← Chapters

အူတိုင်ဧရိယာ

Vol. 70 Ch. 4.561

အူတိုင်ဧရိယာ

Vol. 70 Ch. 4.561

ဖိအားတွေ အရမ်းများနေတာကြောင့် လုရွှမ်ဟာ သူ့ခန္ဓာကိုယ်က မခံနိုင်လောက်အောင် နာကျင်လာကြောင့် တဖြည်းဖြည်း ခံစားလာရသည်။ ယခင်က သူ့ခန္ဓာကိုယ်ကို ကာကွယ်ထားခဲ့သော လျှို့ဝှက်ဆန်းကြယ်သော အရာသည် သိသာထင်ရှား သော်လည်း ယခုအခါ သူ့ကိုယ်ပိုင် စွမ်းရည်ကို လိုအပ်နေပြီ ဖြစ်သည်။

ဆိုလိုတာက သူဟာ ပင်လယ်ရဲ့ အောက်ခြေသို့ အလွန်နက်ရှိုင်းစွာ သွားမိနေကြောင်း သဘောပေါက်လိုက်သည်။ ဒီလိုပဲဖြစ်နိုင်တယ်။ သူ ပင်လယ်ထဲကို ရောက်နေပြီ။

အဘိုးကြီးစန်းရွှိက်နဲ့ အောင့်မိသားစုရဲ့ ရှစ်ယောက်မြောက် ဘိုးဘေးဦးလေးတို့ကို မျက်လုံးထဲတောင် မမြင်ရသေးပေ။

တစ်ကိုယ်လုံး စွမ်းအင်တွေ တဟုန်ထိုး တဟုန်ထိုး ခုန်တက်နေသည်။ စိမ်းပြာနဂါးရဲ့ နှလုံးကလည်း ပြင်းထန်စွာ ခုန်ပေါက်နေပြီး သူ့တစ်ကိုယ်လုံး အလင်းရောင်တွေ တောက်ပနေသည်။ နောက်ဆုံးတွင် သူသည် ဤ စွမ်းအားကို အနည်းငယ် ခုခံပြီး တောက်လျှောက် ဆက်သွားလိုက်သည်။ လိပ်တစ်ကောင်ရဲ့ အရှိန်ဖြင့် သွားနေရာ အချိန်က အတော်ကြာသွားသည်။ နောက်ဆုံးတော့ သူ ရေထဲက အမြန်တက်သွားရ၏။

ကောင်းကင်မှာတော့ ကြယ်တွေအပြည့်နဲ့ တောက်ပနေသည်။ လပြည့်ညမို့ ငွေရောင်အလင်းတန်းများက ပင်လယ်ပြင်ပေါ်တွင် ဖြာကျ ထွန်းလင်းတောက်ပ​​နေကာ လှပသောအရိပ်များကို ချန်ထားခဲ့သည်။

အနားမှာ ဘယ်သူမှ မရှိသေးဘူး။

"ငါက စွန့်ပစ်ခံလိုက်ရတာလား?"

လုရွှမ် ခါးသီးသော အပြုံးဖြင့် တစ်ယောက်တည်း ပြောလိုက်သည်။

ခဏလောက် ကိုယ့်ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ပြီးမှ ခါးမှာ အိတ်နဲ့ လက်ချောင်းပေါ်က သိုလှောင်လက်စွပ်က အပိုင်းပိုင်းကွဲပြီး ပျောက်သွားတာကို သိလိုက်ရ၏။ ဘယ်ကို မျောပါသွားလဲ မသိချေ။ အထဲမှာ တခြားလူတွေကို ဆက်သွယ်ဖို့ အသုံးပြုနိုင်တဲ့ ဆက်သွယ်ရေး ကျောက်စိမ်း​​ပြား တစ်ခုပါရှိပေမယ့် အခုချိန်မှာတော့ ဘယ်သူကိုမှ ဆက်သွယ်လို့ မရတော့ပေ။

အစိမ်းရောင် အငွေ့အသက်တွေကို မခံစားရတော့တာကြောင့် လုရွှမ်သည် ကျောက်စိမ်း​ပြား နေရာထဲမှ အဆောက်အဦလှေကို ထုတ်ကာ အဆောက်အဦးလှေပေါ်တွင် ထိုင်ကာ အနားယူနေလေသည်။

ရှောင်ပိုင်လည်း ကျောက်စိမ်း​ပြားထဲမှ ထွက်လာခဲ့သည်။ အချိန်အတော် ကြာအောင် ပြန်ကောင်းလာပြီးနောက် သူမခန္ဓာကိုယ်လည်း ပြန်လည် ကောင်းမွန်လာကာ မျက်နှာပေါ်၌ ရှုပ်ယှက်ခတ်နေသော အကြည့်များဖြင့် ဘေးပတ်လည်ကို လှည့်ကြည့်လိုက်သည်။

"ဒီနေရာက ဘယ်နေရာလဲ?"

