← Chapters

ထောက်ခံချက်

Vol. 72 Ch. 4.600

ထောက်ခံချက်

Vol. 72 Ch. 4.600

သူတကယ် မမျှော်လင့်ထားတဲ့ အရာက လူအုပ်ထဲမှာ လုရွှမ်ကို တွေ့လိုက်ရမယ်ပါပဲ။

မျက်နှာသွင်ပြင်က ကြည်လင်ပြတ်သားပြီး မျက်လုံးတွေက တိုက်ခိုက်လိုတဲ့ စိတ်ဓာတ်တွေ ပြည့်နှက်နေ၏။ ပိုလို့တောင် အံ့သြစရာကောင်းတာက အမျိုးသမီး တပည့်ကို သင်ကြား​ပြသနေစဉ်တွင် လုရွှမ်လက်ထဲတွင် သစ်သားချောင်းကို သူမှတ်မိလိုက်ခြင်းပင်။ ထိုအရာက ကောင်းကင်အောင်ခြင်းဂိုဏ်းကို တည်ထောင်သူက ဒဏ္ဍာရီဆန်ဆန် ချန်ထားခဲ့သော အရာ​ဖြစိသည်။

စိတ်ထဲက သက်ပြင်းချရင်း ကောင်းကင်အောင်ခြင်းဂိုဏ်းက ဒီလိုတပည့်ကောင်း တစ်ဦးကို ရရှိတဲ့အတွက် တကယ်ကံကောင်းတယ်လို့ ခံစားမိလိုက်သည်။

လော့ချောင်ဖုန်းကလည်း ရယ်ပြီး

"ဟုတ်တယ် အဲဒီလူက လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က အာကာသ လေပြင်းတိုက်ခတ်မှုကနေ လွတ်မြောက်ခဲ့တဲ့ လူငါးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ လုရွှမ် ပဲ"

"ကောင်းပြီ သူ့ခန္ဓာကိုယ်မှာ မန်ဟွမ်နတ်ဘုရားမျှော်စင် ရှိတယ်ဆိုပြီး ရှေး​​​ဟောင်းလျှပ်စီးကမ္ဘာမှာ ကောလဟာလတွေ ရှိခဲ့တယ်နော်... အခုကြည့်ရတာတော့ ကောလဟာလတစ်ခုပဲ ဖြစ်မယ်"

လော့ချောင်းဖုန်းကလည်း ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ် အောက်ကမ္ဘာက လူတွေမှာ အပြစ်ပေးခံရနိုင်တဲ့ နှလုံးသား​တွေရှိတယ် ဆိုတဲ့ ကောလဟာလတွေလည်း ရှိခဲ့တယ်"

ရှဲ့ယွင်ထျန်းက သူလုရွှမ်ကို ထောက်ခံနေတယ် ဆိုတာကို သိသာထင်ရှားအောင် ခေါင်းညိတ် ပြလိုက်သည်။ လူတိုင်းရှေ့မှာ ဒီစကားတွေ ပြောလိုက်တာကြောင့် မကြာခင်ပဲ ပျံ့နှံ့သွားလိမ့်မည်။

ထိုအခါ လုရွှမ်က မန်ဟွမ်နတ်ဘုရားမျှော်စင် မရထားကြောင်း သတင်းက ပျံ့သွားပြီး သူ့ကို ပစ်မှတ်ထားနေသည့် လူအချို့အတွက် အကြောင်းပြချက် မလိုဘဲ လုရွှမ်ကို သတ်ပစ်ဖို့ ကြိုးစားလာလိမ့်မည်။ အဲဒီလို ဖြစ်လာရင် လုရွှမ်ဟာ စိမ်းပြာကောင်းကင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရှဲ့ယွင်ထျန်းရဲ့ ရန်သူဖြစ်လာလိမ့်မည်။

ဒါပေမဲ့ လော့ချောင်ဖုန်းက ဒါကိုတိုက်ရိုက် မပြောခဲ့ဘဲ အကာအရံတွေနဲ့ ပြောခဲ့သည်။ ရှဲ့ယွင်ထျန်းသာ လုရွှမ်မှာ မန်ဟွမ်နတ်ဘုရားမျှော်စင် မရှိပါဘူးလို့ ပြောရင် လူတွေ မယုံနိုင်စရာ အကြောင်းမရှိတော့ပေ။

