သစ်သားတစ်ဝက်
Vol. 72 Ch. 4.593
အားလုံးက လုရွှမ်ရဲ့ လက်ထဲက သစ်သားကို တစ်ချက် ကြည့်လိုက်ပြန်သည်။ ဒါက တည်ဆောင်သူသစ်သား မဟုတ်ရင် လုံးဝပုပ်သွားမယ် ဆိုတာ သိသာပါ၏။
သို့သော် သေတ္တာကို ထိုသစ်သားဖြင့် ပြုလုပ်ထားသောကြောင့် အတွင်းတွင် လေးနက်စွာ ထုပ်ပိုးထားသော အရာများက ဘယ်လိုလုပ် သာမန်အရာ ဖြစ်နိုင်ပါတော့မလဲ။
"ဟင်?"
ထိုကောင်းကင်ဘုံသခင်သည် ရှက်ရွံ့သောအကြည့်ဖြင့် သူ့လက်ဖဝါးများကို ရုတ်တရက် ပွတ်သပ်လိုက်ရင်း
"ဆရာတူညီလေး ထျန်းချိုင် ... ဒီသစ်သားကို ကိုင်ခွင့်ပေးလို့ရမလား?"
ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် တခြားသူများ၏ အမူအရာများလည်း ပြောင်းလဲသွားကာ အားလုံးက ထိုလူကို အပြစ်တင်ချင်ကြသော်လည်း မျှော်လင့်ချက် အရိပ်အမြွက်များကတော့ သူတို့မျက်လုံးထဲမှ မထွက်နိုင်ပေ။
ဒါက ဒဏ္ဍာရီနဲ့ ပြည့်နေတဲ့ ဘိုးဘေး ချန်ထားခဲ့တဲ့ ပစ္စည်းတစ်ခုပဲ။ အဲဒါကို ထိနိုင်ရင် အခွင့်အလမ်း တစ်ခုခုတော့ ရှိမှာပဲမဟုတ်လား။
လုရွှမ်က ပြုံးပြီး သစ်သားကို သေတ္တာထဲထည့်ကာ
"ဒါက ဘာလဲဆိုတာ ကျွန်တော်လည်း မသိဘူး... လူတိုင်း စမ်းကြည့်နိုင်ပါတယ် လျှို့ဝှက်အမွေ ဒါမှမဟုတ် တစ်ခုခုတော့ ရှာတွေ့နိုင်တယ် အဲဒီ ရတနာဟာ သီလရှိသူ ဘယ်မှာ ရှိတယ်ဆိုတာ သိတော့ အခွင့်အရေးကလည်း ခင်ဗျားတို့အပေါ်မှာ ရှိလိမ့်မယ်"
အစောက ပြောခဲ့သော ကောင်းကင်ဘုံသခင်သည် သစ်သားဆီသို့ ဦးဆုံးတက်လာပြီး သူ့ လက်ဖဝါးများဖြင့် ထိကိုင်ထားသည်။
ရွှင်း!
