← Chapters

အစဉ်လိုက်

Vol. 72 Ch. 4.598

အစဉ်လိုက်

Vol. 72 Ch. 4.598

"ဆရာတူညီလေး ငါတို့ ကောင်းကင်အောင်ခြင်းဂိုဏ်းက ဂိုဏ်းပေါင်းများစွာနဲ့ အတော်လေး ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်... ငါတို့က လက်နက်သန့်စင်တဲ့ ဂိုဏ်းဖြစ်လို့ ငါတို့မှာ ဂိုဏ်းအမျိုးမျိုးနဲ့ ကုန်သွယ်မှု ဆက်ဆံရေး ရှိထားတယ်... အနည်းဆုံးတော့ ဒီဂိုဏ်းတွေက ငါတို့အတွက် အရမ်းအရေးပါနေသေးတယ်"

"ဒါပေါ့.... လက်နက် သန့်စင်ရေးနဲ သူတို့ဘက်ကို အရောင်းအ၀ယ်လုပ်ရုံနဲ့ သူတို့နဲ့ တန်းတူရည်တူရှိဖို့ အရင်းအနှီးတော့ လိုတယ်လေ အဲ့တော့ စိတ်ထဲမှာ နည်းနည်း မာနကြီးသလို ခံစားရတယ်"

"ဒါပေမဲ့ ငါတို့နဲ့ အကောင်းဆုံး ဆက်ဆံရေးရှိတဲ့သူက ဓားတစ်သောင်းဂိုဏ်းပဲ မင်းမြင်တဲ့အတိုင်းပဲ... ဂိုဏ်းချုပ်နဲ့ စကားပြောနေတဲ့သူက ဓားတစ်သောင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး ကျန့်ဝူဝေါ်ပဲ"

"တခြားဂိုဏ်းတွေလည်း ရှိသေးတယ်... နဂါးရေငွေ့တောင်နဲ့ ဖီးနစ်အသိုက်... သူတို့က နည်းနည်းမာနကြီးပြီး မြင့်မြတ်တယ်လို့ ထင်ကြတော့ ငါတို့နဲ့ ပေါင်းသင်းဖို့ စိတ်မ၀င်စားဘူး.... ရိုးရိုးသားသား ပြောရရင် အဲဒီဂိုဏ်း၂ဂိုဏ်း လူနည်းနေလို့သာ မဟုတ်ရင် သူတို့ရဲ့ ခွန်အားတွေက ကျိန်းသေပေါက် စိမ်းပြာကောင်းကင်ဂိုဏ်းနဲ့ ဓားတစ်သောင်းဂိုဏ်းကို ကျော်လွန်သွားလိမ့်မယ်... လောလောဆယ်တော့ သူတို့က ဝမ့်ရှန်းကမ္ဘာရဲ့ ထိပ်တန်း အင်အားစု နှစ်ခုပေါ့"

"အခု အဓိက ဂိုဏ်းခြောက်ခု ရောက်နေပြီဆိုတာ မင်းလည်းမြင်ဖူးပါတယ် အဲ့ဂိုဏ်းနှစ်ခုက မရောက်လာသေးဘူး... ဟမ့် ကြီးမားတဲ့ ပစ်ခတ်မှုတွေက အမြဲတမ်း နောက်ကျနေတတ်တယ် မဟုတ်လား"

ဤစကားများသည် ထေ့ငေါ့ခြင်းများဖြင့် ပြည့်နှက်နေသော်လည်း ဘယ်သူကမှ ကန့်ကွက်ခြင်း မရှိပေ။

"မက်မွန်ပန်းတောင်ကြားက မိန်းကလေးတွေပဲ လက်ခံတယ် ပြီးတော့ နည်းနည်း အလှမ်းဝေးတယ်... မက်မွန်ပန်းတောင်ကြားမှာ မိန်းကလေးတွေ အားလုံးကို ရူးသွပ်သွားစေနိုင်တဲ့ ကျင့်ကြံရေး နည်းလမ်းတစ်ခု ရှိတယ် .. အဲဒါက သူတို့ရဲ့ အသွင်အပြင်နဲ့ ပုံသဏ္ဌာန်ကို ပြောင်းလဲနိုင်တယ် အဲဒါကြောင့် တစ်ကမ္ဘာလုံးက ယောက်ျားတွေက မက်မွန်ပန်းတောင်ကြားက ထူးခြားတဲ့အသွင်အပြင်နဲ့ စိတ်နေစိတ်ထား လှပတဲ့ ညီအစ်မတွေနဲ့ လက်ထပ်ရတာ ဂုဏ်ယူကြတယ်”

