နတ်သမီးမျက်ရည်
Vol. 72 Ch. 4.591
လုရွှမ်က ခါးသီးတဲ့ မျက်နှာနဲ့ ရုတ်တရက် ပြောလိုက်သည်။
"မင်းတို့နောက်ကွယ်မှာ ပန်းတစ်ရာမိန်းမပျိုကို အကုန်သောက်ပြီး နောက်ထပ်တစ်ခွက်ပဲ ကျန်ခဲ့လို့ မဟုတ်ဘူးလား?"
ကျန့်ကျောက်က တစ်ငုံ ထပ်သောက်လိုက်ပြီး
"ကောင်လေး မင်းတော်တော် လောဘကြီးတာပဲ... ဆရာနဲ့ ဆရာကတော်တောင် တစ်ခွက်စီပဲ သောက်ပြီး ကျန်တာကို ဆရာတူဒေါ်လေးယန့်က အကုန် ပြန်ယူသွားရောလေ... နောက်ထပ် ဘယ်နှစ်ရက်တောင် ဆက်သောက်စေချင်သေးလို့လဲ"
"အိုး ဒါဆိုရင်တော့ ကျွန်တော် အများကြီး နေသာသွားပါပြီ"
လုရွှမ်က ဆိုလိုက်သည်။ ကျန့်ကျောက်လည်း လုရွှမ်ကို စိုက်ကြည့်ရင်း
“ဒေါ်လေးယန့်က မင်းကို ဒီအရက်သောက်ခွင့်ပေးတာက တန်ကြေး ရှိတယ်လို့ ပြောတယ်..ငါတို့ ဒီတစ်ခေါက် ပင်လယ်ထဲ သွားတဲ့အခါကျရင် ရောင်စုံကြာနှလုံးလို့ ခေါ်တဲ့ အပင်တစ်ပင်ကို ရှာယူလာခဲ့ရမယ်...အဲဒါက နတ်သမီးမျက်ရည်ရဲ့ အဓိကဆေးပဲတဲ့"
"နတ်သမီးမျက်ရည်? အဲဒါက ဘာလဲ?"
"အစောတုန်းက မင်းသောက်လိုက်တဲ့ ပန်းတစ်ရာမိန်းမပျို သေရည်ပဲလေ... နတ်သမီးမျက်ရည် ဆိုတာက အပြင်လူတွေ ပန်းတစ်ရာမိန်းမပျိုကို ခေါ်ကြတဲ့ အခေါ်အဝေါ်ပဲ... ထျန်းယင် ပန်းတစ်ရာမိန်းမပျိုကို ချက်နေတုန်း မတော်တဆ နတ်သမီးမျက်ရည်ကို ထည့်ချက်မိခဲ့တာ... ငါတို့ဂိုဏ်းကလူတွေက အဲဒါကို ပန်းတစ်ရာမိန်းမပျိုလို့ပဲ ခေါ်တယ်... သေရည်ကို အကာအကွယ်ပေးတဲ့ အနေနဲ့ပေါ့ ဒါက လျှို့ဝှက်ချက်တစ်ခုနော် လုံးဝ ပျံ့သွားလို့ မရဘူး နားလည်လား?"
