← Chapters

မိုးကြိုးအတိဒုက္ခအောက်၌ ကျင့်​ကြံခြင်း

Vol. 71 Ch. 4.584

မိုးကြိုးအတိဒုက္ခအောက်၌ ကျင့်​ကြံခြင်း

Vol. 71 Ch. 4.584

နတ်မိုးကြိုးကို ပြန်လုပ်ကြံနေတာလားဟ!

ဤမြင်ကွင်းကို မြင်သူတိုင်း အကြီးအကျယ် ထိတ်လန့်သွားကြသည်။ ဒီလောက် အားကောင်းတဲ့ နတ်မိုးကြိုးကို လုရွှမ်က အလွယ်တကူ အနိုင်ယူနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားပေ။

"ဟာဟား... ဒီကလေးက တကယ် လုပ်နိုင်တာပဲကွ! တခြားလူတွေသာ ဒီလိုမျိုး ကစားဝံ့ရင် မိုးကြိုးကို မထိဘဲ မီးသွေးဖြစ်မသွားရင်တောင် ထူးဆန်းလိမ့်မယ်"

​တောင်ထွတ်သခင် တစ်ယောက်က ပြောပြီး တခြား​တောင်ထွတ်သခင်က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြရင်း ဒါက အမှန်ပဲဖြစ်ကြောင်း ထောက်ခံကြလေသည်။

သို့သော် ယခင်က ပြိုကျလာခဲ့သော နတ်မိုးကြိုးသည် တခဏချင်း ပြန်လည် စိုစွတ်လာကာ လုရွှမ်ကို တိုက်ခိုက်ရန် အတူတကွ ရောက်ရှိလာဦးမည်ဟု ဘယ်သူကမှ မမျှော်လင့်ထားပေ။

"မိုးကြိုးအတိဒုက္ခက ဘယ်လောက်ပဲ အစွမ်းထက်တယ် ဆိုစေဦးတော့ လူသားတစ်ယောက်က မိုးကြိုးအတိဒုက္ခရဲ့ အင်အားကို အလိုအလျောက် ပြောင်းလဲနိုင်ရင် ခွန်အားကလည်း တိုးလာလိမ့်မယ်"

အကြီးအကဲကြီးက ဆိုလိုက်သည်။

ဖုန့်ဖေး သတိလစ် မေ့မြောသွားလုနီးပါး ဖြစ်သွားသည်။ သူမသာ ဒီအတိဒုက္ခကို ရင်ဆိုင်ရလျှင် လုရွှမ်လိုလုပ်ဖို့ နည်းလမ်းကောင်း မရှိသဖြင့် သူမမှာ သေချာပေါက် နာကျင်ရပေလိမ့်မည်။ သူမသည် လုရွှမ်ကို ပူလောင်သော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း လုရွှမ် ဘာဆက်လုပ်မလဲ မြင်ချင်နေသည်။

လုရွှမ်ရဲ့ စိတ်နှလုံးသားထဲမှာတော့ အန္တရာယ်ဆိုတဲ့ ခံစားချက်က ဘယ်တော့မှ မှေးမှိန်မသွားပါဘူး။ နတ်မိုးကြိုးက တစ်ချက်တည်းနဲ့ ရှုံးနိမ့်သွားပေမယ့် လုရွှမ်ကတော့ သတိမမူဘဲ မနေရဲချေ။ ထို့ကြောင့် နတ်မိုးခြိမ်းသံသည် ဤနေရာတွင် စုရုံးလာစဥ် လုရွှမ်လည်း စိမ်းပြာနှလုံးကို ဆုပ်ကိုင်ထားပြီး လက်ကို နောက်ပြန်လှည့်ကာ ဓားစွမ်းအင်ကို ဝေ့ယမ်းလိုက်သည်။

