ဂိုဏ်းတွေကြားက ဆက်ဆံရေး
Vol. 72 Ch. 4.597
“ဆရာတူမောင်လေး ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့”
ကျင့်ကြံသူ မိန်းကလေးက အေးစက်စွာ ပြောလိုက်သည်။
လုရွှမ်ရဲ့ မျက်လုံးများက ထိုကျင့်ကြံသူ မိန်းကလေးရဲ့ ခန္ဓာကိုယ်ကို စိုက်ကြည့်ရင်း ယွမ်စွမ်းအင်တွေ ကွဲသွားတာကို တွေ့လိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်တွင် ဖြည့်စွက်စာ အနည်းငယ် ကျန်နေသေးသည်။ လုရွှမ် သူ့ပါးစပ်ထောင့်ကို တဆတ်ဆတ် တုန်အောင်လုပ်ရင်း
"ဆရာတူအစ်မ မင်းရော ဒီတုတ်နဲ့ ဆော့ချင်လား? အရွယ်အစားက အရမ်းသင့်တော်တဲ့ အနေအထားပါပဲ... ချဲ့လို့မရပေမယ့် ထိရတာ သက်တောင့်သက်သာ ရှိစေတယ် အစ်မရော လိုချင်လို့လား? အပျော်ကစားကြည့်မလား?"
သူ့နောက်က ကျင့်ကြံသူတွေက ရယ်နေကြပြီ။
ကျင့်ကြံသူ မိန်းကလေးရဲ့ မျက်နှာက သိသိသာသာ ပြောင်းလဲသွားကာ သူမခန္ဓာကိုယ်မှ လူသတ်ချင်သည့် ရောင်ဝါများလည်း ထွက်ပေါ်လာပြီး သူမလှုပ်ရှားခါနီးနေပြီ ဖြစ်သည်။ သို့သော်လည်း အနည်းငယ် မျက်မှောင်ကြုတ်ကာ နောက်သို့ ပြန်လျှောက်သွားခဲ့သည်။
လုရွှမ်က အမြန်အော်ပြောလေ၏။
"ဆရာတူအစ်မ... အသန့်ကြိုက်ရောဂါ ရှိလို့လား? စိတ်မပူပါနဲ့... ကျွန်တော် ခုနက ထိလိုက်မိတဲ့ ဆရာတူအစ်မ သူ့ကို ထိမိသွားပြီ။ မင်းတို့ ဆက်ဆံရေးက ဒီလောက်ကောင်းတာ သေချာပေါက် ညီအစ်မကောင်းတွေ ဖြစ်နိုင်တယ်.... ဘာလို့များ အလိုမကျရတာလဲ?"
ကျင့်ကြံသူတွေက ရယ်မောလိုက်ကာ ထိုမိန်းကလေးတွေလည်း အနည်းနဲ့အများတော့ ရှက်သွားကြသည်။
လုရွှမ် သူ့လက်ဖဝါးကို ဝှေ့ယမ်းလိုက်ကာ မီးလုံးကြီးတစ်ခု ထသွားသည်။ ပုံမှန်အားဖြင့် ဒါက ထူးဆန်းသော မီးတောက် မဟုတ်ပေ။ ၎င်းသည် ကောင်းကင်အောင်ခြင်းဂိုဏ်းက တပည့်တိုင်းရှိထားသည့် ရိုးရှင်းသော လက်နက်သန့်စင်သော မီးတောက်ဖြစ်သည်။
သူသည် မိန်းကလေးနှင့် ခဏတာ ထိမိသော တုတ်ပေါ်ရှိ နေရာကို မီးရှို့ လိုက်ပြီး သူ့ကိုယ်သူ စကားပြောနေသော်လည်း အသံက မတိုးပေ။
"အမျိုးသမီး ကျင့်ကြံသူ တစ်ယောက်က ထိတွေ့သွားလို့ ကစားလို့ မရတော့အောင် ဒီတုတ်က ညစ်ပတ်သွားပြီ... အဲဒါကြောင့် စကားနားမထောင်တော့မှာ ဖြစ်မယ် တကယ့်ထူးဆန်းတဲ့ အကျင့်ပဲ"
လုရွှမ် တုတ်ကို နောက်တစ်ကြိမ် ကျောပေါ်တင်ပြီး ပြန်ထွက်လာခဲ့သည်။ ကျန့်ကျောက်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လုရွှမ်အတွက် လက်ခုပ်တီးကာ
"ဆရာတူညီလေး မင်း ဒီလောက်ဆိုးမယ်လို့ ငါတကယ် မမျှော်လင့်ထားဘူး... အဲဒီကောင်မလေးကို ကြည့်ကြည့်လိုက်ဦး မင်း ဖျက်ဆီးပစ်လိုက်လို့ အရှက်ကွဲသွားပြီ"
"လူတစ်ယောက်က ဓားမထုတ်ဘဲ မြစ်တွေ ရေကန်တွေထဲ (သိုင်းလောကထဲ) ဘယ်လိုလုပ် လှည့်လည်သွားလာလို့ ရပါ့မလဲ? တွက်ချက်မှုတွေက အန္တရာယ်များတာမို့ အရှက်မရှိပဲ နေနိုင်မှရမှာ.... ဆရာတူအစ်ကိုကြီး ကျွန်တော်က ဒီလိုလူအပေါ် အရမ်းကြင်နာမိသွားတယ်လို့ ပြောနေတာလား?"
