← Chapters

အကျပ်အတည်းကြား၌ ဂုဏ်ယူဝမ်းမြောက်ခြင်း

Vol. 71 Ch. 4.572

အကျပ်အတည်းကြား၌ ဂုဏ်ယူဝမ်းမြောက်ခြင်း

Vol. 71 Ch. 4.572

သူ့လူတွေမှာ အားနည်းချက်တွေ ရှိတယ်ဆိုတာ တရှန်းလည်း သိ​လေပြီး လုရွှမ်ရဲ့ မျက်လုံးတွေကို တိတ်တဆိတ် သဘောကျနေပေမယ့် ဟောင်နန်းဖုန်းနဲ့ ယောင်ဆူးကိုတော့ လုံးဝ မယုံပေ။

"မင်းတို့ နှစ်ယောက် ဒါကို မှတ်ထား... မင်းတို့ငါ့ကို လိမ်ရဲလို့ကတော့ နှစ်ယောက်စလုံးကို ငရဲပို့ပစ်လိုက်မယ်....ငါ သေရင်တောင် မင်းတို့နောက်ကို အိပ်မက်ဆိုးလို့ လိုက်နေမှာ!"

ယောင်ဆူးရဲ့ မျက်နှာက နီရဲလာပြီး သူမကိုယ်သူမ ကာကွယ်ရန် ပြင်နေသော်လည်း ဟောင်နန်းဖုန်းက သူမကို တားလိုက်သည်။

"ကပ္ပတိန် စိတ်မပူပါနဲ့... သေရေးရှင်ရေး မျဉ်းပေါ်မှာ ရှိနေတာမလို့ ကျွန်တော်တို့လည်း အစွမ်းကုန် ထုတ်သုံးသွားမှာပါ"

နောက်ဆုံး ကျင့်ကြံသူ မိန်းကလေးကလည်း သူမမျက်နှာကို မော့ပြီး ပြောလာခဲ့သည်။

“စိတ်ချပါ ကျွန်မ မသေသေးသရွေ့ ခံနိုင်ရည်ရှိအောင် ကြိုးစားမှာပါ”

"ကောင်းတယ် လူတိုင်းက မတ်တပ်ရပ်ပြီး ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ချည်နှောင်ထားကြ.... နောက်ဆက်တွဲ လှိုင်းက ရောက်လာတော့မယ်"

သူတို့ခေါင်းပေါ်ရှိ အခင်းအကျင်း အလွှာပေါ်တွင် ပြင်းထန်သော အလင်းရောင်တစ်ခု တောက်ပသွားသည်။

ဒုန်းဒုန်း ဒုန်းဒုန်း!

လှိုင်းလုံးကြီးတွေက လှေကိုယ်ထည်ကို ရိုက်ခတ်သွားသလို လှိုင်းလုံးကြီးတွေနဲ့ ရိုက်မိတဲ့ နေရာတိုင်းဟာ တစ်စုံတစ်ယောက်က သံတူကြီးနဲ့ ရိုက်ချိုးလိုက်သလိုမျိုး ပြင်းပြင်းထန်ထန် တုန်ခါသွားလေသည်။

ကုန်းပတ်ပေါ်ရှိ လူတိုင်းသည် မတည်မငြိမ်ဖြင့် ရပ်နေကြရသည်။ လုရွှမ်ကသာ ကုန်းပတ်ပေါ်တွင် ခြေကိုသံရိုက်ထားသလို တည်ငြိမ်နေရာ အခန်းတွေက ဘယ်ညာ တရွေ့ရွေ့ ရွေ့လျားနေသဖြင့် ကပ္ပတိန်ပင် မတတ်နိုင်ဘဲ ယိမ်းထိုးနေမိသည်။

ဝှစ်!

