← Chapters

အုပ်စုများ ဖြစ်ပေါ်ခြင်း

Vol. 16 Ch. 216

အုပ်စုများ ဖြစ်ပေါ်ခြင်း

Vol. 16 Ch. 216

အပြင်ဘက် တောင်များ၏ အိမ်တစ်လုံး အတွင်းတွင် ဖြစ်သည်။

ချန်းယွင်က ကုလားထိုင် တစ်ခုပေါ်တွင် တည်ငြိမ်စွာ ထိုင်နေပြီး လက်ဘက်ရည်ကို တစ်ငုံချင်းစီ သောက်နေသည်။ သူ၏ရှေ့တွင် အပြာရောင် ဝတ်စုံနှင့် လူငယ်တစ်ဦးက ရိုသေသော အမူအရာဖြင့် မတ်တတ်ရပ်လျက် ရှိသည်။ ထိုလူငယ်၏ မျက်နှာမှာ သာမန်သာ ဖြစ်သော်လည်း သူ၏မျက်လုံးများမှာ မြေခွေး တစ်ကောင်ကဲ့သို့ ကောက်ကျစ် စဉ်းလဲမည့် ပုံရှိသည်။

“ဆရာချန်း ဆရာက ကျွန်တော့်ကို ပထမတန်းမှာ တက်ရောက်ဖို့ အတွက် သဘောတူထား ခဲ့တယ်နော်”

အပြာရောင် ဝတ်စုံနှင့် လူငယ်က ဝမ်းနည်း နေဟန်ဖြင့် ပြောသည်။

ချန်းယွင်က လက်ယမ်းလိုက်ပြီး ပြန်ပြောခဲ့သည်။

“မူဝူကျိက လူတစ်ယောက်ကို အတင်း ထိုးထဲ့သွားပြီး ငါစီစဉ် ထားတာတွေ ပြောင်းလဲ သွားမယ်လို့ ငါလည်း ဘယ်ထင်မလဲ”

ချန်းယွင်က မကွဲပြားသော အသံဖြင့် ပြောသည်။

“ဟီး ဟီး ဟန်ရှန့်။ ဒီတစ်ကြိမ်က ငါ့အမှားပါ။ ငါ အရာအားလုံးကို ပြန်ယူပြမယ်”

အပြာရောင် ဝတ်စုံနှင့် ဟန်ရှန့်က အလောကြီးစွာ ပြောလိုက်သည်။

“ဆရာချန်း ပေးထားတဲ့ အခွင့်အရေးကို ကျွန်တော် ဘယ်လို ပြန်ယူရမလဲ”

ချန်းယွင်က ကျေနပ်စွာ ခေါင်းညိတ် လိုက်သည်။ ထိုနောက် စားပွဲကို ခေါက်ပြီး ပြောလိုက်သည်။

“ဇူယွမ်က ပထမတန်း ကျောင်းသား ဖြစ်သွားပေမဲ့ မင်းမှာ ဘာအခွင့် အရေးမှ မရှိတော့တာ မဟုတ်ပါဘူး”

“တပည့်အသစ် တွေကြားက စည်းမျဉ်းစည်းကမ်း တွေကို သေချာ အသုံးပြုရမယ်။ မင်းက အခု ဒုတိယအဆင့် မူလစဦး အဆင့်ရောက်နေပြီ ဇူယွမ်ကတော့ တစ်ဝက်တစ်ပျက် မူလစဦးအဆင့်ပဲ ရှိသေးတယ်။ မင်းသူ့ကို စိန်ခေါ်ဖို့ အခွင့်အရေးကို ရှာဖွေဖို့ပဲ လိုတယ်။ မင်းသာ ရှာနိုင်ရင် မင်းက သူ့ရဲ့ ပထမတန်း ကျောင်းသား နေရာကို ရလိမ့်မယ်”

