← Chapters

ကျော်ကြားခြင်း

Vol. 71 Ch. 4.578

ကျော်ကြားခြင်း

Vol. 71 Ch. 4.578

ဤသုံးလအတွင်းတွင် လုရွှမ် လုံးဝကျော်ကြားလာခဲ့သည်။

သူတော်စင်အဆင့်ရှိ တပည့်တစ်ဦးသည် မဟာသူတော်စင် ကျင့်ကြံသူ တပည့်များစွာကို ဆုံးရှုံးနစ်နာစေခဲ့သော်လည်း ဘယ်သူကမှ လက်စားချေရန် မဝံ့ရဲခဲ့ကြပေ။

ကျမ်းဂန်စုဆောင်းခန်းမလို့ ခေါ်တဲ့ စာကြည့်တိုက်တွင် သုံးလကြာ နေပြီးနောက် တပည့်အားလုံးသည် ကျန်းထျန်းချိုင် ဟူသောအမည်သည် အလဟသအမည်ခံ မဟုတ်ကြောင်း သေချာပေါက် နားလည်လာခဲ့ကြသည်။

ပါရမီရှင် တစ်ယောက်အနေနဲ့ ဒီဂုဏ်သတင်းကို သူ့ကိုယ်ပိုင် အစွမ်းအစနဲ့ အတုယူခဲ့တာ ထင်ရှားနေပြီ။

ပထမလမှာ ကျင့်ကြံသူ တပည့် တော်တော်များများက လုရွှမ် ဟန်ရေးပြနေတယ်လို့ ထင်ကြပြီး သူ့ရှေ့မှာတောင် လျှောက်ပတ်သွားပြနေသေးသည်။ ကျမ်းဂန်စုဆောင်ခန်းမထဲ၌ ဆူဆူညံညံ လုပ်တာတွေ တိုက်ခိုက်တာတွေကိုသာ ခွင့်မပြုထားပါက ဤလူများသည် ပရိယာယ်များဆင်ရန် စွဲလမ်းနေကြပေလိမ့်မည်။

ဒုတိယလတွင် အားနည်းသူများ ဆုတ်ခွာသွားကာ ပါရမီရှင် တချို့သည် ကျန်းထျန်းချိုင်က ဘယ်သူလဲ သိနိုင်ရန် ကျမ်းဂန်စုဆောင်းခန်းသို့ ရောက်လာကြသည်။ ကျမ်းဂန်စုဆောင်းခန်းမထဲက စာအုပ်များဟာ ဖတ်ရလွယ်ကူနေတာတော့ မဟုတ်ပေ။

တတိယလတွင် လုရွှမ် နောက်ကွယ်မှ စာအုပ်တန်းများကို တွေ့သောအခါ လူတိုင်း ဆုတ်ခွာသွားကြသည်။ တောင်ထွတ်တွေထဲက အကျော်ကြားဆုံး ပါရမီရှင်များပင် သူတို့လက်ထဲက အရာအားလုံးကို ချကာ ကျမ်းဂန်စုဆောင်းရေးခန်းမထဲသို့ တစ်ဖန်ဝင်ရောက်လာကာ သူတို့ချထားခဲ့သော စာအုပ်များကို တစ်ဖန် ပြန်ဖတ်လာကြသည်။

ထို့နောက် လူတိုင်းသည် လုရွှမ်ရဲ့ စာအုပ်များ တဖြည်းဖြည်း တိုးလာတာကို တွေ့လိုက်ကြပြီး ထိုပါရမီရှင်များစွာ၏ အရှိန်သည် နှေးကွေးလာကာ လုရွှမ်က တဖြည်းဖြည်း သာလွန်သွားခဲ့သည်။

သုံးလအကြာတွင် လူများစွာ၏ ထိတ်လန့်သော မျက်လုံးများ အောက်တွင် ကျမ်းဂန်စုဆောင်းခန်းမထဲမှ လုရွှမ် ထွက်လာခဲ့သည်။ ထိုအခါမှ တပည့်အားလုံးဟာလည်း သက်ပြင်းချ၍ ဒီလူဟာ လူသားဖြစ်နေသေးကြောင်း သဘောပေါက်သွား၏။