အလင်းတဖျပ်ဖျပ် တောက်သွားပြီး ထိုလူသည် ဆယ်မီတာကျော် အကွာအထိ အနောက်သို့ လွင့်ထွက်သွားသည်။ မြေပြင်ပေါ်တွင် အကြိမ်အနည်းငယ် လူးလဲပြီးနောက် သွေးနှစ်လုတ်ကို ဆက်တိုက်ဆိုသလို ထွေးထုတ်လိုက်သည်။
အားလုံးက တုန်လှုပ်ခြောက်ခြားသွားကာ သစ်သားကို ကြည့်နေတဲ့ သူတို့မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အမြွက်များ ပြသလာကြတော့သည်။
မြေပြင်ပေါ်သို့ လဲကျသွားသော ကောင်းကင်ဘုံသခင်ကို တချို့က ရယ်မောကြပြီး တချို့ကတော့ မျက်နှာပျက်သွားကြသည်။ လူနှစ်ယောက်မှာ ထိုကောင်းကင်ဘုံသခင်ကို သွားကူညီပေးကြပြီး နောက်မှာတော့ ထိုလူရဲ့မျက်နှာက နီရဲပြီး ရှက်ရွံ့နေပုံပေါ်တာကို တွေ့ရ၏။
"ဟမ့် စမ်းကြည့်ချင်ကြသေးလား"
နတ်မီးနယ်ပယ် အကြီးအကဲက အော်ပြီး သူ့မျက်လုံးတွေက လူတိုင်းကို အကဲခတ်လိုက်ရာ တချို့လူတွေက သူတို့ရဲ့ နှလုံးသားထဲမှာ မျှော်လင့်ချက်တွေ တဖျပ်ဖျပ် ခတ်နေတုန်းပဲ။
"ထျန်းချိုင်က ဒီသစ်သားသေတ္တာကို ဘယ်လိုရခဲ့တာလဲ သိလား? သစ်သားသေတ္တာက သူ့ကိုရှာဖို့ အလိုလို ပျံတက်လာတာ အဲတော့ မင်းတို့မှာ အခွင့်အရေး ရှိသေးတယ်လို့များ ထင်လား?"
ထိုစကားများ ဆုံးသော် ကောင်းကင်ဘုံသခင် အားလုံးသည် လေးနက်စွာ သဘောပေါက်သွားပုံရပြီး ၎င်းကိုအနည်းငယ်မျှ မက်မောခြင်း မပြုဝံ့ကြတော့ပေ။ ဤနေရာတွင် စောင့်ရှောက်ရန် ရွေးချယ်ခံထားရတဲ့ အကြောင်းရင်းမှာ သဘာဝအားဖြင့် သူတို့သည် ထူးခြားသော စိတ်ထားရှိပြီး ကျယ်ဝန်းသော မွေးရာပါ ဖြစ်သော လူများစွာမသိသည့် လျှို့ဝှက်ချက်များ ရှိနေသောကြောင့်သာ ဖြစ်သည်။
သစ်သားသေတ္တာက လုရွှမ်ကို အလိုအလျောက်ရွေးချယ်ခဲ့တာမို့ သဘာဝကျကျ သူတို့ထိတွေ့လို့ရတာ မဟုတ်နိုင်ဘဲ ထိုပစ္စည်းကို လုရွှမ် တစ်ယောက်တည်းသာ ခံစားနိုင်ပေသည်။
"လူတိုင်း ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ဘယ်သူ့ကိုမှ မပြောပြရဘူး... မင်းတို့ရဲ့ဆရာကိုတောင်မှ မပြောရဘူး... မဟုတ်ရင် မင်းတို့ကို အနာဂတ်မှာ ဂိုဏ်းကနေ တိုက်ရိုက်ထုတ်ပယ် ခံရနိုင်တယ် နားလည်လား?"
ကောင်းကင်ဘုံသခင်များ အားလုံး ခေါင်းညိတ်သဘောတူကြလေ၏။ သူတို့က ဤနေရာသို့ ဝင်ရောက်ကာ ဘဏ္ဍာတိုက်၏ အုပ်ထိန်းသူ ဖြစ်လာရခြင်းအတွက် အလွန်ဂုဏ်ယူ ဝမ်းမြောက်မိသွားသည်။
