ဆယ်နှစ်
Vol. 71 Ch. 4.580
လုရွှမ် မရယ်နိုင်တော့ဘဲ လက်သီးဆုပ်လျက် ဆိုလိုက်သည်။
"ဒီအငယ်တန်း နားလည်ပါပြီ... စကားမစပ် တောင်ထွတ်သခင်.. တောင်ထွတ်သခင် အခု နတ်မီးလုံး ဘယ်နှစ်လုံး ထွန်းပြီးပြီလဲ သိလို့ရမလား?"
ကျန့်ချောင်းရန် ညင်သာစွာပြုံးပြီး
"လူလေး မင်းအများကြီး သိထားတာပဲ... ငါခြောက်လုံးကို ထွန်းပြီးသွားပြီ။ နောက်ထပ် မတွေ့နိုင်တော့ရင်တော့ နတ်မီးနယ်ပယ်ကို ထွန်းရလိမ့်မယ်"
လုရွှမ် အသက်ရှုကြပ်သွားသည်။ ဒီလောက် အစွမ်းထက်နေတာ အံ့သြစရာ မရှိတော့ပါဘူး။
ကျန့်ချောင်းရန် အခင်းအကျင်း ဖွဲ့စည်းမှုကို ရုပ်သိမ်းလိုက်ပြီး ပတ်ဝန်းကျင်ကို ရှင်းလင်းသွားစေကာ ကျန့်ချောင်းရန်ရဲ့ ဇနီးဖြစ်သူက ထွက်လာသည်။ သူမက ခင်ပွန်းဖြစ်သူအား မကျေနပ်သော အကြည့်ဖြင့် ကြည့်ပြီးမှ ပြုံးပြုံးလေးဖြင့် ဆိုလာ၏။
"အင်း ကျွန်မ စမ်းကြည့်ရမှာပေါ့... ဒီလို ပါရမီရှင်တစ်ယောက်မှာ ဘယ်လိုမျိုးလုပ် ဆရာမရှိရတာလဲ? လာ အစောကဟာက တောင်ထွတ်သခင်ရဲ့ အထွတ်အထိပ် လက်ဆောင်တစ်ခုပဲ... ဒါက ငါ့ရဲ့လက်ဆောင်။"
သူမသည် ပုလင်းသေးသေးလေး တစ်ဘူးကို လွှဲပေးလာစဥ် လုရွှမ်သည် ကျန့်ချောင်းရန်ရဲ့ ပါးစပ်ထောင့်များ လှုပ်ယမ်းနေတာကို ယောင်ဝါးဝါး မြင်လိုက်ရသည်။ ခဏလောက်တော့ လုရွှမ် ဒါကို ယူရမလား မယူရဘူးလား မသိတော့ပေ။
"ယူလိုက်ပါ... ငါတို့ပေးလိုက်တဲ့ အရာကို ပြန်ယူတတ်တဲ့ ထုံးစံ မရှိဘူး.... မင်းရဲ့ ဝိညာဉ်စွမ်းအားက အရမ်း အစွမ်းထက်တယ်လို့ ငါခံစားရပါတယ် နောင်မှာလည်း ဒီလို ကိုးကွေ့ဝိညာဥ်စွမ်းအင် ရှင်ပြန်ထမြောက်ခြင်း ဆိုတဲ့ ကျိုကျွမ်ဟွမ်လင် ဆေးလုံးကို သန့်စင်လာနိုင်လိမ့်မယ်"
လုရွှမ် သူ့စိတ်ထဲမှလည်း ကျေးဇူးတင်နေမိသည်။ ဒီနာမည်ကို ကြားရုံဖြင့် သူ့အား လုံး၀ လွှမ်းမိုးသွားသည်မှာ ထင်ထင်ရှားရှား ခံစားရသည်။ လုရွှမ် ကလေးမလေးအား တစ်ချက်ကြည့်လိုက်ပြီး သူ့စိတ်တွေ လှုပ်ရှားသွားကာ
"ကျွန်တော့်မှာ အရွတ်ဆေးကြောဖို့နဲ့ ခြင်ဆီဖြတ်ဖို့သုံးတဲ့ ကျောက်တုံးတစ်တုံး ရှိတယ်... ကျွန်တော် ရှောင်လင်အာကို ပေးပါ့မယ်"
ထိုစကားဆုံးသော မိုးကြိုးကျောက်ခဲကို ထုတ်၍ လွှဲပေးလိုက်သည်။ လော့ချင်းယီးက ပြုံးပြီး ပြော၏။
"ကောင်လေး မင်း တော်တော်ယဉ်ကျေးတာပဲ.."
