ဝမ့်ရှန်းကမ္ဘာရဲ့ ခြုံငုံသုံးသပ်ချက်
Vol. 71 Ch. 4.575
"မင်းမမြင်ဖူးဘူးလား? မင်းရဲ့ရှေးဟောင်းလျှပ်စီးကမ္ဘာက အရမ်းလူဆိတ်ငြိမ် လွန်းတယ်လို့တော့ ငါကြားဖူးတယ်... သူတော်စင်တစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်ပဲ ရှိသေးတော့ ထူးဆန်းတဲ့မီးကို တစ်ခါမှမမြင်ဖူးဘူး ဆိုတာ ပုံမှန်ပါပဲ... ငါပြောပြမယ် လက်နက်သန့်စင်တဲ့ကမ္ဘာမှာ မင်းနေချင်ရင် တစ်ခုခုကို အောင်မြင်ဖို့အတွက် ပထမဆုံးအနေနဲ့ ကြိုးစားမှု ထက်ဝက်နဲ့ ရလဒ်နှစ်ဆရနိုင်စေဖို့ မီးတောက်ကောင်းတစ်ခု ရှိကိုရှိရမယ်ကွ"
ကျန့်ကျောက်က အောင်ပွဲခံနေသည့်ဟန် အော်ဟစ်လိုက်ပြီး လုရွှမ်ကို အနည်းငယ် အံသြသွားစေသည်။ ဒီလို သက်ရှိရတနာကို သူ ဘယ်လို ရင်ဆိုင်ရမလဲ။
"အိုး သတိထားနော် မလောင်သွားစေနဲ့ ဒါက ထူးဆန်းမီးတောက်စာရင်းမှာ အဆင့် ၁၈ ရှိတဲ့ အပြာရောင်မီးတောက်ပဲ အရမ်းပူတယ် အပြောင်းအလဲ မြန်တယ် ဒါကြောင့် ကာကွယ်ရ ခက်တယ်"
"ဒဏ္ဍာရီလာသားရဲကြီး လေးကောင်ရဲ့ မီးတောက်တွေကို ဖယ်လိုက်ရင် ထူးဆန်းတဲ့မီး အမျိုးပေါင်း နှစ်ဆယ်က ဒီလောကကို အုပ်စိုးတယ်ဆိုတာ မင်းသိထားရမယ်... ငါ့ရဲ့ အပြာရောင်မီးစုန်းက အဆင့်၁၈ပဲ ရှိပေမယ့် မြေကြီးမီးနဲ့ ကောင်းကင်မီးထက် သာတယ်...ဒီထူးဆန်းမီးတောက်ရဲ့ တန်ခိုးက အရမ်းအစွမ်းထက်တယ်"
"လာ.. မင်းရဲ့မီးတောက်တွေကို ပြစမ်းပါဦး... အဲ့ကျရင် မီးတောက်တွေရဲ့ ခြားနားချက်ကို မင်းသိလိမ့်မယ်။ ဥပမာ မီးတောက်တွေက ပြင်းထန်တဲ့ ထူးဆန်းတဲ့မီးတွေဆီ အလိုအလျောက် ရွေ့သွားလိမ့်မယ် ဒါက မီးတောက်တွေရဲ့ ဗီဇပဲ"
လုရွှမ် ခေါင်းငုံ့ကာ သူ့ဘက်သို့ မှီလာနေသော အပြာရောင်မီးကို ကြည့်ပြီး ရင်းနှီးလွယ်သော ဆရာတူအစ်ကိုကို နှိုးဆော်ရတဲ့အတွက် သူ တကယ်ကို အားနာသွားသည်။
"အစ်ကိုကျန့် မလိုဘူးထင်တယ်နော်... အစ်ကိုကျွန်တော့်ကို ဘာလို့ရိုက်ချင်နေတာလဲ?"
