← Chapters

စားလိုက်

Vol. 70 Ch. 4.565

စားလိုက်

Vol. 70 Ch. 4.565

လုရွှမ် သူ့နှလုံးသားထဲကနေ လှောင်ပြောင်နေမိသည်။ သေခြင်းတရားကို ရှာဖွေနေသူများက အမြဲတမ်း ရှိနေတတ်ပေ၏။ ဒီမိန်းကလေးက သူ့ဘေးမှာ ရပ်နေပြီး သူ လှေပေါ် ပထမဆုံးတက်တုန်းကလည်း ဒီကျင့်ကြံသူ မိန်းက​လေးကို တွေ့လိုက်သေးသည်။

ဒီမိန်းကလေးက ကျင့်ကြံမှုအား ကောင်းပေမယ့် အရမ်းမာနကြီးသည်။ လုရွှမ် တစ်ဖက်ကို ရွှေ့လိုက်ရင်း သူမနဲ့ မတွဲချင်ဘူးဆိုတဲ့ အကြောင်း ထင်ထင်ရှားရှား ပြသလိုက်သည်။

သူတို့ပတ်ဝန်းကျင်မှာ ဘယ်သူကမှ ငတုံးတွေ မဟုတ်ကြပါဘူး။ တကယ်တော့ လှေပေါ်တက်တဲ့ လူအများစုဟာ ပိုမိုကောင်းမွန်တဲ့ ကျင့်ကြံမှု အခြေအနေတွေ ရဖို့အတွက် ဝမ့်ကျစ်ကမ္ဘာကို သွားကြမှာပဲ ဖြစ်သည်။ ဒါကြောင့် သူတို့မှာ ထူးခြားတဲ့ စွမ်းရည်တွေနဲ့ ဦးနှောက်ကောင်းကြပါ၏။

ထိုမိန်းကလေးသည် တခဏမျှ ထိတ်လန့်သွားပြီး သူမပတ်ဝန်းကျင်မှ လူများ ပြန့်ကျဲသွားတာကို သိလိုက်ရသည်။ ယခင်က သူမအပေါ် အလွန်ကြင်နာကြသော တောင်ပိုင်းက ကျင့်ကြံသူ အနည်းစုပင် ဘေးရန်ကင်းဖို့ ပုန်းအောင်းနေသကဲ့သို့ပင် သူမကို မကြည့်ဘဲ ဘေးဘီကိုသာ ကြည့်​နေ​ကြသည်။

တဟားဟား ရယ်သံနဲ့ လက်ခုပ်တီးသံတွေကို တစ်ဆက်တည်း ကြားလိုက်ရသည်။ ကပ္ပတိန်က ရယ်ပြီး

“မင်းမှာ သတ္တိရှိသားပဲ... မင်းလို မိန်းမတွေကို ငါကြိုက်တယ်”

မိန်းကလေးကလည်း မတုံးတာကြောင့် အမှားလုပ်မိကြောင်း သိသဖြင့် ကဲ့ရဲ့ရှုံ့ချကာ

"အကြီးအကဲ... သဘောကျတယ်ဆိုရင် ကြိုက်သလောက် လုပ်ချင်တာ လုပ်ခိုင်းပါ... ကျွန်မလုပ်ပါ့မယ်"

"အဲဒါကောင်းတယ်!"

"ဒီကိုလာစမ်း! ပန်းကန်တစ်ချပ် ယူလာခဲ့!"

အားလုံးက ကပ္ပတိန်ကို အံ့အားသင့်စွာ ကြည့်နေကြသော်လည်း ​​လှေသားအားလုံးသည် လှောင်ပြောင်သရော်မှု အပြည့်ဖြင့် ရယ်မောလိုက်ကြသည်။

ကျင့်ကြံသူ အမျိုးသမီးလည်း လုံးဝကို ထိတ်လန့်သွားပါ၏။ သူမဟာ သူမရဲ့မွေးရပ်မြေမှာ ဂုဏ်ယူစရာကောင်းတဲ့ မိန်းကလေး တစ်ယောက်ဖြစ်ပြီး သခင်ဖြစ်ဖို့ ဝမ့်ရှန်းကမ္ဘာကို သွားချင်ခဲ့တာပင်။ တံခါးအပြင် ရောက်ခါစပဲရှိသေး ဒီလိုမျက်နှာပျက်သွားရမယ် ဆိုရင် အနာဂတ်မှာ ဘယ်လိုလုပ် ဆက်ပြီး ကျင့်ကြံနိုင်ပါတော့မလဲ။

