← Chapters

နယ်စပ်ဖြတ်ကျော်လှေ

Vol. 70 Ch. 4.564

နယ်စပ်ဖြတ်ကျော်လှေ

Vol. 70 Ch. 4.564

စကားမစပ် တစ်နှစ်ချိန်းပြီးတဲ့အခါ သူတို့အားလုံး ရှေးဟောင်းလျှပ်စီး ကမ္ဘာကနေ ထွက်သွားပြီး ဆန်းကြယ်ကောင်းကင်အိမ်တော်ကို သွားကြတာများလား။

ဒါကိုတွေးပြီး လုရွှမ်က ဒီမှာ ထိုင်မနေတော့ဘဲ လှည့်ပြီး အောင့်မိသားစုဆီ လျှောက်သွားလိုက်သည်။ လုရွှမ် ထွက်သွားတဲ့အခိုက် စားသောက်ဆိုင်ထဲမှာ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"အဲဒီလူရဲ့ နောက်ကျောက နည်းနည်းတော့ ရင်းနှီးနေသလိုပဲ... တစ်ယောက်ယောက်နဲ့ တူသလိုပဲ"

"ဘယ်သူလဲ? ဘာလို့ငါ မမှတ်မိတာလဲ"

လုရွှမ် အောင့်အိမ်တော်ကို ရောက်လာပြီး တံခါးကို ညင်သာစွာ ခေါက်လိုက်သည်။ သူတော်စင်တစ်ပိုင်း လူငယ်တစ်ယောက်က တံခါးဖွင့်လာကာ လုရွှမ်ကို တစ်ချက်ကြည့်လိုက်သည်။ သူသည် အဆင့်၆ သူတော်စင်တစ်ဦး ဖြစ်တာကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်ကာ

"ကောင်လေး ဒီနေရာကဘာလဲ သိလား? ဘယ်သူ့ကို ရှာနေတာလဲ"

သူက အငယ်တန်းလေးပဲမို့ လုရွှမ် ဂရုမစိုက်ဘဲ လက်ကိုမြှောက်ပြီး

"ကျားရန်... အောင့်မိသားစုရဲ့ ရှစ်ယောက်မြောက် ဘိုးဘေးဦးလေးဆီ အလည်လာတာ သူက ငါ့အသက်ကို ကယ်ခဲ့ဖူးတယ်။ ရှေးဟောင်း လျှပ်စီးမြို့တော်ကို ရောက်တဲ့အခါကျရင် လာရောက်လည်ပတ်ဖို့ လာခဲ့ရမယ်တဲ့.. ကျေးဇူးတင်ပါတယ်"

"အိုး လတ်စသတ်တော့ အဲ့လိုကိုး"

သူတော်စင်တစ်ပိုင်းက လုရွှမ်ကို အပေါ်အောက် ငုံ့ကြည့်ပြီး သက်ပြင်းချရင်း

"လာပါ....ဦးလေးပါး ပျောက်နေတာ သုံးနှစ်ရှိပြီ... အခု သူဘယ်မှာလဲ မသိရသေးဘူး။ ဘိုး​ဘေးဦးလေးကတော့ ငါတို့လူငယ်​တွေအတွက် အကောင်းဆုံးပဲ....ငါတို့တွေ သူ့အတွက် အသက်ရှည်စေဖို့ ဘုရားကျောင်းတစ်ကျောင်း ဆောက်ခဲ့တယ်။ မင်းက သူ့ကို ကူညီပေးတဲ့ အငယ်တန်းဆိုတော့ သူ့အတွက် ဆုတောင်းပြီး နံ့သာပေါင်းကို မီးရှို့ဖို့ ငါနဲ့ အတူတူ လိုက်ခဲ့ပါ"

လုရွှမ်လည်း သူ့စိတ်ထဲက သက်ပြင်းချလိုက်သည်။ သေချာသည်မှာ ရှစ်ယောက်မြောက် ဘိုးဘေး ဦးလေးနှင့် ​အဘိုးကြီးစန်းရွှိက် ပျောက်ဆုံးသွားခဲ့သည်။ အောင့်မိသားစုသည် လွန်ခဲ့သော သုံးနှစ်အတွင်း အေးချမ်းသွားပုံရတာကို မြင်လိုက်ရသဖြင့် ဟန်လိလည်း ပျောက်ဆုံးသွားတာ ထင်ရှားပါ၏။