တခြားလူတွေတောင် ကျယ်လောင်စွာ ရယ်မောချလိုက်ကြပြီး ခဏလောက်အထိ လုရွှမ်ကို ပိုနီးကပ်စွာ ကြည့်လိုက်ကြသည်။
အမှားအမှန်ကို အဓိက ကိုင်တွယ်ဖြေရှင်းလေလေ စိတ်ခံစားမှုတွေ ဖြစ်ပေါ်လာဖို့ ပိုလွယ်လေပဲ။
အများအမြင်မှာ လုရွှမ်က ကောင်းကင်အောင်ခြင်း ဂိုဏ်းရဲ့ နံပါတ်တစ် ပါရမီရှင်ဘွဲ့ကို အမြဲတမ်း မျက်စိကျနေသော်လည်း အမှန်တကယ်တွင်တော့ သူဟာ မဟာသူတော်စင် ပထမအဆင့်ပဲ ရှိသေး၏။ တခြားဆရာတူ ညီအစ်ကိုတွေရဲ့ မနာလိုစိတ်ကို နှိုးဆွဖို့မလုပ်သင့်ပေမယ့် လုရွှမ် ရိုးရိုးရှင်းရှင်းပင် တခြားလူတွေနဲ့ မိတ်ဖွဲ့ဖို့ မကြိုးစားခဲ့ချေ။
သူက လူတွေကို အေးခဲသွားစေတဲ့ ခံစားချက်ကို သဘာဝအတိုင်း ပေးစွမ်းနိုင်သည်။ အမြင်ကျဉ်းတဲ့ သူတွေနဲ့တွေ့ရင် သူတို့စိတ်ထဲမှာ မလွှဲမရှောင်သာ တွေးနေလိမ့်မယ်။ ဘာကြောင့် သူ့ကိုသွားပြီး ဂါဝရမပြုကြတာလဲ?
