← Chapters

ဘယ်သူ အတိဒုက္ခဖြတ်ကျော်နေတာလဲ

Vol. 71 Ch. 4.581

ဘယ်သူ အတိဒုက္ခဖြတ်ကျော်နေတာလဲ

Vol. 71 Ch. 4.581

ဝုန်း!

နတ်မိုးခြိမ်းသံ တစ်ချက် ပေါက်ကွဲသွားသည်။

ထိုအသံသည် လူတိုင်းရဲ့ အတွင်းစိတ်ထဲအထိ ပဲ့တင်ထပ်သွားပြီး မုန်တိုင်းတစ်ခု ရောက်လာတော့မည့်နှယ် ဝိညာဉ်စွမ်းအင်များက အရပ်ရပ်သို့ တဟုန်းဟုန်း တောက်​လောင်နေသည်။

တောင်လေက ဟောက်ပြီး ကောင်းကင်အောင်ခြင်းဂိုဏ်းရဲ့ တောင်ထွတ်တစ်ခုလုံးကို ဖြတ်ကျော်သွား၏။ သူတော်စင်တွေ အားလုံးက သူတို့ခန္ဓာကိုယ်က နည်းနည်း မတည်မငြိမ် ဖြစ်သွားတာကို ရုတ်တရက် ခံစားလိုက်ရသည်။

"ဘာဖြစ်နေတာလဲ? ငလျင်လှုပ်တော့မှာလား?"

ကျင့်ကြံသူများစွာ ဟိန်းဟောက်၍ ယခုအချိန်တွင် ဂိုဏ်းရဲ့ စည်းကမ်းကိုတောင် ဂရုမစိုက်တော့ဘဲ လေထဲသို့ လျင်မြန်စွာ ပျံတက်သွားလေသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အားလုံးက ဘာကြောင့်မှန်းမသိ တုန်လှုပ်သွားကြသည်။

"တစ်ယောက်ယောက် အတိဒုက္ခ ဖြတ်ကျော်တော့မယ်!"

နောက်ဆုံးတွင် နတ်မီးနယ်ပယ်မှ အကြီးအကဲတစ်ယောက် ပေါ်လာပြီး လက်ရှိ ရုန်းရင်းဆန်ခတ် ဖြစ်ရသည့် အကြောင်းရင်းကို ထောက်ပြလိုက်သည်။

တောင်ထွတ်ရဲ့ တုန်ခါမှုက ရပ်တန့်သွားပြီး တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ ကောင်းကင်အောင်ခြင်း တောင်ထွတ်ဟာ နတ်တောင်ဖြစ်သည်။ ခဏတာ အထိတ်တလန့် ဖြစ်ခဲ့ရသော်လည်း မကြာမီမှာပင် တည်ငြိမ်သွားခဲ့သည်။

"အတိဒုက္ခကို ဘယ်သူ ဖြတ်ကျော်နေတာလဲ?"

“ဒီလိုကြီးကျယ်ခမ်းနားတဲ့ အသွင်အပြင်ကို ကြည့်ရတာတော့ ကောင်းကင်ဘုံသခင် အတိဒုက္ခကို ဖြတ်ကျော်ဖို့ ကြိုးစားနေတာများလား?”

မဟာသူတော်စင် တစ်ဦးက မေးလိုက်သည်။

"အရူး! ကောင်းကင်ဘုံသခင် အတိဒုက္ခက ဒီလောက် ကြောက်စရာကောင်းမလား? ဒါ တစ်ယောက်ယောက် နတ်မီးအတိဒုက္ခကို ဖြတ်ကျော်နေတာပဲ ဖြစ်မယ်!"

"နတ်မီးအတိဒုက္ခ? ဆရာတူအစ်မ ဖုန့်ဖေးများလား?"

“သေစမ်း! သူမပဲ ဖြစ်ရမယ်.. သူမက ကျင့်ကြံမှုကို ပြင်းပြင်းထန်ထန် ဖိနှိပ်ထားတာလေ အခု သူမရဲ့ ကျင့်ကြံမှုကို ဆက်ပြီး မဖိနှိပ်နိုင်တော့လို့ အတိဒုက္ခကို ကျော်လွှားဖို့ ကိုယ့်ကိုယ်ကို တွန်းအားပေးခဲ့တာ ဖြစ်မယ်!"

