သောင်တင်နေတဲ့လေ
Vol. 70 Ch. 4.567
လုရွှမ်သည် ကျင့်ကြံသူ တစ်ယောက် ချဥ်းကပ်လာတာကို ခံစားမိနေပြီ ဖြစ်သော်လည်း သူ့ဘေးမှာပါ ထိုင်လာမယ်လို့ မမျှော်လင့်ထားပေ။ တစ်ဖန်ပြန်ကြည့်လျှင် မဟာသူတော်စင် နယ်ပယ် ပြီးပြည့်စုံသောကာလက ကျင့်ကြံသူ မိန်းကလေး တစ်ယောက်လည်း ဖြစ်နေသေးသည်။
"ကျွန်မကို သတိရှိရှိပြောပါ... ကျွန်မသာ ရှင့်ကိုသတ်ချင်ရင် ကျွန်မရဲ့ တိုက်ကွက် ဆယ်ကွက်တောင် မတားနိုင်လောက်ဘူး... ကျောက်ချင်ယင်းပါ"
ထိုကျင့်ကြံသူ မိန်းကလေးက ရွှင်မြူးစွာ အော်လိုက်ပြီး လက်ဖဝါးကို ဆန့်လိုက်သည်။ သူမရဲ့ လက်ဖဝါးလေးတွေက ဖြူဖွေးတောက်ပြောင်ပြီး အရမ်းချစ်စရာ ကောင်း၏။
လုရွှမ် သေရည်တစ်ခွက်ကို ယူ၍ ကျောက်ချင်ယင်းရဲ့ လက်ထဲထည့်ပေးလိုက်သည်။
"သောက်ပါ!"
ပြီးတော့ သူကိုယ်တိုင်လည်း တစ်ခွက်ငှဲ့ကာ တစ်ကြိတ်တည်း သောက်လိုက်သည်။ ကျောက်ချင်ယင်း အနည်းငယ် မှင်တက်သွား၏။ သူမ သောက်လို့အပြီးတွင် ပြုံးပြီး ပြောလာသည်။
"ဒီကမိတ်ဆွေက ကျွန်မက ရုပ်ဆိုးလွန်းပြီး ရှင်နဲ့သိကျွမ်းဖို့ မထိုက်တန်ဘူးလို့များ ထင်နေတာလား"
"မဟုတ်ဘူး ငါ့နာမည်က အတု ဒါပေမဲ့ မင်းနာမည်က အစစ်ပဲ... ဒီလိုမျိုး တစ်ယောက်နဲ့တစ်ယောက် သိခွင့်ရဖို့က ဘာအဓိပ္ပာယ်ရှိမှာလဲ? စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။ အနာဂတ်မှာ ပြန်ဆုံတွေ့ဖို့ ရည်မှန်းထားရင် အဲဒီအချိန်ကျမှ ငါတို့ အသက်ရှင်နေသေးပြီး အကျိုးစီးပွားချင်း ကွဲလွဲမှုတွေ ရှိမလာဘူးဆိုရင် သူငယ်ချင်းဖြစ်ဖို့ သိပ်နောက်ကျမှာ မဟုတ်ပါဘူး...အဲ့ကျမှ သူငယ်ချင်းဖွဲ့လည်း ပြဿနာ မရှိဘူး..."
ကျောက်ချင်ယင်းက ခေါင်းညိတ်ပြပြီး နောက်ထပ် တစ်ခွက်သောက်လိုက်သည်။ ပြီးနောက် သေရည်ခွက်ထဲရှိ သေရည်အားလုံးကို တစ်ကျိုက်တည်း သောက်လိုက်သည်။
"ဒါဆို ရှင့်ကို အခု ဘယ်လိုခေါ်ရမလဲ?"
