ဟွမ်ရီး
Vol. 73 Ch. 4.602
လုရွှမ်မှာ ဤနေရာ၌ စောင့်ဆိုင်းနေသူ တစ်ဦးရှိလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ပို၍တိတိကျကျ ပြောရရင်တော့ တစ်ဖက်က ပင်လယ်သားရဲ ဖြစ်နေသည်။
ပို့ဆောင်ခြင်း အစီအရင်က တစ်ကြိမ်သာ ပို့ဆောင်နိုင်ကာ အနီးနားတွင် ဘေးလူ မရှိနိုင်ပေ။ အထူးသဖြင့် ပထမအကြိမ် ပို့ဆောင်လျှင်လည်း လူတစ်ဦးကိုသာ ပို့နိုင်သည်။
သူသည် လှည့်ပတ်သွားလာရန် သူ့စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြုနေဆဲ ဖြစ်သော်လည်း ဤတစ်ကြိမ်တွင် သူဘေးဥပဒ်ကို ထိပ်တိုက်တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။
"မင်းက ဘယ်သူလဲ?"
ပင်လယ်သားရဲက အော်လိုက်ပြီး သူ့စကားက နည်းနည်းတော့ မရှင်းသေးဘဲ လုရွှမ်ကို စိုက်ကြည့်နေသည်။
"ငါ့သူငယ်ချင်း ရွှမ်ချီ ဘယ်မှာလဲ.. မင်းသတ်လိုက်တာလား?"
တစ်ဖက်လူသည် လုရွှမ် ပင်လယ်သားရဲဆီမှ ခွာထုတ်ထားသော သိုလှောင်လက်စွပ် ရှိနေတဲ့ သူ့လက်ဖဝါးကို စိုက်ကြည့်နေသည်။ လုရွှမ် ကြီးမားသော နေရာလွတ်ကြောင့် အလွန် အံ့အားသင့်သွားခဲ့သည်။ ဂိုဏ်းက တပ်ဆင်ပေးထားသော သိုလှောင်လက်စွပ်နဲ့ နှိုင်းယှဉ်ပါက အတွင်းပိုင်းနေရာဟာ အနည်းဆုံး နှစ်ဆရှိသည်။
အထဲမှာ ကြွယ်ဝတဲ့ စုဆောင်းမှုတွေလည်း ရှိနေပါသေး၏။ လုရွှမ် တစ်ချက် ကြည့်လိုက်ရာ ပင်လယ်ရဲ့ ရတနာတွေထဲမှာ မှတ်တမ်းတင်ထားတဲ့ ရတနာများစွာကို တွေ့ရှိခဲ့သည်။ ထိုအရာများကို တိုက်ရိုက်ထုတ်လိုက်လျှင် လုရွှမ် သူ့အမှတ်များသည် သောင်းနှင့်ချီ၍ တိုက်ရိုက် တိုးလာနိုင်ကြောင်း ခန့်မှန်းမိသည်။
သို့သော် လုရွှမ်ကတော့ အဖိုးတန်ရတနာ အများစုကို ကျောက်စိမ်းပြားရဲ့ နေရာထဲသို့ ထည့်ထားလိုက်ပြီး တစ်စိတ်တစ်ပိုင်းသာ ချန်ထားခဲ့သည်။ ဒါ့အပြင် ထွက်သွားလေသော ပင်လယ်သားရဲသည် ရတနာအများစုကို သိုလှောင်လက်စွပ်ထဲတွင် ထည့်ထားမည် မဟုတ်ပေ။
လုရွှမ် လက်ရှိပင်လယ်သားရဲကို ကြည့်လိုက်ရာ အလွန်အစွမ်းထက်ပြီး အစောတုန်းက ပင်လယ်သားရဲထက်ပင် အဆင့် မြင့်မားသည်။
"ရွှမ်ချီ အဲဒီကောင်ရဲ့နာမည်လား? အရမ်းကောင်းတယ် မင်းသူ့ကိုတွေ့ချင်ရင် မြန်မြန် လိုက်သွားလို့ရတယ်"
ပင်လယ်သားရဲသည် ရယ်မောကာ သူ့မျက်လုံးများတွင် မထီမဲ့မြင်ပြုမှု အရိပ်အယောင်များ ပေါ်လာသည်။
"မင်းက အရမ်းအစွမ်းထက်ပြီး အရည်အချင်း အရမ်းရှိပါတယ်.... ဒီကောင်းကင်သစ်ခွကို အဲဒီမှာ ထားခဲ့တာက ဘေးဥပဒ်တွေ ဖြစ်လာလိမ့်မယ်လို့ ရွှမ်ချီ ငါပြောဖူးတယ် သူအဲဒီမှာရှိနေရင် ကြီးမားတဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်လို့... ဒါပေမဲ့ သူနားမထောင်ဘူးလေ ပထမအကြိမ် ပို့ဆောင်ခြင်းအစီအရင်ထဲက မထွက်လာကတည်းက သူ တစ်ခုခုဖြစ်နေပြီမှန်း ငါသိလိုက်ပြီးသား..."