လုရွှမ် ကျိုးနွံစွာ ပြောလိုက်သည်။ ထိုအခါ ကျန့်ကျောက်က
"ဘာလို့ မင်းကို ရိုက်ဖို့ ကြိုးစားရမှာတုန်း? ဒါက မင်းအတွက် သာမာန်တန်ဖိုးတွေ ထူထောင်ဖို့ မင်းရဲ့ ချို့ယွင်းချက်တွေကို မင်းနားလည်အောင်လို့ ပြောပြနေတာ... ဒါမှ ကြိုးကြိုးစားစားနဲ့ ကျင့်ကြံပြီး ကြင်နာမှုတွေကို ရမှာပေါ့ လာ လာ လာ... မင်းရဲ့ ထူးဆန်းမီးတောက်ကို ထုတ်ပြစမ်းပါ"
လုရွှမ် စကားမပြောတော့ဘဲ သူ့လက်အမူအရာဖြင့် စိတ်ဝိညာဉ်မီးတောက်ကို ထုတ်ဖော်လိုက်သည်။
"ဟားဟား.... အမ် မင်းဟာက ဘယ်လိုမီးတောက်လဲ? ဟေး ဒါ စိတ်ဝိညာဥ်မီးတောက် မဟုတ်ဘူးလား? လက်နက် သန့်စင်မှုရဲ့ အမြင့်မြတ်ဆုံး မီးတောက် ထူးဆန်းမီးတောက် စာရင်းမှာ တတိယနေရာမှာ ရှိတဲ့ စိတ်ဝိညာဥ်မီးတောက်!!"
ကျန့်ကျောက်မှာ မယုံကြည်နိုင်စွာ အော်ဟစ်နေတော့သည်။ သူ့မျက်နှာကို မြေပြင်ပေါ် တမင်တကာ စိုက်ကြည့်နေလိုက်ကာ။
"ဆရာတူအကိုနဲ့တော့ နှိုင်းယှဥ်လို့ မရပါဘူး... ကျွန်တော်က ဒါကို တတိယအဆင့်ကို မြှင့်လိုက်ပေမယ့် ဆရာတူအကိုရဲ့ မီးတောက်က စတုတ္ထ အဆင့်ကို ရောက်သွားပြီ"
ကျန့်ကျောက်မှာ ခဏတာလောက်အထိ စကားမပြောဘဲ လုရွှမ်ကို အကြာကြီး စိုက်ကြည့်ကာ သူ့လက်ထဲက မီးကို အမြန်ငြိမ်းသတ်လိုက်သည်။ ထို့နောက် သူကလုရွှမ်ရဲ့ ပုခုံးများကို ပွေ့ဖက်လိုက်ပြီး
"ညီလေး... ငါ မင်းကို စတွေ့ကတည်းက သဘောကျနေတာ... မင်းမှာ ဒီလို အသွင်အပြင်နဲ့ တည်ငြိမ်မှု ရှိတယ်။ ပထမတစ်ချက် ကြည့်လိုက်ရင်ကို မင်းက လက်နက်တွေကို သန့်စင်တဲ့ လူတစ်ယောက်ဆိုတာ သိသာတယ် ကောင်းပြီ မင်း အခုကစပြီစ ငါ့နောက်ကို လိုက်နိုင်ပြီ... မင်းကို တစ်ယောက်ယောက်က အနိုင်ကျင့်ရင် ငါ့နာမည်ကိုသာ ပြောလိုက်"
"ဆရာတူအစ်ကိုကျန့်ရဲ့ နောက်ကိုသာ လိုက်ရရင် သေချာပေါက် ဘေးကင်းမှာပါ"
လုရွှမ် လျင်မြန်စွာ ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ ထို့နောက် ကျန့်ကျောက်က သူ့ပုခုံးကို ပွေ့ဖက်လိုက်ပြီး ပို့ဆောင်ခြင်းအစီအရင် တစ်ခုဆီသို့ လျှောက်သွားလိုက်သည်။
"အစကတော့ လူတစ်ယောက်အတွက် ပို့ဆောင်ခြင်း အစီအရင်ကို အသက်သွင်းလိုက်တာက သိပ်ဖြုန်းတီးရာ ကျလွန်းတယ်လေ ဒါပေမဲ့ ဆရာတူညီလေး မင်းက ငါတို့လက်နက် သန့်စင်တဲ့ကမ္ဘာမှာ စိတ်ဝိညာဥ်မီးတောက်ကို ပိုင်ဆိုင်ထားတဲ့ ထိပ်တန်းပါရမီရှင် ဖြစ်နေပြီ... လက်နက်သန့်စင်မှုရဲ့ အမြင့်ဆုံး မီးတောက်ကတောင် မင်းကိုသခင်အဖြစ် အသိအမှတ် ပြုထားတယ်ဆိုတော့ မင်းရဲ့အစ်ကိုကြီးက မင်းအတွက် ပို့ဆောင်ခြင်း အစီအရင်ကို တစ်ခါတည်း အသက်သွင်းခွင့်ပြုဖို့ အရည်အချင်း ပြည့်မီနေပြီ... ဂိုဏ်းဆီ ပြန်သွားကြရအောင်"
