← Chapters

စမ်းသပ်မှု

Vol. 71 Ch. 4.579

စမ်းသပ်မှု

Vol. 71 Ch. 4.579

ဝိညာဉ်စွမ်းအင်များ ပြည့်လျှံနေသောကြောင့် လုရွှမလည်း အသက်ပြင်းပြင်း ရှူရှိုက်လိုက်သည်။ ထိုအခါ သူ့တစ်ကိုယ်လုံး ပေါ့ပါးသွားပြီး ပျံသန်းရန် အသင့်ဖြစ်နေပြီလို့ပင် ခံစားလိုက်ရသည်။ အနည်းဆုံး လအနည်းငယ် ကြာအောင် အတားအဆီးထားသည့် ကျင့်ကြံမှုက အပြည့်အ၀ ပြည့်လျှံသွားသလို ခံစားမိသည်။ သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်များ ပေါများလာကာ သူ့နားထဲတွင် နတ်မိုးခြိမ်းသံကို ဖျတ်ခနဲ ကြားလိုက်ရကာ အတိဒုက္ခ ဖြတ်ကျော်ရ​တော့မည့် ခံစားချက်မျိုး အမှန်တကယ် ခံစားလိုက်ရသည်။

"ဒီဝိညာဉ်စွမ်းအင်က?" လုရွှမ် မေးလိုက်သည်။

သို့သော် စမ်းရေတွင်းသည် ရုတ်တရက် ရပ်သွားပြီး လေထဲတွင် ရောနှောကာ ဝိညာဥ်စွမ်းအင် ဘောလုံးများအဖြစ် ပြောင်းလဲသွား​လေသည်။ ထိုအခိုက် ကျန့်ကျောက်ရဲ့ မျက်နှာတွင် ငြူစူခြင်း အပြည့်နှင့်။

"ညီလေး မင်း အရမ်းကံကောင်းတာပဲကွာ... ဒါက မင်းအတွက် တောင်ထွတ်သခင်ရဲ့ လက်ဆောင်ပဲ။ သာမန်လူတစ်ယောက် ရောက်လာရင်တောင် တောင်ထွတ်သခင်က ဝိညာဉ်စွမ်းအင်ကို ဘယ်တော့မှ ထုတ်မပေးတတ်ဘူး... ဆရာတူအကိုကြီး ငါ့မှာတောင် အဲဒီလိုကောင်းချီးတွေ မရှိခဲ့ဘူးကွာ..."

လုရွှမ် သူ့စိတ်ထဲတွင် အလွန် ကျေးဇူးတင်နေပြီး သူနဲ့တွေ့ရတော့မည့် ​တောင်ထွတ်သခင်ကို အလွန် ချစ်ခင်သွားသည်။ ဤထူးကဲသော ဝိညာဉ်စွမ်းအင်ကို လုရွှမ် ကိုယ်တိုင် ခံစားလိုက်ရပြီးမှ ဘယ်လောက် ရှားပါးကြောင်း သဘောပေါက်သွားသည်။ ဒါက သူတို့မဆုံခင်ကတည်းက ပေးတဲ့ လက်ဆောင်ကောင်း တစ်ခုပဲ။

"မင်းတို့ ဝင်လာခဲ့ကြ..."

လှပတင့်တယ်သော ပန်းခြံတစ်ခုရှေ့တွင် ရွှေရောင်အလင်းနဲ့ အသံတစ်ခု ထွက်ပေါ်လာသည်။

လုရွှမ်သည် ဆရာတူအစ်ကို ကျန့်ကျောက်နဲ့အတူ ဥယျာဉ်ထဲသို့ လိုက်သွားခဲ့ရာ ခြံဝင်းထဲတွင် မိန်းကလေးငယ် တစ်ဦးနှင့် ဆော့ကစားပေးနေသော ယောက်ျားမိန်းမစုံတွဲကို တွေ့လိုက်ရသည်။

ထိုလူသည် အရပ်ရှည်ပြီး ကြော့ရှင်းကာ လုရွှမ်ကို နေလုံးတစ်လုံးလို ပူလောင်သော မျက်လုံးများဖြင့် ကြည့်နေသည်။ သူ၏ အရိပ်အာဝါသသည် လေထုထဲ၌ ဖုံးကွယ်နေပုံရကာ ထိုလူ၏ ကျင့်ကြံမှု အဆင့်သည် တတိယအကြီးအကဲထက်ပင် မြင့်မားကြောင်း လုံး၀ ပြောနိုင်သည်။

