← Chapters

ရောင်းစားခံရပြီ

Vol. 72 Ch. 4.587

ရောင်းစားခံရပြီ

Vol. 72 Ch. 4.587

လာသူမှာ အသိမိတ်ဆွေမှလွဲ၍ အခြားသူမဟုတ်ပေ။ သူမသည် ထျန်းရှောင်း ဟုခေါ်သော အမျိုးသမီး ကျင့်ကြံသူဖြစ်ကာ လုရွှမ် တောင်ပေါ်ကို ပထမဆုံး တက်လာသောအခါက တွေ့ခဲ့ရသောသူပင်။ သို့သော် ယခုအချိန်တွင်တော့ သူမ တစ်ဦးတည်းသာ ဖြစ်သည်။

ထိုမိန်းကလေးရဲ့ မျက်နှာမှာ ဘာမှမထူးခြားသေးဘဲ လုရွှမ်ကိုကြည့်တဲ့ သူမမျက်လုံးများကလည်း တခြားသူများလို ကွဲပြားသည့် ပုံမပေါ်ပေ။

ကျန့်ကျောက်က သူ့လက်ဖဝါးများကို ပွတ်သပ်ကာ အပြုံးတစ်ပွင့်နဲ့ ပြောလိုက်သည်။

"ငါအခုပဲ မင်းကို လာရှာမလို့လုပ်နေတာ ... ဟဲဟဲ ဆရာတူအစ်မထျန်းယင် ရှိလားဟင်? "

ထျန်းရှောင်းရဲ့ မျက်နှာက ချက်ချင်း အေးစက်သွားသည်။ သူမကိုယ်တိုင်လည်း အေးစက်သော မျက်နှာထားရှိသော်လည်း ယခုအခါတွင် ပိုလို့အေးစက်သွားကာ သူစိမ်းများ သူမပိုင်နက်ထဲ ဝင်ခွင့်မပြုဘူးဟုပင် လူအများကို ခံစားလာရစေသည်။

"ဆရာတူအကိုကြီး... အစ်ကို့ရဲ့ ကိစ္စကြောင့် ဆရာတူအစ်မက အပြစ်ပေးခံရပြီးပြီ ဒါတောင်အစ်ကိုက သူမကို ပင်ပန်း​စေချင်နေ​သေးတာလား?"

ကျန့်ကျောက်လည်း အနည်းငယ် ရှက်သွားကာ

"သူမကို ပင်ပန်းစေတယ် ဆိုတာ ဘာကိုဆိုလိုတာလဲ? ငါက ဆရာတူအစ်မနဲ့ ဆွေးနွေးစရာလေးရှိလို့ လာကြည့်တာပါ"

ထျန်းရှောင်းက ကျန့်ကျောက်ကို အေးစက်စွာပဲ စိုက်ကြည့်နေသည်။ သူမမျက်လုံးများက 'ပြော.. ဆက်ပြော ဆက်လိမ်စမ်းပါ နင့်စကားကို သရဲပဲ ယုံလိမ့်မယ်လို့' ပြောနေ၏။

လုရွှမ် ထိုကျန့်ကျောက်ကို ညင်သာစွာ ​ပြန်ဆွဲခေါ်လိုက်သည်။ ဤမိန်းကလေးက သူစိမ်းများနဲ့ အဆက်အဆံလုပ်ဖို့ အနည်းငယ် ရှက်ရွံ့နေပြီး လုရွှမ်လည်း ကျန့်ကျောက်ကို အရှက်မကွဲ​စေချင်ပေ။

ကျန့်ကျောက်ရဲ့ မျက်နှာသည်လည်း နီရဲသွား၏။ နောက်ဆုံးတွင် သူသည် သူ့ညီငယ်​လေးကို အရက်သောက်ရန် ဖိတ်ချင်သော်လည်း နောက်ဆုံးတွင် သူ့ကတိကို ချိုးဖောက်မိခဲ့သည်။