“အကြီးအကဲ ဒီငယ်သား မှားသွားပါတယ်... နောက်တစ်ခါ ထပ်မလုပ်ရဲတော့ပါဘူး ဒီငယ်သားကို ခွင့်လွှတ်ပေးပါ”

ထိုကျင့်ကြံသူ မိန်းကလေးရဲ့ မျက်နှာက ဖြူဖျော့ပြီး သူမ အော်ဟစ်လိုက်သည်။ ကပ္ပတိန်ကတော့ ခပ်ဖွဖွ ပြုံးပြီး

"စိတ်မပူပါနဲ့... မင်းဒီအညစ်အကြေးကို စားပြီးရင် ငါမင်းကို လွှတ်​ပေးမယ်"

​​လှေလုပ်သားတစ်ဦးသည် ညစ်ညမ်းသောပန်းကန်ပြားကို ယူဆောင်လာရာ ဆိုးဝါးသော အနံ့အသက်က ကောင်းကင်အထိ ပျံ့နှံ့သွားသည်။

ဒီလိုစွန့်ထုတ်ကြတဲ့ အကျင့်ကို ကျင့်ကြံသူ အားလုံးနီးပါး မပြုလုပ်ကြသောကြောင့် ဒီအညစ်အကြေးက အလွန်ရှားပါးတယ်လို့ ဆိုရပေမည်။ လှေလုပ်သားက ကျင့်ကြံသူ မိန်းကလေးရှေ့မှာ ထားလိုက်ပြီး

"ငါသုံးအထိ ရေတွက်မယ်... သုံး ရောက်တာနဲ့ မင်းပါးစပ်ကို စပြီး လှုပ်လိုက်တာ ပိုကောင်းမယ် မဟုတ်ရင် ငါမင်းကိုသေတဲ့အထိ ရိုက်ပစ်ရလိမ့်မယ်"

လှေလုပ်သားက ကျင့်ကြံမှု အဆင့် မမြင့်မားသည့် မဟာသူတော်စင် အဆင့် ဖြစ်သော်လည်း ဝမ့်ကျစ်ကမ္ဘာက ကျင့်ကြံသူ ဖြစ်တာကြောင့် ရှေးဟောင်းလျှပ်စီးကမ္ဘာက ကျင့်ကြံသူများထက် များစွာသာလွန်ကြောင်း ထင်ရှားပါသည်။

သူမကို သေတဲ့အထိ ပါးရိုက်မယ်လို့ ပြောတဲ့အခါ တကယ်ကို ကြွားလုံးထုတ်မနေတဲ့ အငွေ့အသက်တွေက နေရာအနှံ့ ဖြန့်ကျက်နေသည်။

ကပ္ပတိန်က “ဒါဆို မင်းအညစ်အကြေးတွေ စားပြီးရင် မင်းငါ့စကားကို နားထောင်တဲ့အတွက် မင်းအသက်ကို ကယ်တင်ပြီး သူမင်းကို ပါးရိုက်မယ့်ကိစ္စ တားဆီး​ပေးမယ်”

အားလုံးက ပါးစပ်ပိတ်ထားပြီး အထိတ်တလန့် ဖြစ်သွားကြလေ၏။ ဒီလှေပေါ်က လူတွေက တော်တော်ကို လှည့်စားတတ်တာပဲ။

ကျင့်ကြံသူ မိန်းကလေးမှာ သူ့အတွက် တစ်စုံတစ်ယောက် ထွက်လာလိမ့်မယ်လို့ မျှော်လင့်ပြီး သနားစိတ်နဲ့ ကြည့်နေပေမယ့် ဘယ်သူမှ ထွက်မလာရဲခဲ့ချေ။

"တစ်.... နှစ်"

လှေလုပ်သားက မိန်းကလေးရဲ့ မျက်နှာကို ပြင်းထန်စွာ ပါးရိုက်ချလိုက်သည်။

"သုံး!"

