ရတနာက သခင်ကို အသိအမှတ်ပြုခြင်း
Vol. 72 Ch. 4.592
အဓိက ရှာဖွေရမယ့် နေရာကို ရောက်လာတော့ ပစ္စည်းမျိုးစုံကို ချက်ချင်း တွေ့လိုက်ရသည်။
ဒါပေမဲ့ အားလုံးဟာ အတော်လေး ရှားပါးပြီး မမြတ်နိုးတဲ့ သူတွေက ဒီနေရာကို မ၀င်ရောက်နိုင်ပါဘူး။ မဟုတ်ရင် သာမန်ပစ္စည်းတွေ သိမ်းဆည်းတဲ့ နေရာလို့သာ ခေါ်ရလိမ့်မည်။
မိုးနတ်ဘုရားဓားကို မူလက သန့်စင်ထားသည့် သံအမျိုးအစားကို ရှာမတွေ့သလို အဆင့်နိမ့်ပစ္စည်းများလည်း အများအပြား ရှိနေသည်။ အရင်က ပစ္စည်းမျိုးကို ယခု ပြန်လည်အသုံးပြုနေပါက ပြီးပြည့်စုံသော စွန့်ပစ်ပစ္စည်းသာ ဖြစ်သွားလိမ့်မည်။
ကျန့်ကျောက်ရဲ့ မှတ်စုများကို ဖတ်ပြီးနောက် လုရွှမ်သည် သူ့ရဲ့မိုးနတ်ဘုရားဓား အတွက် ပစ္စည်းများသည် ယခုအခါ ထက်ရှပြီး ဥာဏ်ပညာရှိကာ နတ်မိုးခြိမ်းသံများနှင့် နီးစပ်ရန်လည်း လိုအပ်ကြောင်း၊ ခိုင်မာမှုအပြည့်ရှိပြီး ဝိညာဉ်စွမ်းအား၏ လည်ပတ်မှုအပေါ် ကောင်းစွာ သက်ရောက်မှုရှိရန် လိုကြောင်း နားလည်လာခဲ့သည်။
လုရွှမ် သူ့အတွေးထဲကလို ပစ္စည်းတွေရဖို့ မလွယ်မှန်းလည်း သိသည်။ တောင်းဆိုမှုက အလွန်များပြီး ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံးကို ရှာဖွေလျှင်ပင် သင့်လျော်သော ပစ္စည်းများကို ရှာတွေ့နိုင်မှာ မဟုတ်ကြောင်း သိပါ၏။ ဒါကြောင့် အဲဒီအတိုင်း ရှာဖွေဖို့ မလိုအပ်တော့ပေ။
"အကြီးအကဲ လက်နက်တွေကို သန့်စင်ဖို့ အကောင်းဆုံးပစ္စည်းက ဘာလဲ?"
