နတ်ဖြစ်မယ့်လမ်း
Vol. 71 Ch. 4.583
"နတ်ဖြစ်မယ့်လမ်း?"
"အဒေါ် ဘာတွေပြောနေတာလဲ"
လော့ချင်းယီး မေးလိုက်တာနဲ့ တခြားနတ်မီးနယ်ပယ် သခင် အများအပြားကလည်း လိုက်ကြည့်လာကြသည်။
"ရွှမ်ထျန်းတံဆိပ်ပြားရဲ့ မူလဇစ်မြစ်ကို သိလား? တချို့က တိကမ္ဘာတွေက လာတာ တချို့က ထျန်းကမ္ဘာတွေကလာတာလို့ ပြောကြတယ် တချို့ကလည်း သူတို့က ငါတို့ ဝမ့်ကမ္ဘာတွေမှာ ရှိနေတယ်လို့တောင် ပြောကြတယ် ဘယ်သူမှ တိတိကျကျ မသိကြဘူး"
"ဒါပေမဲ့ ဆန်းကြယ်ကောင်းကင်အိမ်တော် ကိုယ်တိုင်က လွတ်လွတ်လပ်လပ် ရွှေ့ပြောင်းလို့ရတဲ့ ကမ္ဘာ့ရတနာ တစ်ခုဆိုတာ ငါသိထားတယ်... သူ့ရဲ့တည်ရှိမှုက မသေနိုင်တဲ့ သတ္တဝါတွေကို ရှာဖွေဖို့နဲ့ ဒဏ္ဍာရီလာ နတ်ဖြစ်ခြင်းလမ်းကို ရှာဖွေဖို့ပဲ... လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သတင်းအချက်အလက် အပိုင်းအစတစ်ခု ပေါ်လာခဲ့ဖူးတယ်... အဲဒီထဲမှာ ဆိုလိုတာက နတ်လမ်းစဥ် တစ်ခုဖြစ်လာဖို့က မိုးကြိုအတိဒုက္ခထဲမှာ ရှိတယ်တဲ့”
လူအုပ်စုသည် ဘာကိုဆိုလိုမှန်း နားမလည်ကြသော်လည်း အကြီးအကဲကြီးရဲ့ ပုံပြင်ကို တိတ်တဆိတ်ပဲ နားထောင်နေကြသည်။
"တကယ်တော့ ငါတို့ရဲ့ မိုးကြိုးအတိဒုက္ခနဲ့ ကျင့်စဥ်အဆင့်က မလိုက်ဖက်ဘူး... နယ်ပယ်ကပဲ ကိုက်ညီနေတာ"
အားလုံးက ခဏလောက် စဉ်းစားနေကြပေမယ့် အကြီးအကဲကြီး ပြောတာက အဓိပ္ပာယ်ရှိတယ် ဆိုတာပဲ ခံစားရလေသည်။
တချို့ပါရမီရှင်များသည် အတိဒုက္ခများကို အလွယ်တကူ ကျော်လွှားနိုင်သော်လည်း တချို့ကမူ ကြီးစွာသောဒုက္ခများကို ခက်ခက်ခဲခဲ ကျော်လွှားနေရတာ အမှန်ပဲဖြစ်သည်။ ဤသို့သော ပါရမီရှင်များနှင့် သာမန်လူများအကြား ခွဲခြားဆက်ဆံပုံမှာ လောကီပညာများပဲ ဖြစ်သည်။
"ဒါပေမဲ့ ဆန်းကြယ်ကောင်းကင်အိမ်တော်က မိုးကြိုးအတိဒုက္ခနဲ့ လိုက်ဖက်တဲ့ ကျင့်စဥ်အဆင့်ကို ရှာတွေ့ခဲ့တယ် ဒါကြောင့် သူတို့က အတိဒုက္ခကို ဖြတ်ကျော်တိုင်း ကန့်သတ်ချက်တွေကို လိုက်ရှာတယ်... မအောင်မြင်ရင် သေမယ်။ အားလုံးကို အောင်မြင်စွာနဲ့ ကျော်ဖြတ်နိုင်ရင် နောက်ဆုံးမှာ မသေနိုင်တဲ့ နတ်လမ်းစဥ်ကို ကိုယ်တိုင် ရှာဖွေတွေ့ရှိနိုင်မယ်လို့ ပြောကြတယ်”
ကျန့်ချောင်းရန်မှာ မနေနိုင်တော့ဘဲ ဝင်မေးလိုက်ပေ၏။
“ကောလဟာလတွေ မှန်လား မှားလား”
ထိုအခါ အကြီးအကဲကြီးက ခေါင်းခါလိုက်၏။
“ဘယ်သူမှ မသိဘူး... ဘာကြောင့်လဲဆိုတော့ ဘယ်သူကမှ အဆုံးထိ မတောင့်ခံနိုင်ခဲ့လို့ပဲ!”
