← Chapters

အတိဒုက္ခကို ကျော်လွှားခြင်း

Vol. 71 Ch. 4.582

အတိဒုက္ခကို ကျော်လွှားခြင်း

Vol. 71 Ch. 4.582

ဝုန်း ဝုန်း!

နတ်မိုးခြိမ်းသံများက ကောင်းကင်တစ်ခွင်တွင် တဟုန်းဟုန်း မြည်ဟီးနေပြီး ခရမ်းရောင် အလင်းတန်းများက ကောင်းကင်ယံကို ဖြတ်သွားတဲ့အခါ အနီးပတ်ဝန်းကျင်မှာ တခဏချင်း လင်းထိန်သွားသည်။

သန့်စင်သော ရွှေ​ရောင် နတ်မိုးကြိုးက လုရွှမ်နေထိုင်သည့် ဝင်းကို ပစ်ချလိုက်​တော့သည်။ လုရွှမ် နေထိုင်သည့် ဝင်းသည် ကျပန်းစီစဉ်ထားသော ခြံဝင်းတစ်ခုသာ ဖြစ်လို့ နတ်မိုးကြိုးကို ခံနိုင်ရည်မရှိပေ။

နတ်မိုးကြိုး ပြိုကျလာသည်နှင့် ချက်ချင်း အမှုန့်ဖြစ်သွားသည်။ ပရမ်းပတာ အခြေအနေထဲတွင် ရွှေရောင် ရုပ်လွှာတစ်ခုသည် ကောင်းကင်သို့ ပျံတက်လာပြီး မိုးကြိုးပစ်ချက်ကို ခံယူလိုက်ပေသည်။

"ဟေး ဘာလို့လူတစ်ယောက်ပဲ ရှိနေတာလဲ လုရွှမ်က ဘယ်မှာလဲ?"

ကျန့်ကျောက်မှာ စိတ်ပူလွန်းလို့ စိတ်ပါရှုပ်သွားပြီး ချွေးတွေ တသီတတန်းကြီး ကျလာကာ အော်ဟစ်လိုက်မိသည်။ သူ့ရဲ့ဆရာတူညီလေး ထျန်းချိုင် ကြေမွသွားခဲ့တာတော့ မဟုတ်ဘူးမလား။

သူ့နဖူးကို ရုတ်တရက် ဆရာဖြစ်သူက ရိုက်လိုက်လေ၏။

“လေထဲမှာ အတိဒုက္ခကို ကျော်ဖြတ်နေတဲ့လူက?”

ကျန့်ချောင်းရန် အံ့အားသင့်သွားကာ စိတ်သက်သာရာလည်း ရသွားသလို တစ်ဖက်ကလည်း အလွန်ဝမ်းသာသွားခဲ့သည်။ သူအများကြီး တွေးနေခဲ့ပေမယ့် အတိဒုက္ခကို ကျော်ဖြတ်နေတဲ့လူက လုရွှမ် ဖြစ်နေမယ်လို့ မတွေးမိခဲ့ပေ။

တခြားလူများကလည်း အံ့အားသင့်သွားကာ ဖုန့်ဖေးကတော့ သွားများကို အံကြိတ်ထားရင်း။

"အဲဒီလူက လုရွှမ်လား?"

အကြီးအကဲကြီးမှာ ခဏလောက်အထိ ထိတ်လန့်သွားပြီးမှ ကျယ်လောင်စွာ ရယ်မောလိုက်လေ၏။

"ကောင်းပြီ ကောင်းပြီ... ချောင်းရန် မင်း အလုပ်ကောင်းကောင်း လုပ်ခဲ့တာပဲ အရင်ကတော့ မင်းနဲ့ချင်းယီရဲ့ အိမ်ထောင်ရေးက နွားချေးထဲမှာ တွယ်နေတဲ့ ပန်းပွင့်နဲ့တူတယ်လို့ ငါထင်ခဲ့တာ... အခု မင်းရဲ့ ဒီနွားချေးပုံက သိပ်မဆိုးဘူးလို့ ထင်လာရပြီ”

လူတိုင်း ရယ်မောခြင်းစိတ်ကို မျိုသိပ်ထားကြသလို ကျန့်ချောင်းရန်မှာလည်း သူ့မျက်နှာပေါ်မှ နီရဲနေသော မျက်နှာထားကို မျိုသိပ်ထားရသည်။ လော့ချင်းယီးလည်း ပြုံးကာ ခင်ပွန်းဖြစ်သူရဲ့ လက်ဖဝါးကို ပွတ်သပ်​ပေးလိုက်သည်။