"ကျန်းထျန်းချိုင်"
ကျောက်ချင်ယင်းက မရယ်ဘဲ မနေနိုင်စွာ ရယ်မောရင်း။
"အစ်ကိုထျန်းချိုင်က ဘာမှ မဖုံးကွယ်ထားသလိုပဲ"
ကျောက်ချင်ယင်းနှင့် စကားတစ်ခွန်းချင်း စကားစမြည် ပြောနေစဉ် လုရွှမ်ရဲ့ မျက်လုံးများသည် လူအုပ်ထဲကို ပျင်းရိစွာ အကဲခတ်နေကာ ဤနေရာတွင် လူဘယ်လောက်များများ မြင့်မားတဲ့ အဆင့်တစ်ခုကို အောင်မြင်နိုင်မလဲ ခွဲခြမ်းစိတ်ဖြာနေသည်။
"အစ်ကိုထျန်းချိုင် ယောင်ဆူးရဲ့ အနာဂတ်ကို ဘယ်လိုထင်လဲ?"
ကျောက်ချင်ယင်းက မေးလိုက်သည်။
"သူမ အသက်ရှင်လျက် လှေပေါ်က အရင်ဆင်းနိုင်ရင်တောင် မဆိုးပါဘူး.. ဒါပေမဲ့ ဒါက ကပ္ပတိန်ရဲ့ ကြင်နာမှုလည်း လိုအပ်တယ်။ ဟောင်နန်းဖုန်းက နည်းနည်းတော့ အသိစိတ်ရှိတယ်... သူဒီလို မသတ်သေရင် သူ့မှာ အနာဂတ်ရှိလိမ့်မယ်"
ကျောက်ချင်ယင်း ကောင်လေးကိုကြည့်ရင်း မျက်တောင်ခတ်လိုက်ကာ။
"ကျွန်မကိုရော ဘယ်လိုထင်လဲ"
"နတ်မီးကို မျှော်လင့်လို့ရတယ်"
"ဒါဆို အစ်ကိုထျန်းချိုင်ကို ကျေးဇူးတင်ပါတယ်... ရှင်ကရော ဘယ်လိုလဲ?"
"ထျန်းချိုင်ရဲ့ အနာဂတ် နယ်ပယ်က သာမန်လူတွေရဲ့ စိတ်ကူးကို ကျော်လွန်နေပြီ"
ကျောက်ချင်ယင်းက အလွန်ပျော်ရွှင်စွာ ရယ်မောလိုက်လေသည်။
"အစ်ကိုထျန်းချိုင်က လုံးဝ နှိမ့်ချမှု မရှိဘူးနော်... နောက်ဆို အစ်ကိုထျန်းချိုင်ရဲ့ ပေါင်ကို တင်းတင်းကျပ်ကျပ် ဖက်ထားရတော့မယ် ထင်တယ်"
ထိုအချိန်တွင် အခန်းတွင်းရှိ ဆက်သွယ်ရေး ကျောက်စိမ်းပြားက ရုတ်တရက် ဟောက်လိုက်ကာ လှေသခင် ကပ္ပတိန်၏ အသံကို ကြားလိုက်ရသည်။
"ငလူး!!....အကုန်လုံး ကုန်းပတ်ပေါ်ကို လာခဲ့!"
ကပ္ပတိန် ပြောတာကို နားထောင်ရမယ်။ ယောင်ဆူးက စံပြတစ်ယောက်ပဲ။ ထုံးစံအတိုင်း လူအုပ်စုက နောက်တစ်ကြိမ် စုဝေးနေရန် စိတ်မ၀င်စားတော့ပေ။ ကပ္ပတိန်ရဲ့ လေသံမှာ အလွန်စိတ်တိုနေတာ သိသာပြီး ဒီအခြေအနေမှာ သူတို့အတွက်လည်း အလွန်စိုးရိမ်ရကြောင်း သိသာထင်ရှားလာသည်။
လူအုပ်စုသည် ကုန်းပတ်ရှေ့သို့ ပြေးသွားသောအခါ လုရွှမ်သည် ကျောက်ချင်ယင်း သူ့နောက်ကို အနီးကပ် လိုက်လာတာ တွေ့လိုက်ရသည်။ လုရွှမ်ရဲ့အကြည့်ကို မြင်တော့ ကျောက်ချင်ယင်းက ပြုံးပြီး
"ရှင့်ရဲ့ပေါင်ကို ကျွန်မတင်းတင်းကြပ်ကြပ် ဖက်ထားမယ်လို့ ပြောထားပြီးသားပဲလေ... အစ်ကိုထျန်းချိုင် စကားကို ဘယ်လိုထိန်းရမလဲ မသိတာတော့ မဟုတ်ပါဘူးနော်"
ချစ်စရာကောင်းတဲ့ ဒီမိန်းကလေးဟာ ဦးနှောက်ကောင်းပြီး စိတ်နှလုံးကောင်းလည်း ရှိသူပဲ။
လုရွှမ် ပြုံးပြီး မငြင်းလိုက်ပေ။ ထိုအစား အကြည့်တစ်ခု ရောက်လာတာကို ခံစားလိုက်ရသည်။ ဟောင်နန်းဖုန်းဘေးတွင် ရပ်နေသော ယောင်ဆူးသည် ကျောက်ချင်ယင်းအား နားမလည်နိုင်သော မနာလိုမှု အရိပ်အယောင်ဖြင့် ကြည့်နေလေသည်။
"အစ်ကိုထျန်းချိုင် ယောင်ဆူးနဲ့ရှင်က ဘာမှမဆိုင်ဘူး ဟုတ်တယ်မလား?"