ယွမ်ယန်ဓားကိုးစင်းရဲ့ စတုတ္ထဓားသည် ပျက်ပြယ်သွားသည်။

လူတိုင်းရဲ့ မျက်လုံးထဲမှာ အရင်ကထက် ပိုပြင်းထန်တဲ့ ဓားတစ်ချောင်းကို ထပ်မံ ပစ်ခတ်လိုက်ပြန်၏။ အရှိန်က အရမ်းမြန်သလို တုံ့ပြန်မှုကလည်း အရမ်းပြင်းထန်သည်။

ဓားစွမ်းအင်သည် ကောင်းကင်ကို ဖြတ်ပျံသွားကာ စုစည်းထားသော နတ်မိုးခြိမ်းသံကို တစ်ဖန် အပိုင်းပိုင်း ခွဲကာ တိုက်ရိုက် ကွဲအက်သွား​စေသည်။

"ဒီဓားက!... ငါ့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်နိုင်တယ်"

ဤအခိုက်အတန့်တွင် လူတိုင်းသည် ဖုန့်ဖေးအား ဂရုမစိုက်နိုင်​တော့ဘဲ ကောင်းကင်ယံက နတ်မိုးခြိမ်းသံနဲ့ လျှပ်စီးကြောင်းတွေကိုသာ ဆက်လက် ကြည့်ရှု​နေကြသည်။ နတ်မိုးကြိုးတွေက ဒီလောက်နဲ့ နောက်ဆုတ်သွားမှာ မဟုတ်ကြောင်း အရိပ်အယောင်​တွေ ရှိနေသည်။

သေချာတာပေါ့။ နတ်မိုးခြိမ်းသံက ပိုပိုပြီး သိမ်မွေ့လာတဲ့ပုံ ပေါက်နေပြန်သည်။ လုရွှမ်ရဲ့ မျက်နှာလည်း ဖြူဖျော့လာခဲ့၏။ လက်ရှိ နတ်မိုးကြိုးဟာ သူ့ကို မျိုးသုဉ်းပျောက်ကွယ်သွားစေချင်တဲ့ ရောင်ဝါမျိုး ထုတ်လွှတ်နေတယ်လို့ ခံစားလိုက်ရသည်။

လုရွှမ် သူ့နှလုံးသားထဲမှ ကျိန်ဆဲနေမိသည်။ ​​ဒါက မဟာသူတော်စင် မိုးကြိုးအတိဒုက္ခပဲ မဟုတ်ဘူးလား? ဘာလို့ ဒီလောက်ထိတောင် ကြောက်စရာ ကောင်း​နေရတာလဲ!

“ထစေ!”

ကျယ်လောင်သော ကြွေးကြော်သံနှင့်အတူ လုရွှမ်၏ နှလုံးသားထဲတွင် ရွှေဒြပ်စင်နတ်ပုတီးစေ့က တောက်ပလာပြီး မန်ဟွမ်နတ်ဘုရားမျှော်စင်ရဲ့ အရိပ်အယောင်ကို နှိုးဆွပေးလိုက်သည်။ မိုးနတ်ဘုရားဓားသည် တချွင်းချွင်း အော်မြည်လျက် ကောင်းကင်သို့ ပျံတက်ကာ လေထဲတွင် လှည့်ပတ်၍ တုန်လှုပ်ချောက်ချားဖွယ် ဓားစွမ်းအင်လှိုင်းလုံးများကို နေရာအနှံ့ ဖြန့်ကျက်လိုက်သည်။

သေခြင်းတရားရဲ့ စွမ်းအင်စီးကြောင်းများက လေထုအလယ်၌ အသက်စွမ်းအင်များဖြင့် ပေါင်းစည်းသွားပြီး ထို​စွမ်းအင်များသည် လုရွှမ်ရဲ့ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်၍ ဆက်လက် လည်ပတ်နေသည်။

လုရွှမ်ရဲ့ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ ဒီအသက်စွမ်းအင်က အလွန်တရာ ကြီးမားလွန်းလှသည်။ သူ ခံနိုင်ရည်ရှိအောင် တောင့်ခံထားနိုင်တာနဲ့အမျှ သူ့ခွန်အားများသည် ယွမ်ယန်ဓားကိုးစင်းရဲ့ ငါးချက်မြောက် ဓားစွမ်းအင်က ပိုမို အားကောင်းလေ ဖြစ်လိမ့်မည်။