ယခုမူ လုရွှမ်သည် ကောင်းကင်အောင်ခြင်း ဂိုဏ်းအတွက် အလွန်မျက်နှာပန်း လှနေပြီဖြစ်သည်။ ကောင်းကင်ဘုံသခင် တစ်ဦးအနေနဲ့ အငယ်တန်း မဟာသူတော်စင် တစ်ယောက်ဆီက အရိုက်ခံလိုက်ရသည်။ လုရွှမ်မျက်နှာကတော့ အများအမြင်မှာ အလွန်အမင်း တောက်ပနေပြီ။
တခြားတောင်ထွတ်များမှ အတွင်းစည်း တပည့်များသည်လည်း လုရွှမ်ကို ပိုမိုနီးကပ်စွာ ကြည့်ချင်လာကြသည်။
အတွင်းစည်း တပည့်တွေထဲမှာ ကျန့်ကျောက်ဟာ သူ့ရဲ့ကျင့်ကြံမှုကြောင့် နာမည်ဆိုးရပြီး ဆရာတူအစ်မ ထျန်းယင်ကိုလည်း ရထားတာကြောင့် တခြားသူတွေက မနာလိုဖြစ်နေခဲ့ကြသည်။
ထို့ကြောင့် သူသည် တခြားသူများ၏ ကြိုဆိုခြင်းကို မခံရဘဲ ထိုလူများကိုလည်း လုရွှမ်နဲ့ မိတ်ဆက်ပေးဖို့ အခွင့်မရှိခဲ့ပေ။ ကျန့်ကျောက်မှာ အခုမှပဲ တခြားလူတချို့နဲ့ မိတ်ဆက်ပေးဖို့ အခွင့်အရေး ရယူခဲ့ရသည်။
သူတို့အားလုံးက ဉာဏ်ကောင်းတဲ့လူတွေမို့ သဘာဝကျကျ သူတို့လေကို လျှော့ချပြီး လုရွှမ်နဲ့ ရင်းနှီးဖို့ ဒီအခွင့်အရေးကို ရယူခဲ့ကြသည်။ မထွက်ခွာမီတွင် တောင်ထွတ်သခင်တစ်ဦးစီသည် လုရွှမ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရရှိထားဖို့ သူတို့ကို အထူးပြောကြားခဲ့သည်။
သူတို့သည် အတိအကျ အမည်မထုတ်ဖော်ခဲ့သော်လည်း အတိဒုက္ခကို အောင်နိုင်ခဲ့သူမှာ လုရွှမ် ဖြစ်ကြောင်း လူအချို့က မှန်းဆနေကြဆဲဖြစ်သည်။
အဲဒီလိုပါရမီရှင်နဲ့ မိတ်ဆွေဖွဲ့ခြင်းရဲ့ အကျိုးကျေးဇူးတွေက ကြီးမားလှသည်။ သူတို့ဟာ သူငယ်ချင်းကောင်း မဟုတ်ရင်တောင် အနည်းဆုံးတော့ ရန်သူတွေ မဖြစ်နိုင်တော့ဘူးလေ။ ဒီလိုခင်မင်မှု မေတ္တာသည် နောက်ပိုင်းတွင် ပင်လယ်နက်အတွင်း သူတို့အသက်များကို ကယ်တင်နိုင်ပေလိမ့်မည်။
လုရွှမ်က သူ့အကျင့်အရ မာနကြီးပြီး သူငယ်ချင်းများကို အလွယ်တကူ လက်ခံမည် မဟုတ်ပေ။ ဒါပေမဲ့ မျက်နှာအမူအရာ အရတော့ သူက တခြားသူတွေထက် ပိုကောင်းအောင် လုပ်ခဲ့တယ်။ တချို့သော နှုတ်ခွန်းဆက်စကားတွေကို ပြောပြီး ရယ်မောနေကြရင်း ပတ်ဝန်းကျင်နဲ့ အရမ်းလိုက်ဖက်ညီအောင် နေပြီးသားပင်။
လူတိုင်းက သူတို့ သိချင်နေကြတဲ့ သစ်သားအပိုင်းအစ အကြောင်းကိုတော့ ဘယ်သူမှ မမေးခဲ့ကြပါဘူး။
နတ်မီးနယ်ပယ်များ စုဝေးရာ အရပ်တွင်တော့ ယခင်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို သူတို့ရဲ့မျက်လုံးများထဲမှ ဖုံးကွယ်ထား၍ မရပေ။ အမှားအမှန်ကို မြင်နေရတာတောင် တချို့က ဒေါသထွက်ပြီး တချို့ကတော့ ပျော်နေကြလေသည်။
ပျော်ရွှင်နေသူများသည် သဘာဝကျကျ ကောင်းကင်အောင်ခြင်းဂိုဏ်းက လူများဖြစ်ပြီး ဒေါသထွက်နေသူများကတော့ လုရွှမ်ကြောင့် အရှက်ရခဲ့သော မိန်းကလေးဘက်က ဂိုဏ်းအကြီးအကဲများပင် ဖြစ်ကြသည်။
လူတွေရှိတဲ့နေရာမှာ သိုင်းလောကရှိသလို သိုင်းလောက ရှိတဲ့နေရာတွေမှာ သဘာဝအတိုင်း ပြိုင်ဆိုင်မှုတွေရှိမယ်။ ပြိုင်ဆိုင်မှုတွေ ရှိလာတဲ့အခါ သဘာဝအတိုင်း ရုန်းကန်မှုတွေ ရှိလာမယ်။ ပြီးတော့ မုန်းတီးမှုတွေနဲ့ အာဃာတတွေ ရှိလာမယ်လေ။ အဓိကဂိုဏ်းကြီး ရှစ်ခုဟာ ဝမ့်ရှန်းကမ္ဘာရဲ့ ထိပ်တန်းရာထူးကို သိမ်းပိုက်ထားပြီး သူတို့ကြားက ဆက်ဆံရေးက တင်းမာတစ်လှည့် ဖြေလျှော့တစ်လှည့်ပင်။
ကြင်နာမှုတွေကြားမှာ အမုန်းတရားတွေလည်း ရှိကြသည်။ အပြင်ဘက်က တပည့်တွေက ကိစ္စတွေအကြောင်း မပြောတော့ဘဲ နောက်ထွက်ရမယ့် အမဲလိုက်ရာသီ အကြောင်း ဆက်ပြောကြတော့သည်။
အမဲလိုက်ရာသီလို့ ဘာကြောင့် ခေါ်သလဲ?
