← Chapters

ကြီးမားသောဆုံးရှုံးမှု

Vol. 70 Ch. 4.568

ကြီးမားသောဆုံးရှုံးမှု

Vol. 70 Ch. 4.568

လုရွှမ် လေပြေကို စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်​နေကာ သတိမ​ပေါ့ထားဝံ့ပေ။ လေထဲတွင် သတ္တဝါတစ်​ကောင် ရှိ​နေပုံရတာကို ယောင်ဝါးဝါး ခံစားလိုက်ရသည်။ အဲဒီအကောင်ရဲ့ ခွန်အားက မပြင်းထန်ပေမယ့် အလွန်ထူးဆန်းသည်။

ဒီအကြောင်းကို သေသေချာချာ သိထားသော ကပ္ပတိန်အား လှမ်းကြည့်လိုက်တော့ သူ့လက်ထဲတွင် အပိုလက်နက်တစ်ခု ရှိနေတာကို တွေ့ရလေ၏။ ၎င်းမှာ အသွားတစ်ဖက်ပါ ဓားတစ်လက် ဖြစ်​ပေသည်။

“အား!”

နောက်ဆုံးတွင် တစ်စုံတစ်ယောက်ရဲ့ စူးစူးဝါးဝါး အော်ဟစ်သံကြီး ထွက်ပေါ်လာပေ၏။ ၎င်းမှာ ကျင့်ကြံသူ မိန်းကလေးတစ်ယောက် ဖြစ်သည်။

သူမအင်အားသည် မဟာသူတော်စင် နယ်ပယ်၏ ပထမအဆင့်သာ ဖြစ်သည်။ ရုတ်တရတ် သူမခန္ဓာကိုယ်ပေါ်ကို ရေဘဝဲလက်တံလို ရှည်မျောမျော အရာတစ်ခုက တွယ်ကပ်လာ၏။ ကျင့်ကြံသူ မိန်းကလေးမှာ ခက်ခက်ခဲခဲ ရုန်းကန်​နေသော်လည်း သူမ မတတ်နိုင်ပေ။

သူမဘေးနားက ကျင့်ကြံသူ ယောက်ျားပျိုမှာ အလွန်အမင်း ထိတ်လန့်ကာ ဆွံ့အနေပြီး ဘာကိုမှ ဝင်မလှုပ်ရှားဘဲ ထိုမိန်းကလေးကို ကန်ကျောက်ပြီး ဘေးကို ပြေးထွက်သွားလေ၏။

လှေလုပ်သားတစ်ဦး ရုတ်တရက် ပြေးထွက်လာပြီး ထိုအကောင်ကို ဓားနဲ့ ခုတ်ပိုင်းပစ်လိုက်သည်။ ဓားအလင်းသည် ဖျက်ကနဲ တောက်ပသွားပြီး ထိုသတ္တဝါရဲ့ အော်သံနဲ့အတူ အသားတုံးကို လှီးဖြတ်လိုက်တဲ့ အသံကပါ ထွက်ပေါ်လာခဲ့သည်။

ထိုအကောင်က မိန်းကလေးကို လွှတ်​ပေးလိုက်သည်။ ထိုမိန်းကလေးမှာလည်း ထိတ်လန့် တုန်လှုပ်သွားကာ အလွန်ကျေးဇူးတင်ရင်း လှေလုပ်သားကို အလိုလို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်မိသည်။

လှေလုပ်သားမှာ အနည်းငယ် စိတ်မရှည်ကြသော်လည်း ကျင့်ကြံသူ မိန်းကလေးရဲ့ တုံ့ပြန်မှုသည် ပုံမှန်ဖြစ်ကြောင်း သိသာထင်ရှားတာကြောင့် သူမကို ချက်ချင်း မတွန်းထုတ်ခဲ့ပေ။ အဲဒီအစား သူက သူမကို ခဏလောက် နှစ်သိမ့်ပေးခဲ့ကာ ဒါကတင် တော်တော်​လေး ကြင်နာပေးနေပြီ ဖြစ်သည်။

နောက်ထပ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသော်လည်း ထိုအရာ ထွက်ပြေးသွားသည့် ကျင့်ကြံသူ ယောက်ျားပျိုအား လှေလုပ်သားတစ်ယောက်မှ လက်ပြန် ပါးရိုက်လိုက်သော အသံပဲ ဖြစ်​လေသည်။

"ကောင်လေး.... လှေပေါ်မှာ ထပ်တက်ချင်ရင် ယာဉ်စီးခ ထပ်ပေးရမယ် မဟုတ်ရင် မင်းသေပြီပဲ..."

