← Chapters

ကောင်းကင်အောင်ခြင်းဂိုဏ်းရဲ့ တောင်ထွတ်ခုနှစ်ခု

Vol. 71 Ch. 4.576

ကောင်းကင်အောင်ခြင်းဂိုဏ်းရဲ့ တောင်ထွတ်ခုနှစ်ခု

Vol. 71 Ch. 4.576

"တိုက်ပွဲအဝတ်အစားတွေကို သန့်စင်တာလား?"

"ဟုတ်တယ်... ကျင့်ကြံမှုမှာ ရိုးသားမှုက တန်ဖိုးရှိတယ် ဒါပေမဲ့ အသက်က ပိုတန်ဖိုးရှိတယ် ဆိုတာ မင်းသိထားရမယ်... တိုက်ပွဲမှာ တစ်ယောက်ယောက်က မတော်တဆ အရိုက်ခံရရင် ဒါမှမဟုတ် သေသွားရင် နှမြောစရာ ကောင်းသွားလိမ့်မယ်။ ဒီအခြေအနေမှာ ငါတို့ ကောင်းကင်အောင်ခြင်းဂိုဏ်းက ရောင်းချတဲ့ တိုက်ပွဲအဝတ်အစားတွေက သဘာဝကျကျ အရောင်းရဆုံး ပစ္စည်းတွေ ဖြစ်လာတာပဲ"

"ဒီလိုနတ်သမီးက ဖန်တီးထားတဲ့ တိုက်ပွဲဝတ်စုံနဲ့ ပတ်သက်လို့ မင်းစဉ်းစားကြည့်မယ်ဆိုရင် ဒီနာမည်ကိုကြားရုံနဲ့ မင်း အရမ်းကို သက်တောင့်သက်သာ ရှိသလို ခံစားရလိမ့်မယ်... မင်းချစ်တဲ့ နတ်သမီးက ဖန်တီးထားတဲ့ တိုက်ပွဲဝတ်စုံကို ဝတ်ဆင်တာက မင်းရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို အများကြီး တိုးတက်စေလိမ့်မယ်"

လုရွှမ် အံ့အားသင့်သွားသည်။ ဤဝမ့်ရှန်းကမ္ဘာက သူထင်ထားတာနဲ့ တကယ်ကို ကွဲပြား​လေသည်။ ကျန့်ကျောက်သည် လုရွှမ်ရဲ့ ရှုပ်ယှက်ခတ်နေသော အကြည့်ကို ကြည့်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်လေ၏။

"ဆရာတူညီလေး အခုထိ နားမလည်​သေးဘူးမလား? ငါမင်းကို မေးမယ် မင်းကျင့်ကြံနေတဲ့ ရည်ရွယ်ချက်က ဘာလဲ?"

လုရွှမ်ရဲ့ အဖြေကို မစောင့်ဘဲ ကျန့်ကျောက်က ဆိုလိုက်သည်။

"ထာဝရအသက်ရှည်ဖို့ နတ်ဖြစ်ဖို့ ဟုတ်တယ်မလား?"

လုရွှမ်က ခေါင်းညိတ်ပြတော့ ကျန့်ကျောက်က ပြုံးပြီးပြောလေ၏။

"မင်းတို့ ဒီကမ္ဘာက ကျင့်ကြံသူတွေ ဒီလိုပြောမယ်ဆိုတာ ငါသိပြီးသား... မသေနိုင်တဲ့ အရာကိုရဖို့က ခဲယဉ်းလွန်းတယ် မသေနိုင်တဲ့ကောင်ဖြစ်ဖို့က ပိုလို့တောင် ယုတ်မာ​​သေးတယ်။ လက်တွေ့မှာ အရေးကြီးဆုံးက ဘဝပဲ... မင်းနားလည်လား? ဘဝကို ပျော်ပျော်ပါးပါး နေထိုင်ရမယ် ဒီဘ၀မှာ ပေါ့ပေါ့ပါးပါးနဲ့ အထိန်းအကွပ်မဲ့ နေထိုင်ရတာကမှ တကယ့် အသက်ရှင်ရတဲ့ အကြောင်းအရင်းပဲ"

လုရွှမ် တိတ်တိတ်လေး ကျိန်ဆဲလိုက်တယ်။ ဒါက တကယ့်ကို ထူးဆန်းတဲ့ သီအိုရီတစ်ခုပဲ။

"ဟေး ဆရာတူအစ်ကိုဖက်တီး အစ်ကိုက သူတော်စင်အဆင့်ရှိတဲ့ လူလေးလို့ ဒီအထိ ခေါ်လာတယ်ပေါ့ ကျွန်​မတို့ ကောင်းကင်အောင်ခြင်းဂိုဏ်းရဲ့ ဝင်ခွင့်အဆင့်က ဘယ်တုန်းက ဒီလောက်ထိ နိမ့်သွားရတာလဲ?"

