စိတ်ကြိုက်ပဲ
Vol. 71 Ch. 4.573
ယခုအချိန်က အလင်း အပိုင်းအစလေးကလည်း သူတို့ အသက်အတွက် ထွက်ပေါက်ကလေး ဖြစ်လာသည်။
အမှောင်ထဲမှာ နေကို ရုတ်တရက် မြင်တွေ့ခွင့်ရပြီး နေရောင်အောက်မှာ နစ်မြုပ်နေခဲ့ရသလိုပဲ စိတ်သက်သာရာ ရသွားစေတဲ့ ခံစားချက်ကတော့ ဘာနဲ့မှ ယှဉ်လို့မရပါဘူး။
"ဟားဟားဟား"
တရှန်းမှာ ရယ်လည်းရယ် ငိုလည်းငို ဖြစ်နေသည်။ ခက်ထန်သော လူတစ်ယောက်က လူတိုင်းရှေ့မှာ ငိုနေမိသည်။ ဘယ်သူ့မှ သူ့ကို မရယ်ကြပေ။ ယခုအချိန်တွင် သူတို့၏မျက်လုံးများသည်လည်း နီရဲပြီး မျက်ရည်များဖြင့် ပြည့်နေသည်။
ဒီခရီးက ဘယ်လောက်တောင် ခက်ခဲလိုက်သလဲ။ အဲဒါက ကျဉ်းမြောင်းတဲ့ အန္တရာယ်ထဲကနေ လွတ်မြောက်လာခဲ့တာလို့ ပြောရင် ချဲ့ကားတယ်လို့ ပြော၍မရချေ။
တရှန်းက "ငါတို့ ဝင်ပေါက်ကမ္ဘာကနေ တဆင့် ဝမ့်ရှန်းကမ္ဘာထဲကို ဝင်နေပြီ"
နယ်စပ်ဖြတ်ကျော်လှေ၏ အရှိန်သည် နှေးကွေးသွားကာ ကမ္ဘာ့အလွှာ၏ အတွင်းထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာသည်။ ပျံသန်းလာစဉ် အလင်းရောင်သည် သူတို့ရှေ့တွင် တဖြည်းဖြည်း မှိန်ဖျော့ဖျော့ ဖြစ်လာကာ ကောင်းကင် ပြာပြာကြီးတစ်ခု ထွက်ပေါ်လာသည်။
ဒီအချိန်မှာတော့ လူတိုင်းက ကမ္ဘာ့အတွင်းထဲက ဆိပ်ကမ်းတံတားကို လှမ်းတွေ့လိုက်ကြသည်။ လောလောဆယ်တော့ လူသိပ်မတွေ့ရသေးပေ။
သူတို့ရဲ့ နယ်စပ်ဖြတ်ကျော်လှေ ပေါ်လာသောအခါ ဆိပ်ကမ်းက မြင်းပေါ်ရှိ လူအများအပြားသည် မယုံကြည်နိုင်စွာ မျက်လုံးများကို ပွတ်သပ်ရင်း ပြင်းထန်စွာ လက်ဝှေ့ယမ်းပြနေကြသည်။ လုရွှမ်တို့လည်း ထိုလမ်းကြောင်းအတိုင်း ချဥ်းကပ်လာခဲ့သည်။
နယ်စပ်ဖြတ်ကျော် လှေပေါ်ရှိ ဆက်သွယ်ရေးမှူးက
"ဒါက သင်္ဘောကျင်းပဲ... မင်းရဲ့ သင်္ဘောနံပါတ်ကို ပြောပြနိုင်မလား"
တရှန်းသည် သူ့လှေရဲ့အမည် ကျစ်ယိုဟောက်ကို သတင်းပို့ပြီးနောက် လွန်းပျံယာဥ်မှူး၏ ညွှန်ကြားချက်အရ သင်္ဘောကျင်းပေါ်သို့ တက်လာခဲ့သည်။ တရှန်းသည် သူဘယ်ဆိပ်ကမ်းကို ဝင်ရောက်ဖို့ လိုအပ်သေးလဲလို့ မေးတဲ့အခါ တစ်ဖက်လူက
