ယောင်ဆူး
Vol. 70 Ch. 4.566
"ဘာကိစ္စလဲ?" လုရွှမ် မေးလိုက်သည်။
"အဲဒီကပ္ပတိန်ကို သတ်ဖို့ ရှင့်ကို ကူညီပေးစေချင်တယ်!"
လုရွှမ် မရယ်နိုင်ဘဲ သူ့လက်နှစ်ဖက်ကြားက ဖြတ်ကာ ဝင်လာသည့် အမျိုးသမီးကို ကြိုဆိုရန် ငြင်းဆိုလိုက်သည်။
"ဘာမလို့လဲ"
“ရှင်ဘယ်သူလဲဆိုတာ ကျွန်မသိတယ်”
မိန်းကလေးက အေးစက်စွာ ပြောလိုက်သည်။ သို့သော် လုရွှမ်ရဲ့ အမူအရာမှာ မပြောင်းလဲသွားဘဲ
"အိုး ဒါဆို ငါကဘယ်သူလို့ မင်းထင်လဲ?"
"ရှင်က လုရွှမ်... လွန်ခဲ့တဲ့ သုံးနှစ်လောက်က ပျောက်သွားတဲ့ ပါရမီရှင် ကျွန်မပြောတာ မှန်တယ်မလား?"
မိန်းကလေးက သူမအသံကို လျှော့ပြီး အော်ပြောပေမယ့် အသံက ယုံကြည်မှုအပြည့်နဲ့ နာကြည်းနေသည့် အငွေ့အသက်တွေလည်း ရောပါနေသည်။
"ကျွန်မ အခန်းထဲကို လာခဲ့... မဟုတ်ရင် ကျွန်မအော်လိုက်မယ်... လုရွှမ် မသေသေးဘူး သူ့မှာ မန်ဟွမ်နတ်ဘုရားမျှော်စင်လိုမျိုး ကမ္ဘာ့ရတနာတွေ ကျန်နေသေးတယ် ဆိုတာသာ သိရင် တခြားသူတွေက ရှင့်ကို တွေ့ရတာ အရမ်း ဝမ်းသာနေကြမယ် ထင်တယ်"
လုရွှမ်က ရယ်မောလိုက်ပြီး "လုပ်လိုက်လေ"
“ရှင် မကြောက်ဘူးလား?”
လေသံက ပြောင်းသွားပြီး သူမ မယုံနိုင်အောင် ဖြစ်သွားသည်။
"ငါသာ လုရွှမ်ဆိုရင် လုရွှမ်က အဲဒီကပ္ပတိန်ကို သတ်နိုင်မယ်လို့ မင်းထင်တယ်ပေါ့? ဒါဆိုလည်း အဲဒီကပ္ပတိန်ကို သွားခေါ်လာခဲ့လိုက်လေ ငါသာတကယ် လုရွှမ်ဆိုရင် သူ့ကိုတောင် သတ်ပစ်နိုင်တယ်... ဆိုတော့ မင်းအော်လိုက်လည်း ငါက ဘာကိုကြောက်နေရမှာလဲ? လုရွှမ်က သူ့ကိုသတ်နိုင်ရင်တောင် ငါ့မှာက ခွန်အားမရှိဘူးလေ ဘာလို့မင်းစကားကို နားထောင်ရမှာလဲ?"