ကောင်းပြီ။ တခြားသူတွေရဲ့ အိမ်မှာ နံ့သာအမွေးတိုင် ထည့်လို့ရတယ် ဆိုတော့။

ဘိုးဘွားခန်းမရှေ့ ရောက်သောအခါ ထိုနေရာ၌ လူသိပ်မရှိပေ။ တံခါးဖွင့်ပေးသူ သူတော်စင်တစ်ပိုင်လေး ပြောသည့်အတိုင်း အများစုမှာ ဘိုးဘေးဦးလေးရှစ်ကို နံ့သာပေါင်းများဖြင့် ပူဇော်ထားကြကာ အားလုံးက အဆင့်နိမ့် တပည့်များ ဖြစ်ကြသည်။

သုံးကြိမ် ဦးညွှတ်ပြီးနောက် လုရွှမ်လည်း ဘေးသို့ ထွက်ခွာလာခဲ့သည်။

"စကားမစပ် ဒီညီလေး မင်းပြောတာက အဲဒီအဘိုးကြီး ပျောက်သွားတာ သုံးနှစ်ရှိပြီဆို... တစ်ခုခု ဖြစ်သွားလို့လား"

သူတော်စင်တစ်ပိုင်းရဲ့ သဘာဝက အလွန်ရိုးရှင်းတယ သိသာထင်ရှားလှပါ၏။ သူက လုရွှမ် အထူးအမွှေးတိုင်များ ပူဇော်လာတာကို မြင်သောအခါတွင် သူ့အား ဘိုး​ဘေးဦးလေး၏ အငယ်တန်းဟု သတ်မှတ်ခဲ့သည်။ ဒီအကြောင်းကို နည်းနည်းလေးပဲ သိပေမယ့် လွန်ခဲ့တဲ့ သုံးနှစ်က ဖြစ်ပျက်ခဲ့တာတွေကို ဝမ်းသာအားရ ပြန်ပြောပြလေသည်။

လုရွှမ် သိထားသည်နှင့် အလားတူပင်။ လုရွှမ်ရဲ့ ပေါ့ပေါ့တန်တန် မေးမြန်းမှုအတွင်း နတ်သမီးအောင့်ယွဲ့နဲ့ တခြားသူများသည် တစ်နှစ်အကြာ စောင့်ဆိုင်းပြီးနောက် ရှေးဟောင်းလျှပ်စီးကမ္ဘာမှ ထွက်ခွာသွားပြီ ဖြစ်ကြောင်း လုရွှမ် သိလိုက်ရသည်။

ယနေ့ခေတ် ရှေးဟောင်းလျှပ်စီးကမ္ဘာက အလွန်ငွီးငေါ့နေပြီး လူငယ်များစွာလည်း ထွက်ခွာသွားကြပြီ ဖြစ်သည်။ လွန်ခဲ့သည့် သုံးနှစ်ခန့်က ရှေးဟောင်းလျှပ်စီး မြို့တော်က တိုက်ပွဲဟာ ပါရမီရှင်များစွာက သူတို့သည် ရေတွင်းထဲတွင် ဖားများသာ ဖြစ်ကြောင်း နားလည်သွားစေခဲ့သည်။ မြင့်မားသော အောင်မြင်မှုကို လိုချင်ပါက ကျင့်​ကြံမှုအဆင့် မြင့်သည့်နေရာကို သွားရုံသာ ရှိတော့သည်။

ယခု ရှေးဟောင်း လျှပ်စီးမြို့တော်၌ အရောင်းရဆုံးအရာမှာ နယ်စပ်ဖြတ်ကျော်လှေ ဖြစ်သည်။ အနီးနားရှိ ဝမ့်ကမ္ဘာ အများအပြားဟာလည်း ရှေးဟောင်းလျှပ်စီးကမ္ဘာနဲ့ ချိတ်ဆက်ထားသော ရှေးဟောင်း လမ်းများမှာကိုလည်း ဖွင့်လှစ်ထား​ပေးလာသည်။

သူတော်စင်တစ်ပိုင်း အစ်ကိုအား နှုတ်ဆက်ပြီးနောက် လုရွှမ် လှည့်ထွက်သွားခဲ့သည်။ သူတော်စင်တစ်ပိုင်း အစ်ကိုကို ရှောင်ပြီးနောက် လုရွှမ်သည် ရွှမ်ထျန်းအိမ်တော်ကို သုံး၍ အောင့်ထျန်း၏နေအိမ်ဆီသို့ တိတ်တဆိတ် လျှောက်ထွက်လာခဲ့သည်။

အောင့်ထျန်းက အရင်ကထက် အသက်ပိုကြီးလာပြီ။ လုရွှမ်သည် သူ့ခန္ဓာကိုယ်ကို ထုတ်ဖော်ပြသလိုက်သည်။

"လုရွှမ်?"

