မိုးကြိုးရေကန်
Vol. 70 Ch. 4.562
"ကောင်လေး မင်းကံကောင်းပေမယ့် သတိတော့ထားရမယ်။ အဲဒီနေရာက သာမန်လူတွေ သွားလာလို့ မရဘူး... အန္တရာယ်တွေက အဆုံးမရှိဘူး"
ရွှေကျီးကန်းက သူ့အသံကို သတိနဲ့ အော်လိုက်သည်။ လုရွှမ် တံတွေးကို မျိုချလိုက်ပြီး
"မဟုတ်သေးဘူးလေ... ဟန်လိက ရှေးဟောင်း လျှပ်စီးကမ္ဘာရဲ့ အဆုံးစွန်သော လျှို့ဝှက်ချက်ကို ဒီနေရာက ရခဲ့တာ မဟုတ်ဘူးလား?"
ရွှေကျီးကန်းက လှောင်ပြောင်ရင်း
"ဟမ့်.. သူက လုပ်နိုင်မှာလား? သူသုံးသွားတာက အပြင်တံခါးတစ်ခုပဲ... ပြီးတော့ သူ ဒီနေရာကို သေချာပေါက် ခြေမချခဲ့ဘူး။ သူသွားခဲ့တာက အဆုံးစွန် လျှို့ဝှက်ဆန်းကြယ်တဲ့ ခြေရာတွေ စွန်းထင်းနေတဲ့ တစ်နေရာ ဖြစ်နိုင်တယ်"
နှစ်ယောက်သား စကားစမြည် ပြောနေကြစဉ် လှေသည် ကျွန်းအနီးသို့ ရောက်လာသည်။ ယ ကျောက်တုံးများက ကြမ်းတမ်းပြီး ပင်လယ်ရေပြင်ပေါ်တွင် ရပ်တည်နေကြ၏။ လျှပ်စီးအလင်းများသည် ကျောက်ဆောင်များပေါ်မှ လင်းလက်လာပြီး လျှပ်စီးအစွန်းများကလည်း ကျောက်တုံးများ၏ အစွန်းဘက်ဆီသို့ အဆက်မပြတ် ဖြာထွက်နေသည်။
လုရွှမ် အဆောက်အဦလှေကို ဖယ်ထားလိုက်သည်။ မဟုတ်ပါက လျှပ်စီးမီးက အဆောက်အဦလှေကို အမှန်တကယ် ဖြိုခွဲပစ်လိမ့်မည်။
ရွှေကျီးကန်းသည် ကျောက်စိမ်းပြားထဲသို့ ပြန်သွားလေပြီ။ နောက်ဆုံးတွင် ၎င်းသည် ဝိညာဉ်ခန္ဓာ တစ်ခုဖြစ်ပြီး ယခုလို နတ်မိုးခြိမ်းသံကို တားမြစ်ထားသည့် နေရာသို့ မချဉ်းကပ်ဝံ့ပေ။ လုရွှမ်နဲ့ ကျားဖြူလေးသာ ကျွန်းပေါ်သို့ ဆင်းသက်လာခဲ့သည်။
သူတို့ ကျွန်းပေါ် ခြေချလိုက်တာနဲ့ ခြေထောက်အောက်ကနေ သူတို့ရဲ့ ခန္ဓာကိုယ်ထဲကို လျှပ်စီးကြိုးတစ်ခု ပြေးဝင်လာရာ နှစ်ယောက်စလုံး တုန်လှုပ်သွားကြသည်။
မိုးခြိမ်းသံနဲ့ လျှပ်စီးကြောင်းတွေရဲ့ စွမ်းအားသည် ကြီးမားလှတယ်လို့တော့ မဟုတ်ပေ။ နောက်ဆုံးတော့ သူတို့သည် ကျွန်းပေါ်မှ ဆင်းသက်ခဲ့ပြီး အနက်ရှိုင်းသို့ မဝင်ရောက်ရသေးချေ။ ဤနေရာ၌ မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းတွေက မရှိသလောက်ပင်။ သူတို့ ခန္ဓာကိုယ်ကို ခြိမ်းခြောက်မှု အနည်းငယ်သာ ရှိသည့် အစွန်းထောင့်မှ လျှပ်စီးကြောင်းမျှသာ ဖြစ်သည်။
ရွှေကျီးကန်းရဲ့ အသံက ကျောက်စိမ်းပြားထဲမှ ထွက်လာသည်။
"သတိထား အလျင်စလို မလုပ်နဲ့... မဟုတ်ရင် မင်းပစ်ခံရလိမ့်မယ်။ ဒီနေရာက လျှပ်စီးကြောင်းရဲ့ ပြင်းထန်မှုနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ဖြည်းဖြည်းချင်းဝင်...."