လုရွှမ်လည်း သူ့ရဲ့နားလည်ကြောင်း ဖော်ပြဖို့ ခေါင်းညိတ်ပြလိုက်သည်။ ပန်းတစ်ရာမိန်းမပျိုကို ချက်ဖို့ အပင်တွေကို ကောက်ယူတဲ့အကြောင်း ပြောတဲ့အခါ နတ်သမီးမျက်ရည်ကို ထည့်ချက်တာက လုံးဝကွဲပြားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိတယ်ဆိုတာ သိသာလေသည်။
"စကားမစပ် မင်းအမဲလိုက် ရာသီအကြောင်း မသိသေးဘူးနော် ငါပြောပြမယ်"
အမဲလိုက်ရာသီသည် ၃၆ နှစ်တစ်ကြိမ် ပင်လယ်ပြင်တွင် ဒီရေများ နည်းပါးသွားချိန်တွင် ဝမ့်ရှန့်ကမ္ဘာက တောင်ထွတ်ဂိုဏ်းခွဲများ ပင်လယ်ထဲ ရတနာထွက်ရှာတာကို အသုံးပြုတဲ့ အမည်ဖြစ်သည်။
၃၆နှစ် တစ်ကြိမ်၌ ပင်လယ်ရေသည် သုံးလအတွင်း ဆုတ်သွားလိမ့်မည်။ ရေကျသွားတဲ့ ပင်လယ်ကြမ်းပြင်က ဘယ်လောက် ကြီးမားတယ်ဆိုတာ ဘယ်သူမှ မသိကြသော်လည်း တချို့လူများကမူ မူလ ကုန်းမြေဧရိယာထက် မနည်းဘူးဟု အကြမ်းဖျင်း ခန့်မှန်းခဲ့ကြသည်။
အချိန်က (၃)လသာ ရှိသေးသောကြောင့် ခွန်အားအပြည့်ဖြင့် မစူးစမ်းနိုင်တာက နှမြောစရာ ကောင်းလှသည်။ ကျင့်ကြံသူတို့သည် ပင်လယ်သားရဲ တချို့ကိုသာ လိုက်ရှာနိုင်ကာ ပင်လယ် အစွန်အဖျားရှိ ရှားပါးအပင်တချို့ကိုသာ ခူးဆွတ်နိုင်၏။
ပင်လယ်ကြမ်းပြင်တွင် အလွန်ရှားပါးသော ရတနာများနှင့် ပေါများလှသော ဝိညာဥ်အပင်များ ရှိကာ အဆုံးမရှိသော ကြွယ်ဝမှုများလည်း ပါရှိသည်။ ထို့ကြောင့် ဤအမဲလိုက် ရာသီသည် သုံးဆယ့်ခြောက်နှစ်တစ်ကြိမ် ထိုနေရာသို့ လာရောက်ရန် ဂိုဏ်းပေါင်းစုံက ပါရမီရှင်အားလုံးကို ဆွဲဆောင်ထားပြီး အားလုံးအတွက် အတွေ့အကြုံတစ်မျိုးနှင့် မိမိကံတရားအတွက် ပြိုင်ဆိုင်မှုတစ်ခုလည်း ဖြစ်လာသည်။
အစပိုင်းတွင် ဤအမဲလိုက်ရာသီနဲ့ ရင်ဆိုင်ရတဲ့အခါ သခင်များ အားလုံးသည် ပင်လယ်အတွင်းက စည်းစိမ်ဥစ္စာများကို လုယူရန် ထွက်လာကြသည်။ ရလဒ်အနေဖြင့် ပင်လယ်ဧရိယာရှိ သခင်များက တန်ပြန်တိုက်ခိုက်ခြင်းကို ခံလိုက်ရရာ တစ်ချိန်က ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံးရှိ ဂိုဏ်းအားလုံး သုတ်သင်ရှင်းလင်းခံခဲ့ရသည်။
ထိုမှသာလျှင် ကျင့်ကြံသူတို့သည် ပင်လယ်ရဲ့ စွမ်းအားဟာ သူတို့ထင်ထားတာထက် လွန်ကဲပြီး လိုချင်တပ်မက်နိုင်တဲ့ အရာမဟုတ်ကြောင်းကို သဘောပေါက်သွားကြသည်။ ဒါပေမဲ့ ပြန်ကောင်းလာဖို့ အရမ်းနောက်ကျသွားပြီ ဖြစ်ပြီး သူတို့အနေနဲ့လည်း မျိုးနွယ်စုတစ်ခုလုံး သုတ်သင်ပစ်ခံရလုနီးပါး ဖြစ်သွားခဲ့၏။
လူသား ကျင့်ကြံသူများ စိတ်ဓာတ်ကျလုနီးပါး ဖြစ်နေတဲ့ အချိန်တွင် ပင်လယ်မျိုးနွယ်စုများထဲမှ သခင်များ ပေါ်ထွက်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။ သူတို့က လူသားမျိုးနွယ်နှင့် ညှိနှိုင်းရန် သဘောတူခဲ့ကြပြီး အမှန်တကယ်ကို သုံးလတာ အမဲလိုက်ရာသီကို သတ်မှတ်ခဲ့ကြသည်။
နတ်မီးနယ်ပယ်အောက်က ကျင့်ကြံသူတွေသာ အမဲလိုက်ရာသီမှာ ပါဝင်နိုင်ကြဖို့ နှစ်ဖွဲ့လုံးက သဘောတူခဲ့ကြသည်။ နတ်မီးကို ထွန်းညှိနေသော နတ်မီးနယ်ပယ် အရှင်သခင်တစ်ဦး ဝင်လာတာနဲ့ တစ်ပြိုင်နက် ပင်လယ်မျိုးနွယ်နဲ့ လူသားမျိုးနွယ် နှစ်ခုစလုံးက ထိုသူကို သတ်ပစ်ကြလိမ့်မည်။
"ဆရာတူညီလေး ငါတို့ တစ်လခွဲလောက် ခရီးထွက်ရတော့မှာမို့ မြန်မြန် လက်နက်တစ်ခု ပြင်လိုက်တော့... အဲဒီနေရာက အရမ်း အန္တရာယ်များတယ်!"
