← Chapters

မတန်မရာ

Vol. 72 Ch. 4.595

မတန်မရာ

Vol. 72 Ch. 4.595

သူတို့ မထွက်ခွာခင်က လုရွှမ်ရဲ့ လက်ချောင်းတွင် သိုလှောင်လက်စွပ်ကို မတွေ့ရတာကြောင့် ကျန့်ချောင်းရန် ခဏလောက် တိုက်ရိုက် ပျောက်ကွယ်သွားခဲ့သည်။ သူ ပြန်ပေါ်လာတဲ့ အချိန်မှာတော့ သူ့လက်ထဲတွင် ဒါဇင်ပေါင်းများစွာသော သိုလှောင်လက်စွပ်နဲ့ လက်ကောက်များ ပါလာသည်။

သိုလှောင်လက်စွပ်နဲ့ လက်ကောက်များသည် သဘာဝကျကျ ပစ္စည်းတွေကို ထည့်သွင်းထားလို့ ရသော်လည်း အကျယ်အဝန်းက ဘယ်လောက်ပဲ ကြီးမား​နေပါစေ ပင်လယ်ထဲမှာ ရရှိနိုင်တဲ့ ရတနာတွေနဲ့ နှိုင်းယှဉ်လျှင် အတော်လေး အရောင်ဖျော့နေ​သေးသည်။

ကျန့်ချောင်းရန်ရဲ့ အမြင်မှာတော့ လုရွှမ်သည် ထျန်းရှုးတောင်ထွတ်ရဲ့ အကြီးဆုံးဈေးနူန်းကြီး ဖြစ်သည်။ ဤခရီးစဉ်က ဘယ်လောက် ဘေးကင်းမယ်ဆိုတာကို မေးရမှာ မဟုတ်ဘဲ ပစ္စည်းကောင်းတွေ ဘယ်လောက်တောင် စုဆောင်းနိုင်မလဲ ဆိုတာကို မေးရမှာပင်။

သိုလှောင်လက်စွပ်တစ်ခုက မလုံလောက်လေ ရတနာတွေက များတတ်လေ ဖြစ်နေရာ ကျန့်ချောင်းရန်က သူ့အတွက် အများကြီး သယ်ချလာခဲ့လေ၏။

အားလုံးကို ၀တ်ဆင်လိုက်လျှင် တောဆန်ပြီး ရှက်စရာကောင်းလွန်းသဖြင့် လုရွှမ် ခါးပတ်ကိုတောင်းကာ ခါးတွင် ချည်ထားလိုက်သည်။

ပထမတော့ လုရွှမ်ဟာ အနည်းငယ် ရှက်ရွံ့သလို ခံစားခဲ့ရပေမယ့် နောက်ဆုံးမှာတော့ ပင်လယ်ကို ကြည့်ဖို့ ရောက်လာတဲ့အခိုက်မှာ သောက်စား ဝတ်စားဆင်ယဉ်သူ အနည်းစုလည်း ရှိနေတာ တွေ့လိုက်ရသည်။

တချို့လူများသည် အိတ်တစ်လုံးကို ကိုင်ဆောင်ကြပြီး အချို့မှာ ခါးမှာချည်ထားသည်။ သို့သော် တချို့ကျင့်ကြံသူ မိန်းကလေးတွေက အလွန်ထက်မြက်၍ သိုလှောင်လက်စွပ်ကို ကြိုးဖြင့်ချည်၍ ဆွဲကြိုးအဖြစ် ပြုလုပ်ထားသောကြောင့် အလွန်ကြည့်ကောင်းလှသည်။

လူတိုင်းက ရွေ့လျားနေသော အိမ်တစ်လုံးလို မြင်ကွင်းကို မြင်လိုက်ရပြီး ရယ်မောနေချိန်တွင် လုရွှမ်ကတော့ ကျောက်စိမ်းပြားရဲ့ စွမ်းအားကြောင့် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူ့ရဲ့ကျင့်ကြံမှု ကြီးထွားလာတာနဲ့အမျှ အာကာသ ကျောက်စိမ်းပြားကလည်း အဆက်မပြတ် ကျယ်လာနေရာ ဘယ်လောက်တောင် ကြီးမားနေလဲ မပြောတတ်ပေ။