"သဘောပဲ... အခုလို ရက်ပေါင်းများစွာ ကြာပြီးနောက်မှာ သင်္ဘောတစ်စင်းတည်းပဲ ဝင်ရောက်နိုင်ခဲ့တာ... အဲဒါက မင်းရဲ့ ကျစ်ယိုဟောက်ပဲ"
လှေပေါ်မှ ဆင်းပြီးသည်နှင့် ဆိပ်ကမ်းတွင် လူပင်လယ်ကြီး ရှိနေ၏။ ကျင့်ကြံသူ များစွာသည် ဆိပ်ကမ်း၌ စုဝေးနေကြကာ ကျစ်ယိုဟောက်ကို ညွှန်ပြနေကြသော်လည်း ငြူစူခြင်း မရှိ၊ ကြည်ညိုဖွယ် အတိဖြင့် ကြည့်နေကြသည်။
လုရွှမ်ဆီက ကယ်တင်ခံခဲ့ရသော လှေလုပ်သား တျယ်နျိုက တဟားဟား ရယ်မောကာ
"ကျွန်တော်တို့ ကျစ်ယိုဟောက်က မကြာခင် နာမည်ကြီးလာတော့မှာ... အချိန်တန်ရင် ဂိုဏ်းခွဲကြီးတွေက ကျွန်တော်တို့ကို ပံ့ပိုးကူညီဖို့ ရောက်လာကြလိမ့်မယ်... ကျွန်တော်တို့ရဲ့ ကျစ်ယိုဟောက်ကလည်း သတ်မှတ်ထားတဲ့ ဂိုဏ်းတစ်ခုလည်း ဖြစ်လာနိုင်တယ်... အဲဒီအခါကျရင် ကျွန်တော်တို့ နယ်စပ်ဖြတ်ကျော်လှေရဲ့ တောင်တံခါး ဖြစ်လာမှာ...ဟားဟား ကျနော်တို့တော့ ပွပြီ”
အနည်းငယ် ရှင်းပြပြီးနောက် လုရွှမ်လည်း နားလည်သွားသည်။ နယ်စပ်ဖြတ်ကျော် လှေလုပ်ငန်းမှာလည်း အခွဲတွေ အများကြီး ရှိလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။
ဝမ့်ရှန်းကမ္ဘာက အလွန်ကြီးမားသည်။ ရှေးဟောင်းလျှပ်စီးကမ္ဘာနဲ့ မတူဘဲ မိသားစုများသည် အင်အားကြီးမားပြီး ဤနေရာက ဂိုဏ်းဂဏများကလည်း သြဇာ လွှမ်းမိုးထားနိုင်သော အနေအထားတွင် ရှိနေသည်။ ဂိုဏ်းများစွာရှိပြီး ဂိုဏ်းတစ်ခုစီကြားတွင် သဘာဝအတိုင်း ပြိုင်ဆိုင်မှုတွေလည်း ရှိသည်။
ကိုယ့်ရဲ့ဂိုဏ်းကို ပြင်းပြင်းထန်ထန် ဖွံ့ဖြိုးစေချင်ရင် ထက်မြက်တဲ့ တပည့်တွေကို သဘာဝကျကျ စုဆောင်းထားဖို့ လိုလိမ့်မည်။ သို့သော် အရည်အချင်းရှိသော တပည့်များသည် အလွန်ရှားပါးသောကြောင့် ရှေးဟောင်းလျှပ်စစ်ကမ္ဘာရဲ့ လမ်းကြောင်းကို ဖွင့်လှစ်ပြီးနောက် ဂိုဏ်းများစွာသည် ရှေးဟောင်း လျှပ်စီးကမ္ဘာငယ်လေးမှ ထူးချွန်သော လူငယ်များကို စုဆောင်းလာကြလေ၏။
ဝမ့်ရှန်းကမ္ဘာကနေ ရှေးဟောင်းလျှပ်စီးကမ္ဘာကို ဝင်ရောက်ရန် လွယ်ကူသည်။ အကယ်၍ ရှေးဟောင်း လျှပ်စစ်ကမ္ဘာမှ ဝမ့်ရှန်းကမ္ဘာသို့ ဝင်ရောက်လိုပါက အာကာသအတွင်း သွားလာရန် နယ်စပ်ဖြတ်ကျော် လှေတစ်စီး လိုအပ်ပါသည်။