သာမန်အချိန်ဆို နတ်မီးနယ်ပယ်ရှိ အကြီးအကဲများထံမှ ဂရုတစိုက် လမ်းညွှန်မှု ရှိသလို အတိဒုက္ခကို ကျော်လွှားခြင်းအတွက်ပင် ကန့်ကွက်ခြင်း မရှိပေ။ ထို့ကြောင့် သာမန်တပည့်များ၏ နတ်မီးကို လောင်ကျွမ်းစေသည့် ဖြစ်နိုင်ခြေ 30% ရှိပြီး အောင်မြင်နိုင်ခြေမှာ 10% သို့ လျှော့ချနိုင်သော်လည်း သေမင်းတမန်ဆီ အရောက်သွားနိုင်ဖို့ အောင်မြင်မှုနှုန်းမှာ 100%ကို ရှိလေသည်။
လုရွှမ်သည် လူတိုင်းနဲ့ ဆွေးနွေးပြီး သစ်သားသေတ္တာကို သိမ်းဆည်းထားရန် ဆုံးဖြတ်လိုက်သည်။ တည်ထောင်သူသစ်သားက အလွန်တန်ဖိုး ရှိသော်လည်း လုရွှမ် ၎င်းကို အလွန်အကျွံ မမျှော်လင့်ထားပေ။
ဒီအရာက သာမန် သစ်သားလား မသိရပေ။ ဒါပေမယ့် သူ့ကို ငြီးတွားစေတဲ့ မှိန်ဖျော့ဖျော့ အရိပ်အယောင်တွေ ရှိနေပေမယ့် အဲဒါက ဘာလဲဆိုတာကို သူ မခံစားနိုင်သေးချေ။
ဘာပဲဖြစ်ဖြစ် အစတုန်းကတော့ သစ်သားကို အာကာသ ကျောက်စိမ်းပြားထဲကို ထည့်ထားချင်ပေမယ့် နားမလည်နိုင်စွာပဲ သူ့စိတ်ထဲမှာ တုံ့ဆိုင်းနေတဲ့ အရိပ်အယောင်တွေ ရှိနေ၏။ အဲဒီခံစားချက်က အရမ်းထူးဆန်းသည်။ စဉ်းစားပြီးတဲ့အခါ လုရွှမ် သစ်သားကို သူ့နောက်ကျောထဲမှာပဲ တိုက်ရိုက် ထည့်ထားလိုက်တော့သည်။
ဘဏ္ဍာတိုက်မှ ထွက်ကာ တောင်ပေါ်မှ လမ်းလျှောက် ပြန်လာပြီးနောက် သူ့ရှေ့က တောင်ထွတ်ခုနစ်ခု လှမ်းတွေ့လိုက်ရသည်။ လုရွှမ် ကျောက်လှေခါးများအတိုင်း ပြန်လျှောက်လာခဲ့သည်။ ကျားဖြူလေးမှာ အလွန်ပျင်းရိနေပြီ ဖြစ်သဖြင့် အပြင်ထွက်ချင်နေပြီ။
"ဟေ့ ဒါက ငါတို့ရဲ့ ဆရာတူညီလေး ထျန်းချိုင် မဟုတ်ဘူးလား?"
လူတစ်စုက လုရွှမ်ရှေ့မှာ ပိတ်ရပ်လိုက်သည်။ လုရွှမ် သူ့နောက်ကို ကြည့်လိုက်တော့ သူ့နောက်မှာ တစ်ယောက်မှ မရှိပေ။ ဒီလူတွေက သူ့ကို ဒုက္ခပေးချင်နေတာ ထင်ရှားပေ၏။
လွန်ခဲ့တဲ့ ဆယ်နှစ် ကျမ်းဂန်စုဆောင်းခန်းမမှာ သူနာမည်ကြီးလာတော့ ဒီလူတွေက သရဲတစ္ဆေတွေ မြင်နေရသလိုနဲ့ လုံးဝ မချဉ်းကပ်ရဲကြဘူး။ အခု ဆယ်နှစ်ကျော်သွားပြီ ဆိုတော့ သူ့ဂုဏ်တွေက ပျောက်ကွယ်သွားပုံရတယ်။
လုရွှမ် လူတိုင်းကို တစ်ချက် ကြည့်လိုက်သော်လည်း ရင်းနှီးနေသော မျက်နှာတစ်ခု သို့မဟုတ် နှစ်ခုသာ ရှိပြီး ကျန်လူအားလုံးမှာ မျက်နှာသစ်များ ဖြစ်သည်။ သူတို့ရဲ့ ခေါင်းဆောင်သည် မဟာသူတော်စင် ပြီးပြည့်စုံမှုကာလ ဖြစ်လေ၏။ အမှန်မှာ ကောင်းကင်ဘုံသခင် တပည့်များအတွက် ဒီလိုအရေးကိစ္စများတွင် ပါဝင်ရန်မှာ အမှန်တကယ်ပင် ရှားလှသည်။