သူတော်စင်တစ်ပိုင်း ဖြစ်​လာ​ပြီးနောက် နေရာလွတ်ဟာ အချိန်တိုင်းတိုးလာခဲ့သည်။ လုရွှမ် သိုလှောင်လက်စွပ်များနှင့် သိုလှောင်အိတ်အချို့ကိုပင် တိုက်ရိုက် ပစ်ချနိုင်ခဲ့တဲ့အထိ လုံးဝ ကောင်းမွန်လာခဲ့သည်။

မရောက်သေးသော ဂိုဏ်းကြီးရှစ်ခုအထဲ၌ နှစ်ခုရှိနေသေးပြီး စောစောရောက်လာသော ဂိုဏ်းများမှာ အလျင်စလို မဖြစ်သေးသလို စိုးရိမ်ပူပန်မှုတွေလည်း မရှိချေ။ ဂိုဏ်းချုပ်နဲ့ တောင်ထွတ်သခင်တွေဟာ သူတို့နဲ့ ရင်းနှီးသော သူငယ်ချင်းများနဲ့ စကားစမြည် ပြော​နေကြသည်။

လုရွှမ်တွင် စူးရှထက်မြက်သော မျက်လုံးများနှင့် ပြင်းထန်သော ဝိညာဉ်စွမ်းအား ရှိတာကြောင့် မကြာမီတွင် လူအုပ်ထဲ၌ ကျောက်ချင်ယင်း၊ ယောင်ဆူးနဲ့ ဟောင်နန်းဖုန်းတို့ကို တွေ့လိုက်ရသည်။ သို့သော် အတူတူ လွတ်မြောက်သွားသော မိန်းကလေးကတော့ မရောက်လာသေးပေ။

လူအုပ်ထဲတွင် လုရွှမ်သည် ရန်မြို့က လူကြီးမင်းဟော်ရှန်းရဲ့ စစ်ဆေးမှုကို ကျော်ဖြတ်ခဲ့စဥ်က တွေ့ဖူးသော လူတချို့ကိုလည်း တွေ့လိုက်ရသည်။

ကျင့်ကြံမှု အဆင့်တွေ အများကြီး တိုးတက်လာတယ်လို့ ထင်ရပေမယ့် ထိန်းထိန်းသိမ်းသိမ်းနဲ့ ရှိနေကာ မောက်မာမှုတွေလည်း ပျောက်ကွယ်သွားကြပြီ။ သူတို့ဒီကို ရောက်လာပြီးနောက်ပိုင်း ဘယ်သူက တကယ့်ပါရမီရှင်လဲ ဆိုတာ သိသွားကြတဲ့ပုံပဲ။ နောက်ဆုံးတော့ သူတို့မှာ မြင့်မားတဲ့ ရည်မှန်းချက်တွေနဲ့ မာနတွေ မရှိတော့ဘဲ တည်ငြိမ်လာကြသည်။

ယောင်ဆူးကတော့ မာနကြီးနေတုန်းပါပဲ။ ယခုအချိန်တွင် သူမရဲ့ လေ့ကျင့်မှုအဆင့်က ကောင်းကင်ဘုံသခင် တတိယအဆင့်သို့ ရောက်ရှိနေပေပြီ။ သူမရဲ့ တိုးတက်မှုက အလွန်ပဲ လျင်မြန်လှသည်။

သူမကို ကြယ်တွေ ဝန်းရံထားတာကြောင့် သူမရဲ့ အပြုံးက တစ်ချိန်လုံး တောက်ပနေ၏။ လုရွှမ် တခြားသူများကို စောင့်ကြည့်နေသလို တချို့ကလည်း လုရွှမ်ကို စောင့်ကြည့်နေ​ကြသည်။

