ပထမနေရာ
Vol. 73 Ch. 4.601
လုရွှမ် သူ့လက်ဖဝါးကို ထုတ်ပြီး တိုက်ရိုက်ပဲ ရိုက်ချလိုက်သည်။
ပင်လယ်သားရဲရဲ့ ပါးစပ်က လွင့်ထွက်သွားပြီး ၎င်းက ဝမ်းနည်းစွာ အော်ဟစ်လိုက်ကာ သွေးများလည်း ထွက်ကျလာခဲ့သည်။ ပင်လယ်သားရဲ မူးဝေနေစဥ် လုရွှမ် နောက်ထပ် လက်သီးတစ်ချက် ထပ်ကျွေးလိုက်ကာ သားရဲဦးခေါင်းကို တိုက်ရိုက် ပုတ်ထုတ်လိုက်သည်။
လုရွှမ်ရဲ့ စွမ်းအားက အလွန်အစွမ်းထက်နေပြီ။ အထူးသဖြင့် ပင်လယ်သားရဲမှာ ခုခံချိန် လုံးဝမရှိသောကြောင့် သူ့ခန္ဓာကိုယ်က သန်မာသော်လည်း လုရွှမ်ရဲ့ ပြင်းထန်သော လက်သီးကို မခံနိုင်ပေ။
ပင်လယ်သားရဲ၌ ပစ္စည်းကောင်းတွေလည်း များစွာ ရှိသေးသည်။ လုရွှမ် သူ့ဆန္ဒအတိုင်းသာဆိုလျှင် ကျပန်းမီးဘောလုံးက ကျွေးပြီး ပြာချပစ်လိုက်မှာ ဖြစ်သည်။
သို့သော်လည်း ဤပင်လယ်သားရဲများကို အမှတ်များအဖြစ် ရေတွက်နိုင်သောကြောင့် သဘာဝကျကျ ချန်ထားရဦးမည်။ သူ့လက်ဖဝါးကို ဝေ့ယမ်း၍ ပင်လယ်သားရဲကောင်ကို လွှင့်ထုတ်ပစ်လိုက်သည်။
လုရွှမ်သည် ဖုံးကွယ်ထားသော အခင်းအကျင်း ပုံစံကို ဖြတ်ကျော်လိုက်တဲ့အခါ သစ်ခွပန်းနှင့်တူသော အပင်တစ်ပင်ကို တွေ့လိုက်ရသည်။ သစ်ခွပန်းနဲ့ ကွာခြားချက်မှာ ထိုအပင်သည် အလွန်စိမ်းလန်း ကြီးမားပြီး သစ်ပင်ငယ်တစ်ပင်လိုပင်။
အပွင့်ပွင့်ပြီး အသီးသီးတဲ့ သာမန်ပန်းတွေလို အသီးတွေလည်း ရှိနေသည်။ သင်းပျံ့သော ရနံ့က လုရွှမ်ကို အသက်ရှုကြပ်သွားစေပြီး သူ့တစ်ကိုယ်လုံးရှိ ချွေးပေါက်များ ပွင့်ထွက်တော့မယ်လို့ပင် ထင်ရသည်။
ကောင်းကင်သစ်ခွသီး၊ ဒြပ်စင်ငါးပါးထဲက သစ်သားဒြပ်စင်နဲ့ နတ်သစ်သီး။ အာနိသင်က အသက်ရှင်သန်မှုကို တိုးပွားစေပြီး ပြင်းထန်သော ဒဏ်ရာများကိုလည်း သက်သာစေသည်။
ပင်လယ်သားရဲ သူ့အသက်နဲ့ရင်းပြီး ဒီမှာစောင့်နေခဲ့တာ အံ့သြစရာတော့ မရှိပါဘူး။ သူက ကောင်းကင်ဘုံသခင် ဖြစ်နေတာတောင် လူတွေရဲ့ တွက်ချက်မှုတွေလောက် မကောင်းတဲ့အတွက် လုရွှမ်ဆီက အခွင့်ကောင်းယူတာ ခံခဲ့ရသည်။
