မိုးကြိုးနိယာမ အရိုးတံဆိပ်
Vol. 70 Ch. 4.563
"ကောင်လေး မလှုပ်နဲ့!"
ရွှေကျီးကန်းရဲ့ အသံက သူ့စိတ်ထဲတွင် ထွက်ပေါ်လာပြီး ရုတ်တရက် ချွေးစက်များက လိမ့်ဆင်းကျလာသည်။
ရွှေကျီးကန်း ကိုယ်တိုင်လည်း လုရွှမ်ရဲ့ နာကျင်မှုကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရပြီး လုရွှမ်ရဲ့ စိတ်တွေ တုန်ခါနေတာက ကျောက်စိမ်းပြားထဲ အထိပါ ထိုးဖောက် ဝင်ရောက်လာခဲ့လေသည်။
လုရွှမ်ရဲ့ ခန္ဓာကိုယ်က ချက်ချင်း ရပ်သွားပြီး မလှုပ်တော့ပေ။
လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်တစ်ခုက သူ့နှလုံးသားထဲတွင် ရုတ်ချည်း ပဲ့တင်ထပ်လာခဲ့သည်။ လုရွှမ် အောက်ကို ငုံ့ကြည့်ကာ သူ့အရိုးများတွင် ရေးထွင်းထားသည့် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာတာကို တွေ့လိုက်ရသည်။
၎င်းသည် ရင်ဘတ်အရိုးမှတစ်ဆင့် တဖြည်းဖြည်း ပျံ့နှံ့သွားပြီး ခြေလက်အင်္ဂါများထဲသို့ ဝင်ရောက်ကာ နောက်ဆုံးတွင်မှ ဦးခေါင်းခွံအတွင်းသို့ စိမ့်ဝင်သွားသည်။ မမြင်နိုင်သော်လည်း လုရွှန်သည် သူ့အရိုးများ သန်မာလာကာ ရွှေရောင်အလင်းတန်းက အားဖြည့်စွမ်းအားလို တိုးလာစေကြောင်း ရှင်းရှင်းလင်းလင်း ခံစားနိုင်လေသည်။
သူ့ပတ်ဝန်းကျင်မှာ လျှပ်စီးကြောင်းတွေ ယှက်သမ်းနေမှုတွေနဲ့ ပတ်သက်ပြီးတော့ သူ့ခန္ဓာကိုယ်က ငြင်းဆန်တယ်လို့ မခံစားရတော့ပါဘူး။ တဖြည်းဖြည်းနဲ့ ပျော်ရွှင်မှု ခံစားချက်ကိုပါ ခံစားလာရပြီး လက်ဖဝါးတွေကို လှုပ်ခါကြည့်လိုက်တော့ အရင်ကလို တင်းမာပြီး နာကျင်တာတွေ မခံစားရတော့ဘဲ ပင်လယ်ထဲ ပေါ့ပေါ့ပါးပါး လျှောက်သွားနေသလို ခံစားလာရ၏။
ထိုလျှို့ဝှက် ဆန်းကြယ်သော ခံစားချက်များ ပျောက်ကွယ်သွားသောအခါ လုရွှမ် ခေါင်းကို ငုံ့ကြည့်လိုက်တော့ အရိုးပေါ်၌ စွမ်းအင်အလင်းများ အပြေးအလွှား တဖျပ်ဖျပ် တောက်ပလျက် ဝိညာဉ်အလင်းများဖြင့် လင်းလက်နေတာကိုပါ တွေ့လိုက်ရသည်။
လုရွှမ် မိုးကြိုးရေကန်ထဲက ထွက်လာပြီး
"ကောင်းပြီ ရှောင်ပိုင် မင်း ကျောက်စိမ်းပြားထဲ ပြန်ဝင်နေလိုက်ပါလား"
ဖြစ်နိုင်လျှင် ရှောင်ပိုင်လည်း မိုးကြိုးရေကန်ထဲ ဝင်ပြီး လေ့ကျင့်တာက အကောင်းဆုံး ဖြစ်လိမ့်မည်။ သို့သော် သူကိုယ်တိုင် တွေ့ကြုံပြီးနောက် လုရွှမ် ဒီအကြံအစည်ကို စွန့်လွှတ်လိုက်ရသည်။ ရှောင်ပိုင်သာ ဝင်သွားရင် သေသွားနိုင်၏။
