ဂိုဏ်းခွဲရွေးချယ်ခြင်း
Vol. 71 Ch. 4.574
ထုံးစံအတိုင်း ကောင်းကင်ဘုံသခင်များ အားလုံးသည် အရာနှစ်ခုအတွက် စိုးရိမ်နေကြပါ၏။ ပထမအချက်မှာ ကျစ်ယိုဟောက်သည် အာကာသ လေပြင်းတိုက်ခတ်မှုမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ ကျစ်ယိုဟောက်ဂိုဏ်းသည် သီးသန့် နယ်စပ်ဖြတ်ကျော်လှေ အဖြစ် တိုးချဲ့လာနိုင်သည်။
ဒုတိယတစ်မျိုးမှာ ကျန်ကျင့်ကြံသူ ငါးယောက်ရဲ့ ကံကြမ္မပါပဲ။ သူတို့သည် သဘာဝအတိုင်းပင် အာကာသ လေပြင်းတိုက်ခတ်မှု၏ နောက်ကွယ်တွင် အသက်ရှင် ရပ်တည်နိုင်ခဲ့တာကြောင့် ပါရမီအဆင့် မခွဲခြားဘဲ အနည်းဆုံး ကံကောင်းသူများ ဖြစ်ပေလိမ့်မည်။
ထို့အပြင် နယ်စပ်ဖြတ်ကျော်လှေပေါ်တွင် ကျင့်ကြံသူ ငါးယောက်ထက်မက ပါ၀င်၍ တခြားသူတွေ သေဆုံးသွားတာ ဒါမှမဟုတ် အသက်ရှင် ကျန်ရစ်ရခဲ့ကြတာဟာ မတော်တဆ မဟုတ်တာ ထင်ရှားပေသည်။
တခြားသူများကို ကြည့်လိုက်ရင်း လုရွှမ်မှာ သူ့ကိုယ်သူ ကုန်ပစ္စည်းအဖြစ် ရောင်းစားခံလိုက်ရသလို ခံစားလာရသည်။
ကပ္ပတိန် တရှန်းငည် ကောင်းကင်ဘုံသခင် ပြီးပြည့်စုံသောကာလ ဖြစ်သော်လည်း ဤဂိုဏ်းကိုယ်စားလှယ်များ ရှေ့တွင် မောက်မာမှုများစွာ မပြုမူဘဲ ဖြစ်ပျက်ခဲ့သမျှကို ရိုသေစွာ ပြောပြခဲ့သည်။
သို့သော် လှေပေါ်က လုရွှမ်၏ ကြီးမားသော အခန်းကဏ္ဍကို လျစ်လျူရှုထားကာ တခြားကျင့်ကြံသူများပါ ပါဝင်ခဲ့တဲ့ အကြောင်း မျှဝေပေးကာ တခြားသူများရဲ့ အသက်ကို စတေးလိုက်ပြီးမှသာ ဒီဘဝမျိုးကို ရရှိခဲ့ကြောင်း ဆိုသည်။
ဒီလိုပြောလိုက်ခြင်းက ကျင့်ကြံသူ လူငယ်များအတွက် ဂုဏ်သတင်းကောင်း တစ်ခုဖြစ်ပြီး သူတို့ရဲ့ အနာဂတ် ဂိုဏ်းရွေးချယ်မှုအတွက် ကြီးမားသော အကျိုးကျေးဇူးများ ရရှိမှာပဲ ဖြစ်လေ၏။ သို့သော် လုရွှမ် အတွက်တော့ ဒါဟာ ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုပါပဲ။
ရွေးချယ်မှု တချို့ပြီးနောက် တရှန်းသည် စိမ်းပြာကောင်းကင်ဂိုဏ်းကို သဘာဝကျကျ ရွေးချယ်သွားခဲ့သည်။ စည်းစိမ်ဥစ္စာက အကောင်းဆုံး၊ တန်ခိုးအာဏာက အကြီးမြတ်ဆုံး ဖြစ်သည်။ ယခုအချိန်၌ ကျစ်ယိုဟောက်ရဲ့ စွမ်းဆောင်ခဲ့မှုက အလွန်ကို ပြိုးပြိုးပြက်ပြက် ဖြစ်နေပေပြီ။ လှေလုပ်သားတွေကြားက မဟာသူတော်စင်အဆင့် ရှိသော လူအားလုံးလည်း နာမည်ကြီးလာပြီ။