ကျင့်ကြံသူများသည် ထျန်းရှုးတောင်ထွတ်ဆီသို့ အလျင်အမြန် လှမ်းကြည့်လိုက်ကြသည်။

ယခုအချိန်တွင် ထျန်းရှုးတောင်ထွတ်သည် ပို၍တည်ငြိမ်သော်လည်း လူတိုင်းက ဖုန့်ဖေးဟုသာ ထင်နေကြသည်။

ဖုန့်ဖေးလည်း ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ ကောင်းကင်ယံတွင် အရောင်ကိုးရောင်ရှိ မိုးကြိုးများ စုရုံးလာတာကို တွေ့လိုက်ရသည်။ မိုးကြိုးတိမ်တိုက်တွေဟာ တစ်ခုနှင့်တစ်ခု တိုက်မိကာ အဆက်မပြတ် တုန်ခါနေပြီး နတ်မိုးခြိမ်းသံများက အလွန် ကျယ်လောင်စွာ ထွက်ပေါ်နေသည်။ ခရမ်းရောင် လျှပ်စီးကြောင်းများက ဖြာယှက်နေပြီး ကောင်းကင်ကို မော့ကြည့်လိုက်လျှင် အချို့နေရာများက တွန့်ခေါက်သွားသလိုပင် ခံစားလိုက်ရသည်။

"ဖေးအာ... မင်းရဲ့ကျင့်ကြံမှုကို မထိန်းထားနိုင်တော့ဘူးမလား?"

ပြောလာသူမှာ ထျန်းရှုးတောင်ထွတ်ရဲ့ အကြီးအကဲ​ကြီး ဖြစ်သည်။ ဆယ်နှစ်ကျော်ကြာခဲ့ပြီ ဖြစ်ပြီး လော့ချောင်ဖုန်းက ပြန်မလာသေးပေ။ ဂိုဏ်းတွင်းအရေး ကိစ္စများကို အကြီးအကဲကြီးကသာ ယာယီစီမံထားရသည်။

အကြီးအကဲ​ကြီးသည် ဆံပင်ဖြူဖြူ အဘွားကြီး ဖြစ်သော်လည်း ကလေးလို မျက်နှာထားမျိုး ရှိသောကြောင့် သူမရဲ့မျက်လုံးနှင့် ဆံပင်များကို မကြည့်မိပါက သူမသည် ငယ်ရွယ်သော နတ်သမီးလေးဟုသာ ထင်လိမ့်မည်။

ဖုန့်ဖေးလည်း ခါးသက်သက် ပြုံးပြီး

"အကြီးအကဲကြီး ကျွန်မ မဟုတ်ပါဘူး!"

ဒီအဆင့်ကို ရောက်သွားတဲ့ ဂိုဏ်းထဲမှာ လူတွေရှိတယ်ဆိုတာ သူမအတွက်လည်း မယုံနိုင်စရာပါပဲ။ သူမ အံ့အားသင့်နေချိန်တွင် အနည်းငယ် သက်သာရာ ရသွားသည်။ ဤအတိဒုက္ခကို ကြည့်လိုက်လျှင် အင်အား ကြီးမားသော်လည်း သူမအလှည့်ကျရင်လည်း ဤအတိဒုက္ခထက် နှစ်ဆ အစွမ်းထက်မှာ သေချာ​ပေသည်။

သူသည် နတ်မီးနယ်ပယ် အဆင့်အောက်က လူတွေထဲမှာ နံပါတ်တစ် အစွမ်းထက်သူ ဖြစ်​​နေဆဲပင်။

"နင် မဟုတ်ဘူးဆိုရင် အဲဒါက ဘယ်သူလဲ?"

သူမသည် ​တောင်ထွတ်သခင်များထံ အလျင်အမြန် စာပို့လိုက်သော်လည်း သတင်းရရှိပြီးနောက်တွင် မည်သူတစ်ဦးတစ်ယောက်မှ ကျင့်ကြံမှုတွင် နတ်မီးလုံးကို ထွန်းညှိရတော့မည့် နယ်ပယ်သို့ မရောက်ကြသေးပေ။

ကောင်းကင်အောင်ခြင်းဂိုဏ်း တစ်ခုလုံးက အကြီးတန်း လူများအားလုံး ဒေါသထွက်ပြီး ပွဲဆူလာကြသည်။ တပည့်တစ်ယောက်က မိုးကြိုးအတိဒုက္ခကို ကြုံတွေ့ရတော့မှာတောင် အကြီးတွေအနေနဲ့ ဘယ်သူလဲ ဆိုတာ မသိကြချေ။

များမကြာမီတွင် သတင်းများ ပျံ့နှံ့သွားသဖြင့် တပည့်အားလုံးလည်း မည်သူမည်ဝါဖြစ်ကြောင်း မသိသောကြောင့် တုန်လှုပ်ခြောက်ခြားသွားကြသည်။

ဒါက ရာစုနှစ်တစ်ခုတွင် တစ်ကြိမ်သာ တွေ့ရတဲ့ ကြုံတောင့်ကြုံခဲ ဖြစ်ရပ်တစ်ခု မဟုတ်ပါလား။

“စစ်ဆေးကြစမ်း!”