ကျင့်ကြံသူဟာ မခုခံရဲဘဲ နှိမ့်ချစွာသာ ပြန်ပြောရဲ​​လေသည်။

ကျင့်ကြံသူ ယောက်ျာပျိုရဲ့ သနားစရာကောင်းတဲ့ အခြေအနေကို မြင်လိုက်ရတော့ လူတိုင်းက ရှက်စရာကောင်းတယ်လို့ပင် မထင်နိုင်ကြတော့ပေ။ သို့သော် ပို့ဆောင်ခက မတတ်နိုင်လောက်အောင် စျေးကြီးတယ်လေ။ ဘယ်သူကမှ လက်လွှတ်စပယ် မလုပ်ရဲတော့ဘူး။ တစ်ယောက်နဲ့ တစ်ယောက် ကြည့်ရင်း ဒီအခြေအနေကို အာရုံစိုက်လိုက်ကြပြီး တခဏအတွင်းမှာပဲ လေထုက ပိုကောင်းလာခဲ့သည်။

နောက်အကြိမ် အနည်းငယ်တွင် လက်ဖဝါး စွမ်းအင်များကို လေညင်းထဲတွင် တွေ့လာခဲ့ရပြီး ၎င်းတို့၏ အဖော်များကို အချင်းချင်း ကယ်တင်နိုင်ခဲ့ကြသည်။

လေထဲမှာရှိတဲ့ အဲဒီအရာတွေက သိပ်ကြောက်စရာ မဟုတ်ဘူး ဆိုတာကို လူတွေ တဖြည်းဖြည်း သိလာခဲ့သည်။ သူတို့ ခဏလောက် ထိတ်လန့်သွားခဲ့ပေမယ့် သူတို့ရဲ့ ခွန်အားနဲ့ ဒီသားရဲတွေကို အဝေးကို မောင်းထုတ်ပစ်ဖို့တော့ လုံလောက်ပါ၏။

လူတိုင်း၏ စိတ်ခံစားချက်များက မြင့်မားလာပြီး သူတို့မျက်နှာများသည် ယုံကြည်မှုနှင့် အပြုံးများ ပိုမိုထင်ဟပ်လာကြသည်။

"ဟမ့် သိပ်စိတ်မလှုပ်ရှားနဲ့ဦး... ငါတို့က အစွန်အဖျားမှာပဲ ရှိသေးတယ်... အခု အူတိုင်ထဲကို ဝင်တော့မယ် အထဲမှာ ပိုအန္တရာယ်များတယ် ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် အားပေးထားကြ"

ဒါကိုကြားတော့ ကျင့်ကြံသူတွေက မျက်နှာက ရုပ်ဆိုးလာပြီး မျက်ခုံးတွေ ညိုမည်းလာကြသည်။ မျက်လုံးတွေက တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေ၏။

ထိုအခိုက် လှေကိုယ်ထည်ထဲသို့ မှုတ်ထုတ်လိုက်သော လေ၏အရှိန်သည် ရုတ်တရက် အရှိန်ပြင်းလာပြီး ခန္ဓာကိုယ်ပေါ်တွင် အေးစက်သွားသလို ခံစားလိုက်ရသည်။

"သတိထား... အကောင် အကြီးကြီးတစ်ကောင် လာနေပြီ!"