ဘေးနားရှိ တောင်ထွတ် သခင်များသည် အချင်းချင်း စကားစမြည် ပြောနေကြသော်လည်း ဂိုဏ်းချုပ် ရှစ်ယောက်ကြားက စကားစမြည်များကိုလည်း လျောက်ပတ်စွာ နားထောင်နေလေသည်။

အရင်ကတော့ ကျန့်ချောင်းရန်ဟာ ရှဲ့ယွင်ထျန်း လုရွှမ်ရဲ့အသွင်ကို ဖော်ထုတ်လိုက်တာကြောင့် အံ့သြသွားရ၏။ လုရွှမ်က သူ့တပည့် မဟုတ်ပေမယ့် ထျန်းရှုးတောင်ထွတ်ကို ရောက်လာတာဖြစ်လို့ သူ့သဘာဝအရ အရမ်းစိုးရိမ်မိသည်။

နောက်ပိုင်းတွင် ရှဲ့ယွင်ထျန်းက လုရွှမ်ရဲ့ အထောက်အထားကို အမှန်တကယ် ထောက်ခံခဲ့ကြောင်း တွေ့ရတဲ့အခါ သူ့ခမျာ သက်ပြင်းမချနိုင်ခဲ့ပေ။ သူက တကယ်ကို လူကြီးလူကောင်း နှလုံးသားရှိတဲ့ ဗီလိန်တစ်ယောက်ပဲ။ ဝမ့်ရှန်းကမ္ဘာရဲ့ အကြီးဆုံး ဂိုဏ်းချုပ်ကြီး ဖြစ်လာနိုင်တဲ့ ထိုသူဟာ ကျယ်ပြန့်တဲ့ စိတ်ထားနဲ့ ကြီးကျယ်ခမ်းနားတဲ့ သဘောထားရှိပြီး သူနဲ့ နှိုင်းယှဉ်လို့ မရနိုင်လောက်အောင် ဝေးကွာလွန်းပေသည်။

ယနေ့ ဤနေရာတွင်ရှိ ရှဲ့ယွင်ထျန်းရဲ့ စကားများဖြင့် လုရွှမ်ရဲ့ ဝိသေသလက္ခဏာကို ထုတ်ဖော်နိုင်ခဲ့သည်။

"ဆန်းကြယ်ကောင်းကင်အိမ်တော်က သူ့ကို မျက်နှာသာပေးခဲ့တယ်လို့ ကောလဟာလတွေ ထွက်နေခဲ့​သေးတယ်... ဂိုဏ်းချုပ်လော့ အနာဂတ်မှာ ငြိမ်းချမ်းရေးအတွက် အစီအစဉ်တွေ ရှိလား?"

ရှဲ့ယွင်ထျန်းက ထပ်မေး​လေသည်။ လော့ချောင်ဖုန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး

"ဆန်းကြယ်ကောင်းကင်အိမ်တော်က ဘယ်လောက်ပဲ ကြီးစိုးနေပါစေ သူများဂိုဏ်းက တပည့်တွေကို လုယက်တာမျိုးကို လုပ်သေးလို့လား?"

ရှဲ့ယွင်ထျန်းကလည်း ပြုံးပြီး

"အဲ့လောက် မရိုးရှင်းဘူးလေ... အစ်ကိုချောင်ဖုန်း ကျေးဇူးပြုပြီး ကြိုတင် စီစဉ်ထားပေးတာ ကောင်းလိမ့်မယ်"

ဒါပေမဲ့ သူနောက်ထပ် စကားမပြောလာတော့ချေ။

လုရွှမ်သည် ကမ်းခြေရှိ ဂိုဏ်းခေါင်းဆောင်များ သူ့အကြောင်း ပြောနေကြတာကို သဘာဝကျကျ မသိခဲ့ပေ။ ယခုအချိန်တွင် သူသည် ရှေ့သို့ ပျံသန်းနေဆဲဖြစ်ပြီး အရှိန်မှာလည်း တဖြည်းဖြည်း တိုးလာနေသည်။