အောင့်ထျန်း အံ့အားသင့်စွာ အော်လိုက်ပြီးနှ သူ့အသံကို အလျင်အမြန် မျိုသိပ်ထားကာ ပတ်ဝန်းကျင်က အခင်းအကျင်း ပုံစံများကို ဖွင့်၍ လုရွှမ်ကို ပွေ့ဖက်ကာ သူအနားယူနေသော ဝင်းထဲသို့ လျှောက်သွားလိုက်သည်။

သူသည် လုရွှမ်ကို အပေါ်အောက် ငုံ့ကြည့်ကာ လုရွှမ်ပုခုံးကိုလည်း ပြင်းပြင်းထန်ထန် ပုတ်လိုက်ပြီး

"ပြန်လာတာ ကောင်းတယ် ပြန်လာတာ ကောင်းတယ်"

"ရှစ်ယောက်မြောက် ဘိုးဘေး ဦးလေးနဲ့ အဘိုးကြီးစန်းရွှိက်ရဲ့ နေရာကို ကျွန်တော် မသိ​သေးဘူး"

အောင့်ထျန်းက သက်ပြင်းချရင်း "ငါတို့ ဘိုးဘွားဗိမာန်မှာ သူ့ဝိညာဉ်မီးခွက် ရှိတယ်.. လွန်ခဲ့တဲ့သုံးနှစ်လောက်ကတည်းက ဝိညာဉ်မီးခွက်က လုံးဝ ငြိမ်းသွားပြီ... မင်းလည်း သေသွားပြီလို့ ငါထင်ခဲ့တာ ဒါပေမဲ့ ယွဲ့အာက မင်းအသက်ရှင်ရမယ်လို့ ပြောခဲ့တယ် ဒါကြောင့် သူမထင်ခဲ့တာ မှန်သွားပြီ မင်းတကယ် အသက်ရှင်နေခဲ့တာပဲ"

လုရွှမ်သည် ထိုနေ့တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို ပြောပြလိုက်ရာ အောင့်ထျန်းပင် ထိတ်လန့်သွားလေ၏။

ဟန်လိသည် ဟန်မိသားစုမှ ပြန်လာသူတစ်ဦး ဖြစ်ပြီး ပင်လယ်ထဲတွင် လျှို့ဝှက်ဆန်းကြယ်သော အစိမ်းရောင် စွမ်းအင်နှင့် အကျဉ်းချခံထားရသော သခင်များအကြောင်းပါ ကြားလိုက်ရာ အောင့်ထျန်းမှာ ချွေးအေးများပါ စီးကျလာပေသည်။

အောင့်ထျန်းကလည်း အောင့်ယွဲ့နဲ့ တခြားသူတွေ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပြောပြလာသည်။

မူလက လုရွှမ်သည် အောင်ရှင်းရဲ့ ဖခင်အား နတ်မီးကို လင်းစေခဲ့တာကို မြင်​စေချင်ခဲ့သော်လည်း ယခုအခါတွင် အခွင့်အရေး မရှိတော့ပေ။ အောင့်ယွဲ့နဲ့ သူ့အဖွဲ့ဟာ သူ့ကိုစောင့်ဖို့ အထပ်ထပ်အခါခါ နှောင့်နှေးခဲ့ကြပြီး နောက်ပိုင်းမှာတော့ ​​အောင့်ရှင်း​အဖေ နတ်မီး လင်းနေတာကို စောင့်ကြည့်ဖို့လည်း နောက်ကျသွားခဲ့သည်။

