ကောလဟာလ
Vol. 72 Ch. 4.594
ထျန်းရှူးတောင်ထွတ်ကို ပြန်ရောက်တော့ လုရွှမ် ကျန့်ချောင်းရန်နဲ့ လော့ချင်းယီးတို့ကို ပြောပြလိုက်သည်။ ဒီသစ်သားက လုရွှမ်ဆီကို သူ့ဘာသာသူ ပျံသန်းလာခဲ့ပြီး ဘိုးဘေးက ချန်ထားခဲ့တာဖြစ်ကြောင်း ကြားတော့ သူတို့အားလုံး ထိတွေ့ချင်တဲ့ စိတ်ကူးကို စွန့်လွှတ်လိုက်ကြသည်။
လုရွှမ်အား ဒီသစ်သားကို သိမ်းခိုင်းလိုက်ပြီး ဘိုးဘေးက ထားခဲ့တာဆိုတော့ ကောင်းကောင်းသယ်ပြီး တခြားသူတွေ ပြောတာကို လွှတ်ထားဖို့လည်း မှာလိုက်သည်။
ထို့နောက် လုရွှမ်သည် လူတိုင်းရဲ့အမြင်မှ ထုံးစံအတိုင်း တံခါးပိတ် ကျင့်ကြံသွားခဲ့ပြန်သည်။
အချိန်ကာလ ဆိုတာ အလွန်တိုတောင်းပေ၏။ အချိန်က ရက်အနည်းငယ်မျှသာ ရကြတာကြောင့် လူတိုင်းမျှော်လင့်ထားသည့် လက်နက်ကို သန့်စင်ရတာက မဖြစ်မြောက်သောကြောင့် တပည့်များစွာကို အလွန်စိတ်ပျက် သွားစေခဲ့သည်။ ဒါ့အပြင် တပည့်များကြားတွင် ကောလဟာလများက တဖြည်းဖြည်း ပေါ်ပေါက်လာပြီး ပိုမိုပြင်းထန်လာသည်။
ကျန်းထျန်းချိုင်သည် အတုအယောင် ဟန်ဆောင်ထားတဲ့ ပါရမီရှင် တစ်ဦး ဖြစ်ကာ သူရဲ့စစ်မှန်သော တိုက်ခိုက်ရေး စွမ်းအားကို ဘယ်သူမှ မသိနိုင်ပေ။ တခြားသူတွေကြားမှာ သူဘယ်လို ထူးထူးခြားခြား အောင်မြင်မှုများ ရရှိထားတယ် ဆိုတာကိုလည်း မသိရပေ။
သို့သော် ကျန်းထျန်းချိုင်သည် သူ့ရဲ့ လေ့ကျင့်မှုအဆင့်ကို အမှန်တကယ် ပြသနိုင်ခဲ့ပေမယ့် သူ့ရဲ့စွမ်းရည်ကို စစ်ဆေးနိုင်တဲ့ လက်နက်သန့်စင်မှုကိုတော့ အကြိမ်ကြိမ် ရှောင်တိမ်းခဲ့သည်။ သူသည် လက်နက်သန့်စင်မှုကို လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်ကတည်းက ရှောင်ရှားခဲ့ပြီး ယခုအခါအထိ ဆက်လက်ရှောင်ရှားနေခဲ့သည်။
တစ်ချိန်တည်းမှာပင် လုရွှမ်သည် အကြောင်းပြချက်မရှိဘဲ သူ့နောက်ကျောနောက်တွင် ထင်းချောင်းတစ်ချောင်းကို ထမ်းထားတယ်ဆိုတဲ့ ကောလဟာလများစွာ ထွက်ပေါ်ကာ ရယ်မောစရာများ ဖြစ်လာခဲ့ရသည်။
လုရွှမ်ကတော့ သူ့ခြံဝင်းအတွင်း၌ လျှို့ဝှက်ဆန်းကြယ်သော သစ်သားချောင်းကို လေ့လာနေသည်။ အပြင်ဘက်က အတင်းအဖျင်း ပြောသံများကို ကြားထားပြီးသားဖြစ်တာမို့ လုရွှမ် လုံးဝ ဂရုမစိုက်ပါ။