ကျန့်ကျောက်ရဲ့ အဆိုအရ တတိယအကြီးအကဲသည် တောင်ထွတ်သခင်၏ ဆရာ ဖြစ်​လေသည်။

သူ့အမျိုးသမီးက လှပပေသည်။ သိပ်လှ​​နေတာမျိုးတော့ မဟုတ်ပေမယ့် နူးညံ့တဲ့ မိခင်တစ်ယောက်ရဲ့ ထက်မြက်မှုမျိုး ရှိသည်။ ကျန့်ကျောက်နဲ့ လုရွှမ်ကို ကြည့်လာတဲ့ သူတို့ရဲ့ မျက်လုံးများက ငြိမ်သက်ခြင်း အပြည့်ဖြင့်။

ကလေးမလေးက အသက်သုံးလေးနှစ်ပဲ ရှိသေးကာ သူမက အရမ်းချစ်စရာကောင်းပြီး သူတို့နှစ်ယောက်ကိုလည်း တောက်ပတဲ့ မျက်လုံးတွေနဲ့ ကြည့်နေ၏။ ကျန့်ကျောက်က လျင်မြန်စွာ ဦးညွှတ်အလေးပြုပြီး

"ဆရာနဲ့ ဆရာကတော်ကို ဂါဝရပြုပါတယ်"

လုရွှမ်လည်း တုံ့ဆိုင်းမနေဘဲ ဂါဝရပြုလိုက်သည်။

"အကြီးအကဲ တောင်ထွတ်သခင်နဲ့ အကြီးအကဲ နတ်သမီးကို ဂါဝရပြုပါတယ်"

ထိုလူက သူ့လက်ကို ဝှေ့ယမ်းလိုက်တော့ ဖြည်းညှင်းစွာသော တွန်းအားတစ်ခု တိုးဝင်လာကာ လုရွှမ်ကို ထဖို့ ကူညီပေးလိုက်သည်။ လုရွှမ် အံ့သြသွား၏။ ဒီစွမ်းအားက အရမ်း အစွမ်းထက်တာပဲ။

အမျိုးသမီးက ကျန့်ကျောက်ကို ညွှန်ပြပြီး

"ဒီတစ်ခါ မင်း ကံကောင်းသွားတယ်မှတ် မဟုတ်ရင် မင်းကို နယ်စပ်မှာ အနှစ်တစ်ရာ စောင့်ရှောက်ခွင့်ပေးလိုက်မယ်... ကောင်းပြီလေ ဒီတစ်ကြိမ်တော့ မင်းမှန်ကန်တဲ့ ကိစ္စတစ်ခုကို လုပ်မိသွားပြီလို့ ယူဆလို့ရတယ်... အေးအေးဆေးဆေး အနားယူလိုက် "

သူမက လက်ချောင်းများကို ပွတ်ဆွဲလိုက်ရင်း ဝိညာဉ်အသီးတစ်ပွင့်ကို ပစ်လွှတ်လိုက်သည်။ ကျန့်ကျောက်က ဝမ်းသာအားရ ယူကာ ဂါဝရပြုပြီးနောက် ပျော်ရွှင်စွာ ထွက်သွားလေသည်။ ဆရာနဲ့ သူ့ဇနီးက လုရွှမ်ကို စကားပြောချင်​​နေကြောင်း သူသိပြီး သူရပ်နေဖို့ အဆင်မပြေကြောင်းလည်း နားလည်ပေသည်။

"ကောင်းပြီ မင်းတို့တွေ စကားစမြည် ပြောနှင့်ကြ... ငါ ရှောင်လင်အာလေးကို အနားယူဖို့ ခေါ်သွားလိုက်ဦးမယ်"

သူမသည် ကလေးမလေးကို ပွေ့ဖက်ကာ အခန်းထဲသို့ လျှောက်သွားသည်။ ကလေးမလေးက ရုတ်တရက် ထအော်လိုက်ပေ၏။

"ကိုကို... သမီးကိုကို့ကို သဘောကျတယ်!"

အမျိုးသမီးက ရယ်မောကာ ရှောင်လင်အာရဲ့ ခေါင်းကို လက်ညှိုးဖြင့် တောက်၍ အခန်းထဲသို့ ၀င်သွားခဲ့သည်။

တောင်ထွတ်သခင်က ကောင်းကင်ကို လက်ညိုးထိုးပြလိုက်ရာ လုရွှမ်လည်း ခြံဝင်းကို အခင်းအကျင်းဖြင့် ဖုံးအုပ်လိုက်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ ဘယ်လို အခင်းအကျင်းလဲ ဆိုတာ လုရွှမ် သူလုံးဝမသိကြောင်းကို သိလိုက်ရသဖြင့် စိတ်ထဲက တုန်လှုပ်သွားခဲ့သည်။

"အိုး မင်းဘာလို့ မကြောက်တာလဲ?"