"ဓားဖြတ်တောင်ထွတ်က ဓားတစ်သောင်းဂိုဏ်းလိုပဲ ... သူတို့ဂိုဏ်းထဲက ကျင့်ကြံသူတွေက ဓားသွားလေ့ကျင့်ရတာကို အဓိက အာရုံထားစိုက်​ကြတယ် အဲဒါကြောင့် အကုန်လုံးက သန်မာကြံ့ခိုင်ပြီး သူတို့ရဲ့ ခွန်အားကလည်း မပျော့ဘူး။ သူတို့က ဓားတစ်သောင်းဂိုဏ်းနဲ့တောင် ယှဉ်နိုင်တယ် ဒါပေမဲ့ကွာ ရုပ်ရည်လည်း မရှိဘူး ရောင်းအားလည်း မရှိတော့ ဘယ်သူမှ သူတို့ကို မကြိုက်ဘူး"

လုရွှမ် သူ့စိတ်ထဲမှ ရယ်စရာကောင်းသလို ခံစားလိုက်ရသည်။

"ဒါ့အပြင် ပိုအရေးကြီးတာက သူတို့ရဲ့ ဓားဖြတ်တောင်ထွတ်က ဓားအားလုံးကို သူတို့ဘာသာ သန့်စင်ထားတာပဲ.... ငါတို့ ကောင်းကင်အောင်ခြင်း ဂိုဏ်းနဲ့ ယှဉ်ရင်တော့ အရည်အသွေးကတော့ အများကြီး ညံ့တယ်... ဓားဖြတ်တောင်ထွတ်က ဓားတွေနဲ့ ဓားတစ်သောင်းတောင်ထွတ်မှာ သုံးတဲ့ ဓားတွေက ငါတို့ရဲ့ပိုင်တဲ့ဓားတွေပဲ.... ယှဥ်လိုက်ရင် ပွဲက ရှုံးဖို့ အခွင့်အလမ်း ၇၀% ရှိတယ် ဒါကြောင့် အဆင့်သတ်မှတ်ချက်က သဘာဝကျကျ နိမ့်သွားတာ”

"ဗုဒ္ဓတစ်ထောင်တောင်ကတော့ သိပ်ကို လျှို့ဝှက်ဆန်းကြယ်တယ်... သူတို့ကို ဒီလိုမျိုး ပွဲကြီးတွေမှာပဲ တွေ့ရမှာ သာမာန်အချိန်တွေဆို လုံးဝပေါ်လာမှာ မဟုတ်ဘူး သူတို့ရဲ့ တည်​နေရာကလည်း အရမ်းဝေးတယ်လေ... ဒါပေမဲ့ နားမလည်နိုင်လောက်တဲ့ ခွန်အားနဲ့ တိုင်းတာလို့ ရတယ် အဲဒီလူတွေက စိမ်းပြာကောင်းကင် ဂိုဏ်းအောက်မှာ မနေဘူးလို့ ပြောကြပေမယ့် သူတို့က ဒီကမ္ဘာမှာ မွေးဖွားလာပြီးကတည်းက စစ်မတိုက်တဲ့ အုပ်စုဆိုတော့ သူတို့က အဆင့်မမြင့်ဘူး”

အတွင်းစည်း တပည့်တစ်ဖွဲ့က သူသူငါငါ အပြိုင်အဆိုင်ဖြင့် အဓိကဂိုဏ်းကြီးရှစ်ခုရဲ့ ယေဘုယျ အခြေအနေကို ပြောပြ​နေရာ လုရွှမ်လည်း ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလိုက်သည်။ များသောအားဖြင့် သူ သိပ်ဂရုမစိုက်တတ်ပေမယ့် အခုတော့ သင်ခန်းစာတစ်ခု သင်နေရပြီ။