ကျန့်ကျောက်က သက်ပြင်းတစ်ချက်ချပြီး တစ်ခုခုကို သတိရသွားသလိုပဲ ထွက်သွားလေသညိ။
လုရွှမ်ရဲ့ နှလုံးသားထဲလည်း နွေးထွေးသွား၏။ ဤအခိုက်အတန့်တွင် ကျန့်ကျောက်က ပန်းတစ်ရာမိန်းမပျို သေရည်အိုးကို တောင်းရတဲ့ အကြောင်းရင်းမှာ သူ့ကို တိတ်တဆိတ် ကူညီဖို့ ဖြစ်ကြောင်း နားလည်လာခဲ့သည်။
တံဆိပ်ပြားကို ယူပြီးနောက် လုရွှမ်သည် ကောင်းကင်အောင်ခြင်းဂိုဏ်းရဲ့ ဘဏ္ဍာတိုက်သို့ ရောက်လာခဲ့သည်။
ဘဏ္ဍာတိုက်သည် အနောက်တောင်ပေါ်တွင် တည်ရှိပြီး ကောင်းကင်အောင်ခြင်းဂိုဏ်းက နှစ်ထောင်ပေါင်းများစွာ စုဆောင်းခဲ့သော ပစ္စည်းကောင်းများ ပါဝင်သည်။ တံခါးစောင့်များသည် ကောင်းကင်ဘုံသခင်များ ဖြစ်သော်လည်း လုရွှမ်သည် သူ့ပတ်ဝန်းကျင်တွင် အနည်းဆုံး နတ်မီးနယ်ပယ့ သခင်နှစ်ဦး၏ အငွေ့အသက်များ ရှိနေသေးကြောင်း ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။
တောင်ကာကွယ်ရေးဖွဲ့စည်းပုံကို ဖော်ပြထားခြင်းမရှိပေ။ အခင်းအကျင်း ကောင်းကင်စာအုပ်ကို ဖတ်ပြီးနောက် လုရွှမ် တောင်ထွတ်ရဲ့ ကာကွယ်ရေး အခင်းအကျင်းရဲ့ စွမ်းအားကို ခံစားနိုင်နေပြီ ဖြစ်သည်။
ကောင်းကင်ဘုံသခင် မပြောနဲ့ နတ်မီးနယ်ပယ်က သခင်တောင်မှ လက်နက်တွေကို လုဖို့ ဘယ်တော့မှ တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။
လုရွှမ် တံဆိပ်ပြားကို ပေးလိုက်သည်။ ကောင်းကင်ဘုံသခင် ပြီးပြည့်စုံသောကာလ၊ ချပ်ဝတ်တန်ဆာ အပြည့်အစုံ ဝတ်ဆင်ထားသော အမျိုးသားသည် လုရွှမ်ကို အပေါ်အောက် ငုံ့ကြည့်ကာ သိုလှောင်လက်ကောက်များ၊ လက်စွပ်များနှင့် တခြားပစ္စည်းများ အားလုံးကို ထားခဲ့ဖို့ ပြော၏။
လုရွှမ် အနည်းငယ် ရှက်သွားသလို ခံစားလိုက်ရသည်။ သူ့ရဲ့ယခင် သိုလှောင်လက်စွပ်နှင့် သိုလှောင်အိတ်တွေက မရှိတော့ပြီမို့ ပစ္စည်းတွေထည့်ရန် အာကာသ ကျောက်စိမ်းပြားကိုသာ အမြဲတမ်း အသုံးပြုနေခဲ့သည်။
"မင်းမှာ သိုလှောင်လက်စွပ် ဒါမှမဟုတ် သိုလှောင်အိတ်တောင် မရှိဘူးလား?"