ကပ္ပတိန်က ရုတ်တရက် အော်လိုက်သည်။

​​လေထုထဲကို ချောင်းကြည့်လိုက်တော့ တိမ်တိုက်တစ်ခုကို လှမ်းမြင်လိုက်ရ၏။ အမှန်က အဲဒါက တကယ့်တိမ်အစစ် မဟုတ်ဘဲ တိမ်တိုက်နဲ့ တူနေရုံသာ။ ရုတ်တရက် ထိုတိမ်တိုက်ကြီးထဲမှ ပန်းတစ်ပွင့် ပြေးထွက်လာကာ အလွန်မြန်သော အရှိန်များဖြင့် ကျင့်ကြံသူများကို တစ်ယောက်ပြီး တစ်ယောက် ဖမ်းဆူပ်ပစ်လိုက်သည်။

ပန်းပွင့်ကြီးနဲ့ ထုပ်ပိုးခံထားရသော ကျင့်ကြံသူများသည် အလွန်ကြောက်လန့် သွားကြသော်လည်း ၎င်းတို့အား ကိုင်ဆောင်ထားသည့် ပန်းပွင့်ကြီးများသည် သူတို့ဆီက စွမ်းအားကို မခံစားရပုံဖြင့် တိမ်များထဲ ပြန်လည် လွင့်စင်သွား၏။ ထိုအခါမှ အားလုံးလည်း သက်ပြင်းချလိုက်ကြသည်။

ထိုအချိန်တွင် လှေလုပ်သား တစ်ဦးစီသည် ပြင်းထန်သော ရန်သူကို ရင်ဆိုင်​နေရသကဲ့သို့ ဂရုတစိုက် လှည့်ပတ်​ကြည့်​နေကာ နောက်ဆုံးထိ ကူညီရန် အာရုံစိုက်နေကြသည်။

နောက်ထပ် လမ်းကြောင်းက အနည်းငယ် ပိုလုံခြုံလာသည်။ လူတိုင်းလည်း တိမ်တွေ ဖုံးနေတဲ့ မြင်ကွင်းထဲကနေ ထွက်လာနိုင်ကြ၏။ သူတို့အထဲက တစ်ယောက်မှ မပျောက်သွားတာကြောင့် အားလုံး ဝမ်းသာသွားကြသည်။

အရှေ့ဘက်ရှိ တိမ်တိုက်များသည် တဖြည်းဖြည်း သေးငယ်လာပြီး သားရဲ တစ်ကောင်ရောက်လာရန် အချိန်အတော်ကြာကာ လေပြေထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည့် လက်ဖဝါးလို ပန်းပွင့်များစွာလည်း နည်းပါးသွားခဲ့သည်။

"ဒီတစ်ခါ ငါတို့တော်တော် ကံကောင်းပုံရတယ်"

လှေလုအ်သား တစ်ယောက်က အော်လိုက်သည်။ ထိုအခါ ကျင့်ကြံသူ တစ်ယောက်က ရုတ်တရက် တုန်တုန်ယင်ယင် အသံဖြင့်

“ဒီကအစ်ကိုကြီး... သတိမမူဘဲ မနေကြပါနဲ့ဗျာ နောက်မှ အကြီးကြီးလာရင် ဘယ်လိုလုပ်မလဲ?”

ကပ္ပတိန်နှင့် သူ့အမှုထမ်း အားလုံးသည် ထိုလူအား ဒေါသအမျက်ထွက်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်လာလေ၏။

ကပ္ပတိန်က "ကောင်လေး မင်း လှေပေါ်ကဆင်းရင် မင်းရဲ့ ကျီးကန်းပါးစပ် အတွက် ပုံမှန် စျေးထပ်ပေးရမယ်!"

အဖြူရောင် တိမ်တိုက်တစ်ခု အရှိန်အဟုန်ဖြင့် တိုးဝင်လာသည်။ ၎င်းက ကြီးမားလွန်းသဖြင့် သူတို့ရဲ့ လွန်းပျံယာဥ် တစ်ခုလုံးကို ဖုံးအုပ်လုနီးပါး ဖြစ်နေ​ပြီ။

"ချီးပဲကွာ!!"