တောင်ပေါ်ကနေ လက်မှုပညာရှင် နှစ်ယောက် ဆင်းလာခဲ့ကြသည်။ နှစ်ယောက်သားက မိန်းကလေးတွေ ဖြစ်ပြီး သူတို့ထဲက တစ်ယောက်က အေးစက်စက် မျက်နှာနဲ့ အဖြူရောင် အဝတ်အစားတွေ ဝတ်ထားလေသည်။ သူမဟာ နတ်သမီး တစ်ယောက်ကို တကယ် မြင်နေရသလိုပင်။

ဒါပေမဲ့ ဒီစကားသံကို ကြားရတာတော့ နည်းနည်း စိတ်မသက်မသာ ဖြစ်သွား​စေသည်။ သူ့မျက်လုံးတွေက လုရွှမ်ရဲ့ ခန္ဓာကိုယ်ကို လှည့်ပတ်ကြည့်ရင်း အေးစက်စွာ ပြောလိုက်လေ၏။ သူမရဲ့ ကျင့်ကြံမှု အဆင့်က သိပ်မမြင့်ပါဘူး။ ကောင်းကင်ဘုံသခင် တတိယအဆင့်မှာပဲ ရှိသေးသည်။

နောက်ထပ် ကျင့်ကြံသူ မိန်းကလေးကတော့ လုရွှမ်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်​နေကာ အနည်းငယ် စိတ်ရှုပ်ထွေးနေပုံရသည်။ တောင်တံခါးကို ဝင်ချင်တဲ့သူတွေဟာ ပါရမီရှင် မဟုတ်ရင် များသောအားဖြင့် မဟာသူတော်စင်တွေပင်။

ကျန့်ကျောက်က တခစ်ခစ်ရယ်ရင်း

"ဆရာတူညီမထျန်းရှောင်း နဲ့ ထျန်းယွီတို့ကိုး... ဟဲဟဲ ဒါက အငယ်တန်းအသစ် ဆရာတူညီလေးပါ... မကြာသေးခင်က ဖြစ်သွားတဲ့ အာကာသ လေပြင်းတိုက်ခတ်မှု အကြောင်းကို မင်းတို့လည်း သိပါတယ် သူကတော့ အသက်ရှင်ကျန်ရစ်သူ အနည်းငယ်ထဲက တစ်ယောက်ပဲ... ပြီးတော့ ကောင်းတဲ့ အချက်တွေလည်း ရှိတယ်။ အပေါ်ကို ရောက်တဲ့အခါ မင်းမျက်လုံးတွေ အံ့ဩသွားရလိမ့်မယ်"

နတ်သမီးထျန်းရှောင်းက ညည်းညူရင်း "အဲ့လို ဖြစ်ပါ​စေလို့ မျှော်လင့်ပါတယ်" ဟုဆိုကာ ထွက်ခွာသွားခဲ့သည်။

ဆန့်ကျင်ဘက် အနေဖြင့် တခြားနတ်သမီး ထျန်းယွီက အမြန် တောင်းပန်ရင်း ပြေးလိုက်သွားလေသည်။

"ဆရာတူညီလေး စိတ်မဆိုးပါနဲ့... ဆရာတူညီမလေး ထျန်းရှောင်းက ဒေါသကြီးတယ်... အခုတလော သူမရဲ့ တိုက်ပွဲဝတ်စုံကို သန့်စင်နေတာ ခဏခဏ ကျရှုံးနေတော့ စိတ်အခြေအနေ မကောင်းဘူး ဖြစ်နေတာ...မင်းကို စိတ်ဝိညာဥ်မီးတောက်က အသိအမှတ်ပြုထားတာ သိသာပါတယ်။ မင်းရဲ့အရည်အချင်းက သူမအောက်တော့ မနိမ့်လောက်ပါဘူး... လာပါ ဆရာတူအစ်ကိုက မင်းနဲ့ ပတ်သက်ပြီး အကောင်းမြင်နေပြီ"