ရှောင်ပိုင်လည်း ဘာဖြစ်မယ်ဆိုတာကို နားလည်တာကြောင့် ကျောက်စိမ်းပြားထဲကို တိုက်ရိုက် ပြန်ဝင်သွားခဲ့သည်။
လုရွှမ် တစ်ဖက်သို့ ဖြည်းဖြည်းချင်း ကူးခတ်သွားသည်။ သူ ရေကူးတိုင်း သူ့ခန္ဓာကိုယ်ပေါ်က အရိုးများနှင့် အရိုးနုများ အမှန်တကယ် ကြီးထွားလာတယကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ ကမ်းပေါ် ရောက်တဲ့အခါမှာတော့ သူ့ရဲ့ခန္ဓာကိုယ်ဟာ လုံး၀ ပြုပြင်ပြီးသွားပြီ။
ရေထဲမှ တစ်ရှိန်ထိုး ခုန်ထရင်း လုရွှမ် သူ့တစ်ကိုယ်လုံးကို ကြည့်လိုက်ရာ ဘယ်ဒဏ်ရာ အနာအဆာမှ မရှိတော့ပေ။ သူ့အသားအရေသည် သာမာန် နတ်သမီးများထက် များစွာပို၍ဖြူဖွေးနေရာ လုရွှမ်မှာ တုန်လှုပ်ခြောက်ခြားသွားတော့သည်။ ဒီခံစားချက်ကြီးကို သူ မကြိုက်ပါဘူး။
နတ်မိုးခြိမ်းသံက တဝုန်းဝုန်း မြည်လာပြီး ခဏအကြာတွင် ခန္ဓာကိုယ်သည် ကြေးဝါအသားဖြင့် တည်ဆောက်ထားသလို နဂိုအသွင်အပြင်သို့ ပြန်လည် ရောက်ရှိကာ အထူးကျန်းမာပြီး သန်မာနေသည်။
မိုးကြိုးရေကန် နောက်ကွယ်က အသံတွေ ငြိမ်သက်သွားပေမယ့် ရွှေရောင် စွမ်းအင်တွေကတော့ ပိုပေါ့ပါးသွားသည်။ ရေကန်ရဲ့ အနှစ်သာရကို သူ စုပ်ယူလိုက်မိမှန်း သိသာပေ၏။
ကျွန်းအတွင်းပိုင်းကို ဝင်ရောက်လာတဲ့အခါ မိုးခြိမ်းသံများက မြေပြင်ပေါ်အထိ ပျံ့နှံ့သွားသော်လည်း မိုးကြိုးရေကန်ထဲတွင် လေ့ကျင့်ပြီးနောက် လုရွှမ် သူ့ကိုယ်သူ အလွန်သက်တောင့်သက်သာ ဖြစ်နေတယ်လို့ ခံစားနေရသည်။
ရှောင်ပိုင်နဲ့ တခြားသူများ ထပ်မံ ထွက်မလာကြတော့တာ အလွန်ကံကောင်းသွားသည်။ သူတို့သည် နတ်မိုးခြိမ်းသံများဖြင့် ဗုံးကြဲခံရပြီး ချက်ချင်း သေဆုံးသွားနိုင်သည်။
အပြင်ကနေ ကြည့်တုန်းကတော့ ကျွန်းငယ်လေးလို့ ထင်ခဲ့တာ။ ကျွန်းပေါ်ရောက်တဲ့အခါ ကျွန်းကထင်ထားတာထက် အများကြီး ပိုကြီးနေတာကို သိလိုက်ရ၏။ ကျွန်းအတွင်းသို့ ဝင်ရောက်ပြီးနောက် လုရွှမ်သည် အတွင်းကျွန်းသည် ထင်ထားတာထက် များစွာကြီးမားကြောင်း ထပ်မံတွေ့လိုက်ရသည်။