သို့သော် သူတို့ မမျှော်လင့်ထားသည့် အရာမှာ တစ်ညတာ အနားယူပြီးနောက် လုရွှမ်သည် နောက်တစ်နေ့တွင် ကျမ်းဂန်စုဆောင်းခန်းမထဲသို့ ထပ်မံဝင်ရောက် သွားခဲ့​ပြန်သည်။ ပထမအထပ်က စာအုပ်များကို နောက်ထပ် မရွေးချယ်​​တော့ဘဲ ဒုတိယထပ်သို့ တိုက်ရိုက် တက်သွားခဲ့သည်။

ဆိုလိုသည်မှာ လုရွှမ်သည် ပထမအထပ်က စာအုပ်အားလုံးကို လုံး၀ ဖတ်ပြီးပြီဖြစ်သည်။

ယခုအချိန်တွင် တပည့်အားလုံးက သူ့ကို ကိုးကွယ်ကြပြီး တချို့သော သင်းထောက် ကောင်းကင်ဘုံသခင်များကပါ ကျန်းထျန်းချိုင်ဆိုတဲ့ တပည့်တစ်ဦးကို အာရုံစိုက်လာကြသည်။

တစ်နှစ် ကြာပြီးနောက် လုရွှမ်သည် ဒုတိယထပ်ရှိ စာအုပ်များ အားလုံးကို ဖတ်ပြီး နောက်ပြန်ထွက်ကာ ကြယ်နှင့်လကို ဆယ်ရက်ကြာ ကြည့်ရှုရန် အနောက်ဘက် တောင်ပေါ်တွင် လဲလျောင်းနေပြန်သည်။

ဆယ်ရက်လောက်ကြာတော့ ကျမ်းဂန်စုဆောင်းခန်းမထဲ ဝင်သွားပြန်၏။

"ကျွန်တော်က ကောင်းကင်အောင်ခြင်းဂိုဏ်းရဲ့ တပည့်ပဲ မဟုတ်ဘူးလား? ဘာလို့ တတိယအထပ်ကို ဝင်လို့ မရတာလဲ?"

ဆံပင်ဖြူဖြူ အဘိုးအို၏ ကျင့်ကြံမှု အဆင့်အတန်းသည် သိပ်မမြင့်မားပေမယ့် ကောင်းကင်ဘုံသခင် ပြီးပြည့်စုံသော ကာလသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူသည် ကောင်းကင်ဘုံသခင် နယ်ပယ်ထဲ၌ အကြာကြီး ပိတ်မိနေဖဲ့တာ ထင်ရှားလှသည်။

အဘိုးအိုက ပြုံးပြီး ချစ်ခြင်းမေတ္တာတွေ အပြည့်နဲ့ လုရွှမ်ကို ကြည့်လိုက်သည်။

"ဆရာတူညီလေး.. မင်းက ကောင်းကင်အောင်ခြင်းဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်တာတော့ အမှန်ပဲ ဒါပေမဲ့ မင်း တတိယအဆင့်ကို ဝင်ချင်ရင်တော့ ဂိုဏ်းကိုအရင် ပါဝင်ကူညီရမယ်... ဆရာတူညီလေး မင်း ဂိုဏ်းထဲဝင်တာ တစ်နှစ်ကျော်ပဲ ရှိသေးတယ် ဆိုပေမယ့် မင်းမှာ ကူညီထားတာ မရှိဘူးမလား..."

ဝမ့်ကမ္ဘာများတွင် မဟာသူတော်စင်နဲ့ ကောင်းကင်ဘုံသခင် ဆရာကြီးတို့ကို အဆင့်တူဟု ယူဆကြသည်။ တကယ်တော့ လုရွှမ်ဟာ သူတော်စင်တစ်ဦးသာ ဖြစ်တာကြောင့် အကြီးတန်းဟု ခေါ်သင့်သည်။

ဒါပေမဲ့ အခုအချိန်မှာတော့ လုရွှမ်ရဲ့ အကြီးအကဲလို့ သူ့ကိုယ်သူခေါ်ရဲဖို့ သတ္တိရှိတဲ့သူတိုင်းက ဒါဟာ အလွန်အမင်း ပါရမီပါတဲ့ ပါရမီရှင်တစ်ယောက် ဆိုတာ သိပါ၏။ ထို​လူရဲ့ နယ်ပယ် နိမ့်ကျ​နေရတဲ့ အကြောင်းရင်းကတော့ သူက သူ့ကျင့်ကြံမှုကို ဖိနှိပ်ထားလို့ပဲ။ သူသာ ထိုးဖောက်ချင်ရင် ကောင်းကင်ဘုံသခင်လောက်က ပြဿနာ မရှိလောက်ဘူး။