"ဆရာတူညီလေး... ပင်လယ်နက်ထဲ ဝင်ဖို့ မင်း ဘယ်လို အစီအစဉ်ရှိလဲ? မင်း တစ်ယောက်တည်း သွားမလား ဒါမှမဟုတ် အားလုံးနဲ့ လိုက်မလား"

ကျန့်ကျောက်က မေးလိုက်သည်။ လုရွှမ် ခဏလောက် စဉ်းစားပြီး

"ကျွန်​တော် တစ်ယောက်တည်း လမ်းလျှောက်ပြီး အထဲမှာ ဘာတွေဖြစ်နေလဲ ကြည့်ချင်သေးတယ်"

တခြားလူတွေက ရယ်ကြလေ၏။ ဒါက အကြံအစည်လား။ ကျန့်ကျောက်က မျက်လုံးပြူး​ပြပြီး စာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်။

"ဒါတွေက ပင်လယ်နက်ထဲမှာ ပေါ်လာတဲ့ အရာတွေ အကုန်လုံးကို မှတ်တမ်းတင်ထားတာ... အဲဒါတွေကို နှိုင်းယှဉ်ကြည့်ရင် ရတနာတွေကို မင်းရှာတွေ့နိုင်တယ် မဟုတ်ရင် အလဟသ ဖြစ်သွားလိမ့်မယ်"

လုရွှမ် အမြန်ယူပြီး သူ့ကို ကျေးဇူးတင်လိုက်သည်။

"စကားမစပ် ဒါက သေးငယ်တဲ့ ဆက်သွယ်ရေး နည်းလမ်းတစ်ခုပဲ ဓားတစ်သောင်းဂိုဏ်းကနေ ငါသင်ယူခဲ့တာ ဆိုးဆိုးရွားရွား သက်ရောက်မှုရှိမှာမို့ အလွယ်တကူ မဖြန့်ပါနဲ့"

ဖုန့်ဖေးက လုရွှမ်ရဲ့ စိတ်ထဲကို စာလုံးတချို့ ထည့်လိုက်ပေမယ့် ဒါဟာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။

လုရွှမ် ခံစားကြည့်လိုက်တော့ ဓားပျံကနေတစ်ဆင့် လူအချင်းချင်း ဆက်သွယ်နိုင်တဲ့ အလွန်မှော်ဆန်သော နည်းလမ်းတစ်ခု ဖြစ်​နေ​လေသည်။

"ပင်လယ်နက်ထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတစ်ခု ရှိတယ်... ဆက်သွယ်ရေး ကျောက်စိမ်းပြားက အသုံးမဝင်သလောက် ဖြစ်ပေမယ့် အဝေးကြီး မသွားသေးသရွေ့တော့ ဒီနည်းလမ်းကို သုံးနိုင်တယ်"

တခြားသူများကလည်း ခေါင်းညိတ်လိုက်ကြသည်။

"စကားမစပ်... ဒါက အတွေ့အကြုံ နည်းနည်းပါ.. မင်း စိမ်း​ပြာ​ကောင်းကင် ဂိုဏ်းက လူတွေနဲ့ တွေ့ရင် အရင်ဆုံး ငါတို့ကိုဆက်သွယ်ပြီးမှ လှုပ်ရှား.... ဓားတစ်သောင်းဂိုဏ်းက မင်းရဲ့ အထောက်အထားကို သိတော့ အများအားဖြင့်တော့ သူတို့ကမင်းအပေါ် လှုပ်ရှားမှာ မဟုတ်ဘူး.... သေချာတာပေါ့ မင်း ရူးသွပ်​​နေတဲ့ လူတွေနဲ့ တွေ့ရင်တော့ သူတို့ကို မတိုက်နိုင်ရင် ပြေးသာပြေး!"