သူသည် အတားအဆီးများထဲမှ တစ်ခုကိုသာ ဖြတ်ကျော်ခဲ့ရသေး၏။ အတွင်းပိုင်းမှာ ဖြတ်ကျော်ရမယ့် အလွှာတွေမှ အများကြီးပင်။ လှမ်းမြင်နေရတဲ့ နေရာမှာ မိုးကြိုးရေကန် တစ်ကန်ထပ်ရှိနေကာ မိုးကြိုးရေကန်၏ နောက်ကွယ်က နေရာကမှသာ နတ်မိုးကြိုးသည် ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ပေးသည့် နေရာဖြစ်သည်။
သို့သော် ယခင် မိုးကြိုးရေကန်ကို ဖြတ်ကျော်ပြီးပြီမို့ လုရွှမ်ဘယ်လိုလုပ် နားမလည်သေးဘဲ နေပါ့မလဲ။ သူမြင်လိုက်ရတဲ့ နေရာတွေက သူ့ကိုယ်သူ လှည့်စားနေတာပဲ။ ကောင်းကင်နှင့် ဆက်စပ်နေသည့် နတ်မိုးကြိုး နေရာသည် အတွင်းပိုင်းနှင့် အလွန်အလှမ်းဝေးပြီး ကြားထဲမှာ ခက်ခဲတဲ့ အလွှာ အများအပြားကို ဖြတ်သန်းသွားရပေဦးမည်။
လုရွှမ်သည် မိုးကြိုးရေကန် ရှေ့သို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်လာခဲ့သည်။ ဤတစ်ခါ မိုးကြိုးရေကန်က အဖြူရောင် ဖြစ်သည်။ သူ့စိတ်ထဲတွင် အလိုလို ကြောက်ရွံ့မှုများ ရှိနေပြီး အနားတောင် မကပ်ဝံ့သေးပေ။ မဟုတ်ပါက သူချက်ချင်း ကွဲကြေသွားပေလိမ့်မည်။
လက်ရှိ ကျင့်ကြံသူများ အနေဖြင့် ဒီနေရာကို ဖြတ်သန်းသွားနိုင်ဖို့ မဖြစ်နိုင်တာ ထင်ရှားပေသည်။ မဟာသူတော်စင် ဖြစ်မှသာလျှင် ဖြတ်နိုင်ပေမည်။
လုရွှမ်မှာ မိုးကြိုးရေကန်ထဲကို တစ်ဖန်ပြန်ဝင်ပြီး သူ့အရိုးတွေကို လေ့ကျင့်နိုင်ရင် နတ်မိုးခြိမ်းသံကို ပိုပြီး စေ့စေ့စပ်စပ် နားလည်နိုင်မယ်လို့ ခန့်မှန်းမိလေ၏။
လုရွှမ်သည် ယခုအခါ ရှေးဟောင်း လျှပ်စီးကမ္ဘာ၏ အဆုံးစွန်သော လျှို့ဝှက်ချက်ကို တွေးတောမနေရဲတော့ပေ။ သူပိုသိချင်လေ သူသိတာနည်းလေပါပဲ။ သူ့ရှေ့မှာရှိတဲ့ ဒီမိုးကြိုးနတ်ဘုရားတွေကို မြင်တော့ လုရွှမ် သူ့ကိုယ်သူ ရယ်လိုက်မိသည်။
ဟန်လိသုံးသွားသည့် မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းများမှာ ရှေးဟောင်း လျှပ်စီးကမ္ဘာရဲ့ အဆုံးစွန်သော လျှို့ဝှက်ချက် ဖြစ်သော်လည်း ဝင်ခွင့်အဆင့်ပင် မစနိုင်သေးပေ။
လုရွှမ် သူကိုယ်တိုင်ကတော့ အခုမှ စတင်ခဲ့တာ ဖြစ်နိုင်လေ၏။
လုရွှမ်သည် ရဲရဲဝံ့ဝံ့ မပြေးနိုင်ဘဲ တစ်ဖက်ကို အရင် လှမ်းကြည့်လိုက်သည်။ မြေပြင်တွင် နိယာမစွမ်းအင် အကွက်များ ရှိနေပြီး မိုးကြိုးရေကန်၏ ဆန့်ကျင်ဘက်တွင်လည်း ဆင်တူသော သဏ္ဌာန်တူသည့် အခြား နိယာမစွမ်းအင် တစ်ခုရှိသော်လည်း ၎င်းကပို၍ ရှုပ်ထွေးတာ သိသာလှပေသည်။