ကျင့်ကြံသူ မိန်းကလေးမှာ လဲကျသွားပြီး နံစော်နေသော ပန်းကန်ကို လက်နှစ်ဘက်နှင့် ကိုင်ကာ ခဲယဉ်းစွာ စားရင်း ပါးပြင်ပေါ်သို့ မျက်ရည်စများ စီးကျလာခဲ့​လေသည်။

"ဟားဟားဟားဟားဟား"

ကပ္ပတိန်က ရိုင်းစိုင်းစွာ ရယ်မောပြီး သူ့နောက်လိုက် အားလုံးကလည်း ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။ ဒီလူတွေရဲ့ အသွင်အပြင်ကို ကြည့်လိုက်ရင် သူတို့ဟာ တခြားလူတွေကို မျက်လုံးထဲ လုံးဝ မထားဘူးဆိုတာ ထင်ရှားလေသည်။

"သိပ်ကောင်းတယ် သူ့ကို လွှတ်ပေးလိုက်!"

ကပ္ပတိန်က ပြောလိုက်သည်။

ကျင့်ကြံသူ မိန်းကလေးမှာ တုန်တုန်ယင်ယင်နဲ့ မြေပြင်ပေါ် လဲကျသွားပြီး ဆိုးရွားလှသော အငွေ့အသက်တွေက ကောင်းကင်မှာ ပြည့်လျှံနေ၏။

"မင်းတို့ ငါ့အမိန့်ကို နာခံရင် မင်းတို့အသက်ကို ငါကယ်မယ်.... မင်းတို့ကို အခု ငါရှင်းအောင်ပြောမယ်... မင်းတို့မလိုက်နာရင် ငါကိုယ်တိုင် အသေသတ်မယ်"

"ကောင်းပြီ! ဒါ ငါ့ရဲ့ စည်းကမ်းပဲ... အခု မင်းတို့ရဲ့အခန်းကို ပြန်သွားပြီး မင်းတို့ တစ်ယောက်အခန်း တစ်ယောက် သွားလည်လို့ရတယ် ငါတို့က သားကောင်တွေ မဟုတ်ဘူး.... ငါတို့က ယဉ်ကျေးတဲ့ လူတွေ ဖြစ်ပေမယ့် မင်းတို့ကို လာဖို့ ခေါ်ရင် မင်းတို့ငါ့ဆီ လာလည်ရင် ပိုကောင်းမယ်....မဟုတ်ရင်တော့ ချက်ချင်း ကုန်းပတ်ပေါ်က ဆင်းသွား! ”

သူပြောပြီးသည်နှင့် လှည့်ထွက်ကာ လှေလုပ်သား တစ်စုလည်း သူ့နောက်မှ အမြန်ပျောက်ကွယ်သွားခဲ့သည်။

ကျင့်ကြံသူများ အားလုံးလည်း သက်ပြင်းချကာ တစ်ယောက်ကို တစ်ယောက် ခဏကြည့်ကာ သက်ဆိုင်ရာ အခန်းများဆီသို့ အမြန်ပြန်သွားကြသည်။ ကျင့်ကြံသူ အမျိုးသမီးလည်း ခေါင်းကိုငုံ့ထားပြီး ခဏအကြာတွင် ခက်ခက်ခဲခဲ ထထလာကာ သူမရှေ့တွင် ဘယ်သူမှ မရှိသဖြင့် ကျယ်လောင်စွာ ငိုကြွေးကာ အခန်းထဲသို့ ပြန်လာခဲ့သည်။

လုရွှမ် အခင်းအကျင်းများကို စီစဉ်ပြီး အခန်းထဲတွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။

ကျားဖြူလေးနဲ့ သူ့အဖွဲ့ကို မလွှတ်ပေး​သေးပေ။ ဒီနေရာရဲ့ အခင်းအကျင်းက နားမလည်နိုင်တဲ့ ခံစားချက်တစ်ခု ရှိနေပြီး အရမ်းထူးဆန်းသည်။ လုရွှမ်သည် ထိုအခင်းအကျင်းအား ပိတ်ဆို့ထားတာကို တွေ့ခဲ့သော်လည်း သူလျှိုလုပ်နေသလိုမျိုး ခံစားချက်တွေလည်း ရနေသည်။

