ပန်းတစ်ရာမိန်းမပျို
Vol. 72 Ch. 4.590
"ကျေးဇူးတင်ပါတယ် ဆရာတူအစ်ကိုကြီး ကျေးဇူးတင်ပါတယ်..."
ကလေးမလေးက မျက်လုံးများကို မှိတ်လိုက်ပြီး စိတ်လှုပ်ရှားစွာ အော်ပြောကာ ဝမ်းသာအားရ ပြေးသွားခဲ့သည်။
လုရွှမ် ရောင်ကွမ်းတောင်ထွတ်ရဲ့ ဓားသိုင်းအပေါ် နားလည်မှု သိပ်မရှိပေမယ့် လုရွှမ်ရဲ့ နားလည်မှုက အလွန်လေးနက်ပြီး သူတော်စင် နယ်ပယ်မှာသာ ရှိသေးတဲ့ ကလေးငယ်ကို ပေးအပ်လိုက်တာဟာ ကြီးမားတဲ့ လက်ဆောင်တစ်ခု ဖြစ်နေပါပြီ။
"ညီလေးရေ အံ့သြစရာပဲကွာ... မင်း ဒီမိန်းကလေးတွေရဲ့ နှလုံးသားကို မြန်မြန်ဆန်ဆန် ခုန်စေနိုင်တာပဲကွ! သူမရဲ့ ရှက်ရွံ့တဲ့ အကြည့်ကို ကြည့်လိုက်စမ်း... လူငယ်တွေများ အရမ်းကောင်းတာပဲ"
ကျန့်ကျောက်ရဲ့ အသံက ထွက်ပေါ်လာခဲ့သည်။ လုရွှမ် သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်ကာ
"အစ်ကိုဖက်တီး ခင်ဗျား အရမ်းလွန်သွားပြီ... ဆရာတူညီလေး တစ်ယောက်ကို ဒိုင်းတစ်ခုအနေနဲ့ သုံးသွားစရာလား?"
ကျန့်ကျောက်က တဟားဟားရယ်ပြီး သူ့လက်ထဲက သေရည်အိုးကို ယမ်းပြလိုက်သည်။
"အစ်ကိုကြီးက လုပ်အားနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အပိုင်းပဲ မဟုတ်ဘူးလား? ညီလေး မင်း အလုပ်ကောင်းကောင်း မလုပ်ချင်ဘူးလား လာပါ သွားသောက်ရအောင်... ဟားဟားဟား ဆရာတူအစ်မ ထျန်းယင်ချက်ထားတဲ့ ပန်းတစ်ရာမိန်းမပျိုက ငါတို့ ကောင်းကင်အောင်ခြင်းဂိုဏ်းမှာ အကောင်းဆုံးပဲ...ငါ မင်းကိုပြောပြမယ် ဂိုဏ်းထဲက အကြီးအကဲတွေ ဆရာဦးလေးတွေ တော်တော်များများတောင် သေရည်ဝယ်ဖို့ ဆရာတူအစ်မဆီ တကုတက လာရတာနော် မင်းကံကောင်းတယ်မှတ်!"
သူပြောတဲ့အတိုင်းပဲ သေရည်အိုးကို ယမ်းလိုက်တာနဲ့ တစ်ပြိုင်နက် ရုတ်တရက် ပြင်းထန်သော သေရည်အမွှေးအကြိုင် ရနံ့က လေထုအလယ်၌ ပွင့်လန်းလာခဲ့သည်။
လုရွှမ်မျက်နှာသည် ချက်ချင်းပင် နီမြန်းလာပြီး အစောတုန်းက ခံစားချက်တွေ ပျောက်ကွယ်သွားကာ အသက်ပြင်းပြင်း ရှူရှိုက်လိုက်သည်။
"ကောင်းလိုက်တဲ့ သေရည်ပဲ!"