အဲဒီနောက်မှာတော့ ကျင့်ကြံသူ ငါးယောက်ဟာလည်း သဘာဝအတိုင်း ဂိုဏ်းရွေးချယ်ဖို့ ဖြစ်လာခဲ့ပါ၏။
ကျစ်ယိုဟောက်ဟာ သူဝင်ချင်တဲ့ဂိုဏ်းကို လွတ်လပ်စွာ ရွေးချယ်နိုင်သော်လည်း လူငယ်ငါးဦးကတော့ သူတို့ဝင်ချင်တဲ့ ဂိုဏ်းကို ရွေးချယ်ပိုင်ခွင့် မရှိပေ။
လူငယ်ငါးဦး၏ အထောက်အထားများကို ဂိုဏ်းကိုယ်စားလှယ် အုပ်စုတစ်စုက ရရှိထားပြီးသား ဖြစ်သည်။ ထို့မှသာ လုရွှမ်သည် ရန်မြို့သခင် အဘိုးကြီးဟော်ရှန်းမှ သတ်မှတ်ထားသော ဝင်ခွင့်စာမေးပွဲကို အောင်မြင်ခဲ့တဲ့ လုရွှမ်ဖြစ်ကြောင်း သိလိုက်ကြသည်။
ယခုကိစ္စက လုရွှမ်နဲ့လည်း သက်ဆိုင်နေကြောင်း တွေ့ရသည်။ လုရွှမ်သည် လူကြီးမင်းဟော်ရှန်း တည်ထောင်ထားသော ဝင်ပေါက်ကို ဖြတ်ကျော်သွားခဲ့သည်။ သူသည် နောက်ဆုံးထွက်ခွာလာသူ ဖြစ်ခဲ့သော်လည်း ပထမဆုံးနေရာကို ထိုက်တန်သူအဖြစ် လူတိုင်းက ချီးကျူးခဲ့ကြသည်။
ထို့နောက်တွင် လုရွှမ်သည် ရှေးဟောင်းလျှပ်စီးမြို့တော်တွင် ပွဲဆူအောင် လုပ်သွားခဲ့ပြီး ဝမ့်ကျစ်ကမ္ဘာမှ လူများသည်ပင် အာရုံနောက်သွားခဲ့ရသည်။ လုရွှမ်ကြောင့် ရှေးဟောင်း လျှပ်စီးကမ္ဘာတွင် အရင်းအမြစ်များ သာမက အရည်အချင်းရှိသူများစွာပါ ပါဝင်နေကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။
ထို့ကြောင့် စိမ်းပြာကောင်းကင်ဂိုဏ်း၏ ပံ့ပိုးမှုဖြင့် လူကြီးမင်းဟော်ရှန်းသည် ဝင်ခွင့်စာမေးပွဲကို ထပ်မံတိုးချဲ့ ဖွင့်လှစ်ခဲ့သည်။
ဝမ့်ကျစ်ကမ္ဘာသို့ နယ်စပ်ဖြတ်ကျော် လှေစီးလိုသော ကျင့်ကြံသူ အများအပြားသည် ရန်မြို့က ကြိုတင်အကဲဖြတ်မှုကို မအောင်မြင်ပါက နယ်စပ်ဖြတ်ကျော် လှေစီးရန် လက်မှတ်တောင် မဝယ်နိုင်ကြပေ။
လူကြီးမင်းဟော်ရှန်းရဲ့ အကဲဖြတ်မှု အခက်အခဲသည် စိမ်းပြာကောင်းကင်ဂိုဏ်းရဲ့ အကဲဖြတ်မှုလို မဟုတ်ပေ။ သို့သော် ရန်မြို့က အကဲဖြတ်မှုကို အောင်မြင်ပြီး အလုပ်ကြိုးစားခဲ့သောကြောင့် စိမ်းပြာကောင်းကင်ဂိုဏ်းရဲ့ ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ရန် မခက်ခဲပေ။
ထို့ကြောင့် ဂိုဏ်းအားလုံး၏ အမြင်တွင် ၎င်းတို့လူငယ် ငါးယောက်ဟာ သဘာဝအတိုင်း အလွန်ရေပန်းစားသွားသည်။
စိမ်းပြာကောင်းကင်ဂိုဏ်းဂိုဏ်းသည် အင်အားအကောင်းဆုံး ဖြစ်သော်လည်း ဝမ့်ရှန်းကမ္ဘာ၌ သူတို့ လိုက်မမှီနိုင်သော ဂိုဏ်းများစွာလည်း ရှိပါသေးသည်။ စိမ်းပြာကောင်းကင်ဂိုဏ်းက အားကောင်းပေမယ့် တခြားဂိုဏ်းများရဲ့ မျက်နှာကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်နေသေးသည်။