မိုးနတ်ဘုရားဓားရဲ့ ရောင်ဝါဟာ ဆက်လက် ချဲ့ထွင်​နေကာ အလင်းနှင့် အရိပ်လို မဟုတ်တော့ဘဲ ဓားကိုယ်တိုင် ပေါ်ထွက်လာ၏။ လုရွှမ်ရဲ့ မျက်လုံးများက နီရဲနေပြီး မိုးနတ်ဘုရားဓားကို ယခုတစ်ကြိမ် မထိန်းချုပ်ထားချင်တော့ပေ။

"ယွမ်ယန်ဓားကိုးစင်းရဲ့ ပဉ္စမဓား! ချေမှုန်းပစ်ပြီး သတ်ပစ်!"

လုရွှမ် ကျယ်လောင်စွာ ဟောက်လိုက်ပြီးနောက် မိုးနတ်ဘုရားဓားသည် နတ်မိုး​ကြိုးဆီသို့ အလိုလို ပြေးထွက်သွားသည်။ ယခုအချိန်၌ မိုးနတ်ဘုရားဓားသည် နဂါးတံခါးကို ဖြတ်ကျော်နေသည့် ငါးကြင်းတစ်ကောင်ကဲ့သို့ အချည်းနှီး သေဆုံးသွားခဲ့ရင်တောင် အခွင့်အရေး တစ်ခုအတွက် နောင်တရမည့်ပုံမပေါ်ပေ။

နတ်မိုးကြိုးသည် လူသတ်ချင်သည့် ရည်ရွယ်ချက် ရှိသော်လည်း ၎င်းတွင် အသက်စွမ်းအင်လည်း ရှိနေ၏။ မိုးနတ်ဘုရားဓားပေါ်၌ ပေါင်းစပ်ထားသော သေခြင်းစွမ်းအင်သည် တိုးဝင်လာပြီး ဓားရဲ့ အသက်ရှုသံများက တဟုန်းဟုန်း တောက်လာကာ တစ်ချိန်တည်းတွင် ကမ္ဘာကြီးကလည်း တိတ်ဆိတ်သွားသည်။

စွမ်းအင်တွေနဲ့အတူ ဖြာထွက်သွားသော အလင်းရောင်က တောက်ပလွန်းလှသည်။ ကံအားလျော်စွာ နတ်မီးနယ်ပယ် သခင်များအတွက် အဆင်ပြေသော်လည်း ဖုန့်ဖေးနဲ့ ကျန့်ကျောက်တို့ အဖွဲ့ကတော့ မျက်လုံးများကို မှိတ်ထားရသည်။

ကျန့်ကျောက်ခမျာ အံ့အားသင့်နေခဲ့တာ ကြာလှပြီဖြစ်သည်။ လုရွှမ်ရဲ့ အင်အားက သူ့ထက်သာလွန်နေမယ်လို့ မထင်မှတ်ခဲ့ပေ။ လုရွှမ်က မဟာသူတော်စင် ပထမအဆင့်သာ ဖြစ်သော်လည်း သူကတော့ ကောင်းကင်ဘုံသခင်ရဲ့ အဆင့်၆ ဖြစ်နေပြီ။

ဖုန့်ဖေးလည်း ထိတ်လန့်သွား၏။ သူမရဲ့အရည်အချင်းက ထူးထူးခြားခြား ရှိတယ်လို့ အမြဲတမ်း ထင်ထားခဲ့ပြီး ဆန်းကြယ်ကောင်းကင်အိမ်တော်မှာရှိတဲ့ ပါရမီရှင်တွေတောင်မှ သူနဲ့အတော်အတန် တူညီကြသည်။ ဒါပေမဲ့ အခုချိန်မှာတော့ သူမဟာ နောက်ကျကျန်နေသေးကြောင်းကို တွေ့လိုက်ရပါတော့သည်။