“မနက်ဖြန်ဆို အဆင်ပြေတယ်။ ဒီကလေးကို တစ်ညတော့ အိမ်ထဲမှာ ပေးပျော်လိုက်ပါဦး။ သူနေထိုင်တဲ့ နေရာမှာ သူ့ကိုသွားရိုက်ရင် အရမ်းကို မပျော်မရွှင် ဖြစ်နေရလိမ့်မယ်”

ထိုစကားကို ကြားချိန်မှာ ဟန်ရှန့်၏ မျက်လုံး အစုံတွင် ပျော်ရွင်မှုများဖြင့် ပြည့်နှက်သွားသည်။

“ဒါဆို ဆရာချန်းယွင် ပြောချင်တာက…”

ချန်းယွင် မျက်မှောင် ကြုတ်ကာ ကြည့်လိုက်ပြီး ပြောလိုက်သည်။

“မင်းသာ လူတိုင်းရှေ့မှာ သူကို အနိုင်ရခဲ့ရင် ငါအနေနဲ့ မင်းကို ပထမတန်း ကျောင်းသား ဖြစ်အောင် လုပ်ပေးလို့ ရတယ်”

ဟန်ရှန့်က အလွန် ပျော်ရွင်စွာဖြင့် …

“ဆရာချန်းရဲ့ အကြံအတွက် ကျေးဇူးတင်ပါတယ်”

သူ့၏ ထင်မြင်ချက်တွင် ချန်းယွင်၏ ထောက်ခံမှု အောက်တွင် ဇူယွမ်က သူ့အတွက် ပြဿနာ မဟုတ်တော့ပေ။ သူ့အနေဖြင့် တစ်ဝက်တစ်ပျက် မူလစဦးအဆင့် တစ်ယောက်ကို ထိုးကြိတ်ရန် လွယ်ကူပေသည်။

ချန်းယွင်က ပြုံးပြလိုက်ပြီး လက်ဝှေ့ယမ်း လိုက်သည်။

ထိုအရာကို မြင်တော့ ဟန်ရှန့်က ပါးနပ်စွာ အနောက်သို့ ပြန်ဆုတ် သွားတော့သည်။

ချန်းယွင်က လက်ဘက်ရည် ခွက်အား သူ့လက်တွင် ဆော့ကစားလျက် ထွက်သွားသော ပုံရိပ်ကို စိုက်ကြည့်နေသည်။ သူက ရယ်မောလိုက်ပြီး သူ့ကိုယ်သူ ပြောလိုက်သည်။

“ဇူယွမ်က တကယ်ကို လိမ္မာပါးနပ်မှု မရှိဘူး။ နေ့တစ်ဝက်လုံး ငါ့ရဲ့ ကမ်းလှမ်းချက်ကို လက်ခံဖို့ ငါစောင့်ဆိုင်း နေခဲ့တယ်။ ငါသူ့ကို အနည်းငယ် ကာကွယ်ဖို့ လုပ်ခဲ့သေးတယ်။ စိတ်မကောင်း စရာပဲ…”

“သူက တကယ်ကို စဉ်းစားဉာဏ် မရှိဘူးပဲ”

“ငါမင်းကို ပုဂ္ဂိုလ်ရေးအရ ဒီလိုလုပ်တာ သိပ်မသင့်လျော် ပေမဲ့လည်း မင်းကို စည်းကမ်းနဲ့အညီ ဖယ်ထုတ်နိုင်ခဲ့ရင် အကြီးအကဲ နှစ်ယောက်တောင် ငါ့ကို ဘာမှပြောနိုင်မှာ မဟုတ်ဘူး”