"ဟမ့်"
ကပ္ပတိန်သည် ဒေါသတကြီး လှည့်ပတ်လျှောက်နေကာ လူတိုင်းရှေ့တွင် ရပ်နေပြီ ဖြစ်သည်။ လူတိုင်း လျင်မြန်စွာ ရောက်လာတာကို မြင်သောအခါမှ သူ့ရဲ့တင်းမာနေသော အမူအရာက အနည်းငယ် လျော့ပါးသွားသည်။
"အရမ်းကောင်းတယ်... မင်းတို့အားလုံး ဒီကိုရောက်နေပြီ ဆိုတော့ မင်းတို့ကိုငါ ပြောစရာသတင်းဆိုး တစ်ခုရှိတယ်... မင်းတို့ရှေ့ကို ကြည့်လိုက်... တုံ့ဆိုင်းနေတဲ့ လေထုတစ်ခုက ရုတ်တရက် ပေါ်လာတယ်... အဲဒါကို တိလျိုဖုန်း သောင်တင်နေတဲ့လေလို့ ခေါ်တယ် ဘာလဲဆိုတော့... ဆိုလိုတာက ဒီလေက လှေကိုယ်ထည်ကို ဖြတ်သွားတာမျိုးကို ပိတ်ဆို့လို့ မရဘူး... လှေကိုယ်ထည်အတွက် အန္တရာယ် မရှိပေမယ့် ကျင့်ကြံသူတွေ အတွက်တော့ အန္တရာယ်ရှိတယ်”
"ငါတို့ ဖြတ်သွားတဲ့ အခါကျရင် ရွက်ထည်က ရှေ့ကို အလိုအလျောက် ရွေ့သွားလိမ့်မယ်... သောင်တင်နေတဲ့လေထဲ ရောက်တာနဲ့ လှေကိုယ်ထည်က ချုပ်နှောင်ခံရလိမ့်မယ်...အဲဒီအခါ လူတစ်ယောက် ကျယ်ပြောလွန်းတဲ့ လောကမှာ သောင်တင်နေသလို ဖြစ်နေမယ် ဝိညာဉ်စွမ်းအင်ကလည်း မရှိဘူး... အဲ့တော့ ဘာဖြစ်မယ်ဆိုတာ မင်းတို့သိတယ် မဟုတ်လား"
အားလုံးရဲ့ အမူအရာက ချက်ချင်း ပြောင်းလဲသွားတော့သည်။ လေတိုက်လို့ မျောပါသွားခဲ့ရင် သေမှာသေချာလေ၏။ ရောထွေးနေတဲ့ အသံများ ထွက်ပေါ်လာကာ လူတွေက ဘယ်လိုလုပ်ရမလဲလို့ အချင်းချင်း စိုးရိမ်စွာ မေးနေကြတော့သည်။
"အားလုံး ပါးစပ်ပိတ်ပြီး ငါ့စကားကို နားထောင်စမ်း!!" ဟု ကပ္ပတိန်က အော်လေသည်။
"ဒီသခင်ကြီးငါက ငါ့ရဲ့ဂုဏ်သိက္ခာကို အလေးထားတယ် ဒါ့ကြောင့် မင်းတို့အားလုံး ငါ့အတွက် ရှင်သန်ရမယ်.... နားလည်လား? ဒါပေမဲ့ မင်းတို့ဘယ်လို ရှင်သန်ကြမလဲ? သောင်တင်နေတဲ့လေ ဆိုတာ အားနည်းတဲ့ လူတွေကို တက်တက်ကြွကြွ ရှာဖွေတတ်တဲ့ ဝိသေသတစ်ခုပဲ.... အဖွဲ့လိုက်ခွဲ ဒါမှမဟုတ် အတွဲလိုက်နေပြီး အချင်းချင်း ကူညီနိုင်တယ်... တစ်ယောက်က သန်မာရင် နောက်တစ်ယောက်က အားနည်းရမယ်"
အားလုံးက စိတ်ရှုပ်နေကြတုန်းပါပဲ။ အားနည်းတာလား။ အားနည်းတာက ဘာကိုဆိုလိုတာလဲ။ လုရွှမ်က ပိုရိုးရှင်းပါ၏။ သူ့ဆီကို ဘယ်သူမှ လာမှာ မဟုတ်ဘူးလေ။