"ဘုရားပဲ သိလိမ့်မယ်"

သူသည် နေကို မမြင်ရသလို မြောက်ဘက်လား၊ တောင်ဘက်လား၊ အရှေ့လား သို့မဟုတ် အနောက်လား မပြောနိုင်ပေ။ ကံကောင်းစွာပင် လုရွှမ်သည် လှေကို ပင်လယ်ထဲ မျှောစေခဲ့သည်။

လဝက်ကျော်ကျော် လွင့်မျောနေခဲ့ပြီး အချိန်ကို မသိတော့ရာ သူ့နှလုံးသားထဲက တွက်ချက်မှုကိုသာ အားကိုးနေမိသည်။ လုရွှမ်သည် ငါးကင်စားပြီး ရှုခင်းကို ကြည့်ရင်းနဲ့ နေအလင်းရောင်တွေ မှေးမှိန်သွားတာကိုသာ ထိုင်ကြည့်နေရသည်။

ဤနေရာ၌ နေ့ခင်းဘက်ဖြစ်နေပြီး ကောင်းကင်ယံမှာတော့ အပြောင်းအလဲ မရှိပေ။ ပင်လယ်ရေ မျက်နှာပြင်ပေါ်မှာလည်း လှိုင်းလုံးကြီး မရှိဘဲ ငြိမ်သက်နေသည်။

ထိုနေ့တွင် လုရွှမ်သည် နေပူထဲတွင် ပျင်းရိငြီးငွေ့စွာ နေပူစာလှုံ​နေပြီး သူ့ရဲ့ ယခင်အတွေ့အကြုံများကို အဖြေရှာနေဆဲ ဖြစ်သည်။ ရုတ်တရက်ဆိုသလိုပင် ရွှေကျီးကန်း၏ စကားသံက ထွက်ပေါ်လာခဲ့သည်။

"မြန်မြန် ကျောက်စိမ်းပြားထဲ ဝင်လာခဲ့!"

လုရွှမ် လန့်​ဖြတ်သွားသည်။ ရွှေကျီးကန်း ဒီလိုသတိပေးတာ ဒါပထမဆုံးအကြိမ်ပဲ။ သူ အဆောက်အဦလှေကို အမြန်ဖယ်ကာ ကျောက်စိမ်းပြားထဲ အမြန်ဝင်လိုက်သည်။

နောက်အခိုက်အတန့်နီးပါးမှာ လေထုမှာ ရုတ်တရက် ကွဲအက်သွားပြီး ကြီးမားတဲ့ လျှိုမြောင်ကြီးတစ်ခု ဖြစ်ပေါ်လာကာ အနီရောင် မီးတောက်တွေလို အရောင်တောက်နေတဲ့ ငှက်ကြီးတစ်ကောင် ကောင်းကင်ကနေ ဆင်းသက်လာခဲ့လေ၏။

ထိုငှက်ကြီးသည် အလွန်ကြီးမားပြီး အတောင်ပံများ ဖြန့်ထားကာ ကောင်းကင်နှင့် နေကိုပင် ဖုံးလွှမ်းထားသည်။ ၎င်း၏ ခန္ဓာကိုယ်သည် ပြင်းထန်သော မီးတောက်များဖြင့် တောက်လောင်နေပြီး လေထုကပင် လောင်ကျွမ်းနေသလို နေရာတိုင်းက တုန်ခါနေသည်။ ၎င်းက ပင်လယ်ထဲက ဧရာမဝံပုလွေများကို နှိုးဆော်ကာ တိုက်ခိုက်လိုက်စဥ် ပင်လယ်ထဲသို့ ထိုးကျသွားခဲ့သည်။

သွေးတွေ စီးကျလာပြီး ပင်လယ်ထဲကို ကျသွားစဥ် ရွှေကျီးကန်းက အော်လိုက်သည်။

"သွေးကို မြန်မြန်စုလိုက်!!"