"ကောင်လေး အရမ်းကြီး ရည်မှန်းချက်ကြီးကြီး မထားစမ်းပါနဲ့... ဟုတ်ပြီလား အကောင်းဆုံးပစ္စည်းတွေက မင်းအတွက် မသင့်တော်ပါဘူး ဒါ့ထက် မင်းက မဟာသူတော်စင် နယ်ပယ်ထဲမှာပဲ ရှိနေတော့ ဘယ်ပစ္စည်းကိုမှ ထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူး ဟုတ်ပြီနော်"
"မင်းကိုယ်တိုင် ရှာတွေ့တာက ပိုကောင်းမယ်... မင်းကို ငါသတိပေးထားမယ်နော် မင်းမှာ တစ်ရက်ပဲ အချိန်ရှိတယ် အခု နေ့တစ်ဝက်တောင် ကုန်သွားပြီနော်"
သိသိသာသာပင် တစ်ဖက်လူက မကူညီသောကြောင့် ယခုလိုပြောကြောင်း သဘောပေါက်တာကြောင့် မမေးတော့ဘဲ ဆက်ကြည့်နေလိုက်သည်။
ဒီနေရာမှာ ရှာမတွေ့ရင် အပြင်ထွက်ပြီး ရှာကြည့်မယ်။ မိုးနတ်ဘုရားဓားက နှစ်ကြိမ်ကွဲကြေ သွားပြီးပြီဖြစ်ကာ တစ်ကြိမ်စီက သူ့နှလုံးသားကို ဓားနဲ့ မွှန်းနေသလိုမျိုး ခံစားရသည်။ သင့်လျော်တယ်လို့ ခံစားမိတဲ့ ပစ္စည်းများကို ရှာမတွေ့ပါက ဓားကို ထပ်မံမသန့်စင်တော့ပေ။
ဒါက သူ့အား စောင့်မျှော်နေသော တခြားဓားတစ်ချောင်း ကျိုးပဲ့သွားသလိုပင်။
ကျန်တဲ့ အချိန်တွေမှာတော့ လုရွှမ်က ဒီပစ္စည်းတွေ၊ သူတို့မှာ ဘယ်လိုဂုဏ်သတ္တိတွေရှိလဲ၊ ဘာထူးခြားချက်တွေရှိလဲ ထိုင်တွေးနေမှာ။ အဘိုးအိုက အချိန်ပြည့်ပြီလို့ အော်မှ လုရွှမ်လှည့်ပြီး တံခါးဆီကို လျှောက်သွားလိုက်သည်။
"ကောင်လေး မင်းဘာမှမယူဘူးပေါ့"
"ဟုတ်ပါတယ် အကြီးအကဲ ကျွန်တော်လိုချင်တာ မရှိဘူးဆိုမှတော့ ဘာမှယူဖို့ မလိုတော့ဘူးလေ"
မုတ်ဆိတ်မွေးဖြူ၊ ဆံပင်ဖြူနဲ့ အဘိုးကြီးတစ်ဦးသည် ထောင့်စွန်းတစ်နေရာတွင် ပြုံးလျက် ကြည့်နေသည်။ နှစ်ပေါင်းများစွာအတွင်း ယခုလို စိတ်ဝင်စားစရာ ကောင်းသော လူငယ်တစ်ဦးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းသာ ဖြစ်၏။
ဘဏ္ဍာတိုက်ထဲမှာ သူတို့လိုချင်တာကို မယူသွားတဲ့ တပည့်ဘယ်နှစ်ယောက်မှ မတွေ့ဖူးဘူး။ တပည့်တွေဟာ သူတို့လိုချင်တာကို စောစောစီးစီး ရှာတွေ့ကြပြီး တပည့်တချို့မှာလည်း အချိန်ကျလာတဲ့အခါ ကြုံရာကျပန်း ဆွဲထုတ်သွားကြတာချည်းသာ။
သူ့စိတ်ထဲမှာ အတွေးတွေ အားလုံးကို ဖတ်ထားပြီးသား။ ဒီလူငယ်တွေအပေါ် အခွင့်ကောင်းယူဖို့ပေါ့။ ဒါပေမဲ့ ဒီကောင်လေးက မဟုတ်ဘူး!