ထိုမိန်းကလေးမှာ တခဏတာ ထိတ်လန့်သွားပြီး စကားမပြောနိုင်ဘဲ ဖြစ်သွားသည်။ လုရွှမ်ကတော့ သူ့စိတ်ထဲတွင် လူသတ်ရန် ကြံရွယ်နေခဲ့သည်။ ဒီမိန်းကလေးက ကိုယ့်သေတွင်း ကိုယ်တူးရတာ ဝါသနာပါပုံပဲ။ အစောတုန်းက ကိုယ့်ဘာသာ သေလမ်း ရှာပြီးတာတောင် အခုလည်း သတ်သေချင်နေတုန်းပဲ။
သူမ လက်ဖဝါးထဲမှ စွမ်းအင်များ ရုတ်တရက် လွင့်ထွက်လာပြီး လုရွှမ်ကို ဖမ်းဆုပ်ချင်ခဲ့သည်။ သို့သော် လုရွှမ်ကလည်း တုန်လှုပ်ဖွယ် စွမ်းအားဖြင့် သူမ၏ လက်ဖဝါးကို ရိုက်လွှတ်လိုက်သည်။
"ကျွန်မ အော်လိုက်တော့မယ် ဘာပဲဖြစ်ဖြစ် ကျွန်မဒီလောကမှာ မနေချင်တော့ဘူး... ရှင်လည်း ကောင်းကောင်း မနေစေရဘူး"
မိန်းကလေးက အော်ဟစ်ပြီး နာကြည်းတဲ့ အသံနဲ့ ပြည့်နေသည်။ လုရွှမ်ရဲ့ လက်ချောင်းများ တဆတ်ဆတ် တုန်နေကာ ထိုမိန်းကလေးကို သတ်ပစ်လိုက်ဖို့ တခဏမျှ စိတ်အားထက်သန်နေခဲ့သည်။ သို့သော် ထိုအချိန်တွင် တစ်စုံတစ်ယောက်ရဲ့ အသံက ထွက်ပေါ်လာခဲ့၏။
"မင်းတို့နှစ်ယောက် မထွက်လာတော့ဘူးလို့ ထင်နေတာ... အခု ထွက်လာပြီဆိုတော့ ငါတို့အဖွဲ့ထဲ ပါဝင်လိုက်ပါလား? ဘယ်လိုလဲ?"
မိန်းကလေးက "ကျွန်မ စားပြီးပြီ... ဒါတောင် ရှင်တို့က ကျွန်မကို အာရုံစိုက်နေသေးတာလား? ရှင်တို့စိတ်ထဲမှာ ကျွန်မ အထင်သေးသွားမှာကို ကြောက်နေပြီ မဟုတ်လား"
သူမ အသံသည် နာကြည်းမှုနှင့် မုန်းတီးမှုတို့ အပြည့် ရှိနေသေးသည်။
"ဟေး ဘာဖြစ်နေတာလဲ? ငါတို့ကျင့်ကြံသူတွေက လိုက်လျောညီထွေ ဖြစ်အောင် နေရမယ်လေ... ဒီထက် ကြေကွဲစရာကောင်းတဲ့ အခြေအနေတွေကို ဘယ်နှစ်ခါလောက် မကြုံဖူးလို့လဲ? အရေးကြီးတာက စိတ်ထားကောင်းကောင်း ထားပြီး အနာဂတ်ကို ရင်ဆိုင်ဖို့ပဲ"
လုရွှမ် အရမ်းပျော်သွားသည်။ ဒီသက်ရှိရတနာက ဘယ်ကများ ရောက်လာပါလိမ့်။ ကျင့်ကြံသူ မိန်းကလေးလည်း အနည်းငယ် စိတ်ရှုပ်သွားသည်။ ထိုကျင့်ကြံသူ ပြောတဲ့စကားက အလွန်ရိုးသားပြီး မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ သူမ စကားရဲ့ အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း သိပါသည်။
"လာပါ... အားလုံးက နားလည်မှု ရှိကြလိမ့်မယ်လို့ ထင်ပါတယ်... ကျွန်တော်က ဟောင်နန်းဖုန်း ခင်ဗျားတို့နှစ်ယောက်ကို ဘယ်လိုခေါ်ရမလဲ?"
"ယောက်ျားကောင်းလား "
လုရွှမ် အမြန်ဘေးသို့ ထွက်သွားသည်။
[ဘာသာပြန် - အသံထွက်တူနေတာပါ။ လုရွှမ်ပြောတဲ့ ဟောင်နန်းဖုန်းက ယောကျာ်းကောင်းလို့ အဓိပ္ပာယ် ရပေမယ့် တစ်ဖက်လူရဲ့ နာမည်က အဲ့လို အဓိပ္ပာယ်မျိုး မဟုတ်ဘဲ အသံထွက်တူနေရုံပါ]
"အစ်ကို... ဟောင်နန်းဖုန်းက ယောက်ျားကောင်းဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး"
ထိုဟောင်နန်းဖုန်းရဲ့ မျက်နှာက နီရဲသွားသော်လည်း သူက တည်ငြိမ်စွာ ပြန်ပြောလိုက်သေးသည်။
"ကျန်းထျန်းချိုင်"
ဟောင်နန်းဖုန်းက မျက်တောင်ခတ်လိုက်ပြီး
"ကျန်းထျန်းချိုင်.... ငါ့ညီအစ်ကိုရဲ့ နာမည်က တကယ့်ကို နာမည်ကောင်းပဲ"
"ကျွန်တော်လည်း ဘာမှလုပ်လို့ မတတ်နိုင်ဘူးလေ... ကျွန်တော့်မိဘတွေက အရမ်းစာနာတတ်ကြတာ ဒီညီလေးက ကူကယ်ရာမဲ့ ဖြစ်နေပေမယ့် မိဘတွေရဲ့ မျှော်လင့်ချက်အတိုင်း အသက်ရှင် နေထိုင်နိုင်ဖို့ ကြိုးကြိုးစားစား ကျင့်ကြံနေရတာ"
"မှန်တာပေါ့.... မှန်တာပေါ့ ဒါနဲ့ ဒီကနတ်သမီးက ဘယ်သူလဲ?"