တစ်စုံတစ်ယောက်က သူ့ကို ဒုက္ခရောက်စေချင်နေကြောင်းကို သိပြီး သူ့ရဲ့နောက်ကြောင်း အစစ်အမှန်ကို သိထားပေလိမ့်မည်။ အဲဒါက မန်ဟွမ်နတ်ဘုရား မျှော်စင်အတွက်ဖြစ်စေ သူ့ကိုဖယ်ရှားရန် ဖြစ်စေ ကောင်းကင်အောင်ခြင်းဂိုဏ်းရဲ့ စွမ်းအားက အားနည်းစေသည်ဖြစ်စေ နောက်ပိုင်း အမဲလိုက်ရာသီတွင် သွေးထွက်သံယို မုန်တိုင်းတွေ ဖြစ်လာမှာတော့ သိသာထင်ရှားလှပေသည်။
ကျန့်ကျောက်ဟာ လုရွှမ်ရဲ့ ခြံငယ်လေးသို့ နှစ်ရက်တစ်ကြိမ်လောက် ပြေးလာပြီး အပြင်ဘက်မှာ ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြသည်။ လုရွှမ် အချိန်မရှိရင် အဲဒီလူတွေကို ကိုယ်စား သင်ခန်းစာ ပေးနိုင်တယ်လို့ အကြိမ်ကြိမ် အကြံပြုခဲ့ပေမယ့် လုရွှမ်ကတော့ အားလုံးကို ငြင်းခဲ့သည်။
ကောလဟာလပဲ ဖြန့်ပြီး ကိုယ့်ကိုကိုယ် တိုးတက်အောင် မလုပ်တဲ့လူတွေကို လုံးဝ ဂရုမစိုက်သင့်ပါဘူး။ ဒီလို အတွေးမျိုးနဲ့ လုရွှမ်သာ သစ်သားချောင်းကိုပဲ အာရုံစိုက်ထားဖို့ မျှော်လင့်ထားသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူသည် နည်းလမ်းပေါင်းများစွာကို ကြိုးစားခဲ့သော်လည်း သစ်သားနဲ့ ပတ်သက်တဲ့ သဲလွန်စမျိုး မရရှိခဲ့ပေ။
သူသည် ထူးဆန်းမီးတောက်ဖြင့် မီးရှို့ခဲ့ပြီး ပထမတော့ တုတ်မီးလောင်သွားမှာကို အနည်းငယ် စိုးရိမ်ခဲ့သည်။ သို့သော် သူ စိတ်ဝိညာဥ်မီးတောက်နဲ့ ဖီးနစ်နတ်မီးတို့ဖြင့် တစ်ညလုံး မီးထိုင်ရှို့နေပေမယ့် ပျက်စီးသွားတာ လုံးဝမရှိခဲ့။
ထို့နောက် ဓားဖြင့်ခုတ်ထစ်ကာ ရွှေနှင့်ကျောက်စိမ်းသံများဖြင့်လည်း ရိုက်ကြည့်သည်။ သို့သော်လည်း ဓားက အပေါက်ငယ်များပင် ဖြစ်သွားကာ သစ်ချောင်းမှာတော့ ခြစ်ရာ သဲလွန်စလေးပင် မကျန်ခဲ့ချေ။
ဒီလောက် ခက်ခဲနေတာကို ဘယ်လိုလုပ် ကွဲသွားခဲ့တာတယ် ဆိုတာ နတ်ဘုရားတွေပဲ သိလိမ့်မည်။ အင်းဆက်တွေ စားသွားတဲ့ အခြေအနေက ဘယ်လိုမျိုး အင်းဆက်တွေကများ ဒီလောက်ထိ ဆိုးရွားနိုင်မှာလဲ။
လုရွှမ်သည် သူတော်စင် စွမ်းအား၊ စိမ်းပြာနဂါး စွမ်းအားနှင့် ယွမ်ယန်စွမ်းအားတို့ဖြင့် အဖန်ဖန်ကြိုးစားသော်လည်း သစ်သားတုတ်မှာ တုံ့ပြန်မှု မရှိလာပေ။