လုရွှမ်ကလည်း တွန့်တိုတတ်သူ မဟုတ်ပါဘူး။ သဘာဝအားဖြင့် သူနဲ့အခုမှ တွေ့ဖူးသောလူကို စိတ်ဆိုးမည် မဟုတ်ပေ။ များမကြာမီတွင် လုရွှမ်သည် တောင်တက်လမ်းတွင် လမ်းခွများစွာရှိ​နေတာကို တွေ့ရပြီး လမ်းခွတွေက ပိုပိုပြီးသာတိုးလာခဲ့သည်။

ကျန့်ကျောက်က

"ငါတို့မှာ တောင်ထွတ်တစ်ခုပဲရှိပေမယ့် တောင်ထိပ်က ကြီးမားပြီး လမ်းဆုံလမ်းခွတွေ အများကြီး ရှိတယ်... တောင်ထွတ်ကို နောက်ထပ် တောင်ထွတ် ခုနစ်တောင် ခွဲထား​သေးတယ်... အခုသွားမယ့် တောင်ထွတ်က ထျန်းရှူးတောင်ထိပ်"

လုရွှမ် ရယ်မောကာ မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။

"ဒါဆို တခြားတောင်ထွတ် ခြောက်ခုက ထျန်းရွှမ်း၊ ထျန်းကျီး၊ ထျန်းချွမ်၊ ယွိဟန်၊ ခိုင်းယန်နဲ့ ယောင်ကွမ်းတော့ မဟုတ်ဘူးမလား?"

ကျန့်ကျောက်က သူ့ပေါင်သူ ရိုက်လိုက်ပြီး

"သိပ်မှန်တယ် ငါ့ညီ မင်းက အရမ်းဉာဏ်ကောင်းတာပဲကွ!"

လုရွှမ်မှာ ကိုးရို့ကားယား ဖြစ်သွားသည်။ ဒါ လူတိုင်းသိတယ် မဟုတ်ဘူးလား။ ကျန့်ကျောက်သည် လမ်းတစ်လျှောက်ရှိ လူအားလုံးကို ကျွမ်းကျင်စွာ နှုတ်ဆက်ပြီးနောက် တောင်ထိပ်သို့ ရောက်ရှိခဲ့သည်။

သူတို့ရှေ့က ကမ္ဗည်းပြားပေါ်တွင် ထျန်းရှူးခန်းမဟု ရေးထွင်းထားကာ ၎င်းအနောက်တွင်တော့ ကြီးမားသော ခန်းမကြီး ဖြစ်သည်။

“သွားရအောင် ဂိုဏ်းချုပ်က မရှိဘူး... သူ ဒီမှာရှိရင်တောင် မင်းကို လာတွေ့မှာ မဟုတ်ဘူး... ဟုတ်တယ်မလား...မင်းကို ဂိုဏ်းသားအဖြစ် နေရာ ခွဲပေးမယ့် တတိယအကြီးအကဲကို ငါတို့သွားတွေ့မယ်... လာ ဝင်ရအောင်"

လမ်းတစ်လျှောက်တွင် လုရွှမ်သည် ဤစျေးပေါသော ဆရာတူအစ်ကို၏ စရိုက်လက္ခဏာကို နားလည်သဘော ပေါက်သွားခဲ့သည်။ သူသည် စိတ်ဖြောင့်ဖြောင့်ဖြင့် အမြဲတ​စေ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူ ဖြစ်သည်။ မာနကြီးလွန်းတဲ့ အကြောင်း ပြောကြည့်ရအောင်လည်း သူ့စကားတွေက တစ်ခါတလေ ဒေါသထွက်အောင် လုပ်နိုင်ပေမယ့် သတ်ပစ်ဖို့အထိလည်း မထိုက်တန်ချေ။

ယခုအချိန်တွင် ပင်မခန်းမထဲတွင် ကျင့်ကြံသူက များစွာမရှိပေ။ တတိယအကြီးအကဲသည် ပင်မခန်းမအတွင်း၌ လူနှစ်ယောက် ဝင်လာတာကို လှမ်းမြင်လေ၏။

လုရွှမ်သည် ဆရာတူအကို ကျန့်ကျောက်ရဲ့ စံနမူနာကို လိုက်နာပြီး တတိယအကြီးအကဲကို ဦးညွှတ်ကာ သူ့နာမည်ကိုလည်း ပြောပြလိုက်သည်။

"ကျန့်ကျောက်က မင်း စိတ်ဝိညာဥ်မီး​တောက် ရထားတယ်လို့ ပြောတယ်"

လုရွှမ် စိတ်ဝိညာဉ်မီး​တောက်ကို အမြန်ထုတ်ပြလိုက်သည်။ တတိယအကြီးအကဲရဲ့ တင်းမာသော မျက်နှာက ချက်ချင်း ပျော့ပြောင်းသွားပြီး