ကျန့်ကျောက်ကတော့ နဖူးကို တစ်ချက် ပိတ်ရိုက်ခံလိုက်ရသည်။ ကျန့်ကျောက်လည်း စိတ်ပျက်လက်ပျက်ဖြင့် ပျံတက်သွားပြီး သူဖုံးကွယ်ပေးခဲ့တာပဲလေဟု တွေးနေတော့၏။

"သူက သူတော်စင်ပါ.... ဘယ်လိုလုပ် မဟာသူတော်စင် အတိဒုက္ခရဲ့ မိုးကြိုး​ကို ဖြတ်သန်းနေတာလဲ"

အကြီးအကဲကြီးက မေးသည်။ ထိုအခါ ကျန့်ချောင်းရန်က

"ဟုတ်တယ် သူအရင်က အဆင့်၆ သူတော်စင်တစ်ယောက် ဖြစ်ခဲ့ပေမဲ့ အခုချိန်မှာတော့ အဆင့်၃ ဆင့်ကို ကျော်ပြီး မဟာသူတော်စင်နယ်ပယ်ကို တိုက်ရိုက် တက်သွားလောက်ပြီ"

"ကောင်းပြီ မင်းတို့သွားပြီးတော့ ပတ်ဝန်းကျင်ကို ထိန်းချုပ်ထားလိုက်... သူ့ရဲ့အတိဒုက္ခကို ဘယ်သူမှ မဖျက်ဆီးမိစေနဲ့"

အကြီးအကဲကြီးက အော်ဟစ်လိုက်သည်။

တောင်ထွတ်သခင်များနှင့် အကြီးအကဲများအားလုံး တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသော်လည်း နာခံရုံသာ တတ်နိုင်ကြသည်။ ဒီလို မိုးကြိုးမုန်တိုင်းနဲ့ နတ်မီးအတိဒုက္ခလို ကြောက်စရာကောင်းတဲ့ လေထုအောက်ကို ချဉ်းကပ်ဝံ့သူ ဘယ်သူမဆို သေခြင်းတရားကို ရှာဖွေနေတာပဲ မဟုတ်ပါလား။

နတ်မီးနယ်ပယ်တစ်ယောက် အဲဒီနေရာကို သွားရင်တောင် ပစ်ခတ်လိုက်သော နတ်မိုးခြိမ်းသံကြောင့် ပြန်လှည့်လာရမှာ ဖြစ်ပြီး ပိုဆိုးရွားသည့် ဘေးဥပဒ်ထဲ ရှင်သန် နေရပေလိမ့်မည်။

လုရွှမ်သည် သူ့ပတ်ဝန်းကျင်ရှိ လူများ၏ တုံ့ပြန်မှုကို မြင်သော် ဂါဝပြုနှုတ်ဆက်ကာ ရွှေနတ်ဘုရား မိုးကြိုးပစ်ချက်များကို ဆက်လက် လက်ခံလေသည်။

မိုးကြိုးရေကန်ထဲမှာ စိမ်ထားခဲ့သဖြင့် နတ်မိုးကြိုးပစ်ချက်ရဲ့ အင်အားကို လုံးဝ မခံစားရသေးပေ။

လုရွှမ် ပါးစပ်ကိုဖွင့်ဟပြီး မိုးကြိုးကို မျိုချလိုက်သည်။ နတ်မီးနယ်ပယ် သခင်အားလုံးမှာ သူတို့ရဲ့ လျှာကို တိတ်တဆိတ် ရိုက်နှက်နေရင်းသာ လုရွှမ်ကို စောင့်ကြည့်နေရတော့သည်။ ထုံးစံအတိုင်း သူတို့သည် ထိုကဲ့သို့ အတိဒုက္ခကို မကြောက်ကြသော်လည်း လုရွှမ်လိုတော့ မလုပ်ဝံ့ကြပေ။

ကျန့်ကျောက်နဲ့ ဖုန့်ဖေးတို့မှာလည်း တအံ့တသြ ဖြစ်သွားတဲ့ အမူအရာတွေနဲ့ ပြည့်နှက်နေတော့သည်။

ကောင်းကင်တစ်ခွင် ရွှေရောင် နတ်မိုးကြိုးများက နှစ်စင်း၊ ကိုးစင်းဆက်တိုက် ပစ်ခတ်လိုက်သော်ငြား လုရွှမ် လုံးဝမရှောင်တိမ်းဘဲ ထိုနတ်မိုးကြိုးများကို သူ့ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်မျိုချလိုက်ပြီး သူ့အရိုးများထဲတွင် မိုးကြိုးနိယာမများကို နက်ရှိုင်းစွာ ပုံဖော်နေတော့သည်။