လုရွှမ်ရဲ့ ခန္ဓာကိုယ်က လှုပ်ရှားနေပြီး ကျန်တဲ့သူတွေကတော့ လုံးဝမတုံ့ပြန်နိုင်ပေ။ လုရွှမ်သည် အက်ကွဲကြောင်းဆီသို့ အခင်းအကျင်း တံဆိပ်ပြားတစ်ခုကို တိုက်ရိုက် ထုတ်ပစ်လိုက်ပြီး အပေါက်တစ်ခုကို ဖြည့်လိုက်သည်။

လုရွှမ်၏ပုံရိပ်သည် နေရာတိုင်းတွင် ရှိနေသလိုမျိုး ဘယ်သူမှ မတုံ့ပြန်နိုင်မီ နေရာတိုင်းက အပျက်အစီးများကို ပြုပြင်ပေး​​နေသည်။

ကျန်နေတဲ့ ကျင့်ကြံသူတွေလည်း ထိုအခိုက်အတန့်ရောက်မှ တုံ့ပြန်လိုက်ကာ တစ်ယောက်ပြီး တစ်ယောက် ပြေးလွှားရင်း ကျိုးပဲ့နေသော အပိုင်းများကို ပြုပြင်ရန် အဆက်မပြတ် လှုပ်ရှားနေကြသည်။

လုရွှမ်ကို ကြည့်လိုက်သော သူတို့၏ မျက်လုံးများသည် ကြည်ညိုလေးစားမှု၊ ကိုးကွယ်မှုနှင့် လေးနက်သော ကျေးဇူးတရားများဖြင့် ပြည့်နှက်နေလေ၏။ လုရွှမ်ရဲ့အရှိန်ကြောင့်သာ မဟုတ်ရင် သင်္ဘောကိုယ်ထည်ဟာ အရင်ကတည်းက ပျက်စီးသွားလောက်ပြီ။

အရင်းအ​မြစ် ပစ္စည်းများနှင့် အခင်းအကျင်း တံဆိပ်ပြားတစ်ခုများက ခပ်မြန်မြန်ပဲ ကုန်သွားရာ မကြာမီတွင် ကုန်ချောသည် မလုံလောက်တော့ဘဲ တိုက်ရိုက်သန့်စင်ရန် လိုအပ်လာသည်။

ကပ္ပတိန်တရှန်းမှာ ကျယ်လောင်စွာ ကျိန်ဆဲသော်လည်း မကူညီနိုင်ခဲ့ပေ။ ဤအရာများသည် ဆယ်နှစ်ကျော်ကြာအောင် သိမ်းဆည်းထားခဲ့သော ပစ္စည်းများ ဖြစ်သော်လည်း တစ်ရက်အတွင်း ကုန်သွားခဲ့သည်။

လုရွှမ်သည် လိုအပ်သော ပစ္စည်း အမြောက်အမြားကို လျင်မြန်စွာ သိမ်းပိုက်လိုက်ပြီး သူ့တစ်ကိုယ်လုံး ပြင်းထန်သော မီးတောက်များကို ထုတ်လွှတ်လိုက်လေသည်။ သူ ပစ္စည်းများ တစ်ခုပြီးတစ်ခု လျင်မြန်စွာ ဖန်တီးပြီး လူတိုင်းထံ လွှဲပြောင်းပေးလိုက်သည်။

လူအုပ်ကြီးမှာ အာကာသ လေပြင်းတိုက်ခတ်မှုရဲ့ အင်အားကို မခံနိုင်တော့တာကို မြင်လို​က်ရသဖြင့် လုရွှမ်က

"အဲဒီစွမ်းအားတွေ အတွက် စိတ်မပူပါနဲ့... သည်းမခံနိုင်ရင် အားလုံးကို ငါ့ဆီပို့လိုက်!"

ကြီးမားသော အင်အားသည် လုရွှမ်၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။ လုရွှမ်မှာ မိုးကြိုးရေကန်ထဲသို့ တစ်ဖန်ပြန်ဝင်သွားရသကဲ့သို့ ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်၏ အသွေးအသားများလည်း ပြိုကျလာသည်။

သို့သော် သူ ခြေတစ်လှမ်းမှ မဆုတ်ဘဲ မတ်တပ်ရပ်​နေကာ စကားတစ်ခွန်းမှလည်း မပြောပေါ သွေးများကတော့ အဆက်မပြက် စီးကျနေသည်။

"ငါ့ကို ကြည့်မ​နေနဲ့ သွားပြင်လိုက်တော့!"