ဒါပေါ့။ လျှို့ဝှက်ချက်ကို ဖော်ထုတ်လို့ မရသေးပါဘူး။

လုရွှမ်ရဲ့ ခံစားချက်က မှန်ကန်ပါ၏။ တကယ်တော့ ကပ္ပတိန်ရဲ့ အခန်းထဲမှာ အခန်းတစ်ခုစီရဲ့ လှုပ်ရှားမှုတွေကို မီးရောင်ပြထားတဲ့ ​မှော်မျက်နှာပြင်များစွာ ပြသထားပါသည်။

လုရွှမ်သည် အခန်း ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်ရာ ထိုနေရာမှ အပြင်ဘက်တွင် ဗလာကျင်းနေသည့် ကွက်လပ်ကို မြင်လိုက်ရသည်။ တစ်ခါတရံမှာ ရောင်စုံမီးတောက်တွေ ပေါ်လာတတ်ပြီး တဖျပ်ဖျပ် ပျောက်ကွယ်သွားကာ သိသိသာသာ ထူးဆန်းနေသည်။

အချိန်တွေက လျင်လျင်မြန်မြန် ကုန်သွားကယ ခုနစ်ရက်ပင် ကြာသွားသည်။ အခန်းထဲမှာ နေရတာ ငြီးငွေ့လာတဲ့ ကျင့်ကြံသူတွေဟာ အခန်းထဲက မထွက်ရဲတော့တာကြောင့် ပတ်ဝန်းကျင်က ကျင့်ကြံသူတွေနဲ့ အဆက်အသွယ်လုပ်၊ ပေါင်းသင်းဆက်ဆံပြီး မိတ်ဖွဲ့ကြလေ၏။

သူတို့သည် အနာဂတ်တွင် သူတို့ဝင်လိုသော တောင်တံခါးအကြောင်း ပြောဆိုခဲ့ပြီး သူအားကိုးနိုင်သည့် သူငယ်ချင်းများနှင့် သက်ကြီးရွယ်အိုများကို နှိုင်းယှဉ်ရင်း ဆွေးနွေးခဲ့ကြသည်။

လုရွှမ်သည် အခန်းထဲတွင် တစ်ယောက်တည်း ရှိနေဆဲဖြစ်သော်လည်း တံခါးပိတ် ကျင့်ကြံတာက ခုနစ်ရက်သာ ရှိသေးပြီး သူ့အတွက် ဘာမှမဖြစ်ပေ။ တခြားကိစ္စ မရှိပါက လုရွှမ်သည် အခန်းထဲတွင် တစ်ယောက်တည်း အချိန်ဖြုန်းရန်သာ စီစဉ်ထားခဲ့သည်။

ဤအခင်းအကျင်း အသွင်အပြင်ထဲတွင် သူ လေ့ကျင့်လို့ရမယ့် ဝိညာဉ်စွမ်းအင် မရှိကြောင်း လုရွှမ် ခံစားရပါသည်။ ကံကောင်းထောက်မစွာ သူအရင်ကရထားခဲ့​တဲ့ လျှို့ဝှက်စာအုပ် တချို့ ရှိတာကြောင့် ထိုအရာတွေကို တူးဖော်ပြီး လေ့လာကြည့်နေလိုက်သည်။

ရှေးဟောင်းလျှပ်စီးကမ္ဘာတွင် အခင်းအကျင်း ဖွဲ့စည်းမှုများ၊ သားရဲထိန်းချုပ်မှု၊ လက်နက်သန့်စင်ခြင်း၊ အဂ္ဂိရတ် သန့်စင်ခြင်း စသည်တို့နှင့် ပတ်သက်သော ဗဟုသုတများကို လုရွှမ် ထပ်မံရရှိခဲ့သည်။ ဝမ့်ကျစ်ကမ္ဘာရှိ အခင်းအကျင်း နည်းလမ်းများသည် ရှေးဟောင်းလျှပ်စီးကမ္ဘာထဲက နည်းလမ်းများထက် ပိုမိုအားကောင်းနေတာ သေချာသော်လည်း ၎င်းတို့သည် တူညီသော မူရင်းတစ်ခုတည်းက လာခဲ့တာပဲ ဖြစ်သည်။