လုရွှမ်လည်း ဤငှက်ကြီးသည် နတ်သားရဲမျိုးနွယ် ဖြစ်ရမယ်လို့ နားလည်လိုက်သည်။ သူ့ထံမှထွက်လာသော ရောင်ဝါသည် အလွန်ရှက်ရွံ့နေဟန် ရှိသော်လည်း ထိတ်လန့်စရာ ကောင်းနေပြီဖြစ်သည်။ ၎င်းသည် နတ်မီးနယ်ပယ်ကို ကျော်လွန်သွားသော သခင်တစ်ဦး ဖြစ်တာ သေချာပါ၏။

"သေစမ်း... အဲဒီသွေးတွေကို စုဆောင်းလို့ မရဘူး"

လုရွှမ် အလွန်စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ ဒါက အခွင့်ကောင်းတစ်ခု ဖြစ်သော်လည်း စုဆောင်းလို့ မရနိုင်ဘူး ဖြစ်နေသည်။

သွေးသည် မီးလျှံလို ထွက်​ပေါ်လာပြီး အရပ်မျက်နှာ အရပ်ရပ်မှာက ပင်လယ်ရေတွေပဲ ရှိတာကြောင့် ရေထဲ တစိမ့်စိမ့် စိမ့်ဝင်သွားရမှာ ဆိုပေမယ့် ပင်လယ်ထဲ ကျသွားတာ မဟုတ်ဘဲ ပင်လယ်အထက်တွင် ပျံဝဲကာ ကောင်းကင်သို့ အငွေ့ပျံသွားခဲ့သည်။

သိသာတာကတော့ ၎င်းသည် ငှက်ကြီးအား ပြင်းထန်စွာ ဒဏ်ရာရစေသော သူမှသာလျှင် သူ့သွေးကို စုပ်ယူနိုင်မှာပဲ ဖြစ်သည်။

လုရွှမ်မှာ ပင်ပန်းနွမ်းနယ်​နေပြီး ကြောက်လန့်တကြား ငတ်သေသွားရမှာ စိုးသောကြောင့် သဘာဝကျကျ အပြင် မထွက်ရဲပေ။ ရွှေကျီးကန်း၊ ကျားဖြူလေး၊ ရားရားတို့နဲ့ အတူ သူတို့လေးယောက်ဟာ လက်ချောင်းသေးသေးလေးရဲ့ ပုံသေထက်မကြီးတဲ့ အနီရောင်တောက်တောက် သွေးစက်တစ်စက်ကို စုပ်ယူဖို့ အတူတကွ လုပ်ဆောင်ခဲ့ရကြသည်။

အစွမ်းထက်သော စုပ်ယူမှုစွမ်းအားဖြင့် နောက်ဆုံးတွင် သွေးများကို ထုပ်ပိုးပြီး ကျောက်စိမ်း​ပြားထဲသို့ စုဆောင်းနိုင်ခဲ့သည်။

နောက်အခိုက်အတန့်မှာ အသံတစ်ခုက ကောင်းကင်မှာ ရုတ်တရက် ထွက်ပေါ်လာပြီး ကြီးမားတဲ့ စိတ်ဝိညာဉ်စွမ်းအား တစ်ခုကို ပင်လယ်ရေထဲကို ပစ်ချလိုက်လေသည်။

လုရွှမ်နှင့် တခြားသူများသည် လုံးဝ မလှုပ်ရှားဝံ့ဘဲ ထိုစိတ်ဝိညာဉ် စွမ်းအားများ ပျောက်ကွယ်သွားမယ့် အချိန်ကို စောင့်​နေရုံသာ တတ်နိုင်ပေ၏။

အနီရောင် ငှက်ကြီးရဲ့သွေးက တစ်စက်ပဲ ရှိတော့တာကြောင့် အဲဒီလူက ဂရုမစိုက်တော့ဘဲ သူ့ရဲ့စိတ်ဝိညာဉ် စွမ်းအားတွေကို ပြန်ရုတ်သိမ်းပြီး ထွက်သွားပေမယ့် လုရွှမ် ချက်ချင်း အပြင်ထွက်သွားဖို့ မလုပ်ရဲသေးချေ။ တစ်ကြိမ်ကံကောင်းနိုင်ပေမယ့် ကံတရားနဲ့ ဆက်ပြီးကြိုးစား​နေရင် သေကြောင်းရှာမိသွားလိမ့်မည်။