ခဏအကြာတွင် ပန်းအားလုံးသည် အသီးအဖြစ်သို့ ပြောင်းလဲသွားကာ လုရွှမ်လည်း ကောင်းကင်သစ်ခွသီးများကို သိမ်းယူပစ်လိုက်သည်။ စုစုပေါင်း ၃၆လုံး ရှိသည်။ နောက်ဆုံး ဖယ်လိုက်သောအခါ သစ်ပင်၏ ပင်စည်သည် အပြာရောင် မီးတောက်များဖြင့် အလိုအလျောက် လောင်ကျွမ်းကာ အကိုင်းအခက်များလည်း ပြာအဖြစ်သို့ လောင်ကျွမ်း၍ မြေကြီးထဲသို့ ရောနှောသွားလေသည်။
ကောင်းကင်သစ်ခွသည် နှစ်ပေါင်း၃၆နှစ်ကြာမှ တစ်ကြိမ် သီးသည်။ သက်ရှိသတ္တဝါအားလုံး နေကို မမြင်နိုင်ခဲ့ရာ နေကိုမြင်သည်နှင့် ချက်ချင်း အပွင့်ပွင့်လာကာ တစ်နေ့အတွင်း အသီးအနှံများ လျင်မြန်စွာ သီးလာကြသည်။ သူတို့က အနှစ်သာရကို အသီးအဖြစ် ပေါင်းစပ်လိုက်ကြတာပဲ ဖြစ်သည်။
ဒီသစ်ပင်တွေကို မီးရှို့ပစ်ရင်တော့ တန်ဖိုးမရှိလောက်တော့ဘူး!
ပင်လယ်ရေ ပြန်တက်လာသောအခါ ကောင်းကင်သစ်ခွသည် တစ်ဖန် ပြန်ပေါက်လာကာ အမဲလိုက်ရာသီကို ရောက်ဖို့ ၃၆ နှစ်အကြာတွင် စောင့်ရဦးမည်။
"ဒီတစ်ခါ ငါအများကြီး ရသွားခဲ့တာပဲ"
လုရွှမ် ကျေနပ်စွာ ပြုံးလိုက်သည်။ သူ့လက်ကောက်ဝတ်ကို ငုံ့ကြည့်လိုက်တဲ့အခါ သူ့အဆင့်သည် အလွန်လျင်မြန်သော အရှိန်ဖြင့် ခုန်တက်သွားကာ မထင်မှတ်ပဲ ပထမနေရာသို့ တရှိန်ထိုး ရောက်ရှိသွားခဲ့သည်။
ဒါက ဒုတိယနေ့ပဲ။ လုရွှမ်က ကောင်းကင်ဘုံသခင်ကို သတ်ပြီး အရမ်း အဖိုးတန်တဲ့ ကောင်းကင်သစ်ခွရဲ့ အသီးကို ရလိုက်တာကြောင့် ရမှတ် ၃၇၀ ဖြင့် ပထမနေရာကို ရခဲ့သည်။
ကောင်းကင်သစ်ခွ သစ်သီးတစ်လုံးသည် ၁၀မှတ် တန်ဖိုးရှိပြီး ကောင်းကင်ဘုံသခင် ပြီးပြည့်စုံသော ကာလက အမှတ်၁၀ ရှိတာကြောင့် စုစုပေါင်း ၃၇၀ ဖြစ်သွားသည်။
ကြည့်လိုက်တော့ ဒုတိယနေရာက ရမှတ် ၁၀၀ သာ ရှိသေးတာကို တွေ့လိုက်ရတော့ အရမ်း ကွာနေတာ တွေ့ရ၏။
လုရွှမ်ရဲ့ အမှတ်များ လျင်မြန်စွာ တိုးလာသဖြင့် အချိန်နှင့်တပြေးညီ အမှတ်အဆင့်များကို အာရုံစိုက်နေသော ကျင့်ကြံသူ များစွာကိုလည်း အံ့အားသင့်သွားစေခဲ့သည်။
ယခုအချိန်တွင် လူတိုင်းသည် ရတနာတစ်ခု၊ ကောင်းသော ပစ္စည်းတစ်ခုကို ရှာဖွေနေကြပြီ။ သူတော်စင် ပင်လယ်သားရဲကြီးများကို အမဲလိုက်နိုင်ရင်တောင် တစ်မှတ် နှစ်မှတ်သာ ရနိုင်သော်လည်း အမှတ် (၃၇၀)အထိ ရုတ်တရတ် ရသွားခဲ့တာဟာ တကယ်ကို အလွန်အံ့သြဖွယ် ကောင်းလှသည်။
