← Chapters

အဆင့် ၉

Vol. 71 Ch. 4.571

အဆင့် ၉

Vol. 71 Ch. 4.571

လိပ်အိုကြီးသည် ပရမ်းပတာ မိုးကြိုးခေါင်းလောင်းကို ပင်လယ်မျိုးနွယ်စုမှ အမြဲတမ်း ထိန်းချုပ်ထားတယ်လို့ တစ်ချိန်က ပြောခဲ့ဖူးသည်။ ၎င်းတို့က ပရမ်းပတာ မိုးကြိုးခေါင်းလောင်းကို အသုံးပြု၍ မန်ဟွမ်နတ်ဘုရားမျှော်စင်ကို လှည့်ဖြားခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဘယ်သူမှ သေချာပေါက် မသိရသေးသော လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ရှိနေလိမ့်မည်။

ကပ္ပတိန်က ရယ်မောရင်း "မင်းကိုယုံပါတယ်...ငါက တရှန်း... ဒါငါ့ညီအစ်ကိုတွေပဲ အစကတော့ ငါ စီးပွားရေးကောင်းကောင်း လုပ်ပြီး ခက်ခက်ခဲခဲ ငွေရှာချင်ပေမယ့် ဒီလုပ်ငန်းက ဒီလိုဖြစ်သွားမယ်လို့ မမျှော်လင့်ထားဘူး"

လှေလုပ်သား အမှုထမ်းအဖွဲ့ တစ်ဖွဲ့သည်လည်း လုရွှမ်ဆိုတဲ့ လူကို ကာလကြာရှည်စွာ ကြည်ညိုခဲ့ကြသည့် အတွက် လုရွှမ်ကို ဝမ်းပန်းတသာ ကြိုဆိုရန် လာကြသည်။ ပထမတော့ သူသည် ကောင်းကင်ဘုံသခင်ကို သတ်ရန် သူ့ကိုယ်ပိုင်ခွန်အားကို အားကိုးခဲ့ပေမယ့် နတ်မီးနယ်ပယ်က သခင်ကိုသတ်ရန် သူ့ဦးနှောက်ကို အားကိုးခဲ့သူပဲ ဖြစ်လေ၏။

သူတို့သည် ဝမ့်ကျစ်ကမ္ဘာက လာကြသော်လည်း လုရွှမ်မှာ ရှေးဟောင်းလျှပ်စီးကမ္ဘာရဲ့ သေးငယ်သော အရုပ်လေးတစ်ရုပ်မျှသာ ဖြစ်သည်။ သို့သော် သူ့ဒဏ္ဍာရီတွင် အရှုံးမရှိခဲ့သည့် အတွက်ကြောင့် လူအများက သူ့ကို အဆုံးမရှိ ချီးကျူး​နေကြ​တော့သည်။

"ကောင်းပြီ ဒါဆို ငါတို့ ဘယ်လို လွတ်မြောက်အောင် လုပ်ကြမလဲ ဆွေးနွေးရအောင်"

ကပ္ပတိန်သည် လျင်မြန်စွာ စကားပြန်စပြီး လူအများအပြားကလည်း ထိုအကြောင်းကို စတင် ပြောဆိုလာကြသည်။ သူတို့သည် အသက်ရှင်​ခြငိးနှင့် သေခြင်းတရားကို ဂရုမစိုက်သကဲ့သို့ စိတ်အားထက်သန်စွာ ပြောဆိုနေ၏။

လူတိုင်းကြားတွင် မပျော်မရွှင် ဖြစ်နေသော တစ်ဦးတည်းသော သူမှာ ယောင်ဆူး ဖြစ်သည်။ လုရွှမ်က သူ့ကိုယ်သူ လူတိုင်းကို အေးဆေးတည်ငြိမ်စွာ မိတ်ဆက်ပေးခဲ့တာကို သူမတကယ်ပင် မယုံနိုင်သေးပေ။

ဘာကြောင့် ဒီလိုမျိုးထွက်လာရတာလဲ? သူမ နားကိုမလည်ဘူး!