ငှက်ကြီး၏ ခန္ဓာကိုယ်သည် ပြောင်းလဲသွားပြီး ပင်လယ်ရေထဲတွင် နီရဲနေသော ငှက်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ မီးတောက်များသည်လည်း သူ့ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ ပြန်လည် ရောက်ရှိသွား၏။ ထို့နောက် သူသည် တံတွေးတစ်ချက် ထွေးထုတ်လိုက်ရာ မီးတောက်တစ်ခု ပွင့်လာပြီး လေထုထဲ၌ တွင်းနက်တစ်ခု ဖြစ်ပေါ်လာကာ ငှက်လေးလည်း ၎င်းတွင်းနက်ထဲသို့ ပြေးဝင် ပျောက်ကွယ်သွားခဲ့သည်။

လုရွှမ်သည် မလှုပ်ဝံ့သေးဘဲ တစ်လကြာလောက် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။ နောက်ဆုံးတွင် သူသည် သူ၏ စိတ်ဝိညာဉ်စွမ်းအား အတွေးအမြင်များဖြင့် တိတ်တဆိတ် စူးစမ်းလိုက်သည်။ အပြင်ဘက်မှာ လှုပ်ရှားမှု မရှိသဖြင့် လုရွှမ်သည် ရွှေကျီးကန်း၊ ကျားဖြူလေးတို့နဲ့အတူ ထွက်လာကြသည်။

“နောက်ဆုံးတော့ အဆင်ပြေသွားပြီ”

လှေပေါ်တွင် ငုတ်တုတ်ထိုင်နေသော လူတိုင်းလည်း တစ်ယောက်ကို တစ်ယောက် မျက်နှာများပေါ်တွင် ကြောက်လန့်တကြား အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

"ရွှေကျီးကန်း... အဲဒါက ဘာ​ကြီးလဲ?"

"ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် အဲဒါက ကျူးချွဲ့ ဖြစ်နိုင်တယ်...ကျူးချွဲ့က ဘယ်သူနဲ့ တိုက်ခိုက်နေခဲ့လဲ မသိပေမယ့် သူက ကမ္ဘာကြီးရဲ့ အတားအဆီးကို ချိုးဖျက်ပြီး ဒီအထိတောင် ပြေးလာခဲ့ရတယ်... ကံကောင်းထောက်မစွာပဲ သူက ဆက်မတိုက်ခိုက်ခဲ့ဘူး... မဟုတ်ရင် ဒီရှေးဟောင်းလျှပ်စီး ကမ္ဘာက ဒုတိယမြောက် ရှေးဟောင်းလကမ္ဘာ ဖြစ်လာလိမ့်မယ်?"

ရှေး​ဟောင်းလကမ္ဘာကြီးသည် တစ်ဝက်တစ်ပျက် အခြေအနေသို့ ဖြိုခွဲခံခဲ့ရပြီး ၎င်း၏ နည်းဥပဒေသ အများစုမှာလည်း ပျောက်ဆုံးသွားခဲ့ကာ အလွန်သနားစရာ ကောင်းတဲ့ အခြေအနေကိုတောင် ရောက်သွားခဲ့သည်။

"အဲဒီသွေးတစ်စက်..."

"စဥ်းတောင် မစဉ်းစားနဲ့... ခင်ဗျား အခုအနားကို ကပ်လာတာနဲ့ မီးရှို့သတ်ပစ်မှာနော်... မဟာသူတော်စင် အလယ်အလတ်ကာလနဲ့ နောက်ပိုင်းကာလ အဆင့်တွေရောက်လို့ နောက်ထပ် အကြံဥာဏ်တစ်ခု ရလာတဲ့အထိ စောင့်ရမယ်... အခုတော့ စုပ်ယူလို့ မရ​သေးဘူး။ သူနဲ့ဆို ဖီးနစ်နတ်မီးနဲ့ စိတ်ဝိညာဥ်မီးတောက် အဆင့်ကို တိုးမြှင့်ဖို့ ပြဿနာ မရှိလောက်ဘူး"

ရွှေကျီးကန်းက တခစ်ခစ်ရယ်ကာ လုရွှမ်ကို စိတ်လှုပ်ရှားနေသော အော်သံများဖြင့် နှုတ်ဆက်လိုက်ပြီး

"ငါလည်း အဲဒါကို မစဉ်းစားရသေးပါဘူး... မင်းရဲ့ လက်ရှိအဆင့်က အရမ်းနိမ့်နေတယ် မဟာသူတော်စင် အဆင့်ရောက်တဲ့ အထိ စောင့်ရအောင်"