အဖွဲ့ကိုဦးဆောင်သော ကောင်းကင်ဘုံသခင် ကျင့်ကြံသူမှာ ထျန်းရှူးတောင်ထွတ်က ဒုတိယတပည့် ကျန့်ရိ ဖြစ်သည်။ ကျန့်ရိသည် လုရွှမ်နာမည်ကို သဘာဝကျကျ ကြားသိထားတာကြောင့် လုရွှမ်ကို အလွန်သိချင်နေခဲ့သည်။
ဤအခိုက်အတန့်တွင် သူ့ခမျာ ဒေါသနဲ့ စပ်စုလိုစိတ်တို့က ရောထွေးသွား၏။
ဘဏ္ဍာတိုက်ထဲသို့ ဝင်သောအခါတွင် နောက်ထပ် သိုလှောင်လက်စွပ် အနည်းငယ်ကို ယူဆောင်လာရန် အခွင့်အလမ်း ရှိကြသော တပည့်များစွာတို့က ကောင်းကင်ဘုံသခင် နယ်ပယ်များသာ ဖြစ်ကြသည်။
ပြင်ပလူတွေကို အကာအကွယ် ပေးမယ့်အစား အတွင်းသူခိုးတွေကို သတိပြုတာက ပိုကောင်းတယ်လေ။
တပည့်များသည် သိုလှောင်လက်စွပ်လို နေရာလွတ်များ၊ သိုဝှက်ထားနိုင်သော ကိရိယာများ ရှိနေလျှင် ဘဏ္ဍာတိုက်ထဲက အနည်းငယ်သော အပိုင်းအစများကို လျှို့ဝှက်ပြီး ခိုးထုတ်သွားမှာကို ကြောက်ရတယ် မဟုတ်လား။
လုရွှမ်မှာ ကံကောင်းထောက်မစွာနဲ့ သိုလှောင်ပစ္စည်း တစ်ခုပင် မရှိခဲ့ပေ။
"ဆရာတူညီငယ် အခွင့်အရေးမယူဖို့ ငါအကြံပေးတယ်... မဟုတ်ရင် မင်းဘယ်သူလဲဆိုတာ သိလာပြီဆိုရင် မင်းကို အနည်းဆုံး အနှစ်တစ်ရာ အပြစ်ပေးခံရမယ် ပြင်းထန်တဲ့ အခြေအနေမျိုးဆိုရင် မင်းရဲ့ ကျင့်ကြံမှုကိုတောင် ရုတ်သိမ်းရလိမ့်မယ်"
"ဘဏ္ဍာတိုက်ထဲထည့်ထားတဲ့ ရတနာတွေ အားလုံးကို မှတ်တမ်းတင်ထားသလို ထွက်လာတဲ့အခါမှာလည်း မှတ်တမ်းတင်ရတယ်... တစ်ခုခု ပျောက်ဆုံးသွားတာ ဒါမှမဟုတ် အပိုတစ်ခုခု ရှိနေရင်လည်း မှတ်တမ်းတင်ထားမှာနော်"
"ဒါက ဘာမှမဟုတ်ရင်တောင် မင်းဝင်ပြီးရင် မင်းကို နတ်မီးအိမ်ရဲ့ အကြီးအကဲဝိညာဉ်က အာရုံစိုက်နေတော့မှာမို့ ဘယ်လှည့်ကွက်မှ မကစားနဲ့ နားလည်လား?"