ကျောက်ချင်ယင်းသည် လုရွှမ်ရဲ့ လက်မောင်းကို ပျော်ရွှင်စွာ ပွေ့ဖက်လိုက်ပြီး အလွန်စိတ်လှုပ်ရှားနေပါသည်။ အစ်ကိုထျန်းချိုင်လို့ ခေါ်တဲ့ ဒီလူဟာ သူမကိုးကွယ်ရာ ရုပ်တုဖြစ်လာခဲ့ပြီးပြီ။ အခုလုရွှမ်ဟာ ကောင်းကင်နဲ့ မြေကြီးကိုတောင် မကြောက်တဲ့လူလေ။ သူ့မှာ ဒီလို အစွမ်းထက်တဲ့ အရည်အချင်းတွေ ရှိတယ်ဆိုတာ အံ့သြစရာ မရှိ​တော့ပါဘူး။

ကျောက်ချင်ယင်းသည် သူမအနောက်ကနေ မုန်းတီးတဲ့ အကြည့်ကို ခံစားချက်မျိုးရနေပေမယ့် လှည့်ကြည့်စရာမလိုဘဲ ယောင်ဆူးမှန်း သိသည်။ လတ်စသတ်တော့ ယောင်ဆူး တစ်ချိန်လုံး သူ့ကိူယ်သူ မြင့်မြတ်တဲ့ လူတစ်ယောက်လို ခံယူချက်နေတာ လုရွှမ်ရဲ့ အသွင်စစ်ကို သိလို့ကိုး။ ဒါပေမဲ့ လုရွှမ်ရဲ့ ထင်မြင်ယူဆချက်မှာတော့ သူမဟာ ဖော်ပြဖို့ပင် မထိုက်တန်လောက်ချေ။

ဟောင်နန်းဖုန်းရဲ့ မျက်နှာသည်လည်း တင်းမာနေပါ၏။ လုရွှမ်သည် သူ့နာမည် တစ်ခုတည်းကိုသာ ထုတ်ပြလိုက်သော်လည်း လူတိုင်းရဲ့ စိတ်အားထက်သန်မှုကို နှိုးဆွပေးနိုင်ခဲ့သည်။

လုရွှမ်နှင့် တရှန်းတို့သည် သူတို့အသက်များကို ကယ်တင်ရန် နည်းလမ်းကို အလျင်အမြန် ရှာတွေ့ခဲ့ကြသည်။ နယ်စပ်ဖြတ်ကျော်လှေသည် အတွင်းပိုင်းနေရာကို ချဲ့ထွင်နိုင်သလို သဘာဝကျကျ သေးငယ်သွား​​အောင်လည်း လုပ်နိုင်သည်။ ကျုံ့သွားပြီးနောက် လှေကို ထိန်းချုပ်ဖို့ လိုအပ်သော စွမ်းအင်သည်လည်း သဘာဝအတိုင်း လျော့နည်းသွားမှာ ဖြစ်တာကြောင့် အာကာသ လေပြင်းတိုက်ခတ်ခြင်းကို ရင်ဆိုင်တဲ့အခါ ပိုမိုဘေးကင်းသွားမည်။

အကြောင်းမှာ အခုက ကျင့်ကြံသူတွေ နည်းသွားပြီ ဖြစ်တာကြောင့် အခန်းတွေကို ကျုံ့လို့ရသွားပြီ။

၎င်းသည် အနီးဆုံး ကမ္ဘာဆီသို့ အမှန်တကယ် ပျံသန်းသွားလိမ့်မည်။ သို့သော် ထိုနေရာသို့ရောက်ရန် အချိန်ဘယ်လောက် ကြာမယ်ဆိုတာက မေးစရာ ရှိသည်။ ထို့ကြောင့် နယ်စပ်ဖြတ်ကျော်လှေထဲက လူများသည် စိတ်ပျက်အားငယ်နေသည့် နောက်ဆုံး အခိုက်အတန့်အထိ လှေထဲက ထွက်ပြေးရန် ရွေးချယ်လို့ရလိမ့်မည် မဟုတ်ပေ။

တရှန်းသည် အခန်းအားလုံးကို ဖယ်လိုက်ပြီး ကုန်းပတ်ပေါ်တွင် စုစုပေါင်း လူနှစ်ဆယ်ကို စုရုံးလိုက်သည်။ အခင်းအကျင်းတံဆိပ်ပြားများကို ကုန်းပတ်ပေါ်တွင် စုစည်းထား၏။ လိုအပ်ပါက ၎င်းတို့ကို တိုက်ရိုက် ပစ်ထုတ်နိုင်သည်။ ပြီးတော့ အပိုပစ္စည်းတွေ အများကြီးကိုလည်း ထုတ်ယူထားကာ အချိန်မရွေး အဆင်သင့် ပြင်ထားသည်။