"ထုတ်ပေးလိုက်... သူသေတာက သူ့အကြောင်းနဲ့သူပဲ မင်း သူ့ကိုသတ်တာက သူ့အကြောင်းတရားနဲ့ အကျိုးကို ညစ်ညမ်းအောင် သတ်လိုက်တာ... မဟုတ်လည်း ငါ့လက်ထဲမှာပဲ သေဆုံးသွားရမှာပဲ မင်းက အရမ်းတန်ခိုးကြီးပြီး အရေးယူနိုင်တဲ့ အရည်အချင်းတွေ ရှိတာပဲ"
ဒီပင်လယ်သားရဲက အလွန်လွှမ်းမိုး ချုပ်ကိုင်တတ်၏။ ဒါပေမဲ့ ဒီလိုဖြစ်လာလေ တစ်ဖက်လူက ဘယ်လောက်ထိ အစွမ်းထက်တယ် ဆိုတာ ပြသလေလေပါပဲ။ လုရွှမ် သတိမမူဘဲ မနေဝံ့ပေ။ သူသည် ဤပင်လယ်သားရဲဆီက သေခြင်းတရားရဲ့ အငွေ့အသက်ကို အမှန်တကယ် ခံစားမိသည်။
ပင်လယ်သားရဲရဲ့ ကျင့်ကြံမှုအဆင့်က မြင့်မားနေတာတော့ မဟုတ်ပေ။ မဟာသူတော်စင် အဆင့်၆သာ ရှိသည်။ ရောင်ဝါကတော့ လုရွှမ်ထက်တောင် အစွမ်းထက်နေ၏။ သူအစောတုန်းက ခုခံဖို့ သစ်သားချောင်းကိုသာ မသုံးခဲ့ဘူးဆိုရင် တစ်ဖက်လူဆီက တိုက်ကွက်ကို မခုနိုင်မှာ သေချာပေသည်။
သို့သော် ထိုသခင်သည် လုရွှမ်ကို စိတ်လှုပ်ရှားစေပြီး သွေးဆူစေသည်။ ဒီလောက် အစွမ်းထက်တဲ့ ပြိုင်ဘက်ကို မတွေ့ရတာ ကြာပြီလေ။
လုရွှမ် သစ်သားတုတ်ကို သူ့နောက်ကျောထဲသို့ ပြန်ထည့်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ် အဆင့်ရှိ လက်နက်ကို ထုတ်ယူလိုက်သည်။ ၎င်းကို လော့ချင်းယီက ပေးလာခဲ့သော ဓားဖြစ်သည်။
"မင်းကိုပြောပြမယ် မင်းကိုသတ်တဲ့လူကို ဟွမ်ရီးလို့ခေါ်တယ်"
ပင်လယ်သားရဲက အော်ပြောပြီး သူ့လက်ဖဝါးကို လှိုင်းလုံးတွေနဲ့အတူ ဝေ့ယမ်းရင်း လက်ငါးချောင်းက သားရဲတစ်ကောင်ရဲ့ ခြေသည်းနှစ်ချောင်းအဖြစ် ပြောင်းသွား၏။
ခြေသည်းများနဲ့ ၎င်းရဲ့ အစွယ်များက စူးရှပြီး အေးစက်သော အလင်းရောင်များဖြင့် လင်းလက်သွားသည်။ လေထုအလယ်တွင်လည်း သူ့ရဲ့ပုံရိပ်တစ်ထပ်က ပေါ်နေသည်။
"မင်းကိုသတ်တဲ့လူကို လုရွှမ်လို့ခေါ်တယ်!"
လုရွှမ် လှမ်းအော်လိုက်ပြီး ဓားရှည်ကို ဝေ့ယမ်းလိုက်တဲ့အခါ ဓားသွားဆန္ဒက သူ့ပတ်ဝန်းကျင်ကို စူးစူးဝါးဝါး အော်သံနှင့်အတူ ပျံ့နှံ့သွားသည်။ လုရွှမ် သူ့လက်ကောက်ဝတ်ကို လှန်လိုက်သော် ဓားရှည်သည် သူ့နောက်ကျောကို ဖြတ်ကာ ခြေသည်းကို ပိတ်ဆို့ထားလိုက်သည်။
ခုတ်ထစ်သံနဲ့အတူ ဓားရှည်ပေါ်တွင် ခြေသည်းငါးချောင်းရာကြီး ကျန်ခဲ့သည်။ လုရွှမ် လှည့်ကြည့်လိုက်သော်လည်း သူ့အနောက်တွင် ရပ်နေခဲ့သော ဟွမ်ရီးက သူ့ရှေ့ကို ရောက်နေပြီ။
လုရွှမ် သူ့မျက်လုံးထောင့်ကနေ တစ်ချက်ကြည့်လိုက်တော့ ဟွမ်ရီးကို အရင်မြင်လိုက်ရသည်။ သို့သော် မျက်စိတစ်မှိတ်အတွင်း ပျောက်သွားပြန်၏။
"မြန်လှချည်လား?" လုရွှမ် ညည်းညူလိုက်သည်။
"ဟုတ်တယ် မင်းငါ့တိုက်ကွက်ကို တားဆီးနိုင်သားပဲ ... ဒါပေမဲ့ ဒီတိုက်ကွက်က အသုံးနည်းတယ်..."