အပြင်ဘက် တောင်တွင် သူ့အနေဖြင့် စီမံခန့်ခွဲခွင့် ရှိသော်လည်းပဲ သူ၏အထက်တွင် အပြင်ဘက် တောင်၏ အကြီးအကဲ နှစ်ယောက် ရှိနေပေ သေးသည်။ သို့သော်လည်း အကြီးအကဲ နှစ်ယောက်လုံးမှာ သည်လို ကိစ္စရပ်များကို အနည်းငယ်မျှပင် ဂရုစိုက်ခြင်း မရှိပေ။ ထိုကြောင့် အပြင်ဘက်တောင်တွင် သူသာ အာဏာ အရှိဆုံးဟု ပြောဆိုနိုင် ပေသည်။

***

ညအချိန်သို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့ပြီး အမှောင်ထုက တောင်တန်းများနှင့် တောအုပ်များကို စတင်လွှမ်းခြုံ လာခဲ့သည်။ သို့သော်လည်း အမှောင်ထုကို လွန်ဆန်ပြီး အပြင်ဘက်တောင်တွင် အလုပ်ရှုပ်လျက် ရှိကြသည်။

နေ့ခင်းပိုင်းတွင် အတန်းများ ခွဲဝေပြီးနောက် တပည့် အသစ်များကြား ဖုံးကွယ်ထားသော သဘောထားများကို ငြင်းခုန်ဆွေးနွေး နေကြသည်။ အဓိကအားဖြင့် တပည့် အသစ်များမှာ အနားယူ နေကြသည်။ အချို့သော ဉာဏ်ကောင်း သူများက သူတို့၏ သူငယ်ချင်းများကို အမျိုးမျိုးသော ဂိုဏ်းများ အုပ်စုများ အတွင်းသို့ ဝင်ရောက်ရန် ဖိတ်ခေါ်ကြသည်။ နေရာတိုင်းတွင် အုပ်စုများ ဂိုဏ်းများသည် တစ်ယောက်တည်း နေသူများထက် အကျိုးကျေးဇူး ပိုများကြပေသည်။

ပထမတန်း ကျောင်းသားများက သူတို့၏ မြင့်မားသော အဆင့်အတန်း များကြောင့် ဂိုဏ်းများ အုပ်စုများတွင် အဓိက ခေါင်းဆောင်များ ဖြစ်လာကြသည်။

ထိုကြောင့် တောင်များ အတွင်းတွင် အလင်းရောင် တောက်ပနေသော အိမ်လေးများမှာ လှုပ်ရှား အသက်ဝင် နေကြသည်။

***

အိမ်လေးတစ်လုံး အတွင်းတွင် ဒါဇင်နှင့်ချီသည့် လူများစုဝေး နေကြပြီး ပတ်ဝန်းကျင် လေထုမှာ အသက်ဝင်လျက် ရှိသည်။ လျှိုစုန့်လည်း ထိုလူစုထဲတွင် ပါဝင်ပေသည်။

လူနှစ်ယောက်မှာ အလယ်ဗဟိုတွင် ရှိနေကာ ကျန်လူများက ကြယ်များက လကို ဝန်းရံနေကြသည့် အလား ထိုင်နေကြသည်။ သူတို့၏ အမူအရာမှာ တည်ငြိမ်နေကြပြီး သူတို့၏ မျက်နှာများတွင် လူစုက သူတို့အား လေးစားနေ ကြသည့်အပေါ် ကျေနပ်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။

သူတို့နှစ်ယောက်မှာ ပထမတန်း၏ တပည့်များ ဖြစ်သည်။

တစ်ယောက်မှာ ဝေ့ဝူ ဟုခေါ်ပြီး နောက်တစ်ယောက်၏ အမည်မှာ စုအို ဖြစ်သည်။

လျို့စုန်က တောက်ပစွာ ပြုံးလိုက်ပြီး ပြောဆိုလိုက်သည်။

“ဟီး ဟီး… ဒီမှာရှိနေတဲ့ ကျွန်တော်တို့ အားလုံးက အစ်ကိုဝေ့နဲ့ အစ်ကိုစု တို့ရဲ့ နောက်လိုက်တွေ ဖြစ်လာမှာပဲ”