ကျောက်ချင်းယင်က လုရွှမ်အနားမှာ ရပ်လိုက်ပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောပါ၏။
"သန်မာတဲ့ လူတစ်ယောက် အနေနဲ့ ရှင့်ကို ပြုစုစောင့်ရှောက်ဖို့ စိတ်ပိုင်းဖြတ်ထားမိပုံရတယ်"
ကပ္ပတိန်က အမိန့်ပေးသည်နှင့် မကြာမီ လှေလုပ်သားများ ဆင်းလာကာ အားလုံးကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ သူတို့ရဲ့ နယ်ပယ်အလိုက် ခွဲထုတ်ပစ်လိုက်သည်။ မဟာသူတော်စင် အဆင့်၅ အထက် လူများသည် သန်မာသည်ဟု ယူဆကြပြီး အဲဒီအဆင့်အောက် လူများကတော့ သဘာဝအတိုင်း အားနည်းကြလေသည်။
ဟောင်နန်းဖုန်းက မဟာသူတော်စင် တတိယအဆင့်တွင် ရှိသော ကျင့်ကြံသူ တစ်ယောက်နှင့် တစ်ဖွဲ့ ဖြစ်သွားသည်။
ယောင်ဆူးရဲ့ နယ်ပယ်က မဟာသူတော်စင် အဆင့်၉ တွင် တည်ရှိသောကြောင့် သူမသည် သဘာဝအားဖြင့် သန်မာသူဖြစ်ရန် စီစဉ်ထားသည်။ ကျောက်ချင်ယင်း သူမကို အထပ်ထပ် အခါခါ စိုက်ကြည့်လာစဥ် သူမကလာ်း ယုံကြည်မှုအပြည့်ဖြင့် ပြန်စိုက်ကြည့်နေသည်။
"ကောင်းပြီ အားလုံး ကုန်းပတ်ပေါ်မှာပဲ မတ်တပ်ရပ်လိုက်ပါ... မင်းတို့အတွက် နေရာအလုံအလောက် ရှိတယ်။ လှေကိုယ်ထည်ကို မပျက်စီးအောင်လည်း သတိထားပါ.. ဒါပေါ့ မင်းတို့ရဲ့ ခွန်အားနဲ့ဆို အဲဒီလိုစွမ်းရည်မျိုး မရှိနိုင်ပါဘူး"
ကုန်းပတ်သည် အမှန်တကယ်ပင် အလွန်ကြီးမားပြီး လူတိုင်းအတွက် ကုန်းပတ်ပေါ်တွင် မတ်တပ်ရပ်နေဖို့ လုံလောက်တာထက်တောင် ပိုနေသေးသည်။
ကုန်းပတ်အပေါ်တွင် အလွန်ထူးဆန်းသော ပစ္စည်း အလွှာ တစ်ခုရှိသည်။ ၎င်းသည် အလွန်ပါးလွှာသော်လည်း လှေရဲ့ ကိုယ်ထည်ကို ကောင်းစွာ ကာကွယ်ထားနိုင်သည်။
ကပ္ပတိန်နှင့် သူ့၏အမှုထမ်းအဖွဲ့ တစ်ဖွဲ့သည် ကုန်းပတ်ပေါ်တွင် ရပ်ကာ လူတိုင်းကို အနီးကပ်ကြည့်နေကာ အချိန်မရွေး ကယ်ဆယ်ရေးအတွက် ပြင်ဆင်နေမှန်း သိသာသည်။ ကပ္ပတိန်သည် လူယုတ်မာတစ်ဦး ဖြစ်သော်လည်း သူ့စကားကိုတော့ တည်နေဆဲ ဖြစ်သည်။
"ငါတို့ တိလျိုဖုန်းထဲ ဝင်တော့မယ် သတိထား!!"