လုရွှမ် သူ့နားလည်မှုကို ဖော်ပြဖို့ ခေါင်းညိတ်လိုက်ပြီး ရှောင်ပိုင်ကိုလည်း သူ့ဖိနပ်ကို ချွတ်ခိုင်းလိုက်ကာ သူတို့နှစ်ယောက်က ကျောက်ဆောင်တွေပေါ်မှာ ခြေဗလာနဲ့ လျှောက်သွားလိုက်သည်။
အပြာနုရောင် လျှပ်စီးကြောင်းတွေက ခြေဖဝါးတစ်လျှောက် ခန္ဓာကိုယ်အတွင်းသို့ ဖြတ်ဝင်သွားကာ ခြေနှစ်ဘက်ထဲရှိ ကြွက်သားများကို မသိစိတ်ထဲတွင် တုန်လှုပ်သွားစေခဲ့သည်။ သို့သော် တုန်လှုပ်ပြီးနောက် ဂရုမစိုက်နိုင်သော ခြေဖဝါးပေါ်ရှိ နေရာများကို ပြန်လည် အသက်သွင်းလိုက်သကဲ့သို့ သက်သာရာရမှု လှိုင်းလုံးများ ထွက်ပေါ်လာခဲ့ပြန်သည်။
ကျားဖြူကလေးက ရယ်လိုက်သည်။ လျှပ်စီးကြောင်းထဲကနေ ကစားလို့ကောင်းမယ့် အရာတစ်ခုကို ရှာတွေ့လိုက်သလိုပင်။ သူသည် သူ၏သားရဲပုံစံသို့ တစ်ဖန်ပြောင်းလဲကာ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားရင်း တစ်လမ်းလုံး အရယ်မရပ်တော့ချေ။
ကျွန်းကို လှမ်းကြည့်လိုက်တော့ ကျွန်းကို အပိုင်းနှစ်ပိုင်းခွဲထားတာ တွေ့လိုက်ရသည်။ အတွင်းက ကျွန်းဟာ ကောင်းကင်က နတ်မိုးခြိမ်းသံတွေနဲ့ ဆက်စပ်နေပေမယ့် အပြင်ဘက်က ကျွန်းကတော့ မဟုတ်ပေ။
အပိုင်းနှစ်ပိုင်းကို ချိတ်ဆက်ထားသည့် နေရာတွင် ကျွန်းငယ်လေးကို ဝန်းရံထားသည့် ရေကန်ငယ်တစ်ခုရှိသည်။
လုရွှမ်နှင့် ကျားဖြူလေးတို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာခဲ့ပြီး ဤနေရာက မိုးခြိမ်းသံနှင့် တဖြည်းဖြည်း လိုက်လျောညီထွေ ဖြစ်လာကြသည်။ သူတို့သည် အတွင်းဘက်ကျွန်းသို့ ရောက်ရှိလာပြီး သူတို့ရှေ့ရှိ ရေကန်ငယ်လေးကို လှမ်းကြည့်လိုက်သည်။
ရွှေရေကန်!
ထိုရေကန်သည် မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းများကို ဖြစ်ပေါ်လာစေသော ရေကန်ဖြစ်ကာ သာမန်ရေကန် မဟုတ်ချေ။ ရေကန်ထဲတွင် လှိုင်းထန်နေပြီး မိုးကြိုးဝိုင်းများက လှည့်ပတ်နေသည်။ ဤနေရာရှိ မိုးခြိမ်းသံများသည် အပြင်ဘက်ရှိ အပြာရောင် မိုးခြိမ်းသံများထက် ပိုမိုအားကောင်းနေ၏။
ရွှေအိုရောင် အလင်းများက လေထဲတွင် လှုပ်ယမ်းနေကာ အက်ကွဲနေကာ သတ်ဖြတ်ခြင်း နှင့် ဖျက်ဆီးခြင်း၏ အရိပ်အာဝါသတို့ကို လေထုတစ်လျှောက်လုံး ဖြန့်ကျက်ထားသည်။
"ကောင်လေး မင်းဒီရေကန်ကို ဖြတ်ကူးသွားရမှာ.. ပျံသန်းဖို့ မကြိုးစားနဲ့ စိတ်ဆင်းရဲပြီး သေသွားလိမ့်မယ်"
ရွှေကျီးကန်းက အော်လိုက်သည်။
"ရေကူးရမယ်?"
