တုံးအချင်ယောင်ဆောင်ခြင်း
Vol. 72 Ch. 4.596
"အိုက်ယိုး....ဒီကဆရာတူအစ်ကို ဘာဖြစ်သွားတာလဲ? ဒဏ်ရာမရသွားဘူးမလား"
လုရွှမ် အော်လိုက်ပြီး ကျင့်ကြံသူမိန်းကလေးနဲ့ ထိမှန်သွားတဲ့ ယောက်ျားပျိုကို ကူညီပေးဖို့ သွားလိုက်သည်။
ဒါက ယုတ္တိမတန်တဲ့ ဘေးဥပဒ်ကို ခံစားလိုက်ရသလိုပင်။
ကျင့်ကြံသူ မိန်းကလေးသည် တကယ်တော့ လျင်မြန်စွာ တုံ့ပြန့်လိုက်တာ မှန်သော်လည်း တစ်ဖက်အင်အားက သူမရဲ့အဆင့်၇ ကောင်းကင်ဘုံသခင်ရဲ့ အစွမ်းဖြင့်ပင် ခဏတာမျှ မတုံ့ပြန်နိုင်အောင် ဖြစ်သွားခဲ့သည်။
"ကျေးဇူးတင်ပါတယ် ဆရာတူညီလေး"
ယောကျ်ားပျိုရဲ့ မျက်နှာက ဖြူဖျော့သွားကာ လုရွှမ် သူ့ကို ကူညီပေးမှာကို လက်ခံဖို့ မဝံ့ရဲချေ။ နောက်ထပ် မတော်တဆ တစ်ခုခုဖြစ်သွားပြီး ကန်ထုတ်ပစ်ခံရမှာကို ပိုကြောက်မိသည်။
ထိုသစ်သားတုတ်က ကောင်းကင်ဘုံသခင် ကျင့်ကြံသူကိုတောင် နှင်ထုတ်ပစ်နိုင်စွမ်း ရှိတယ် မဟုတ်လား။
သာမာန် ကောင်းကင်ဘုံသခင် မပြောနဲ့ ဒီကနတ်မီးနယ်ပယ် ကျင့်ကြံသူတွေတောင် လုရွှမ်ကိုယ်တိုင်က တစ်ခုခုဖြစ်နေပြီလို့ သတိထားမိနေပြီ။
"အိုး အစ်မရော အဆင်ပြေရဲ့လား?"
လုရွှမ်ဆိုရင်း ကျင့်ကြံသူ မိန်းကလေးဆီသို့ လျှောက်သွားပြီး သူမကို ကူညီပေးဖို့ ကြိုးစားလိုက်သည်။
“ဒီကို မလာခဲ့နဲ့!!”
သူမက ဟစ်အော်ပြီး နောက်ထပ် သွေးတစ်လုတ် အန်ကျလာ၏။ လုရွှမ်က အပြစ်ကင်းတဲ့ပုံပေါက်ပြီး သူ့လက်တွေကို ဖြန့်ကာ
"အစ်မကို တကယ် တောင်းပန်ပါတယ်... ကျွန်တော် အဲ့လိုလုပ်ဖို့ မရည်ရွယ်ပါဘူး.... ဆရာတူအစ်မမှာ ဒီလိုမျိုးအဆင့်မြင့်တဲ့ ကျင့်ကြံမှုတစ်ခု ရှိတာကို ရုတ်တရက် လှည့်လာပြီး ကျွန်တော့်ကျောကို လာထိတော့ ခိုးဝင်တိုက်ခိုက်တယ်လို့ ထင်လိုက်လို့ပါ အဲဒါကြောင့်..."