အထူးသဖြင့် ကျောမှာလွယ်ထားတဲ့ သစ်သားချောင်းကို မြင်တဲ့အခါ တချို့က သူတို့ရဲ့ အပြုံးတွေကို မျိုသိပ်ထားပြီး တချို့ကျတော့လည်း မသိမသာ ရယ်မောကြသည်။

ကျင့်ကြံသူတွေက သူတို့ လက်နက်များကို သိုလှောင်အိတ်ထဲတွင် သိမ်းဆည်းထားလေ့ရှိပြီး အသုံးပြုလိုပါက အလိုအလျောက် ထုတ်ယူနိုင်တာကြောင့် အလွန်အဆင်ပြေသည်။

တချို့တွေလည်း ဓားရှည်များကို ကျောပေါ်တင်ကာ သို့မဟုတ် ခါးတွင်ချိတ်ဆွဲကာ ခပ်လန်းလန်း ဖြစ်အောင် လုပ်ချင်ရုံသာမက ခန္ဓာကိုယ်ပေါ်က ဓားဆွဲထုတ်ပြီး တိုက်ခိုက်ရတဲ့ အရသာကို နှစ်သက်တတ်ကြသည်။

ဒါပေမဲ့ လုရွှမ်ကတော့ သူ့နောက်ကျောမှာ တစ်ဝက်ကျိုးနေတဲ့ သစ်သားချောင်းကို လွယ်ထားရာ အတော်လေး ဆန်းနေသည်။

ဒီသစ်သားက ကောင်းနေသေးတာ ဖြစ်နိုင်ပါ့မလား။

လူအများကြားထဲတွင် အထက်တန်း အဆင့်များလည်း ရှိသည်။ ကောင်းကင်ဘုံရှင်သခင်များသည် များသောအားဖြင့် ကောင်းကင်ဘုံသခင်များနှင့်သာ အတူရှိကြပြီး အလားတူပင် အဆင့်မြင့် ကျင့်ကြံသူများကလည်း သူတို့နဲ့ အဆင့်မတူတဲ့ လူတွေဘေးမှာ မရပ်ချင်ကြပေ။

လုရွှမ်သည် မဟာသူတော်စင် ပထမအဆင့်တွင်သာ ရှိသေးသော်လည်း ကောင်းကင်အောင်ခြင်းဂိုဏ်းရဲ့ တောင်ထွတ်သခင် ၇ယောက်နဲ့ အတူတူ ရပ်နေခဲ့တာကြောင့် ကျင့်ကြံသူများရဲ့ အာရုံကို ချက်ချင်း ဖမ်းစားမိသွားသည်။

အားလုံးအတူတကွ ပြောဆိုနေကြသည့် အရာမှာ သဘာဝကျကျ ကျင့်ကြံခြင်းနဲ့ ကျင့်စဥ် နည်းလမ်းများအကြောင်း ဖြစ်သည်။ လူတိုင်းက တူညီသော ဂိုဏ်းများမှ မဟုတ်ကြပေ။ ပင်လယ်နက်ထဲ ဝင်ပြီးနောက် တစ်ခုခုကို ရယူလိုလျှင် မလွဲမသွေ တိုက်ပွဲဝင်ရကြလိမ့်မည်။

ဒါဆို အရင်နားလည်သွားရအောင် ဘာလို့ အခုပဲ မလှုပ်ရှာကြတာလဲ?