လုရွှမ် တအံ့တသြနဲ့ အော်မိသွား၏။ သူ့ရှေ့က မိုးကြိုးရေကန်ကို ကြည့်ရင်း ကမ်းစပ်မှာ ရပ်နေတာတောင်မှာ အန္တရာယ်ကြီးတယ်လို့ ခံစာနေရပြီကို ရေကူးသွားရမယ်တဲ့လား။
ရေထဲဆင်းရင် သေဖို့ တောင်းဆိုနေတာပဲ မဟုတ်ဘူးလား။
မိုးကြိုးနဲ့ထိရင် အဆင်ရော ပြေမှာလား။
"ကောင်လေး ဒါကောင်းတာပဲ မင်း ခံနိုင်ရည်ရှိသရွေ့တော့ အနာဂတ်မှာ မိုးကြိုးနဲ့ လျှပ်စီးကြောင်းတွေကို ထိန်းချုပ်ဖို့ လုံးဝ အဆင်ပြေသွားလိမ့်မယ်"
လုရွှမ်ရဲ့ မျက်နှာသည် မည်းမှောင်လာပြီး
"ဒါဆို ခံနိုင်ရည်မရှိရင် ဘယ်လိုလုပ်မလဲ"
ရွှေကျီးကန်းက ခဏတုံ့ဆိုင်းသွားပြီး "ရှောင်ပိုင်ကို မသွားခိုင်းနဲ့... ကျောက်စိမ်းပြား နေရာကို ငါသူမဆီလွှဲပေးလိုက်မယ်"
"အရှက်မရှိကောင်!"
ရွှေကျီးကန်းက တခစ်ခစ်ရယ်ရင်း "လူယုတ်မာလေး... ဒါက လူတော်တော်များများ စိတ်ကူးမယဥ်နိုင်တဲ့ လှပတဲ့ အရာလေးတစ်ခုနော်... မင်းကြုံဖူးသလို ဖြစ်ခဲတယ်ဆိုတာ မင်းတောင် မသိလောက်ဘူး ငါ့အရင်ဘဝတုန်းကသာ မင်းလို ကံကောင်းခဲ့ရင် ဟီးဟီး!"
ဒါပေမဲ့ နောက်ပိုင်းကိုတော့ သူဘာမှ ဆက်မပြောဖြစ်တော့ပေ။ ကြွားလုံးထုတ်နေတာလား ဒါမှမဟုတ် လုရွှမ်ရဲ စားချင်စိတ်ကို နှိုးဆွနေတာလားတော့ မသိချေ။
လုရွှမ် အသက်ပြင်းပြင်းရှူရင်း အနှီ ရွှေကျီးကန်းက စိတ်မချရပေမယ့် သူပြောတာ မှန်ကြောင်း နားလည်ပေသည်။ ဒါဟာ လူတော်တော်များများ စိတ်ကူးမယဉ်နိုင်တဲ့ အခွင့်အရေး တစ်ခုပဲ။ အခု သူကြုံတွေ့ခဲ့ရပြီမို့ မဖြုန်းတီးသင့်ဘူး။
ခြေတစ်ချောင်းစလုံးသည် မိုးကြိုးရေကန်ထဲသို့ ဖြည်းညှင်းစွာ စမ်းဆင်းကြည့်ရာ ရွှေကျီးကန်းရဲ့ အသံက အလန့်တကြား ထွက်ပေါ်လာခဲ့သည်။
“သတိထား!!”