ထို့နောက် မအောင်မြင်ဘဲ မိုးကြိုးဘေးဒုက္ခထဲတွင် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထို့နောက်တွင် လူအများအပြားသည် ဝမ်းနည်းစွာနဲ့ပဲ အောင်ရှင်းကိုခေါ်၍ ရှေးဟောင်း လျှပ်စီးမြို့တော်မှ ထွက်ခွာခဲ့ကြသည်။

အရာအားလုံးက မတူ​တော့သလို လူတွေလည်း မတူ​တော့ပါဘူး။

ရှေးဟောင်းလျှပ်စီးကမ္ဘာက ဆက်သွယ်ရေး ကျောက်စိမ်း​ပြားကို ဝမ့်ကျစ်ကမ္ဘာတွင် အသုံးမပြုနိုင်ပေ။ အောင့်ထျန်းနဲ့ သူ့သမီးတို့ပင် ဆက်သွယ်လို့ မရကြချေ။ အနာဂတ်တွင် ပြန်ဆုံတွေ့နိုင်မလား ဆိုတာ အခွင့်အလမ်းပေါ် မူတည်ပါ၏။

နောက်ပိုင်းတွင် လုရွှမ် အောင့်အိမ်တော်၌ တစ်လကျော် အနားယူခဲ့သည်။ အောင့်ထျန်းကလည်း လုရွှမ်ကို အနီးဆုံး ဝမ့်ကျစ်ကမ္ဘာသို့ ပို့ဆောင်ပေးနိုင်သော ဆက်ဆံရေးတစ်ခုကို ထူထောင်နိုင်ခဲ့သည်။

ယနေ့ခေတ်တွင် အဆိုပါ လမ်းကြားခံ ရှေးဟောင်းလမ်းကို ဝမ့်ကျစ်ကမ္ဘာကြီးမှ ထိန်းချုပ်ထားသည်။ အောင့်မိသားစုသည် ရှေးဟောင်းလျှပ်စီး မြို့တော်ထဲတွင် ပိုမိုအားကောင်းလာသော်လည်း ယင်းလမ်းကြားခံရှေးဟောင်းလမ်းတွင် ဘာစကားမှ မဖော်ပြနိုင်ကြချေ။

ယခုလတွင် လုရွှမ်သည် မိုးကြိုးအတိဒုက္ခကို တစ်ဖန် ကျော်လွှားခဲ့ပြီး သူတော်စင် အဆင့်၇ ဖြစ်လာခဲ့သည်။ တစ်လကြာပြီးနောက် လုရွှမ်သည် 'ကျစ်ယိုဟောက်' အမည်ရှိ နယ်စပ်ဖြတ်ကျော် လှေတစ်စင်းပေါ်တက်ပြီး ဝမ့်ကျစ်ကမ္ဘာသို့ ဦးတည်ထွက်လာခဲ့သည်။

ကျစ်ယိုဟောက်က ကြီးမားလှတဲ့ လှေ မဟုတ်ပေ။ အရှည် မီတာသုံးဆယ်ခန့်နှင့် အကျယ် ဆယ်မီတာ ရှိသည်။ သို့သော် အတွင်းပိုင်းကို ချဲ့ထွင်ထားနိုင်တာတော့ အလွန်မှော်ဆန်လှသည်။

လှေတစ်စင်းသည် လူတစ်ရာကို သယ်ဆောင်နိုင်သော်လည်း စတုရန်းမီတာ သုံးဆယ်ခန့်ရှိသော အိမ်ငယ်လေး တစ်လုံးမျှသာ ခွဲဝေချထားပေးခြင်း မရှိပေ။ အတွင်းတွင် အခင်းအကျင်းများရှိပြီး တစ်ခုနှင့်တစ်ခု သီးခြားခွဲထားကာ အခန်းထဲ၌ တပ်ဆင်ထားသည့် တစ်ခုတည်းသော အရာမှာ အသံလွှင့်ကိရိယာ ဖြစ်သည်။

အတွင်းမှ အသံကို ထုတ်လွှင့်နိုင်ပြီး ပြင်ပမှ နယ်စပ်ဖြတ်ကျော် လှေခေါင်းဆောင်သည်လည်း သူတို့ဆီကို အသံဖြင့် စကားသံများ ပေးပို့နိုင်သည်။

