← Chapters

ထျန်းရှောင်းရဲ့ အတွေး

Vol. 72 Ch. 4.588

ထျန်းရှောင်းရဲ့ အတွေး

Vol. 72 Ch. 4.588

"ကျွန်​​တော်က အဲ့လိုမဟုတ်ဘူး!" လုရွှမ် ပြုံးလိုက်သည်။

သူ့ရဲ့ တိုးတက်လာနေသော နယ်ပယ်ကြောင့် လုရွှမ်ရဲ့ စိတ်သည်လည်း များစွာနုပျိုလာပြီး ယခင်ကကဲ့သို့ ရှေးရိုးစွဲ သစ်သားတုံး မဟုတ်တော့ဘဲ ပြုံးကာ နောက်ပြောင်ခဲ့သည်။

"အား!"

မိန်းကလေး တစ်ယောက်က ထအော်လိုက်၏။

"နင် ဆရာတူအစ်မ ထျန်းရှောင်းကို နောက်ပြောင်နေတာလား?"

လုရွှမ် အံ့ဩသွားသည်။ နောက်ပြောင်တယ်? နားမလည်ဘူး။ ထျန်းရှောင်းရဲ့ မျက်နှာကတော့ မျှော်မှန်းထားသည့်အတိုင်း နီရဲလာပြီး အေးစက်တင်းမာလာခဲ့သည်။

"ငါ နင်နဲ့ ပြိုင်မယ်"

ဘာလဲ? ဒါဘာ​ဖြစ်သွားတာလဲ?

လုရွှမ်သည် ကလေးမလေးကို ကြည့်ပြီး အစောတုန်းက သူပြောခဲ့တဲ့ စကားကြောင့် သူမ စိတ်အနှောင့်အယှက် ဖြစ်သွားကြောင်းကို သိလိုက်ရသည်။ သူမ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ် မျက်ရည်များလည်း ပြည့်နှက်နေသည်။

လုရွှမ် သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး

"ဆရာတူအစ်မ ထျန်းရှောင်း... ကျွန်တော်က နောက်နေတာပါ မင်းကို မရိုမသေပြုဖို့ သေချာပေါက် မရည်ရွယ်ပါဘူး ပြိုင်ပွဲကို မေ့လိုက်ကြရအောင်လား?"

"ဟမ့် နင့်ရဲ့ဓားကို ဆွဲထုတ်ပြီး ငါ့ကိုတိုက်ခိုက်စမ်းပါ... နင်ဘယ်လောက် အရည်အချင်း ရှိလဲဆိုတာ ငါကြည့်ချင်တယ်!!"

သူမရဲ့နောက်ဆုံး စကားနှစ်ခွန်းက သူမဒေါသကိုထိန်းကာ ကြမ်းတမ်းစွာ ပြောလိုက်ကြောင်း သိသာစေသည်။

"အစ်မ... ညီမက နောက်လိုက်တာပါ... ဆရာတူမောင်လေး ထျန်းချိုင်က အဲ့လိုသဘောနဲ့ ပြောတာ မဟုတ်ပါဘူး...မပြိုင်ချင်ပါနဲ့လား"

"ဟုတ်ပါတယ် ညီမလေး ဓားကိုချလိုက်ပါ... ဆရာသိသွားရင် စိတ်ဆိုးလိမ့်မယ်"

ထျန်းရှောင်းရဲ့ ဓားစွမ်းအင်သည် ပြင်းထန်ပြီး သူမဓားဖျားမှ ဓားအလင်းတစ်ခု ထွက်ပေါ်လာသည်။ တစ်ဆက်တည်း သူမမျက်နှာကလည်း ပိုအေးလာပြီး

"ဟမ့်... ငါတို့ ထျန်းရှုးတောင်ထွတ်ကို ရောက်ပြီးတာတောင် သိပ်မကြာသေးဘူး ကျန့်ကျောက်ဆီကနေ လျှို့ဝှက်ချက်နဲ့ အတတ်ပညာတွေကို သင်ယူပြီးပြီ... ဒါကြောင့် သူ့ကို ရိုက်သင့်တယ်"

လုရွှမ် အံ့အားသင့်သွားသည်။ ဒါက အပြစ်တစ်ခုဆိုရင် သူ ကျန့်ကျောက်ဆီက သင်ယူခဲ့တဲ့ အရာ မရှိတာတော့ သေချာပါတယ်။

"ဓားကိုကြည့်!"