ထို့ကြောင့် တခြားဂိုဏ်းများမှ ညီအစ်ကို၊ ညီအစ်မများသည် မကြာမီ ကံစမ်းရန် လာရောက်ခဲ့ကြသည်။

ယခုအချိန်တွင် ကျန့်ကျောက်သည် ကျင့်ကြံသူ မိန်းကလေးတစ်ယောက်နဲ့ ယှဉ်တွဲရပ်နေသော်လည်း စိတ်မသက်မသာ ဖြစ်နေရသည်။ လုရွှမ်လည်း အခုမှသာ နတ်သမီးထျန်းယင်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။ သူမရဲ့အလှက ကမ္ဘာကို တုန်လှုပ်စေတဲ့ အသွင်အပြင်မျိုး ရှိနေသည်။

ကျန့်ကျောက်လို ဖက်တီးတစ်ယောက်က နတ်သမီးလေးနဲ့ အတူယှဥ်တွဲ ရပ်နေတာကြောင့် ကျီးကန်း ဘဲဥချီသလိုမျိုး အတော်လေး ကြည့်ရဆိုးလှသည်။

ဒါပေမဲ့ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အရမ်းနီးကပ်နေပြီး စကားပြောတဲ့အခါမှာလည်း ပိုင်းခြားသိသာလွန်းတာကြောင့် သူတို့နှစ်ယောက်ကြားက ခင်မင်ရင်းနှီးမှုကို ပြောပြနိုင်၏။

လုရွှမ်သည် ဂိုဏ်း၏ အတွင်းနံရံများကို ဖော်ပြထားခြင်း မရှိသော်လည်း သူတို့နှစ်ဦးအား နွားချေးပုံထဲတွင် ပိတ်နေသော ပန်းတစ်ပွင့်ကို ကြည့်နေသလို ရွံရှာဖွယ်ကောင်းသော အကြည့်များဖြင့် သူတို့နှစ်ဦးကို ကြည့်နေသော တခြားဂိုဏ်းများမှ လူများစွာလည်း ရှိနေတာကို လုရွှမ် သတိပြုမိသည်။

လုရွှမ်သည် ကျန့်ကျောက်က သူနှင့် နတ်သမီးထျန်းယင် အကြားက အဖြစ်အပျက် အကြောင်းပြော​ပြတာကို သတိရသွား၏။ အကြောင်းကတော့ သူရဲကောင်းဟာ အလှလေးကို ကယ်တင်ပြီးနောက် အလှလေးကို အရှက်မရှိ စားသုံးပစ်လိုက်ရာ နတ်သမီးကို သေမျိုးကမ္ဘာက လူသားအဖြစ် ပြောင်းလဲစေခဲ့သည်။

ထိုအဖြစ်အပျက်ကြောင့် ရောင်ကွမ်းတောင်ထွတ်က ဆရာကြီးယန်ချင်းဟုန်ခမျာ ဒေါသအရမ်းထွက်ပြီး ကျန့်ကျောက်အား နယ်စပ်သို့ အနှစ်တစ်ရာကြာ သင်းထောက်လုပ်ရန် အပြစ်ပေးခဲ့သည်။ နောက်ဆုံး လုရွှမ်ကြောင့် ကျန့်ကျောက်လည်း ဂိုဏ်းထဲ ပြန်ရောက်လာခဲ့​လေသည်။

ကောင်းကင်ဘုံသခင် ပြီးပြည့်စုံသောကာလ နယ်ပယ်သို့ ရောက်ရှိသွားသော ထိပ်တန်း ပါရမီရှင်များက လုံးဝထူးခြားသော လူများဖြစ်သည်။ ကျန့်ကျောက် အတွက် ကံကောင်းထောက်မစွာ ပင်ပင်ပန်းပန်း ကြိုးစားပြီးနောက် နောက်ဆုံးတွင် ကောင်းကင်ဘုံသခင် အဆင့်၇သို့ ရောက်ရှိခဲ့သော်လည်း ပထမအဆင့်ရှိ မဟာသူတော်စင် လုရွှမ်ကတော့ တကယ်ကို အံ့သြဖွယ်ကောင်းလှသည်။

လုရွှမ်သည် ကျန့်ကျောက်ကို သွားချော့မော့ရန် ရည်ရွယ်ချက် မရှိသောကြောင့် တစ်ယောက်တည်း မတ်တပ်ရပ်​နေခဲ့သည်။ တခြားသူများ၏ အမြင်တွင် သူ့ပုံစံက မာနကြီးနေပုံပေါက်နေ၏။