လုရွှမ်လည်း ရွှေကျီးကန်း ပြောတာ မှန်တယ်ဆိုတာ သိပေမယ့် သူ့ရဲ့လက်ရှိအင်အားက အရမ်းနည်းနေပါသေးသည်။

"မေ့လိုက်ပါတော့ အခုက ဘာမှမဖြစ်သေးဘူး... အခုဘယ်လို ပြန်သွားရ​တော့မလဲ"

"ဘယ်သူပြောလဲ ဟိုမှာကြည့်လိုက်!"

လုရွှမ်သည် ခေါင်းကို လှည့်ကာ အဝေးတစ်နေရာက မိုးခြိမ်းသံများ တဟုန်ထိုး ထွက်ပေါ်လာတာကို တွေ့လိုက်ရသဖြင့် ထိတ်လန့်တကြား ဖြစ်သွားသည်။

"ကောင်လေး... ဒီကျီးဖိုးဖိုး အရမ်းမနာလို ဖြစ်နေပါတယ်နော်... လေပြင်းတိုက်လို့ ဒီနေရာကို လွင့်သွားတာ ဘယ်လောက်​တောင် ကံကောင်းလဲ? ငါခန့်မှန်းတာသာ မှန်မယ်ဆိုရင် ဒီနေရာက ရှေးဟောင်း လျှပ်စီးကမ္ဘာရဲ့ အူတိုင်... နတ်မိုးခြိမ်းသံနဲ့ လျှပ်စီးကြောင်းတွေရဲ့ လျှို့ဝှက်ချက်တွေ ရှိတဲ့ နေရာဖြစ်ရမယ်”

ရွှေကျီးကန်းသည် ထိုနေရာမှ မိုးတိမ်​တောင်များကို ကြည့်ကာ နတ်ဘုရားကို ဖူးမြော်နေသကဲ့သို့ အော်ဟစ်လိုက်သည်။

လုရွှမ်လည်း စကားမပြောနိုင်ဘဲ အဝေးမှ မိုးကြိုးများကို လှမ်းကြည့်ရင်း လန့်သွားသည်။ နတ်မိုးခြိမ်းသံက မပေါက်ကွဲသေးပေမယ့် ကောင်းကင်နဲ့ မြေကြီးဟာ အတားအဆီးတွေနဲ့ ဆက်စပ်နေတာ ခံစားမိလေသည်။

ကျွန်းငယ်လေးက လုံးဝ အနက်ရောင် တောက်လောင်နေကာ အနက်ရောင် သန္တာကျောက်တန်းက ဒီလိုပဲလား မသိချေ။

"ကောင်လေး ကောလဟာလတွေက မှန်​နေပြီ... မင်းအခု ကမ္ဘာတစ်ခုရဲ့ အူတိုင်ကို ရောက်နေပြီဆိုရင်တော့ ဒီကမ္ဘာကြီးရဲ့ ဘယ်နေရာကိုမဆို လမ်းကြောင်း ပြောင်းသွားနိုင်တယ်!"

ရွှေကျီးကန်းရဲ့ အသံထဲတွင် တုန်လှုပ်သံများ ရောပါနေသော်လည်း လုရွှမ်ကတော့ ဝမ်းသာပီတိဖြစ်ကာ

"ဒါဆို ငါတို့ဘာကို စောင့်နေတာလဲ? မြန်မြန်သွားရအောင်လေ!"

အဆောက်အအုံလှေကို ထိန်းချုပ်ကာ ကျွန်းဆီသို့ ဦးတည်သွားသော လုရွှမ်သည် မကြာမီတွင် အဆောက်အဦလှေသည် အလိုအလျောက် ဆွဲဆောင်ခံ​နေရသလို ကျွန်းဆီသို့ အပြေးအလွှား ရွေ့လျားသွားတာကို တွေ့လိုက်ရတော့သည်။

"အဲဒီကျွန်းပေါ်က ကျောက်တုံးတွေက သံလိုက်တွေပဲ!!"

မိုးနတ်ဘုရားဓားရဲ့ တုန်တုန်ယင်ယင်ဖြင့် ကျွန်းဆီသို့ ပျံသန်းသွားချင်တာကို လုရွှမ် မတားဆီးနိုင်လိုက်ချေ။

All Chapters