တရှန်း၏ လက်အောက် ငယ်သားများထဲတွင် အခင်းအကျင်း ပညာရှင်များ၊ အဂ္ဂိရတ် ဆရာသမားများနှင့် လက်နက် သန့်စင်သူများလည်း ပါဝင်ပါသည်။ လုရွှမ်သည် အကုန်လုံးကို တတ်စွမ်းသူ တစ်ဦးဖြစ်ကြောင်း ကြားလိုက်ရသဖြင့် သူတို့သည် တစ်ခဏအတွင်း တိတ်ဆိတ်သွားပြီး စကားမပြောနိုင်တော့ပေ။ လုရွှမ်သည် အရန်ကူညီမှုအတွက် တာဝန်ရှိသွားသည်။ တစ်စုံတစ်ယောက်က တစ်ခုခုကို မထောက်ပံ့နိုင်သည့်အခါ လုရွှမ် ဝင်ရောက် လှုပ်ရှားရမယ့် အချိန်ရောက်ပြီ ဖြစ်သည်။

အရှေ့ဘက်မှ တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး အခင်းအကျင်း မီးရောင် ကန့်လန့်ကာအောက်တွင်ပင် လူတိုင်းသည် ထိုအလင်းရောင်၏ အလွန်ကိုစူးရှသော အရသာကို ခံစားမိသေးသည်။

"လူတိုင်း သတိထား​ကြပါ...ဒါက အာကာသ လေပြင်းတိုက်ခတ်မှု မစခင် မြင်ကွင်းပဲ...တိုက်ခတ်မှုရဲ့ နောက်ဆက်တွဲက လာနေပြီ"

သူပြောပြီးသည်နှင့် တပြိုင်နက် ဆူဆူညံညံအသံတစ်ခု ထွက်ပေါ်လာသည်။ နယ်စပ်ဖြတ်ကျော် လှေမှာ ပြင်းထန်စွာ တုန်ခါပြီး အော်ဟစ်သံများ ထွက်ပေါ်လာ၏။

တရှန်း၏လူများသည် ကျိုးပဲ့သွားသော နယ်စပ်ဖြတ်ကျော်လှေ၏ အစိတ်အပိုင်းများကို ပြုပြင်ရန်အတွက် အခင်းအကျင်း တံဆိပ်ပြားနဲ့ တခြား ပစ္စည်းများကို တစ်ခုပြီးတစ်ခု အမြန်ထုတ်ယူလိုက်ကြသည်။

ဒါတွေအားလုံးဟာ ပြုပြင်ခြင်းနဲ့ ပျက်စီးခြင်းရဲ့ တိုက်ပွဲတစ်ခုလို ဖြစ်လာသည်။

လူအများအပြားက စောင့်ကြည့်နေကြသော်လည်း လုံးဝ ဝင်မကူညီနိုင်ခဲ့ကြပေ။ လုရွှမ်လည်း ထိုလူအနည်းငယ်ကို စိုက်ကြည့်နေသည်။ သူသည် အခန်း​တွေရဲ့ အခင်းအကျငိးကို ပြုပြင်ရန် နည်းအမျိုးမျိုးကို သင်ကြားပေးထားသည်။ တစ်ယောက်ယောက်က အခင်းအကျင်းကို ပြင်ဖို့ ခိုင်လုံမှုမရှိပါက လုရွှမ် ၎င်းကို ချက်ချင်း ပိတ်ဆို့လိုက်မှာ ဖြစ်သည်။

ဒါက ဖာထေးမှုသက်သက် မဟုတ်ပေ။ ဒီအလုပ်တွေကို သူတို့ခန္ဓာကိုယ်ပေါ် ထမ်းထားရတဲ့အတွက် ပြုပြင်ဖို့ဆိုတာ ရိုးရိုးရှင်းရှင်း ကိစ္စမဟုတ်ဘဲ ကျိုးပဲ့နေတဲ့ နေရာတွေရဲ့ သက်ရောက်မှုကို ခံနိုင်ရည်ရှိဖို့လည်း လိုအပ်သည်။ သာမန်လူတစ်ယောက် အနေနဲ့ လုံးဝ သည်းမခံနိုင်စရာ ကောင်းလှသည်။

"ကောင်းပြီ.... ငါတို့ ပထမလှိုင်းကနေ လွတ်မြောက်သွားပြီ"

နယ်စပ်ဖြတ်လှေသည် နောက်ဆုံးတွင် တုန်ခါမှုများ ရပ်တန့်သွားကာ အရှေ့ရှိ အလွန်တောက်ပနေသော အလင်းရောင်သည်လည်း တဖြည်းဖြည်း မှိန်​ဖျော့သွားသည်။ ထိုအခါမှ တရှန်းလည်း သက်ပြင်းတစ်ချက် ချလိုက်သည်။