"ထျန်းရှောင်း ဒါက ဒီလိုပါ... ဒီတစ်ကြိမ်တော့ ဆရာတူအစ်မ ထျန်းယင်ဆီကနေ အကြံဉာဏ်ရယူဖို့ ငါ့ရဲ့ညီလေးကို ခေါ်လာခဲ့တယ်။ ဆရာတူညီလေးထျန်းချိုင်က လက်နက်တွေကို သန့်စင်သွားတော့မှာလေ... ငါ့ဆရာ ထျန်းရှုးတောင်ထွတ်သခင်က ပစ္စည်းတွေ ရွေးဖို့ ဘဏ္ဍာတိုက်ကို သွားခွင့်ပေးလိုက်ပြီ... ဆရာက သူ့ကိုအခွင့်အရေး ပေးထားပေမယ့် ပစ္စည်းတွေနဲ့ ရင်းနှီးတဲ့နေရာမှာ ဆရာတူအစ်မထျန်းယင်လောက် ဘယ်တပည့်တွေက အဆင်ပြေလို့လဲ မဟုတ်ဘူးလား?"

လုရွှမ်ကတော့ သူ့စိတ်ထဲမှ ရယ်မောနေလေပြီ။ ထိုကျန့်ကျောက်သည် အရေထူပြီး စကားအတော်အတန် ပြောတတ်သလို စကားပြောလည်း ကောင်းမွန်​ပေသည်။ သူက ကြွားလုံးထုတ်နေတာ ဖြစ်နိုင်တယ်ဆိုတာ သိပေမယ့် ဒီအကြောင်းပြချက်တွေက ချေပလို့လည်း မရဘူးဖြစ်နေ၏။

ထျန်းရှောင်းရဲ့ မျက်လုံးများက လုရွှမ်ကို စိုက်ကြည့်ကာ

"တကယ်လား? ကျွန်မကို တံဆိပ်ပြားပြ!"

ကျန့်ကျောက်ရဲ့ မျက်ခုံးများက ကျယ်လာကာ

"ညီမလေး...မင်း အသက်ကြီးလာလေ သတ္တိရှိလေပါလားကွာ အကိုကြီးငါ့ကို မင်းက မယုံသေးဘူးလား? မင်းရဲ့ ရောင်ကွမ်းတောင်ထွတ်ကို ငါဘယ်နှစ်ခါရောက်ပြီး​ပြီလဲ? မင်းကို အရသာရှိတဲ့ မုန့်တွေ အမျိုးမျိုး အမြဲပေးနေတာပဲလေကွာ....မင်းက အဲဒီမျက်နှာကိုတောင် မထောက်ဘဲ အခု ဆရာတူအစ်ကိုကြီး ဟုတ်မဟုတ်ကို စစ်ဆေးချင်နေသေးတာလား?"

ထျန်းရှောင်းက လုံးဝမတုန်မလှုပ်ဘဲ ပြန်ဖြေလေသည်။

"အဲဒါတွေက အစ်ကို ဆရာတူအစ်မအတွက် ယူလာပေးတဲ့ အရာတွေပဲလေ.... အစ်မက ကျွန်မတို့ကို ခွဲဝေပေးထားတာ အဲ့တော့ အစ်မပေးတာပဲပေါ့... ဒါ့အပြင် ဆရာက ပြောတယ် မီးကာကွယ်ရေးနဲ့ ခိုးမှုကာကွယ်ရေးမှာ ကျန့်ကျောက်က မကောင်းဆိုးဝါးလို ရည်ရွယ်ချက်တွေ ရှိလို့ သတိထားရမယ်တဲ့"

လုရွှမ် မထိန်းနိုင်ဘဲ ရယ်ချလိုက်တော့သည်။ ကျန့်ကျောက် ထျန်းယင်အကြောင်း ပြောနေတာကိုမြင်တော့ လုရွှမ်လည်း ဒီဖက်တီးအစ်ကိုဟာ ရောင်ကွမ်းတောင်ထွတ်က ဆရာတူအစ်မကြီးကို နှောင့်ယှက်ဖို့ ကြိုးစားနေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတာ သိလိုက်ရသည်။

သူတကယ် မမျှော်လင့်ထားဘူး။ ဒီကောင်က တကယ် အဲ့လိုလည်း အရည်အချင်း ရှိတာပဲကိုး။

ဖက်တီးအစ်ကိုသည် ရောင်ကွမ်းတောင်ထွတ်မှာလည်း နာမည်ကောင်း ရှိ​နေတာကို တွေ့နိုင်သည်။ ထျန်းရှောင်းမှာ အေးစက်သော မျက်နှာထားရှိသော်လည်း ကျန့်ကျောက်နဲ့ အလွန်စိတ်ရှည်စွာ စကားပြောနိုင်တာက သက်သေပြနေတာပါပဲ။