သေရည်အိုးကို ပထမဆုံး အနံ့ခံလိုက်တုန်းက အထူးအဆန်း မဟုတ်ပေ။ သို့သော် သေရည်ရနံ့က ဗိုက်ထဲအထိ တိုးဝင်လာသောအခါတွင် ချက်ချင်းပင် လှိုင်းထလာပြီး စိတ်စွမ်းအားကို လှုံ့ဆော်ပေးလာလေသည်။
အချိန်အတော်ကြာ နေမကောင်းတဲ့ ဝက်သေတစ်ယောက်လို နှလုံးသားထဲမှာ တဝဲလည်လည် ဖြစ်နေတဲ့ ခံစားချက်တွေကို ရုတ်တရက် မိုးရေတွေနဲ့ ဆီးနှင်းတွေ ကျလာသလိုမျိုး လန်းဆန်းသွားစေ၏။
စိတ်ဝိညာဥ်ကို နက်နဲစွာ ဆွဲဆောင်နိုင်သော ထိုသေရည်ဟာ ကြည်လင်သော နွေဦးရေကန်နှင့်ပင် တူလေသည်။ အစပိုင်းတွင် သေရည်အနံ့ဆီကနေတစ်ဆင့် ၎င်းရဲ့အစွမ်းအစကို ရှင်းရှင်းလင်းလင်း သိသော်လည်း သောက်ကြည့်လိုက်တဲ့ အတွေ့အကြုံနဲ့မှသာ ကျင့်ကြံမှုအဆင့် မြင့်တာနဲ့ အရသာကလည်း တဖြည်းဖြည်း ဖြူစင်လာကာ ပိုကောင်းလာတာကို တွေ့ရလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် အပြစ်ကင်းသော နှလုံးသားကသာ အလင်းကို ထိန်းသိမ်းနိုင်သော ဝိညာဉ်ဖြစ်သောကြောင့်ပင်။
သေရည်က လုရွှမ်ရဲ့ စိတ်နှလုံးကို တုန်လှုပ်သွားစေခဲ့သည်။ စိတ်ဝိညာဉ်စွမ်းအင် ရေကန်ထဲ လှိုင်းလုံးများဖြင့် ပြည့်လျှံနေပြီး ရေသေကနေ ရေရှင်ဖြစ်လာတဲ့အထိ အသက်ပြန်ရှင်လာသည့်နှယ်။
"ဟားဟား အခု ဒီအစ်ကိုက ကောင်းတယ်ဆိုတာ သိပြီမလား? ဒီအစ်ကိုကြီးကြောင့်သာ မဟုတ်ရင် မင်း.... အဟဲဟဲ"
ပြောချင်တာက သူ့ဘဝမှာ ဒီလောက်ကောင်းတဲ့ သေရည်မျိုး မသောက်နိုင်လောက်ဘူးလို့ပေါ့။ သို့သော် ရုတ်တရက် လုရွှမ်ရဲ့ အဆင့်အတန်းက ယခုအခါ ကောင်းကင်အောင်ခြင်း ဂိုဏ်းတစ်ခုလုံးတွင် အလွန်မြင့်မားနေပြီ ဖြစ်သည်။ ဒါကြောင့်မို့ သူသောက်လိုပါက ခက်ခဲလိမ့်မည် မဟုတ်ပေ။
လုရွှမ်ကတော့ ကျန့်ကျောက်ရဲ့ အတွေးတွေကို ဂရုမစိုက်ဘဲ
"ဆရာတူအစ်ကို ဖက်တီး... ဘာတွေ မိုက်မဲနေတာလဲ သောက်ဖို့ နေရာရှာလိုက်ရအောင်လေ.. ခင်ဗျား ဆရာနဲ့ ဆရာကတော်ကို သွားခေါ်မလို့လား"
ကျန့်ကျောက်မှာ မပြောချင်ပေမယ့် တပည့်တစ်ယောက်က အရက်ခိုးပြီး ဆရာကို အရက်ခေါ်တိုက်တာက နည်းနည်းတော့ ထူးဆန်းတယ်လေ။
"အဓိပ္ပာယ်မရှိတာ! ဒီသေရည်ကို တရုတ်ဂေါ်ဖီထုပ်လို့များ ထင်နေလား?... ထျန်းယင်က ဒီသေရည်ကိုချက်ဖို့ ဘယ်လောက်တောင် အားစိုက်ထုတ်ခဲ့ရလဲ သိလား? သေရည်အိုးကြီးတစ်အိုးကို ချက်ဖို့ ၃၆နှစ်လောကိ အချိန်ယူရပြီး အိုးတစ်အိုးမှာ အိုးငယ် ၃၆အိုး ပါတယ်...ဂိုဏ်းချုပ်၊ တောင်ထွတ်သခင်၊ အကြီးအကဲနဲ့ သင်းထောက်ဆရာတွေက အများကြီးပဲ.... ငါတို့က တခြားဂိုဏ်းတွေနဲ့ ရှားပါးပစ္စည်းတွေကို လဲလှယ်ရသေးတယ် တစ်အိုးရတာကတင် ကြီးမားတဲ့ ကျေနပ်မှုတစ်ခုလို ဖြစ်နေပြီကွ"