လုရွှမ် ဘေးနားသို့ လျှောက်သွားပြီး ကျောက်နှစ်လုံးကို ကောက်ယူလိုက်သည်။ ထိုကျောက်တုံးသည် နတ်မိုးခြိမ်းသံများဖြင့် ပြည့်နှက်နေပါ၏။ အပြင်ဘက်ကိုသာ ထုတ်လိုက်လျှင် လူအများကို ရူးသွပ်စေမှာ သေချာပါသည်။
သူ ဒီထက်ပိုယူချင်ပေမယ့် လက်သီးအရွယ် ကျောက်နှစ်လုံးသာ ကိုင်ထားနိုင်တာကို တွေ့ရတာကြောင့် ခိုကိုးရာမဲ့ ဖြစ်သွားရှာသည်။ ဒီကျောက်နှစ်လုံးက အရမ်းလေးနေတာတော့ မဟုတ်ပေမယ့် လျှပ်စီးကြောင်းတွေက အရမ်းများနေ၏။ ဒါကြောင့် လောလောဆယ်တော့ ပိုကြီးတဲ့ ကျောက်တုံးတွေကို ကောက်လို့ မရတော့ပေ။
လုရွှမ်မှာ အလွန်ကြီးကျယ်တဲ့ မျှော်လင့်ချက်တွေ မရှိတော့ပါဘူး။ ဒီငုတ်တုတ်ခရီးဟာ အခွင့်အလမ်းကောင်း တစ်ခု ဖြစ်နေပါပြီ။ ဘယ်တော့မှ လောဘမကြီးနဲ့။ မဟုတ်ရင် ကောင်းတဲ့အရာတွေက မကောင်းတာတွေတောင် ဖြစ်သွားနိုင်တယ်။
နိယာမစွမ်းအင်များရှေ့သို့ ရောက်ရှိလာပြီး လုရွှမ်သည် ၎င်းတို့ကြားတွင် ရပ်လိုက်သည်။ မိုးကြိုးပစ်ချက်က လုရွှမ်ရဲ့ ခန္ဓာကိုယ်ကို လေးထောင့်ကျကျ ရိုက်ခတ်သွားခဲ့သည်။ အလင်းသည် ဖျတ်ခနဲ တောက်သွားပြီး လုရွှမ်ရဲ့ ခန္ဓာကိုယ်လည်း ပျောက်သွားသည်။
"မိုးကြိုးရေကန် တစ်လွှာထဲကို ဝင်ပြီးရင် ရှေးဟောင်းလျှပ်စီးကမ္ဘာရဲ့ ဘယ်နေရာကိုမဆို လွှဲပို့နိုင်တဲ့ ပို့ဆောင်ခြင်း အစီအရင် ရှိတယ်... နှမြောစရာပဲ... ဒုတိယ မိုးကြိုးရေကန်ကိုသာ ဖြတ်သွားရင် တခြားကမ္ဘာကိုလည်း တိုက်ရိုက် ရောက်သွားနိုင်လောက်တယ်မလား"
လုရွှမ် သူ့စိတ်ထဲတွင် ခံစားချက်တစ်ခု ပေါ်လာသော်လည်း ထပ်မံစမ်းသပ်ရန် အခွင့်အရေး မရှိတော့ပေ။
ရှေးဟောင်း လျှပ်စီးမြို့တော်သည် လုရွှမ် ရွေးချယ်ခဲ့သည့် နေရာဖြစ်သည်။ ပို့ဆောင်ခြင်းအစီအရင်ထဲမှ လုရွှမ် ထွက်လာခဲ့သည်။
သူ့မျက်နှာပေါ်ရှိ ကြွက်သားများ ဖောင်းပွလာပြီး လုံးဝခြားနားသော လူတစ်ယောက် ဖြစ်လာသည်။ နတ်မိုးခြိမ်းသံ အရိပ်အယောင်ကို တိတ်တဆိတ် ပေါက်ကြားပြီးနောက် သူသည် လုရွှမ် ဖြစ်ကြောင်း ဘယ်သူမှ သံသယရှိလိမ့်မည် မဟုတ်ပေ။
အသက်ရှုသံကလည်း လုံးဝကွဲပြားပြီ။