ခဏကြာတော့ လူငယ်တစ်ယောက် ရောက်ရှိလာသည်။

"စိမ်းပြာကောင်းကင်ဂိုဏ်းက ဟန်ရွှိပါ... ဒီကောင်းကင်အောင်ခြင်း ဂိုဏ်းက ညီငယ်လေးကို ဘယ်လိုခေါ်ရမလဲ ? နောက်ကျောပေါ်က သစ်သားတုတ်က အရမ်းထူးဆန်းတယ်နော်... ကျွန်တော် အဲဒါက ဘယ်လို မှော်လက်နက်မျိုးလဲလို့ တွေးနေတာ... ညီအစ်ကိုက မဟာသူတော်စင် ပထမအဆင့်ပဲ ရှိသေးပေမယ့် ဉာဏ်ပညာကြီးပြီး ပါရမီရှင်တွေအားလုံးကို ယှဉ်နိုင်တယ်ဆို? အရည်အချင်းကလည်း အံ့မခန်းပဲလို့ ပြောကြတယ် အခွင့်အရေးရရင် တစ်ခေါက်လောက် စမ်းကြည့်ချင်ပါတယ်"

ထိုလူက စကားဆို​ပြီးသောအခါ လုရွှမ်ကို လုံးဝ မျက်လုံးထဲ မထည့်ထားဘဲ အမည်မသိ ကျင့်ကြံသူတစ်​ယောက်နဲ့ စကားစမြည် ပြော​နေသည်။ လုရွှမ် သူ့စိတ်ထဲ အနည်းငယ် စိတ်ကောင်းဝင်နေတာကြောင့် အလေးအနက် မထားခဲ့ပေ။

ဒါပေမဲ့ လုရွှမ် မထင်မှတ်ထားတဲ့ အရာကတော့ သူ့ရဲ့လျစ်လျူရှုမှုက တခြားသူတွေကို သူဟာ ပျော့ညံ့ပြီး အနိုင်ကျင့်ရ လွယ်ကူစေမယ့် အရာလို့ ထင်သွားစေခြင်းပင်။ ကျင့်ကြံသူ မိန်းကလေးတစ်ယောက်က လက်လှမ်းလျက် လုရွှမ်ကျော​နောက်​က သစ်​သားတုတ်​ကို ထိလိုက်​သည်​။

သူမက မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့်

"မောင်လေး... ဒီသစ်သားတုတ်က အရမ်းထူးဆန်းတယ် ဘယ်လိုမှော်လက်နက်မျိုးလဲ သိချင်နေတာ..လျှို့ဝှက်ဆန်းကြယ်တဲ့ လက်နက်များလား?"

သူမ စကားမဆုံးခင်မှာပဲ ကြီးမားတဲ့ စွမ်းအားတစ်ခုဖြင့် သစ်သားကို လှုံ့ဆော်လိုက်သည်။ လုရွှမ်ရဲ့ နောက်ကျောက သစ်သားချောင်းဟာ ရုတ်တရက် ပြင်းထန်သော လှိုင်းလုံးကို လွှင့်ထုတ်ပြီး ထိုမိန်းကလေးအား လွင့်ပစ်လိုက်လေသည်။

သူမ မြေကြီးကို မထိခင်မှာ သွေးတလုတ်ကို ထွေးထုတ်ပြီး တခြားကျင့်ကြံသူ တစ်ယောက်ကိုလည်း ဆောင့်မိသွားရာ နှစ်ယောက်လုံး သွေးတလုတ်စီ ထွေးပြီးမှ မြေပြင်ပေါ် လဲကျသွားတော့သည်။

တစ်ချိန်တည်းမှာပဲ လူတိုင်းက လုရွှမ်ကို ပူလောင်သော မျက်လုံးများဖြင့် စိုက်ကြည့်လာကြသည်။ သစ်သားချောင်းက ရတနာတစ်ခုဖြစ်ကြောင်း လူတိုင်းသိသွားပြီ။

All Chapters