လုရွှမ် အော်လိုက်သည်။ သူ့မျက်နှာပေါ်က ကြွက်သားတွေ ဖောင်းပွနေပြီး တစ်ကိုယ်လုံး သွေးတွေနဲ့ နီရဲနေပြီ။ တရှန်းကလည်း သူ့မျက်လုံးများထဲက မျက်ရည်များနှင့်အတူ ပစ္စည်းတစ်ပိုင်းကို လှိမ့်ယူကာ ပျက်စီးနေသော သင်္ဘောနံရံကို ပြုပြင်လိုက်သည်။

လုရွှမ် သူ့နှလုံးသားကို အပိုင်းနှစ်ပိုင်းခွဲထားသည်​။ သူသည် ဝိညာဉ်မီး​​တောက်ကို ထိန်းချုပ်ထားပြီး လက်နက်များကို အဆက်မပြတ် သန့်စင်နေသော်လည်း သူ့ခန္ဓာကိုယ်သည် အာကာသ လေပြင်းတိုက်ခတ်မှုရဲ့ သက်ရောက်မှု အားလုံးကို ခံနိုင်ရည်ရှိနေသည်။ ကံကောင်းထောက်မစွာနဲ့ သင်္ဘောကိုယ်ထည်က အင်အားရဲ့ တစ်ဝက်ကျော်ကို ခံနိုင်ရည်ရှိနေခဲ့သည်။ မဟုတ်ရင် သူလည်း လုံးဝမခုခံနိုင်လောက်ချေ။

လုရွှမ်ရဲ့ အရိုးများထဲမှ မိုးကြိုးနိယာမ စွမ်းအင်များ ပေါက်ထွက်လာကာ ခန္ဓာကိုယ်ထဲမှ နတ်မိုးခြိမ်းသံများလည်း ရုတ်တရက် ပွင့်ထွက်လာသည်။ အသက်ရှုသံက လုရွှမ်ရဲ့ ခန္ဓာကိုယ်အတွင်း ပျံ့နှံ့သွားပြီး သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း ပြန်လည် တိုးတက်လာခဲ့၏။

ကျောက်ချင်ယင်း၏ မျက်လုံးများထဲမှ မျက်ရည်များ ထွက်ကျလာခဲ့တာ ကြာပြီ ဖြစ်သည်။ ယောင်ဆူး၏ မျက်လုံးများပင်လျှင် သွေးများနီနေသော်လည်း နောက်အခိုက်အတန့်တွင် အလွန်နာကြည်းသွားသည်။ လုရွှမ်က ဘာလို့ သူမကိုကျတော့ အကြည့်တစ်ချက်တောင် မစွန့်ကျဲခဲ့တာလဲ။

“ပစ္စည်း မလုံလောက်ဘူး!!”

လှေလုပ်သား တစ်ယောက်က အော်လိုက်သည်။

တရှန်းက "မင်းတို့ သိုလှောင်လက်စွပ်ထဲက ပစ္စည်းတွေ အားလုံးကို ထုတ်လိုက်!"

ကျောက်ချင်ယင်းက ပထမဦးစွာ တုံ့ပြန်ခဲ့ပြီး သိုလှောင်လက်စွပ်ထဲက အရာအားလုံးကို ထုတ်ယူလိုက်ကာ အသုံးပြုနိုင်သည့် ပစ္စည်းများစွာ ရရှိခဲ့သည်။ နောက်ဆုံး ကျင့်ကြံသူ မိန်းကလေးကလည်း တုံ့ပြန်လာ၏။

တရှန်းသည် ယောင်ဆူးအား လူသတ်မျက်လုံးများဖြင့် ကြည့်ကာ

"ကလေးမ! မင်းရဲ့ သိုလှောင်လက်စွပ်ကို လွှဲပေးလိုက်!"

"ဟင့်အင်း ဒါ ကျွန်မမိဘတွေ ပေးခဲ့တာ"

ယောင်ဆူး အော်ပြောလိုက်သည်။ အတွင်းမှာရှိတဲ့ ပစ္စည်းတွေက အရမ်းတန်ဖိုးကြီးပြီး သူ့မိဘတွေက သူမကို ပေးခဲ့တာပဲ။ ဒါတွေက သူမ အနာဂတ်ဘဝရဲ့ အခြေခံအုတ်မြစ်ဖြစ်ပြီး တခြားသူတွေကို ဘယ်လိုလုပ် လက်လွှဲပေးနိုင်မှာလဲ။