ထိုမိန်းကလေးသည် မပြောမီ အချိန်အတော်ကြာ ထိတ်လန့်သွားပြီးမှ နောက်ဆုံးတွင် သူမနာမည်ကို ပြောပြလာ၏။
"ယောင်ဆူး...."
ဟောင်နန်းဖုန်းက လက်ခုပ်တီးပြီး
"ဟုတ်ပြီ ကျွန်တော် လှေပေါ် ပြန်တက်လာတဲ့ အချိန်တုန်းက အသိအကျွမ်း တစ်ယောက်ကို တွေ့လိုက်တယ်လို့တော့ ထင်မိလိုက်သေးတယ်... ဒီအတိုင်း အမြင်မှားတယ်လို့ ထင်မိပေမယ့် အမှန်အတိုင်း ဖြစ်သွားတာပဲ... နတ်သမီးယောင်ဆူး... မင်းအဖေက ပိုင်ကျို့မြို့က ဆရာကြီးယန်ထျန်း.. အမေက နတ်သမီးလော့ဟွား မဟုတ်လား?"
လုရွှမ်၏ မျက်လုံးများသည် မသိစိတ်မှ တောက်ပလာပြီး ယောင်ဆူးကို လှည့်ကြည့်လိုက်သည်။ ဒီမိန်းကလေး ဒီလောက် မာနကြီးနေတာ အံ့ဩစရာတော့ မရှိပေ။ သူမမိဘနှစ်ပါးစလုံးက နတ်မီးနယ်ပယ်က ကျွမ်းကျင်သူတွေ ဖြစ်နေတာပဲ။
အကယ်၍ ဒီမိန်းကလေးရဲ့ မိဘနှစ်ပါးက နတ်မီးနယ်ပယ်က အရှင်သခင် နှစ်ဦးဖြစ်ခဲ့လျှင် ကပ္ပတိန်သာ ထိုအကြောင်းကို မသိဘဲမနေဘဲ သေချာပေါက် သတိထားပေလိမ့်မည်။ အဲဒါက သူမအတွက် ရယ်စရာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကံမကောင်းစွာပဲ သူမတကယ် အဲဒါကို စားခဲ့ပါ၏။
သနားစရာကတော့ အဖေက ကျားဖြစ်နေပေမယ့် သမီးက ခွေးဖြစ်နေတယ်တဲ့။
နောက်ဆုံးမှာတော့ ယောင်ဆူးက သူမအသံကို ဂုဏ်ယူစွာ ထုတ်ပြလာခဲ့သည်။
"ဟုတ်တယ် ကျွန်မအဖေက ဆရာကြီးယန်ထျန်း ကျွန်မအမေက နတ်သမီးလော့ဟွားပဲ"
"ဒါဆို နတ်သမီးယောင်ဆူးကို ကျွန်တော်တို့ရဲ့ အဖွဲ့ထဲမှာ ဒီထက်မက ပါဝင်စေချင်ပါသေးတယ်... နောင်တစ်ချိန် ထွက်ခွာသွားရရင်တောင်မှ အနာဂတ်မှာ ဝမ့်ကျစ်ကမ္ဘာမှာ အမြစ်တွယ်သွားမှာပဲလေ... ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ခင်မင်ရင်းနှီးမှုကတော့ မှတ်သားထိုက်ပါတယ်.... အချင်းချင်း ဖေးမကူညီတာက အနာဂတ်ကို ကောင်းမွန်လာစေမှာ အမှန်ပဲ”
လုရွှမ်ကတော့ သူ့စိတ်ထဲမှ ရယ်မောနေခဲ့သည်။ ဤဟောင်နန်းဖုန်းသည် သစ္စာရှိပုံပေါက်သော်လည်း သေချာပေါက် လိမ္မာပါးနပ်သူ ဖြစ်သည်။ ဤစကားများသည် မသိနားမလည်သော ကလေးမလေးကို လှည့်စားရန် ရည်ရွယ်ပြီး နတ်သမီးယောင်ဆူးက မသိနားမလည်သော ကလေးမလေး တစ်ယောက်ဖြစ်သည်။