"ကောင်းတယ်... မင်းရဲ့အရည်အချင်းတွေက ချီးကျူးစရာပဲ ဒါဆိုရင် မင်း ထျန်းရှူးတောင်ထွတ်ထဲ ဝင်လို့ရပြီ"

စကားပြောပြီးနောက် လုရွှမ်ကို ထွက်သွားနိုင်ကြောင်း သူ့လက်ကို ဝှေ့ယမ်း​ပြလိုက်သည်။ လုရွှမ် ကျန့်ကျောက်ကို ကြည့်လိုက်ပြီး ကျန့်ကျောက်က အကြီးအကဲကို ထပ်မံ ဂါဝရပြုလိုက်ပြီး လုရွှမ်နဲ့အတူ နှစ်ယောက်သား ထွက်လာခဲ့သည်။

"ထျန်းရှူးတောင်ထွတ်ရဲ့ တောင်သခင်က အကြီးအကဲသုံးရဲ့ တပည့်လေ... အဲဒါကြောင့် ငါမင်းကို အစောကတည်းက ငါ့ကို ဆရာတူအကိုလို့ ခေါ်ခိုင်းတာပေါ့... ငါလည်း ထျန်းရှူးတောင်ထွတ်မှာ ရှိတယ်"

ကျန့်ကျောက်က တိတ်တဆိတ် မျက်တောင်ခတ်လိုက်သည်။ လုရွှမ် အရမ်းရယ်ချင်သွား၏။ ဒီလူနှစ်ယောက်က သူတို့ရဲ့ အိတ်ကပ်တွေကို ကြွယ်ဝအောင် လုပ်နေတာများလား။

ထျန်းရှူးတောင်ထွတ်တွင် နတ်မီးနယ်ပယ်သို့ မရောက်မချင်း ပျံသန်းခြင်းကို ခွင့်မပြုထားပေ။ အရေးပေါ် အခြေအနေရှိပါက အာဏာပိုင်များကို ချက်ချင်း လိုက်နာနိုင်ပါသည်။ သို့သော်လည်း သူတို့၏ လက်ရှိကျင့်ကြံမှု အဆင့်ဖြင့် ပြေးနေလျှင်ပင် နှေးကွေးမည် မဟုတ်သည့်အပြင် အချိန်များစွာလည်း မဖြုန်းတီးကြပေ။

လမ်းတစ်လျှောက်တွင် ကျန့်ကျောက်သည် တောင်များ၊ မြစ်များ၊ ရေတံခွန်များနှင့် ရေကန်များကို သုခဘုံတစ်ခုလို ဖြစ်အောင် မိတ်ဆက်ပေး​​နေသည်။

ထျန်းရှူးတောင်ထွတ်သို့ ရောက်သောအခါတွင် တောင်ထွတ်သခင်က မရှိသောကြောင့် ကျန့်ကျောက်သည် လုရွှမ်အတွက် အနောက်ဘက် တောင်ပေါ်၌ နေရာစီစဉ်​ပေးခဲ့သည်။ သူသည် ဝမ့်ရှန်းကမ္ဘာ၏ အကျဉ်းချုပ်၊ ကောင်းကင်အောင်ခြင်းဂိုဏ်း၏ အကျဉ်းချုပ်နှင့် သူမှတ်တမ်းတင်ခဲ့သော ထျန်းရှူးတောင်ထွတ် အကြောင်း စာလွှာတစ်ခုကို ပေးအပ်ခဲ့ပြီး ဦးစွာရင်းနှီးသွားအောင် ပြုမူခဲ့သည်။

လုရွှမ်သည် အနောက်ဘက် တောင်ထဲတွင် နေရာကောင်းတစ်ခုကို ရှာတွေ့ခဲ့ပြီး စတင်ဖတ်ရှုခဲ့သည်။

ဝမ့်ရှန်းကမ္ဘာ ဘယ်လောက်ကြီးတယ် ဆိုတာ ဘယ်သူမှ မသိပါဘူး။ နယ်မြေအများစုက သမုဒ္ဒရာများ ဖြစ်နေဆဲဖြစ်ပြီး ဧရိယာရဲ့ ဆယ်ပုံတစ်ပုံ အများစုကိုသာ မြေ​ကြီးက နေရာယူထားကြောင်း မှတ်တမ်းတင်ထားသည်။ ကုန်းမြေပေါ်က အများစုသည် တောင်ထိပ်များ ဖြစ်သောကြောင့် ဝမ့်ရှန်းကမ္ဘာ (တောင်တစ်သောင်း) ဟု ခေါ်တွင်ခြင်းပင်။

