← Chapters

လက်နက်ကိုးမျိုး

Vol. 71 Ch. 4.577

လက်နက်ကိုးမျိုး

Vol. 71 Ch. 4.577

သူလာတာကို စိတ်အားထက်သန်စွာ စာဖတ်နေတဲ့ ဆရာတူညီလေးက သူ့အချိန်ကို ယူတယ်လို့များ ထင်နေတာလား။ ဆရာတူညီလေး တစ်ယောက် အနေနဲ့ သူ့ကိုလက်ခံဖို့ ဆန္ဒမရှိဘူးတဲ့။ ဟမ့် အိပ်မက်မက်နေလိုက်။

လုရွှမ် အမှန်တကယ် ထိုင်နေတာကို မြင်ရသောအခါ သူ့​အမူအရာက ရုတ်တရက် စိတ်ဆိုးသွားကာ

"ကောင်လေး စည်းမျဥ်းစည်းကမ်းတွေကို မင်း မသိဘူးလား? ဒါမှမဟုတ် မင်းက လူမိုက်လို ဟန်ဆောင်နေတာလား?"

လုရွှမ် သူ့ခေါင်းကို မော့ပြီး သူ့ကို မျက်လုံးပြူးကြည့်နေသူအား အေးစက်စက် ပြောလိုက်သည်။

"ကိစ္စမရှိရင် ဝေးဝေးသွားနေ!"

"ဟား.. ကောင်လေး ဒီမှာဒီနေ့က မင်းရဲ့ ဇာတ်သိမ်းခန်းပဲကွ!"

ထိုသူသည် တုတ်တစ်ချောင်းကို ထုတ်ပြီး လုရွှမ်ရဲ့ ပါးပြင်ကို ရိုက်လိုက်သည်။ တစ်စုံတစ်ယောက်ရဲ့ ချို့ယွင်းချက်တွေကို ကြိမ်းမောင်းတဲ့အခါ မျက်နှာကို ဘယ်တော့မှ မရိုက်မိစေနဲ့ဆိုတဲ့ စကားကို ဒီလူက မသိပုံရသည်။

လုရွှမ်ရဲ့ မျက်လုံးများ အေးစက်သွားကာ သူ့ကို နောက်ပြန်လက်ဖြင့် ပုတ်ထုတ်လိုက်သည်။ ဟစ်အော်သံနှင့်အတူ ထိုလူသည် မြေပြင်ပေါ်သို့ လွင့်ကျသွားလေ၏။ အမြင့်ကြီး မဟုတ်သဖြင့် သတိပဲလစ်သွားခဲ့သည်။ လုရွှမ် သူ့ကို လျစ်လျူရှုပြီး မှတ်တမ်းများကို ဆက်ဖတ်​နေလိုက်သည်။

တစ်ကြိမ်ထပ်ဖတ်တိုင်း အသိဥာဏ်တွေ ထပ်တိုးရလာသည်။ လုရွှမ်သည် မူလကတော့ လက်နက် သန့်စင်ရေး ပညာရှင်ကြီး တစ်ဦးဖြစ်ပြီး လက်နက် သန့်စင်ခြင်း ပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားသူ ဖြစ်လေ၏။ ယခု သူသည် အသစ်အဆန်းများကို မြင်ပြီးနောက် ၎င်းတို့ကို မမောမပန်း စုပ်ယူနေတော့သည်။

သူသည် တခြားသူများ စိတ်ကူးမယဉ်နိုင်သော အရာများကို ခွဲခြမ်းစိတ်ဖြာကာ တခြားသူတွေ နားမလည်နိုင်သည့် ထိုအရာများကို သူ့ကိုယ်ပိုင်ဥာဏ်အဖြစ် ပြောင်းလဲပေးနေသည်။

နေထွက်ပြီး လဝင်ရောက်လာကာ လေတိုက်ခတ်တိုင်း တိမ်များ ပြေလျော့သွားသည့်တိုင် လုရွှမ် ထိုနေရာတွင် ဆယ်ရက်ကြာ နေခဲ့ပြီး မှတ်တမ်းတင်ထားသည့် အရာများကို လုံးလုံး ထိန်းချုပ်နိုင်ပြီးနောက်မှ သူထရပ်လိုက်သည်။ ထိုမှပင် တစ်ဖက်လူသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သတိလစ်နေသေးတာကို လုရွှမ် သတိရသွား၏။

တော်တော် ညံ့တဲ့ကောင်ပဲ။ ပထမတုန်းက တောင်တံခါးကို ဝင်ရောက်ခဲ့တဲ့ အရည်အချင်းတွေ ဘယ်ရောက်သွားတာလဲ။