လုရွှမ် လေပူတစ်ချက် မှုတ်ထုတ်လိုက်ရပြန်သည်။ တစ်ချိန်က အလိုအလျောက် ပျံတက်လာခဲ့သော သစ်သားတုတ်သည် ယခုအခါ လုံးဝတုံ့ပြန်မှု မရှိတော့တာကြောင့် အသံတိတ် ကျိန်ဆဲလိုက်တော့သည်။
တကယ့်ရတနာတစ်ခု မဖြစ်နိုင်ပေမယ့် သစ်သားသေတ္တာကတော့ တည်ထောင်သူသစ်သားနဲ့ လုပ်ထားလေ၏။ သေချာတာကတော့ ဒါက စိတ်ဓာတ်ကျနေတဲ့ ရတနာက ကြုံရာကျပန်း သူ့လက်ထဲကို ဆင်းသက်လာခဲ့တာ ဖြစ်ပေလိမ့်မည်။
ဆယ်ရက်နီးပါး စမ်းသပ်ပြီးနောက် လုရွှမ်လည်း ယခုအချိန်က သူ ထွက်လာရမယ့်အချိန် မဟုတ်ကြောင်း သေချာသွားခဲ့သည်။ ဆိုရိုးစကားအတိုင်း ရတနာတစ်ခု မွေးဖွားလာတဲ့အခါ သူ့မှာ သူ့ကိုယ်ပိုင် အရှိန်အဟုန်နှင့် အချိန်တို့ ရှိတတ်သည်။ သူ့ကို ထွက်လာစေချင်ရင် ဖြည်းဖြည်းချင်း စောင့်ရတော့မှာပဲ။
နောက်ဆုံးတော့ ဒီခွေးရိုက်တုတ်က သူ့နောက်ကျောမှာ ပျော်ရွှင်စွာ သယ်ဆောင်ခံထားချင်ပုံရပြီး ဖြည်းဖြည်းချင်း ကျွေးမွေးဖို့ စောင့်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
ယနေ့တွင် ကောင်းကင်အောင်ခြင်းဂိုဏ်း တစ်ခုလုံး တက်ကြွနေပြီး အားလုံးက တောင်ထွတ်ကြီးရှေ့ရှိ ပင်မခန်းမရှေ့တွင် စုရုံးနေကြသည်။
လုရွှမ် အနေနဲ့ ကောင်းကင်အောင်ခြင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ သူသည် ဤအမဲလိုက်ရာသီကို အမီလိုက်နိုင်ရန် တခြားကမ္ဘာငယ်လေးမှ ပြန်လာခဲ့တာပင်။
ဂိုဏ်းချုပ် လော့ချောင်ဖုန်းက အမှန်တကယ်ပင် လော့ချင်းယီးရဲ့ အစ်ကိုအရင်း ဖြစ်သည်။ သို့သော် လော့ချောင်ဖုန်းဟာ အသက်တစ်ထောင်နီးပါး ရှိသည့် အဘိုးကြီးကဲ့သို့ ၀တ်ဆင်ထား၏။
ဒဏ္ဍာရီအရတော့ သူ့ရဲ့ ကျင့်ကြံမှုဟာ ထူးထူးခြားခြား ဖြစ်ပြီး နတ်မီးနယ်ပယ်ကို ကျော်လွန်သွားပြီ ဖြစ်လေသည်။ ဂိုဏ်းထဲက မထွက်လာသေးသော အကြီးအကဲများအပြင် သူသည် အမြင့်ဆုံး ကျင့်ကြံမှုအဆင့်က ရှိသူ ဖြစ်ပေသည်။
လုရွှမ်သည် ထျန်းရှုးတောင်ထွတ်တွင် တန်းစီရင်း အောက်တွင် ရပ်နေကာ ဂိုဏ်းချုပ်ကို အကြိမ်အနည်းငယ် အာရုံစိုက်ခဲ့နေလျက် ကောလာဟလများ မှန်ကန်ကြောင်း ယုံကြည်ခဲ့သည်။ ဒီလော့ချောင်ဖုန်းက နတ်မီးနယ်ပယ်ကို သာလွန်သော သခင်တစ်ဦး ဖြစ်နေပြီ။