မိုးကြိုးတိမ်လိပ်များ ငြိမ်သက်သွားကာ နောက်ထပ် ဒုတိယမိုးကြိုးအတိဒုက္ခက ပြိုကျလာခဲ့သည်။ ယခုတစ်ကြိမ်သည် ရွှေ​ရောင်မိုးကြိုးဖြစ်နေဆဲ ဖြစ်သော်လည်း လူသားအသွင်သဏ္ဌာန် ရှိနေသည်။ ၎င်းတို့က လုရွှမ်ဆီသို့ ထောင်ပေါင်းများစွာသော တပ်ဖွဲ့ဝင်များကဲ့သို့ပင်လုရွှမ် ချီတက်လာကြသည်။

လုရွှမ်လည်း စုတ်သပ်၍ သူ့ခန္ဓာကိုယ်ကို နောက်ပြန်ဆုတ်သွားပြီး သူ့မျက်လုံးထဲ ကောင်းကင်မီးတောက်ရဲ့ အလင်းမှုန်တွေကို လင်းလက်လာစေပြီး အလင်းတန်းတွေကို ဖြာထွက်သွားစေ၏။

လူသားဆန်သော လျှပ်စီးကြောင်းသည် လျှပ်တစ်ပြက်အတွင်း သာမန်မိုးကြိုး လျှပ်စီးကြောင်း အဖြစ်သို့ ပြောင်းလဲသွားကာ လုရွှမ်ဆီက မြိုချခံလိုက်ရသည်။

လုရွှမ် အလွယ်တကူ ဖြေရှင်းနိုင်သော နောက်ထပ် မိုးကြိုးပစ်ချက် တိုက်ခိုက်မှုများ ကိုးကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့သည်။ သူသည် သူ့လက်ကိုပင် အသုံးမပြုဘဲ ခဏသာ စိုက်ကြည့်နေခဲ့သည်။

နတ်မိုးခြိမ်းသံက တဖြေးဖြေးနဲ့ အရောင်ပြောင်းသွားကာ လျှပ်စီးကြောင်းတွေကလည်း ပြောင်းလဲသွားပြီး တိမ်ဖြူတွေ ပြန်ဖြစ်သွားသည်။ ပရိတ်သတ်မှာ ဒီမြင်ကွင်းကို ကိုယ်တိုင်သာ မမြင်ခဲ့ရပါက ဒါက ဒုက္ခတစ်ခုပါ ဆိုတာကို ဘယ်သူမှ မယုံလောက်ပေ။

ယခုအခါ တိမ်ဖြူများနှင့်အတူ ပုံမှန်ရာသီဥတု ပြန်ရောက်လာပုံပေါက်၏။

လုရွှမ်၏ ခန္ဓာကိုယ်သည် လေထုထဲတွင် ရပ်တန့်နေပြီး ကောင်းကင်ကို စေ့စေ့ကြည့်နေသည်။

အစောကဟာက သူတော်စင် အဆင့်၆ရဲ့ အတိဒုက္ခပဲ။ အဖြူရောင် မိုး​ကြိုးရေကန်ကိုသာ မျက်နှာမူထားရရင် လုရွှမ် ထိုထဲကို ခြေမချရဲလောက်ပေ။ အခုပြန်တွေ့တဲ့ အခါမှာတော့ လုရွှမ်ရဲ့ မျက်လုံးတွေဟာ အံ့အားသင့်စရာ တိုက်ခိုက်လိုစိတ်တွေနဲ့ ပြည့်နှက်နေခဲ့သည်။

ဝုန်း!

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး နောက်အခိုက်အတန့်တွင် အဖြူရောင် အလင်းသည် ပြိုးပြိုးပြက်ပြက် တောက်ပလာခဲ့သည်။ ထိုအလင်းနဲ့အတူ ကောင်းကင်နှင့်မြေကြီးတို့ တုန်ခါသွားခဲ့သည်။

ထိုနေရာ၌ ရပ်နေသော နတ်မီးနယ်ပယ် သခင်များပင် မှင်တက်သွားကြသည်။

အဖြူရောင် ဝရဇိန် မိုး​ကြိုးတစ်ခုသည် အလွန်လျင်မြန်ပြီး ဖောက်ထွင်း မြင်ရလုနီးပါး အလင်းတန်းဖြင့် လုရွှမ်ရဲ့ ခန္ဓာကိုယ်ကို တိုက်ရိုက် ဗုံးကြဲတိုက်ခိုက်လိုက်သည်။ လုရွှမ်ကလည်း သတိရှိသူ တစ်ယောက် ဖြစ်သည်။ သူအနည်းငယ် စိတ်ရှုပ်နေလျှင် သူသေလိမ့်မယ်ဆိုတာ သိသည်။

"ကောင်းကင်မီးလက်သီး!"