ကျန့်ကျောက်သည် တောင်တံခါးရှေ့က ပို့ဆောင်ခြင်း အစီအရင်ဆီ ရောက်သည်အထိ တစ်ယောက်တည်း အကြာကြီး စကားပြောနေခဲ့သည်။
အရှေ့မှာ တိမ်တစ်ခုလို မြင့်မားတဲ့ တောင်တန်းကြီး တစ်ခုရှိသည်။ တန်ခိုးကြီးပြီး အံ့မခန်းစွမ်းအင်တွေလည်း ဖြာထွက်နေကာ မီးတောက်ရဲ့ စွမ်းအားကလည်း သူတို့မျက်နှာကို အပူလှိုင်းတွေအဖြစ် ရိုက်ခတ်နေသည်။
တောင်ရှေ့ရောက်သော် တီးတိုး ခေါက်သံများက နှလုံးသားနှင့် စိတ်ဝိညာဉ်ထဲ၌ ပဲ့တင်ထပ်နေကာ အလွန်ကောင်းမွန်သော လက်နက်ကို သန့်စင်ပစ်ချင်စိတ်ကို တွန်းအားတစ်ခု အဖြစ် ထွက်ပေါ်လာနေသလိုပင်။
"ဟေး မင်းကြားတယ်မလား... ဒါက တောင်ပေါ်က သန့်စင်တဲ့ လက်နက်သံ မဟုတ်ဘူး တောင်ကိုယ်တိုင်က ထွက်လာတဲ့ အသံပဲ... ဒီတောင်ကို တည်ထောင်ခဲ့တဲ့သူက ဒီအရပ်အထိ ခရီးထွက်လာပြီး လက်နက်ကြီး ထုသံကို ကြားလိုက်ရတယ်... ဒီနေရာက ဂိုဏ်းထူထောင်ဖို့ သင့်တော်တယ်လို့ ထင်ခဲ့ပြီး ငါတို့ရဲ့ ကောင်းကင်အောင်ခြင်းဂိုဏ်းကို ဒီမှာပဲ တည်ထောင်ခဲ့တာ"
"ဒါကငါတို့ ကောင်းကင်အောင်ခြင်းဂိုဏ်းရဲ့ သန့်ရှင်းတဲ့ တောင်ပဲ.. တစ်နည်းပြောရရင်တော့ ကောင်းကင်အောင်ခြင်းဂိုဏ်းမှာ ရှိသမျှလူတိုင်းက တောင်ထိပ်ကနေ အောက်ဆုံးအထိ တောင်ထိပ်မှာပဲ နေထိုင်ကြတယ်။ ဒါပေမဲ့ တောင်ထွတ်က သိပ်မကြီးဘူးဆိုပြီး မစိုးရိမ်ပါနဲ့ တကယ်တော့ တော်တော်လေး ကြီးတယ် သာမာန်ဂိုဏ်းတစ်ခုထက်စာရင် မဆိုးပါဘူး"
"ဥပမာဆိုရင် ဝမ့်ရှန်းကမ္ဘာမှာ တောင်တန်းတွေ အများကြီး ရှိတယ်.... မြေမျက်နှာသွင်ပြင် အများစုကို တောင်တန်းတွေကပဲ လွှမ်းမိုးထားတာ တောင်တန်းတွေပေါ်မှာ တည်ဆောက်ထားတဲ့ ဂိုဏ်းတွေက ဝမ့်ရှန်းကမ္ဘာမှာ အကျော်ကြားဆုံးနဲ့ တန်ခိုးအကြီးဆုံးပဲ... စုစုပေါင်း ဂိုဏ်းရှစ်ခု ရှိတယ်... ငါတို့ဂိုဏ်းလည်း အပါအဝင်ပဲ ဒီကောင်းကင်အောင်ခြင်းတောင်ထွတ်က အများကြီး အထောက်အကူ ပြုတယ်။”
လမ်းတစ်လျှောက်တွင် ကျန့်ကျောက်သည် ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံးက အခြေအနေများကို အထပ်ထပ်အခါခါ ပြောဆိုခဲ့ပြီး လုရွှမ် စကားပင် ဝင်မပြောနိုင်ပေ။ ဘာပဲဖြစ်ဖြစ် ဒီအကြောင်းအရာတွေက သူသိချင်နေတဲ့ အရာမို့ သူနားထောင်လိုက်ရုံပါပဲ။