လှေလုပ်သား အားလုံးမှာ ပူနွေးသော ချွေးစက်များဖြင့် ဖုံးလွှမ်းသွားကြသည်။ သူတို့သည် သိုလှောင်လက်စွပ်များထဲမှ ဝိညာဥ်အသီးအနှံများကို အရူးအမူး ထုတ်ယူကာ ဝိညာဉ်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းရန် အတွက် အသုံးပြုကြတော့၏။

အခုသူတို့က အာကာသ လေပြင်းတိုက်ခတ်မှုကြားထဲ ရောက်နေတာ ဖြစ်သည်။ စိတ်ဝိညာဉ်စွမ်းအင်ကို အလွန်အကျွံ သုံးစွဲပြီး ခန္ဓာကိုယ်ကို ကြီးကြီးမားမား ပျက်စီးစေနိုင်သောကြောင့် ဤအဖွဲ့သားများသည် ဝိညာဉ်ရေးဆိုင်ရာ အသီးအနှံများစွာကို ကြိုတင် ပြင်ဆင်ထားကြလေသည်။

လုရွှမ်ခမျာ အသက်ရှုကြပ်သွား၏။ ဤဝိညာဥ်အသီးရဲ့ အကျိုးသက်ရောက်မှုသည် အလွန်ကောင်းမွန်ပြီး သလင်းကျောက်များအား စုပ်ယူမှုထက် များစွာသာလွန် ကောင်းမွန်ကြောင်း ရိပ်မိလိုက်သည်။

"သတိထား... ဒုတိယလှိုင်းက လာနေပြီ"

တရှန်းက အော်ဟစ်ပြီး လှေလက်ရမ်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

ရုတ်တရတ် ကျယ်လောင်သော အသံနက်​ကြီး ထွက်​ပေါ်လာပြီး အားလုံး ချက်ချင်းဆိုသလို ခြေထောက် ခေါက်လဲလုနီးပါး ဖြစ်သွားကြသည်။ လုရွှမ် ကျောက်ချင်ယင်းရဲ့ လက်ဖဝါးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်ပြီး သူ့ခြေဖဝါးပေါ်ကတော့ ကြမ်းပြင်၌ အမြစ်တွယ်နေသကဲ့သို့ တည့်တည့်မတ်မတ် မတ်တပ်ရပ်နေလေသည်။

ကျောက်ချင်ယင်းရဲ့ ခန္ဓာကိုယ်မှာ လွင့်ထွက်သွားသော်လည်း လုရွှမ်ဆီက အဆွဲခံလိုက်ရသည်။ ယောင်ဆူးနဲ့ ဟောင်နန်းဖုန်းတို့လည်း ဆိုးဆိုးရွားရွား လဲကျသွားပေမယ့် ထိုကျင့်ကြံသူ မိန်းကလေးက အလွန်ထက်မြက်ပြီး အစောကတည်းက ကျောက်ချင်ယင်း အနားတွင် ရပ်ကာ ကျောက်ချင်ယင်းကို သဘာဝကျကျ ဖမ်းနိုင်ခဲ့သဖြင့် မိန်းကလေး နှစ်ယောက် လဲကျမသွားခဲ့ပေ။

"သွားပြီ!"

လုရွှမ် အော်လိုက်သည်။ လှေကိုယ်ထည်က အက်ကွဲကြောင်းကို လှမ်းတွေ့လိုက်ရပြီး ပြုပြင်ဖို့ တာဝန်ရှိတဲ့ လှေလုပ်သားလည်း ခဏလောက်ပင် မထိုင်နိုင်လိုက်ဘဲ တိုက်ရိုက် ပစ်​ပေါက်ခံလိုက်ရသည်။ သူ့ဦးခေါင်းက လှေနံရံကို ပြင်းပြင်းထန်ထန် ထိမှန်သွားရာ ခေါင်းကွဲ၍ သွေးများ စီးကျလာခဲ့သည်။

လုရွှမ်သည် ကုန်းပတ်ပေါ်ရှိ အမျိုးသမီးနှစ်ယောက် တွယ်ကပ်နိုင်​စေရန် သူ့လက်ဖဝါး တစ်ဖက်ကို အသုံးပြု၍ သူမတို့ကို နေရာချပေးလိုက်ပြီး သူကတော့ ရှေ့သို့ ပြေးထွက်သွားကာ အခင်းအကျင်း တံဆိပ်ပြားကို ဆွဲယူကာ ပေါက်သွားရာနေရာသို့ ပြေးသွားခဲ့သည်။ ထူးဆန်းသော မီး​တောက်သည် လောင်ကျွမ်းသွားပြီး အခင်းအကျင်း တံဆိပ်ပြားထဲ တိုက်ရိုက် ပေါင်းစပ်သွားသည်။