လုရွှမ် သူ့စရိုက်အတိုင်း တစ်ဖက်လူကို လျစ်လျူရှုပြီး ဖင်ကို ပုတ်ကာ ထွက်သွားတော့သည်။

ခြံဝင်းငယ်တစ်ခု ဖြစ်သည့် ​နေရာချထား​ပေးရာ နေအိမ်သို့ ပြန်လာခဲ့သည်။ တောင်တန်းတွေ မြစ်တွေက သာယာလှပကာ လေပြေလေညှင်းတွေကလည်း တိုက်ခတ်နေတာကြောင့် အရမ်းကို သက်တောင့်သက်သာ ရှိလှသည်။ ဒါပေမဲ့ အခုအခိုက်အတန့်မှာ လူတော်တော်များများက တစ်ယောက်ပြီး တစ်ယောက် စကားစမြည်ပြောရင်း သူ့ဆီကို ချဉ်းကပ်လာ​နေတာ တွေ့လိုက်ရ၏။

ထိုတစ်ယောက်ပြီး တစ်ယောက်က စိတ်မရှည်စွာ ခုန်တက်လာကြသည်။

ပေါ့ပေါ့ပါးပါး တစ်ချက် ကြည့်လိုက်ရုံနဲ့ ဒီလူတွေအားလုံးဟာ မဟာသူတော်စင် တတိယအဆင့်ကနေ အဆင့်၉ အထိ ဖြစ်တယ်ဆိုတာ တွေ့လိုက်ရသည်။ တချို့လူများတွင် သန်မာသော ကိုယ်ခန္ဓာရှိကြပြီး တချို့လူများတွင်တော့ အလွန်အားနည်းသော ကိုယ်ခန္ဓာ​တွေ ရှိ​လေသည်။

လုရွှမ် မှတ်စုများကို ဖတ်ပြီးနောက် ဒါက လက်နက်သန့်စင်သူတွေကြား ကွာခြားခြင်းကြောင့်ဖြစ်ကြောင်း သူနားလည်လာခဲ့သည်။

ဥပမာအားဖြင့် လူတချို့သည် လက်နက်များကို သန့်စင်ရန် တာဝန်ရှိပြီး တချို့မှာ ပုံစံများကိုဆွဲရန် တာဝန်ရှိသည်။ တချို့သော ကျင့်ကြံသူများကတော့ အမြဲတမ်း ဆန်းကြယ်သောစိတ်များ ရှိကြသောကြောင့် သာမန်အတွေးမှ ဖောက်ထွက်ပြီး မှော်ဆန်သော ပုံစံများကို ပုံဖော်နိုင်သည်။

အခု ဒီလူတွေရဲ့ ခန္ဓာကိုယ်ကတော့ အရမ်းကြံ့ခိုင်နေတာမျိုးတော့ မဟုတ်ချေ။ ဒီဇိုင်းပုံဖော်သူများရဲ့ ချို့ယွင်းချက်များကို ထောက်လှမ်းရန် တာဝန်ရှိသော လူအချို့ပင် ရှိသေးသည်။

လုရွှမ်ရဲ့ အမြင်အရတော့ ဒီလူတွေဟာ လုံးဝကို တုံးအနေတာပဲ။ လက်နက်တွေကို သန့်စင်ဖို့ သင်ယူတဲ့အခါ အဆင့်အားလုံးကို သင်ယူသင့်တယ် မဟုတ်ဘူးလား?

"ကောင်လေး မင်းက ကျန်းချန်သည် ဟုတ်တယ်မလား? မင်းနာမည်က တော်တော်လေး လွှမ်းမိုးနေတာပဲ ဟမ့် ငါတို့နဲ့လိုက်ခဲ့!"

လုရွှမ်ရှေ့ကို လှမ်းလာတော့ အားလုံးက သူ့ကို တားလိုက်ကြသည်။

"သူတော်စင်တစ်ယောက် ဘယ်တုန်းက ဒီလောက် မောက်မာရဲသွားတာလဲ? ဟမ့် ငါဆုံးမပေးမယ်!"