ထိုလူ၏အပြင်၌ ထူးကဲသော ရောင်ဝါရှိသူ မဟာသူတော်စင် တတိယအဆင့်မှ ကျင့်ကြံသူ တစ်ယောက်က ရပ်နေ၏။ သူသည် ဒေါသအရိပ်အယောင်များဖြင့် လုရွှမ်ကို တည့်တည့် စိုက်ကြည့်နေသည်။
လုရွှမ်တစ်ယောက် ဆယ်နှစ်ကြာအောင် ပျောက်ကွယ်သွားပြီးနောက် ပါရမီရှင် အသစ်တစ်ယောက် ရောက်လာပြီး ဂိုဏ်းတစ်ခုလုံးရဲ့ အာရုံကို ဖမ်းစားချင်လာသည်။ ဒါကြောင့် ထိပ်တန်းသို့ တက်ရောက်ရန် တခြားနည်းလမ်း တစ်ခုခုကို ရှာဖွေချင်နေကာ သူကိုယ်တိုင်က အဲဒီနည်းလမ်းပဲ ဖြစ်နေသည်။
လုရွှမ် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ သူဒီလိုကိစ္စတွေကို အမှန်တကယ် စိတ်မဝင်စားပါ။ ဆယ်ရက်လောက် ကြာရင် သူတို့ ပင်လယ်ဘက်ကို ထွက်သွားကြလိမ့်မယ်။ အခုပြင်ဆင်ဖို့က အရမ်းနောက်ကျနေပြီ။ ဒီကောင်လေးတွေနဲ့ အိမ်ကစားဖို့ သူမှာ အချိန်မရှိဘူး။
"ညီလေး ပြင်းပြင်းထန်ထန် လေ့ကျင့်ထား... မင်း အရမ်းနာမည်ကြီးချင်နေပုံပဲနော်... အမဲလိုက်ရာသီက စတော့မယ် ပြင်ဆင်ထားလိုက်ပါ မသွားရဲရင်တော့ နောက်တစ်ခေါက်လောက်မှ ထပ်ပြောကြတာပေါ့"
လုရွှမ် စကားတစ်ခွန်းပြောပြီး လှည့်ထွက်သွားသည်။
"ကျွန်တော် ထွက်သွားချင်ပါတယ် အစ်ကိုထျန်းချိုင် ဟာဟားဟား!"
မဟာသူတော်စင် ပြီးပြည့်စုံသောကာလမှ ကျင့်ကြံသူသည် လုရွှမ် နောက်ကျောတွင် ကိုင်ဆောင်ထားသော သစ်သားချောင်းကို ညွှန်ပြပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ထိုအခါမှ တခြားလူတွေလည်း လုရွှမ် နောက်တွင် လွယ်ထားသော သစ်သားချောင်းကို မြင်ပြီး တဟားဟား ရယ်မောကြလေသည်။ သူနဲ့တွေ့ဖူးတဲ့ ကျင့်ကြံသူ တချို့တောင် အရယ်မရပ်နိုင်တော့ပေ။
သစ်သားချောင်းက တကယ့်ကို ပျက်စီးလွန်းနေပြီး လုရွှမ်က ၎င်းကို သူ့နောက်ကျောမှာ ထမ်းထားနေတာကြောင့် အလွန်အမင်း ရယ်စရာကောင်းနေသည်။
"ဟေး ဆရာတူညီလေး ထျန်းချိုင်.... မင်း ခွေးကိုက်ထားတဲ့ တုတ်ကို ကိုင်လာနေတာ သူတောင်းစားကို အတုယူဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူးနော်"
"ဆရာတူအစ်ကို မင်းမသိဘူးလား? အဲဒါက ရတနာဖြစ်နိုင်တယ် ဒါပေမဲ ငါတို့က သာမန်မျက်စိနဲ့ မမြင်နိုင်ဘူးလေ"
"ဘာကို မမြင်ရတာလဲ?"