လူတိုင်းကလည်း နားလည်ကြောင်း ခေါင်းညိတ်လိုက်ကြသည်။ တကယ်တော့ ဒါဟာ ကန့်သတ်ချက်တွေကို အမြဲ ဖြတ်ကျော်ချင်တယ်ဆိုရင် အချိန်တိုင်း အောင်မြင်ဖို့က ခက်ခဲလွန်းပြီး မသေချာတဲ့ အရာတစ်ခုပါပဲ။
"ဒါပေမဲ့ လုရွှမ်က ဆန်းကြယ်ကောင်းကင်အိမ်တော်ထဲကို မ၀င်ခဲ့ဘူးလေ... ဒါဆိုဘယ်လိုလုပ် လုပ်နိုင်တာလဲ"
အကြီးအကဲကြီးလည်း သက်ပြင်းချရင်း
"ဒါက သူ့ဘာသာသူ ဖောက်လုပ်ထားတဲ့ လမ်းဖြစ်ကောင်း ဖြစ်နိုင်တယ်... ဘယ်သူသိမှာလဲ? နောက်ပြီး ဒီလမ်းကို စလျှောက်ပြီးရင် နောက်ဆုတ်ဖို့ လမ်းမရှိတော့ဘူး နောက်ဆုတ်ရင် သေလိမ့်မယ်"
လူတိုင်းသည် ရှုပ်ထွေးသွားသော ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။
"လုရွှမ် သိနေမလား?" လော့ချင်းယီးမှ မေးလိုက်သည်။
"သူ့မှာ လမ်းပြပေးမယ့်သူ မရှိဘူး ဒါကြောင့် သူမသိလောက်ဘူး"
ကျန့်ချောင်းရန် သက်ပြင်းချလိုက်၏။
ဤအခိုက်အတန့် တိတ်ဆိတ်သွားပြီးနောက် အားလုံးက အတိဒုက္ခကို ဖြတ်သန်းနေတဲ့ လုရွှမ်ကို တဖန်ပြန်ကြည့်နေကြသည်။ ယခုအခိုက်အတန့်တွင် မိုးကြိုး တိမ်တိုက်များသည် ကောင်းကင်၌ အသွင်သဏ္ဌာန် ဖြစ်လာပြီ။
ခရမ်းရောင် မိုးကြိုးမုန်တိုင်းသည် လုံလုံလောက်လောက် ကြီးမားသော လူတစ်ဦး အသွင်ဖြင့် လုရွှမ်ဆီသို့ ပြေးသွားသည်။
ကောင်းကင်နဲ့ မြေကြီးကိုပင် ဖျက်ဆီးပစ်ချင်သော ထိုရောင်ဝါသည် နတ်မီးနယ်ပယ် သခင်များ အားလုံးကိုလည်း ထိတ်လန့်သွားစေသည်။
"ကောင်းကင်အတိဒုက္ခက သူ့ခွန်အားနဲ့ ကိုက်ညီရတယ်.... ဒါက သူ့ရဲ့ ခွန်အားပဲလား? သူက မဟာသူတော်စင်ကို သာလွန်သွားပြီ တတိယနဲ့ စတုတ္ထ ကောင်းကင်ဘုံသခင်တောင်မှ သူ့ပြိုင်ဘက် မဖြစ်မှာကို ကြောက်ရတယ်"
နောက်ဆုံးတွင် ဖုန့်ဖေးကလည်း စကားပြောလာပြီး ကျန့်ကျောက်မှာ ခါးသက်သက်ကြီး ပြုံးလျက်။
"ဆရာတူအစ်မဖုန့်ဖေး မင်းက အဲဒီတပည့်ရဲ့ ခွန်အားကို လွန်လွန်ကဲကဲ လျှော့တွက်နေတာပဲ ကျွန်တော် ကောင်းကင်ဘုံသခင် အဆင့်၅တုန်းက ဒီလိုခွန်အားမျိုး မရှိခဲ့တာတော့ သေချာတယ်"
"ဖုန့်ဖေးပြောတာ မှန်တယ် ထိပ်တန်းပါရမီရှင်တွေက ကောင်းကင်ဘုံသခင် စတုတ္ထအဆင့်မှာ ရှိနေတဲ့အချိန်ဆို ဒီခွန်အားမျိုး ရှိထားသင့်တယ်"
