ပင်လယ်ထဲဝင်သွားပြီ
Vol. 72 Ch. 4.599
"ဟေ့ ဆရာတူညီလေး မင်းဘာတွေကြည့်နေတာလဲ? မင်းကတကယ်တော့ ငါတို့လိုပါပဲကွ... သူတို့တွေများ ဘာဂုဏ်ယူရတယ်မှန်း မသိဘူး... သူတို့ကိုယ်သူတို့ နဂါးနဲ့ ဖီးနစ်မျိုးနွယ် နတ်သားရဲတွေလို့များ ထင်နေလား မသိဘူး! ဟမ်း ဟာသပဲ!"
လုရွှမ် ခေါင်းခါပြီး ဘာမှမဖြစ်ဘူးလို့ ပြောလိုက်သည်။ နောက်ဘက်ကနေ ပျံသန်းလာတဲ့ ကျင့်ကြံသူတွေ ပိုများလာတာကို တွေ့လိုက်ရကာ ကမ်းခြေတစ်ခုလုံးလည်း ကျင့်ကြံသူတွေနဲ့ လ
ပြည့်ကျပ်နေသည်။
"အချိန်နီးလာပြီ.... အံ့ဖွယ်အမှုကြီးကို စောင့်ကြည့်ကြရအောင်"
ကျန့်ကျောက်က ပြောလိုက်သည်။
အံ့ဖွယ်အမှု?
တစ်နေကုန် စောင့်ဆိုင်းပြီးနောက် ဂိုဏ်းချုပ်ကြီးများအားလုံး ကမ်းခြေရှေ့တွင် စခန်းချကာ မြေနေရာခွဲ၍ အေးချမ်းစွာ အနားယူလိုက်ကြသည်။
ညဘက်တွင် လုရွှမ်တစ်ယောက် ကျန့်ကျောက် ပေးခဲ့သော ပင်လယ်ရတနာ စုဆောင်းမှု မှတ်တမ်းကို ကြည့်နေခဲ့သည်။ သူ့စိတ်ဝိညာဥ်က ရုတ်တရက် လှုပ်ရှားသွားပြီး သူ့နှလုံးသားထဲမှာ နားမလည်နိုင်တဲ့ စွမ်းအင်အတက်အကျ တစ်ခုက ဝင်လာခဲ့သည်။ သူ့စိတ်ထဲမှာ တစ်ခုခုကို ခံစားလိုက်ရသလို ပင်လယ်ဘက်ကို အလိုအလျောက် အမြန်ကြည့်လိုက်သည်။
ထိုအခါမှပင် တခြားလူတွေလည်း ပင်လယ်ဘက်သို့ မျှော်ကြည့်နေတာ သတိထားမိလိုက်သည်။ ယခုအချိန်မှာတော့ ပင်လယ်ပြင်က အပြင်းအထန် လှိုင်းထန်နေ၏။
ညက မည်းမှောင်နေတာ သိသာထင်ရှားပေမယ့် ပင်လယ်နက်ထဲမှာတော့ အလင်းဘောလုံး တစ်ခုက လင်းလက်နေသည်။ အကွာအဝေးက နေလုံးငယ်လေးလိုပင် ဝေးကွာလွန်းလှသော်လည်း ကမ္ဘာကြီးတစ်ခုလုံးကို လင်းထိန်သွားအောင် လုပ်ဖို့ လုံလောက်လေသည်။
ပင်လယ်သည် ခဏလောက် ဟိန်းဟောက်ပြီးနောက် လှိုင်းလုံးကြီး အဖြစ် ပြေးပြန်တက်လာသည်။ အရှိန်က အရမ်းမြန်လွန်း၏။ တခဏချင်းမှာပဲ ပင်လယ်ရေက အဝေးကို ပြန်ဆုတ်သွားပြီး ကျယ်ပြောလှတဲ့ ပင်လယ်ကြမ်းပြင်ကိုသာ ချန်ထားခဲ့သည်။
လုရွှမ် ပူလောင်သော မျက်လုံးများဖြင့် ပင်လယ်ရေပြင်ကို ကြည့်နေခဲ့သည်။ ပင်လယ်ရေ ကျသွားတာနဲ့ သူ့စိတ်ထဲတွင် တစ်စုံတစ်ရာ ပျောက်ကွယ်သွားသလို နားမလည်နိုင်စွာ ခံစားလိုက်ရသည်။