ဖုန့်ဖေးမှာ သူမကိုယ်သူမ ပြန်နှစ်သိမ့်ပေးနေရ၏။ သူမရဲ့ အရည်အချင်း အလွန်ကောင်းမွန်သောကြောင့်သာ မဟုတ်ပါက သူမသည် ထျန်းရှုးတောင်ထွတ်က တပည့် ဖြစ်လာလိမ့်မည် မဟုတ်ပေ။

တချို့လူတွေလည်း ပိုသန်မာကြပါသည်။ နောက်ဆုံးတော့ ကမ္ဘာသေးသေးလေးမှာ အံ့ဖွယ်ပါရမီရှင်က သုံးလေးယောက်ပဲ ရှိတယ်လေ။ နောက်ဆုံး ချဲ့ထွင်​ပြီး ရှာထားရင်တောင်မှ နောက်ထပ်လူတစ်ယောက် ဒါမှမဟုတ် နှစ်ယောက်ပဲ ရှိကာ ထိုသူများသည် သဘာဝအားဖြင့် ပါရမီအရှိဆုံးသူများထဲက ပါရမီအရှိဆုံး လူများ ဖြစ်သည်။

သူမနဲ့ အဲဒီလူတွေကြားက ကွာဟချက်ကလည်း သိပ်မကြီးမားပါဘူး။ အနည်းဆုံးတော့ သူမဟာ အလယ်အလတ်မှာ ရှိတယ်လို့ အဆင့်သတ်မှတ်နိုင်ပါ၏။

ဒါပေမဲ့ ဒီလိုအရည်အချင်းမျိုးနဲ့ လေ့ကျင့်ရွေးချယ်မှုဟာ ကွဲပြားသွားတတ်သည်။ နောက်တစ်ခုကတော့ သူမဟာ သူမ ခြေလှမ်းတွေကို လိုက်လျှောက်နေချိန်မှာပဲ တခြားလူတွေက ကန့်သတ်ချက်တွေကို အဆက်မပြတ် တွန်းလှန်နေပြီး သူမကတော့ သဘာဝအတိုင်း နောက်ကျကျန်နေခဲ့သည်။

ထို့အပြင် ဖုန့်ဖေးသည် ယခု သူ့ကိုယ်သူ အံ့ဖွယ်ပါရမီရှင် လုရွှမ် နှိုင်းယှဉ်ပြီး ပါရမီရှင်များကြားထဲက အထူးချွန်ဆုံး ပါရမီရှင်ဟု မပြောဝံ့တော့ပေ။ သူတို့နှစ်ဦးကြားက ကွာဟချက်ဟာ သဘာဝအတိုင်း အတိုင်းအဆမရှိ ကျယ်ပြန့်သွား​လေပြီ။

"ပြန်သွားပြီး အနာဂတ်မှာ ကောင်းကောင်းလေ့ကျင့်ထား! ဒီဓားက မင်းကို သတ်ဖို့တောင် လုံလောက်​နေပြီ"

လော့ချင်းယီက ရုတ်တရက် ကျန့်ကျောက်ကို လှည့်ကြည့်ကာ ကြိမ်းမောင်းလိုက်သည်။ ကျန့်ကျောက်လည်း ခါးသီးစွာ ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ လုရွှမ်က သူ့သဘာဝအတိုင်း ဖြစ်နေတာ အံ့သြစရာ မလိုပါဘူး။

"ငါ ထပ်လေ့ကျင့်ရဦးမယ်... ငါထပ်လေ့ကျင့်ရင် ညီလေးပါရမီရှင်လို ဖြစ်လာနိုင်မှာတဲ့လားလို့?"