"ဘာ? မီးကာကွယ်ရေးနဲ့ ခိုးမှုကာကွယ်ရေး?? ငါ့ရဲ့ဆရာတူညီမရယ်..မင်း တကယ်မတရားဘူး! ငါက ဒီလောက်ကောင်းတဲ့ လူကို ဘယ်လိုလုပ် ပရမ်းပတာဖြစ်အောင် လုပ်ပါ့မလဲ ညီမလေးရယ် သဘောထားကြီးစမ်းပါ"

ထျန်းရှောင်းသည် ကျန့်ကျောက်ရဲ့ လက်နှစ်ဖက်ကို ဖြတ်ရိုက်လိုက်ပြီး

"ဆရာ အစ်ကို့ရဲ့ကျင့်ကြံမှု နတ်မီးနယ်ပယ်ကို ရောက်တဲ့အထိ စောင့်ခိုင်းဖို့ ပြောခဲ့တယ်... မဟုတ်ရင် အစ်မနဲ့ ရင်းနှီးခွင့် မပေးဘူး"

ထိုအခါ ကျန့်ကျောက်က သက်ပြင်းချလိုက်လေသည်။

"ဟူး... မင်းကတော့ ငါ့ရဲ့ အဆုံးစွန်သော လှုပ်ရှားမှုကို အသုံးချဖို့ တွန်းအားပေးနေပါလား... ညီလေးထျန်းချိုင် ကျေးဇူးပြုပြီး တံဆိပ်ပြားကို ထုတ်ပြလိုက်ပါတော့"

လုရွှမ်သည် ထျန်းရှုးတောင်ထွတ်သခင် ကျန့်ချောင်းရန်ရဲ့ သင်္ကေတကို ထုတ်ယူနေတာကို မြင်ရသောအခါ ထျန်းရှောင်းလည်း အံ့အားသင့်သွားသည်။ သူမက ကျန့်ကျောက်ဘက် လှည့်အော်လိုက်၏။

"ဆရာတူအစ်ကိုကြီး... အစ်ကို့မှာ သင်္ကေတရှိရဲ့သားနဲ့ ဒီမှာ တခြားသူတွေရဲ့ အချိန်တွေကို ဘာလို့ ဖြုန်းနေသေးတာလဲ? ဟမ့် တက်သွားတော့!!"

ကျန့်ကျောက် လုရွှမ်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး နှစ်ယောက်သား လှေကားထစ်များပေါ်မှ ရောင်ကွမ်းတောင်ထွတ်သို့ လှမ်းတက်လာခဲ့ကြသည်။

"ညီလေး မင်းမြင်တယ်မလား? ဆရာတူ ညီအစ်မတွေက သူတို့အောင်မြင်တယ်လို့ ထင်ရင် သူတို့စိတ်ထဲမှာ ပျော်နေလိမ့်မယ်.... သူတို့ပျော်သွားရင် နောက်ဘာတွေ ဆက်ဖြစ်မလဲဆိုတာ တွေးလို့​တောင် မရတော့ဘူး"

"ဟုတ်ပါတယ် ဆရာတူအစ်ကို့ကို ကျေးဇူးတင်ပါတယ် တံဆိပ်ပြားက ဘဏ္ဍာတိုက်ကို သွားရမယ်လို့ ပြောပေမယ့် ဆရာတူအစ်မထျန်းယင်ကို သွားတွေ့ဖို့လို့ မပြောထားဘူးလေ"

ကျန့်ကျောက် လုရွှမ်ရဲ့ ပုခုံးကို ပွတ်သပ်လိုက်ပြီး

"သိပါတယ် မြန်မြန် သွားရအောင်... အဲဒီကလေးမ ထျန်းရှောင်းက အရမ်း ထက်မြက်ပါတယ် ခဏနေရင် တုံ့ပြန်လာလိမ့်မယ်"

သူဒီလိုပြောပြီးတာနဲ့ လုရွှမ် ကို ဆွဲထုတ်ပြီး ကျောက်တုံး လှေကားကြီးတွေကို အလျင်အမြန် ပြေးတက်သွားခဲ့လေသည်။ သေချာပါတယ် မကြာခင်မှာပဲ ထျန်းရှောင်းရဲ့ ဒေါသသံက သူတို့အနောက်ကနေ ထွက်လာတော့သည်။

"ဆရာတူအစ်ကိုဖက်တီး!! ရပ်စမ်း! ဦးလေးကျန့်က ဆရာတူအစ်မထျန်းယင်ကို လာတွေ့ဖို့ ခွင့်မပြုထားဘူး!"