သူ့ခန္ဓာကိုယ်ပေါ်က ရောင်ဝါသည် လုံး၀ ချုပ်နှောင်ထားရာ သူသာ သာမန်လူများကြားတွင် ရပ်နေမည်ဆိုလျှင် သာမန်လူနဲ့ လုံးဝကွာခြားသွားမည် မဟုတ်ပေ။
၃၆နှစ် တစ်ကြိမ် ကျင်းပသော အမဲလိုက်ရာသီဟာ ဂိုဏ်းအားလုံးအတွက် ပွဲတော်တစ်ခု ဖြစ်သည်။
အမဲလိုက်ရာသီအတွင်း ရရှိသော ရတနာများသည် ဂိုဏ်းရဲ့အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် အရင်းအမြစ်များ ခွဲဝေမှုအပေါ် အဆုံးအဖြတ်ပေးနိုင်သည့် သက်ရောက်မှုကြီး တစ်ခုဟုပင် ဆိုနိုင်သည်။
တောင်တစ်သောင်းဟု လူသိများသော ဝမ့်ရှန်းကမ္ဘာသည် ပင်လယ်ဧရိယာထက် များစွာသေးငယ်ပြီး အမှန်တကယ် ရှားပါးသော အရင်းအမြစ်များက ပင်လယ်ဧရိယာထဲတွင်သာ ရှိသည်။
လော့ချောင်းဖုန်း ပြောနေတဲ့ စကားတွေက အားပေးစကား သို့မဟုတ် သတိထားရမယ့် အချက်တွေသာ ဖြစ်သည်။ လုရွှမ်ရဲ့ မျက်လုံးများက လူတိုင်းဆီသို့ လွင့်မျောသွားခဲ့သည်။
ကောင်းကင်အောင်ခြင်းဂိုဏ်းရဲ့ တောင်ထွတ်ခုနစ်ခုတွင် တစ်ခုစီက တပည့်ထောင်ပေါင်းများစွာ ရှိပြီး လူပေါင်း တစ်သိန်းနီးပါးရှိသည်။ ဒီအရေအတွက်က အများကြီးလို့ ဆိုနိုင်ပေမယ့် တကယ်တော့ တခြားဂိုဏ်းတွေနဲ့ ယှဉ်ရင် အဓိကဂိုဏ်းကြီးရှစ်ခုမှာ လူအရေအတွက် နည်းတယ်လို့ ပြောရမည်။
တပည့်ပေါင်း သန်းပေါင်းများစွာ ရှိသော်လည်း အလုံးစုံအင်အား အရဆိုလျှင် သူတို့သည် အဓိကဂိုဏ်းကြီးရှစ်ခုထက် သဘာဝအားဖြင့် ညံ့သေးသည်။
ကျင့်ကြံမှုအဆင့်များ အချင်းချင်း လိုက်ဖက်ညီပြီး တိုက်ခိုက်လို စိတ်ရှိသူများက ပင်မခန်းမရှေ့တွင် ရပ်နေကြသည်။ စည်ကားသော နေရာတွင် လူ ၃၀၀၀ ကျော်ရှိပြီး တောင်ထွတ် တစ်ခုစီတွင် လူ ၅၀၀ ခန့်ရှိသည်။
လုရွှမ် ဤဂိုဏ်း၌ တပည့်များစွာ ရှိကြောင်းကို ပထမဆုံးအကြိမ် တွေ့လိုက်ရသည်။ လူ ၅၀၀ စုရုံးနေတဲ့ နေရာက မှောင်မိုက်သော နယ်မြေလိုဖြစ်နေပြီး အများစုမှာ ကောင်းကင်ဘုံသခင် စအဆင့်ရှိကြပြီး တချို့မှာတော့ မဟာသူတော်စင် အဆင့်ရှိကြသည်။ သူတို့ပုံစံတွေကို ကြည့်ရတာ အတွေ့အကြုံများစွာ ရှိပုံရသည်။