ဆွေးနွေးမှု တချို့ပြီးနောက် စိမ်းပြာကောင်းကင်ဂိုဏ်းသည် ပထမဆုံး အနေနဲ့ တစ်ယောက်ကို ရွေးချယ်နိုင်ပြီး တခြားလေးယောက်ကိုတော့ ဤနေရာတွင် ရပ်နေသော အပြင်းထန်ဆုံး ဂိုဏ်းလေးဂိုဏ်းက သဘာဝအတိုင်း ရွေးချယ်သွားမှာ ဖြစ်သည်။
သူတို့လေးယောက်သည် စိမ်းပြာကောင်းကင်ဂိုဏ်းမှ ကိုယ်စားလှယ်အား မျှော်လင့်ချက် မျက်လုံးများဖြင့် ကြည့်နေ၏။ ထိုသူသည် ကောင်းကင်ဘုံသခင် ပြီးပြည့်စုံသောကာလမှ အရှင်သခင်ဖြစ်သည်။ သူ့ခန္ဓာကိုယ်မှ ထွက်လာသော ရောင်ဝါက ဆရာကြီးတွေထက် များစွာ ပြင်းထန်သည်။
လုရွှမ်၏အမြင်တွင် ဤလူ၏ စွမ်းအားသည် ဟန်လိထက် မနိမ့်တော့ပေ။ သူသည် ရှေးဟောင်း လျှပ်စီးကမ္ဘာတွင် စွမ်းအားအရှိဆုံး တိုက်ခိုက်ရေး စွမ်းအားကို ရနီးပါးဖြစ်နေပြီ။ ပြီးတော့ ဒီခန်းမထဲမှာပဲ စိမ်းပြာကောင်းကင်ဂိုဏ်းရဲ့ ကိုယ်စားလှယ်တွေထက် အင်အားပိုကြီးတဲ့ ကောင်းကင်ဘုံသခင် တစ်ယောက်လည်း ရှိသေးသည်။
လုရွှမ်သည် ကျူးချွဲ့ရဲ့ သွေးကို ရရှိထားပြီး သူ့အရိုးများကို ပြန်လည်ပုံဖော်ကာ မိုးကြိုးနိယာမပုံစံများ ပြုလုပ်ထားလို့ ခွန်အားများစွာ တိုးလာကြောင်း ဝါကြွားမိသော်လည်း ဟန်လိရဲ့ အင်အားကို ဆယ်ပုံတစ်ပုံပင် မှီလိမ့်မည် မဟုတ်ပေ။ ပြီးတော့ ဒီမှာ ဟန်လိလို အစွမ်းထက်တဲ့သူက ငါးယောက် ခြောက်ယောက်ထက်မနည်း ရှိနေသည်။
စိမ်းပြာကောင်းကင်ဂိုဏ်းက ကိုယ်စားလှယ်ဟာ လူလေးယောက်ကို ခေါင်းညိတ်ပြပြီး လူငယ်ငါးဦးကို အလွန်ကျေနပ်သွားပုံရကာ သူ့မျက်လုံးများက လုရွှမ်ကိုလည်း အာရုံစိုက်နေသည်။ ကျင့်ကြံမှု အဆင့်နိမ့်လေ သဘာဝအလျောက် စွမ်းရည်မြင့်မားလေ ဖြစ်သည်။
"အကြီးအကဲရှင့်... စိမ်းပြာကောင်းကင်းဂိုဏ်းက ဝမ့်ရှန်းကမ္ဘာမှာ အကြီးဆုံးဂိုဏ်း ဖြစ်တဲ့ကြောင်း ငယ်ငယ်လေးကတည်းက ဒီအငယ်တန်း ယောင်ဆူး မကြာခဏ ကြားသိရတဲ့အတွက် စိမ်းပြာကောင်းကင်ဂိုဏ်းထဲကို ဝင်ဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်... အခုတော့ ဝမ့်ရှန်းကမ္ဘာကို ရောက်လာခဲ့ပြီ... ဒီအငယ်တန်းကို စိမ်းပြာကောင်းကင်ဂိုဏ်းက တပည့်အဖြစ် လက်ခံပေးဖို့ အရမ်းမျှော်လင့်ထားပါတယ်"
ယောင်ဆူးရဲ့ အသံက ရုတ်တရက် ထွက်ပေါ်လာပြီး လုရွှမ်ကိုလည်း မော့ကြည့်လိုက်သည်။