ဒီလူ အရင်ကတည်းက ဒီမိန်းကလေးကို သတိမထားမိတာ မဖြစ်နိုင်ဘူး။ မဟုတ်ရင် မကောင်းတဲ့အရာကို စားခိုင်းတဲ့ အချိန်တုန်းက သူ ဘာကြောင့် မပေါ်လာတာလဲ။ အခုကျမှလူကို နှစ်သိမ့်ပေးဖို့ ထွက်လာတယ်လေ။
အရင်ကဆိုရင်တော့ ဒီမိန်းကလေး ဟောင်နန်းဖုန်းရဲ့ အကြံအစည်ထဲ ရောက်သွားမှာကို ဂရုစိုက်မိနိုင်ပေမယ့် အခုက သူ့ကိုယ်ပိုင်လုပ်ငန်း မဟုတ်တာကြောင့် ဂရုမစိုက်ချင်တော့ချေ။
ဟုတ်ပါတယ်။ ယောင်ဆူးရဲ့ အသံက နည်းနည်းပိုတုန်လှုပ်သွားပြီး "ကျေးဇူးအများကြီးတင်ပါတယ်" ဟု တိုးတိုးလေး ပြောလိုက်သည်။
"လာ...သွားရအောင် နတ်သမီးကို အရှက်မကွဲစေရပါဘူး... ရိုးရိုးသားသား ပြောရရင် ကျွန်တော်လည်း တစ်ခါတုန်းက ပင်လယ်သားရဲ တစ်ကောင်ဆီကနေ အစားခံလိုက်ရသေးတယ်... နောက်ဆုံးတော့ သူ့ဖင်ကြားထဲကနေ တွားသွား ထွက်လာခဲ့ရတာလေ"
သူတို့နှစ်ဦး၏ စကားသံများသည် တဖြည်းဖြည်း အဝေးကို ရောက်သွားကာ ဟောင်နန်းဖုန်းက လုရွှမ်ကို လုံးဝ မျက်စိထဲ မထားဘူးဆိုတာ ထင်ရှားပါ၏။ ဒါပေါ့ သူ့လို သူတော်စင်နယ်ပယ်က ဘယ်သူက စိတ်ထဲရှိမှာလဲ။
လုရွှမ်သည် ထိုမိန်းကလေး သူ့ရဲ့ အသွင်စစ်ကို ဘာကြောင့် သိခဲ့ရတယ် ဆိုတာကို နောက်ဆုံး နားလည် သဘောပေါက်သွားခဲ့သည်။ ၎င်းသည် နတ်မီးနယ်ပယ်က သခင်နှစ်ဦး၏ လမ်းညွှန်မှုသာ ဖြစ်ပေလိမ့်မည်။
ဒါကြောင့် သူတို့နှစ်ယောက်က သူနဲ့ ကပ်လျက်နေရာ နှစ်ခုကို ချိန်းပြီး သူငယ်ချင်းဖွဲ့ဖို့ မျှော်နေခဲ့ကြတာပင်။ သို့သော်လည်း နတ်မီးနယ်ပယ် သခင်နှစ်ယောက်ရဲ့ ငတုံးသမီးကတော့ ကိုယ့်သေတွင်း ကိုယ်တူးနေခဲ့လေသည်။
လုရွှမ် အခန်းထဲ ပြန်မဝင်တော့ဘဲ သူတို့နှစ်ဦးနောက်လိုက်ကာ ပျော်ပွဲရွှင်ပွဲ ကျင်းပရာဆီသို့ လျှောက်သွားလိုက်သည်။
လူတွေ စုဝေးရာ နေရာသည် ဟောင်နန်ဖုန်းရဲ့ အခန်းပဲဖြစ်သည်။ အခန်းက အတော်ကြီးကာ ကျယ်လည်း ကျယ်သည်။ လုရွှမ် ဝင်လာချိန်မှာတော့ အားလုံးက ရောက်နေပြီ ဖြစ်ပြီး ယောင်ဆူးက ချစ်စရာကောင်းပြီး သနားစရာကောင်းတဲ့ မျက်နှာကို ထုတ်ပြဖို့ သူမရဲ့မျက်နှာဖုံးကို ချွတ်လိုက်သည်။