ကမ်းခြေရှိ ကြီးမားသော ကျောက်ပြားပေါ်တွင် ထိပ်တန်းလူအယောက် တစ်ထောင်၏ အမှတ်များကိုလည်း ပြသထားသည်။
ကျန်းထျန်းချိုင် ဟူသော အမည်သည် ချက်ချင်းပင် ပထမနေရာသို့ ရောက်သွားခဲ့ပြီး နတ်မီးနယ်ပယ်က သခင်အားလုံးကို အံ့အားသင့်စေခဲ့သည်။ ကျန်းထျန်းချိုင်လို့ ခေါ်တဲ့လူက လုရွှမ်ပဲ ဆိုတာ ထုံးစံအတိုင်း သူတို့ သိထားပြီလေ။
"ဒီကောင်လေး တကယ် ကံကောင်းတာပဲ"
ရှဲ့ယွင်ထျန်း ပြုံးလိုက်သည်။
တခြားဂိုဏ်းချုပ်တိုင်းကလည်း ဟုတ်တယ်ဟူ၍ ထောက်ခံကြသည်။ သူတို့သည် သံသယမရှိကြဘဲ သူတို့တပည့်များက သူတို့အတွက် ဂုဏ်ကျက်သရေများ ယူဆောင်လာပေးမှာကို စောင့်မျှော်နေခဲ့ကြသည်။
တစ်ဖက်က လုရွှမ်ရဲ့ မျက်လုံးများထဲတွင်တော့ ကောင်းကင်မီးတောက်ရဲ့ အလင်းမှုန်များ တောက်ပလာပြီး နေမျက်လုံး ပွင့်လာသည်။ ပင်လယ်သားရဲက ဒီနေရာမှာ စောင့်ဆိုင်းဝံ့သောကြောင့် အလွယ်တကူ လွတ်မြောက်ရန်အတွက် အနီးနားတွင် ပို့ဆောင်ခြင်းအစီအရင် ရှိထားလောက်သည်။
နောက်ဆုံးတွင် ပင်လယ်သားရဲများ ဘယ်လောက်ပဲ အစွမ်းထက်စေကာမူ ဂိုဏ်းပေါင်းစုံမှ တပည့်များ၏ လူ့ပင်လယ် နည်းပရိယာယ်ထဲတွင် မလွဲမသွေ နစ်မြုပ်သွားရသည်။
ခဏလောက် ရှာဖွေပြီးနောက် လုရွှမ်သည် နတ်ဘုရားဘုံလို ကီလိုမီတာ ထောင်ပေါင်းများစွာဝေးသော နေရာက လျှို့ဝှက်အခင်းအကျင်း ဖွဲ့စည်းပုံကို တွေ့လိုက်သည်။ လှမ်းကြည့်လိုက်တော့ အဲဒါက ပို့ဆောင်ခြင်းအစီအရင် တစ်ခုပဲလို့ ဖြစ်ပေမယ့် တစ်ကြိမ်ပဲ ပို့ဆောင်နိုင်တဲ့ အစီအရင် ဖြစ်နေသည်။
သူသည် ပင်လယ်သားရဲရဲ့ သိုလှောင်လက်စွပ်ထဲမှ ကြည်လင်သော ကျောက်တုံးကို ထုတ်ယူကာ အစီအရင်ထဲ၍ တပ်ဆင်လိုက်သည်။ အလင်းတန်းတစ်ခုနှင့်အတူ ချက်ချင်း အဝေးသို့ ထွက်ခွာသွားခဲ့သည်။
လုရွှမ် ထိုနေရာမှ ထွက်ခွာပြီး သုံးရက်မြောက်နေ့ မရောက်မီတွင် ကျင့်ကြံသူတစ်ယောက် သံလိုက်အိမ်မြှောင်ဖြင့် ရောက်ရှိလာပြီး ဂိုဏ်းကအမှတ်အသား ပြုထားသည့် ကောင်းကင်သစ်ခွတစ်ပင်ကို ရှာဖွေရန် ကြိုးစားခဲ့သော်လည်း သဲလွန်စပင် မရှိခဲ့ပေ။