ထျန်းရှောင်းက အော်ပြီး သူမဓားကို ဝေ့ယမ်းလိုက်သည်။

သူမ ဓားကို ခပ်မြန်မြန် ဆုတ်ထုတ်၍ လှုပ်ရှားလိုက်သည်နှင့် သူမရဲ့အမြန်နှုန်းက အလွန်လျင်မြန်လွန်းလှသည်။ ခေါင်းချင်းဆိုင် ရပ်နေတာ သိသာထင်ရှားသော်လည်း ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုရဲ့ အနံ့အသက်ဆိုးများလည်း ရှိနေသည်။

လုရွှမ် အံ့အားသင့်သွားသော်လည်း ၎င်းကို စိတ်ထဲမထားမိပေ။ ဒီလှုပ်ရှားမှုက တကယ်ကို သိမ်မွေ့ပေမယ့် ဘုရင်ကြီးတစ်ပါးရဲ့ လှုပ်ရှားမှုတစ်ခုလိုတော့ မဟုတ်ပါဘူး။ ပြိုင်ဘက်က သတိထားနေချိန်ဆို ဒီသိုင်းကွက်က အသုံးမဝင်တော့ဘူး။

သူသည် ထျန်းရှောင်ရဲ့ ဓားချက်ကို ရင်ဆိုင်ရန် သူ့လက်ချောင်းများကို မြှောက်လိုက်သည်။ သူ့လက်ချောင်းများကို လှုပ်ရှားပြီးသည့်နှင့် ဓားကို လက်ချောင်းများကြား ဖမ်းညှပ်ထားလိုက်သည်။

ဓားထိပ်ပေါ်တွင် ဓားရောင်ဝါများ တောက်ပနေသော်လည်း လုရွှမ် ထိုဓားစွမ်းအင်ကို မကြောက်ပေ။ ထိုဓားရောင်ဝါလောက်ကို သူက ကြောက်ရမှာလား။

သူသည် ဓားပေါ်မှ လက်ချောင်းများကို ညင်သာစွာ ပွတ်သပ်လိုက်ရာ စူးစူးဝါးဝါး အသံတချို့ ထွက်လာပြီး ဓားထိပ်ရှိ ဓားအလင်းရောင်က ပျောက်ကွယ်သွားလေသည်။

"ဟမ့် နင့်မှာ ကျွမ်းကျင်မှု တစ်ခုခုတော့ ရှိနေတာ သေချာတာပဲ"

ထျန်းရှောင်း ထိုဓားကို ရှေ့မှဖယ်ထုတ်ကာ ဓားရှည်တစ်လတ်ဖြင့် အစားထိုးလိုက်သည်။

ဓားရှည်ကို ပထမသုံးသွားသော ဓားထဲတွင် ထည့်ထားသော်လည်း ၎င်း၏ရောင်ဝါ အတက်အကျများကို ဖုံးကွယ်ထားခြင်း မရှိပေ။ ဓားရှည်ကြီးပေါ်တွင် စူးစူးရှရှ အာရုံခံစားမှု တစ်ခုရှိကာ တစ်ချက်ကြည့်ရုံဖြင့် ထူးထူးခြားခြား ရှိကြောင်း ထင်ရှားလှသည်။

"ဆရာတူအစ်မ... ဆရာက ကောင်းကင်ဆီးနှင်းဓားကို စိတ်ကြိုက်သုံးခွင့် မပြုဘူးလို့ ပြောထားတယ်မလား?"

ကောင်မလေးက ခပ်မြန်မြန် ထအော်လိုက်သည်။ ထျန်းရှောင်းက တိုးတိုးလေး ပြန်ဟစ်အော်လိုက်ပြီး

"ဈေးကြီးပေးပြီး ဓားကို သန့်စင်ပြီးကတည်းက ဘာလို့ မသုံးရမှာလံ? နောက်ပြီး ငါက ဆရာတူမောင်လေး ထျန်းချိုင်နဲ့ ရင်ဆိုင်ရတာဆိုတော့ သဘာဝအတိုင်း အသုံးချသင့်တာပေါ့ မဟုတ်ဘူးလား?"