နောက်ဆုံးတော့ ဒီကျီးကန်းက သူ့ကို အရမ်းစိုးရိမ်နေသေးတာ သိသာပေ၏။
ခြေတစ်ချောင်းက မိုးခြိမ်းရေကန်ထဲကို မကျသွားခင်မှာပဲ နတ်မိုးခြိမ်းသံက အထက်ကနေ တိုက်ရိုက် ရိုက်ခတ်ပြီး လုရွှမ်ရဲ့ ခြေဖဝါးကို ထိသွားလေသည်။
နတ်မိုးခြိမ်းသံသည် ရွှေရောင်ဖြစ်ပြီး ၎င်းကို ကြည့်လိုက်ရုံဖြင့် အလွန် အန္တရာယ်များကြောင်း ခံစားရလေသည်။ မိုးကြိုးပစ်ချက်က လုရွှမ်ရဲ့ ခြေဖဝါးကို အက်ကွဲသံနဲ့အတူ ထိမှန်သွားပြီး အရိုးထဲကို တိုက်ရိုက်ထိသွားသလိုမျိုး နာကျင်မှုက အလွန်ပြင်းထန်ပေ၏။ လုရွှမ် သူ့ခြေဖဝါးကို ဆုတ်ခွာစေချင်တဲ့ တွန်းအားကို တွန်းလှန်ပြီး ရေကန်အစွန်းမှာ ဆက်ချထားလိုက်သည်။
လျှပ်စီးကြောင်းက ဝိညာဉ်အသိ ရှိပုံရကာ သူ့ခြေရင်းအောက်ရှိ ရုံချွမ် အမှတ်ထဲသို့ အပြေးအလွှား ရောက်ရှိသွားသည်။ လုရွှမ် သူ့ခြေဖဝါးအကြောများ ခဏတာလောက် ထုံထိုင်းသွားသလို ခံစားလိုက်ရသည်။
အသွေးအသား၊ သွေးကြောတိုင်းနှင့် ဆဲလ်တိုင်းက လျှပ်စီးကြောင်းများရဲ့ ပစ်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သည်။
သည်းခံစမ်း!
အသားနံ့တွေ ရလာပြီး ခဏလေးအတွင်းမှာ ခြေဖဝါးတွေက အပူလောင်သွားတော့သည်။ သူ့ရဲ့ ခြေဖဝါးဖြူဖြူများမှာ ယခုအခိုက်အတန့်တွင် လျှပ်စီးလက်နေသော ရွှေရောင် အလင်းတန်းများဖြင့် တောက်ပနေသည်။
လုရွှမ် အသက်ရှူသွင်းလိုက်သည်နှင့် ပူလောင်သော ဝေဒနာက တော်တော်လေး ပျောက်ကွယ်သွားသည်။ သူသည် တခြားခြေတစ်ဖက်ကို လှမ်းလိုက်တဲ့အခိုက် ချက်ချင်းပင် သူ့ပါးစပ်မှ အော်သံတစ်ခု ထွက်ပေါ်လာသည်။
မိုးခြိမ်းသံက လုရွှမ်ရဲ့ ဇွဲလုံ့လကို ခံစားလိုက်ရသယောင်ပဲ။ သူ့ရဲ့ စွမ်းဆောင်ရည်ကို မတန်တဆ မတွက်ဘဲ ဒုတိယအကြိမ် ထပ်လုပ်ချင်ပြီး မိုးကြိုးပစ်ချက်ကို တူတစ်ချောင်းအသွင်ဖြင့် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်လေ၏။
ခြေဖဝါးများကို တောင်ကုန်းကြီး တစ်ခု ထိခတ်သွားသလိုပင်။ တစ်ခဏတာမျှ နာကျင်မှုကို လုံးဝမထိန်းနိုင်ဘဲ အာရုံကြောများ တုန်ရီနေကာ ခြေဖဝါးတွေကို ဆုတ်ခွာရန် မတတ်နိုင်ခဲ့ပေ။ လုရွှမ် သူ့ပေါင်နှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ပြန်ဆုတ်ချင်နေတဲ့ ဆန္ဒကို ပိတ်ဆို့ထားလိုက်သည်။
နောက်ဆုတ်လို့ မရဘူး။ နောက်ဆုတ်ပြီးတာနဲ့ ခြေပြန်ချဖို့ ခက်သွားလိမ့်မယ်။