အာကာသသည် အလွန်အန္တရာယ်များပြီး အချိန်မရွေး အန္တရာယ်များစွာနှင့် ရင်ဆိုင်နေရသည်။ ဥပမာအားဖြင့် ယခုတစ်ကြိမ်တွင် အာကာသ လေပြင်းတိုက်ခတ်မှုသည် ကမ္ဘာနှင့် နယ်စပ်ဖြတ်ကျော်လှေကြား အခက်အခဲ ဖြစ်စေကာ နောက်ဆက်တွဲကို ကြုံတွေ့ရစေသည်။
ဂိုဏ်းတစ်ခုက တပည့်တွေကို ပြုစုပျိုးထောင်ဖို့ ဆိုတာကလည်စ မလွယ်ချေ။ ထို့ကြောင့် ကျစ်ယိုဟောက်လို ကိုယ်ပိုင် နယ်စပ်ဖြတ်ကျော်လှေ ရှိသူသည် နှစ်သစ်ကူးကာလတွင် အာကာသအတွင်း ပျံသန်းနေနိုင်သည်။
ထိုအခါ ရှေးဟောင်းလျှပ်စီးကမ္ဘာမှ ပါရမီရှင် မျိုးဆက်တစ်ဆက်က ၎င်းတို့အား စောင့်ရှောက်ပေးမှာ ဖြစ်ပြီး သူတို့ဦးခေါင်းများကို အခြေခံ၍ ဂိုဏ်းက ဆုချီးမြှင့်ပေးမှာပဲ ဖြစ်သည်။ သို့သော်လည်း နယ်စပ်ဖြတ်ကျော် လှေများကို ပြုပြင်ထိန်းသိမ်းရာတွင် ကြုံတွေ့ရသည့် အန္တရာယ်အားလုံးကို လှေပိုင်ရှင်က တာဝန်ခံရမှာ ဖြစ်လို့ အလွန်အန္တရာယ်များသည်။
အာမခံချက်လည်း မရှိပေ။ အားနည်းတဲ့သူက သေသွားရင် ဘာမှကျန်တော့မှာ မဟုတ်ဘူးလေ။
ထို့ကြောင့် တချို့သော ဂိုဏ်းခွဲများက နည်းလမ်းရှာ၍ တချို့နာမည်ကြီးသော နယ်စပ်ဖြတ်ကျော် လှေများကို ဘေးကင်း လုံခြုံရေးအတွက် စာချုပ်ချုပ်ဆိုကြသည်။ သူတို့ဂိုဏ်းကို စိတ်ဝင်စားတဲ့ လူငယ်တွေက ပင်ကိုယ်စွမ်းရည်တွေကို ထုတ်ပြဖို့ သယ်ပို့စေလိမ့်မည်။ ဒီလိုနှစ်ခြိုက်ခံရတဲ့ နယ်စပ်ဖြတ်ကျော် လှေတွေဟာ သဘာဝအတိုင်း ကောင်းမွန်တဲ့ သက်သာချောင်ချိရေးနဲ့ အကျိုးကျေးဇူးများစွာ ရရှိပါလိမ့်မယ်။
ထို့ကြောင့် ခေါင်းဆောင်တရှန်းသည် ၎င်း၏ ဂုဏ်သိက္ခာကို ကာကွယ်လိုခြင်း မပြုမီ အော်ဟစ်ပြောဆိုနေခဲ့ခြင်း ဖြစ်သည်။
ယခုတွင် အစောပိုင်းက အာကာသ လေပြင်းတိုက်ခတ်မှုမှာ အလွန်အားကောင်းကြောင်း သိသွားကြပြီ။ နောက်ဆက်တွဲ စွမ်းအားကပင် အဆင့်ကိုးထက်ပင် ရှိနေပြီ ဖြစ်သည်။ လွန်ခဲ့သည့် လအနည်းငယ် အတွင်း နယ်စပ်ဖြတ်ကျော်လှေ အားလုံးနီးပါး ပျောက်ဆုံးသွားကာ ကျစ်ယိုဟောင်သာလျှင် ဘေးကင်းစွာ ထွက်ခွာလာနိုင်ခဲ့သည်။