လုရွှမ်သည် ထျန်းရှောင်းရဲ့ မျက်လုံးများကို စိုက်ကြည့်ကာ မတတ်နိုင်ဘဲ ရယ်မောလိုက်တော့သည်။ အကုသိုလ်ကံပါလား။ မိန်းမတွေက မွေးရာပါ ဟန်ဆောင်တတ်တယ်လို့ ဘယ်သူက ပြောခဲ့တာပါလိမ့်။ သူတို့ပြောတာ မှန်ပါ၏။ ဒီမိန်းကလေးရဲ့ မျက်လုံးတွေက မျှော်လင့်ချက်တွေ ပြည့်နှက်နေတယ်။ အရင်က သူမလုပ်ခဲ့သမျှက လက်ရှိမြင်ကွင်းကို ဦးတည်​စေဖို့ပဲ ဖြစ်လိမ့်မည်။

"ကောင်းပြီ... ဆရာတူအစ်မက ကျွန်တော့်ကို အကြံဉာဏ်တစ်ခု ပေးချင်တယ် ဆိုမှတော့ ကျွန်တော် လေးစားရမှာပေါ့"

လုရွှမ်က ဆိုလိုက်သည်။ လုရွှမ် သူမရဲ့ ရည်ရွယ်ချက်ကို မြင်ကြောင်း ထျန်းရှောင်းလည်း သိလိုက်သည်။ သူမရဲ့ ပါးပြင်များ အနည်းငယ် နီရဲလာပြီး

"သတိပေါ့မထားနဲ့... ငါတို့ကြားမှာ နယ်ပယ်ငယ် ရှစ်ခု ကွာခြားတယ် နင်ဘယ်လောက်ပဲ အရည်အချင်း ရှိ​နေပါစေ ရလဒ်က အရှုံးပဲ ထွက်လာမှာ"

သူမလက်ထဲတွင် ဓားတစ်ချောင်းကို ဝှေ့ယမ်းလိုက်ပုံမှာ ထိုရှည်လျားသော ဓားရှည်ကြီးကို အလွန်ယုံကြည် အားကိုးနေမိပုံရသည်။

ဓားရှည်များကို မိမိအမည် ပြန်ပေးတတ်သည့် အစဉ်အလာ ရှိကြသော ကျင့်ကြံသူများသည် ဓားရှည်များကို ကိုယ်တိုင်သာ သန့်စင်ကြသည်။ ထင်ရှားသည်မှာ ဒီဓားကို ကောင်းကင်ဆီးနှင်းဓား (ထျန်းရှောင်းဓား) ဟုခေါ်ပြီး သူမကိုယ်တိုင်ရဲ့ နာမည်ဖြစ်လို့ သဘာဝကျကျ သူမ ဖန်တီးထားခြင်း ဖြစ်သည်။

ဓားရှည်ကြီးကို ကြည့်လိုက်တော့ ဓားရှည်ထဲမှာ ရှိနေတဲ့ ဓားရောင်ဝါကို မြင်ရလေပြီး ဓားသွားကို ထုတ်ယူလိုက်တဲ့အခါ လျှို့ဝှက်ဆန်းကြယ်တဲ့ လက်နက်တစ်ခုလိုပင် ဖြစ်သွား၏။

လက်နက်ကိုးမျိုးအထဲ လျှို့ဝှက်ဆန်းကြယ်တဲ့ လက်နက်ကလည်း အောက်ခြေအဆင့် မခွဲခြားထားပေ။ ၎င်းတို့သည် အဆင့်မြင့် လက်နက်များ ဖြစ်နေပြီ ဖြစ်သည်။ သာမန်လက်နက်များလို အဆင့်မြင့်တင်ရန် မလွယ်ကူပေ။

တီးတိုးသံနှင့်အတူ ထျန်းရှောင်း ထို​ဓားကို ဝေ့ယမ်းပြလိုက်သည်။ ဓားသည် အဖြူရောင်ဖြစ်ပြီး နတ်သမီးထျန်းရှောင်းရဲ့ အငွေ့အသက်နှင့် အလွန်ဆင်တူသည့် အေးစက်သော အငွေ့အသက်များကို ထုတ်ပေးလျက် ရှိသည်။