လုရွှမ်လည်း စိတ်ဝိညာဉ် စွမ်းအားကို လှည့်ပတ်ထားကာ ဖြစ်လာနိုင်သော အန္တရာယ်များကို ဂရုတစိုက် ရှောင်ထားလိုက်သည်။ သူ့မျက်လုံးများက ပစ္စည်းတစ်ခုကို မြင်လိုက်ရလျှင် ခဏအတွင်း ထိုနေရာက အလွတ်ကြီး ဖြစ်သွားသည်။
ပို့ဆောင်ခြင်းအစီအရင်က သိပ်မဝေးတော့ လုရွှမ်လည်း အဝေးကို သွားနိုင်မယ်လို့ မမျှော်လင့်ထားပါဘူး။
အရပ်ရပ်တို့၌ ပစ္စည်းကောင်း မတွေ့ရဘဲ အချည်းနှီး ဖြစ်သော်လည်း တချို့သော မြေနိမ့်ပိုင်းဒေသများတွင် စိမ်းလန်းစိုပြေသော ပင်လယ်ရေမှော်များနှင့် ရေကန်ငယ်များက ပိုမိုသက်ရှိထင်ရှား ရှိနေပါသည်။
အထဲမှာ ကူးခတ်ကူးခတ်နေတဲ့ ငါးလေးတွေလည်း ရှိသည်။ သူတို့ရဲ့ ဝိညာဉ်ရေး အသိစိတ်က နိုးထမလာသေးတာကြောင့် သာမန်ငါးတွေလိုပဲ လွတ်လွတ်လပ်လပ်နဲ့ ကူးခတ်နေကာ အန္တရာယ်ကို နားမလည်ကြချေ။
ကောင်းကင်ယံသို့ ပျံတက်သွားသောအခါ လုရွှမ် နောက်ထပ် ပို့ဆောင်ခြင်းအစီအရင်ကို လျင်မြန်စွာ ရှာတွေ့လိုက်ပြန်သည်။ သို့သော် ခပ်ဝေးဝေးကို သွားဖို့ မရွေးချယ်တော့ဘဲ လမ်းကြောင်းအားလုံးကို ရှာဖွေပါတော့သည်။
လုရွှမ် အဝေးကြီးကို မသွားလိုက်ပေ။ လမ်းတစ်လျှောက်တွင် ကျန့်ကျောက် ပေးခဲ့သော စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသည့် ရင်းနှီးသော အပင်များစွာကို တွေ့လိုက်ရသည်။ ထုံးစံအတိုင်း ယဉ်ကျေးသိမ်မွေ့မနေဘဲ အားလုံးကို စုဆောင်းခဲ့သည်။
လုရွှမ် ထိုအရာများကို ရသောအခါတွင် အလင်းရောင်က သူ့လက်ကောက်ဝတ်တွင် အလိုအလျောက် လင်းလတ်လာပြီး ပစ္စည်းတွေက အမှတ်များအဖြစ်သို့ ပြောင်းလဲသွားတာကို တွေ့ရလေ၏။
ဒါက တပည့်များကို လျှို့ဝှက်စွာ ဖုံးကွယ်ထားခြင်းမှ ကာကွယ်ရန် နည်းလမ်းကောင်း ဖြစ်သည်။ သို့သော်လည်း အခင်းအကျင်း ကောင်းကင်စာအုပ်မှာ ဒီလိုအခင်းကျင်းမျိုးကို မြင်ဖူးသောကြောင့် ၎င်းကိုပိတ်ဆို့ရန်မှာ မခက်ခဲလှပေ။