သူကိုယ်တိုင် မသိလိုက်သော ခြေတံတစ်ချောင်းပဲ ကျိုးသွားသလို သူ့ခန္ဓာကိုယ်က ပြေလျော့သွားသလို ခံစားလိုက်ရသည်။ ရုတ်တရက် သူ့ပခုံးပေါ်မှာ လက်တစ်ဖက် တင်ထားလာ၏။ လှည့်ကြည့်လိုက်တော့ အရမ်းရင်းနှီးနေတဲ့ ကျန့်ကျောက် ဖြစ်နေသည်။
"ကောင်းကင်နဲ့ မြေကြီးရဲ့ ဘုန်းအာနုဘော်ပဲ... ကျင့်ကြံသူတွေရဲ့ အရေးမပါတဲ့ လောဘတွေကလည်း အရင်တစ်ခေါက်ကထက် နှိမ့်ချသွားတယ်လို့ ခံစားရတယ်... အတိတ်က မောက်မာမာနတွေ မရှိတော့တဲ့ အငွေ့အသက်တွေပဲကွ... လူတိုင်းရဲ့ ခံစားချက်က မတူပါဘူး။ မင်းကို မင်းကိုယ်တိုင်ကပဲ နားလည်ပေးနိုင်တယ်.... ဒီအချိန်မှာ မင်း ဒါကို နားမလည်ရင်တောင် နောက်ကျရင် တဖြည်းဖြည်း နားလည်လာလိမ့်မယ်"
လုရွှမ် ခေါင်းညိတ်လိုက်သည်။ ဒီအချိန်မှာ သူ့စိတ်တွေကို လွှတ်ထားလိုက်တာက သူ့ကို ပိုပြီး စိတ်အေးလက်အေး ခံစားရစေတယ်။ ဒါပေမဲ့ လုရွှမ်မှာ ဘာတွေပြောင်းလဲသွားလဲ ဆိုတာ အတိအကျ မပြောနိုင်သေးချေ။
ပင်လယ်ရေက ပင်လယ်ရဲ့ အနက်ပိုင်းအထိ ဆုတ်ခွာရင်း အလင်းလည်း ပျောက်ကွယ်သွား၏။ လုရွှမ်စိတ်ထဲတွင် အချိန်အတော်ကြာ အာရုံစိုက်နေခဲ့တာက ဘယ်လို တန်ခိုးအာနိသင်တွေ ရှိနေခဲ့လဲ ဆိုတာပါပဲ။
မထီမဲ့မြင်ပြုမှုနှင့်အတူ လင်းထိန်နေသော အလင်းရောင် ဘောလုံးသည် စိမ်းပြာကောင်းကင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရှဲ့ယွင်ထျန်း လက်မှ လွင့်ပျံသွားပြီး ပတ်ဝန်းကျင်ကို လင်းထိန်သွားစေရာ လူတိုင်းရဲ့အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့သည်။
လုရွှမ် လေထဲသို့ မော့ကြည့်လိုက်ရာ ကျောက်ပြားကြီးတစ်ပြား ရုတ်တရက် ပေါ်လာပြီး တဖြည်းဖြည်း ကြီးမားသော ကျောက်ပြားကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ကမ်းခြေပေါ် လေးလံစွာ ဆင်းသက်လာခဲ့သည်။
ကျောက်ပြားပေါ်၌ ငွေရောင် အလင်းတန်းများ လင်းထိန်သွားပြီးနောက် အလင်းတန်းများဟာ အမဲလိုက်ရာသီတွင် ပါဝင်လိုသော ကျင့်ကြံသူ အားလုံးရဲ့ လက်ကို ထိမှန်သွားလေသည်။