သူမလက်ဖဝါးမှာ ရွှေရောင် နတ်မိုးခြိမ်းသံများ ထုတ်လွှတ်နေသော ကျောက်တုံးပေါ်ကို ထိလိုက်သည်။ သူမလက်ဖဝါးက ဇတ်ကနဲ တုန်ခါသွားကာ ကျောက်တုံးကို ပစ်ချမိသွားပြီး အမြန်ပြန်စုပ်လိုက်သည်။
သူမမျက်နှာက သိသိသာသာ ပြောင်းလဲသွားပြီး အသံကလည်း တုန်လှုပ်သွားမှု အနည်းငယ် ရောပါလာသည်။
"ဒါက ကောင်းကင် မိုးကြိုးကျောက်တုံးပဲ! ဒုတိယအဆင့် ကောင်းကင်မိုးကြိုးကျောက်တုံး!"
ကျန့်ချောင်းရန်လည်း ပျံသန်းလာကာ ကောင်းကင်မိုးကြိုး ကျောက်တုံးကို ဖမ်းကိုင်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"ဒါက ကောင်းကင်မိုးကြိုးကျောက်တုံးပဲ ပြီးတော့ ရွှေရောင် နတ်မိုးခြိမ်းသံနဲ့ လျှပ်စီးကြောင်းတွေပါတဲ့ ဒုတိယအဆင့်ကို ရောက်နေပြီ...ဒီလို ကောင်းကင်မိုးကြိုး ကျောက်တုံးကြီးသာ ကျင့်ကြံခြင်းလောကထဲ ရောက်လာရင် ငါတို့ နတ်မီးနယ်ပယ်က သခင်တွေအားလုံး ဒါအတွက် တိုက်ပွဲဝင်ရလိမ့်မယ် ကောင်လေး မင်း ရှောင်လင်အာကို ပေးချင်တာ သေချာလား"
လုရွှမ်က ပြုံးပြီးပြောလိုက်သည်။
"ဒါဆို ဒါကို ကောင်းကင်မိုးကြိုးကျောက်တုံးလို့ ခေါ်တယ်ပေါ့... ဟုတ်တယ် အဲဒါက ပထမဆုံးတွေ့ဆုံတဲ့ လက်ဆောင်တစ်ခုပါပဲ... အကြီးအကဲက ကျွန်တော့်ကို အခွင့်အလမ်း ပေးပြီး အကြီးအကဲ နတ်သမီးကလည်း နတ်ဆေးတစ်လုံး ပေးတယ် မဟုတ်လား?"
ကျန့်ချောင်းရန်က ပြုံးပြီး
"အငယ်တန်းလေး ငါ မင်းကို ပိုပိုပြီး အမြင်မကြည်တော့ဘူးနော် ...ဒီလိုဆိုမှတော့ ငါတို့ လက်ခံလိုက်ပါမယ် ဒါပေမဲ့ နောင်မှာ ဒီရှားပါးရတနာကို လွယ်လွယ်နဲ့ ထုတ်ဖော်မပြပါနဲ့... သေတဲ့အထိ ဖြစ်သွားလိမ့်မယ်"
"ဒီအတိုင်း ထားလိုက်ရအောင် မင်း ဧကရာဇ်လက်နက်တွေနဲ့ တော်ဝင်လက်နက်တွေကို သန့်စင်ပြီး အနာဂတ်မှာ လက်နက်တွေကို တိုးတက်စေချင်တယ်ဆိုရင် ကောင်းကင်မိုးကြိုးကျောက်တုံးက မရှိမဖြစ်ပဲ"
လုရွှမ်က နားလည် သဘောပေါက်သွားပြီး လေးနက်သော ပုံစံဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ ငါစိုက်ထားတဲ့ ဝိညာဥ်အသီးအနှံတွေက မှည့်နေပြီ...လုရွှမ် မင်းလည်း အတူတူထိုင်ပြီး မြည်းစမ်းကြည့်လို့ရတယ် မင်း လက်နက်တွေကို သန့်စင်ချင်တယ် ဆိုရင်တော့ မင်းအတွက် ငါနည်းနည်း ညွှန်ပြပေးမယိ"