အင်အားအရ စီထားသော အဓိကဂိုဏ်းရှစ်ခုမှာ စိမ်းပြာကောင်းကင်ဂိုဏ်း၊ ဓားတစ်သောင်းတောင်ထွတ်၊ နဂါးရေငွေ့တောင်၊ ဖီးနစ်အသိုက်၊ မက်မွန်ပန်းတောင်ကြား၊ ဓားဖြတ်တောင်ထွတ်၊ ဗုဒ္ဓတစ်ထောင်တောင်နဲ့ ကောင်းကင်အောင်ခြင်းဂိုဏ်းတို့ပဲ ဖြစ်သည်။
မမျှော်လင့်ဘဲ ကောင်းကင်အောင်ခြင်း ဂိုဏ်းသည် အဓိကဂိုဏ်းကြီး ရှစ်ခုထဲတွင် နောက်ဆုံးအဆင့်၌ ရပ်တည်နေခဲ့သည်။ လုရွှမ်လည်း တိတ်တဆိတ် ရယ်မောနေမိသည်။ ခန်းမထဲတွင် သူ့ကို ကောင်းကင်အောင်ခြင်း ဂိုဏ်းက အမှန်တကယ် ရွေးချယ်ခဲ့သည်။ ဤအကြီးတန်းအစ်ကို ကျန့်ကျောက်က သူ့အကြောင်း ဘာကိုမြင်လိုက်လဲ မသိသော်ငြား အခုတော့ တခြားဂိုဏ်းတွေက သူ့ကို မရွေးချယ်ခဲ့တာကြောင့် ဖြစ်နေမှန်း သဘောပေါက်သွား၏။
ကောင်းကင်အောင်ခြင်းတောင်ထွတ်မှာ တောင်ပေါ်ကို တက်သွားတဲ့ ကျောက်လှေကားတွေ ရှိနေသည်။ လုရွှမ် ခဏလောက် အံ့သြသွားပြီး
"အကိုကြီး ဒီကျောက်လှေကားရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ လှေကားတွေဘာတွေ မရှိဘူးမလား?"
ကျန့်ကျောက်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး
"မရှိပါဘူးကွာ ဒါက သာမန်ကျောက်တုံး လှေကားတစ်စင်းပဲ....မင်းက လှေကားသုံးစင်း အကြောင်း ပြောနေတာလား?"
"လှေကားသုံးစင်း?"
"ဟုတ်တယ်လေ...ကောင်းကင်လှေကား၊ လူသားလှေကား၊ မြေကြီးလှေကား ဆိုတဲ့ ကျောက်လှေကားသုံးမျိုးလေ ဟဲဟဲ အဲဒါတွေကို ရှေးဟောင်း လျှပ်စီးကမ္ဘာမှာတော့ မင်း မြင်ဖူးခဲ့တယ် မဟုတ်လား? အဲဒါတွေက ကမ္ဘာမြေကြီးရဲ့ သခင်တွေ လုပ်ခဲ့တဲ့ ဒဏ္ဍာရီဆန်ဆန် လှည့်ကွက်တွေပဲ"
"ဒဏ္ဍာရီတွေအရ တစ်ယောက်ယောက်က တက်ပြီး အဆုံးကို ရောက်အောင် လုပ်နိုင်ခဲ့ဖူးတယ်တဲ့... ဥပမာ လူသားလှေကားပေါ့ အဲဒီလှေကားကိုတက်ရင် ရှေးဟောင်းကမ္ဘာကနေ ငါတို့ဝမ့်ကမ္ဘာအထိ ရောက်အောင် လာနိုင်တယ်... တိရွှမ် မြေကြီးလှေကားထိပ်ကို တက်ရင် မင်း ဒဏ္ဍာရီလာ မြေကမ္ဘာတွေကို တိုက်ရိုက် သွားနိုင်ပြီ... ကောင်းကင်လှေကားကို တိုက်ရိုက်တက်နိုင်ရင်တော့ သေချာပေါက် ကောင်းကင်ကမ္ဘာတွေဆီ ရောက်နိုင်ပြီ... နှမြောစရာတော့ ကောင်းတယ်ကွာ အဲဒါတွေ အားလုံးက ဒဏ္ဍာရီတွေပဲလေ မှန်လား မှားလားဆိုတာ ဘယ်သူသိမှာလဲ?"