လုရွှမ် လက်သီးတစ်ချက်နဲ့ ပြန်ထိုးလိုက်သည်။

ကျဆင်းလာသော အဖြူရောင် လျှပ်စီးကြောင်းကြောင့် သူ့ခန္ဓာကိုယ်ဟာ မြေကြီးထဲကို တိုက်ရိုက် ပစ်ပေါက်ခံလိုက်ရကာ နက်ရှိုင်းသော တွင်းကြီးတစ်ခု ဖန်တီးပစ်ခဲ့သည်။

လော့ချင်းယီး စိုးရိမ်မှုအပြည့်နဲ့ အော်လိုက်သည်။ ကျန့်ချောင်းရန် သူမလက်ကို လှမ်းဆုပ်ကိုင်လိုက်ပြီး

"စိတ်မပူပါနဲ့ သူ ရပ်နေတုန်းပဲ"

လုရွှမ် ပစ်ပေါက်ခံလိုက်ရပေမယ့် ခြေထောက်တွေနဲ့ မြေကြီးပေါ်မှာ ရပ်နေတုန်းပါပဲ။ အဖြူရောင် နတ်မိုးကြိုးက သူ့ခန္ဓာကိုယ်ပေါ် ပျံ့လွင့်သွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ လူတိုင်းကတော့ တအံ့တသြနဲ့ သံသယများလည်း ဖြစ်လာကြသည်။

“ဒီကလေးမှာ နတ်မိုးကြိုးကို စုပ်ယူနိုင်တဲ့ ရတနာတစ်ခုများ ရှိ​​နေတာလား”

တောင်ထွတ်သခင် တစ်ယောက်က မေးလိုက်သည်။

"မဖြစ်နိုင်ပါဘူး ရတနာရှိရင် ရတနာက သူ့ရဲ့ ရောင်ဝါကို သေချာပေါက် ပြသလိမ့်မယ်... အခုထိတော့ သူလက်နက် မသုံးသေးပါဘူး .. လက်ဗလာနဲ့ပဲ ခုခံနေတာ"

"ဒီကလေးရဲ့ ကိုယ်လုံးကိုယ်ပေါက်ကိုက နတ်မိုးခြိမ်းသံကို စုပ်ယူနိုင်တာ ဖြစ်နိုင်တယ်"

ကျန့်ချောင်းရန်နဲ့ လော့ချင်းယီတို့လည်း တစ်ယောက်ကို တစ်ယောက် ကြည့်နေကြရသည်။ လုရွှမ် ပေးခဲ့သော မိုး​ကြိုးကျောက်တုံးကို ပြန်တွေးကြည့်လိုက်ရင် အဲဒါက လုရွှမ်ရဲ့ ဝှက်ဖဲများထဲမှ တစ်ခုဖြစ်မယ်ဆိုတာ ထင်ရှားလေသည်။

လုရွှမ် တွင်းထဲမှ ခုန်တက်ကာ ကောင်းကင်ထက်သို့ ပျံတက်သွားပြန်သည်။ ကောင်းကင်ယံကနေ ဒုတိယ မိုးကြိုးပစ်ချက် ကျဆင်းလာတဲ့အခိုက် လုရွှမ် သူ့လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

"ယွမ်ယန်လက်ဝါး!"

ကောင်းကင်က မိုးကြိုးဟာ သူ့လက်ကို ရိုက်ခတ်သွား၏။ လုရွှမ် ထိုမိုးကြိုးတန်းကြီး တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို လေထုထဲမှာ ဆိုင်းငံ့ထားကာ ဒီတစ်ကြိမ်တော့ အညီအမျှ ပေါင်းစည်းသွားခဲ့ကာ သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသည်။

လုရွှမ်ရဲ့ ခန္ဓာကိုယ်က ခဏတာမျှ တုန်လှုပ်သွားပေသည်။ နတ်မိုးကြိုး ပစ်ချက်တစ်ခု ထွက်လာပြီး မြေပြင်ကို ပေါက်ကွဲသံနှင့်အတူ လုရွှမ် လွင့်သွားကာ ကြီးမားသော မီးတောင်ပေါက်ကြီးတစ်ခု ဖန်တီးလိုက်တော့သည်။