"ဟေ့ ငါတို့တောင်ပေါ်​တောင် တက်ပြီးပြီလေ ဘိုင့်ဘိုင်!"

သူတို့နှစ်ယောက် အရှိန်ပြင်းပြင်းနဲ့ ပြေးတက်သွားရာ သူတို့နောက်က ထျန်းရှောင်းလည်း ပျောက်သွားလေ၏။

"ဖက်တီးအစ်ကိုကြီး! အစ်ကိုဘာလို့ ထပ်ရောက်လာပြန်တာတုန်း?"

လမ်းတစ်လျှောက်တွင် မိန်းကလေး တပည့်များစွာက အော်ဟစ်ကြပြီး အများစုမှာ သူမတို့၏ မျက်နှာပေါ်တွင် အပြုံးများ ရှိနေ​ကြပြီး အများစုမှာ မျှော်လင့်ချက်များ ရှိနေကြသည်။

ကျန့်ကျောက်က ခါးသီးတဲ့မျက်နှာနဲ့ ပြောလိုက်သည်မှာ။

"ညီမငယ်တို့ရေ မင်းတို့ရဲ့ အမြတ်ထုတ်မှုကြောင့် ငါ့မှာကိုယ်အလေးချိန် ကျလုနီးပါးဖြစ်နေပြီ...ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး သနား​ကြပါဟ!"

မိန်းကလေး တပည့်တွေက ငယ်ငယ်ရွယ်ရွယ်နဲ့ တက်ကြွကြပြီး သူတို့က သံပြိုင်အော်လိုက်ကြလေ၏။

"မဖြစ်ဘူး... မဟုတ်ရင် ဆရာကို အကြောင်းကြားပြီး လာကြည့်ခိုင်းလိုက်မယ်"

ကျန့်ကျောက် ရုတ်တရက် ရယ်မောလိုက်၏။ လုရွှမ်လည်း တစ်ခုခုတော့ မူမမှန်ဘူးလို့ ခံစားလိုက်ရချိန် သူ့ပုခုံးဆီကနေ ပြင်းထန်တဲ့ တွန်းအားတစ်ခု ထွက်လာတာကို ခံစားလိုက်ရပြီး ကျန့်ကျောက်က သူ့ကို မိန်းကလေး တပည့်တွေဆီ တွန်းပို့လိုက်တော့သည်။

"ညီမငယ်တို့ အတွက် ငါဘယ်လိုလုပ် မေ့ပါ့မလဲ? ဒါပေမဲ့ ဒီတစ်ခါတော့ မင်းတို့ကို လက်ဆောင်ကြီး တစ်ခုပေးမယ်.... ဒါက ငါ့ညီငယ်လေး ကျန်းထျန်းချိုင် ဉာဏ်ရည်ထက်မြက်ပြီး ထိပ်တန်းလူကောင်း တစ်ယောက်ပါ.... မင်းတို့လက်ထဲမှာ သူ့ကိုဖမ်းမိထားဖို့ အစွမ်းကုန် ကြိုးစားထားရမယ်နော်"

သူပြောသည့်အတိုင်း အမြန်ပြေးသွားခဲ့သည်။ လုရွှမ် တိတ်တိတ်ဆိတ်ဆိတ် ခါးသက်သက် ပြုံးလိုက်ပေမယ့် သူ့ဘေးမှာ မိန်းကလေးတစ်စုက ဝိုင်းနေပြီ။

"သူက တကယ် ထျန်းချိုင်လား? အရမ်းငယ်ပြီး ချောလိုက်တာ..."