မှတ်တမ်းထဲ၌ ဖော်ပြထားပုံမှာ အဓိကဂိုဏ်းကြီးရှစ်ခုအပြင် အန္တရာယ်ရှိသော နေရာများနှင့် ဂရုစိုက်ရမည့် နေရာတချို့ကိုခည်း အသေးစိတ် ဖော်ပြထားသည်။

လုရွှမ်သည် ကောင်းကင်အောင်ခြင်းဂိုဏ်းနဲ့ ထျန်းရှုးတောင်ထွတ်အတွက် ဖော်ပြချက်များကို အဓိကထား၍ ဖတ်လိုက်သည်။ သူသည် သုံးရက်ဆက်တိုက်ဖတ်ပြီး ဒီနေရာရဲ့ ယေဘုယျ အချက်အလက်များကို နားလည်လာခဲ့သည်။

"အိုး လတ်စသတ်တော့ မင်းကဒီရောက်နေတာကိုး ငါက လိုက်ရှာနေတာ"

လူတစ်ယောက် ပြေးလာ​လေသည်။

လုရွှမ် ရောက်လာသောလူကို တစ်ချက် ကြည့်လိုက်သည်။ သူသည် မဟာသူတော်စင် အဆင့် ၄ ကျင့်ကြံသူ ဖြစ်ကာ သူ့ကို အချိန်အတော်ကြာအောင် လိုက်ရှာနေမှာ သေချာသည်။

"မင်းငါ့ကိုရှာနေတာလား"

လုရွှမ် မတ်တပ်ထရပ်လိုက်သည်။

"ဒါပေါ့... မင်းက ဆရာတူအစ်ကိုကြီး​တွေကို ဂါရဝပြုမယ့်အစား ဘာလို့ ဒီမှာလာထိုင်​နေတာလဲ? လူသစ်တစ်ယောက် ရောက်လာတယ်လို့ ငါကြားလိုက်ပါတယ် ဒါပေမဲ့ မင်းက တစ်ယောက်တည်း ပုန်းနေမယ်လို့ မမျှော်လင့်ထားဘူး... မင်း ဝေးလံခေါင်သီတဲ့ နေရာလေးတစ်ခုက လာခဲ့တာလား? မင်း စည်းမျဥ်းတွေကိုရော နားလည်ရဲ့လား?"

လုရွှမ် ပြုံးလိုက်သည်။ သူကတော့ တစ်ခုခု ဖြစ်နေတယ်လို့ ထင်နေတာ လတ်စသတ်တော့ ဆရာတူအစ်ကိုတွေကို ဂါဝရပြုဖို့လား။ ဟမ့်။

"ကျေးဇူးပဲ ဒါပေမဲ့ ငါတစ်ယောက်တည်း နေတာပိုကောင်းပါတယ် ငါ့ကို ကာကွယ်ဖို့ အကိုကြီးတစ်ယောက် မလိုအပ်ဘူး"

လုရွှမ်ကဆိုပြီး ဆက်ထိုင်လိုက်ကာ ဆက်ဖတ်နေလိုက်သည်။

ကျန့်ကျောက်၏ မှတ်စုများတွင် အမှန်တကယ် လက်နက် သန့်စင်ရေး အတွေ့အကြုံတချို့ ပါရှိသည်။ ဖတ်ကြည့်ပြီးနောက် လုရွှမ် အံ့အားသင့်သွားခဲ့သည်။ ဤလက်နက်သန့်စင်သည့် နည်းလမ်းများသည် ယခင်က သူလေ့လာခဲ့သည့် နည်းလမ်းများထက် များစွာ ပိုကောင်းမွန်ကြောင်း တွေ့ရှိခဲ့ရပြီး နည်းစနစ်နှင့် တွေးခေါ်မှု နှစ်မျိုးစလုံးက ပိုမိုကောင်းမွန်လေသည်။

လုရွှမ်မှာ ပိုကျယ်ပြောတဲ့ အာကာသထဲကို ဝင်သွားသလို ခံစားလိုက်ရသည်။ လတ်စသတ်တော့ ဒီပုံစံနဲ့လည်း လက်နက်တွေကို သန့်စင်လို့ရတာပါလား။ လတ်စသတ်တော့ ဒီလိုသန့်စင်ရင် အကျိုးကျေးဇူး အများကြီး ရတာပါလားဟူ၍ သဘောပေါက်လာ၏။

All Chapters