ဒါက ဂိုဏ်းခွဲအားလုံးအား ကျစ်ယိုဟောက်က သူ့ရဲ့အစွမ်းသတ္တိကို ပြသခဲ့သည့် အကောင်းဆုံး သက်သေသာဓက ဖြစ်သည်။ ယခု ၎င်းတို့ကို ဂိုဏ်းပေါင်းများစွာက ရွေးချယ်လာနိုင်ပြီ။
အကျိုးကျေးဇူးများနှင့် ကုသမှုများက အလွန်ကောင်းမွန်ပါသည်။ ယခင် မရေရာသော ဘဝနှင့် နှိုင်းယှဉ်ပါက ကြီးမားသော တိုးတက်မှုတစ်ခု ဖြစ်လာပြီ။ ဒါကြောင့် လှေလုပ်သားများလည်း အလွန်ပျော်ရွှင်နေကြ၏။
တည်ငြိမ်သောဘဝဖြင့် နေထိုင်မှသာ လေ့ကျင့်ရန် အရင်းအမြစ်များ ရရှိနိုင်မှာဖြစ်ပြီး ပိုမိုကောင်းမွန်သော နယ်ပယ်သို့ အရောက်လှမ်းနိုင်မှာပင်။ ဝမ့်ရှန်းကမ္ဘာက ပထမဆုံး အမှန်တရားဖြစ်သည်။
"လုရွှမ် ရှင် ဘယ်တောင်ဂိတ်ကို ဝင်မှာလဲ?"
ကျောက်ချင်ယင်းက မေးလိုက်သည်။ သူမသည် လုရွှမ်နဲ့ အတူရှိရန် အလွန် စိတ်အားထက်သန် နေသော်လည်း သူမအတွက် မျှော်လင့်ချက် မရှိကြောင်း သူမသိသည်။ ဒါပေမဲ့ အကောင်းဆုံးကတော့ လုရွှမ်နဲ့အတူတူ တောင်တံခါးမှာနေပြီး သူ့ကို ခဏခဏတွေ့ရဖို့ပါပဲ။
လုရွှမ် ပြုံးပြီး ခေါင်းခါလိုက်သည်။ သူတို့တွေးနေတာက တောင်တံခါးကို ဘယ်လိုရွေးရမလဲ ဆိုတာဖြစ်ပေမယ့် အခု လုရွှမ် တွေးနေတာကတော့ ဘယ်လို ထွက်ပြေးရမလဲ ဆိုတာပါပဲ။
ထက်မြက်တဲ့ တပည့်နဲ့ ကမ္ဘာ့ရတနာမှာ ဘယ်ဟာက ပိုအရေးကြီးလဲ လူတိုင်းပြောနိုင်သည်။
ဤလူများသည် သူတို့ရဲ့ ကြီးမားသော စွမ်းအားများကို ထိန်းချုပ်ထားသော်လည်း ဘယ်သူကမှ ဦးစွာ တိုက်ခိုက်ရန် မပြောကြပေ။ ၎င်းတို့အားလုံးက သူ့ကိုဦးစွာ သတ်ပြီးနောက်မှ စကား ဆက်ပြောကြနိုင်သည်။
လမ်းတစ်လျှောက်တွင် ယောင်ဆူးရဲ့ မျက်လုံးထဲက အကြည့်များကို လုရွှမ် လှမ်းမြင်လိုက်ရသည်။ သူမမျက်လုံးထဲတွင် "ငါဒါကို လက်မခံနိုင်ဘူး... တခြားဘယ်သူမှ မစဉ်းစားရင်တောင် ငါကတော့ ရအောင်ယူမယ်"လို့ ပြောနေ၏။
တကယ်တမ်း အခုအကောင်းဆုံး နည်းလမ်းကတော့ အနာဂတ်ဒုက္ခတွေကို ရှောင်ဖို့ ယောင်ဆူးနဲ့ ဟောင်နန်းဖုန်းတို့ကို သတ်ပစ်ဖို့ပါပဲ။