မိန်းကလေးမှာ နောက်ထပ် သွေးတစ်လုတ်ကိုပင် အန်ထွက်လုမတတ် ဖြစ်သွားသည်။ ဒါကြီးက သူမကို သိသိသာသာ ထေ့ငေါ့နေတာပဲ မဟုတ်လား။
အထူးသဖြင့် သူမသည် မြင့်မားသော ကျင့်ကြံမှုအဆင့် ရှိနေပြီး အငယ်တန်းလေးဆီက တန်ပြန်တိုက်ခိုက်ခြင်း ခံခဲ့ရသလို ဒီလိုလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရလိုက်သေးသည်။
နောက်ကျောဘက်သို့ ရုတ်တရက် လှမ်းတက်တာဟာ သူမရဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကို ညွှန်ပြနေတာကြောင့် ထိုကျင့်ကြံသူ မိန်းကလေးရဲ့ မျက်နှာမှာ ဖြူဖျော့သွားကာ သွေးအန်ချင်ပစ်သော်လည်း မထွက်လာတော့ပေ။
"ဆရာတူအစ်မ... ကျွန်တော့်ကို အပြစ်မတင်ဘူးမလား? အစ်မရဲ့ပုံစံကို ကြည့်ရတာ ကျွန်တော့်ကို နည်းနည်း နာကြည်းနေသေးတယ် ထင်တယ်... ငါတကယ်ပြောတာပါ"
လုရွှမ် ရှေ့နှစ်လှမ်းတိုးပြီး သူမနောက်ကျောကို ထိလိုက်မလို ဟန်ဆောင်ပြီး အော်လိုက်သည်။
သို့သော် ကျင့်ကြံသူ မိန်းကလေးက လျင်မြန်စွာ နောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်သွားကာ ကျင့်ကြံသူ နှစ်ယောက်က အမြန်လှမ်းတက်ရင်း လုရွှမ် သူမအနားကို မကပ်လာစေရန် တားထားလိုက်သည်။
"ဆရာတူအစ်မ ကြည့်လိုက်... ကျွန်တော် အစ်မနဲ့ နည်းနည်းလေး နီးလာတာနဲ့ အစ်မက သတိထားဖို့ ချက်ချင်းပြင်ထားလိုက်တယ် ဒါပေမဲ့ ကျွန်တော် သေချာပေါက် ခိုးဝင်တိုက်ခိုက်ချင်လို့ မဟုတ်ပါဘူး... အစ်မ လုပ်ခဲ့တာကလည်း ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာ မဟုတ်ဘူးလို့ ကျွန်တော်ယုံတယ် ဟုတ်တယ်မလား ဆရာတူအစ်မ... ကျွန်တော်ပြောတာကို နားလည်လား မသိဘူး... ကျွန်တော် တကယ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာ မဟုတ်ပါဘူး"
"ဒါဆို ကျွန်တော့်ကို ခွင့်လွှတ်ပြီလားဟင်?"
လုရွှမ်ဟာ တုန်လှုပ်နေသော အမူအရာဖြင့် ကျင့်ကြံသူ မိန်းကလေးကို ကြည့်ကာ အော်ဟစ်လိုက်သည်။ ထိုမိန်းကလေးမှာ ရင်ဘတ်ထဲက ထွက်လာတော့မယ့် သွေးတွေကို မျိုချလိုက်ပြီး သွားတွေကို အံကြိတ်ကာ ပြောလာ၏။
"ဟုတ်တာပေါ့ မင်းကို ခွင့်လွှတ်ပါတယ်"