လုရွှမ် နည်းနည်းတော့ ရယ်ချင်သွားသည်။ ဒါကသူ့ကို လာခြိမ်းခြောက်နေတာလား။ ဒါမှမဟုတ် သူမကိုယ်သူမ အသတ်ခံရမှာကြောက်လို့ လွတ်မြောက်ရာလမ်း ရှာနေတာလား။
စိမ်းပြာကောင်းကင်ဂိုဏ်းရဲ့ ကိုယ်စားလှယ်က တစ်ချက် ကြည့်လိုက်ပေမယ့် သူက အရမ်းကြင်နာပြီး ပြုံးပြလာခဲ့သည်။
"ငယ်ငယ်ကတည်းက ဟုတ်လား ဟားဟားဟား"
ယောင်ဆူးကလည်း ပျော်ရွှင်နေပြီး အဖိုးအိုသည် သူမစကားကို အမှန်တကယ် နားလည်ကြောင်း သိလိုက်၏။
"ဟုတ်ပါတယ် ကျွန်မမိဘတွေဖြစ်တဲ့ ဆရာကြီးယန်ထျန်းနဲ့ နတ်သမီးလော့ဟွားတို့က နတ်မီးနယ်ပယ်ကို ရောက်နေပါပြီ... စိမ်းပြာကောင်းကင်ဂိုဏ်းရဲ့ ဂုဏ်သတင်းကို ဆွေးနွေးဖို့အတွက် ဝမ့်ရှန်းကမ္ဘာကိုလည်း ရောက်ဖူးပါတယ်"
စိမ်းပြာကောင်းကင်ဂိုဏ်း ကိုယ်စားလှယ်၏ မျက်လုံးများက ရုတ်တရက် တောက်ပလာပြီး ပြုံးလိုက်သည်။
"အိုး ငါ နတ်သမီးလော့ဟွားရဲ့ ဂုဏ်သတင်း အကြောင်း ငါကြားဖူးပါတယ်.... ဒီလိုဆိုရင် မင်းငါနဲ့ စိမ်းပြာကောင်းကင်ဂိုဏ်းကို လိုက်ခဲ့ပေါ့"
သူ့အမြင်တွင် ဘယ်သူ့ကိုရွေးရွေး အရေးမကြီးချေ။ အထူးသဖြင့် ကျန်းထျန်းချိုင်သည် သူ့ထင်မြင်ချက်တွင် အနည်းငယ် ငယ်ရွယ်ပြီး ကျင့်ကြံမှု အဆင့်ကလည်း နိမ့်ကျသောကြောင့် သူ့တွင် အားသာချက် အနည်းငယ်သာ ရှိသည်။
ယောင်ဆူးသည် စိမ်းပြာကောင်းကင်ဂိုဏ်း အကြီးအကဲ၏ဘေးတွင် ပျော်ရွှင်စွာရပ်နေပြီး သရုပ်ပြနေသည့် အတိုင်း ကျောက်ချင်ယင်းကိုလည်း ဂုဏ်ယူစွာ စိုက်ကြည့်နေသည်။
တခြားဂိုဏ်းများကလည်း တစ်ယောက်ပြီး တစ်ယောက် တက်လာပြီး လူအနည်းငယ်ကို ရွေးထုတ်သွားသည်။
ဖြစ်စဉ်တစ်လျှောက်လုံးတွင် ဟောင်နန်းဖုန်းသည် သူ ဘယ်သူဘယ်ဝါဆိုတာ မဖော်ထုတ်သွားတာကြောင့် လုရွှမ် သက်ပြင်းချနိုင်ခဲ့သည်။ လုရွှမ်သည် ထိုအကြောင်းနှင့် ပတ်သက်၍ မရေရာသော ခန့်မှန်းချက်တစ်ခု ရှိနေခဲ့သည်။
ယောင်ဆူးသည် သူမလိုချင်တာကို ရအောင်ယူသွားခဲ့ပေမယ့် ဟောင်နန်းဖုန်းဟာ သူတစ်ပါးကို ထိခိုက်နစ်နာစေမယ့် အရာတွေကို လုပ်နေပေမယ့် ကိုယ့်ကိုကိုယ် အကျိုးယုတ်စေမယ့် အရာမျိုးကို ပြုလုပ်မယ့်သူတော့ မဟုတ်ပါဘူး။ သူ့ကို မဖော်ထုတ်လိုက်ခြင်းက သူတို့ရဲ့ အနာဂတ် လမ်းအတွက် အကြောင်းရင်း ဖြစ်လိမ့်မည်။
ဒါပေါ့။ အခုအချိန်မှာ အကျိုးတစ်ခုခု ရှိမယ်ဆိုရင် အဲဒီလူက သူ့ရဲ့အထောက်အထားကို အမြန်ဆုံး ဖော်ထုတ်ပေးမယ် ဆိုတာ သေချာပါသည်။