"နိမ့်ကျတဲ့ အဆင့်ကို မကြည့်နဲ့နော်... သူ့ခွန်အားက အရမ်းသန်မာတယ်လို့ ကြားတယ်"

"ကောင်းကင်ဘုံသခင် တချို့ကတောင် ဆရာတူမောင်လေး ထျန်းချိုင်နဲ့ မယှဉ်နိုင်ဘူးဆို?"

မိန်းကလေး ကျင့်ကြံသူ တစ်ဒါဇင်ကျော်က လုရွှမ်ကို ဝိုင်းထားပြီး ပြုံးစိစိဖြင့် လက်ညှိုးများလည်း ဝိုင်းထိုး​​​နေ​ကြသည်။

သို့သော် သူတို့သည် အနည်းငယ် ရှက်နေသေးကာ ဘာဘာညာညာ မမေးတော့ဘဲ အများစုမှာ နီမြန်းသော မျက်နှာများဖြင့် သူ့ကိုသာ ကြည့်နေ၏။ မျက်လုံးများကတော့ ချစ်ခင်မှုအပြည့်ဖြင့်။

လုရွှမ်မှာ သူ့အရင်ဘဝက ငယ်ဘဝကို ပြန်ရောက်သွားသလိုမျိုးတောင် ခံစားလိုက်သည်။ သူ ဒီလိုမခံစားခဲ့ရတာ တော်တော်တောင် ကြာသွားပြီ။ ပထမဆုံးအကြိမ် တပည့်ဖြစ်သောအခါတွင် အလွန်ပွင့်လင်းသော အချစ်ရေးရှိပြီး အပြစ်ကင်းသော ဆရာတူအစ်မနဲ့ ညီမငယ်များစွာလည်း ရှိခဲ့သည်။

"အဲဒီလူယုတ်မာနှစ်ယောက် ဘယ်မှာလဲ?"

အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။

"အိုး ဒီမှာပါ ဆရာတူအစ်မ ထျန်းရှောင်း"

ထင်ရှားသည်မှာ ထျန်းရှောင်းသည် ဒီမိန်းကလေးများကြားတွင် ကြီးကျယ်သော ဂုဏ်ဒြပ်ရှိလေ၏။ သူမ ပေါ်လာတာနဲ့ မိန်းကလေး ကျင့်ကြံသူ အုပ်စုတစ်စုသည် အရူးအမူး လူစုခွဲသွားရာ လုရွှမ် ပေါ်ထွက်လာခဲ့သည်။

သူမရဲ့ ကျင့်ကြံမှုအဆင့်က လူတွေကြားထဲမှာ သိပ်မမြင့်ပေမယ့် သူမရဲ့ အေးစက်တဲ့ စိတ်နေစိတ်ထားက လူတွေကို ကူကယ်ရာမဲ့ ကြောက်ရွံ့ထိတ်လန့်အောင် ပြုလုပ်နိုင်၏။

ထျန်းရှောင်း လုရွှမ်ကို တွေ့တော့ အော်ဟစ်ပြီး မေးလိုက်သည်။

"အစ်ကိုဖက်တီး ဘယ်မှာလဲ??"

"ငါခန့်မှန်းတာသာ မှန်မယ်ဆိုရင် သူငါ့ကို ဒိုင်းတစ်ခုအနေနဲ့ သုံးသွားတာ... ပြီးတော့ ဆရာတူအစ်မထျန်းယင်ကို သွားတွေ့နေလောက်ပြီ သူက ဆန့်ကျင်ဘက် လိင်ရှိပြီး လူမဆန်ဘူး!"

လုရွှမ် ရှက်ရွံ့စွာနဲ့ ပြောလိုက်သည်။ ဒီကိစ္စက သူနဲ့ ဆက်နွယ်နေပေမယ့် မထီမဲ့မြင်အသံဖြင့် ဖြေလိုက်ပါ၏။ ကောင်မလေးတွေက ခဏလောက် ထိတ်လန့်သွားပြီး ရယ်မောလိုက်ကြ၏။

"ဟမ့် နင်က အစ်ကိုဖက်တီး အကြောင်းကို ဒီလိုပြောတယ်ဆိုတော့ နင်လည်း ဘာမှ မကောင်းလောက်ဘူး!"

ထျန်းရှောင်းက ရှုံ့တွနေသော မျက်နှာဖြင့် ငြီးငြူလိုက်သည်။

All Chapters