အကြီးအကဲကြီးက အော်ဟစ်လိုက်သည်။ ဒီအတိဒုက္ခကို ကျော်လွှားနေတာက ဂိုဏ်းထဲက တပည့်တွေ မဟုတ်တဲ့အတွက် တစ်စုံတစ်ယောက်က သူတို့ရဲ့ မြင့်မြတ်တဲ့ တောင်ထွတ်ကို အသုံးချပြီး အတိဒုက္ခကို ကျော်လွှားဖို့ လုပ်နေတာ သေချာနေပြီ။

ဒီကိစ္စသာ ပြန့်သွားရင်တော့ တကယ့်ကို ရှက်စရာကောင်းသွားပြီ။

"အဲဒီလူကို ဖမ်း! သူက လေလွင့်ကျင့်ကြံသူ ဖြစ်နိုင်တယ် မဟုတ်ရင် ငါတို့ရဲ့ မြင့်မြတ်တဲ့ တောင်ထွတ်ကို အသုံးချနိုင်မှာ မဟုတ်ဘူး... သူ ငါတို့ ဂိုဏ်းနဲ့ လက်တွဲဖို့ ဆန္ဒရှိရင် ငါတို့ ပြောလို့ရတယ်။ မဟုတ်ရင်တော့ သူ့ကို သတ်ပစ်လိုက်!"

ယခုအချိန်တွင် တခြားတောင်ထွတ် ခြောက်ခုက တောင်ထွတိသခင်များလည်း ရောက်ရှိလာပြီး အကြီးအကဲကြီးရဲ့ အမိန့်ကို နားထောင်ပြီးနောက် အားလုံးက တညီတညွတ်တည်း တုံ့ပြန်ကြသည်။ လူတိုင်းရဲ့ မျက်နှာမှာလည်း အနည်းငယ် မည်းမှောင်နေပြီး ရှက်စရာကောင်းလှကြောင်း သိကြသည်။

လက်ရှိအချိန်တွင် တစ်စုံတစ်ယောက်က ဝင်ရောက်လာ၏။ ၎င်းမှာ တတိယအကြီးအကဲအဲ ဖြစ်သည်။

"မိုးကြိုးတိမ်တွေရဲ့ အလယ်ဗဟိုက ပေါ်လာပြီ... ထျန်းရှုးတောင်ထွတ်ဆီကို ရောက်သွားတာပဲ!"

ခဏလောက်​​​ကြာတော့ အားလုံးရဲ့ မျက်လုံးတွေက ကျန့်ချောင်းရန်ကို အာရုံစိုက်လာ​ကြပြီး လူတော်တော်များများက သူတို့ရဲ့ မျက်နှာပေါ်မှာ လှောင်ပြောင်တဲ့ အမူအရာတွေကို ဆင်မြန်းလာကြသည်။

သူတို့တစ်ဦးစီသည် တောင်ထွတ်သခင်များ ဖြစ်သောကြောင့် အချင်းချင်းကြားတွင် သဘာဝအတိုင်း ပြိုင်ဆိုင်လိုစိတ်များ ရှိ​ကြသည်။ တတိယအကြီးအကဲ၏ ကိုယ်ကျိုးစီးပွားအတွက် အာဏာအလွဲသုံးစား လုပ်မှုကြောင့် လုရွှမ်လို ပါရမီရှင်တစ်ဦးအား လူတိုင်းသိမ်းယူဖို့ မတုံ့ပြန်မီတွင် ထျန်းရှူးတောင်ထွတ်က သိမ်းယူသွားခဲ့သည်။ ယခု သူ့မျက်နှာသူ အိုးမဲသုတ်နေတာကို မြင်တွေ့ရတဲ့အတွက် အားလုံးက အလွန်ဂုဏ်ယူ​နေကြသည်။