သူ့မှာ ကြိုက်တဲ့အရာမရှိရင် ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး။
လုရွှမ် ပထမဆုံး ဝင်လာကတည်းက ဒီလူဟာ ဂိုဏ်းကိုတည်ထောင်နိုင်တဲ့ အရည်အချင်း အရှိဆုံးတပည့် ဖြစ်နိုင်တယ် ဆိုတာကို အဘိုးကြီး သိလိုက်သည်။ သူသည် မဟာသူတော်စင် ပထမအဆင့်ပင် ဖြစ်သော်ငြား သူ့ရဲ့ရောင်ဝါက အလွန်ပြင်းထန်ပြီး သူ့စိတ်နဲ့ ဝိညာဉ်ကလည်း အလွန်တည်ငြိမ်သောကြောင့် သူသည် သာမန် ကောင်းကင်ဘုံသခင်ပင် ယှဥ်ပြိုင်ရန် အလှမ်းဝေးနေသေးကြောင်း သူခံစားမိသည်။
ပါရမီရှင်ဆိုတာ မျှော်လင့်ထားသလိုပါပဲလား။
ဒီလိုတပည့်မျိုး ရှိတာက သူ့စိတ်နှလုံးကို ရွှင်လန်းစေသည်။
“ဘိုးဘေးက စကားတစ်ခွန်း ချန်ထားခဲ့တာရှိတယ်လို့ ကြားဖူးတယ်...တစ်ယောက်ယောက်က ဘဏ္ဍာတိုက်ထဲ ဝင်ပြီး သူကြိုက်တာကို မတွေ့ရင် အဲဒီအရာတွေက သူ့အတွက် မသင့်တော်ဘူး ဒါမှမဟုတ် သူ့အတွက် သင့်တော်တဲ့ အရာတစ်ခု ရှိကောင်းရှိနိုင်ပေမယ့် မတွေ့ဘူးလို့ ဆိုလိုတာတဲ့"
လုရွှမ် ရယ်ပြီး "ဘိုးဘေးက ဒီလိုဂိုဏ်းတစ်ခုကို တည်ထောင်နိုင်ခဲ့တာ တကယ့်ကို ထူးထူးခြားခြားပါပဲ"
"ဘိုးဘေးချန်ခဲ့တဲ့ နောက်ထပ် စကားတစ်ခွန်း ရှိသေးတယ်.... မင်းရှာမတွေ့ရင် သူ့ကို လာရှာခိုင်းလို့ရတယ်တဲ့ မင်း စမ်းကြည့်လို့ရတယ်"
အဘိုးအိုရဲ့ အသံက ပိုမိုနက်ရှိုင်းလာပြန်သည်။
တံခါးဝသို့ ရောက်နေသော လုရွှမ်ရဲ့ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်။ သူလှည့်ကြည့်ကာ အဆုံးမရှိလုနီးပါး ရှိသော ရတနာများကို ကြည့်ကာ မျက်လုံးမှိတ်လိုက်သည်။
သူ့လက်တွေကို ဖွင့်လိုက်တော့ သူ့ရောင်ဝါကို ဖြည်းညှင်းစွာ ဖြန့်ကျက်၍ နေရာတစ်ခုလုံးကို ပြည့်လျှံသွားစေ၏။
ချွင်း!
အသံတစ်ခု ထွက်ပေါ်လာပြီး ချက်ချင်းပဲ သေတ္တာတစ်လုံးက ကောင်းကင်သို့ ပျံတက်လာကာ လုရွှမ်ဆီသို့ ပျံသန်းလာခဲ့သည်။
လုရွှမ်သည် သူ့လက်ထဲတွင် သေတ္တာကို မယုံနိုင်လောက်အောင် အံ့သြလျက် အနည်းငယ် ဖမ်းဆုပ်ထားလိုက်သည်။ အကြောင်းမှာ သေတ္တာထဲက အကြောင်းအရာများဟာ သူ့နှလုံးသားနဲ့ နားမလည်နိုင်အောင် ဆက်စပ်နေတယ်လို့ ခံစားလာရလို့ပင်။
"အကြီးအကဲ ကျေးဇူးအများကြီးတင်ပါတယ်"
လုရွှမ် စကားဆုံးသောအခါ ဦးညွှတ်ကာ လှည့်ထွက်သွားလေသည်။ ထောင့်မှာ အဘိုးကြီးတစ်ယောက် မတ်တပ်ရပ်ပြီး မုတ်ဆိတ်တွေက တဆတ်ဆတ် တုန်နေ၏။
"ကောလဟာလတွေက အမှန်ပဲ ဒါပေမဲ့ ဘာလို့ တစ်ခါမှ မပေါ်လာဖူးတာလဲ?"