"လောဘကြီးလွန်းတယ်... ဒီလို နတ်မိုး​ကြိုးကို စုပ်ယူရဲတယ်... ဒီကောင်လေးကတော့ ဒုက္ခခံရတော့မယ်"

ကျန့်ချောင်းရန် ပြုံးပြီး ပြောလိုက်သည်။ ကျန့်ချောင်းရန်ရဲ့ အတွေးအမြင်များကို မသိသော တခြားတောင်ထွတ် သခင်များကတော့ သူ့ကို အနိုင်ယူရန် ပြတ်ပြတ်သားသား ကြိုးစားချင်စိတ်များ ​ပေါ်နေကြသည်။

ဒါ​ပေမဲ့ တစ်ဖက်လူမှာ ​တော်​​တော်​​ ကောင်းမွန်တဲ့ အရည်အချင်း​ ရှိ​နေတယ်​ ဆိုရင်ရော?

ကျန့်ကျောက်လည်း ရုတ်တရက် ပြင်းထန်သော နာကြည်းမှု အကြည့်များကို ခံစားလိုက်ရသည်။ နောက်သို့ လှမ်းကြည့်လိုက်သောအခါ ထိပ်တန်း သခင်အားလုံးက သူ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရ၏။

ဒီကောင်က အရမ်းကံကောင်းတာပဲ။ အပြစ်ပေးခံရပြီးနောက်မှာ ပါရမီရှင်တစ်ဦးကို တကယ်ကြီး ပြန်ခေါ်လာခဲ့တယ်တဲ့။

အဖြူရောင်မိုးကြိုးက ကိုးချက် ရှိသေးသည်။ လုရွှမ်သည် ၎င်းတို့ကို မစုပ်ယူနိုင်တာကြောင့် မြေအောက်ထဲ ရောက်သွားအောင်သာ လမ်းကြောင်းလွှဲပေးလိုက်ရသည်။ နတ်မိုးကြိုးကြီး လွတ်မြောက်သွားတာကို မြင်လိုက်ရတော့ လုရွှမ်ခမျာ နာကြည်းမှုတွေနဲ့ ပြည့်နှက်နေပြီး ရတနာတွေအားလုံး ဆုံးရှုံးသွားရသလိုပင် ခံစားလိုက်ရတော့သည်။

လုရွှမ် အတိဒုက္ခကို ဖြတ်ကျော်ရာတွင် ယခင်က မြန်ဆန်လွန်းသကဲ့သို့ ယခုတစ်ကြိမ်တွင်လည်း မိုးကြိုးများက ပြင်းထန်စွာ လှိမ့်ဆင်းလာကာ ပတ်ဝန်းကျင်ရှိ တိမ်တိုက်များကိုပါ စုပ်ယူပစ်လိုက်သည်။ ထူထပ်သော တိမ်တိုက်များက ပို၍ပို၍ ညှစ်လာကာ သူ့မျက်လုံးများထဲ တဖြည်းဖြည်း ထူထဲ မည်းနက်လာသည်။

နဂါးနက်တစ်ကောင်ရဲ့ ကုတ်ခြစ်လိုက်တဲ့ လက်သည်းရာတွေက ကောင်းကင်မှာ ပေါ်ထွက်လာခဲ့သည်။

လုရွှမ် ထိတ်လန့်သွားပြီး သေခြင်းတရားရဲ့ အသက်ရှုသံကိုပင် ခံစားလိုက်ရ၏။ ထိုအခိုက်တွင် ပတ်ဝန်းကျင်ရှိ လူတိုင်းလည်း ထိတ်လန့်သွားကြသည်။

"ဒါက မဟာသူတော်စင် အတိဒုက္ခပဲ မဟုတ်ဘူးလား? ဘာလို့ ဒီလောက်ထိတောင် ကြောက်စရာကောင်းရတာလဲ"

လော့ချင်းယီးက ဆိုလိုက်သည်။ အကြီးအကဲကြီးမှာလည်း အသက်ရှုကြပ်နေကာ ဖြည်းညင်းစွာ ပြောလာခဲ့သည်။

"ငါမှန်မှန်ကန်ကန် မှန်းဆမယ်ဆိုရင် သူ့ရဲ့ ကောင်းကင်ဘုံ အတိဒုက္ခက သူ့နယ်ပယ်ကို မဟုတ်ဘဲ သူ့ရဲ့ကျင့်စဥ်နဲ့ ကိုက်ညီနေတာ ဖြစ်မယ်... ဒါက မသေနိုင်တဲ့လူ ဖြစ်လာဖို့ လမ်းစပဲ!"

All Chapters