ထုံးစံအတိုင်း လုရွှမ်ဟာ ထိုကောင်းသော အရာများကို ငြင်းဆန်တတ်သူ မဟုတ်ပေ။ သူသည် ဝိညာဉ်အသီးအနှံကို မြည်းစမ်းရင်း လော့ချင်းယီဆီကနေ အခင်းအကျင်း ဖွဲ့စည်းပုံနဲ့ လက်နက် သန့်စင်ခြင်းဆိုင်ရာ အတွေးအမြင်များကို နားထောင်နေခဲ့သည်။
လော့ချင်းယီးနဲ့ နှိုင်းယှဉ်ပါက ကျန့်ကျောက်ရဲ့ မှတ်တမ်းတွေက သဘာဝအရ များစွာကွာခြားပါသည်။ သူတို့သည် မတူညီသော နယ်ပယ်များတွင် ရှိနေကြပြီး ကောင်းကင်နှင့် မြေကြီးလိုမျိုး နားလည်မှုတွေကလည်း ကွာခြားရာ လော့ချင်းယီးရဲ့ ရှင်းပြချက်ကို နားထောင်ပြီးနောက် လုရွှမ်သည် များစွာ အကျိုးရရှိခဲ့သည်။
ခြံဝန်းထဲမှာ အချိန်အကြာကြီး နေခဲ့ရပြီး လုရွှမ်မှာ အသိပညာတွေ အများကြီး တိုးလာကာ ကျေးဇူးတင် စကားကိုလည်း ထပ်ခါထပ်ခါ ပြောခဲ့သည်။
"ရှင် အစောတုန်းက သူ့မှာ ဝှက်ဖဲတစ်ခု ရှိနေသေးတယ်လို့ ပြောခဲ့တယ်နော် အဲဒါက မန်ဟွမ်နတ်ဘုရားမျှော်စင် အစစ် မဖြစ်နိုင်ဘူးလား? ဒါဆို သူတကယ် အန္တရာယ်များလိမ့်မယ်"
ထိုအခါ ကျန့်ချောင်းရန်က ပြုံးပြီး
"လုံးဝ မဟုတ်ပါဘူး... အဲဒီလူတွေက ဒုက္ခရောက်နေတဲ့ ရေပြင်မှာ ငါးရှာပြီး ဒီပါရမီရှင်ကို သတ်ချင်နေတာ... မဟုတ်ဘဲ မန်ဟွမ်နတ်ဘုရားမျှော်စင်ကို တန်ပြန်တိုက်ခိုက်ဖို့ နှိုးဆော်လိုက်မယ်ဆိုရင် ကိုယ်မသေရင်တောင် ဒဏ်ရာအပြင်းအထန် ရသွားမှာကို ကြောက်ရတယ်... ဒါက ရွှမ်ထျန်းကမ္ဘာရဲ့ ရတနာတစ်ခုပဲ နတ်မီးနယ်ပယ်က လူတွေတောင် လက်လှမ်းမှီနိုင်တဲ့ အရာမဟုတ်ဘူး"
"အင်း ဒီကောင်လေးကို ကျွန်မ အရမ်းသဘောကျတယ်... သူ့ရဲ့ အနာဂတ်အောင်မြင်မှုတွေက အကန့်အသတ် မရှိဘူး"
"နှမြောစရာ ကောင်းလိုက်တာ... ငါသာ သူ့ဆရာ ဖြစ်လာရင် ဘယ်လောက်ကောင်းလိုက်မလဲ"
"ကောင်းပါပြီ ရှင်က စဉ်းစားနေသေးတာလား"
လုရွှမ် ထွက်လာပြီးနောက် ခြံဝင်းထဲသို့ ပြန်ဝင်ကာ ကျားဖြူလေးကို လွှတ်ပေးပြီး ရွှေကျီးကန်းနဲ့ တရားဝင် နတ်သမီးနေရာရသွားတဲ့ ရားရားကိုလည်း လော့ချင်းယီး ပေးလိုက်တဲ့ ဝိညာဥ်သစ်သီးများကို ဧည့်ခံလိုက်သည်။
"ဟင်?"
"ဘာဖြစ်နေတာလဲ? မင်းအရမ်း သတိထားနေတာ မင်းရဲ့ဝိညာဉ်အသီးအနှံ အားလုံးကို စားပစ်မှာ ကြောက်နေတာလား?"