ကျောက်ချင်ယင်းက ရှေ့သို့ ပြေးထွက်သွားပြီး ယောင်ဆူးရဲ့ သိုလှောင်လက်စွပ်ကို ဖမ်းဆုပ်ကာ ချက်ချင်း သွန်ချပစ်လိုက်သည်။ လူတိုင်းရဲ့ မျက်လုံးများလည်း တမဟုတ်ချင်း တောက်ပသွား၏။ ဒါက တကယ်ချမ်းသာလွန်းတာပဲ။

"နင်ငါ့ကိုအနိုင်ကျင့်တယ်!"

ယောင်ဆူး အော်လိုက်ပေမယ့် ဘယ်သူကမှ ဂရုမစိုက်ကြချေ။

ဟောင်နန်းဖုန်းလည်း ယခုအချိန်တွင် လက်စွပ်အတွင်းက အရာအားလုံးကို ထုတ်ယူလိုက်သည်။ ယခုအချိန်တွင် ငွေသည် ပြင်ပအရာများဖြစ်ပြီး သူ့အသက်ကို ကယ်တင်နိုင်ဖို့ကသာ အရေးကြီးဆုံး ဖြစ်သည်။

ဟောင်နန်းဖုန်းနဲ့ ယောင်ဆူးရဲ့ ပစ္စည်းတွေကြောင့် လူတိုင်းရုတ်တရက် ရွှေငွေတွေ ပြည့်လျှံသွားသလို ခံစားလိုက်ရသည်။ အထူးသဖြင့် ယောင်ဆူးပင်။ လုရွှမ်၏ ကြီးမားသော စိတ်ဝိညာဉ် စွမ်းအား ထိန်းချုပ်မှုအောက်တွင် တရှန်းနှင့် ကျောက်ချင်ယင်းတို့သည် ပစ္စည်းအပိုင်းအစများကို လုရွှမ်ရဲ့ စိတ်ဝိညာဉ် မီး​​​တောက်ထဲသို့ ပစ်ချကာ လက်နက်များကို လျင်မြန်စွာ သန့်စင်ပြီးနောက် နယ်စပ်ဖြတ်ကျော် လှေပေါ်ရှိ အက်ကွဲကြောင်းများကို ပြုပြင်လိုက်သည်။

အဆက်မပြတ် ပြုပြင်ရင်း အားလုံးလည်း အလုပ်ရှုပ်သွား၏။ သင်္ဘောကိုယ်ထည်ကို ပြုပြင်ဖို့အတွက် လက်နက် အစိတ်အပိုင်းတွေကို အပြေးအလွှား သုံးနေကြရာ ဘယ်လောက်ကြာကြာ အချိန်ယူလိုက်ရမှန်း​တော့ မသိပေ။ နောက်ဆုံးတော့ သူတို့ရဲ့ ဦးခေါင်းထက်က အလင်းရောင်တွေ မှိန်ဖျော့သွားပါတော့သည်။

ထို့နောက် တဖြည်းဖြည်း မှိန်ဖျော့သွားသည့် အလင်းများ နောက်ဆုံးတွင် ပျောက်ကွယ်သွားပြီး အမှောင်ထဲသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ နောက်ဆုံးတော့ သူတို့ရဲ့ သင်္ဘောကိုယ်ထည် လှုပ်ခါတာလည်း ရပ်သွား၏။ သင်္ဘောကိုယ်ထည်မှာ အက်ကွဲကြောင်းတွေ ပြန့်နှံ့သွားသလို ဖာထေးရာတွေ ပြည့်နေသည်။

သူတို့ ရုတ်တရက် မြေပြင်ပေါ် လဲကျသွားပြီး ဘေးဆိုးကြီးကနေ လွတ်မြောက်သွားတဲ့ အတွက် ကြောက်လန့်​နေသည့်ကြားမှ ရယ်မောလိုက်ကြသည်။

"ငါတို့ အသက်ရှင်ပြီ"

"ငါတို့ အသက်ရှင်ပြီ"

ယောင်ဆူးပင်လျှင် စိတ်လှုပ်ရှားစွာ ခုန်​ပေါက်နေသော်လည်း ရယ်မောပြီးနောက်

"ငါ့ရတနာတွေ!"