လုရွှမ်သည် လေထဲမှ ပြုတ်ကျလာပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားပြီး ပါးစပ်မှ သွေးများစွာလည်း ထွက်ကျသွားသည်။ ဖြောင်းကနဲ အက်ကွဲသံ ထွက်ပေါ်လာပြီး ဓားအပိုင်းအစများ ပြုတ်ကျကာ မိုးနတ်ဘုရား ဓားမှာလည်း ကွဲအက်သွားခဲ့သည်။

သို့သော် အနည်းဆုံးတော့ နတ်မိုးကြိုးကို နောက်ဆုံးအနေဖြင့် ပိတ်ဆို့ထားနိုင်ခဲ့သည်။ ကံမကောင်းချင်တော့ နောက်ထပ် နတ်မိုးကြိုး နှစ်ခုက ရှိ​နေသေးသည်။

"ဒေါ်လေး.... ကျွန်မတို့ ဘာဆက်လုပ်ရမလဲ? သူက သူ့ရဲ့ မှော်အစွမ်းတွေ အကုန်လုံးကို သုံးပြီးသွားပြီ"

လော့ချင်းယီးက စိုးရိမ်မှုအပြည့်နဲ့ အော်လိုက်၏။ အကြီးအကဲကြီးက သူ့ရဲ့တုတ်ကောက်ကို ပြင်းပြင်းထန်ထန် ​ဆောင့်ရိုက်လိုက်ပြီး

"မလန့်ပါနဲ့... သူ ဒီလမ်းကို စတင်လိုက်ပြီးကတည်းက သူ့ကိုယ်သူ အားကိုးရတော့မှာ သူ့မှာ ဝှက်ဖဲတွေ ရှိနေသေးလို့ ခုခံနိုင်မယ်လို့ ငါယုံကြည်တယ်"

အကြီးအကဲကြီးက သက်ပြင်းတစ်ချက် ချလိုက်ပြီး

"သူဒီလမ်းပေါ် တက်သွားတာ သိပ်စောလွန်းသေးတယ်"

လူတိုင်းမှာလည်း အံ့အားသင့်စွာ​ဖြင့် ဆွံ့အသွားကြသည်။ အမှန်ပင် ဆန်းကြယ်ကောင်းကင်အိမ်တော်ဟာ မဟာသူတော်စင်အထက် ကျင့်ကြံမှုအဆင့် ရှိသူများကိုသာ စုဆောင်းခဲ့သည်။ မိုးကြိုးအတိဒုက္ခသည် နောက်ပိုင်းတွင် နယ်ပယ်ထက် ကျင့်​ကြံမှုစွမ်းအားနှင့်သာ ကိုက်ညီသွားမှာ ဖြစ်သည်။ သို့သော် သူတော်စင်လုရွှမ်ကတော့ အမှားအယွင်းမရှိ ဝင်ရောက်သွားခဲ့သည်။

ယခု အတိဒုက္ခကို သုံးကြိမ်ဆက်တိုက် လွတ်မြောက်ပြီးနောက် အန္တရာယ်သည် ကြီးမားလွန်းလာ၏။ ယခုက အစမှတ်ကို မြင့်မားစွာ မြှင့်တင်ခြင်းနှင့် ညီမျှပြီး နောက်ဆက်တွဲက သဘာဝကျကျ အားမပျော့နိုင်တော့ချေ။

"သူ့ကိုယုံလိုက်ပါ... သူက အံ့ဖွယ်အလုပ်ကို လုပ်နိုင်တဲ့ လူတစ်ယောက် ဖြစ်လာမှာ သေချာတယ်"

ကျန့်ချောင်းရန်လည်း သူ့မိန်းမကို နှစ်သိမ့်ပေးခဲ့ပေမယ့် အနာဂတ်လမ်းကြောင်းကို မမြင်နိုင်တော့ သူကိုယ်တိုင်လည်း စိတ်ရှုပ်ထွေးနေခဲ့သည်။

