် မသိစိတ်ထဲမှ အနည်းငယ် ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။ လုရွှမ်ပြောတာကို သူ ဘာမှ မခံစားရသော်လည်း ပေါ့ပေါ့ဆဆ ပြက်ရယ်ပြုကာ ဟန်လိကတော့ သူ့ဘဝအတွက် ဟာသလုပ်မည် မဟုတ်ပေ။
ဒီအချိန်မှာ တတ်နိုင်သမျှ မြန်မြန် ပျံသန်းရတာ သဘာဝပါပဲ။ လုရွှမ်သည် သူ့အတွက် အလွန်အရေးကြီးသောကြောင့် လုရွှမ်ကို သူနှင့်အတူ ယူဆောင်လာခဲ့သည်။ အောင့်မိသားစု၏ ရှစ်ယောက်မြောက် ဘိုးဘေးဦးလေးက ယခုအချိန်တွင် သူ့ကိုပါအတူ ခေါ်ဆောင်ပေးရန် တောင်းဆိုပါက ထုံးစံအတိုင်း သူပျော်မည် မဟုတ်ပေ။
"ကျွန်တော့်သူငယ်ချင်းတွေကို ကျွန်တော် မစွန့်လွှတ်ဘူး....ခင်ဗျားသာ ကျွန်တော့သူငယ်ချင်း ဖြစ်လာရင် ခင်ဗျားကိုလည်း စွန့်လွှတ်မှာ မဟုတ်ဘူး... အခု အောင့်မိသားစုရဲ့ ရှစ်ယောက်မြောက် ဦးလေးကို ကယ်တင်မလားဆိုတာ ခင်ဗျားအပေါ်မှာ မူတည်တယ်"
လုရွှမ် အေးစက်စွာ ပြောသည်။
အဘိုးကြီးစန်းရွှိက်သည် လုရွှမ်ကို စိုက်ကြည့်ကာ ခဏအကြာတွင် 'မအေဘေးလေး' ဟု တိတ်တဆိတ် ကျိန်ဆဲပြီး လက်ဖဝါးရဲ့ အင်အားကို ဆန့်ထုတ်ကာ အောင့်မိသားစု၏ ရှစ်ယောက်မြောက် ဦးလေးကို ဖမ်းဆုပ်လိုက်လေသည်။
သေခြင်းကျိန်စာသုံးပါးသည် အလွန်ပြင်းထန်သောကြောင့် အောင့်မိသားစု၏ ရှစ်ယောက်မြောက် ဦးလေးပင် အလွယ်တကူ မထိဝံ့ပေ။ လုရွှမ်အနားက ဖြတ်သွားစဉ်တွင် နတ်မီးနယ်ပယ်မှ အကြီးတန်း နှစ်ယောက်သည် လုရွှမ်ကို ခေါ်သွားကာ လျှပ်စီးကြောင်းအတိုင်း ရှေ့သို့ ပြေးသွားကြသည်။
"ဟန်လိကို သတိထား... သူ တိတ်တိတ်လေး တစ်ခုခု လုပ်လိမ့်မယ်"
လုရွှမ် သတိပေးလိုက်သည်။
လုရွှမ် ပြောသည့်အတိုင်းသာ ပင်လယ်ပြင်တွင် အန္တရာယ်ကြီးကြီးမားမား ရှိမည်ဆိုလျှင် ဟန်လိသည် မကောင်းမှု တစ်ခုခုလုပ်မိမည်မှာ သေချာကြောင်း လူအိုနှစ်ယောက်ကလည်း သဘာဝကျကျ နားလည်ခဲ့ကြသည်။
ကျင့်ကြံသူတွေဟာ ပင်လယ်ထဲမှာ ပျံဝဲနေကြရင်း လုရွှမ်နဲ့ သူ့အဖွဲ့ရဲ့ အံ့အားသင့်စရာ မြင်ကွင်းကို မြင်ခဲ့ရပြီး ဘာကြောင့်မှန်းမသိ ကြောင်အနေကြသည်။
"မြန်မြန်ပြေးတေယ့ ပင်လယ်ထဲမှာ အန္တရာယ်ကြီးတစ်ခု လာနေပြီ!"