ရှေး​​ဟောင်းလျှပ်စီးကမ္ဘာရှိ အရာအားလုံးကို ကောင်းစွာ ထိန်းချုပ်နိုင်လျှင် ဝမ့်ကျစ်ကမ္ဘာက အရာများကို လေ့လာရန်လည်း ပို၍လွယ်ကူသွားလိမ့်မည်။

တစ်လကြာပြီးနောက်

လုရွှမ်သည် အခန်းထဲတွင် ငြိမ်သက်စွာ ထိုင်နေပြီး တခြားသူများထံမှ လုယူလာခဲ့သော စာအုပ်များကို လှန်လှောကြည့်လိုက်သည်။ အထူးသဖြင့် ဆရာကြီးထန်းကျီးဆီက ရိတ်သိမ်းလာခဲ့တဲ့ အရာတွေက အလွန်ကြွယ်ဝလှသည်။

လက်ရှိအချိန်၊ ကပ္ပတိန်ရဲ့ အခန်းထဲ၌။

ကပ္ပတိန်ဟာ လုရွှမ်ရှိတဲ့ အခန်းကို လှမ်းကြည့်နေ၏။ သူ့နောက်မှာ လှေလုပ်သား အများအပြား ရှိနေပေမယ့် လောလောဆယ်မှာတော့ သူတို့ ဘာမှမထူးခြားသလို ကြည့်နေကြသည်။

"ဒီကလေးရဲ့ နာမည်က ဘယ်လိုခေါ်လဲ? သူအခန်းထဲမှာနေတာ တစ်လကျော်ရှိပြီ လုံးဝ အပြင်ထွက်လာပြီး မလှုပ်ရှားဘူး"

"ကပ္ပတိန်... အဲဒီလူကို ရှေးဟောင်းလျှပ်စီးကမ္ဘာရဲ့ အောင့်မိသားစုက အကြံပြု ထောက်ခံထားတဲ့ လူပါ... အောင့်မိသားစုက အငယ်တန်း ဖြစ်ရမယ်"

နာမည်တွေအရတော့ တချို့က အမှန်တွေချည်းပဲ ဆိုပေမယ့် တချို့ကျတော့လည်း ဖုံးကွယ်ထားတတ်လို့ ဆက်ပြောစရာတော့ သိပ်မလိုချေ။ လူတိုင်းကလည်း နားလည်ကြလေ၏။

“ဒီကလေးမှာ အနာဂတ်ရှိတယ်”

ကပ္ပတိန်က ပြုံးရင်း ဆိုလိုက်သည်။ လှေလုပ်သားတစ်ဦးက ရုတ်တရက် ရယ်မောပြီး

"ကပ္ပတိန်... သူ့ဘေးက ကျင့်ကြံသူ မိန်းကလေးကလည်း မထွက်သေးပါဘူး... အဲဒါက ပိုအလားအလာ မရှိဘူးလား?"

"ဒါတင်မကဘူး... အဲဒီမိန်းကလေးက မျက်နှာဖုံးစွပ်ထားပြီး သူမကိုယ်တိုင် ဆောက်ထားတဲ့ တဲငယ်လေးထဲမှာ အကျယ်ကြီး အော်ငိုနေတာလေ!!"

လူပေါင်းများစွာ ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။

ဒေါက် ဒေါက် ဒေါက်!

လုရွှမ် ခေါင်းကို မော့လိုက်ပြီး တံခါးခေါက်သံ ထွက်လာရာဘက်ကို ကြည့်လိုက်သည်။ တစ်ဆက်တည်း မျက်မှောင်ကြုတ်ပြီး လျစ်လျူရှုထားပေမယ့် တံခါးခေါက်သံက ပြင်းထန်လာ၏။ လုရွှမ် ထရပ်ပြီး တံခါးကို ဖွင့်လိုက်တော့ အရင်က တွေ့ခဲ့ဖူးတဲ့ မိန်းကလေးကလွဲလို့ တခြားသူတော့ မဟုတ်ချေ။

မိန်းကလေးသည် မျက်နှာဖုံးကို လုံး၀ အုပ်ထားသော်လည်း သူမရဲ့ အသက်ရှု လမ်းကြောင်းကိုတော့ မပြောင်းလဲနိုင်ပေ။

All Chapters