"အရှက်ရဖို့ နှိုးဆော်နေတာ ဖြစ်နိုင်တယ်"
"ဟားဟားဟား!"
လုရွှမ်လည်း အမှောင်ထဲတွင် ပုန်းအောင်းနေသူက လှုပ်ရှားလိုက်ရန် မစောင့်နိုင်တော့ပုံရတာကို သတိထားမိပါ၏။ သူက လှည့်ကြည့်လိုက်ရင်း ထိုပါရမီရှင်ကို ပြုံးပြီးပြောလိုက်သည်။
"ဆရာတူညီလေး သတိထား... မင်းတို့ကိုရိုက်ဖို့ ဒီခွေးရိုက်တုတ်ကို ငါမသုံးချင်ဘူး.... ပြန်သွားပြီး မင်းတို့သခင်ကို ငါအမဲလိုက်ရာသီမှာ သူ့ကိုစောင့်နေမယ်လို့ ပြောလိုက်! သူ့မှာ ငါ့ကိုတိုက်ဖို့ ခွန်အားရှိမယ်လို့ မျှော်လင့်ပါတယ် မဟုတ်ရင်တော့ သူ့ကိုသတ်ပစ်ရတာ ငြီးငွေ့စရာ ကောင်းသွားလိမ့်မယ်"
တောက်ပသော အပြုံးဖြင့် ပေါ့ပေါ့ပါးပါး ပြောပြီးတာနဲ့ လုရွှမ် လှည့်ထွက်သွားသည်။
"ချောင်ရှူး... ဒီကလေးရဲ့စကားကို နားမထောင်နဲ့ ငါတို့က သူ့ကိုတိုက်ဖို့အတွက် မထိုက်တန်ဘူးလို့ ပြောနေတာ.... မင်းရဲ့ အရည်အချင်းနဲ့ သူ့ကို အနိုင်ယူနိုင်မှာ သေချာတယ်။ သူက ဘယ်သူလဲ? ကျမ်းဂန်စုဆောင်းခန်းမမှာ တစ်နှစ်နဲ့ သုံးလလောက်နေခဲ့တာ ဂိုဏ်းထဲမှာ နံပါတ်တစ် ပါရမီရှင် ဆိုတာလည်း သူ့ဘာသာကိုယ်တိုင် ကြေငြာထားတာ!!"
ထိုလူငယ်ရဲ့ မျက်နှာက ပြောင်းလဲသွားကာ ချက်ချင်း ကြွေးကြော်လိုက်သည်။
"မင်းတို့နောက်ဆို ငါ့ဆီ လာစရာ မလိုတော့ဘူး... ငါ အနားယူပြီး အမဲရာသီအတွက် ပြင်ဆင်ချင်တယ်"
ချောင်ရှူး ပြောပြီးနောက် လှည့်ပြီး ထွက်သွားတော့သည်။ မဟာသူတော်စင် ပြီးပြည့်စုံသောကာလမှ ကျင့်ကြံသူဟာ လျှို့ဝှက်စွာ အော်ဟစ်ကျိန်ဆဲလိုက်လေ၏။
"ဘာကောင်းလဲ ဘာဆိုးလဲ ဆိုတာတောင် မသိတဲ့ကောင်!! မင်းအဆင့်နဲ့များ အမဲလိုက်ရာသီမှာ ပါဝင်ချင်သေးတယ်... မင်းအသက်ပြန်လျက် ပြန်လာနိုင်မလား ဆိုတာတောင် မသေချာဘူး"
လုရွှမ်တစ်ယောက် တစ်နေရာမှ ကျိုးသွားသော သစ်ကိုင်းတစ်ကိုင်းကို တွေ့ခဲ့ကြောင်း သတင်းက ဂိုဏ်းတစ်ခုလုံးနီးပါး ချက်ချင်းဆိုသလို ပျံ့နှံ့သွားသည်။
လူတိုင်းက တစ်ယောက်နဲ့ တစ်ယောက် တီးတိုးပြောရင်း လက်ညှိုးထိုးလျက် ဆွေးနွေးနေကြ၏။