ပတ်ဝန်းကျင်က ရောင်ဝါနဲ့ ရေစက်လေးတွေက ဓားပေါ်မှာ မထင်မှတ်ဘဲ စိမ့်ဝင်သွားသလိုမျိုး အေးစက်တဲ့ ခံစားမှုတစ်ခု ဖြစ်လာသည်။

လူသတ်ရန် ရည်ရွယ်ချက် လုံးဝ မပါဝင်သဖြင့် ဓား သွေးမသောက်ရသေးကြောင်း သိသာကာ သန့်စင်ခဲ့တာလည်း မကြာသေးပေ။ လုရွှမ် နတ်သမီးထျန်းရှောင်းရဲ့ မျက်နှာပေါ်က မာနကြီးသော အကြည့်ကို သတိပြုမိသည်။ တကယ်တော့ သူမဟာ ကလေးမလေးဖြစ်ပြီး လျစ်လျူရှု ဟန်ဆောင်ပြီး အေးစက်စက် လုပ်နေသော်လည်း တည်ငြိမ်အေးဆေးနေဖို့က သူမအတွက် ခက်ခဲနေပါသေး၏။

သူမသည် ဂုဏ်ယူစွာ အော်ပြောလိုက်သည်။

"ဒီကောင်းကင်ဆီးနှင်းခဲကို အနှစ်တစ်ထောင် ဆန်းကြယ်ရေခဲလှိုဏ်ဂူမှာ သုံးနှစ်ကြာအောင် ထိန်းထားပြီး အခင်းအကျင်း မရေးခင် တစ်နှစ်လောက် ငြိမ်​ငြိမ်သက်သက် လေ့ကျင့်ခဲ့တာ ...ထွက်လာပြီးတာနဲ့ ကောင်းကင်မိုးကြိုးကို စုပ်ယူတယ် သူ့ကို လျှို့ဝှက်ဆန်းကြယ်တဲ့ လက်နက် အဖြစ် သတ်မှတ်ထားပြီးပြီ... အခုဆို ဒုတိယအဆင့်ပဲ"

ထျန်းရှောင်း လုရွှမ်ကို တစ်ချက် ကြည့်လိုက်သည်။ လုရွှမ်လည်း ဤမိန်းကလေးသည် လက်နက် သန့်စင်ရာတွင် အမှန်တကယ် ထက်မြက်ကြောင်း တိတ်တဆိတ် ချီးကျူးခဲ့သည်။

လုရွှမ် သူ့လက်တွေကို ဖြန့်​ပြလိုက်ပြီး

"ငါ့ဓားက ကျိုးသွားပြီ ဒါပေမဲ့ ငါ့လက်နဲ့ ကန်သွင်းတဲ့ စွမ်းရည်က အတူတူပဲဆိုတော့ မင်းကို နည်းနည်းလေး လှုပ်ရှားပေးမယ်"

ထျန်းရှောင်းရဲ့ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားပြီး သူမ သွားများကို အံကြိတ်လိုက်သည်။

"ကောင်းပြီလေ ဒါဆို နင်ငါ့သိုင်းကွက်တွေကို ဘယ်လောက်ထိ လှုပ်ရှားနိုင်မလဲ ဆိုတာ ငါကြည့်လိုက်ဦးမယ်"

လုရွှမ်မှာ သူစကား ပြောပြီးတာနဲ့ ဒီမောက်မာတဲ့မိန်းကလေးကို ထပ်ပြီး ဒေါသထွက်စေခဲ့တာကို ခန့်မှန်းမိလိုက်သည်။ မျှော်လင့်ထားတဲ့အတိုင်း ထျန်းရှောင်းဟာ လက်နှစ်ဘက်စလုံးဖြင့် ဓားကို ကိုင်ဆောင်ကာ အရှိန်အဟုန်မပျက်ဘဲ လှုပ်ရှားလာ၏။

လေထုက မလှုပ်ရှားသွားပေမယ့် လေအေးတွေ ထွက်​ပေါ်လာခဲ့သည်။

အအေးဓာတ်က ခန္ဓာကိုယ်ထဲကို ပေါက်ထွက်လုမတတ်ပင်။ လုရွှမ် သူ့ခန္ဓာကိုယ်ကို မလှုပ်ရှားမီတွင် သူ့ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များသည် ရေခဲအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး ရေငွေ့များသည် အေးခဲသွားကာ လုရွှမ်မှာ ရေခဲတုံးများအတွင်း ရောက်သွားသလိုပင် ခံစားလာရသည်။

ခွမ်း!