ဒါပေမဲ့ သူတို့နှစ်ဦးဟာ လမ်းတစ်လျှောက်မှာ ပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေကို မျှဝေခံစားနိုင်ခဲ့ကြသည်။ ယောင်ဆူးဟာ သိုလှောင်လက်စွပ်မှာ ပါဝင်ပစ္စည်းတွေကို ပေးဆောင်ခဲ့ရပေမယ့် သူမသည် အာကာသ လေပြင်းတိုက်ခတ်မှုထဲမှ လွတ်မြောက်နိုင်ခဲ့ပြီး အန္တရာယ်ကင်းကင်းနဲ့ ဒီကိုရောက်လာခဲ့သည်။
လုရွှမ် ဘာမှမလုပ်နိုင်သေးဘူး။ ဒါ့ပြင် သူတင်မကဘူး ဟောင်နန်းဖုန်းလည်း အတူတူပင်။
အပြင်ကို ထွက်လာပြီးတာနဲ့ လူတွေ အများကြီးကို တွေ့ရတော့မည်။ အခုလှုပ်ရှားလိုက်ရင် မြွေကိုသေချာပေါက် သတိပေးမိသွားလိမ့်မယ်။
ကျောက်ချင်ယင်းမှာ အနည်းငယ် စိတ်ပျက်သွားသည်။ လုရွှမ် သူမကို လှည့်ပြောလိုက်၏။
"အရမ်းမတွေးပါနဲ့ ငါထွက်သွားသင့်တယ်... ငါမထွက်သွားရင် သေခြင်းတရားနဲ့ ဝေးတော့မှာ မဟုတ်ဘူး"
ကျောက်ချင်ယင်း ရုတ်တရက် တုံ့ပြန်လိုက်ပြီး ယောင်ဆူးနဲ့ ဟောင်နန်းဖုန်းတို့ကို ပြင်းထန်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
ယောင်ဆူးသည် သူမမျက်နှာတွင် ဂုဏ်ယူမှုအရိပ်အမြွက်ပြကာ ဟန်ဆောင်ထားသော်လည်း ဟောင်နန်းဖုန်းကတော့ သူ့မျက်နှာတွင် ပြုံးနေသေးပြီး ဘာကိုမျှ မမြင်နိုင်သေးပေ။
"မင်းတို့ အချိန်ရကြတယ်မလား?"
"အချိန်ရဲ့ 10%ပေါ့"
သင်္ဘောကျင်းသခင်၏ ဖိတ်ကြားချက်အရ သူတို့အဖွဲ့သည် ခန်းမထဲသို့ လျှောက်သွားခဲ့သည်။ တစ်ဖက်သူသည် နတ်မီးနယ်ပယ်က အရှင်သခင် ဖြစ်ပြီး လှုပ်ရှားရန် မလွယ်ကူပေ။ အခုက ကျစ်ယိုဟောင်ဟာ သေရေးရှင်ရေး ကြားထဲမှ လွတ်မြောက်လာခဲ့ပြီး အံ့ဖွယ်အမှုများကို ဖန်တီးကာ နောက်ဆုံးတွင် ထွက်လာသောကြောင့် လုရွှမ်လည်း ဖိတ်ခေါ်မှုကို ငြင်းလို့က မဖြစ်ချေ။
ခန်းမထဲသို့ ရောက်သောအခါ သူတို့နှင့် တခြားအမှုထမ်းများသည် တာဝန်ကျရာ နေရာများ အသီးသီးရှိကြပြီး ဂိုဏ်းတွေက ကိုယ်စားလှယ်များလည်း ရောက်ရှိနေပြီ ဖြစ်သည်။
လုရွှမ် တချက်ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ ထိုလူများသည် ကိုယ်စားပြုသူလား ဂိုဏ်းဆရာများလား မသိသော်လည်း ကံကောင်းစွာဖြင့် သူတို့အားလုံးသည် ကောင်းကင်ဘုံသခင် နယ်ပယ်များ ဖြစ်လေသည်။