အမှန်တော့ ဂိုဏ်းတစ်ခုဟာ ပြင်ပကမ္ဘာနဲ့ ဆက်ဆံတဲ့အခါမှသာ သဘာဝအတိုင်း တူညီတဲ့စိတ်နဲ့ တစ်ခဲနက် စည်းလုံးတတ်ကြသည်။

ကျန့်ချောင်းရန်ရဲ့ မျက်နှာသည်လည်း မည်းမှောင်လာကာ သူ့နှလုံးသားထဲတွင် ပြင်းထန်သော ဒေါသကို ခံစားလိုက်ရသည်။ လူတစ်စုသည် ထျန်းရှုးတောင်ထွတ်သို့ အတူတကွ ပျံသန်းခဲ့ကြသည်။

အနောက်ဘက် တောင်ကိုရောက်တော့ ထျန်းရှုးတောင်ထွတ်က တပည့်တွေဟာ ဒီအတိဒုက္ခကြောင့် ကြောက်လန့်နေခဲ့တာ ကြာပါပြီ။ ဒါက သူတို့ဘဝမှာ တွေ့ဖူးတဲ့ အပြင်းထန်ဆုံး အတိဒုက္ခပဲလို့ ခံစားရတဲ့အတွက် အလယ်ဗဟို ထွက်ပေါက်ကနေ လူးလဲတွားသွားရင်း အလျင်အမြန် ရွှေ့ပြောင်း​နေကြသည်။

ဤအခိုက်တွင် ဂိုဏ်းအကြီးအကဲ တစ်စု ရောက်လာသည်ကို မြင်လျှင် ကျန့်ကျောက်က လျင်မြန်စွာ ပြေးချလာပြီး ရှုံ့မဲကာ

“ဆရာ အဲဒီလူက ကျန်းထျန်းချိုင်ရဲ့ ခြံဝင်းထဲမှာ... ညီလေးထျန်းချိုင် အဲ့မှာ ရှိနေလောက်တယ်”

သူက ဒီကလေးကို တကယ် သဘောကျခဲ့တာကြောင့် အခုတော့ သူ့ကို တကယ် စိတ်ပူမိသွားသည်။

"ဘာ?"

ကျန့်ချောင်းရန်ရဲ့ အမူအရာမှာလည်း အလွန် ပြောင်းလဲသွားခဲ့သည်။ လုရွှမ်က သူ့တပည့် မဟုတ်သော်လည်း ထျန်းရှုးတောင်ထွတ်မှာ ရှိနေသေးပြီး တန်ဖိုးအရှိဆုံး အငယ်တန်းလေး ဖြစ်သည်။ သူသာ တစ်စုံတစ်ရာ ဖြစ်ခဲ့ပါက တကယ်ကို ​ဆုံးရှုံးရလိမ့်မည်။

ဂိုဏ်း၏တခြား အကြီးအကဲများရဲ့ စိတ်များသည်လည်း ပြောင်းလဲသွားကြသည်။ လုရွှမ် အကြောင်းကို သူတို့အားလုံး သိထားကြပြီးပြီ။ ဒါက ဂိုဏ်းရဲ့အနာဂတ် ခေါင်းဆောင်လို ဖြစ်နေသူမို့ ဘယ်အမှားကိုမှ မှားခွင့်မပြုသင့်ပေ။

“သတ္တိကောင်းလိုက်တာ!!”

အကြီးအကဲကြီးက အော်ဟစ်လိုက်သည်။ သူမက အသက်ကြီးပေမယ့် ဒေါသအရမ်း ထွက်နေသေးပုံက လူတိုင်းကို ရိုက်သတ်တော့မလိုပင်။

"ကျန့်ချောင်းရန်.... မင်းရဲ့ ထျန်းရှုးတောင်ထွတ်ကို ဘယ်လို စီမံခန့်ခွဲ​နေတာလဲ? မင်း မလုပ်နိုင်ရင် တခြားသူကို ရှာလိုက်!"

ကျန့်ချောင်းရန်လည်း ထိုအတိဒုက္ခကို ကျော်ဖြတ်နေသူအား နှလုံးသားထဲမှ သေအောင် ကြိမ်းမောင်း​နေခဲ့သည်။ သို့သော် ယခုအခိုက်တွင် သူသည် အကြီးအကဲကြီးကို ဦးညွှတ်ပြီး အမိန့်ကို လက်ခံရုံသာ တတ်နိုင်၏။

"ဟမ့် အဲဒီလူ လုရွှမ်ရဲ့ ခန္ဓာကိုယ်ပေါ်က ဆံပင်တွေကို ထိလိုက်တာနဲ့ သူ့ကို သတ်ပစ်လိုက်!"