ကျန်တဲ့လူ များကလည်း ခေါင်းညိတ် လိုက်ကြသည်။ ဝေ့ဝူနဲ့ စုအိုတို့က တောင်ထွတ် ခုနှစ်ကို ဝင်ရောက် နိုင်မည်မှာ သေချာနေပြီး အနာဂတ်တွင် သူတို့ကို ဦးဆောင်ပေ လိမ့်မည်။

ဝေ့ဝူက ရယ်မောလိုက်ပြီး…

“ငါ့တို့ အားလုံးက ဒီရှန်ဇူ တိုက်ကြီးက ပါ၇မီရှင်တွေနဲ့ မယှဉ်နိုင်ဘူး။ ဒါကြောင့် ငါတို့က တစ်ယောက်နဲ့ တစ်ယောက် ကြည့်ရူစောင့်ရှောက် ပေးသင့်တယ်”

သူတို့ အုပ်စုထဲမှ လူတစ်ယောက်က စိတ်ဆိုးနေသော အသံဖြင့် ပြောသည်။

“ဒီရှန်ဇူတိုက်ကြီးက  ပါရမီရှင်တွေက တကယ်ကို မောက်မာ လွန်းတယ်။ အစောပိုင်းတုန်းက ကျွန်တော် ဒုတိယတန်း ကျောင်းသား တစ်ယောက်ကို အစ်ကိုဝေအစား သွားဖိတ်ခေါ်ခဲ့တာ အဲဒီအကောင်က ကျွန်တော့်ကို မျက်နှာသာ မပေးခဲ့ဘူး”

ထိုစကား ကြားရချိန်မှာ ဝေ့ဝူရဲ့ မျက်နှာက နက်မှောင်သွားပြီး လက်ဝေ့ယမ်းကာ ပြောလိုက်သည်။

“ငါတို့ဘာသာ ငါတို့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားဖို့ပဲ လိုတယ်။ ဒီရှန်ဇူတိုက်ကြီးက ပါရမီရှင်တွေက အရမ်းမာန ကြီးလွန်းတယ်။ သူတို့က ငါတို့နဲ့ မိတ်ဆွေ ဖြစ်ဖို့တောင် အဖက် မတန်ဘူးလို့ ထင်မြင်နေကြတဲ့ ကောင်တွေ”

စုအိုက ခေါင်းညိတ် ထောက်ခံသည်။

“ပြီးတော့ ကန်မင်တိုက်ကြီးက လာတဲ့ ပထမတန်း တပည့်နှစ်ယောက် ရှိသေးတယ်။ ငါတို့သူတို့ကို သွားဖိတ်ခေါ် သင့်လား”

တစ်ယောက်က အကြံပြုသည်။

လျိုစုန့်က နှာခေါင်းရှုံ့လိုက်ပြီး …

“မင်းပြောတာ အနောက်တံခါးက ဝင်လာတဲ့ တစ်ယောက်ကိုလား”

ဝေ့ဝူက ခေါင်း ခါယမ်းလိုက်ပြီး…

“ကန်မင်တိုက်ကြီးက လူတွေနဲ့ ပတ်သက်ပြီး အပင်ပန်း ခံမနေနဲ့။ ငါစောပိုင်းတုန်းက ကြားခဲ့တာတော့ ဟန်ရှန့်က ဇူယွမ်ကို စိန်ခေါ်ပြီး ဖယ်ထုတ် တော့မယ်တဲ့”

“ဟန်ရှန့်က ဒုတိယတန်း တပည့်ပဲ ဖြစ်ပေမဲ့ သူက ရှန်ဇူတိုက်ကြီးက ပါရမီရှင် တစ်ယောက်ဖြစ်ပြီး သူမှာ ရှိန်ဖို့ ကောင်းလောက်တဲ့ မိတ်ဆွေတွေ ရှိတယ်။ အခု သူလှုပ်ရှားပြီ ဆိုတော့ ဇူယွမ်က မနက်ဖြန် သူရှိတဲ့နေရာမှာ ရိုက်နှက် ခံရတော့မှာ”