အရှိန်က မြန်လွန်းသဖြင့် လုရွှမ် ရှောင်တိမ်းလိုသော အရာကို လုံးဝရှောင်မသွားနိုင်ဘဲ သူ့လက်ကောက်ဝတ်သို့ ရောက်ရှိလာခဲ့သည်။ လုရွှမ် သူ့လက်ကောက်ဝတ်ကို ကြည့်လိုက်တော့ နာမည်တစ်ခု ပေါ်လာပြီး သူ့နာမည်က ကျန်းထျန်းချိုင်၊ ကောင်းကင်အောင်ခြင်းဂိုဏ်း တဲ့။
သူ့နောက်တွင် တခြားအဆင့်တစ်ခု သတ်မှတ်ထားတာ ရှိသော်လည်း ယခုအချိန်တွင် အဆင့်အားလုံးက သုညဖြစ်နေသည်။
"လူတိုင်း လက်ကောက်ဝတ်မှာ အဆင့်သတ်မှတ်တာကို မြင်ကြမှာပါ.... အဲဒါက မင်းတို့နာမည်၊ ဂိုဏ်းနာမည်နဲ့ ပင်လယ်ရေနက်ပိုင်းဒေသကို ဝင်ပြီးလို့ ရတနာတွေကို ရပြီးရင် ဂိုဏ်းရဲ့ အမှတ်တွေက အလိုအလျောက် ပြောင်းလဲသွားလိမ့်မယ်... စည်းမျဉ်းဟောင်းအတိုင်းပဲ ပထမအဆင့်ရှိသူဟာ အပိုဆုတွေ ရနိုင်မယ်... ရမှတ်က လေးဆယ်ရာခိုင်နှုန်း၊ ဒုတိယနေရာအတွက် ၃၀%၊ တတိယနေရာအတွက် ၂၀%၊ ထိပ်တန်းဆယ်ယောက် အတွက် ၁၀%၊ ထိပ်တန်း အယောက်၁၀၀ အတွက် ရာခိုင်နှုန်းတစ်ဝက်နဲ့ ထိပ်တန်း အယောက်၁၀၀၀ အတွက် ရမှတ် ၃၀၀၀ပဲ.... ဒါကြောင့် သွားတော့"
ရှဲ့ယွင်ထျန်းက ရိုးရိုးရှင်းရှင်းနဲ့ တိုက်ရိုက်ပဲ စကားပြောလာသည်။ သူပြောပြီးတဲ့ နောက်မှာတော့ လက်ကို ဝှေ့ယမ်းလိုက်ရာ စိမ်းပြာကောင်းကင်ဂိုဏ်းက ကျင့်ကြံသူတွေ ပင်လယ်ထဲကို ပြေးဆင်းသွားကြတော့သည်။
ထို့နောက် ဓားတစ်သောင်းဂိုဏ်း ရောက်ရှိလာပြီး ကျင့်ကြံသူများ အားလုံး တဖြည်းဖြည်း ပြေးဝင်လာသည်။ လုရွှမ်လည်း လူအုပ်ကြီးနောက်သို့ လိုက်ကာ ပင်လယ်ထဲသို့ ပြေးဝင်သွားခဲ့သည်။
ဂိုဏ်းကြီးရှစ်ခုမှ လူများသည် ပင်လယ်သားရဲ အလောင်းများစွာနှင့် ပင်လယ်ကြမ်းပြင်အောက်တွင် ပစ္စည်းများ အများအပြား ကျန်နေသော်လည်း လမ်းတစ်လျှောက်တွင် မနေခဲ့ချင်ကြကြောင်း သူမြင်ရသည်။
၎င်းတို့ကို တစ်ချက်တောင် လှည့်မကြည့်ဘဲ အတွင်းပိုင်းထဲကို အပြေးအလွှား လျှောက်ဝင်သွားကာ တဖြည်းဖြည်း လူစုခွဲရင်း ပင်လယ်အနက်ပိုင်းသို့ အလုအယက် ဝင်သွားကြသည်။ တချို့က လွန်းပျံလှေများကို လွှတ်ထားပြီး တချို့မှာ အရှိန်မလျှော့ဘဲ မိမိတို့ အစွမ်းသတ္တိဖြင့် ပျံသန်းနေကြသည်။