ရှောင်ပိုင် ကမ်းစပ်တွင် ရှိနေသည်။ လုရွှမ်ရဲ့ လှုပ်ရှားမှုကို မြင်လိုက်ရသဖြင့် သူမ မျက်ရည်များ ချက်ချင်း စီးကျလာသည်။ နာကျင်မှုကို သူမ မခံစားနိုင်သော်လည်း ရှင်းရှင်းလင်းလင်း မြင်နေရသည်လေ။
လုရွှမ်ရဲ့ ခြေဖဝါးများဟာ မည်းနေပြီဖြစ်ပြီး ၎င်းတို့သည် ပုံပျက်ပန်းပျက်ဖြင့် လူသားဆန်ခြင်း မရှိတော့ပေ။
"ကောင်းပြီ ငါဆင်းမယ်"
လုရွှမ် ဆိုရင်း သူ့ကိုယ်သူ အားပေးလိုက်သည်။ ကျယ်လောင်သော အသံနှင့်အတူ မိုးခြိမ်းသံက ကျဆင်းလာပြီး မိုးကြိုးရေကန်ကို ရိုက်ခတ်သွားလေသည်။
မိုးခြိမ်းသံက မိုးခြိမ်းရေကန်ကနေ လျှပ်ထွက်ပြီး လုရွှမ်ရဲ့ တစ်ကိုယ်လုံးကို တိုက်ရိုက် ဆေးကြောရိုက်ခတ်ပစ်လိုက်သည်။
လုရွှမ် တိုးတိုးတိတ်တိတ် ညည်းတွားရင်း ဒီတစ်ကြိမ် နာကျင်မှုက အရင်အကြိမ်တွေထက် ပိုပြင်းထန်လာကြောင်း သိသိသာသာ ခံစားလိုက်ရသည်။ လုရွှမ် သူ့သွားတွေကို အံကြိတ်ပြီး မျက်ရည်တွေက မသိစိတ်က လှိမ့်ဆင်းလာပေမယ့် အသံကတော့ လုံးဝမထွက်ချေ။
လျှပ်စီးကြောင်းတွေက လှိုင်းလုံးများကဲ့သို့ ရေကူးကန်ထဲရှိ လုရွှမ်ဆီသို့ ပစ်ခတ်လာကာ သူ့ခန္ဓာကိုယ်ကို အဆက်မပြတ် ဆေးကြောပစ်လိုက်သည်။ လျှပ်စီးတွေက သူ့ရင်ဘတ်ကို ထိုးဖောက်ပြီး နောက်ကျောဘက်မှာ ကွဲထွက်သွား၏။ သွေးများ ခပ်ကျဲကျဲ ထွက်လာပေမယ့် ရေကန်ထဲ မကျမီမှာပင် အငွေ့အဖြစ် ပြောင်းလဲသွားလေသည်။
သွေးများက လေထဲတွင် ပြည့်နေသော်လည်း လုရွှမ်ရဲ့ ဦးခေါင်းကို တိုက်ရိုက်ထိမိသည့် နောက်ထပ် မိုးကြိုးတစ်ခုက ကျရောက်လာရာ လုရွှမ်လည်း ထိတ်လန့် တုန်လှုပ်သွားတေတာ့သည်။ ဤနတ်မိုးခြိမ်းသံရဲ့ လျှပ်စီးကြောင်းက ရွှေရောင် မဟုတ်တော့ဘဲ ခရမ်းရောင်အနည်းငယ် ပါလာပြီ။
မစဉ်းစားနေတော်ဘဲ လုရွှမ် ပေါ့ပါးစွာ ခုန်ပြီး မိုးကြိုးရေကန်ထဲကို ဝင်သွားတော့သည်။ နတ်မိုးခြိမ်းသံသည် မိုးကြိုးရေကန်ကို တရစပ်တိုက်ခတ်နေပြီး လျှပ်စီးကြောင်းများကလည်း အရပ်ရပ်သို့ ပြန့်ကျဲသွားသည်။
လုရွှမ် မိုးခြိမ်းရေကန်ထဲမှ ထွက်လာခဲ့သည်။ ယခုအချိန်တွင် သူသည် လူသား မဟုတ်တော့သလိုမျိုး သူ့အရေပြား၏ အစိတ်အပိုင်းများ မပြည့်စုံတော့သလိုမျိုး သူ့အရိုးများကအစ မည်းမှောင်ကာ လူတစ်ကိုယ်လုံး အရိုးစုအဖြစ်သို့ ပြောင်းလဲလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။