"နဂါးရေငွေ့တောင်နဲ့ ဖီးနစ်အသိုက်... နှစ်ဖက်စလုံးကလူတွေက သူတို့လိုသလောက် လမ်းလျှောက်နိုင်တယ်... ဓားဖြတ်တောင်ထွတ်နဲ့ တွေ့ရင်တော့ အရင်သာ ခုတ်လိုက် မဟုတ်ရင် အရမ်းနောက်ကျသွားလိမ့်မယ်... မက်မွန်ပန်းတောင်ကြားကိုတော့ မင်းရဲ့လှပတဲ့ မျက်နှာကို သွားမပြမိ​စေနဲ့... ဒါပေမဲ့ အခုနတုန်းက မင်းစွမ်းဆောင်လိုက်တာကြောင့် သူတို့မင်းကို လူဆိုးလို့ တံဆိပ်ကပ်ထားလောက်ပြီ... မင်း တတ်နိုင်သမျှ ဝေးဝေးသာရှောင် ဗုဒ္ဓတစ်ထောင်တောင်ကတော့ မင်းမလှုပ်ရှားသေးသရွေ့ သူတို့က ဘယ်တော့မှ အစပြုမှာ မဟုတ်ဘူး"

တခြားသူများက ရယ်မောကြပြီး ကျန့်ကျောက်ကလည်း ရယ်လိုက်ကာ။

"ဒါအမှန်တရားပဲ မတော်တဆမှုတွေ ရှိတတတယ် သတိထားဦး"

ထျန်းယင်က ပြုံးပြီးပြောတယ် "ကောင်းပြီ မင်း ရန်ဖြစ်​နေတဲ့သူတွေနဲ့ ကြုံလာရရင် အရူးအမူး မပါဝင်ပါနဲ့... အကောင်းဆုံးကတော့ ထွက်သွားလိုက် မင်းဆက်နေမယ်ဆိုရင် သူတို့နှစ်ယောက်ရဲ့ တိုက်ခိုက်မှုကိုတောင် ပြန်ခံရနိုင်တယ်"

လုရွှမ်သည် သူ့အား ရှင်သန်မှု အတွေ့အကြုံကို သင်ကြားပေးနေသည့် ဤလူများကို အမှန်တကယ် ကျေးဇူးတင်ကာ ကြည်နူး​နေမိသည်။ အသုံးဝင်တာမဝင်တာ အသာထား စိတ်ရင်းမှန်ဖြင့် ဆက်ဆံတာ၊ ဒီလိုစိုးရိမ်မှုမျိုးနဲ့ သတိပေးတာက ကောင်းမွန်တယ်လို့ ခံစားမိသည်။

ဒီလိုမျိုး ဂရုစိုက်မခံရတာ ကြာပြီပေါ့။

ရုတ်​တရက်​ နတ်​မီး​နယ်ပယ်က သခင်အုပ်​စုတစ်​စုသည်​ အ​နောက်​ဘက်​သို့ လှမ်းကြည့်​လိုက်​သည်​။ လှိုင်းလုံးကြီးကဲ့သို့ လူအုပ်စုကြီးသည် သူတို့ဘက်ကို လျှင်မြန်စွာ ချဥ်းကပ်လာနေကြ၏။

ထို​အုပ်စုနှစ်စုရဲ့ လူဦးရေဟာ တခြားအဓိကဂိုဏ်းခြောက်ခုနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးလွန်းသည်။

ကောင်းကင်အောင်ခြင်းဂိုဏ်းတွင် လူအနည်းစုသာ ရှိသည်ဟု ဆိုကြပါစို့။ သူတို့မှာအနည်းဆုံး လူ ၃၀၀၀ ရှိပြီး စိမ်းပြာကောင်းကင် ဂိုဏ်းက လူ ၁သောင်းပင် တိုက်ရိုက်စေလွှတ်ခဲ့သော်လည်း ရောက်လာတဲ့ ပါတီနှစ်ခုကတော့ တစ်ဖက်လျှင် ၅၀၀ သာရှိသည်။

အမြန်နှုန်းသည် အလွန်လျင်မြန်ပြီး အရှိန်အဟုန်သည် တူညီသော နယ်ပယ်ရှိ လူများထက် အနည်းငယ် ပိုပြင်းထန်သည်။ အားလုံးရှေ့မှာ ယောက်ျားနဲ့ မိန်းမတစ်ယောက် ပြေးထွက်လာ၏။