သူမသိုလှောင်လက်စွပ်ထဲက ၉၀ ရာခိုင်နှုန်းလောက်ကို သုံးပစ်လိုက်ရာ တချို့အရာများသာ ကျန်တော့သည်။

"ကောင်းပြီ ဒီကနေ အမြန်ထွက်ရအောင် ငါတို့ မကြာခင် ဝမ့်ရှန်းကမ္ဘာကို ရောက်တော့မယ်"

တရှန်း ဝမ်းသာအားရ အော်ပြောကာ လုရွှမ်နံဘေးသို့ လျှောက်သွားခဲ့သည်။ လုရွှမ် သွေး​တွေအန်ကျလာတာကို မြင်လိုက်ရသဖြင့် လုရွှမ်ကို သူ့လက်မောင်းထဲတွင် တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။

"အရမ်းကောင်းတယ် ညီအစ်ကိုရေ!! တရှန်း ငါ့ဘဝမှာ လူတော်တော်များများကို မလေးစားဖူးပေမယ့် ညီအစ်ကို မင်းကတော့ ငါအလေးစားရဆုံးလူပဲ.... ခုချိန်ကစပြီး ငါတရှန်း လုပ်နိုင်တာတစ်ခုခုရှိခဲ့ရင် ပြောသာပြောလိုက်... ငါလုပ်နိုင်သရွေ့ မင်း ထပ်ပြောစရာ မလိုစေရဘူး"

တရှန်း ​အော်​လိုက်​ပြီး မျက်​ရည်​​တွေလည်း စီးကျလာခဲ့သည်​။ လုရွှမ်လည်း ရယ်ကာ တရှန်းရဲ့ ပုခုံးကို ပုတ်လိုက်ရင်း

"ကျွန်​တော်တို့ သေရေးရှင်ရေးကို အတူတူ ဖြတ်ကျော်ခဲ့ပြီ ဆိုမှတော့ သဘာဝအတိုင်း ညီအစ်ကိုတွေပဲပေါ့"

လူအားလုံး၏ ခွန်အားကို ပြန်လည် ဖြည့်တင်းရန်အတွက် ဝိညာဥ်အသီးအနှံများကို တစ်ယောက်ပြီး တစ်ယောက် ထုတ်ယူလာကြသည်။ လုရွှမ်၏ ဒဏ်ရာများသည် ကြောက်မက်ဖွယ်ကောင်းပြီး သူတို့မှာ ပို၍ပင် လေးစား သဘောကျလာကြသည်။ တစ်ယောက်ပြီး တစ်ယောက် စားရန် ဝန်လေးနေသည့် အဖိုးတန်ဝိညာဉ်အသီးများကို လုရွှမ်အား လိုလိုလားလား ပေးအပ်လိုက်ကြသည်။ ထို့အပြင် ရွှင်လန်းသော မျက်လုံးများဖြင့် ကြည်ညို​​​နေကြ​သေးသည်။

လုရွှမ် လူတိုင်းကို လက်သီးနဲ့ထိုးပြီး ညီအစ်ကို ဖွဲ့လိုက်၏။ နောက်ထပ် လဝက်လောက် ခရီးထွက်ပြီးနောက်မှာတော့ ခရီးက ထူးထူးခြားခြား ဖြစ်လာခဲ့ပြီး လုရွှမ်ရဲ့ ခန္ဓာကိုယ်ကလည်း အပြည့်အဝ ပြန်လည် ကောင်းမွန်လာခဲ့သည်။

အရှေ့ဘက်က အလင်းရောင်သည် ရုတ်တရက် တောက်ပလာပြီး တရှန်းက ကျယ်လောင်စွာ ရယ်မောလိုက်လေ၏။

"နောက်ဆုံးတော့ ငါတို့ ဝမ့်ရှန်းကမ္ဘာကို ရောက်ပြီ.... မလွယ်ချက်ပဲဟေ့!"

လူတိုင်းသည် ကုန်းပတ်ပေါ်တွင် ရပ်ကာ ရှေ့ကို မျှော်ကြည့်နေကြသည်။ ဘာကိုမှ မမြင်ရသော်လည်း အလွန် ရွှင်လန်းသွားကြ၏။

All Chapters