လူတိုင်းက အပြင်မှာ ဖော်ရွေတဲ့ မျက်နှာထား ရှိကြပေမယ့် ပင်လယ်နက်ထဲ ရောက်သွားရင် သူတို့ဟာ တခဏလေးအတွင်း အသက်နဲ့ သေခြင်းတရားကို မျှဝေခံစားကြပြီး နောက်မှာတော့ တစ်ယောက်ကို တစ်ယောက် အပြင်းအထန် တိုက်ခိုက်လာနိုင်သည်။
လုရွှမ် ရှေ့တက်လာတာနဲ့ တပြိုင်နက် ကောင်းကင်အောင်ခြင်း ဂိုဏ်းရဲ နာမည်ကို သိလိုကိရပြီး သူ့ဂိုဏ်းဝင်တစ်ဦးကိုလည်း ပြင်းထန်စွာ ဒဏ်ရာရသွားစေခဲ့သည်။
"အစ်ကိုချောင်ဖုန်း... အဲဒီတပည့်က ကျန်းထျန်းချိုင်... မင်းရဲ့ဂိုဏ်းထဲမှာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ကျော်ကြားလာခဲ့တာ ဟုတ်တယ်မလား? ကောင်းလိုက်တဲ့ ပါရမီရှင်ပဲ!!"
နတ်မီးနယ်ပယ်ကို ကျော်လွန်ထားတဲ့ ဂိုဏ်းချုပ်တစ်ယောက်က ရယ်မောကာ မေးလိုက်သည်။
သူ့ပါးပြင်ပေါ်က မျဉ်းများက မာကျောနေပြီး ဘယ်ရှု့ထောင့်ကနေကြည့်ကြည့် ဓားကိုင်သူရဲ့ ခြေရာလက်ရာကို ရှာမတွေ့ရပေ။ သို့သော် တစ်ချက် ကြည့်လိုက်လျှင် ခွန်အားမရှိသော ထိုလူသည် ဓားတစ်လတ်နဲ့တူကြောင်း ခံစားရလိမ့်မည်။
ထိုအဘိုးကြီးသည် ဂိုဏ်းကြီးရှစ်ခုအနက်မှ ဓားတစ်သောင်းတောင်ထွတ်မှ ဂိုဏ်းချုပ်ကြီး ကျန့်ဝူဝေါ် ဖြစ်သည်။
[Translater - ကျန့်ဝူဝေါ်နဲ့ ကျန့်ချောင်းရန်က မျိုးနွယ်မတူပါ]
ဓားတစ်သောင်းတောင်ထွတ်သည် ကောင်းကင်အောင်ခြင်းဂိုဏ်းနဲ့ အကောင်းဆုံး ဆက်ဆံရေးရှိပြီး သူတို့သည် အမြဲတမ်း စိတ်တူကိုယ်တူ ရှိခဲ့ကြသည်။ ကောင်းကင်အောင်ခြင်းဂိုဏ်းက ဓားတစ်သောင်းတောင်ထွတ် အတွက် ဓားပုံသဏ္ဌာန် လက်နက်အများစုကို ပေးအပ်ခဲ့ပြီး ဓားတစ်သောင်းတောင်ထွတ်ကလည်း သဘာဝအလျောက် ရံဖန်ရံခါ ပစ္စည်းကောင်းတချို့ကို ပေးတတ်သည်။
နှစ်ဖက်စလုံး၏ အကျိုးစီးပွားများ ရောထွေးကာ တပည့်များစွာလည်း လက်ထပ်ကြလေသည်။ လော့ချောင်းဖုန်းရဲ့ ဇနီးဟာ ကျန့်ဝူဝေါ်ရဲ့ ဆရာတူညီမ ဖြစ်ပေ၏။