စိတ်ဝိညာဥ်စွမ်းအား နှံ့နှံ့စပ်စပ် ခင်းထားသော နေရာသည် အလွန်ကြီးမားနေပြီ ဖြစ်ကာ ယခုအချိန်တွင် ကျယ်ပြောလှသော နေရာ၌ ကျင့်ကြံသူများ မရှိသလောက်ပင် ဖြစ်သည်။

ဒါကြောင့် လုရွှမ်လည်း သူ့ကျင့်ကြံမှုကို ဖုံးကွယ်မထားတော့ဘဲ သူ့ခြေဖဝါးအောက်မှ လေပြင်းနိယာမ စွမ်းအင်ကို တောက်ပလာ​စေကာ သူ့ခန္ဓာကိုယ်သည် လျှပ်စီးကြောင်းကဲ့သို့ ပျံသန်းကာ အလင်းစီးကြောင်းကို ဖြတ်၍ ရှေ့သို့ ပြေးထွက်သွားလေသည်။

ကျန့်ကျောက်က ပင်လယ်ဧရိယာ တစ်ခုလုံးသည် ကုန်းမြေထက် အဆမတန်ကြီးမားကြောင်း သူ့ကိုသတိ​ပေးထားသည်။ အလားတူပင် အမဲလိုက်ရာသီတိုင်းတွင် ထိတွေ့နေရသော ပင်လယ်ဧရိယာသည် ကုန်းမြေဧရိယာထက် ကျော်လွန်နေပါသေး၏။

ပျံသန်းခြင်းကို အားကိုးလိုက်လျှင် တည်နေရာများစွာကို စူးစမ်းလေ့လာနိုင်သည်။ ပင်လယ်​ရေအောက် ကမ္ဘာတွင် ပို့ဆောင်ခြင်းအစီအရင် အများအပြား ရှိသည်။ ထိုပို့ဆောင်ခြင်း အစီအရင်များကို ရှာတွေ့နိုင်လျှင် ပိုမိုသွားလာနိုင်မှာ ဖြစ်သလို ရတနာများရရှိရန် အခွင့်အလမ်းကလည်း သဘာဝအားဖြင့် ပိုများလာမည်။

သို့သော် ပင်လယ်မျိုးနွယ်ဘက်မှ အထူးဝှက်ထားသော အဆိုပါ ပို့ဆောင်ခြင်းအစီအရင်များကို ရှာနိုင်မလား ဆိုတာကတော့ ကိုယ့်ကံအပေါ် မူတည်သွားပြီ။

လုရွှမ် တစ်ရက်ကျော်မျှ ပျံသန်းခဲ့သည်။ ဖီးနစ်အ​တောင်များက သူ့နောက်တွင် ပေါ်လာပြီး သူ့ခြေဖဝါးအောက်မှ လေပြင်းနိယာမ စွမ်းအင်များ တဖျပ်ဖျပ် ခတ်နေသည်။ သူ့​အရှိန်မှာ သာမန် ကောင်းကင်ဘုံသခင်ထက် အဆပေါင်းများစွာ ပိုမြန်နေပါပြီ။

"အိုး ပင်လယ်သားရဲပဲ!"

လုရွှမ် မျက်လုံးများ တောက်ပလာသည်။ သူ့အမြင်အာရုံရှေ့တွင် တိမ်တိုက်ထဲတွင် ပုန်းနေသော ပင်လယ်သားရဲ တစ်ကောင်ရှိသည်။

ရေနည်းလာချိန်တွင် ပင်လယ်သားရဲ အများစုက ရေနှင့်အတူ ဆုတ်ခွာသွားကြသော်လည်း နောက်ကျကျန်နေသေးတဲ့ အကြောင်းရင်းများစွာလည်း ရှိပါသည်။

ကျန့်ကျောက်ရဲ့ အဆိုအရ အကြောင်းပြချက် နှစ်ခုရှိသည်။

အကြောင်းရင်းတစ်ခုကတော့ အဖိုးတန်အပင်တွေ ပွင့်ပြီး သီးဖို့ကို စောင့်နေကြတာပဲ။ ဒါက ပင်လယ်ထဲမှာ ပေါက်နေတဲ့ အပင်တွေရဲ့ ထူးခြားတဲ့ သဘာဝကို သိ​နေလို့လည်း ဖြစ်သည်။