ကပ္ပတိန်က ကျိန်ဆဲပြီး ထိုလူကို စိုက်ကြည့်လိုက်ပြန်သည်။ အခုဆို လူတွေက စကားပြောခဲ့တဲ့ အဲဒီလူအပေါ် နာကြည်းမှုတွေ ပြည့်နှက်နေပြီဆိုတာ အဲဒီလူကလည်း ဘယ်လိုနည်းနဲ့မှ မသိနိုင်စရာ အကြောင်း မရှိပေ။

လှေလေးတစ်စင်း မြစ်လယ်မှာ နစ်မြုပ်နေသလို သို့မဟုတ် ပျဉ်တံတား တစ်စင်းပေါ်တွင် လမ်းလျှောက်နေတုန်း တံတားကျိုးသွားတယ်လို့ ဆိုရလောက်အောင် ဖြစ်နေပြီ။

အမြင်အာရုံက လုံးဝအဖြူအတိ ဖြစ်နေပြီး ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်​တော့ပေ။

သို့သော် နောက်အခိုက်အတန့်တွင် အော်ဟစ်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။ အလွန်လျင်မြန်သော အော်သံအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် အသံများက ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။

လုရွှမ်လည်း ကျောက်ချင်ယင်းရဲ့ လက်ချောင်းတွေ တင်းတင်းကျပ်ကျပ် ဖြစ်လာတာကို ခံစားလိုက်ရပြီး နူးညံ့သိမ်မွေ့သော ခွန်အားတစ်ခုကို တွန်းပို့ပေးလိုက်သည်။

"မစိုးရိမ်နဲ့"

"အစ်ကိုထျန်းချိုင် ဒါ ရှင့်ရဲ့လက်တစ်ဖက်ပဲလား"

ကျောက်ချင်ယင်း ရုတ်တရက် အော်လိုက်သည်။

လုရွှမ်လည်း သူ့ခန္ဓာကိုယ်မှာ ရုတ်တရက် ရပ်တန့်သွားသလိုမျိုး မလှုပ်ရှားတော့ကြောင်း ခံစားလိုက်ရသည်။ သူသည် လေပြင်းနိယာမကို ပိုင်ဆိုင်ထားပြီး လေတိုက်နှုန်းကို အရှင်းဆုံး ခံစားနိုင်စွမ်း ရှိသည်။ မတွေး​နေ​တော့ဘဲ လေပြင်း မုန်တိုင်းကြီးကို ချက်ချင်း ဖြန့်ကျက်လိုက်ရာ ကြည်လင်လာသော မြင်ကွင်းကြောင့် သူသည် ဓားတစ်ချောင်းနှင့် ရှေ့သို့ တိုးဝင်ကာ ကျောက်ချင်ယင်းရဲ့ ပခုံးပေါ်မှ လက်ကို ခုတ်ထစ်လိုက်သည်။

သူမသည်လည်း ခြေထောက်အောက်မှ အားပြင်းပြင်းဖြင့် လှည့်၍ ရှေ့သို့ ပျံသန်းလာရာ လုရွှမ်လည်း သူမကို ဆွဲထုတ်လိုက်သည်။ ကျောက်ချင်ယင်းသည် မယုံနိုင်အောင် ဖြစ်သွားပေမယ့် သူမက အသံလုံးဝ မထွက်လိုက်ပေ။

နောက်ဆုံးတွင် တိမ်ဖြူများ လွင့်စင်သွားကာ အမြင်အာရုံများလည်း ပြန်လည် ကြည်လင်လာသည်။ လူတိုင်းက ပတ်ပတ်လည်က လူတွေကို လှမ်းကြည့်လိုက်ကြ၏။ ခဏပဲ ကြာသွားပေမယ့် ကုန်းပတ်တစ်ခုလုံးကို လူသုံးဆယ်ကျော် သုတ်သင်ပြီးသွားပြီမို့ လုံးဝ ဗလာကျင်းနေပြီ။

ကျောက်ချင်ယင်းသည် သူမနှင့် လုရွှမ်က ကုန်းပတ်နောက်ဖေးတွင် ရှိနေတာကို တွေ့လိုက်ရသည့် အတွက် အလွန် ထိတ်လန့်သွားလေသည်။

ကပ္ပတိန်ရဲ့ မျက်နှာသည်လည်း မည်းမှောင်သွားကာ သူ၏စိတ်ဝိညာဉ် စွမ်းအားသည် လူအုပ်ကြားတွင် ပျံ့နှံ့သွားပြီး ကျိန်ဆဲလိုက်​​တော့သည်။

တစ်ချိန်တည်းမှာ လူ ၃၀ ကျော်က သုတ်သင်ပယ်ချ ခံလိုက်ရပြီ။ သူဟာ ကျော်ကြားမှုကို စိတ်ဝင်စားပြီး ဘယ်သူ့ကိုမှ နောက်မှာ ချန်မထားခဲ့နိုင်ဘူးလို့ အမြဲအော်ပြောခဲ့သူ မဟုတ်လား။ အခုတော့ ဘာဖြစ်သွားပြီလဲ။

"ဟေ့ကောင် မင်းကကျ​တော့ ဘာလို့ မသေ​​သေးတာလဲ?"