ရွှေကျီးကန်းက အရင်အတိုင်း ဒေါသတကြီး အော်လိုက်စမြဲပင်။
လုရွှမ်သည် ရွှေကျီးကန်းရဲ့ အရည်အချင်းများကို သိတာကြောင့် ရွှမ်ထျန်းတံဆိပ်ပြားကို ထုတ်ယူလိုက်သည်။ ဤအခိုက်အတန့်တွင် ရွှမ်ထျန်းတံဆိပ်ပြားသည် ၎င်း၏ဝိညာဉ်စွမ်းအင် အလင်းရောင် အရိပ်အာဝါသကို လုံးဝဆုံးရှုံးသွားခဲ့သည်။
"ဒါ ပုံမှန်ပဲ... ဆန်းကြယ်ကောင်းကင်အိမ်တော်က တပည့်တွေကို နှစ်ခြောက်ဆယ်မှာ တစ်ကြိမ် လက်ခံဖို့ ထွက်လာတယ်... အခု ရွှမ်ထျန်းတံဆိပ်ပြားရဲ့ တာဝန်ကို ပိတ်ထားလိုက်ပြီ။ အဲဒါကြောင့် ဝိညာဉ်စွမ်းအင်တွေကို မရရှိနိုင်တော့ဘူး... ပုံမှန်အတိုင်းဆို ဝိညာဉ်စွမ်းအင်တွေက တဖြည်းဖြည်း ပျောက်ကွယ်နေမှာ... နောက်နှစ်ပေါင်း ခြောက်ဆယ်အထိ စောင့်ပြီးမှ ဝိညာဉ်စွမ်းအင်ကို ပြန်ရရှိပြီး အသက်ဝင်စေမှာ"
ရွှေကျီးကန်းက အော်ပြောလိုက်သည်။ လုရွှမ်ရဲ့ မျက်လုံးများမှာ ရုတ်တရက် တောက်ပလာပြီး
“ဒါဆို ကျွန်တော် အခု အခင်းအကျင်းကောင်းကင် စာအုပ်ကို ဖတ်လိုက်ရင် ဆန်းကြယ်ကောင်းကင်အိမ်တော်က ဘယ်သူမှ သိမှာ မဟုတ်ဘူးပေါ့?"
ရွှေကျီးကန်းရဲ့ မျက်လုံးများကလည်း တောက်ပလာကာ ထပ်ခါတလဲလဲ အော်လေသည်။
"ဟုတ်တယ် ဟုတ်တယ် သူတို့အားလုံးက မင်း သေသွားပြီလို့ ထင်နေကုန်တာ အခု မင်းစာအုပ်ဖတ်ဖို့ အချိန်ကောင်းပဲ"
နောက်တစ်ကြိမ်တွင် လုရွှမ်သည် လူတိုင်းရှေ့မှာ ထပ်မပေါ်လာတော့ပေ။ လူတိုင်း မျှော်လင့်ထားတဲ့အတိုင်း လက်နက်တွေကို သန့်စင်ဖို့ ပစ္စည်းရယူရန် မသွားဘဲ ခြံဝင်းထဲမှာပဲ ဆယ်နှစ်ကြာအောင် နေခဲ့သည်။
လုရွှမ်ရဲ့ မူမမှန်မှုက လူအများရဲ့ သံသယကို နှိုးဆွမိသွားခဲ့ပြီး တချို့က အဆိုပါ ပါရမီရှင်သည် တံခါးပိတ် ကျင့်ကြံရင်း မိမိကိုယ်ကို သေတဲ့အထိ နှိပ်စက်နေတာလားဟုပင် တွေးတောခဲ့ကြသည်။
သို့သော် ထျန်းရှုးတောင်ထွတ်ရဲ့ သခင်ကတော့ ပုံမှန်မဟုတ်သည့် သတင်းများကို ထုတ်ပြောခြင်း သို့မဟုတ် ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိပေ။
ဆယ်နှစ်။ သာမန်လူရဲ့ သက်တမ်းမှာ ၁၀ နှစ်ဆိုတာ ဘယ်လောက်ကြာတယ်လို့ ခံစားရလဲ မသိပေမယ့် ကျင့်ကြံသူတွေ အတွက်ကတော့ တံခါးပိတ်ကျင့်ကြံတဲ့ အချိန်ကာလလေးပဲ ဖြစ်သည်။