လုရွှမ် ရုတ်တရက် သဘောပေါက်သွားတာကို မြင်တော့ အဖိုးအိုက ပြုံးပြီး ဆက်ပြောလေသည်။

"ညီလေး စာကြည့်တိုက်ရဲ့ ပထမထပ်နှစ်ထပ်ရဲ့ အကြောင်းအရာ အားလုံးကို မင်းနားလည်ပြီးသွားပြီ... အခု မင်းရဲ့လက်နက်တွေကို သန့်စင် လေ့ကျင့်ပြီး ပညာရပ်တွေကို လက်တွေ့အဖြစ် ပြောင်းလဲနိုင်လောက်ပြီပေါ့ ဒါက မင်းအရင်က သင်ယူခဲ့တဲ့အရာတွေကို တိုးတက်စေမယ့် နောက်ထပ်နည်းလမ်းတစ်ခုလည်း ဖြစ်နိုင်တယ်လေ”

လုရွှမ်ရဲ့ မျက်လုံးများ တောက်ပလာကာ အဘိုးအိုပြောတဲ့ စကားကလည်း အဓိပ္ပာယ်ရှိလှသည်။ လက်ကိုမြှောက်ကာ ဦးညွှတ်ကာ

"ကျေးဇူးတင်ပါတယ် ဆရာတူအစ်ကို" ဟုဆို၍ လှည့်ပြီး အောက်ထပ်သို့ ဆင်းသွားသည်။

လုရွှမ် ထွက်သွားတာကို ကြည့်ရင်း အဘိုးအိုသည် စိတ်ခံစားချက်များနဲ့အတူ သက်ပြင်းချလိုက်သည်။

"ပါရမီရှင်ပဲ.... ကောင်းကင်အောင်ခြင်းဂိုဏ်းတော့ ကြီးပွားလာတော့မယ်"

ကျမ်းဂန်စုဆောင်းခန်းမမှ ထွက်လာပြီးနောက် လုရွှမ်သည် လွန်ခဲ့တဲ့ တစ်နှစ်လောက်က သူ့အား ဆရာတူအစ်ကိုကြီးကို ဂါဝရပြုရမယ်လို့ ပြောခဲ့တဲ့ မဟာသူတော်စင်ကို တွေ့လိုက်ရသည်။ ထိုသူက ကြောက်လန့်တကြား အမြန်ပုန်းရှောင်ပြီး ရှေ့မတိုးလာဝံ့ပေ။

သူ့ဘေးက ကောင်းကင်ဘုံသခင် တစ်ယောက်ကလည်း ထိုမဟာသူတော်စင်ရဲ့ လက်ကို ကိုင်ကာ လုရွှမ် ပြုံးပြလိုက်သည်။ ထို့နောက် နှစ်ယောက်သား ခပ်သုတ်သုတ်ကလေး ထွက်သွားကြလေ၏။

"ဟားဟားဟား ညီငယ်လေး... မင်းက တကယ်ကို ကွယ်ဝှက်ထားတာပဲကွ ငါ့အမြင်က အရမ်းမှန်တယ်! ပါရမီရှင်တစ်ယောက်ကို ငါတကယ် ရှာတွေ့ခဲ့တာကွ!"

ကျန့်ကျောက်ရဲ့ အသံက အလွန်မာန ကြီးသွားပုံပေါက်နေသည်။ လုရွှမ်လည်း ကောင်းကင်အောင်ခြင်းဂိုဏ်းက သူသိသော တစ်ဦးတည်းသော လူကို တွေ့လိုက်ရတော့ အလွန်ပျော်သွား၏။

"ဆရာတူအစ်ကိုကျန့် ဘာလို့ ပြန်လာတာလဲ? နောက်ထပ်တပည့် တစ်စုကို သွားမခေါ်​​တော့ဘူးလား"

ကျန့်ကျောက်က ဂုဏ်ယူစွာ ပြုံးပြီး

"ဟုတ်တယ် မှန်တယ်... ဒါ့ပြင် အခုချိန်ကစပြီး ငါ အပြင်ထွက်စရာ မလိုတော့ဘူး။ ငါ ဂိုဏ်းထဲမှာ စိတ်အေး​အေးချမ်းချမ်းနဲ့ လေ့ကျင့်ပြီး အဲဒီအလုပ်တွေကို တခြားသူတွေကိုဆီ ထားခဲ့လိုက်ပြီ..."