လုရွှမ် ကျယ်လောင်စွာ အော်လိုက်သည်။
အောင့်မိသားစု၏ ရှစ်ယောက်မြောက် ဦးလေးနှင့် အဘိုးကြီးစန်းရွှိက်တို့ နှစ်ယောက်လုံး လန့်ဖျတ်သွားကြသည်။ လုရွှမ် အကြောင်းကို သူတို့ နားလည်ထားသလောက် လုရွှမ်သည် ကမ္ဘာကြီးကို ကယ်တင်ရန် အရည်အချင်း လုံးဝမရှိခဲ့ပေ။
သူတို့နှစ်ယောက် ဘာတွေ တွေးနေလဲ ဆိုတာကို သိလိုက်ရတော့ လုရွှမ်က ဆိုလိုက်သည်။
“ပြေးနေတဲ့ သားကောင်က ရပ်နေတဲ့ သားကောင်ထက် ဖမ်းရခက်တယ်... အချိန်ကုန်တယ်”
"သတိထား!"
အဘိုးကြီးစန်းရွှိက်လည်း လုရွှမ် ပြောတာက တကယ် မှန်တယ်လို့ စိတ်ထဲကနေ တိတ်တိတ်လေး ဝန်ခံကျိန်ဆဲပြီး အော်လိုက်သည်။
သူတို့ရှေ့တွင်ရှိ ဟန်လိသည် ထောင်ချောက်တစ်ခုကို ဘယ်အချိန်ကတည်းက ထူထောင်ခဲ့တယ် မသိချေ။
လုရွှမ် ဦးဆောင်လာသော လူနှစ်ယောက်သည် အရှိန်လျှော့ကာ အမြန်ရှောင်တိမ်းနိုင်ခဲ့သည်။
"ဒီမှာ အခင်းအကျင်း ရှိနေတာပဲ!"
အောင့်မိသားစု၏ ရှစ်ယောက်မြောက် ဘိုးဘေးဦးလေးက ဆိုလိုက်သည်။ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အော်ဟစ် အသံပေးရင်း လမ်းတစ်လျှောက်လုံးမှာ အခင်းအကျင်း အသွင်သဏ္ဍာန်တွေ ရှိနေတာကို တွေ့လိုက်ရ၏။
"ကျွန်တော့်ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်ခဲ့ပါ"
လုရွှမ် ခပ်မြန်မြန် လှမ်းအော်၍ သတိပေးလိုက်၏။
ရှေ့က ဟန်လိသည် အလွန်ဆိုးသွမ်းလွန်းကာ သူက အခင်းအကျင်း တံဆိပ်ပြားများကို တောက်လျှောက် ပစ်ခတ်နေပြီး တခြားကျင့်ကြံသူများကိုပင် တိုက်ရိုက် လွှင့်ပစ်ကာ သူတို့သုံးယောက်ရဲ့ ပျံသန်းချိန်ကို နှောင့်နှေးစေခဲ့သည်။
လုရွှမ်ရဲ့ မျက်လုံးများက ကောင်းကင်မီးတောက်များ တောက်ပလာကာ နေမျက်လုံးအစစ်ကို ပွင့်လိုက်သည်။ သူ့မျက်လုံးများမှ နတ်အလင်းတန်းများ ထွက်လာပြီး အခင်းအကျင်း ဖွဲ့စည်းတည်ဆောက်ပုံများကြားရှိ ဟာကွက်များကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
လူနှစ်ယောက်သည် လုရွှမ်ရဲ့ ညွှန်ကြားချက်ကို အလျင်အမြန် လိုက်နာကြပြီး သေးငယ်သော ဟာကွက်ကို အရှိန်ပြင်းပြင်းဖြင့် ဖြတ်ကျော်သွားကြသည်။
အလွန်ထက်မြက်သော လှိုင်းလုံးကြီးတစ်ခု အနောက်မှ ရုတ်တရက် ရိုက်ခတ်လာကာ ကမ္ဘာကြီးကို တုန်လှုပ်သွားစေသည့် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လညသည်။ အနောက်ဘက်ရှိ ကျင့်ကြံသူတချို့သည် သူ့နောက်မှ လိုက်ကာ ကုန်းမကြီးဘက်သို့ ပြေးသွားကာ တချို့မှာမူ ရပ်ဆဲဆဲဖြစ်နေ၏။
ထိုအချိန်၌ လှိုင်းလုံးကြီးဖြင့် တိုက်ခတ်ခံလိုက်ရသော ငှက်များသည် ရုတ်တရက် မပျံနိုင်တော့ဘဲ ပင်လယ်ထဲသို့ တစ်ကောင်ပြီး တစ်ကောင် ပြုတ်ကျသွားကြသည်။
လုရွှမ်တို့သုံးယောက်သည် ထိုးနှက်ချက်ကို သဘာဝအတိုင်း ခံနိုင်ရည်ရှိကြသည်။ နတ်မီးနယ်ပယ် သခင်နှစ်ဦးသည် လုရွှမ်အတွက် ထိုးနှက်မှုကို တားဆီးပေးခဲ့သည်။
“တန်ခိုးကြီးလွန်းတယ် မြန်မြန် သွားကြရအောင်!”