လုရွှမ်ကို ကောင်းကင်အောင်ခြင်းဂိုဏ်း ဟုခေါ်သော ဂိုဏ်းတစ်ခုမှ ဆူဖြိုးသော ကျင့်ကြံသူ တစ်ပါးမှ ရွေးချယ်သွားခဲ့ပြီး ကျောက်ချင်ယင်းကတော့ မက်မွန်ပန်းတောင်ကြား ဟုခေါ်သော ဂိုဏ်းတစ်ခုသို့ ဝင်ရောက်သွားခဲ့သည်။
ကျောက်ချင်ယင်း၏ နှုတ်ဆက်သံကြားတွင် ကိုယ်စားလှယ်နဲ့ သူမတို့ ထွက်သွားကြသည်။
"အစ်ကိုထျန်းချိုင်... ဂရုစိုက်ပါ"
ဟောင်နန်းဖုန်း ပြုံးပြီး ပြောလိုက်သော်လည်း အဓိပ္ပာယ် မရှိသလိုကြီး ခံစားနေရလေသည်။
ခပ်ဝဝကျင့်ကြံသူက ကျန့်ကျောက်လို့ ခေါ်ပြီး လုရွှမ်ကို ဆရာတူအစ်ကိုကျန့်လို့ ခေါ်ခိုင်၏။ သူ့ရဲ့ ကျင့်ကြံမှုက မမြင့်ပါဘူး။ သူက ကောင်းကင်ဘုံသခင် အဆင့်၅ပဲ ရှိပြီး ကိုယ်စားလှယ်တွေထဲမှာ အနိမ့်ဆုံး သူတစ်ယောက်ပါပဲ။
"ကောင်လေး မင်းမှာ တော်တော်ကြီးကျယ်တဲ့ နာမည်ကောင်း ရှိတာပဲ... နာမည်ကလည်း ထျန်းချိုင် (ပါရမီရှင်) ဆိုတော့ မင်းကလည်း တကယ့် ပါရမီရှင်လား?"
ကျန့်ကျောက်က အလွန်သွက်လက်ပြီး သူစကားပြောတဲ့အခါ ပြုံးရွှင်နေတာကြောင့် လူတွေအား သူ့ကို သဘာဝကျကျ သဘောကျလာစေသည်။
လုရွှမ် ပြုံးလိုက်သည်။ ဒါက အောင့်ထျန်း သူ့အတွက် ရွေးချယ်ခဲ့တဲ့ အထောက်အထားနဲ့ နာမည်ပဲ။ လုရွှမ်စိတ်ထဲကနေ သူ့ကို အကြိမ်ကြိမ် ဆဲဆိုခဲ့ဖူး၏။ သူက မိသားစုတစ်ခုရဲ့ အကြီးအကဲလည်း ဖြစ်တယ်၊ နတ်မီးနယ်ပယ်က သခင်လည်း ဖြစ်တာကို ဒီလောက်မိုက်မဲတဲ့ နာမည်ကို ပေးရတယ်တဲ့လား။
"ကောင်လေး... မင်းခံစားနိုင်မယ်လို့ ငါထင်တယ်။ ဟုတ်တယ် ငါတို့ဂိုဏ်းမှာ အရေးကြီးဆုံးအရာက လက်နက်သန့်စင်တဲ့ ပညာပဲ... မင်းဆီက မီးတောက်ငွေ့တွေကို ငါခံစားနိုင်တယ်လေအဲ ဒါကြောင့် ဂိုဏ်းထဲဝင်ဖို့ မင်းကို ငါရွေးချယ်ခဲ့တာ ဟေးဟေး မင်းငါ့မီးတောက်ကို ကြည့်မလား?"
ကျောက်ကျန့်က ပြုံးပြီး သူ့ဘယ်ဘက်လက်ကို လှန်လိုက်ပြီး သူ့လက်ထဲမှာ အပြာရောင်တောက်နေတဲ့ မီးတောက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
တောက်လောင်နေသော အပူချိန်သည် မီးတောက်မှတစ်ဆင့် ပတ်ဝန်းကျင်ကို ချက်ချင်း လွတ်မြောက်သွားသည်။ လုရွှမ်ရဲ့ မျက်လုံးများလည်း တောက်ပလာပြီး ထူးဆန်းသော မီးလုံးတစ်ခု ဖြစ်သွားသည်။
သူ့လက်ထဲက မီးတောက်များ လွင့်ပျံလာပြီး လုရွှမ်ဆီသို့ ပျံ့လွင့်သွားသလိုပင်။