မဟာသူတော်စင် အဆင့်၆ ခွန်အားရှိသော အရပ်မြင့်မြင့် ပိန်လှီသော လူတစ်ယောက် ပြေးထွက်လာသည်။ လုရွှမ်ရဲ့ ခန္ဓာကိုယ်က တည်တည်ငြိမ်ငြိမ် ဖြောင့်တန်းထားကာ သူ့ခြေထောက်များကလည်း သိပ်မလှုပ်ရှားဘဲ ရှေ့သို့ ဆက်လက် ရွေ့လျားနေသည်။

"ဟေ့ ကောင်ကလေးက တော်တော် အရည်အချင်း ရှိသားပဲ! သူ ဒီလောက် မာနကြီး ရဲတာ အံ့သြစရာတော့ မရှိပါဘူး"

အရပ်ရှည်ရှည် ကျင့်ကြံသူ တစ်ယောက် ထပ်ရောက်လာသည်။ သူ့အစွမ်းက မဟာသူတော်စင် အဆင့်၆မှာ ရှိပြီး သူ့ကြွက်သားတွေ ဖောင်းကားလျက် ရှိ၏။ သူသည် လုရွှမ်ဆီသို့ တိုး၍ ကျော်တက်သွားသည်။

လုရွှမ်ရဲ့ လှုပ်ရှားမှုများက မပြောင်းလဲသွားပေ။ တစ်ဖက်လူရဲ့ ခန္ဓာကိုယ်က ပိုမိုသန်မာလေ၏။ သို့သော် ၎င်း၏ကြွက်သားများတွင် ခွန်အားကို ရောင်ပြန်ဟပ်ထားခြင်း မရှိသောကြောင့် ဒီလူက သူ့အတွက်တော့ ခြိမ်းခြောက်နိုင်တဲ့ အငွေ့အသက်များ မရှိပေ။

ဝုန်းကနဲ ပေါက်ကွဲသံနှင့်အတူ ထိုလူသည် လုရွှမ်ရဲ့ ခန္ဓာကိုယ်ကို ထိမှန်သွားပြီးနောက် အရှိန်အဟုန်ဖြင့် ပြန်လွင့်သွားကာ ခပ်ဝေးဝေး၌ လဲကျသွားခဲ့သည်။ သူသည် ခွန်အားပိုထုတ်လေ တွန်းအားများလေ ဖြစ်ရာ ပိုဝေးဝေးကို လွင့်သွားလေ ဖြစ်သွားသည်။

"ကျစ်! ဒီကောင်လေးရဲ့ ခန္ဓာကိုယ်က ထူးဆန်းတယ် ဖယ်စမ်း!"

မဟာသူတော်စင် အဆင့်၉ တန်ခိုးအကြီးဆုံး ကျင့်ကြံသူက လူတိုင်းကို ကြိမ်းမောင်းပြီး လုရွှမ်ဆီ ပြေးဝင်လာသည်။ လုရွှမ်ရဲ့ အမူအရာက မပြောင်းလဲသွားဘဲ ဖြည်းညှင်းစွာပဲ လျှောက်သွားခဲ့သည်။

သူသည် လုရွှမ် ခန္ဓာကိုယ်ကို ပြင်းထန်စွာ ပြေးဆောင့်လိုက်ရာ ရုတ်တရက် မြင့်မားသော တောင်ကြီးကို ပြေးတိုက်မိသွားသလို ခံစားလိုက်ရသည်။ သူ့ခမျာ သစ်ပင်ကို လှုပ်ခါချင်နေသော အင်းဆက်ပိုးမွှားလေး တစ်ကောင်နှင့်ပင် တူနေကာ အပြင်းအထန် ပြေးဝင်သွားပေမယ့် ပြင်းထန်လေ ဒဏ်ရာရသွားလေ ဖြစ်နေ၏။

ဖူး!

ပါးစပ်က သွေးတွေ ထွက်ကျလာခဲ့သည်။ သူ့ခမျာ မူးမေ့လဲသွားခြင်း မရှိသော်လည်း အတွင်းဒဏ်ရာနှင့် သွေးတွေကတော့ တိုက်ရိုက် ထွက်လာခဲ့သည်။

မပြင်ဆင်ရသေးဘဲ ဝင်တိုက်ခိုက်လိုက်လျှင် တစ်ဖက်လူကသာ သူနဲ့အဆင့်တူ ကျင့်ကြံသူတစ်ယောက် ဖြစ်ပါက သဘာဝအလျောက် ပြင်းထန်စွာ ဒဏ်ရာရသွားမှာပဲ ဖြစ်သည်။ ယခုအချိန်မှာတော့ သူ့ခြေထောက်တွေက လမ်းလွဲပြီး မြေပေါ်လဲကျသွားသည်။