လော့ချင်းယီး ကျန့်ကျောက်ကို စိုက်ကြည့်လိုက်တော့ ကျန့်ကျောက်က သူ့လည်ပင်းကို ခပ်မြန်မြန်ကျုံ့လိုက်ပြီး ပြုံးပြလိုက်၏။ သူက ပျင်းရတာကို ကြိုက်တယ်လေ။ ထျန်းရှုးတောင်ထွတ်က တပည့်တစ်ယောက် အနေနဲ့ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က ကောင်းကင်ဘုံသခင် အဆင့်၆မှာ ရှိကာ တပည့်တွေ အားလုံးထဲမှာ သူက အညံ့ဆုံးပါပဲ။
"ကောင်လေး ဘယ်လိုဖြေမလဲ ကြည့်ရအောင်"
လုရွှမ်သည် မိုးနတ်ဘုရားဓားကို ရှည်ရှည်ဝေးဝေး မတွေးနေဘဲ ထုတ်ယူလိုက်ပြီး ယခုတစ်ကြိမ်တွင် သူသည် ကောင်းကင်သို့ ထပ်မပျံသန်းတော့ပေ။ မြေကြီးပေါ်၌ ခြေတော်တင်လျက် မြဲမြံစွာ မတ်တပ်ရပ်ထားကာ ကောင်းကင်မှ ကျလာသော နတ်မိုးကြိုးကို ရင်ဆိုင်ရန် ပြင်ဆင်ထားလိုက်သည်။
တုန်လှုပ်ဖွယ်ကောင်းသော ဓားစွမ်းအင်က နတ်မိုးခြိမ်းသံကို ထိမှန်သွားသည်။ ၎င်းမှာ လုရွှမ်ရဲ့ ယွမ်ယန်ဓားကိုးစင်းပဲ ဖြစ်သည်။
ဓားစွမ်းအင်သည် လေထဲသို့ ထိုးဖောက် ဝင်ရောက်သွားပြီး နတ်မိုးကြိုးက မြေပြင်ကို ရိုက်ခတ်သွားသည်။ ဝုန်းကနဲ အသံဗလံများ ထွက်ပေါ်လာကာ စွမ်းအင်များသည် တောင်တန်းနှင့် မြစ်များ တစ်လျှောက် ရွေ့လျားသွားလေ၏။
ပြင်းထန်သော စွမ်းအင် လှိုင်းလုံးကြီးက နေရာအနှံ့ ပျံ့နှံ့သွားကာ အင်မတန်လည်း ပြင်းထန်လှသည်။
လုရွှမ် တစ်နေရာတည်းတွင် ရပ်နေသေးတာကို လူတိုင်းမှာ ကြည့်ရင်း အံ့အားသင့်နေရသည်။ သူ့ပခုံးများက တည်ငြိမ်နေကာ သူ့ခြေထောက်များကလည်း ဖြောင့်စင်းလျက် ရှိသည်။ ခရမ်းရောင်မိုးကြိုးနှင့် လျှပ်စီးကြောင်းများက သူ့ခန္ဓာကိုယ်ပေါ်တွင် တောက်ပလာ၏။ အများစုမှာ မြေပြင်သို့ ထိုးဖောက် ဝင်ရောက်သွားပြီး အစိတ်အပိုင်း အနည်းငယ်ကသာ သူ့ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်သွားတာကို တွေ့လိုက်ရသည်။
ပထမဆုံး နတ်ဘုရားရဲ့ မိုးကြိုးပစ်ချက်ကို အောင်မြင်သွားလေပြီ။
လူအားလုံး သက်ပြင်းမချရခင်မှာ ကောင်းကင်ယံမှ ဒုတိယ နတ်ဘုရားမိုးကြိုးက ဆင်းသက်လာနေပြီ။ ၎င်းသည် ယခင်မိုးကြိုးထက် ပိုထူသည်။ အလင်းရောင်က ပို၍တောက်ပပြီး လျင်မြန်လွန်းသဖြင့် လုရွှမ်ရဲ့ ဦးခေါင်းကို ချက်ချင်း ထိမှန်သွားသည်။
လုရွှမ် ဒါကို မျှော်လင့်ထားပုံရပြီး အဆုံးစွန်သော ဓားရည်ရွယ်ချက်က သူ့ခန္ဓာကိုယ်ထဲမှ ထိုးထွက်လာသည်။ ပတ်ဝန်းကျင် လေထုက ကျဉ်းမြောင်းသွားကာ လှိုင်းလုံးများကဲ့သို့ ဓားစွမ်းအင်များ ဖြစ်ပေါ်လာကာ နတ်ဘုရားမိုးကြိုးဆီသို့ အဆက်မပြတ် ပြေးထွက်သွား၏။