ပြောပြီး လုရွှမ်ကို နှလုံးသားထဲကနေ သေလောက်အောင် မုန်းတီးပစ်လိုက်သည်။ လုရွှမ်က တောင်းပန်ရုံတင်မကဘူး လူတိုင်းရဲ့ အာရုံစိုက်မှုကိုလည်း ဆွဲဆောင်ပစ်လိုက်သည်။
လူတွေသူမကို ကြည့်နေပုံက သူတို့ကို စမ်းသပ်ဖို့ ကြိုးစားနေတဲ့ လူရွှင်တော်ကို ကြည့်နေသလိုမျိုး ဖြစ်ရမယ် ဆိုတာ သူမသိသည်။ ဒါပေမယ့် သူတို့ လှည့်စားခံလိုက်ရပြီး ယခုတော့ လုရွှမ်က အခွင့်ကောင်းတစ်ခု ရသွားပြီး ယောက်ျားကောင်း တစ်ယောက်လို ပြုမူနေခဲ့သည်။
"အိုး... ဆရာတူအစ်မရဲ့ ပါးစပ်က လေသံကို ကြားရသလောက်တော့ ကျွန်တော့်ကို ခွင့်မလွှတ်ချင်ဘူးထင်တယ်... ကျွန်တော်ရဲ့အမှားမဟုတ်ဘူး...ကျစ် ကျွန်တော်ကိုက နမော်နမဲ့နိုင်တာ... ဆရာတူအစ်မကို သတိမထားမိဘဲ အင်အားနည်းနည်းနဲ့ လွှင့်ပစ်လိုက်မိမယ်လို့ ဘယ်သူက သိမှာလဲ? ဆရာတူအစ်မ ကျွန်တော့်ကို ခွင့်လွှတ်ပေးနိုင်မလား? ကျွန်တော် ဆရာတူအစ်မကို ထိမယ်... အစ်မလည်း ကျွန်တော့်ကို လွှင့်ပစ်လိုက်လေ"
လုရွှမ် ဖြူစင်တဲ့ မျက်နှာလေးနဲ့ အော်ဟစ်လိုက်လေ၏။
ကျင့်ကြံသူ မိန်းကလေးမှာ နောက်ထပ် သွေးတစ်လုတ်ကို အန်ထုတ်လုမတတ် ဒေါသထွက်လာတော့သည်။ ငါ့ကို လာထိမယ်။ နင်ကဘာလို့ အခွင့်ကောင်း ယူချင်နေသေးတာလဲ။ နင့်ကို လွှင့်ထုတ်ပစ်ရအောင် ငါ့မှာ အဲဒီအရည်အချင်း ရှိလို့လားဟဲ့။
ဒါလုံးဝ အရှက်ခွဲနေတာပဲ!
သူမ ဤတစ်ကြိမ်တွင် အလွန်အရှက် ကွဲခဲ့ရကြောင်း သိလိုက်ပြီး ဒီကိစ္စကို ဖြေရှင်းလိုပါက တတ်နိုင်သမျှ ဒီကနေ အမြန်ဆုံး ဆုတ်ခွာသွားဖို့သာ ရှိတော့၏။
သူမ အစွမ်းကုန် ပြုံးပြပြီး တိုးတိုးလေးပြောတယ်
"ဆရာတူမောင်လေး... မင်းဘာတွေ ပြောနေတာလဲ? ဒါ မင်းအပြစ် မဟုတ်ပါဘူး။ အဲဒါ မတော်တဆမှု တစ်ခုပါပဲ... အစ်မက အရမ်းသိချင်လွန်းပြီး မင်းကို နှိုးဆော်လိုက်မိတာပါ ရပါတယ်"
"တကယ်လား?" လုရွှမ်က သက်ပြင်းတစ်ချက် ချကာ ရင်ဘတ်ကို ပွတ်သပ်ကာ ပြုံးရင်း
"ဒါက မတော်တဆ ဖြစ်သွားတာကိုး ကောင်းပါတယ်...ဒီဆရာတူမောင်လေးက မတော်တဆ အမှားတစ်ခုခု ထပ်လုပ်မိပြီး တခြားသူတွေကို စော်ကားမှာကို တကယ်ကြောက်နေတာ... ကောင်းပါပြီ... ဆရာတူအစ်မ အဆင်ပြေတယ် ဆိုမှတော့ ကျွန်တော် ပြန်တော့မယ်နော်?"