သူတို့နှစ်ဦးစလုံးသည် နတ်မီးနယ်ပယ်ကို ကျော်လွန်ထားသော သခင်များဖြစ်ကြပြီး ၎င်းတို့ထုတ်လွှတ်လိုက်သော စွမ်းအားသည် လုရွှမ်ကိုပင် လျှို့ဝှက်စွာ ထိတ်လန့်သွားစေခဲ့သည်။

ကောင်းကင်ဘုံသခင် ဂိုဏ်းဆရာကြီးများက အချင်းချင်း နှုတ်ဆက်စကား ဖလှယ်ကြပြီး တပည့်များကတော့ မြေပြင်ပေါ် ဆင်းသက်ကာ အဝေးတွင် ရပ်နေကြ၏။ သူတို့က နှုတ်ဆက်စကားပင် မဆိုကြဘဲ ကမ်းခြေအနီးတွင် ရပ်ကာ ပင်လယ်နက်ကိုသာ ကြည့်​နေကြသည်။

"မင်းမြင်တယ်မလား? အရမ်းမာနကြီး​ကြတယ်...ဒီကလူတွေကို မျက်လုံးထဲတောင် ထည့်ပုံမပေါ်ဘူး"

လုရွှမ် ခေါင်းညိတ်ပြသော်လည်း သူ့နှလုံးသားက ရယ်​နေမိသည်။ ဒီလူတွေက နည်းနည်းတော့ မာနကြီးတယ်လို့ ယူဆနိုင်ပေမယ့် သူကတော့ မာနကြီး​နေတာ ကြာပြီလေ။

လုရွှမ် ထိုဂိုဏ်းနှစ်ခုအကြောင်းကို အလွန်သိချင်နေခဲ့သည်။ နဂါးရေငွေ့တောင်၊ ဖီးနစ်အသိုက် ဟူသော အမည်မှာ ဖော်ပြထားသလို ၎င်းတို့နှစ်ဖက်သည် နဂါးများနှင့် ဖီးနစ်များလို ဆက်ဆံရေးတချို့ ရှိနေတာတော့ ထင်ရှား​ပေသည်။

လုရွှမ်တွင် စိမ်းပြာနဂါးနှလုံး၊ သူ့နောက်ကျောတွင် နဂါးအရိုးရှိပြီး နဂါးအရွတ်၏ အပိုင်းငယ်တစ်ခု ရှိသည်။ ထိုအရာအားလုံးက နဂါးမျိုးရိုးရဲ့ ရောင်ဝါ ရှိသလို သူ့ခန္ဓာကိုယ်ထဲတွင် ဖီးနစ်အမွေးနှစ်ခုလည်း ရှိ​နေပါသေး၏။ တစ်ခုက ပေါင်းစပ်ပြီးသားဆိုပေမယ့် နှစ်ခုလုံးက ပေါင်းစပ်ပြီးသားလို့ ဆိုနိုင်သည်။

ထိုအရာတွေက ဖီးနစ်နတ်မီးက ဆင်းသက်လာလို့ ဖီးနစ်ရောင်ဝါ ရှိတယ်လို့ မှတ်ယူနိုင်သည်။ တစ်ဖက်က လူနှစ်ဖွဲ့ကြားက ဘာကွာခြားလဲတော့ သူလည်း မသိပေ။

သို့သော် ပါတီနှစ်ဖက်ဆီမှ စိမ်းပြာနဂါးရဲ့ ရောင်ဝါကို မခံစားရတဲ့အတွက် နှမြောစရာတော့ ကောင်းလှသည်။ ဖီးနစ်ဖက်မှာတော့ ဖီးနစ်နဲ့ အနည်းငယ် ဆင်တူသော ရောင်ဝါရှိသော်လည်း အလွန်အားနည်းသည်။

ဒါကြောင့် လုရွှမ်လည်း သူ့ခန္ဓာကိုယ်ပေါ်က နဂါးနဲ့ ဖီးနစ်ရောင်ဝါများကို မထုတ်လွှတ်ဝံ့ပေ။

All Chapters