မြေပြင်ပေါ်တွင် လဲလျောင်းလျက် လုရွှမ်ရဲ့ တည်ငြိမ်လှသော ခြေလှမ်းများကို ကြည့်ရင်း သူ့မျက်နှာမှာ ဖြူဖျော့သွားပြီး သူ့မျက်လုံးများသည်လည်း ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။ တခြားလူတွေကလည်း စကားမပြောရဲကြဘဲ လုရွှမ် ခြံဝင်းထဲ ဝင်သွားတာကို ကြည့်ပြီးမှ သတိကြီးကြီးနဲ့ ရှေ့ကို ရဲရဲဝံ့ဝံ့ လှမ်းတက်ကာ အစောကလူကို ခေါ်ကာ အမြန်ပဲ ထွက်ပြေးသွားကြပါတော့သည်။

တစ်နေကုန် အနားယူပြီးနောက် လုရွှမ် ခြံဝင်းထဲမှ ထွက်လာပြန်သည်။ တခြားတစ်ယောက်ယောက် တံခါးလာ​ခေါက်ဦးမယ်လို့ သူထင်ခဲ့သော်လည်း အားလုံး ပျောက်ကွယ်သွား​ကြသည်။ လုရွှမ် အနည်းငယ် အံ့သြသွားသော်လည်း အလွန်ကျေနပ်သွား၏။

ခြံဝန်းထဲ၌ တပည့်များ ဖတ်ရှုနိုင်စေရန် စာအုပ်များစွာ ချထား​ပေးသည်။ လက်နက်ကို သန့်စင်လိုပါက သဘာဝကျကျ သန့်စင်ရန် လိုအပ်သော ပစ္စည်းများကိုလည်း ရှင်းရှင်းလင်းလင်း နားလည်ထားရန် လိုအပ်ပေ၏။

နောက်တစ်ခုက အခင်းအကျင်း ဖွဲ့စည်းခြင်းအား နားလည်ထားရန် လိုအပ်ပြီး ဒြပ်စင်ငါးပါးရဲ့ စွမ်းအားကို နားလည်ထားဖို့က ပို၍ပင် လိုအပ်သည်။ အစွမ်းထက်ပြီး အကောင်းမွန်ဆုံးသော လက်နက်များကို သန့်စင်နိုင်ရန် ယင်နှင့်ယန် ချီနှစ်ခုပေါင်းစပ်နေသော ရာသီဥတုကိုပါ ကောင်းစွာနားလည်ထားရန် လိုအပ်သေးသည်။

ကျန့်ကျောက်ရဲ့ မှတ်တမ်းများအရ ဝမ့်ရှန်းကမ္ဘာက လက်နက်များကို အဆင့် ကိုးဆင့် ခွဲခြားထားသည်။

ပထမအဆင့်က သဘာဝကျကျ ကမ္ဘာ့ရတနာ ဖြစ်ကာ ကောင်းကင်နှင့်မြေကြီးကို ကျော်လွန်တည်ရှိနေသော ကမ္ဘာတစ်ခုရဲ့ ရတနာလက်နက် ဖြစ်သည်။

ကောင်းကင် လက်နက်များနှင့် မြေကြီး ရတနာများကို ကောင်းကင်နဲ့ မြေကြီးတို့က သဘာဝအတိုင်း ထုတ်လုပ်​ပေးသည်။ ထိုအရာတွေကတော့ လျှို့ဝှက်ဆန်းကြယ်ဆုံး ဖြစ်သည်။ အမျိုးမျိုးသော မှော်စွမ်းအားများတွင် သိသာထင်ရှားသော ကွာခြားမှုမျိုး မရှိတတ်ပေ။ ၎င်းတို့သည် အလွန်မျှတပြီး အကန့်အသတ်မရှိ အစွမ်းထက်​​ကြသည်။

မြင့်မြတ်သော နတ်လက်နက်၊ သူတော်စင် လက်နက်။ ဤအရာသည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းထားသော အရာ၏ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ထားသော ရတနာ ဖြစ်သည်။

ဧကရာဇ်လက်နက်နဲ့ ​တော်ဝင်လက်နက်။ ဒါတွေကတော့ လူသားမျိုးနွယ်ရဲ့ အဆုံးမရှိသော တန်ခိုးအကြီးဆုံး လက်နက်များပဲ ဖြစ်သည်။

လျှို့ဝှက်ဆန်းကြယ်သော လက်နက်များ၊ လျှို့ဝှက်ရတနာများသည် တစ်ခုတည်းသော မှော်အစွမ်းများ ပါရှိသည့် ရတနာများ ဖြစ်သောကြောင့် အတုလုပ်ရန် မလွယ်ကူလှချေ။