ဤဓားရဲ့အရှိန်က အလွန်လျင်မြန်နေတာတော့ မဟုတ်ပေ။ သို့သော် နတ်မိုးကြိုးကိုတော့ လုံးလုံးလျားလျား တားဆီးလိုက်နိုင်၏။
ဆင်းသက်လာသော နတ်မိုးကြိုးကို တားဆီးလိုက်တဲ့အခိုက် မူလအားမာန်များ မရှိတော့ရာ လုရွှမ်လည်း သေးငယ်သော အစိတ်အပိုင်းများကိုသာ တဖြည်းဖြည်း စုပ်ယူလိုက်သည်။ ဤဒုတိယ နတ်မိုးကြိုးက ပထမအကြိမ်ကလောက် မပြင်းထန်ဘူးဟုပင် ထင်ရသည်။
သို့သော် လုရွှမ်ရဲ့ တစ်ကိုယ်လုံးက တောက်ပလာပြီး သူ့အဝတ်အစားများ ပေါက်ကွဲသွားကာ လူတိုင်းရှေ့မှာ ကိုယ်လုံးတီး ဖြစ်သွားသည်။ နတ်သမီးတစ်စု မျက်စိတွေ မှိတ်ထားလိုက်ကာ ယောက်ျားလေးများက ရယ်မောလိုက်ကြသည်။
တတိယနတ်မိုးကြိုးက ဆင်းသက်လာခဲ့ပြန်ပြီ။ လုရွှမ် ယွမ်ယန်ဓားကိုးစင်းကို ထပ်မံ ခုတ်ထစ်ပစ်လိုက်သည်။
ဒါက လွယ်ကူပုံပေါက်သော်လည်း သူသည် သူ၏ အပြင်းထန်ဆုံး စွမ်းအားကို အသုံးချနေရပြီ ဖြစ်သည်။ ဓားတစ်ချောင်းရဲ့ စွမ်းအင်တွေကို ထုတ်လွှတ်ဖို့ ဓားလွှဲလိုက်တိုင်း ထိုးထွင်းသိမြင်မှု အသစ်များကို ပေးစွမ်းလေသည်။
ဓားကို လွှဲလိုက်တိုင်း အရှိန်၊ ခွန်အားဖြစ်ဖြစ်၊ အရှိန်အဟုန်နဲ့ အရှိန်အဝါက တိုးလာပြီ။ မှန်တယ်။ အန္တရာယ်ကြုံတိုင်း နတ်မိုးကြိုးနဲ့ ပိတ်ဆို့ထားလို့ရတယ်။
လုရွှမ်သည် စတုတ္ထ၊ ပဉ္စမ နှင့် ဆဋ္ဌမနတ်မိုးကြိုးများမှ သင်ခန်းစာများကို အသီးသီး သင်ယူခဲ့သည်။ သူ့လှုပ်ရှားမှုများသည် ယခင်ကဲ့သို့ ပေါ့ပေါ့ပါးပါးနှင့် ချောမွေ့ခြင်း မရှိတော့ဘဲ သူ့ပါးစပ်ထောင့်မှ သွေးများလည်း စီးကျလာ၏။
ဤအတိဒုက္ခ တစ်ခုစီတိုင်းသည် တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုပြင်းထန်လာပြီး သူတို့သည် လုရွှမ်ရဲ့ ပို၍ပင်အားကောင်းသည့် စွမ်းအားကို ထုတ်ပစ်လာရန် တွန်းအားပေးနေကြသည်။ ပထမဓားချက် အနည်းငယ်ဖြင့် ၎င်းတို့၏ စွမ်းအားကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။
စတုတ္တမြောက် ဓားချက်ကို ပစ်လွှတ်ပြီးသောအခါ လုရွှမ်လည်း သူပြသနိုင်တဲ့ စွမ်းအားရဲ့ ကန့်သတ်ချက်ကို ရောက်နေပြီ ဖြစ်လေ၏။ အနည်းငယ်သာ ချို့ယွင်းသွားပါက နတ်မိုးခြိမ်းသံကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလိမ့်မည်။