လုရွှမ်က ပခုံးတွန့်ပြလိုက်ပြီး

"အကြီးအကဲက ကျွန်တော်တို့ကို တွေ့တာနဲ့ လက်ဆောင်အကြီးကြီး ပေးတယ်လေ ကျွန်တော်က ဘာလို့ကြောက်ရမှာလဲ?"

ထိုလူက ခေါင်းညိတ်ပြပြီး

"စိတ်က မြန်မြန်ဆန်ဆန် တုံ့ပြန်ပြီး အပြောင်းအလဲ မှန်သမျှကို မထိတ်လန့်ဘူး... စိတ်အနှောက်အယှက်လည်း နည်းနည်းမှ မရှိဘူး အရမ်းကောင်းတယ် ရှေးဟောင်းလျှပ်စီး ကမ္ဘာကို မငြိမ်မသက် ဖြစ်စေနိုင်ခဲ့တဲ့ သခင်လေးလုရွှမ် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်"

လုရွှမ်သည် သူ့ရဲ့ဝိသေသလက္ခဏာကို မဟာသူတော်စင်နဲ့ ကောင်းကင်ဘုံသခင်တွေဆီမှာ ဖုံးကွယ်ထားနိုင်တာကို သိသော်လည်း နတ်မီးကို ထွန်းညှိထားသော ကျင့်ကြံသူများကိုတော့ ဖုံးကွယ်ထားနိုင်မှာ မဟုတ်ကြောင်း နားလည်ပေသည်။

ပြောရရင် သူ့အသွင်ကို ဖုံးကွယ်ထားရန် မရည်ရွယ်ထားခဲ့သလို သူ့​အသွင်အပြင်ကိုပင် မပြောင်းလဲချင်ခဲ့ပေ။

"ရှေး​ဟောင်းလျှပ်စီးကမ္ဘာမှာ လူတိုင်းက မင်းသေပြီလို့ ထင်နေကြတာ... မင်း အသက်ရှင်နေဦးမယ်လို့ ငါမမျှော်လင့်ထားဘူး ကံမကောင်းချင်တော့ မင်း ဆန်းကြယ်ကောင်းကင် စံအိမ်ကြီးကို လွတ်သွားပြီ မင်းနောင်တရဖူးလား?"

လုရွှမ် ခပ်ဖွဖွ ခေါင်းခါရင်း ရွှမ်ထျန်းတံဆိပ်ပြားကို ထုတ်လိုက်သည်။

"ဆန်းကြယ်ကောင်းကင်အိမ်တော်ကို ဝင်ဖို့ ပထမဆုံး လိုအပ်ချက်က သူတို့ကို ဘယ်တော့မှ သစ္စာမဖောက်ရဘူး ဆိုတာပဲ... ဆန်းကြယ်ကောင်းကင်အိမ်တော်က ဘယ်လို အင်အားမျိုးလဲဆိုတာတောင် ကျွန်တော် နားမလည်ဘူးလေ ဒါကြောင့် ကျွန်တော် ဒီလို ရူးရူးသွပ်သွပ် လိုက်သွားချင်တဲ့ စိတ်ဆန္ဒမျိုး မရှိဘူး... မလိုချင်ဘူး ဆိုရင်တော့ အဆင်ပြေပါတယ်”

ထိုလူက ပြုံးလိုက်ပြီး "မင်းပြောတဲ့အတိုင်းဆို မင်း ငါတို့ရဲ့ ကောင်းကင်အောင်ခြင်းဂိုဏ်းကို အနာဂတ်မှာ သစ္စာဖောက်ဖို့ စီစဉ်နေတယ်ပေါ့?"

လုရွှမ်ကလည်း ပြုံးပြီး "တပည့်တစ်ယောက်က ဂိုဏ်းကို သစ္စာဖောက်ချင်ရင် အဲဒါက ဂိုဏ်းမှာ ပြဿနာရှိနေလို့ပဲ"

"မင်းက မျိုးစေ့​ကောင်း တစ်ခုပဲ!"

ထိုလူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့အသံက အစောကထက် ပျော့ပျောင်းလာကာ နှေးကွေးသွားသည်။

"မင်း ငါ့နာမည်ကို မသိသေးဘူးနော်..ထျန်းရှူးတောင်ထွတ်ရဲ့ သခင် ကျန့်ချောင်းရန် အခုနက နတ်သမီးက ငါ့ဇနီး လော့ချင်းယီး.. ဂိုဏ်းချုပ်ရဲ့ညီမပဲ"

"​တောင်ထွတ်သခင်ကျန့်ကို နှုတ်ဆက်ပါတယ်"

"အိုး မင်းက ငါ့တပည့်ဖြစ်ချင်တာလား"

ကျန့်ချောင်းရန်က ပူလောင်သော မျက်လုံးများဖြင့် လုရွှမ်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။ သို့သော် လုရွှမ်ကတွေးပင် မတွေးဘဲ ခေါင်းယမ်းလိုက်ပြီး

"တောင်ထွတ်သခင်ရဲ့ ချစ်ခြင်းမေတ္တာအတွက် ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကျွန်တော့်မှာ ဆရာတစ်ယောက် ရှိနေပြီးသားပါ... သူ ကျွန်​တော့်ကို အသိအမှတ် မပြု​သေးပေမယ့် တခြားသူကို ဆရာအဖြစ် လက်ခံမှာ မဟုတ်ဘူး"

ကျန့်ချောင်းရန်မှာ ရုတ်တရက် အားကောင်းလာပြီး လုရွှမ်အား ပြင်းထန်သော ဖိအားများဖြင့် ဖုံးလွှမ်းပစ်လိုက်သည်။

ဝူး!

လုရွှမ်ရဲ့ ခန္ဓာကိုယ်သည် ထိတ်လန့်သွားပြီး နဂါးဟောက်သံက အလိုအလျောက် ထွက်ပေါ်လာသည်။ တဟုန်းဟုန်း တောက်​လောင်နေသော လေသည် သူ့တစ်ကိုယ်လုံးကို တဖျပ်ဖျပ် ခတ်လျက် ဖြတ်သန်းသွားရာ သူ့နောက်မှ လေပြင်းများ လှုပ်ခါသွားသည်။

ကျန့်ချောင်းရန်ရဲ့ မျက်လုံးများက အံ့ဩမှုများဖြင့် ပြည့်နှက်နေပြီး သူ့ရောင်ဝါကလည်း တဖြည်းဖြည်း တိုးလာသည်။ လုရွှမ်ရဲ့ အရေပြားမှာ ရှုံ့တွနေပြီး ကြွက်သားများ ဖောင်းပွကာ သွေးများ တဟုန်ထိုး စီးကျလာသည်။ ဝုန်းကနဲ ပေါက်ကွဲသံနှင့်အတူ စိတ်ဝိညာဥ် မီးတောက်များ ထွက်ပေါ်လာပြီး လုရွှမ် ခန္ဓာကိုယ်ကို တုန်ခါသွားစေသည်။

"စိတ်ဝိညာဥ်မီးတောက်က တကယ်ကို အစွမ်းထက်တာပဲ..."

ကျန့်ချောင်းရန်က အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါက တစ်ဖန် တိုးလာ​ပြန်သည်။ လေပြင်းများ တိုက်ခတ်လာသကဲ့သို့ ပတ်ဝန်းကျင်ရှိ အဆောက်အအုံများကို တုန်ခါသွားစေသည်။

လုရွှမ် တိတ်တိတ်လေး ကျိန်ဆဲလိုက်မိသည်။ ကျင့်ကြံမှု အဆင့်မြင့်တဲ့လူတွေက ဘာလို့ ဒီလောက် ဒေါသတွေ ထွက်ချင်နေရတာလဲ။ သူလည်း အစပိုင်းမှာတော့ ငယ်ငယ်ရွယ်ရွယ် လူငယ်တွေရှေ့မှာ ဒီလိုကစားရတာကို ကြိုက်ကြပြီး သူ့ရဲ့အကျင့် စာရိတ္တအတွက် အခု​တကယ် ပြန်ပေးဆပ်နေရတာလားပင် မသိတော့ပေ။

လုရွှမ် ဓားစွမ်းအင်ကို တွန်းထုတ်လိုက်သည်နှင့် သူသည် ချွန်ထက်သော ဓားတစ်လက်အဖြစ် ချက်ချင်း ပြောင်းလဲသွားသလို အရှိန်အဝါက ထိုးတက်လာသည်။