အဘိုးကြီးစန်းရွှိက်လည်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူသည် နတ်မီးနယ်ပယ် အထက်က ပြင်းထန်သော စွမ်းအားကြီးကို သူ ထင်ရှားစွာ ခံစားရလေသည်။ နှစ်ယောက်သား ခွန်အားတွေ အပြည့်နဲ့ အစွမ်းကုန် ကြိုးစားပြီး ရှေ့ကို အလျင်အမြန် ပြေးကြသည်။
ထိုစွမ်းအားသည် သူတို့ရဲ့ ခုခံနိုင်စွမ်းကို လုံးဝကျော်လွန်သွားခဲ့ပြီ။ ဟန်လိက သူတို့ရှေ့တွင်ရှိနေသော်လည်း မိုးနဲ့မြေလို ဝေးနေသေးသည်။
"မပြေးတော့နဲ့... ကျွန်တော်တို့ မပြေးနိုင်တော့ဘူး"
လုရွှမ် ရုတ်တရက် ပင်လယ်ဘက်ကို လှမ်းကြည့်ရင်း ပြောလိုက်သည်။ နတ်မီးနယ်ပယ်မှ သခင်နှစ်ပါးတို့သည်လည်း ပင်လယ်ရေကို ငုံ့ကြည့်လိုက်သောအခါ ဘယ်အချိန်ကစပြီး အစိမ်းရောင် ပြောင်းသွားလိုက်တယ် မသိချေ။
"ပျံသန်းကြရအောင်!"
အဘိုးကြီးစန်းရွှိက်က ဆို၏။
အောက်ဖက်က ပင်လယ်ရေသည် လျှပ်စီးလတ်သွားသလို အရှိန်အဟုန်ဖြင့် ကောင်းကင်သို့ ထိုးတက်လာနေပြီး သူတို့သုံးယောက်လုံး ပင်လယ်ရေထဲသို့ ထိုးကျသွားတော့သည်။
ပင်လယ်ထဲ မ၀င်ခင် ဟန်လိကိုလည်း ပင်လယ်ထဲ မျောပါသွားတာ လုရွှမ် လှမ်းတွေ့လိုက်ရသည်။
လှိုင်းလုံးများသည် ပင်လယ်ပြင်ပေါ်တွင် ခဏမျှ လှုပ်ခတ်သွားပြီးနောက် တဖြည်းဖြည်း ငြိမ်သက်သွားသည်။ အစိမ်းရောင် စွမ်းအားသည်လည်း တဖြည်းဖြည်း အားပျော့လာကာ ကြည်လင်လာသည်။
ယခုအချိန်တွင် ပင်လယ်ပြင်တွင် သက်ရှိသတ္တဝါဟူ၍ လုံးဝ မရှိတော့ပေ။
ယွမ်စွမ်းအင် လှိုင်းလုံးကြီးက သူ့ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီး လုရွှမ်သည် လုံးဝ သတိမပေါ့ဝံ့ဘဲ ပတ်ဝန်းကျင်ကို စိုက်ကြည့်နေသည်။ ရေထဲကို ရောက်သွားကတည်းက နတ်မီးနယ်ပယ် သခင်နှစ်ယောက်နဲ့ လူချင်းကွဲသွားကာ သူတို့ ဘယ်ကိုရောက်သွားလဲ မသိပေ။
ကောင်းကင်ကို မော့ကြည့်လိုက်တော့ ဘာအလင်းမှ မရှိ။ ပင်လယ်ကြမ်းပြင် အနက်ပိုင်းထဲသို့ ကျရောက်သွားတာ ထင်ရှားလေပြီ။
လုရွှမ် အနည်းငယ် ကြောက်ရွံ့သွား၏။ သူအရင်က ဝင်ခဲ့သော အစိမ်းရောင် စွမ်းအင်တွေ ပြည့်နေတဲ့ မြေကဲ့သို့ ရှေးဟောင်း လျှပ်စီးကမ္ဘာမှ ထွက်ခွာသွားခဲ့ခြင်း ဖြစ်နိုင်သည်။
ဝိညာဉ်စွမ်းအားများ ခုန်ထွက်လာပြီး ပြင်းထန်စွာ ဖိနှိပ်ထားတာတောင် ခန္ဓာကိုယ်တစ်ဝိုက်ရှိ ခြေဖဝါး အနည်းငယ်အထိသာ မြင်နိုင်ကာ မျက်စိ မြင်နိုင်သလောက်လည်း မကြည်လင်ပေ။
သူသည် တဖြည်းဖြည်း မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ့ခြေဖဝါးများက မြေပြင်ပေါ်တွင် ခိုင်မြဲစွာ လဲကျသွားသော်လည်း သူ့ကို သက်တောင့်သက်သာ လုံးဝ မဖြစ်စေခဲ့ပေ။ လုရွှမ် သူ့ပတ်ဝန်းကျင်တွင် အသက်မရှိဟု ထင်မိသည်။ သူသည် ဒီလို ပတ်ဝန်းကျင်မျိုးတွင် ရှိနေလေ ရှင်သန်ဖို့ နည်းလမ်းရှာရန် ပို၍ တည်ငြိမ်လေ ဖြစ်သည်။
ပင်လယ်ရေတွေက လှုပ်နေတာလား?