လုရွှမ်တွင် ဝှက်ဖဲတစ်ချပ် ရှိနေသေးကြောင်း သူ့အလိုလို ခံစားမိသော်လည်း တတိယမှ နတ်မိုးကြိုးကို ကိုင်တွယ်ရန်ပင် အလွန်ခက်ခဲနေပြီ ဖြစ်သည်။ နောက်နှစ်ခုသည် ပို၍ပင်အားကောင်းလာလိမ့်မည်။ ဒီလို မိုးကြိုးအဆိဒုက္ခကို သူဘယ်လို ကျော်ဖြတ်နိုင်မလဲါ

လုရွှမ် မြေပြင်မှထကာ မိုးနတ်ဘုရားဓားကို မြေပြင်ပေါ်တွင် စိုက်ချလိုက်သည်။ ထို့နောက် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး တင်ပျဉ်ခွေ ထိုင်ချလိုက်၏။

"သူ ဘာလုပ်နေတာလဲ?"

"မပြောတတ်ဘူး"

"ကျင့်ကြံနေတာများလား?"

"ဒီအချိန်ကြီးမှာ ကျင့်ကြံနေတယ်?"

"ကောင်းကင်က နတ်မိုးကြိုးတွေကို ကြည့်လိုက်... သူတို့ မဆင်းလာသေးဘူး"

"ဒါဆို သူကျင့်ကြံတဲ့ အခန်းကဏ္ဍကနေ ပါဝင်​ပေးနေတာ အသိသာကြီးပေါ့"

လုရွှမ်၏ ခန္ဓာကိုယ်ပေါ်တွင် ယွမ်ယန်ကျင့်စဥ်၏ စွမ်းအားလှိုင်းများက ပြေးလွှားနေပြီး သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသို့ တိုးဝင်လာသည်။ ယွမ်ယန်ကျင့်စဥ်က လုရွှမ်ရဲ့ အခြေခံအုတ်မြစ် ဖြစ်လေ၏။ သူသည် နောက်ဆက်တွဲ ဖြစ်ပေါ်ခဲ့သော မိုးကြိုးအတိဒုက္ခ နှစ်ခုကို ဘယ်လိုကိုင်တွယ် ဖြေရှင်းရမလဲ မသိ​သေးပေ။

အဲဒီအခါမှာ သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်လာခဲ့သည်။ အမှန်တရားကနေ ရိုးရိုးရှင်းရှင်းပဲ ရှိတတ်တယ်။ အခက်ခဲဆုံးအရာက အရိုးရှင်းဆုံးဖြစ်ကောင်းဖြစ်နိုင်သလို အရိုးရှင်းဆုံးအဖြေကတော့ ဒီနေ့ရဲ့ အခက်ခဲဆုံး ပြဿနာတွေရဲ့ အခြေခံအဖြေပါပဲ။

လုရွှမ် ယွမ်ယန်ကျင့်စဥ် အကြောင်းကို တွေး​နေခဲ့သည်။ ယွမ်ယန်ကျင့်စဥ်သည် ကျင့်​ကြံမှုအဆင့်ကို အခြေခံ၍ ယခုနယ်ပယ်ကို သူ့ကို တိုးတက်စေခဲ့သည်။ ယခုနောက်ဆုံးတွင် မဟာသူတော်စင် နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ယွမ်ယန်ကျင့်စဥ်ကလည်း နောက်တစ်ဆင့်သို့ တိုးမြှင့်ရမည့် အချိန်ဖြစ်သည်။

လုရွှမ် ယခုလိုအချိန်မျိုးတွင် သူ့အရည်အချင်းကို မြှင့်တင်ရန် ရွေးချယ်လိမ့်မည်ဟု ဘယ်သူမှ မမျှော်လင့်ထားပေ။ တစ်ယောက်ယောက်ကသာ အတိအကျ သိခဲ့ရင် သူ့ကို အရူးလို့ပဲ ခေါ်လိမ့်မည်။

သို့သော် လုရွှမ်ကတော့ သူမှန်တယ်လို့ ထင်တဲ့အရာကို လုပ်နေပုံရကြောင်း တွေ့ရလေ၏။

All Chapters