တခြားလက်နက်တွေကတော့ အဆင့်အတန်း မမြင့်ချေ။

ပထမသုံးမျိုးမှာ လူသားတွေအနေနဲ့ သဘာဝအတိုင်း သန့်စင်လို့ မရနိုင်ပေ။ ထိုလက်နက်သုံးမျိုးတို့သည် အထူးအခွင့်အရေးများ၊ ကမ္ဘာ၏သန္ဓေသားနဲ့ မသန့်စင်မီ ကောင်းကင်မြေကြီး၏ ဉာဏ်အလင်းကို ရရှိထားရန်လည်း လိုအပ်သည်။

နတ်လက်နက်များ၊ သူတော်စင် လက်နက်များကို သန့်စင်လိုလျှင် ဧကရာဇ်လက်နက်နှင့် ​တော်ဝင်လက်နက်တို့ကို ကောင်းကင်နဲ့မြေကြီးရဲ့ ကောင်းချီးများ ရရှိမှသာ နတ်လက်နက် သို့မဟုတ် သူတော်စင် လက်နက်အဖြစ်သို့ တိုးတက် ပြောင်းလဲနိုင်မှာ ဖြစ်သည်။

လျှို့ဝှက် ဆန်းကြယ်သော လက်နက်များ၊ လျှို့ဝှက်ရတနာများနဲ့ ပတ်သက်ရင်တော့ တချို့သော လက်နက်သန့်စင်သည့် ဆရာများ၊ ဂုဏ်သတင်းကြီးသော သခင်များမှသာ သန့်စင်နိုင်သည့် လက်နက်များ ဖြစ်သည်။ သာမာန်လူတွေ သန့်စင်နိုင်တဲ့ လက်နက်ဆိုတာ သာမန်အဆင့်ပဲ ရှိလေ၏။

ကောင်းကင်အောင်ခြင်းဂိုဏ်း ဝမ့်ရှန်းကမ္ဘာထဲက အဓိကဂိုဏ်းကြီး ရှစ်ခုအထံ အဆင့်သတ်မှတ်ခံထားရခြင်း၏ အကြောင်းရင်းမှာ ဧကရာဇ်လက်နက်များနှင့် ​တော်ဝင်လက်နက်များကို သန့်စင်ပေးနိုင်သောကြောင့် ဖြစ်သည်။ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာခန့်ကပင် ဧကရာဇ်ဓားတစ်လတ်သည် ကောင်းကင်နှင့်မြေကြီး၏ ကံကြမ္မာကို အမွေဆက်ခံခဲ့ပြီး အဆင့်နှစ်ဆင့် တိုးမြှင့်ခဲ့ရာ နတ်လက်နက်တစ်ခု အဖြစ် တည်ရှိလာခဲ့သည်။

တခြားတစ်ဖက်တွင်မူ ကောင်းကင်အောင်ခြင်းဂိုဏ်းသည် မယုံနိုင်စရာ ကောင်းပြီး အလွန်လွှမ်းမိုး ချုပ်ကိုင်ထားနိုင်သော လက်နက်တစ်ခုကို သန့်စင်ရာတွင် အောင်မြင်နိုင်ခြေ 10% ရုတ်တရက် တိုးလာခဲ့၏။

ယခုဆိုလျှင် ကောင်းကင်အောင်ခြင်းဂိုဏ်း၏ အရေးကြီးဆုံးရတနာမှာ လွန်ခဲ့သောနှစ်ပေါင်းသုံးရာခန့်က နတ်လက်နက် ဖြစ်လာသော ဧကရာဇ်လက်နက်ပဲ ဖြစ်သည်။ ၎င်းကို ခေတ်ပြိုင်ဂိုဏ်းချုပ် လော့ချောင်ဖုန်းရဲ့ ကောင်းကင်အောင်ခြင်း ဓားဟု အမည်ပေးခဲ့သည်။ ဂိုဏ်းချုပ် အမွေအနှစ် တစ်ခုအနေဖြင့် ဓားကိုမြင်ရတာက ဂိုဏ်းချုပ်ကို တွေ့ရတာနဲ့ အတူတူပဲ ဖြစ်ပေသည်။

လုရွှမ် ခြံဝန်းထဲမှ မထွက်ဘဲ သုံးလကြာအောင် နေထိုင်ခဲ့သည်။ ခြံဝန်းထဲက စာကြည့်တိုက်၌ အထပ်ငါးထပ်ရှိကာ သုံးလအကြာတွင် လုရွှမ် ပထမထပ်ရှိ ဂန္တဝင်စာအုပ် အားလုံးကို ဖတ်​ပြီးသွားခဲ့သည်။

All Chapters