ဂိုဏ်းချုပိက အဖွဲ့ကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပြီး တောင်ထွတ်တစ်ခုစီရဲ့ သခင်များကပါ ဂိုဏ်းအပြင်ဘက် တောင်ခြေမှ ပို့ဆောင်ခြင်းအစီအရင်ဆီကို ရောက်လာပြီး အဝေးကို ပို့ဆောင်ပေး၏။
အကြိမ်ကြိမ် ဆက်တိုက် ပို့ပြီးနောက်မှာ ဂိုဏ်းကြီးတစ်ခုလုံး ရောက်ရှိသွားခဲ့သည်။ သာမန်ဂိုဏ်းငယ်များသည် လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက လွန်းပျံယာဉ်များ သို့မဟုတ် ပျံသန်းနေသော သားရဲများဖြင့် ပင်လယ်ဖက်သို့ စူးစမ်းလေ့လာရန် စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။
အကြိမ်တစ်ဒါဇင်လောက် ပို့ဆောင်ပြီး သုံးရက်ကျော် ကြာပြီးနောက်မှသာ အားလုံး ပင်လယ်ရှေ့ကို ရောက်ရှိလာကြသည်။
လွန်းပျံယာဉ်ပေါ်တွင် နောက်ထပ်တစ်ရက် ပျံသန်းပြီးနောက် ကောင်းကင်အောင်ခြင်းဂိုဏ်းက လူတိုင်းသည် ကြီးမားသော ကမ်းခြေတစ်ခုရှေ့သို့ ရောက်လာခဲ့ကြသည်။ ပို့ဆောင်ခြင်းအစီအရင်ထဲမှ လမ်းလျှောက် ထွက်လာပြီးနောက် ကမ်းခြေရှေ့တွင် လူအများအပြား စုဝေးနေခဲ့ကြသည်။
လော့ချောင်ဖုန်း၊ တောင်ထွတ်သခင် ခုနစ်ယောက်တို့သည် တခြားဂိုဏ်းများနှင့် စကားစမြည် ပြောနေကြသည်။ လုရွှမ်၊ ကျန့်ကျောက်တို့အပြင် ထျန်းရှုးတောင်ထွတ်ရဲ့ အတွင်းစည်း တပည့်များစွာဟာလည်း တောင်ထွတ်၆ခုက တခြားသော အတွင်းစည်းတပည့်များနဲ့ ပင်လယ်ထဲသို့ မည်သို့ဝင်ရောက်ရမည်ကို ဆွေးနွေးရန် စုဝေးနေကြသည်။
သူတို့ရဲ့ ခွန်အားများက သာမာန်တပည့်များထက် များစွာပို၍ အားကောင်းသည်။ နယ်ပယ်တွင်သာမက ခွန်အား၊ အတွေ့အကြုံတွေက သာလွန်ကြတာကြောင့် သာမာန်တပည့်များနောက် လိုက်ခြင်းက အချိန်ဖြုန်းခြင်းသာ ဖြစ်ပြီး သဘာဝအတိုင်း သူတို့ရဲ့ အစီအစဉ်များနဲ့သာ လုပ်ဆောင်လိုကြ၏။
လုရွှမ်က သူ့နောက်ကျောမှာ တုတ်တစ်ချောင်းကို ထမ်းထားတာကြောင့် လူစုလူဝေးထဲမှာ သူ့ပုံစံက အတော်လေး ထင်ရှားနေသည်။ ဒါ့အပြင် ဖော်ပြရခက်သည့် အရာတစ်ခုပါရှိသော ကျောက်စိမ်းရောင် ခါးပတ်တစ်ခုလည်း ပါလာ၏။ အဲဒါက သိုလှောင်လက်စွပ်နဲ့ သိုလှောင်လက်ကောက်တွေ ဒါဇင်ပေါင်းများစွာ ပါရှိကြောင်းတော့ လုရွှမ်ကို ဖွင့်ပြောရခက်စေသည်။