"ဟီးဟီး မင်းကြောင့်ပဲပေါ့ အမှန်တော့ ငါအမှားလုပ်မိပြီး အနှစ်တစ်ရာ အပြစ်ပေးခံ​နေရတာကွ.... ဒါပေမဲ့ အစ်ကိုဖက်တီးတို့က ကံကောင်းတယ်လေ မင်းလို ပါရမီရှင်တစ်ယောက်နဲ့ တွေ့ခွင့်ရတယ် တောင်ထ်တ်သခင်ကလည်း မင်းအကြောင်း သိလာပြီးတဲ့နောက် ငါက ဂိုဏ်းအတွက် ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့တယ်ဆိုပြီး ပြစ်ဒဏ်က လွတ်ငြိမ်းခွင့် ရခဲ့တာ ဟာဟားဟား"

ကျန့်ကျောက်က ရယ်မောလိုက်သည်။

ပတ်ဝန်းကျင်က လူတွေက ကျန့်ကျောက်ရဲ့ ရိုင်းစိုင်းတဲ့ ရယ်မောမှုကို ကြည့်ပြီး သူသိတဲ့ လူတွေက ပြုံးပြီး နှုတ်ဆက်ကြပြီး သူ မသိတဲ့လူတွေက ကံကောင်းလိုက်တာဟု ရေရွတ်ရင့း တိတ်တဆိတ် သက်ပြင်းချသွား​ကြသည်။ သူသည် ငါးနှစ်အောက်သာ အပြစ်ပေးခံခဲ့ရသော်လည်း ပါရမီရှင်တစ်ဦးကို ပြန်လည်ရရှိလာသောကြောင့် ပြစ်ဒဏ်အားလုံးမှ ကင်းလွတ်ခွင့်ရခဲ့သည်။

ထိုမှသာ လုရွှမ်သည် အစ်ကိုဖက်တီးက သူ့အတွက်သူ ပျော်ရွှင်နေကြောင်းကို နားလည်သွားခဲ့ပြီး တစ်ချိန်တည်းတွင် သူ့ကိုဘယ်သူမှ ဘယ်သူမှ လာမနှောင့်ယှက်ရတဲ့ အ​ကြောင်းအရင်းကိုလည်း နားလည်သွားခဲ့သည်။ အထက်ကလူတွေက ဒါကို ဂရုစိုက်တာ သိသာတာမို့လို့ သူတို့ကိုယ်သူတို့ အရှက်ရစေဖို့ ဘာမှ မလုပ်ကြတာ သဘာဝပါပဲ။

"စကားမစပ် မင်းကို တောင်ထွတ်သခင်နဲ့ တွေ့ဖို့ ငါခေါ်သွား​ပေးမယ်... မင်းဒီမှာနေတာ တစ်နှစ်ရှိနေပြီလို့ ပြောပေမယ့် တောင်ထွတ်သခင်ကိုတောင် မတွေ့ဖူးဘူး မင်းကိုလည်း ဘယ်သူမှ မသင်ပေးဘူး ရိုးရိုးသားသား ပြောရရင် မင်းက အရမ်းထက်မြက်ပါတယ်... ဒါပေမဲ့ ကျင့်ကြံမှုက နိမ့်နေသေးတယ် ဒုတိယအဆင့် စာအုပ်တွေကို မင်း ဖတ်ပြီးသွားပြီ ဆိုတော့ မင်းရဲ့လက်နက်တွေကို သန့်စင်ဖို့ အချိန်ရောက်ပြီ.... ဒါပေမဲ့ မင်းရဲ့ မလုံလောက်တဲ့ လေ့ကျင့်မှုက မင်းရဲ့ သန့်စင်မှုအပေါ် အများကြီး သက်ရောက်မှု ရှိလိမ့်မယ်"