လုရွှမ်လည်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ဒီသေရည်အိုးက တကယ်ကို အဖိုးတန်ပေမယ့် သူ့ရဲ့ အာနိသင်ကို ခံစားပြီးတဲ့ နောက်မှာတော့ အရမ်းတန်တယ်လို့ ခံစားလိုက်ရလေ၏။
"ဟုတ်တယ်... တောင်ထွတ်သခင်ကို သွားခေါ်ရအောင်"
ကျန့်ကျောက် သေရည်အိုးကို အမြန်ဖယ်လိုက်ပြီး နှစ်ယောက်သား သူခိုးလို ထွက်ပြေးသွားကြတော့သည်။
သိပ်မကြာခင်မှာပဲ ကျင့်ကြံသူ မိန်းကလေးတစ်ယောက်ဟာ လေထုအလယ်မှ ရုတ်တရက် ပေါ်လာပြီး နှာခေါင်းကို ရှုံ့ချည်ပွချည် ရှုရှိုက်ရင်း “ဒီမိန်းမကြီး မနေနိုင်တော့ဘူး!” လို့ ဆဲဆိုကြိမ်းမောင်းရင်း သူမရဲ့ ခန္ဓာကိုယ်ဟာ တဖန်ပြန်ပြီး ပျောက်ကွယ်သွားခဲ့သည်။
ထျန်းရှူးတောင်ထွတ် နောက်ကွယ်က တောင်ပေါ်ရဲ့ လျှို့ဝှက်နေရာတစ်ခုမှာတော့ လုရွှမ်နဲ့ ကျန့်ကျောင်တို့ဟာ အလျင်စလို ပြေးလာရင်း ရှေ့က လူသုံးယောက်နဲ့ တွေ့သွား၏။
အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦး။ နှစ်ယောက်မှာ ကျန့်ချောင်းရန်နဲ့ လော့ချင်းယီးတို့ ဖြစ်ကာ နောက်ထပ် ကျင့်ကြံသူ အမျိုးသမီးကတော့ ကျန့်ကျောက်အား အနက်ရောင်မျက်နှာဖြင့် စိုက်ကြည့်နေသည်။
ကျန့်ကျောက်ရဲ့ မျက်နှာက မည်းမှောင်လာပြီး အနီးသို့ ချဉ်းကပ်လာစဉ် ရွဲ့စောင်းစွာပြုံးကာ ဦးညွှတ်ပျပ်ဝပ်လျက် ဆိုလိုက်သည်။
"မင်္ဂလာပါ ဆရာ.. ဆရာကတော်နဲ့ အဒေါ်ယန့်!"
လုရွှမ်လည်း ဤအမျိုးသမီးသည် ရောင်ကွမ်းတောင်ထွတ်က တောင်ထွတ်သခင် ယန့်ချင်းဟုန် ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွားခဲ့ပြီး လျင်မြန်စွာနှင့် နာခံမှုရှိရှိ ဂါဝရပြုလိုက်သည်။
ကျန့်ချောင်းရန်က ရှေ့တိုးလာပြီး ကျန့်ကျောက်ရဲ့ နဖူးကို ရိုက်လိုက်လေသည်။
"ကောင်စုတ်လေး! ထျန်းယန်အတွက် သေရည်တစ်အိုး ချက်ဖို့က မလွယ်ဘူး... ဒါကို မင်းက အရှက်မဲ့ပြီး တောင်းရမ်းဖို့ သွားလိုက်သေးတယ်...ညီမယန့်ကို ပြန်ပေးလိုက်!"
ထိုအခိုက် ယန့်ချင်းဟုန်က မဲ့ပြုံးပြုံးလိုက်ပြီး
"ဟမ့်! ဘယ်လိုဆရာနဲ့ ဘယ်လိုတပည်တွေပါလိမ့်? ဘာတွေ လာဟန်ဆောင်နေကြတာလဲ!"