ကျင့်ကြံသူမိန်းကလေးက သူမလက်ကို အမြန်ဝှေ့ယမ်းပြီး
“ပြန်သွား ပြန်သွား”
ဒီကောင်လေးကို တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားစေချင်နေပြီ။ သို့သော် လှည့်ကြည့်ကာ ရှုံ့မဲ့နေသော မျက်နှာဖြင့် ရပ်လိုက်ပြီး
"ဆရာတူအစ်မ မဟုတ်သေးဘူး... ကျွန်တော်ထွက်သွားလို့ မရဘူး ဆရာတူအစ်မက ကျွန်တော့်ကို နှစ်သိမ့်ပေးနေပေမယ့်လည်း ဒါက မတော်တဆမှု တစ်ခုပဲလေ ပြီးတော့ ကျွန်တော့် အပြစ်လို့ ထင်နေမိတုန်းပဲ ... ဆရာတူအစ်မရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ချင်တယ် ဒဏ်ရာတစ်ခုခုရသွားရင် မကောင်းဘူး”
“ဆရာတူအစ်မ မသိလို့... ဒီခွေးရိုက်တုတ်က အရမ်းဆိုးတာ တစ်ခါတလေ နည်းနည်းတော့ နာခံမှု ရှိပေမယ့် လူတွေကိုပဲ ရိုက်နှက်ဖို့ အမြဲကြိုးစားနေတာ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရုတ်တရက် လူတွေကို မရိုက်တော့ဘဲ ခွေးတွေကိုပဲ ရိုက်နေတာ.... ရက်အနည်းငယ် ကြာအောင် ရိုက်ပြီးတဲ့နောက်တော့ သူကျွန်တော့်စကားကို ထပ်ပြီး မနာခံတော့ဘူး"
လုရွှမ်က စကားစမြည်ပြောရင်း သူ့နောက်က သစ်သားတုတ်ကို ဖြည်လိုက်ပြီး ထိုမိန်းကလေးထံ ပေးလိုက်သည်။
"ဆရာတူအစ်မ... ကျွန်တော်သူ့ကို သင်ခန်းစာတစ်ခု ပေးလိုက်ပြီ... အခုချိန်ကစပြီး သူ ခွေးတွေကိုပဲ ရိုက်လိမ့်မယ် လူကို မရိုက်စေရဘူး... ဆရာတူအစ်မ မယုံရင် ထိရုံလေး ထိကြည့်လိုက်ပါလား?"
ကျင့်ကြံသူ မိန်းကလေးရဲ့ မျက်နှာသည် အလွန်ဖြူဖျော့နေပြီး နှလုံးသွေးများလည်း ပွက်ပွက်ဆူလာသည်။ ပတ်ဝန်းကျင်မှ ပူလောင်နေသော မျက်လုံးများကို ခံစားလိုက်ရကာ သူမမှာ အလွန်ရှက်ကြောက်ကာ ဒေါသလည်း ထွက်လာခဲ့သည်။
ဒီလို အရှက်ကွဲမှုတွေကို သူမက ဘယ်တုန်းကမှ မကြုံခဲ့ဖူးပေ။ ဒီလူယုတ်မာက သူမကို သွားခွင့်မပြုသေးဘူးလား။
ခွေးရိုက်တုတ်? ခွေးကိုပဲ ရိုက်တဲ့တုတ်?
သူမရှေ့ ထွက်ကျလာတဲ့ သစ်သားချောင်းကို ကြည့်လိုက်ရင်း ကျင့်ကြံသူမိန်းကလေးသည် သူမနှလုံးခုန်သံကို ပြန်ခံစားလိုက်ရသည်။ အစောက ဖြစ်ပျက်ခဲ့တာတွေကို သူမ နားမလည်သေးဘူး။ သူမ သစ်သားချောင်းကို အနည်းငယ် ထိလိုက်ရုံဖြင့် ကြီးမားသော တွန်းအားတစ်ခု ရှိနေတယ်လို့ ခံစားရပြီး သူမကိုပါ တိုက်ရိုက် တွန်းထုတ်ပစ်လိုက်သည်။
သူမ စိတ်ရှုပ်နေပေမယ့် ပိုလို့တောင် စူးစမ်းချင်မိသည်။ မထင်မှတ်ပဲ ဒီကောင်လေး သစ်သားချောင်းနဲ့ တကယ် ရောက်လာပြန်၏။