"ဟုတ်​ကဲ့!"

ကျန့်ချောင်းရန်လည်း ​အော်​ပြီး လုရွှမ်ရှိ​သော ခြံဝင်းဆီသို့ ပျံသန်းသွားသည်​။

ဘေးက ကျန့်ကျောက်လည်း အံ့အားသင့်သွား၏။ လုရွှမ်? လုရွှမ် ဘယ်သူလဲဆိုတာ ခဏလောက်အထိ သူ မသိလိုက်ဘူး။ ညီလေးထျန်းချိုင် အကြောင်း မပြောတော့ဘဲ ဘယ်လိုလုပ် လုရွှမ်နဲ့ အဆုံးသတ်သွားရတာလဲ။

"အမ် ကျန်းထျန်းချိုင် မင်းက လုရွှမ်လား!"

သူ ရုတ်တရက် တုံ့ပြန်လိုက်မိသည်။ သို့သော်လည်း သူ့အပေါ်ကို စူးရှတဲ့ အကြည့်တစ်ခု ဝင်လာတာကို ခံစားလိုက်ရပြီး ​မော့ကြည့်လိုက်တော့ အကြီးအကဲကြီး ဖြစ်​နေမှန်း သိလိုက်ရ၏။

ကျန့်ကျောက် ချက်ချင်းပင် တုန်လှုပ်သွားပြီး သူ့ပါးစပ်ကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ အုပ်ထားလိုက်သည်။

အကြီးအကဲကြီးသည် သူ့ဘေးကို တစ်ချက်ကြည့်လိုက်ပြီး သူနဲ့အတူပါလာသော ဖုန်ဖေးဟာလည်း ပါးစပ်ကို အလျင်အမြန်ပိတ်ကာ ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်ရင်း ဘယ်သူ့ကိုမှ မပြောမိကြောင်း အချက်​ပြသည်။ အရည်အချင်း အရဆိုလျှင် လုရွှမ်ရဲ့ အနောက်မှာ အဝေးကြီး ကျန်ခဲ့ကြောင်း သူတို့နှစ်ဦးလုံး ကောင်းကောင်းသိ​ကြသည်။

လော့ချင်းယီးက ရုတ်​တရက်​ သက်​ပြင်းချလိုက်​ပြီး

"ဒေါ်လေး... ဒီအချိန်​​ပြီးရင် ကျန်းထျန်းချိုင်က လုရွှမ်ပါဆိုတဲ့ အကြောင်းကို ဖုံးကွယ်​ထားနိုင်​​ပါဦးမလား? သူက ဘယ်​မှမသွားဘဲ လုရွှမ်ရဲ့ ခြံဝင်းထဲကို​ ပြေးသွားခဲ့တယ်​ဆိုတော့ သူလုရွှမ်ရဲ့ အထောက်အထားကို သိနေတာ သေချာတယ်!"

အကြီးအကဲကြီး

"မင်းတို့ဇနီးမောင်နှံ လုပ်ခဲ့တာတွေကို ကြည့်စမ်း!! ပါရမီရှင်တစ်ယောက်ကိုတောင် မင်းတို့ မကာကွယ်နိုင်ဘူး... ငါတို့ ဒါကိုမဖြေရှင်းရင် လုရွှမ်က ထျန်းရှူးတောင်ထွတ်က တိုက်ရိုက်ထွက်သွားဖို့ စီစဉ်လိမ့်မယ်"

"ဒေါလေး?" လော့ချင်းယီး မြန်မြန်အော်လိုက်သည်။

"ဟမ့်!"

လော့ချင်းယီလည်း သူမခင်ပွန်း ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းလိမ့်ပါစေဟု မျှော်လင့်လျက် လျှို့ဝှက်စွာ အမြန် လှမ်းကြည့်လိုက်သည်။

ကျန့်ချောင်းရန်သည် လုရွှမ်ရှိသည့် ခြံဝင်းဆီသို့ ပျံသန်းသွားပြီး သူ့စိတ်တွေ ရုတ်တရက် လှုပ်ရှားသွားကာ သူ အမြန် ပြန်ဆုတ်လာရသည်။ လူတိုင်းက ဘာအကြောင်းကြောင့်လဲ ဆိုတာ သဘာဝကျကျ သိပါ၏။

ဒါက အတိဒုက္ခက စတင်နေပြီလေ!

All Chapters