အစောတုန်းက စကားပြောခဲ့တဲ့ ကျင့်ကြံသူကို ကျိန်ဆဲလိုက်လေသည်။ ထိုလူသည် ထိတ်လန့်စွာ ခေါင်းငုံ့ကာ ပြန်မဖြေဝံ့ပေ။

ကြောက်မက်ဖွယ် ကောင်းသော တိမ်ဖြူဖြူများကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို ကျန်ခရီးတစ်လျှောက်တွင် လှေလုပ်သားများက လူတိုင်းကို ဘေးကင်းလုံခြုံစေကာ မည်သူတစ်ဦးတစ်ယောက်မျှ ဖမ်းဆီးခွင့် မပြုခဲ့ပေ။

လုရွှမ်သည် ယောင်ဆူးနဲ့ ဟောင်နန်းဖုန်းတို့ အတူတူ ရပ်နေတာကို သတိပြုမိသည်။ သူတို့ကို ကြည့်ရတာ ဘာမှ မ​ဖြစ်သွားသလိုပင်။

ကျောက်ချင်ယင်းရဲ့ မျက်နှာသည် ဖြူဖျော့နေဆဲဖြစ်ပြီး သူမ လုရွှမ်လက်ကို မလွှတ်ဝံ့ဘဲ တင်းတင်းဆုပ်ကိုင်ထား​လေသည်။ လုရွှမ်လည်း သူမ၏ တုန်ရီနေသော ခန္ဓာကိုယ်ကို ပိုမိုနွေးထွေးစေရန် ယွမ်ယန်စွမ်းအင်ကို ပေးပို့ရန်မှတပါး ရွေးချယ်စရာ မရှိ​​တော့ပေ။

နယ်စပ်ဖြတ်ကျော် လှေသည် ရုတ်တရက် ယိမ်းထိုးသွားကာ အနီးနားရှိ လှေနံရံများသည် တစ်ဖန် ငြိမ်သက်နေသော လေကို ဖြတ်ကျော်ကာ လက်တွေ့ဘဝသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

ကပ္ပတိန်က

"အားလုံး ကျေးဇူးပြုပြီး ကိုယ့်အခန်းကို ပြန်သွားကြပါ... အန္တရာယ်ရှိတဲ့အခါ မင်းတို့ကို ခေါ်လိုက်မယ်"

လူတစ်ဦးမှ ထွက်ခွာသွားပြီး လှေလုပ်သား အမှုထမ်းများထဲမှ တစ်ဦးတစ်ယောက်မှ မျက်နှာ မကောင်းကြတော့ချေ။

ကျင့်ကြံသူများသည် ဤနေရာ၌ မနေချင်တော့တဲ့ အတွက် သူတို့ရဲ့အခန်းများဆီသို့ အမြန်ပြန်သွားကြသည်။ ဟောင်နန်းဖုန်းရဲ့ အဖွဲ့ကိုတော့ ယောင်ဆူးမှလွဲ၍ ဘယ်သူမှ ဂရုမစိုက်ကြပေ။ ယောင်ဆူးက ဟောင်နန်းဖုန်းနောက်မှ လိုက်ကာ အခန်းထဲ ဝင်သွားခဲ့သည်။

လုရွှမ်လည်း ကျောက်ချင်ယင်းကို စိတ်ဓာတ်ကျစွာဖြင့် သူ့အခန်းထဲသို့ ခေါ်သွားခဲ့သည်။ ကျောက်ချင်းယင်မှာ ထိတ်လန့်နေဆဲ ဖြစ်ကာ လုရွှမ် ဘယ်လောက်ပြောပြော လက်ကို မလွှတ်ပေးလာချေ။

All Chapters