လုရွှမ် ဦးတည်ရာကို ပိုင်းခြားကာ ပင်လယ်ရေရဲ့ ဦးတည်ရာအတိုင်း ရွေ့လျားသွားလိုက်သည်။
လောကရဲ့ အဝေးဆုံးကိုများ ရောက်သွားတာလား?
ခြေလှမ်း အနည်းငယ်မျှသာ လွင့်မျောသွားခဲ့ကြောင်း ထင်ရှားသော်လည်း သူ့ခန္ဓာကိုယ်တစ်ဝိုက်က အပြောင်းအလဲများသည် အလွန်ကြီးမားသောကြောင့် အဝေးကြီးကို ခရီးနှင်နေသည့်နှယ် ခံစားရ၏။
စိတ်ဝိညာဉ် စွမ်းအားက ခြေတစ်လှမ်း အကွာမှ နေရာအထိသာ စူးစမ်းနိုင်တာ အံ့သြစရာ မဟုတ်တော့ချေ။ လုရွှမ် ရေမကူးတော့ဘဲ လှိုင်းလုံးတွေနဲ့အတူ မျောပါနေလိုသည်။ မဟုတ်ရင် မတော်တဆ လမ်းလွဲသွားပြီး တခြားနေရာကို ထိမိသွားမှာ ကြောက်နေရလိမ့်မည်။
ရှေးဟောင်းလျှပ်စီးကမ္ဘာကို ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့စဥ်က ရှေးဟောင်း လျှပ်စီးကမ္ဘာတွင် ပင်လယ်ရေသည် ဤကမ္ဘာပေါ်က ကြီးမားသော အချိုးအစားများကို သိမ်းပိုက်ထားကြောင်း တွေ့ခဲ့ရသည်။
သူ သမုဒ္ဒရာထဲကို နက်နက်နဲနဲ မသွားချင်သေးဘူး။
ယခုအချိန်အထိ သူမြင်ဖူးသမျှ အမြင့်ဆုံး နယ်ပယ်မှာ နတ်မီးနယ်ပယ် ဖြစ်သည်။ ကုန်းပေါ်တွင် တည်ရှိသော်လည်း ပင်လယ်ထဲတွင် နတ်မီးနယ်ပယ်ကို သာလွန်သော အရှင်များ ရှိပါသည်။
အဲဒီလူ သို့မဟုတ် ပင်လယ်သားရဲကို တွေ့တာနဲ့ တပြိုင်နက် သေဆုံးသွားလိမ့်မည်။
အချိန်အတော်ကြာမျှ မျောပါသွားပြီးနောက် ဘယ်လောက်ထိ လွင့်မျောသွားခဲ့တယ် ဆိုတာကို မသိနိုင်တော့ပေ။ လုရွှမ် နောက်ဆုံးတွင် သူ့ပတ်ဝန်းကျင်ရှိ ရေများသည် မရွေ့တော့ကြောင်း ခံစားလိုက်ရသည်။ သူ၏ စိတ်ဝိညာဉ် စွမ်းအားကို ပြန်ရခဲ့ရာ မျိုသိပ်ထားခြင်း မရှိတော့ဘဲ အဝေးကို လှမ်းစူးစမ်းနိုင်ခဲ့သည်။
သူ သက်ပြင်းချမိသည်။ နောက်ဆုံးတော့ ထူးထူးခြားခြား စီးဆင်းနေတဲ့ ရေထဲမှာ မရှိတော့ဘူးပဲ။ အတွေးတစ်ခုဖြင့် လုရွှမ်သည် ပင်လယ်မျက်နှာပြင်ဆီသို့ ပြေးထွက်သွားခဲ့သည်။