သူပြောပြီး သိပ်မကြာခင်မှာပဲ လှေကြီးရဲ့ ကိုယ်ထည်က တုန်ခါသွားလေသည်။ အဲဒီအခါမှာ အားလုံးက သူတို့ရဲ့ ခန္ဓာကိုယ်တွေ မျောပါသွားသလို ခံစားလိုက်ရ၏။ လှေကိုယ်ထည်ကြီး တိလျိုဖုန်း ခေါ် သောင်တင်နေတဲ့လေထဲ ဝင်သွားတဲ့အခါ ပျံသန်းလို့ မရတော့ချေ။
မကြာခင်မှာ လူတိုင်းက ပျံသန်းတာ မဟုတ်တဲ့ လေထုထဲ မျောလွင့်နေတာကို တွေ့လိုက်ရသည်။ လေထဲမှာ ပျံဖို့ ခွန်အားတွေ အများကြီး ယူလိုက်တာတောင် ဘယ်အင်အားကိုမှ ထုဆ်သုံးလို့ မရတော့ချေ။
သူတို့သည် အနီးနားရှိ လှေနံရံများကို လျင်မြန်စွာ ဆုပ်ကိုင်ထားသော်လည်း လူတိုင်းကို ထိတ်လန့်သွားစေတာက သူတို့ရဲ့ လက်ဖဝါးများက ၎င်းတို့ကို တိုက်ရိုက် ဖြတ်သွားခဲ့ခြင်းပင်။
သောင်တင်နေတဲ့လေက တကယ်ထူးဆန်းတာပဲ။
လုရွှမ်၏ ခြေဖဝါးအောက်တွင် အလင်းရောင် ခပ်ဖျော့ဖျော့လေး ရှိနေသည်။ သူ့ကိုယ်သူ ပြန်ငုံ့ကြည့်ပြီးတော့မှ လုရွှမ်လည်း စိတ်သက်သာရာ ရသွား၏။ အနည်းဆုံးတော့ သူ့ကိုယ်သူ ကာကွယ်နိုင်တယ်လေ။
ကျောက်ချင်ယင်းသည် မျက်လုံးကြီးကြီးဖြင့် လုရွှမ်ကို ကြည့်ကာ ပြုံးပြနေသည်။ သူမက သူမ၏ လက်ဖဝါးကို ဆန့်ထုတ်ကာ တောင်းပန်သည့် အရိပ်အမြွက်ပြကာ ပါးစပ်လေးကို ဖွဖွလေး ဟလိုက်သည်။
လုရွှမ်လည်း သူ့မျက်လုံးများကို မှိတ်လိုက်ပြီး ကျောက်ချင်ယင်းရဲ့ လက်ကို လှမ်းဆွဲ၍ ပြုံးပြလိုက်သည်။
လွန်းပျံယာဥ်ရဲ့ ပျံသန်းမှု အမြန်နှုန်းသည် အလွန်လျင်မြန် နေသေးသော်လည်း တဖြည်းဖြည်း တည်ငြိမ်လာပြီး လှေပေါ်က လေနုအေးသည်လည်း တဖြည်းဖြည်း အရောင်ပြောင်းလာကာ အလင်းရောင် ဖျော့ဖျော့လေး ထွက်ပေါ်လာသည်။
လုရွှမ်နှင့် ကျောက်ချင်ယင်းမှလွဲ၍ တစ်ယောက်ကို တစ်ယောက် ချုပ်နှောင်ဆွဲထားသည့် လူများက မရှိသလောက်ပင်။ ဒီလိုအခြေအနေမျိုးတွင် လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် ငြိတွယ်ပြီး ပါသွားကြမှာကို ကြောက်ကြသည်။