"ကောင်းပြီ!... အခု ငါကောင်းကင်ဘုံသခင် ပြီးပြည့်စုံတဲ့ကာလက အရှိန်အဝါကို ထုတ်လိုက်မယ်"

လုရွှမ်မှာ သွေးတစ်လုတ်ကို အန်လုမတတ် ဖြစ်သွားသည်။ အခုက ကောင်းကင်ဘုံသခင် ပြီးပြည့်စုံတဲ့ ကာလက အရှိန်အဝါပဲ မဟုတ်ဘူးလား။

ပတ်ဝန်းကျင်က လေထုဟာ သူတို့အနီးနားကို စိမ့်ဝင်လာပြီး လေထုထဲမှာ တဖြည်းဖြည်းနဲ့ ရေစက်လေးတွေ ဖြစ်ပေါ်လာပြီး သဲ၊ ကျောက်စရစ်၊ မြက်တွေနဲ့ သစ်ပင်တွေလည်း မြေပြင်ပေါ်ကို လွင့်ပျံလာသည်။ ကျန့်ချောင်းရန်ဆီက အရှိန်အဟုန်ဟာ လုရွှမ်ဆီသို့ ဦးတည်ပြေးလာခဲ့သည်။

လုရွှမ်သည် ဖီးနစ်နတ်မီးကို မပေါက်ကွဲသွားစေရန် အစွမ်းကုန် ဖိနှိပ်ထားခဲ့သည်။ ကျန့်ချောင်းရန်က အခုအချိန်မှာ အန္တရာယ် မရှိ​သေးသော်လည်း ဖီးနစ်နတ်မီး ကို မြင်ပြီးနောက် ငြိမ်သက်နိုင်ဦးမလား မသိပေ။

လုရွှမ်ရဲ့ ခန္ဓာကိုယ်ပေါ်တွင် မိုးကြိုး လျှပ်စီးကြောင်းများ ပေါ်လာပြီး လေထုအလယ်တွင် ဖြာယှက်သွား၏။

ထိုအချိန်တွင် ပတ်ဝန်းကျင်က အရှိန်အဟုန်က မဖိနှိပ်တော့ဘဲ တဖြည်းဖြည်း လျော့ပါးသွားသည်။ လုရွှမ် သူ့ခေါင်းကို မော့ပြီး ကျန့်ချောင်းရန်ကို ကြည့်ကာ ဘာကြောင့် သူ့အရှိန်ကို ရုတ်သိမ်းလိုက်သလဲ ဆိုတာကို နားမလည်တာကြောင့် အနည်းငယ် စိတ်ရှုပ်သွားသည်။

"စမ်းသပ်စရာ မလိုတော့ဘူး... မင်းရဲ့ဆရာက မင်းကို ဒီလို သားရဲတစ်ကောင် ဖြစ်လာအောင် သင်ပေးနိုင်တယ် ဆိုမှတော့ ငါ့ထက် အများကြီး ပိုအစွမ်းထက်တယ်ဆိုတာ သိသာထင်ရှားတယ်... မင်းမှာ ပိုလေးနက်တဲ့ ဝှက်ဖဲတစ်ချပ် ရှိတယ် အဲဒါကို လွယ်လွယ်နဲ့ ဘယ်တော့မှ ထုတ်မပြသင့်ဘူး"

လုရွှမ်လည်း ယုံကြည်စွာနဲ့ ဦးညွှတ်လိုက်ပြီး

"နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် အကြီးအကဲ... ခင်ဗျားရဲ့ ညွှန်​ပြမှုကို ကျွန်တော် မှတ်ထားပါ့မယ်"

"မင်းငါ့ကို မင်းရဲ့ဆရာအဖြစ် မကိုးကွယ်ဘူးဆိုတော့ ငါ့ရဲ့အရည်အချင်း​တွေကို သဘာဝအတိုင်း မင်းကို သင်ပေးလို့ မရ​​တော့ဘူး ဒါပေမဲ့ မင်းရဲ့ကျင့်ကြံမှုမှာ ပြဿနာရှိရင် မင်းငါ့ကို သဘာဝကျကျနဲ့ မေးလို့ရတယ်... ဒါပေမဲ့ အခင်းအကျင်း ဖွဲ့စည်းတည်ဆောက်ပုံနဲ့ လက်နက်သန့်စင်မှုနဲ့ ဆိုင်တဲ့ မေးခွန်းတွေတော့ ငါ့ကို မမေးပါနဲ့...."

သူက ခဏရပ်ပြီး "ငါ့မိန်းမကို မေးလိုက်..."

All Chapters