ကျန့်ချောင်းရန်က ရယ်ပြီး လော့ချင်းယီးက ယန့်ချင်းဟုန်ရဲ့ လက်ကို ကိုင်ကာ ယမ်းလိုက်သည်။ ဤတော့ ယန့်ချင်းဟုန်ရဲ့ မျက်နှာက ပိုကောင်းလာပြီး လုရွှမ်ကို ကြည့်ကာ
"မင်းက ထျန်းရှောင်းရဲ့ စိတ်ကူးယဉ်ကမ္ဘာဓားကို ချိုးဖျက်ခဲ့တဲ့လူလား"
လုရွှမ် ခေါင်းညိတ်လိုက်ပြီး
"အဲဒီဓားက တကယ်ကို လျှို့ဝှက်ဆန်းကြယ်ပါတယ်... ဒီအငယ်တန်းရဲ့ မျက်လုံးကို ဖွင့်ပေးလိုက်သလိုပဲ ကျွန်တော့်ရဲ့ ဓားစွမ်းရည်လည်း ရုတ်တရက် လင်းလတ်လာသလို ခံစားခဲ့ရပါတယ်"
"ကောင်းပြီ မင်း ဒီအရက်ကို သောက်ဖို့ အရည်အချင်း ပြည့်မီတယ်.... အဆီပိတ်နေတဲ့ကောင်! မင်း အဲ့နားမှာ ဘာရပ်လုပ်နေတာလဲ? မြန်မြန်လာပြီး အရက်ငဲ့ပေး!!"
ယန့်ချင်းဟုန်က ကြိမ်းမောင်းလိုက်သည်။
ကျန့်ကျောက်က တခစ်ခစ်ရယ်ရင်း ပြေးထွက်သွားကာ ခွက်ငါးခွက်ကို ထုတ်ယူ၍ ဝိညာဉ်စမ်းရေဖြင့် ပြန်ဆေးကာ ခွက်ငါးခွက်ကို အရည်ဖြည့်လိုက်သည်။ သေရည်သည် လေမပါဘဲနဲ့ပင် ခွက်ထဲတွင် လူးနေသည်။
ဝိညာဉ်စွမ်းအား လှိုင်းလုံးတွေက ထိုးတက်လာပြီး မသောက်ခင်မှာပင် မူးဝေလာစေ၏။
"အင်း!"
ကျန့်ချောင်းရန်က ယန့်ချင်းဟုန်ကို ခေါင်းညိတ်ပြလိုက်ပြီး သေရည်ခွက်ကို ကောက်ယူကာ တစ်ကျိုက်တည်း သောက်ချလိုက်သည်။ လူတိုင်းက တစ်ညီတစ်ညွတ်တည်း မော့သောက်လိုက်စဥ် လုရွှမ်လည်း သူတို့ရဲ့ စံနမူနာကို အတုယူကာ ပန်းတစ်ရာမိန်းမပျိုကို တစ်ကျိုက်တည်း သောက်ခဲ့သည်။
သတိလစ်လုမတတ် သန့်စင်သော ဝိညာဉ်စွမ်းအား လှိုင်းလုံးက လုရွှမ်စိတ်ထဲသို့ တိုးဝင်လာသည်။ တိတ်ဆိတ်နေသော ဝိညာဉ်ပင်လယ်ကြီးသည် ရုတ်တရက် ကြီးမားသော လှိုင်းလုံးများအဖြစ် ရိုက်ခတ် တိုးဝင်လာ၏။
ဝိညာဥ်စွမ်းအင် လှိုင်းလုံးတွေက လေထုထဲမှ ရွေ့လျားလာပြီး ကောင်းကင်နဲ့ မြေပြင်ကို ချိတ်ဆက်ကာ ပတ်ဝန်းကျင်ရှိ ဝိညာဥ်ရေကန်များကို လှိုင်းထသွားစေသလိုပင်။ လှိုင်းလုံးတွေက ကောင်းကင်သို့ ထိုးတက်လာခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် တဖြည်းဖြည်း ပိုထူလာကာ တိမ်ဖြူများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထို့နောက် မိုးခြိမ်းသံများနဲ့ လျှပ်စီးကြောင်းများ ကောင်းကင်တခွင် ပြေးလွှားနေလို့ မိုးသည်းထန်စွာ ရွာချလာသလိုပင်။ လုရွှမ် မသိလိုက်ပါဘဲ တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများကို တင်းတင်းမှိတ်ထားလိုက်သည်။