"လူတချို့က လူသားလျှို့ဝှက်ဆန်းကြယ် လှေကားကို ရှာတွေ့ခဲ့ကြပေမယ့် အားလုံး ကျိုးပဲ့သွားကုန်ပြီ.... မြေကြီးရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လှေကားကတော့ တချို့နေရာတွေမှာ အပိုင်းအစတွေ ရှိနိုင်သေးတယ်... ကောင်းကင် လှေကားကတော့ ဟေး ရှိလား မရှိဘူးလားတောင် မသိတော့ဘူး ဒဏ္ဍာရီပဲ ရှိတော့တယ်"
လုရွှမ် ခေါင်းညိတ်လိုက်သည်။
လတ်စသတ်တော့ အဲ့လိုကိုး။
သူ တိမ်ပင်လယ်နယ်မြေမှာ ရှိစဥ်တုန်းက လျှို့ဝှက်ဆန်းကြယ်သော လှေကားထစ်ကို မြင်ဖူးသည်။ နည်းနည်း ထပ်တက်ပြီးနောက် ၎င်းတို့အားလုံးသည် အတိတ်ကလူများ ကျန်ခဲ့သော အရိပ်အယောင်များ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
နောက်တော့ သူ သူတော်စင်နယ်ပယ် နောက်ကို လိုက်သွားပြီး ထိုလှေကားကို ဆက်မတွေ့ရတော့ပေ။ ရှေးဟောင်းလျှပ်စီးကမ္ဘာတွင် ရှာဖွေတွေ့ရှိခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့ လူသာသလှေခါးထစ်သည် အမှန်တကယ် ကျိုးပဲ့သွားခဲ့ပြီ ဖြစ်သည်။
"လာ တက်ရအောင်"
ကျန့်ကျောက်က ပြောလိုက်သည်။
လုရွှမ် ကျန့်ကျောက်နဲ့အတူ တောင်ပေါ်ကို တက်လိုက်သည်။ အခုသွားစရာ နေရာမရှိသလို ဒီနေရာမှာ ခဏလောက် လေ့ကျင့်တာကလည်း ရွေးချယ်မှုကောင်း တစ်ခုဖြစ်လေသည်။
ဆန်းကြယ်ကောင်းကင်အိမ်တော်ကိုတော့ သူ လုံးဝ မသွားချင်ပါဘူး။ အဲဒီအိမ်တော်မှာ ပါဝင်ခဲ့တဲ့ ကျင့်ကြံသူတွေကို မြင်ရုံနဲ့ သူတို့ကို ဘယ်တော့မှ မလေးစားချင်တော့ဘူး။
လမ်းခရီးမှာ ကျင့်ကြံသူတွေ တော်တော်များများ တောင်ပေါ်ကနေ ဆင်းလာကြတာကို တွေ့ရ၏။
လုရွှမ် စိတ်ကူးထဲတွင် ဤဂိုဏ်းသည် လက်နက်သန့်စင်သည့် ဂိုဏ်းဖြစ်ပြီး အများစုမှာ အမျိုးသားများ ဖြစ်သင့်သော်လည်း လမ်းတစ်လျှောက်တွင် အမျိုးသမီး ကျင့်ကြံသူများစွာကိုလည်း တွေ့နေရသည်။
"ဟီးဟီး" ကျန့်ကျောက်က ခပ်ရွဲ့ရွဲ့ပြုံးသည်။
"မင်းမျှော်လင့်ထားတာထက် ကျော်လွန်နေပြီမလား? ငါတို့ဂိုဏ်းကို တည်ထောင်သူတဲ့ ဆရာဘိုးဘေးက နတ်သမီးမို့လိုပဲလေ.... ရှေးခေတ်ကတည်းက ငါတို့ဘိုးဘွားတွေက အဝတ်အစားတွေကို အကောင်းဆုံး သန့်စင်တဲ့ ကျင့်ကြံသူ မိန်းကလေးတွေကို စုဆောင်းတဲ့ အလေ့အထမျိုး ရှိခဲ့တယ်လေ"