တစ်နည်းဆိုရသော် အပင်များစွာသည် အမဲလိုက်ရာသီတွင် ပန်းပွင့်ရန် လိုအပ်ပြီး မှော်ဆန်လွန်းလှသည်။ အဲဒီလို ထူးခြားတဲ့ ဂုဏ်သတ္တိတွေက ဘာကြောင့်များ ရှိနေတာလဲ ဆိုတာ ဘယ်သူမှ အတိအကျ မသိပေ။

ပင်လယ်သားရဲများ နေထိုင်ရခြင်းရဲ့ ဒုတိယအကြောင်းရင်းမှာ အမဲလိုက်ရာသီတွင် လူသားများသာမက တူညီသော ပင်လယ်မျိုးနွယ်စုများလည်း ပါဝင်နိုင်ခြင်းကြောင့်ပင်။

လူသားမျိုးနွယ်၏ ရှုထောင့်မှကြည့်လျှင် ဤသည်မှာ ပင်လယ်ထဲမှ သယံဇာတများ ရရှိရန် အတွက် အနည်းငယ်သော အခွင့်အလမ်းများထဲမှ တစ်ခုဖြစ်သည်။ ပင်လယ်မျိုးနွယ်တွေ အတွက်လည်း ဒါဟာ လူသား ကျင့်ကြံသူတွေဆီက ရှားပါးပစ္စည်းတွေကို ရယူဖို့ သူတို့အတွက် အခွင့်အရေးတစ်ခု ဖြစ်လေသည်။

တိုက်ပွဲနဲ့ သတ်ဖြတ်ခြင်းအားဖြင့် ခွန်အားကို မြှင့်တင်လိုတဲ့ ကျင်ကြံသူတွေလည်း အများအပြား ရှိနေပါသေးသည်။

ပင်လယ်သားရဲရဲ့ အစီအရင်တွေဟာ အလွန်ကောင်းမွန်ပြီး ကောင်းကင်ဘုံသခင်တွေ ရှာမတွေ့နိုင်အောင် ဖုံးကွယ်ထားနိုင်တယ်လို့ ဆိုကြသည်။ သို့သော် လုရွှမ်ရဲ့ လက်ရှိ အခင်းအကျင်းများကို နားလည် သဘောပေါက်ထားသဖြင့် နတ်မီးနယ်ပယ်မှလွဲ၍ ဘယ်သူမှ သူ့ထက် တန်ခိုးမကြီးနိုင်ဟု ဆိုနိုင်ပြီ။

လုရွှမ်သည် အခင်းအကျင်း ကောင်းကင်စာအုပ်၏ ဆယ်ပုံတစ်ပုံခန့်ကိုသာ အများဆုံး ဖတ်ရ​သေးသော်လည်း သူ့ရဲ့ အခင်းအကျင်း နယ်ပယ်အပေါ် နားလည်မှုကို အလွန်ကျယ်ပြန့်လာစေသည်။

လုရွှမ် အခင်းအကျင်း အတွင်း ဆင်းသက်လိုက်သည်။

တစ်ရက်သာရှိသေးပြီး ကမ်းခြေနှင့် အလွန်နီးကပ်နေသေးသော်လည်း ပင်လယ်သားရဲ တစ်ကောင်ဟာ ဒီနေရာမှာနေပြီး ဖုံးကွယ်ထားသော အခင်းအကျင်းပုံစံကို အသုံးပြု​နေသောကြောင့် ရတနာတစ်ခုရှိနေတာ သိသာပါ၏။

တန်ဖိုးသည် အလွန်ကြီးတာကြောင့် သူ့ဘဝနဲ့တောင် အလောင်းအစား လုပ်နေရပုံပင်။

ပင်လယ်သားရဲမှ လူအသွင် ဆောင်ထားသော ကျင့်ကြံသူသည် ကောင်းကင်ဘုံသခင် အဆင့်၉ ပြီးပြည့်စုံသောကာလ ဖြစ်ကြောင်း သူ့ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါများက ပြသနေသည်။ သူဒီမှာနေဝံ့တာ အံ့သြစရာ မရှိပါဘူး။ သူ့ကိုယ်ပိုင် ကျင့်ကြံမှုအပေါ် အရမ်းဂုဏ်ယူနေတယ် ဆိုတာ ထင်ရှားလေသည်။