ကောင်းကင်အောင်ခြင်းဂိုဏ်းမှ လူများသည်ပင် ကျန်းထျန်းချိုင် အကြောင်းကို တဖြည်းဖြည်း မေ့လျော့သွားကြကာ ထူးချွန်ထက်မြက်သူများ တစ်ယောက်ပြီး တစ်ယောက် ပေါ်ထွက်လာပြီး သူတို့ရဲ့ ဂုဏ်ကျက်သရေကို အချင်းချင်း ဖလှယ်ကြတော့သည်။
ကျန်းထျန်းချိုင်ကို လူတွေမှတ်မိစေမယ့် တစ်ခုတည်းသော အရာကတော့ ကျမ်းဂန်စုဆောင်းခန်းမထဲက ကြောက်မက်ဖွယ် မှတ်တမ်းပါပဲ။
ပါရမီရှင်တစ်ယောက်က ထပ်စမ်းကြည့်တော့ ပထမအထပ်ကို သုံးလနဲ့ သုံးရက်လောက် ကြာတော့ နည်းနည်း ပိုဆိုးတယ်လို့ ဆိုရမည်။ ထိုပါရမီရှင်ဆို ဒုတိယအထပ်ကို လာမကြည့်ဖြစ်တာ သုံးနှစ်တောင်ရှိသွားပြီ။
ဆယ်နှစ်ကြာပြီးနောက် တစ်နေ့တွင် ကောင်းကင်အောင်ခြင်းဂိုဏ်းက ပါရမီရှင်အားလုံးသည် ပင်လယ်ဧရိယာဘက်သို့ သွားရန် ပြင်ဆင်ရင်း အလုပ်များနေခဲ့သည်။ သုံးဆယ့်ခြောက်နှစ် ကြာတဲ့အခါ ပင်လယ်ဒီရေဟာ ဆုတ်သွားတတ်ကာ ဝမ့်ရှန်းကမ္ဘာက ကောင်းကင်ဘုံသခင် ကျင့်ကြံသူ အားလုံးအတွက် အခွင့်ကောင်း ဖြစ်သည်။
သုံးလအတွင်း ပင်လယ်ဘက်ကို ရောက်ရှိရမှာ ဖြစ်သောကြောင့် ယခုအခါ အားလုံးက ပြင်ဆင်မှုများ ပြုလုပ်နေကြပြီ ဖြစ်သည်။ တောင်ထွတ်ခုနစ်ခုက တပည့်များသည် ဤအမဲလိုက်ခြင်း ခရီးစဉ်ကို ဆွေးနွေးရန် စတင် စုဝေးနေကြသည်။
သမုဒ္ဒရာထဲမှာ ရတနာတွေ အများကြီးရှိပေမယ့် ပင်လယ်က ကြောက်စရာကောင်းလို့ ကျင့်ကြံသူတွေလည်း အဲဒီထဲကို နက်နက်နဲနဲ မဝင်ရဲပေ။ သို့သော် ကမ်းလွန်မှာက ဘာရတနာတွေမျာူ ရနိုင်မှာမလို့လဲ။
နက်နဲသော ပင်လယ်ထဲတွင် ဆန်းသစ်သောမှော်ပညာများ၊ ထူးကဲသော ပစ္စည်းများ၊ ကောင်းကင်ဘုံကို အံတုနိုင်သော အဂ္ဂိရတ်ဆေးလုံးများနှင့် စည်းစိမ်ဥစ္စာတွေနဲ့ ပြည့်စုံတဲ့ ပင်လယ်သားရဲ တချို့ပင်ရှိသေးသည်။ တချို့ ပင်လယ်သားရဲများကလည်း ကြီးစွာသော အန္တရာယ် ရှိပေလိမ့်မည်။
ယေဘုယျအားဖြင့် စွန့်စားရတာတွေ များတဲ့ နေရာက ဆုလာဘ်များလည်း ပိုများနိုင်သည်။
"ဒီတစ်ခါ ထျန်းရှူးတောင်ထွတ်ကို ဆရာတူအစ်မဖုန့်ဖေးက ဦးဆောင်မှာတဲ့ ... ဆရာတူ အစ်မရဲ့ ကျင့်ကြံမှုက ကောင်းကင်ဘုံသခင် ပြီးပြည့်စုံမှုကာလကို ရောက်နေပြီ။ သူမ နတ်မျှော်စင်မီးလုံးကို ထိလိုက်ပြီဆိုတဲ့ အကြောင်း ငါ ကြားလိုက်တယ်... ဒီအမဲလိုက်ခရီးစဉ်ကြောင့်သာ မဟုတ်ရင် ဆရာတူအစ်မက နတ်မီးနယ်ပယ်ကိုတောင် ဝင်ရောက်သွားလောက်ပြီ"