လျှို့စုန့်၏ မျက်လုံးများက တောက်ပလာ ခဲ့သည်။ ထိုနောက်သူက ရယ်မောလိုက်ပြီး မှတ်ချက် ချသည်။

“ဘယ်လောက်တောင် ကံဆိုးလိုက်တဲ့ ကောင်လဲ။ ပထမတန်း တပည့်ဖြစ်တာ တစ်ရက်ပဲ ရှိသေးတယ် အောက်ခြေကို ပြန်ဆင်းရပြန်ပြီ”

ထိုစကားကို ကြားရချိန်တွင် အခြားသော သူများကလည်း ကျယ်လောင်စွာ ရယ်မော လိုက်ကြသည်။ သူတို့အားလုံးက ဇူယွမ်မှာ မကြာမီရှုံးနိမ့်သူ ဖြစ်လိမ့်မည်ဟု ယုံကြည် ကြပေသည်။

ထိုအကြောင်းအရာ ကိုပဲ နေရာအတော် များများတွင် ဆွေးနွေးပြောဆို နေကြသည်။

ထိုကြောင့် လူတိုင်းက သည်တစ်ည လွန်မြောက်သည်နှင့် မနက်ဖြန်တွင် ပထမတန်း ကျောင်းသားတွင် သက်တမ်း အတိုဆုံး ကျောင်းသား ဖြစ်လာမည့် ဇူယွမ်ကို တွေ့မြင်ချင် နေကြပေသည်။

***

နောက်တစ်နေ့…

ပထမဆုံး နေရောင်ခြည် အလင်းတန်းသည် တိမ်များကို ဖြတ်သန်းပြီး တောင်များနှင့် တောများအပေါ်သို့ ဖြာကျသည်နှင့် အပြင်ဘက်တောင်မှာ စတင်ပြီး လှုပ်ရှား အသက်ဝင် လာသည်။

ဇူယွမ်က တံခါးကို တွန်းဖွင့်လိုက်ပြီး ယောင်ယောင်နှင့် အတူ အိမ်ငယ်လေး အတွင်းမှ လမ်းလျှောက် ထွက်လာခဲ့သည်။ သူတို့ အပြင်သို့ ရောက်သည်နှင့် သူတို့အား စိုက်ကြည့်နေသော လူအုပ်ကြီးကို တွေ့လိုက် ကြရသည်။ သူတို့က ရှန့်ဝမ်ကျင် တို့လူစု ဖြစ်သည်။

ရှန့်ဝမ်ကျင်က ခေါင်းမော့ပြီး ဇူယွမ်နှင့် ယောင်ယောင်တို့ အတူတကွ ထွက်လာသည်ကို ကြည့်ရင်းနှင့် သူ၏ပါးစပ်မှာ ကျယ်လောင်စွာ ပွင့်နေပြီး သူ၏မျက်လုံး အစုံတွင် လေးစားအားကျ ခြင်းများနှင့် ပြည့်နှက်နေသည်။

ယောက်ျား သားတိုင်းက ထိုအကြည့်ကို နားလည် နိင်ပေသည်။

သူတို့အားလုံးက အမြဲတမ်း သီးသန့်ဆန်ပြီး အေးစက်မောက်မာ ဝံ့ကြွားသော နတ်ဘုရားမလေး တစ်ပါးအလား ဖြစ်နေသည့် ယောင်ယောင်က ဇူယွမ်၏ လက်အတွင်းသို့ ရောက်သွား လိမ့်မည်ဟု မမျှော်လင့်မိပေ။

လူတိုင်းက အသေးစိတ် အကြောင်းအရာ များကို မသိကြသည့် အတွင် သူတို့ နှစ်ယောက်ကို အထင်လွဲ နေကြသည်။