လော့ချောင်ဖုန်းက တခြားသူများရှေ့တွင် ရိုးရိုးရှင်းရှင်း နေတတ်သော်လည်း ကျန့်ဝူဝေါ် ရှေ့တွင်တော့ ဆက်ဆံရလွယ်ကူသည်။ လော့ချောင်ဖုန်းက ဆိုလေသည်။
"ဒါက တကယ်ကို ထူးထူးခြားခြားပါပဲ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူက လေးလံမှုတွေကို သူ့ပုခုံး မထမ်းနိုင်လောက်တော့ပါဘူး... အထူးသဖြင့် ဂိုဏ်းရဲ့တာဝန်ပေါ့...နှမြောစရာပဲ"
ကျန့်ဝူဝေါ်ရဲ့ မျက်လုံးများက တောက်ပလာပြီး
"အစ်ကိုချောင်ဖုန်း... မင်းက ဒီကောင်လေးကို အရမ်းအကောင်း မြင်နေတာလား?"
"ရေတိမ်ပိုင်းထဲမှာ နဂါးတစ်ကောင်ကို မွေးမြူရတာ ခက်တယ်လေ... ဘုရားကျောင်းငယ်လေးက ဧရာမ ဗုဒ္ဓမြတ်စွာဘုရားကို ထားလို့မရဘူး"
"တကယ်လို့ ငါမှန်းကြည့်ရမယ်ဆိုရင် အဲဒီတုတ်ချောင်းကြောင့်ပဲ ဖြစ်မယ်"
ကျန့်ဝူဝေါ်က နောက်ထပ် စကားလုံးတွေကို မပြောပေမယ့် လော့ချောင်ဖုန်းက သူဘာကိုဆိုလိုသလဲဆိုတာကို သဘာဝကျကျ နားလည်သွားရာ ခေါင်းညိတ်လိုက်ပြီး
"ဟုတ်တယ် သစ်သားချောင်းက အလိုအလျောက် ပျံတက်သွားပြီး သူ့ကို ရွေးလိုက်တာ"
"ကျစ် ကျစ်... ကောင်းကင်အောင်ခြင်းဂိုဏ်းက တက်လာတော့မယ်လို့ ထင်ရတယ်နော်"
ကျန့်ဝူဝေါ်က ပြုံးပြီး သူ့မျက်လုံးတွေက လုရွှမ်ကို အာရုံစိုက်ပြီး ခဏလောက်အထိ ကြည့်နေသည်။ ထို့နောက်
"သူ့အကြောင်း ငါကြားဖူးတယ်... သူက ဓားရေးလေ့ကျင့်တဲ့ လူတော်တစ်ယောက်ပဲ ဒါပေမဲ့ နှမြောစရာပဲ... "
လော့ချောင်ဖုန်းလည်း ရယ်မောလိုက်သည်။ လုရွှမ်ရဲ့ အတိဒုက္ခ မြင်ကွင်းကို သိပြီးနောက် လုရွှမ်ရဲ့ ဓားရေးစွမ်းရည်ဟာ သာမာန်လူများထက် သာလွန်ကြောင်း သူ သဘာဝကျကျ သိလိုက်သည်။ ဒါကိုတွေးပြီး လော့ချောင်ဖုန်း အနည်းငယ်လည်း ဒေါသထွက်သွားသည်။
ဒီကလေးက ကောင်းကင်အောင်ခြင်းဂိုဏ်းကို ရောက်လာပြီးတာတောင် သူ့ကိုယ်ပိုင်လက်နက်ကို မသန့်စင်ရသေးဘူးလား။ ဒီတခေါက် ပြန်လာပြီးရင်တော့ သူ့ကို သန့်စင်ခိုင်းရတော့မယ့်ပုံပဲ။