ရေခဲတုံးများပေါ်ရှိ လိုင်းများ အက်ကွဲသွားပြီး ရေခဲတုံးများလည်း ကွဲအက်သွားသည်။ လုရွှမ်သည် သူ့လက်ဖဝါးပေါ်ရှိ ရေခဲတုံး တစ်တုံးကို ကိုင်ကာ ထွက်လာရင်း ပါးစပ်ထဲထည့်၍ နှစ်ကြိမ်ခန့်ဝါးကာ ပြုံးပြလိုက်၏။

"အေးခဲနေတဲ့ ဝိညာဉ်စွမ်းအင်က အရမ်း ကောင်းပါတယ်... ဒါက နှစ်ပေါင်းတစ်သောင်း သက်တမ်းရှိတဲ့ ရေခဲဂူရဲ့ စွမ်းအားပဲ တကယ်ကို အစွမ်းထက်ပါတယ်... ငါလည်း အချိန်ရရင် အဲဒီကို သွားကြည့်ဖို့ လိုလာပြီပဲ"

လုရွှမ်သည် အနှစ်တစ်သောင်း ဆန်းကြယ်ရေခဲကို ရရှိခဲ့ပြီးသား ဖြစ်သောကြောင့် အနှစ်တစ်သောင်း ရေခဲပြင်က ဘယ်လောက် အစွမ်းထက်ကြောင်း သဘာဝကျကျ သိခဲ့သည်။ သို့သော် ဤနေရာက အနက်ရောင်ရေခဲများသည် ရွှမ်ခုန်းတောင်မှ ရရှိလညသော အနှစ်တစ်သောင်း အနက်ရောင်ရေခဲများထက် ပိုမိုအားကောင်းနေတာ ထင်ရှားပေ၏။

တခြားဘာမှမဟုတ်ရင်တောင် အတိုင်းအတာက ကွဲပြားနေပြီ။ ရွှမ်ခုန်းတောင်မှာ ရေခဲတုံးတစ်ခုပဲရှိပေမယ့် ကောင်းကင်အောင်ခြင်းဂိုဏ်းနဲ့ လူ့ကမ္ဘာဂိုဏ်းအတွင်းမှာတော့ အနှစ်တစ်သောင်းရှိတဲ့ အနက်ရောင် ရေခဲလှိုဏ်ဂူတစ်ခု ရှိ​လေသည်။

တစ်ခုက လေအေးကို အဆက်မပြတ် ထုတ်နေပြီး နောက်တစ်ခုက လေအေးကို အဆက်မပြတ်စုပ်ယူနေရာ သက်ရောက်မှုကတော့ သဘာဝကျကျ လုံးဝကို ကွဲပြားလေသည်။

"ဆန်းကြယ်ရေခဲ! ဘယ်လိုလုပ် စားပစ်နိုင်တာလဲ?"

စောင့်ကြည့်နေကြတဲ့ ကျင့်ကြံသူ မိန်းကလေးများက လှမ်းအော်ကြ၏။

သူမတို့သည် နှစ်သောင်းချီရေခဲနဲ့ သဘာဝကျကျ အလွန်ရင်းနှီးကြသည်။ ကောင်းကင်အောင်ခြင်းဂိုဏ်းက မဟာသူတော်စင် နယ်ပယ် အဆင့်မရှိဘဲ ဘယ်သူမှ ချဉ်းကပ်ခွင့်မပြုကြောင်း ရှင်းရှင်းလင်းလင်း အမိန့်ထုတ်ထားပြီး ကောင်းကင်ဘုံသခင် မဖြစ်လာမီတွင် အနှစ်တစ်သောင်း ဆန်းကြယ် ရေခဲလှိုဏ်ဂူ အတွင်းသို့ သုံးနှစ်ထက်ပို၍ မဝင်ရပေ။

All Chapters