ဝိညာဥ်စွမ်းအင်ကို နှာခေါင်းထဲ ရှူရှိုက်ရင်း နှလုံးသားထဲအထိ ရောက်အောင် တွန်းပို့လိုက်သည်။ နှလုံးနှင့် စိတ်ဝိညာဉ်ကို လမ်းကြောင်းတစ်ခုတည်း ထားကာ ခန္ဓာကိုယ်ထဲ စိမ့်ဝင်အောင် ရှုရှိုက်လိုက်သည်။
သူ့စိတ်ထဲမှာတော့ စိတ်စွမ်းအား ပင်လယ်ဟာ တဖြည်းဖြည်း ငြိမ်သက်သွားသလို ကောင်းကင်မှာ မိုးကြိုးတွေလည်း ပျောက်ကွယ်သွားပြီး ငြိမ်သက်သွားပြန်၏။ ရေကန်ရဲ့ မျက်နှာပြင်သည်လည်း ချောမွေ့လာကာ မတိုင်ခင်ကလို လှိုင်းလုံးများ မရှိတော့ပေ။
သို့သော် လုရွှမ်သည် စိတ်ဝိညာဉ် စွမ်းအား အနည်းငယ် တိုးလာပြီး မများလှသော်လည်း တိုးလာပြီး သူ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားပင်လယ်နှင့်အတူ တိုးလာတဲ့ စိတ်စွမ်းအားတွေက အလွန်ကြောက်စရာ ကောင်းကြောင်း ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။
ထို့အပြင် လုရွှမ်သည် စိတ်ဝိညာဉ်စွမ်းအား ပင်လယ်က ပိုမိုတောက်ပလာတယ်လို့ ခံစားခဲ့ရပြီး ပင်လယ်အောက်ခြေကို တစ်ချက်ကြည့်လိုက်သည်။
စိတ်က ရွေ့လျားသွားတိုင်း စိတ်ဝိညာဉ် စွမ်းအားကလည်း လှုံ့ဆော်ပေးသည်။ တုံ့ပြန်မှုအရှိန်က ပိုမြန်လာပြီး ပတ်ဝန်းကျင်ကို ထိန်းချုပ်မှုကလည်း ပိုရှင်းလင်းလာသည်။ အရင်က ဒီနေရာကို မြင်ရတဲ့အခါတုန်းက နှင်းခဲအလွှာတစ်ခုထပ် ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ ကောင်းကင်နဲ့ မြေကြီးကို ဖောက်ထွင်း မြင်နိုင်လို့ အရာအားလုံးကို တစ်ချက်ကြည့်ရုံနဲ့ သိနိုင်လေသည်။
သူခံစားနေရတဲ့ စွမ်းအားကို နားမလည်နိုင်ပေမယ့် နှလုံးသားထဲမှာတော့ ထိန်းချုပ်မှုနဲ့ နားလည်မှု တစ်မျိုးကတော့ ရှိနေသည်။
လုရွှမ် မျက်လုံးများကို ဖွင့်ကြည့်လိုက်တော့ ကျန့်ကျောက်ပဲ သူ့အနားတွင် ကျန်နေခဲ့ပြီး တခြားအကြီးအကဲ သုံးဦးလည်း မရှိတော့တာကို တွေ့လိုက်ရသည်။
"အမ် အကြီးအကဲ သုံးယောက်ရော?"
ကျန့်ကျောက် ပြုံးပြလိုက်ပြီး
"ညီလေး မင်းဘယ်နှစ်နာရီကြာအောင် ထိုင်နေခဲ့လဲ သိလား? ၃၆နာရီတောင်ကွ!... ဆရာ... ဆရာကတော်နဲ့ ဆရာတူဒေါ်လေးတို့ သုံးယောက်က မင်းကိုရိုက်ပြီး စောစောကတည်းက ထွက်သွားပြီ"
သခင်သုံးယောက် တစ်ယောက်ကို တစ်ယောက် ကြည့်နေတဲ့ မျက်လုံးတွေ အကြောင်းကို တွေးပြီး ရယ်စရာကောင်းသလို ခံစားလိုက်ရပေမယ့် အခုတော့ ဒီညီလေး ရောက်လာပြီးကတည်းက လူတိုင်း တုန်လှုပ်သွားပုံရတာကို သူနားလည်လိုက်လေပြီ။