ထိုကဲ့သို့သော အိမ်ငယ်လေးအတွက် ဈေးနှုန်းက အလွန်စျေးကြီးလှသည်။ အာကာသလင်းကျောက် တစ်ရာ၊ သူတော်စင် ယွမ်သလင်းကျောက် သန်းတစ်ရာ ဖြစ်နိုင်သည်။ သင်္ဘောပေါ် တက်သောအခါ လုရွှမ်သည် သင်္ဘောပေါ် တက်နိုင်သူတိုင်းကို ပါရမီရှင်ဟု ခေါ်ကြတာကို တွေ့လိုက်ရသည်။

အားအနည်းဆုံးက မဟာသူတော်စင် ဖြစ်ကာ သူတစ်ယောက်တည်းသာ အပြင်လူလို ဖြစ်နေသည်။

သင်္ဘောတက်ဖို့ စောင့်ဆိုင်းနေတဲ့ ပထမဆုံးနေ့မှာ ကပ္ပတိန်က သူတို့ကို သတိပေးစကားများ ဆိုလာခဲ့ပါတယ်။ လှေခေါင်းဆောင်ရဲ့ ကျင့်ကြံမှုက ကောင်းကင်ဘုံသခင် ပြီးပြည့်စုံသော ကာလ ဖြစ်ပေသည်။

အားလုံးကို ကုန်းပတ်ပေါ်သို့ ဖိတ်ခေါ်လိုက်သောအခါ ဖိနှိပ်ချုပ်ချယ်မှု တစ်ခုက လူတိုင်းကို ဖုံးလွှမ်းသွားပြီး အမိန့်​ပြား သုံးခုကို ထုတ်လိုက်ကာ အမိန့်​ပြား သုံးခုစလုံးသည် အတူတူပဲ ဖြစ်သည်။

"ငါ့စကားကို နားထောင်ကြ... ငါ့သင်္ဘောပေါ် တက်လာရင် မင်းတို့က ငါ့လူတွေပဲ... ငါပြောတာတွေက အမှန်ပဲ။ ငါ့ဂုဏ်သိက္ခာကို ငါဂရုစိုက်တယ် ဒါကြောင့် မင်းတို့အားလုံး ဝမ့်ကျစ်ကမ္ဘာကို ရောက်အောင် ငါအစွမ်းကုန် ကြိုးစား​ပေးမယ်.... ဒါပေမဲ့ အဲဒါကလည်း ခက်တယ်။ လမ်းမှာ ကြမ်းကြုတ်တဲ့သူတွေ ရှိတယ်... ငါတို့အားလုံး မျက်နှာချင်းဆိုင် တိုက်ခိုက်မှုနဲ့ မျက်နှာချင်းဆိုင် ပျက်စီးမှုတွေ...၉ကြိမ်သေပြီး ၁ကြိမ် အသက်ရှင်ရမယ့် အန္တရာယ်တွေလည်း ကြုံတွေ့ ရလိမ့်မယ်"

"မင်းတို့ အသက်ရှင်ချင်ရင် ငါ့စကားကို တသွေမသိမ်း နားထောင်ရမယ်... ငါကဒါစားဆိုရင် မင်းတို့ဒါကို စားရမယ် ဘာလို့လဲဆိုတော့ ဒါက မင်းတို့အသက်ကို ကယ်နိုင်လို့ပဲ"

ခစ်!

ရယ်မောသံ တစ်သံက ထွက်ပေါ်လာခဲ့သည်။ ၎င်းက အမျိုးသမီး ကျင့်ကြံသူတစ်ယောက်ရဲ့ အသံပဲ ဖြစ်လေသည်။ အားလုံးက ထိုအမျိုးသမီးကို လှည့်ကြည့်လို​က်ကြ၏။

ထိုအမျိုးသမီးသည် အကြည့်များဖြင့် နှိမ့်ချခံနေရတာ သိသာထင်ရှားလှသော်လည်း လူတိုင်းရဲ့ မျက်လုံးများက သူမကို စိုက်ကြည့်နေတာ မြင်သောအခါ သူမ လုံးဝ မကြောက်တော့ပေ။

"လှေခေါင်းဆောင်ကြီး ရှင်က ကြီးစိုးလွန်းတယ်... ရှင် ကျွန်မတို့ကို ငရုတ်သီးစားဖို့ ပြောရင် ကျွန်မတို့က နာခံရမှာလား? အဲဒီငရုတ်သီးက အသက်ကို တကယ်ကယ်နိုင်ပါ့မလား?"

All Chapters