လုရွှမ်က မဟာသူတော်စင် ပထမအဆင့်သာ ရှိကြောင်း တွေ့ပြီးနောက် သူသည် အလွန်လျင်မြန် စဥ်းစားပြီး အနည်းငယ် ထူးဆန်းနေတယ်လို့ ခံစားရသော်လည်း သူသည် လုရွှမ်ကို လုံးဝ အလေးအနက် မထားပေ။

လုရွှမ်ရဲ့ မျက်လုံးများမှာလည်း တောက်ပလာခဲ့သည်။ တစ်ဖက်က ကောင်းကင်ဘုံသခင် ပြီးပြည့်စုံသော ကာလက စွမ်းအားပြည့်သော ပင်လယ်သားရဲ ဖြစ်နေပြီမလို့ ဖုံးကွယ်အခင်းအကျင်းနဲ့ ဖုံးကွယ်ထားနိုင်သော အရာသည် ထူးထူးခြားခြား တန်ဖိုးရှိနေမှာ သေချာလေပြီ။

"​ကောင်​​လေး မင်း ထွက်​မ​ပြေးဘူးပေါ့ ​ဟေး ဒါဆိုလည်း မင်းအသက်​ကို ဒီမှာပဲ ထားခဲ့လိုက်တော့!"

ပင်လယ်သားရဲက အော်ဟစ်လိုက်သည်။ ၎င်း၏ ကျယ်ဝန်းသော ပါးစပ်သည် ရုတ်တရက် ပွင့်လာ၏။ ပုံပျက်နေတဲ့အထိ ကျယ်လာကာ အမှန်တကယ် တွင်းနက်ကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူ့ပါးစပ်မှ ကြီးမားသော စုတ်ယူမှုတစ်ခု ထွက်လာပြီး လုရွှမ်ရဲ့ ခန္ဓာကိုယ်ဆီသို့ တိုးဝင်လာသည်။

လုရွှမ် ရုတ်တရက် သူ့ခန္ဓာကိုယ် တောင့်တင်းသွားတာကို ခံစားလိုက်ရပြီး ပင်လယ်သားရဲ၏ ပါးစပ်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။ သူ မခုခံတော့ဘဲ ပျံသန်းသွားသည်။ သူ့ရဲ့ယွမ်စွမ်းအင်နဲ့ ဝိညာဥ်စွမ်းအင်ကို ဖိနှိပ်ထားတဲ့ တွန်းအားတစ်ခု ခံစားနေရသည်။

သို့သော် ထိုစွမ်းအင်က သိသိသာသာကြီး မဟုတ်ပေ။ ၎င်းသည် သာမန်မဟာသူတော်စင် တစ်ဦးကိုပဲ ထောင်ချောက်ဆင်နိုင်လိမ့်မည်။

ပင်လယ်သားရဲထံ၌ အထင်အမြင်သေးမှု အရိပ်အယောင်များ ရှိနေပြီး လူသားမျိုးနွယ်သည် အလွန်အားနည်းသည်ဟု တွေးမိသည်။ အင်အားနည်းနေတဲ့ သတ္တဝါတွေက များပြားလွန်းလှသည်။ ပင်လယ်ဧရိယာက ကျယ်လွန်းလို့ သူတို့လို ပင်လယ်သားရဲတွေတောင် စူးစမ်းရှာဖွေမှု ပြီးမြောက်ရန် ဝေးကွာနေသေးသည်။ မဟုတ်ပါက သူတို့သည် ကုန်းမြေကို သိမ်းပိုက်နိုင်ခဲ့တာ ကြာပြီဖြစ်သည်။

လုရွှမ် သူ့ပါးစပ်ထဲသို့ ပျံသန်းလာခါနီးတွင် ပင်လယ်သားရဲ ရုတ်တရက် အန္တရာယ်အငွေ့အသက် တစ်ခုကို ခံစားလိုက်ရ၏။ သူနောင်တရနေပြီ ဖြစ်သော်လည်း နောက်ကျသွားချေပြီ။

All Chapters