တခြားအဘိုးကြီးရဲ့ အသံက ထပ်မံ ထွက်ပေါ်လာသည်။
"ပေါက်ကရ!! မှန်ကန်တဲ့လူ ဘယ်တုန်းကမှ ပေါ်မလာဖူးလို့ပေါ့"
"စကားမစပ် ဒီအဘိုးကြီး အဲဒီအရာက ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်းတောင် မစစ်ဆေးရသေးဘူးလေ"
"အမည်မသိ အပျက်အစီးတွေထဲကနေ ပျံတက်သွားတာဖြစ်မာ်"
လုရွှမ်သည် နတ်မီးနယ်ပယ် သခင်နှစ်ဦးကြား အငြင်းအခုံ ဖြစ်နေတာကို မသိခဲ့ပေ။ သူက သေတ္တာကို ကိုင်လျက် အခင်းအကျင်းထဲမှ ထွက်သွားလေသည်။
နတ်မီးနယ်ပယ် အရှင်သခင်တစ်ယောက်က တံခါးအပြင်ဘက်တွင် စောင့်နေပြီ ဖြစ်သည်။ သူသေတ္တာကိုယူ၍ ပြန်ထွက်လာတာကို မြင်တော့ ပါးစပ်ဟောင်းလောင်းဖြင့် အံ့အားသင့်သွားကာ မျက်လုံးများလည်း လွင့်ထွက်လုနီးပါး ဖြစ်သွားသည်။
သေတ္တာပေါ်တွင် အမှတ်အသား မရှိသော်လည်း နတ်မီးနယ်ပယ် ယွမ်စွမ်းအင်တံဆိပ်ကို ထွင်းထုလိုက်သောအခါ ဘိုးဘေးမှ ကျန်ရစ်ခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် အရာဝတ္ထု တစ်ခုဖြစ်ကြောင်း တိတ်တဆိတ် ပေါ်လာခဲ့သည်။
ကျန့်ရိနဲ့ တခြား ကောင်းကင်ဘုံသခင်များ အပါအဝင် နတ်မီးနယ်ပယ် သခင်များရဲ့ မျက်လုံးများလည်း တောက်ပလာသည်။
လုရွှမ်သည် ဒါက သူတို့ဘိုးဘေးမှ ကျန်ရစ်ခဲ့သော အရာဖြစ်ကြောင်း သိရှိရန် မဖြစ်နိုင်ကြောင်း ထင်ရှားသော်လည်း သူတွေ့သွားခဲ့သည်။ ဒါက ကောင်းကင်ရဲ့ အလိုတော် ဟုတ်မဟုတ် ဘယ်သူမှ မသိပေ။
"ကဲ သေတ္တာကို ဖွင့်လိုက်တော့"
နတ်မီးနယ်ပယ်မှ အကြီးအကဲက လုရွှမ်ကိုကြည့်ကာ ပြောလိုက်သည်။ လုရွှမ် သူ့ဝိညာဥ်စွမ်းအင်ကို ထုတ်လွှတ်ခဲ့ပြီးတဲ့နောက် သေတ္တာက အလိုအလျောက် လွင့်ထွက်လာခဲ့ကြောင်း သူ ကြားပြီးပြီ။
ဤအရာသည် အလွန်မှော်ဆန်လွန်း၏။ ဘိုးဘေးက ထားရစ်ခဲ့သော တံဆိပ်ကို မြင်လိုက်ရသောကြောင့် သူ့ခမျာ ဂုဏ်ယူဝံ့ကြွားဖို့ပင် မဝံ့မရဲဖြစ်မိသည်။ လုရွှမ်ကို ရွေးချယ်ပြီးကတည်းက သဘာဝကျကျ လုရွှမ်ကသာ ဖွင့်နိုင်လိမ့်မည်။
လုရွှမ် ခေါင်းညိတ်ပြပြီး သေတ္တာကို ဖွင့်ကြည့်လိုက်သည်။ အားလုံးက အထဲကို ကြည့်လိုက်ရင်း တစ်ပြိုင်နက်တည်း စိတ်ပျက်သွားကြသည်။
ကျိုးနေတဲ့ သစ်သား ချိုင်းထောက်လို ကောက်ကွေးနေတဲ့ ဟာက ဘာကြီးလဲ?