သူမ အသက်ပြင်းပြင်း ရှူလိုက်သည်။ တုန်လှုပ်နေသည့် အရိပ်အယောင်များက သူ့မျက်နှာအနှံ့ ပျံ့နှံ့သွားသော်လည်း တုန်တုန်ယင်ယင် လက်ဖဝါးဖြင့် လှမ်းထိကြည့်နေဆဲ ဖြစ်သည်။
လုရွှမ်ကတော့ သူ့နှလုံးသားထဲက လှောင်ပြောင်နေခဲ့သည်။ တကယ်တော့ သူ့မျက်လုံးတွေက ပတ်ဝန်းကျင်ကိုလည်း အာရုံစိုက်နေခဲ့တာပင်။ ဒီမိန်းကလေးရဲ့ အရည်အချင်းက ကောင်းကင်ဘုံသခင် အဆင့်၇ ခွန်အားထက် မပိုပေ။ သူမသည် တခြားသူများ အသုံးပြုနေသည့် အရူးတစ်ယောက်သာ ဖြစ်ကြောင်း သိသာထင်ရှားပါ၏။
သူမသည် သူမကိုစေ့စေ့ ကြည့်ရှုနေသော အမျိုးသားတစ်ဦးကို သုံးကြိမ်တိုင်တိုင် ပြန်စိုက်ကြည့်နေသည်။ အလွန်ဝိုးတဝါး ဖြစ်နေသော်လည်း လုရွှမ် ၎င်းကို ရှင်းရှင်းလင်းလင်း ဖမ်းယူနိုင်ခဲ့သည်။ မိန်းကလေးက သေရေးရှင်ရေးကိုတောင် မကြောက်ဘဲ နောက်တစ်ခါ ထပ်စမ်းဖို့ သတ္တိရှိနေချိန် ထိုယောက်ျားက လက္ခဏာ မပြလာရင်တော့ တစ်ခုခုမှားနေပြီဆိုတာ သေချာပြီ။
သနားစရာကောင်းပေမယ့် သနားစရာကောင်းတဲ့ လူတွေအတွက် မုန်းစရာတစ်ခုကတော့ ရှိရမှာပေါ့။ သေခြင်းတရားကို ရှာချင်ရင်တော့ ဘယ်သူကမှ မင်းကို တားလို့မရဘူး။
လုရွှမ်လည်း ကျင့်ကြံသူ မိန်းကလေးကို လှမ်းခွင့်ပြုလိုက်ပြီး သစ်သားချောင်းကို ထိခိုင်းလိုက်သည်။
ဗုန်း!
အသံနှင့်အတူ ထိုမိန်းကလေး လွင့်သွားပြန်သည်။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူမနောက်က လူတွေက သူမဘက်ကို အာရုံစိုက်နေကြပြီး သူမ လွင့်လာချိန်မှာတော့ ဘယ်သူမှ သူမကို မတားပေးထားတော့ပါဘူး။ ကျင့်ကြံသူ မိန်းကလေးဟာ ခပ်ဝေးဝေးကို ပျံထွက်သွားပြီး လက်တစ်ဆုပ်စာ သွေးတွေက ကောင်းကင်ကို ပြန့်ကျဲသွားကာ မြေပြင်ပေါ် လဲကျသွား၏။ ဒီတစ်ခါတော့ သူမက ခေါင်းကို ငုံ့ကာ ကာကွယ်ထားခဲ့သည်။
လုရွှမ် သစ်သားချောင်းကို သူ့နောက်ကျောမှာ ညှပ်ပြီး အော်ငေါက်ရင်း ပြေးထွက်သွားလိုက်သည်။
"အားပါးပါး... ဆရာတူအစ်မ အဆင်ပြေရဲ့လား? ကျွန်တော် မတော်တဆ လက်ညှိုးကို လှုပ်လိုက်တာတောင် သူက မနာခံပြန်ဘူး!"
ဝိညာဉ်စွမ်းအားကို ခံစားလိုက်ရသဖြင့် ယောက်ျားပျိုရဲ့ မျက်ခုံးများ လှုပ်ခတ်သွားကာ အမျိုးသမီးနှစ်ဦး ပြေးထွက်လာကာ သတိလစ်နေသော မိန်းကလေးကို ပွေ့ဖက်လျက် အခင်းအကျင်းတစ်ခုကို လျင်မြန်စွာ ဖန်ဆင်းလိုက်ကြသည်။
လုရွှမ် အမီလိုက်ဖို့ လုပ်နေပေမယ့် ကျင့်ကြံသူ အမျိုးသမီးတစ်ယောက်က လုရွှမ်ကို ဝင်တားလိုက်၏။