လုရွှမ် သူနားလည်ကြောင်း ဖော်ပြရန် ခေါင်းညိတ်လိုက်သည်။
ထပ်ခါထပ်ခါ စစ်ဆေးပြီးနောက် အကာအကွယ် အခင်းအကျင်းကို ဖွင့်လိုက်ပြီး လုရွှမ် ဝင်လာခဲ့သည်။ ဘဏ္ဍာတိုက်ထဲသို့ သူဝင်သွားတာနဲ့ တပြိုင်နက် ဝိညာဉ်စွမ်းအား လှိုင်းများက သူ့အပေါ်သို့ တိုးဝင်လာ၏။
လုရွှမ် သူ့မျက်လုံးများ မှုန်ဝါးသွားတာလားလို့ပင် ခံစားလိုက်ရသည်။ ပစ္စည်းတွေဟာ အလွန်အံ့သြစရာကောင်းပြီး များပြားလွန်းလှသည်။ အားလုံးကို သေသေသပ်သပ် စီထားပြီး တစ်ခုပြီးတစ်ခု တံဆိပ်တပ်ထားသောကြောင့် စစ်ဆေးရတာ လွယ်ကူစေသည်။
လုရွှမ်သည် သူ့ရှေ့က တံဆိပ်ပါသော သေတ္တာတစ်လုံးကို ကောက်ယူလိုက်သည်။
"အနှစ်တစ်ထောင် ကြေးနီအနုရွှေ၊ ရှစ်တန်"
ထို့နောက် ယွမ်ရေစင်၊ ရေစက်သုံးစက်ဟု အမှတ်အသား ပြုထားသည့် ရှည်လျားသောသေတ္တာကို လှန်ကြည့်လိုက်သည်။
လုရွှမ် အသက်ရှုကြပ်သွားရှာ၏။ ကောင်းလိုက်တဲ့ ပစ္စည်းတွေပဲ။ အောင်ရှင်းသာ ရှိနေရင်တော့ သူ ဝမ်းသာအားရနဲ့ အော်ဟစ်နေမှာ သေချာသည်။ ဘဏ္ဍာတိုက်ထဲ တရွေ့ရွေ့ ရှာဖွေရင်း မြင်တဲ့အရာတိုင်းကို အံ့သြနေရသည်။
လုရွှမ်စိတ်ထဲတွင် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။
"ကောင်လေး.... ငါ မင်းကိုကြည့်နေတာ မင်း ဒီလိုမျိုး ကြည့်လိုက်နေရင်တော့ အနှစ်တစ်ရာ ကြာသွားရင်တောင် ဒါတွေအားလုံးကို ကြည့်လို့ပြီးမှ မဟုတ်ဘူး.... ဒါက နှစ်ထောင်ပေါင်းများစွာ ကောင်းကင်အောင်ခြင်းဂိုဏ်းက စုဆောင်းထားတဲ့ ရတနာတွေပဲ... မင်း ရည်ရွယ်ချက်ရှိရှိနဲ့ ရွေးချယ်တတ်ရမယ် နားလည်လား?"
သူ့အသိစိတ်ထဲကို စကားပြောလာတဲ့ သူကတော့ အမှောင်ထဲမှာ ပုန်းနေတဲ့ နတ်မီးနယ်ပယ်က အဘိုးကြီးပဲ ဖြစ်လိမ့်မည်။ လုရွှမ်ကို ဆက်တိုက် စိုက်ကြည့်နေရင်း မောပန်းလာတာကြောင့် နောက်ဆုံး သူ့ကို သတိပေးရလေခြင်းပင်။
လုရွှမ် အမြန်တောင်းပန်လိုက်သည်။ အတွင်းထဲမှာရှိတဲ့ ကောင်းတဲ့ အရာတွေကြောင့် သူတကယ်ကို ထိတ်လန့်သွားရခြင်းပင်။ လုရွှမ် ပတ်ဝန်းကျင်ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
"အကြီးအကဲ ကျွန်တော် ဓားရှည်တစ်ချောင်းကို ပြုပြင်ချင်ပါတယ်.... ဘယ်ပစ္စည်းက ပိုကောင်းမယ်လို့ ထင်လဲ? ဘယ်လမ်းကြောင်းကို လိုက်ကြည့်ရမလဲ?"
အဲဒီမှာ တစ်ယောက်ယောက် ရှိနေတယ် ဆိုမှတော့ ဘာလို့မမေးဘဲ ရပ်နေရမှာလဲ?
"လာပြန်ပြီ ဓား!! အနောက်မြောက်ထောင့်ကိုသွားပြီး လက်နက်သန့်စင်တဲ့ နေရာကို သွား... အက္ခရာ ၉ နဲ့စတဲ့ ဘယ်ဂဏန်းမဆို အလုပ်ဖြစ်တယ်"
အသံက ပျောက်ကွယ်သွားသည်။ သို့သော်လည်း လုရွှမ် သူ့ပတ်ဝန်းကျင်တွင် ဝိညာဉ်စွမ်းအားများ ကျန်ရှိနေသေးကြောင်း ခံစားရလေသည်။