၎င်းသည် တစ်ပေခွဲခန့်သာ ရှည်လျားပြီး ဝိညာဉ်စွမ်းအင် လုံးဝမရှိသည့်အပြင် အလွန်ဆွေးမြေ့သွားပြီ။ အင်းဆက်စားထားသော အပေါက်တချို့ကိုပင် ထင်ထင်ရှားရှား တွေ့မြင်နိုင်သည်။
လုရွှမ်ငတော့ သစ်သားကို ဖမ်းကိုင်လိုက်စဥ် တစ်ယောက်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်လိုက်သလိုမျိုး ခံစားချက်က အလွန်ကိုက်ညီကြောင်း သဘာဝအတိုင်း တွေ့လိုက်ရသည်။
လုရွှမ် ဝှေ့ယမ်းလိုက်သော်လည်း ဘာလှုပ်ရှားမှု စွမ်းအင်မှ မရှိပေ။ လှုပ်လှုပ်ရှားရှား ဖြစ်သွားတာဆိုလို့ ဖုန်တွေကြောင့် လူတွေအားလုံး ချောင်းဆိုးသွားရတာပဲ ရှိသည်။
“ဒါက ဘာကြီးလဲ?”
ကောင်းကင်ဘုံသခင် တစ်ယောက်က မေးလိုက်သည်။
"သစ်သားလေ... ဘိုးဘွားတွေ အသက်ကြီးလာတုန်းက အသုံးပြုခဲ့တဲ့ ချိုင်းထောက်များလား"
"ပေါက်ကရတွေ! ဘိုးဘေးက ကြမ်းတမ်းပေမယ့် ချိုင်းထောက်ကို မသုံးဘူး... သူ့ဘဝတစ်လျှောက်လုံး ထာဝစဉ် လှပကျန်းမာနေခဲ့တာ"
နတ်မီးနယ်ပယ် သခင်မှာလည်း ချောင်းဆိုးလေ၏။
"ပင်လယ်မျိုးနွယ်နဲ့ လူသားမျိုးနွယ်တို့ တွေ့ဆုံတုန်းက ဘိုးဘေးကြီး ခဏလောက် ပျောက်ကွယ်သွားသေးတယ်လို့ ဒဏ္ဍာရီထဲမှာ ဆိုထားတယ် ... သူပြန်လာတော့ သစ်သားသေတ္တာတစ်လုံးကို ပြန်ယူလာတယ်... အဲဒီနောက် မကြာခင်မှာပဲ ကွယ်လွန်သွားခဲ့တာတဲ့ ဆိုတော့ ဒီသစ်သားသေတ္တာ ဖြစ်နိုင်လား"
"ဟေ့ ဒီသစ်သားသေတ္တာကို ကြည့်လိုက်... တည်ထောင်သူသစ်သား မဟုတ်ဘူးလား?"
ထိုစကားသည် အိပ်မက်မက်နေသူများကို နိုးကြားသွားစေ၏။ သစ်သားက အလွန်ရိုးစင်းသော်လည်း သစ်သားရဲ ထူးခြားချက်မှာ အရောင်ကင်းပြီး အနံ့မရှိပေ။ သို့သော် သစ်သားသေတ္တာရဲ့ အသွင်အပြင်ကို ကြည့်လိုက်လျှင် လုံးဝ ပျက်စီးသွားပုံ မပေါ်ပေ။
ဒါက ဒဏ္ဍာရီလာ တည်ထောင်သူသစ်သား မဟုတ်ရင် ဘယ်လိုသစ်သားမျိုးကများ ဒါကို လုပ်နိုင်ဦးမလဲ။