ရှောင်ပိုင် ဒီကို မရောက်လာခင်က ကျားငယ်လေးပဲ ရှိသေးပေမယ့် အခု သူမက လူပုံစံ ဖြစ်သွားပြီ။ ပတ်ဝန်းကျင်ကလူတွေ သူမကို ကြည့်လိုက်ရင် သူမရဲ့အရင်ပုံစံနဲ့ လုံးဝ မတူတော့ချေ။
ပတ်ဝန်းကျင်က ကျင့်ကြံသူတွေဟာ အရင်ကထက် အဆပေါင်းများစွာ နည်းပါးလာပြီး သူတို့ရဲ့ ကျင့်ကြံမှု အဆင့်ကလည်း သိသိသာသာ ကျဆင်းလာသည်။ လုရွှမ် အောင့်အိမ်တော်သို့ ချက်ချင်းမသွားသေးဘဲ သေရည်ဆိုင်တွင် ထိုင်လျက် တခြားသူများ ပြောနေသည့် အကြောင်းအရာများကို နားထောင်နေလိုက်သည်။
"ဟေး... သတိမထားမိလိုက်ဘဲ သုံးနှစ်တောင် ရှိသွားပြီနော် လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်က ရှေးဟောင်း လျှပ်စီးမြို့တော် ဘယ်လောက် ထွန်းကားခဲ့လဲ ဆိုတာ စဉ်းစားကြည့်ပါဦး... ကောင်းကင်ဘုံသခင်တွေ နတ်မီးနယ်ပယ်က သခင်တွေ အများကြီး ရှိခဲ့တာ"
"ဟုတ်တယ်ဟေ့ အဲဒီတုန်းက အန္တရာယ်ရှိလိုက်တာမှ လွန်ရော..."
"မန်ဟွမ် နတ်ဘုရားမျှော်စင်က အောင့်မိသားစုထဲမှာ ဒီတစ်ချိန်လုံး ပုန်းနေလိမ့်မယ်လို့ ငါဖြင့် မမျှော်လင့်ထားဘူး... နောက်ဆုံးမှာတော့ လုရွှမ်ဆီက လုယူခံလိုက်ရတယ်လေ... သနားစရာကောင်းလိုက်တာ... ပြီးတော့ တကယ်ကို အံ့သြစရာကောင်းတယ်"
"ဟမ့် ဘာကိုသနားနေတာလဲ? သေတောင် သေသွားပြီလေ.... ဟမ့် ခွန်အားမရှိဘဲနဲ့ ဘာလို့ သွားလုယက်ဖို့ နှောင့်ယှက်နေပါလိမ့်.... ဒါပေမဲ့ ရလဒ်က သူအဲဒီ ဟန်ကျိုးမှာ သေဆုံးသွားရတာပဲလေ"
"အစ်ကို... ဟန်ကျိုးက ဘယ်မှာလဲ"
"ဟူး.... အဲဒီနေရာကို ဘုရားပဲ သိလိမ့်မယ်.... အဲဒီနေရာမှာ အချည်းနှီး သေဆုံးသွားတဲ့ လူတွေမှ အများကြီးပဲ... အရည်အချင်းတွေကိုလည်း ဆုံးရှုံးသွားကြတယ်... အဲဒီအရည်အချင်းတွေကို ငါ့ကိုသာ ပေးလိုက်ရင် ဘယ်လောက်တောင် အားရစရာ ကောင်းလိုက်မလဲ!"
လုရွှမ်နဲ့ ကျားဖြူလေးတို့ အံ့အားသင့်သွားကြသည်။ သုံးနှစ် ရှိနေပြီတဲ့လား။
ပင်လယ်ရေပြင်မှာ တွေ့ကြုံရတဲ့ နားမလည်နိုင်တဲ့ ရေစီးကြောင်းတွေကို တွေးကြည့်ပြီး ကျယ်ပြောလှတဲ့ သမုဒ္ဒရာထဲကို စီးဝင်သွားတဲ့ အကြောင်း၊ မိုးကြိုးကျွန်းကို တွေ့ကြုံပြီးနောက် သုံးနှစ်ကြာသွားသော်လည်း သူတို့အတွက်က သိပ်မကြာလိုက်သလိုပင
အချိန်တွေ အများကြီး ကုန်သွားပြီ!
သူ့သူငယ်ချင်းတွေ ရှိသေးရဲ့လားလို့တောင် တွေးမိသွားသည်။