စူးရှသော အသံနှင့်အတူ လှေနံရံကို ပြုပြင်ပြီးသွားသည်။ လုရွှမ်သည် အက်ကြောင်းများကို ပြီးပြည့်စုံစွာ ပြုပြင်ရန် တခြားအခင်းအကျင်း တံဆိပ်ပြား တစ်ခုကို ထပ်​ပေါင်းထည့်လိုက်သည်။ လှေကိုယ်ထည်ရဲ့ တုန်ခါမှုက ရပ်သွားပြီး ဒုတိယလှိုင်း ရိုက်ခတ်မှုကို ဖြတ်ကျော်သွားနိုင်ခဲ့၏။

အားလုံး သက်ပြင်းချလိုက်ကာ အစောက ခေါင်းထိသွားတဲ့ လှေလုပ်သားလည်း နိုးလာပြီး လုရွှမ်အား ကျေးဇူးတင်စွာ ကြည့်နေလေသည်။

"နောက်တတိယလှိုင်းက ကြောက်စရာအကောင်းဆုံးပဲ.... ဆက်တိုက်လှုပ်နေတဲ့ လှိုင်းတွေ ထပ်ပေါ်လာတော့မှာ ငါတို့လှေကိုယ်ထည်ကို ပြင်လို့မရတော့ဘူး ဆိုရင် သေသွားမှာ သေချာတယ်!"

တရှန်းရဲ့ အသံမှာ နောင်တရမှု အပြည့်ဖြင့်

"ဟူး စောစောကသာ သိခဲ့ရင် ငါလည်း လွတ်မြောက်ခန်းထဲ ဝင်သွားလိုက်ပါတယ်... ဒါက အဆင့်၈ အာကာသ လေပြင်းတိုက်ခတ်မှု မဟုတ်ဘူး... အဆင့်၉ ဆိုတာ အသိသာကြီး!"

နယ်စပ်ဖြတ်ကျော် လှေများ၏ အကာအကွယ်ဖြင့် အဆင့် 6 အောက်က အာကာသ လေပြင်းတိုက်ခတ်မှုကို လုံးဝ ထည့်သွင်းစဉ်းစားနေစရာ မလိုပေ။ အဆင့်၇ ဆိုရင်တော့ သတိထားဖို့ လိုပြီး အဆင့်၈ဆို ကျော်လွှားနိုင်ဖို့ ကြိုးစားလို့ရပေမယ့် အဆင့်၉ကတော့ ကံကြမ္မာအပေါ် မူတည်သွားပြီ။

နောက်တစ်ကြိမ် တုန်လှုပ်မှုများက တစ်ခုပြီးတစ်ခု ဖြစ်လာလိမ့်မည်။ လက်တွေ့ကျကျ လွတ်မြောက်နိုင်မှုကလည်း ဤလှိုင်းအပေါ်တွင် မူတည်သွားပြီ ဖြစ်သည်။

လုရွှမ်စိတ်ထဲတွင် ပိုဆိုးရွားသော စိုးရိမ်ပူပန်မှု တစ်ခုကို ခံစားလိုက်ရသည်။ ဒါက ကျိုးကျနေသော လှေကိုယ်ထည်ကြောင့် မဟုတ်ပေ။

ဒီစွမ်းအားတွေရဲ့ ခံနိုင်ရည်အားနဲ့ ပတ်သတ်ပြီး စိုးရိမ်နေခြင်းပင်။ အရင်စွမ်းအားတွေက သူ့ခန္ဓာကိုယ်အတွက် ဘာမှမဟုတ်ပေမယ့် အဆင့် ၉ စွမ်းအား ဆိုရင်တော့ မဟာသူတော်စင်ကြီးတွေနဲ့ ကောင်းကင်ဘုံသခင်တို့ အတွက်တောင် မလွယ်ဘူးဆိုတာ သေချာသွားပြီ။

"ချင်ယင်း.... မင်းတို့အားလုံး သူတို့နောက်မှာ ရပ်ပြီး စွမ်းအင်တွေဖြန့်ပေးကြ... တကယ်လို့ သူတို့ သည်းမခံနိုင်ရင်တော့ ငါတို့အားလုံး ဆုံးခန်းတိုင်ပြီ"

လုရွှမ် သတိပေးလိုက်တဲ့ လူတွေအားလုံးဟာ ပျော့ညံ့ ညံ့ဖျင်းသော လူများပဲ ဖြစ်​လေသည်။ တကယ်လို့ ဆိုးဆိုးရွားရွား ဖြစ်လာခဲ့မယ်ဆိုရင် သေချာပေါက် သူတို့ပဲ ဖြစ်သွားမှာပင်။

All Chapters