သနားနေတာတွေ မရှိဘဲ လုရွှမ် ထိုအပင်များကို တစ်ပင်ပြီးတစ်ပင် ကောက်ယူခဲ့သည်။ သူ့အမှတ်များ ဆက်လက်တိုးလာကာ သူနဲ့ ဒုတိယနေရာကြား ကွာဟချက်သည် ဆက်လက်ကျယ်ပြန့်လာသည်။
မြေပြင်ရှိ အထူးသတ္တုတချို့ အပါအဝင် ဤနေရာ၌ ကောင်းမွန်သော အရာအားလုံးကို စုဆောင်းပြီးနောက် လုရွှမ်သည် ဒုတိယမြောက် ပို့ဆောင်ခြင်းအစီအရင်ဖြင့် ပျောက်ကွယ်သွားပြန်သည်။
လုရွှမ်ရဲ့ အဆင့်ကို အံ့အားသင့်စွာ ကြည့်နေချိန်မှာပဲ အမှတ်တွေက ရုတ်တရက် တစ်ထောင်ကျော်သို့ ခုန်တက်သွား၏။ ဒုတိယနေရာမှာ ယခုထိ အမှတ်၁၀၀ကို ချိုးဖောက်နေတုန်းပင်။ ကွာဟချက်မှာ အလွန်ကြီးမားသဖြင့် လူအနည်းငယ်ပင် စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...သူက မဟာသူတော်စင် တစ်ယောက်လေ သူက ပထဝီဝင်ရတနာမြေပုံကိုများ ရှာတွေ့ခဲ့တာလား”
"ကောင်လေး မင်း ကံကောင်းနေဦးပေါ့ ဟမ့် ငါနဲ့မတွေ့စေနဲ့ မဟုတ်ရင် မင်းရဲ့ အရည်အချင်းတွေ အကုန်ဆုံးရှုံးရလိမ့်မယ်!!"
"ဟမ့် အခုက စောနေပါသေးတယ်.. အခု ကျွန်တော်တို့မှာ အမှတ်တွေ ပိုရနေပြီလေ အနာဂတ်မှာ သူကပဲ ဆက်လက် ဦးဆောင်နိုင်မယ်လို့ မဆိုလိုပါဘူး"
လုရွှမ်ရဲ့ အချက်အလတ်များကို နေရာတိုင်းတွင် ဆွေးနွေးနေခဲ့ပြီး ကျန်းထျန်းချိုင် ဟူသောအမည်သည် ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံးတွင် လုံးဝ ကျော်ကြားသွားခဲ့သည်။
အလင်းတဖျပ်ဖျပ် တောက်ပြီး လူသတ်ချင်တဲ့ ရောင်ဝါတစ်ခုက နီးကပ်လာသည်။ လုရွှမ် သစ်သားတုတ်ကို မစဉ်းစားနေဘဲ သူြကျောနောက်သို့ လက်တင်လိုက်သည်။
ပတ်ဝန်းကျင်က အလင်းရောင်တွေ ပျောက်ကွယ်သွားပြီး လုရွှမ်ရဲ့ သစ်သားချောင်းကို ပြင်းပြင်းထန်ထန် တွန်းတိုက်သလို ခံစားလိုက်ရတယ်။ ကျယ်လောင်သော အော်ဟစ်သံတစ်ခုကြောင့် လုရွှမ် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်သွားကာ ပြိုင်ဘက်ကလည်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့သည်။
အံ့သြထိတ်လန့်စွာဖြင့် နှစ်ယောက်သား တစ်ချိန်တည်းမှာပင် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်လိုက်ကြသည်။