လုရွှမ်သည် ဂိုဏ်းကြီးတစ်ခုစီ၏ အတွင်းစည်း တပည့်များ တန်းစီထားတဲ့အထဲ ရပ်နေကာ လူတိုင်းက သူတို့မျက်စိနှင့် စိတ်ဝိညာဥ် စွမ်းအားတို့ဖြင့် ပတ်ဝန်းကျင်ကို ကြည့်နေလေသည်။
စိမ်းပြာကောင်းကင်ဂိုဏ်းက ကျင့်ကြံသူတွေက ထုံးစံအတိုင်း တန်ခိုးကြီးတယ်လို့ ထင်မြင်ရပြီး သူတို့က ပတ်ဝန်းကျင်ကို ပို၍ပင် ကြီးစိုးလာ၏။ မကြောက်မရွံ့ဖြင့် တောက်လျှောက် ဖြိုခွင်းနေကြသည်။
သူတို့မှာ လူအရေအတွက် အများဆုံးရှိတဲ့အတွက်ကြောင့် သူတို့ဟာ အကြီးဆုံးလေဟာပြင်ကို သဘာဝအတိုင်း သိမ်းပိုက်ထားကြသည်။ ပိုနက်ရှိုင်းလေလေ လူတိုင်းရဲ့ နေရာယူနိုင်တဲ့ နေရာဟာ သဘာဝအလျောက် သေးငယ်လာပြီးရင်း သေးငယ်လာတော့သည်။
စိမ်းပြာကောင်းကင်ဂိုဏ်းက တပည့်များသည်လည်း အကွာအဝေးကို ချဲ့ထွင်ကာ လူစုခွဲ၍ ပျောက်ကွယ်သွားကြသည်။
"ညီငယ်လေး ငါတို့လည်း သွားပြီ... ထျန်းယင်နဲ့ ငါ မင်းကို တလမ်းလုံး လိုက်မပို့နိုင်တော့ဘူး။ မင်းရဲ့ခွန်အားနဲ့ဆို မင်းကပဲ သူများကို အနိုင်ကျင့်နိုင်တဲ့ တစ်ဦးတည်းသော သူပဲ... တခြားသူတွေက မင်းကို လာအနိုင်ကျင့်ရင်တော့ သူတို့ ကံဆိုးတာပေါ့"
ကျန့်ကျောက် လုရွှမ်ကို နှုတ်ဆက်ပြီး ထျန်းယင်နဲ့အတူ ထွက်သွားလေသည်။ ပင်လယ်ထဲသို့ ပိုနက်လာသောအခါ တပည့်များကြား အကွာအဝေးသည် တဖြည်းဖြည်း ကျယ်လာသည်။
ကျင့်ကြံသူများစွာသည်လည်း တိုက်ရိုက် ထွက်ခွာသွားကာ အရှိန်အဟုန်ဖြင့် ပျောက်ကွယ်သွားကြသည်။ တချို့လူတွေက တစ်ခုခု ကောင်းတာမြင်တာနဲ့ ပင်လယ်ကြမ်းပြင်ကို ထိုးဆင်းသွားကြ၏။
လုရွှမ်လည်း ဦးတည်ရာတစ်ခုကို ရွေးချယ်ပြီး ရှေ့သို့ ဆက်လက် ပျံသန်းလာခဲ့သည်။ ယသူ့မျက်လုံးများက ပတ်ဝန်းကျင်ကို အခါအားလျော်စွာ အကဲခတ်ရင်း သူ့လက်ကောက်ဝတ်က အလင်းတန်းအဆင့်ကိုလည်း အာရုံစိုက်နေခဲ့သည်။
ကျင့်ကြံသူ များစွာတို့သည် ကောင်းကင်နဲ့မြေကြီးရဲ့ ရတနာတချို့၊ ရှားပါးအပင် တချို့ကိုပင် ရရှိထားပြီးဖြစ်ပြီး သူတို့ရဲ့ အမှတ်များမှာလည်း လျင်မြန်စွာ မြင့်တက်လာနေသည်။