"နတ်သမီး အရေးကြီးတာက ပစ္စုပ္ပန် မဟုတ်ဘူး... အနာဂတ်ပဲ ငါတို့ရဲ့ အနာဂတ် အောင်မြင်မှုတွေက သူတို့ထက် အများကြီး သာလွန်နေလိမ့်မယ်... အဲဒီအချိန် ကျလာတဲ့အခါ ငါတို့ လက်စားချေကြမယ်"
"ဒါပဲ!! လက်စားချေဖို့ ဆိုတာ ၁၀ နှစ်နေလို့တောင် ဘယ်တော့မှ နောက်မကျဘူး"
ဟောင်နန်းဖုန်းက ဒီလူတွေကို ဘယ်လိုလေတွေ တိုက်ပေးလိုက်မှန်း မသိပေမယ့် ဒီလူတွေက ယောင်ဆူးကို နောက်ပြောင်ဖို့ မကြိုးစားတော့ချေ။ ယောင်ဆူးရဲ့ မျက်နှာသည် အလွန်ကောင်းမွန်လာပြီး ကျေးဇူးတင်စကားများ ပြန်ပြောနေ၏။
လုရွှမ်လည်း ထိုမိန်းကလေး သူ့အား ဂုဏ်ယူနေတဲ့ အကြည့်မျိုးနဲ့ စူးစူးရဲရဲ စိုက်ကြည့်နေတာကိုပင် မြင်လိုက်ရသည်။ လူဆိုတာ ကိုယ်လမ်းသေ ကိုယ်မရှာရင် ဘယ်တော့မှ သေမှာမဟုတ်ဘူး။
လုရွှမ်သည် တစ်ဦးတည်းသော သူတော်စင်နယ်ပယ် ဖြစ်လို့ ဘယ်သူကမှ သူ့ကို မိတ်မဖွဲ့ချင်ခဲ့ပေ။ သူတို့အယောက်စီတိုင်းက သူတို့ကိုယ်သူတို့ သခင်တွေလို့ မှတ်ယူကြပြီး အရင်ပြောခဲ့တဲ့ အရေးကြီးတာက ပစ္စုပ္ပန် မဟုတ်ဘဲ အနာဂတ်ပဲ ဆိုတာကြီးက လေထဲ ပျောက်သွားသလိုပင်။
ဒီလူတွေက လုရွှမ်ကို လျစ်လျူရှုထားပြီး လုရွှမ်ကလည်း ဒီလူတွေကို အာရုံစိုက်ဖို့ စိတ်မ၀င်စားပါဘူး။ ရှေးခေတ်လမ်းဆုံကို လမ်းဖွင့်ပြီးနောက် ထူးချွန်သူများသည် တစ်နှစ်အတွင်း ထွက်ခွာသွားခဲ့ကြသည်။ ဤလူများသည် ယခုမှ ထွက်ခွာသွားကြတာမို့ အရည်အချင်းအရဆိုလျှင် သူတို့သည် ယခင်လူများထက် များစွာနိမ့်ကြပြီး အားလုံးမှာ အလွန်မောက်မာသူများ ဖြစ်တာကြောင့် သူငယ်ချင်းဖွဲ့စရာ မလိုပါချေ။
သူတို့ကတော့ ကြွားလုံးထုတ်နေပြီး လုရွှမ် တစ်ယောက်တည်းသာ ဝမ့်ရှန်းကမ္ဘာက ပေးသော အရင်ကို ထောင့်တစ်နေရာတွင် တိတ်တဆိတ် ထိုင်ကာ သောက်နေလိုက်သည်။ အရသာကို ပြောစရာမလိုအောင် ကောင်းမွန်သလို မွှေးရနံ့ကလည်း အထူးကောင်းမွန်လို့ လုရွှမ် မသိလိုက်ပါဘဲ နည်းနည်း နည်းနည်း ထပ်သောက်နေမိသည်။
"ဒီက မိတ်ဆွေက တခြားသူတွေကို ရွံမုန်းနေပုံရတယ်နော်?"
တိုးတိုးတိတ်တိတ် အသံတစ်သံ ထွက်လာပြီး ပိန်ပိန်ပါးပါး အရိပ်တစ်ခုက သူ့အနားကို ထိုင်ချလိုက်လေသည်။