ကျန့်ကျောက် ပြောတဲ့စကားက အဓိပ္ပာယ်ရှိတယ်။ လက်ရှိ သူ့ရဲ့အဆင့်က နည်းနည်းတော့ နိမ့်နေသေးတယ်လေ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လုရွှမ် အနည်းငယ် အံသြသွားသလို ခံစားလိုက်ရသည်။ မူလက ဖိနှိပ်ထားတဲ့ နယ်ပယ်က ထိန်းမနိုင်သိမ်းမရ ဖြစ်လာတာကို အနည်းငယ် ခံစားခဲ့ရ​သေးသည်။ မမျှော်လင့်ဘဲ ရှေး​ဟောင်းလျှပ်စီးကမ္ဘာ၏ အူတိုင် မိုးကြိုးရေကန်ထဲတွင် လေ့ကျင့်သင်ကြားပြီးနောက် မိုးကြိုးနိယာမများကို သူ၏အရိုးများပေါ်တွင် ရေးထွင်းထားလိုက်တဲ့အခါ သူခံနိုင်ရည်အား ကန့်သတ်ချက်များက ထပ်မံတိုးလာခဲ့သည်။

ယခု သူသည် သူ၏ ကျင့်ကြံမှု တိုးတက်စေလိုသော်လည်း ခံစားရသလောက်ဆိုရင် သူတော်စင် အဆင့်၇ကို ဖြတ်ကျော်ဖို့ အနည်းဆုံး နှစ်အနည်းငယ်လောက် အချိန်ယူရလိမ့်မည်။

"အစ်ကိုဖက်တီး... ဒီဘက်က ဆရာတူမောင်လေး ထျန်းချိုင်လား? အရမ်းချောတာပဲ"

"ဆရာတူမောင်လေး မင်္ဂလာပါနော်"

ကျင့်ကြံသူ မိန်းမပျိုတွေ တစ်ယောက်ပြီး တစ်ယောက် ဖြတ်သွားသော်လည်း လုရွှမ်ကိုသာ နှုတ်ဆက်သွားတာကြောင့် ကျန့်ကျောက် မနာလိုဖြစ်သွား၏။ လုရွှမ်ကတော့ တစ်လမ်းလုံး အနည်းငယ်သာ ပြုံးလေသည်။

"ညီလေး မင်းက အရမ်းသဘောကောင်းတာပဲနော်... မင်းဆရာတူအစ်ကို မင်းရဲ့နယ်ပယ်လောက်တုန်းက တစ်ယောက်ယောက်က ငါ့ကို ဒီလိုမျိုး နောက်ပြောင်ရင်တော့ ဟီးဟီး"

လုရွှမ် ဆရာတူအစ်ကို ဖက်တီးရဲ့ ပုခုံးပေါ်ကို ပုတ်လိုက်ကာ စကားသိပ် မပြောခဲ့ပေ။ ဒီအစ်ကိုဖက်တီးကတော့ တော်တော် အစအနောက် သန်တဲ့လူပဲ။

ထျန်းရှုးတောင်ထွတ်ကို ရောက်တဲ့အခါမှာတော့ လျှို့ဝှက်ဆန်းကြယ်မှု မရှိတဲ့ ပင်မခန်းမ တစ်ခုဆီသို့ တက်လာခဲ့သည်။ ထျန်းရှူးခန်းမလို့ အမည်ပေးထားတဲ့ ကမ္ဗည်းပြားတစ်ခုက အဆောက်အအုံရှေ့တွင် ရှိနေ၏။

ပင်မခန်းမကို စီးပွားရေးကိစ္စ ဆွေးနွေးသည့်အခါတွင်သာ အသုံးပြုထားသောကြောင့် ယခုအချိန်တွင် ဘယ်သူမှ မရှိကြပေ။ သူတို့နှစ်ယောက်သည် ပင်မခန်းမကို ကျော်ဖြတ်ကာ တောင်ထွတ်သခင်နှင့် သူ့ဇနီးတို့ နေထိုင်ရာ နောက်ဖေးခြံသို့ လျှောက်ဝင်သွားကြသည်။

ခြံဝင်းရှေ့တွင် မြေပြင်မှ ဝိညာဉ်စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး အမှန်တကယ်ပင် ဝိညာဉ်စွမ်းအင် ငွေ့ရည်ဖွဲ့ခြင်းနဲ့ တူလေ၏။

All Chapters