သို့သော် ထိုလူအများစုသည် ဂိုဏ်းကြီးရှစ်ခုက တပည့်များ မဟုတ်ကြောင်း လုရွှမ် သတိပြုမိသည်။ ထို့အပြင် အမှတ်များ ကြီးထွားနှုန်းက မြန်ဆန်သော်လည်း မြင့်မားနေတာမျိုး မဟုတ်ပေ။ ဆိုလိုတာက သူတို့ ရရှိသော အရာများက သာမန်တန်ဖိုးသာ ရှိလေ၏။
လုရွှမ် သူ့စိတ်ဝိညာဉ် စွမ်းအားကို ခွဲထုတ်ပြီး ပင်လယ်ကြမ်းပြင်သို့ ပစ်ချလိုက်သည်။ ကျန့်ကျောက် ပေးခဲ့တဲ့ စာအုပ်ကို အလွတ်ကျက်ထားပြီမလို့ သူ့မျက်လုံးတွေက လင်းယုန်မျက်လုံးလို ကျန်ရစ်နေနိုင်တဲ့ ရတနာတွေကို အာရုံစိုက်နေခဲ့သည်။
ကမ်းခြေမှာ ဂိုဏ်းချုပ်တစ်စုက စုရုံးပြီး တဖြည်းဖြည်း မမြင်နိုင်တော့တဲ့ တပည့်တွေဘက်ကို ကြည့်နေလေသည်။
တောင်ထွတ်သခင်များ၊ ခန်းမသခင်များနှင့် တခြားနတ်မီးနယ်ပယ် သခင်များသည်လည်း အတူတကွ စုရုံးနေကြပြီး အချင်းချင်း စကားစမြည် ပြောဆိုကြပြီ။ သူတို့က လာမယ့်ပြိုင်ပွဲအကြောင်း ပြောဆိုနေကြပြီ ဖြစ်သည်။
"ဂိုဏ်းချုပ်လော့... ကျုပ်ခန့်မှန်းတာ မှန်မယ်ဆိုရင် ခင်ဗျားရဲ့ဂိုဏ်းက ကျန်းထျန်းချိုင်ဆိုတာ ရှေးဟောင်းလျှပ်စီးကမ္ဘာက နံပါတ်တစ်လူ လုရွှမ် ဖြစ်မယ် ဟုတ်တယ်မလား?"
စကားပြောဆိုလာသူမှာ စိမ်းပြာကောင်းကင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရှဲ့ယွင်ထျန်း ဖြစ်သည်။ လုရွှမ်ကို ပထမဆုံး တွေ့လိုက်ရသောအခါတွင် သူရရှိခဲ့သော တိုင်ပင်ဆွေးနွေးမှုကို ရုတ်တရက် သတိရသွားခဲ့သည်။
သူ့ပုံနဲ့အတူ လုရွှမ်ဆိုတဲ့ နာမည်တစ်ခု ပါလာသည်။ ၎င်းသည် ဂိုဏ်းရဲ့ တပည့်ဟောင်းတစ်ဦးထံမှ အစီရင်ခံစာ ဖြစ်ပြီး အဆင့်တိုင်းတွင် ရွေးချယ်ခံရကြောင်း ထောက်ခံချက်နဲ့အတူ လွှဲပြောင်းပေးလာခဲ့သည်။
"စစ်မှန်တဲ့ ပါရမီရှင်တစ်ဦးမှာ အကန့်အသတ် မရှိတဲ့ အနာဂတ်တွေ ရှိပါတယ်"
ထိုအချိန်က သူသည် တပည့် စုဆောင်းလာသော အကြီးအကဲကို အတိအကျ မေးမြန်းခဲ့ပြီး နောက်ဆက်တွဲ သတင်းများ ဆက်တိုက်ရခဲ့သော်လည်း ကောလဟာလအရ လုရွှမ် သေဆုံးသွားခဲ့ပြီဟုသာ ဆုံးဖြတ်ခဲ့သည်။