နောက်ထပ် ဓားသုံးချောင်း ရှိပါသေးသော်လည်း ငရဲတံခါးကို ရောက်နေသလို ဖြစ်နေပြီ။ ကောင်းကင်ယံက နတ်မိုးခြိမ်းသံများဟာ အရှိန်အဟုန်ဖြင့် ဆက်လက် စုဝေးနေသော်လည်း လုရွှမ်ဘက်က ဓားအရှိန်အဟုန်ဖြင့် ဖြိုခွင်းလိုက်ရာ အနီးတစ်ဝိုက်က လေညင်းတွေနဲ့အတူ ကျောက်တုံးများပါ လေထုထဲသို့ လွင့်မျောလာသည်။
“ဒီစွမ်းအားက မင်းကို ထိခိုက်သွားစေဖို့ လုံလောက်တယ်”
အကြီးအကဲကြီးက ဆိုလိုက်သည်။
ဖုန့်ဖေးလည်း ခေါင်းညိတ်လိုက်သည်။ ဒီမိုးကြိုးတွေရဲ့ အရှိန်အဟုန်ကို ကြည့်ပြီး လုရွှမ်မှာ သူမကို နာကျင်အောင်လုပ်ဖို့ ခွန်အားရှိနေပြီ ဖြစ်ကြောင်း နားလည်လိုက်ပါ၏။
လုရွှမ် ကြာကြာ မထိန်းနိုင်တော့ပေ။ ရွှေဒြပ်စင်နတ်ပုတီးစေ့ရဲ့ စွမ်းအားကို စုစည်းလိုက်ရာ သူ၏ဓားရည်ရွယ်ချက်သည် ပို၍ပို၍ အံ့အားသင့်သွားကာ ကမ္ဘာကြီးကို ထိတ်လန့်စေကာ ကွက်လပ်လေးခုကို ဖြတ်ကျော်သွားခဲ့သည်။
လူတိုင်း မျက်လုံးကို ဖွင့်ကြည့်လိုက်ရင် သူတို့မျက်လုံးထဲမှာ လူကို မတွေ့ရဘဲ ဓားသေးသေးလေးနှစ်ချောင်း ပြေးထွက်သွားတယ်လို့သာ မြင်ရလိမ့်မည်။
"ဓားတစ်သောင်းရိုက်ချက်!"
လုရွှမ် အော်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲက ဓားရဲ့အလင်းနဲ့ အရိပ်က ပြေးထွက်သွားလေ၏။ လုရွှမ်ရဲ့ ဓားစွမ်းအင် ထွက်ပေါ်လာတာနဲ့ တပြိုင်နက် အရှိန်ပြင်းပြင်းနှင့် တွန်းလှန်ရန် အနီးပတ်ဝန်းကျင်မှ အခင်းအကျင်းများ အလျင်အမြန် ပြေးထွက်လာသည်။
ချွင်း!
ကောင်းကင်အောင်ခြင်း တောင်ထွတ် တစ်ခုလုံးတွင် ဓားကိုင်ထားသော တပည့်များ အားလုံးသည် သူတို့ဓားရှည်များဆီမှ ဟောက်သံကို ရုတ်တရက် ခံစားလိုက်ရသည်။ ထို့နောက် ကောင်းကင်သို့ ရုတ်တရက် ထိုးတက်သွားကြပြီး ထျန်းရှူးတောင်ထွတ်က ကောင်းကင်ယံ၌ ဝဲပျံနေကြလေ၏။
တောင်ထွတ်သခင်တွေ အဖွဲ့သည်ပင် သူတို့၏ဓားများ တုန်ခါသွားတာကို ခံစားလိုက်ရသည်။
"မလှုပ်နဲ့ မဟုတ်ရင် ကောင်းတဲ့ ရည်ရွယ်ချက်တွေက မကောင်းတာတွေ ဖြစ်လာလိမ့်မယ်"
သူတို့ရဲ့ဓားတွေကို စွန့်လွှတ်လိုက်မယ် ဆိုရင် ဒါဟာ ဓားနည်းပညာရဲ့ စွမ်းရည်ဖြစ်မှာ မဟုတ်သလို လုရွှမ်ရဲ့ဓားစွမ်းဆောင်မှုကိုလည်း ထိခိုက်စေနိုင်တယ် ဆိုတာ လူတိုင်း နားလည်ကြလေသည်။
"ခေါင်းဖြတ်!"
လုရွှမ် အော်ဟစ်လိုက်သည်။ ဓားရှည်သည် ကောင်းကင်သို့ ထိုးတက်လာပြီး ဝါးပင်ကို ဖြတ်ထုတ်ပစ်လိုက်သလို မိုးခြိမ်းသံကြားထဲသို့ ပြေးဝင်သွား၏။