ဇူယွမ်၏ ပါးစပ် ထောင့်စွန်းမှာ တစ်ချက် တွန့်သွားပြီး ယောင်ယောင်ကို တစ်ချက် လှမ်းကြည့် လိုက်သည်။ လှပသော မျက်နှာလေးမှာ သူမ၏ကိုယ်ပိုင် ဟန်အမူအရာ အတိုင်းပင် တည်ငြိမ်စွာ တည်ရှိနေပြီး သည်အခြေအနေအား ရှင်းပြလိုဟန် မရှိပေ။ ထိုကြောင့် သူက သက်ပြင်း တစ်ချက်သာ ချလိုက်ပြီး ထိုကိစ္စနှင့် ပတ်သက်ပြီး မည်သည့် ရှင်းပြချက်မှ မပေးတော့ပေ။

“ဘာများလဲ”

သူက စိတ်ပူနေဟန် ရသည့် လူအုပ်ကြီးကို ကြည့်ပြီး ပြောလိုက်သည်။

ရှန့်ဝမ်ကျိက သူ၏အနားသို့ ရောက်လာပြီး လေးနက်စွာ သတင်းစကား လာပြောသည်။ သူ၏မျက်နှာတွင် စိုးရိမ်လျက် ရှိသောကြောင့် ချွေးသီးများပင် ကျနေပြီး…

“မကောင်းတော့ဘူး အစ်ကိုလေးယွမ်။ တစ်ယောက်က အစ်ကိုလေးရဲ့ ပထမတန်း တပည့်နေရာကို ဒီနေ့မှာ လုယူတော့မယ်လို့ ကျွန်တော် ကြားခဲ့တယ်”

“နောက်ဆုံးတော့ ဖြစ်လာပြီပေါ့”

ထိုစကားများ ကြားရချိန်တွင် ဇူယွမ်၏ မျက်နှာမှာ ပြောင်းလဲခြင်း ရှိပေ။ သူ့အနေဖြင့် သည်အခြေအနေ ဖြစ်လာမည်ကို ကြိုသိပြီး ဖြစ်သည်။ ထိုကြောင့် သူအား မည်သူက ပစ်မှတ်ထား နေသလဲ ဆိုသည်ကို မေးမြန်း လိုက်သည်။

“သူဘယ်သူလဲ ဆိုတာ မင်းသိလား”

ရှန့်ဝမ်ကျင်က ချက်ချင်းပင် ပြန်ဖြေခဲ့သည်။

“သူ့နာမည်က ဟန်ရှန့်လို့ ခေါ်တယ် သူက ရှန်ဇူတိုက်ကြီးက မူလစဦး ဒုတိယအဆင့်ကို ရောက်နေတဲ့ ဒုတိယတန်း ကျောင်းသား တစ်ယောက်ပဲ”

ဇူယွမ်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားပြီး အသာအယာ ခေါင်းညိတ် လိုက်သည်။

တောင်၏ တစ်နေရာမှ အနီရောင် အလင်းတန်း တစ်ခုက ထွက်ပေါ်လာခဲ့သည်။ ထိုအရာက ဂူဝူကျိ ဖြစ်သည်။ သူမက ဇူယွမ်တို့ အုပ်စု အခြေအနေကို တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီး သူမ၏ အကြည့်တွင် ကျေနပ်နေသည့် ဟန်များ ဖြစ်ပေါ်နေသည်။

သူမလည်းပဲ ထိုကိစ္စကို သိရှိပြီး ဖြစ်ဟန်ရသည်။

ဇူယွမ်က  သူ့အပေါ် ကြည့်နေသော အကြည့်များကို လျစ်လျူရှုလိုက်ပြီး ရှန့်ဝမ်ကျင်အား ခေါင်းညိတ်ပြကာ အရှေ့သို့ စတင်လျှောက်သွား လိုက်သည်။

“မူလတောင်ကို သွားကြရအောင်”

All Chapters