ဟွမ်ရီးကလည်း အော်ပြောလိုက်သည်။ သူ့စကားတွေက သိမ်ဖျင်းပြီး လုရွှမ်ကို သူ့မျက်လုံးထဲ မထည့်သေးပုံပင်။
လုရွှမ်လည်း သူ့လက်ထဲက ဓားရှည်ကြီးကို တစ်ချက် ကြည့်လိုက်သည်။ လက်သည်းရာကြီး ပြတ်ရှသွားတာက ပြင်းထန်လွန်းတယ်။ နောက်ထပ် လက်သည်းတိုက်ကွင် တစ်ချက်ကို ထိန်းထားနိုင်ပေမယ့် သေချာပေါက် ကွဲသွားလိမ့်မယ်။
"ထပ်လာမယ်!" ဟွမ်ရီးက ရယ်လျက် ဆိုလိုက်သည်။
သူ့ခန္ဓာကိုယ်ကို ယိမ်းထိုးလိုက်ခြင်းဖြင့် ဟွမ်ရီးသည် ကိုယ်ပွား၃ခုကို တစ်ခဏအတွင်း ထုတ်လွှတ်လိုက်သည်။
"သတ်ပစ်!"
သူတို့သုံးယောက်လုံးက တစ်ပြိုင်နက်တည်း အော်ပြီး လုရွှမ်ဆီသို့ ဦးတည်ရာသို့ ပြေးသွားကြသည်။
လုရွှမ်ရဲ့ မျက်လုံးများသည် ကောင်းကင်မီးတောက် အလင်းရောင်များဖြင့် လင်းလက်နေကာ နေမျက်လုံး ပွင့်သွားသော်လည်း သူတို့သုံးဦးသည် တစ်ထပ်တည်း ဖြစ်နေကြောင်း မြင်လိုက်ရပြီး ဘယ်ဟာက အစစ်အတုလဲ ဆိုတာ လုံးဝ မပြောနိုင်ပေ။
ခွဲခြားရန် အချိန်မရတာကြောင့် လုရွှမ် ခြေဖဝါးအောက်ရှိ လေပြင်းနိယာမကို တောက်ပစေလိုက်ကာ ဘေးသို့ လျင်မြန်စွာ ရှောင်လိုက်သည်။ နောက်ဆုံး အခိုက်အတန့်တွင် ထိုလူသုံးယောက်ရဲ့ တိုက်ခိုက်မှုကို ရှောင်ရှားခဲ့သည်။
ဝုန်း!
အနောက်ကနေ ခြိမ်းခြောက်မှုတစ်ခု ရုတ်တရက် ထွက်လာတယ်။ လုရွှမ် အမြန် ရှောင်ထွက်သွားပေမယ့် အချိန်နှောင်းသွားပြီ။
ဒေါသသံဖြင့် သူ့နောက်ကျောကို တောင်ကြီးတစ်ခုက ထိမှန်သွားသလို ကြီးမားသော အင်အားတစ်ခုက သူ့ခန္ဓာကိုယ်ကို ဝင်တိုက်လိုက်ရာ လုရွှမ် အထိန်းအကွပ်မရှိ ရှေ့သို့ လွင့်သွားလေသည်။ ၎င်းက သူ့အသားတစ်စကို အတင်းစုတ်ဖြဲ ပစ်လိုက်သည်။
လုရွှမ် နောက်ပြန် လှည့်မကြည့်တော့ပဲ သူ့ဓားသွားလို စိတ်ဝိညာဥ်က ပေါ်ထွက်လာပြီး ဝိညာဉ်မီးဘောလုံးတစ်ခု အနောက်သို့ ဝေ့ယမ်းပစ်လိုက်သည်။
"စိတ်ဝိညာဉ်မီးတောက်ပဲ!"
ဟွမ်ရီးက အံ့သြမှုအပြည့်နဲ့ အော်လိုက်သည်။ သူ့လက်ဖဝါးမှာ အသားတစ်စ ရှိနေပြီး သွေးတွေ ရွှဲနေသည်။
ဟွမ်ရီးက တခစ်ခစ်ရယ်ကာ ခေါင်းကို မြှောက်လျက် သွေးများကို ပါးစပ်ထဲသို့ လောင်းထည့်လိုက်တော့ စူးစူးရဲရဲ အသံတွေ ထွက်လာခဲ့သည်။ ရုတ်တရက် သူ့အမူအရာ ပြောင်းသွားပြီး
"စိမ်းပြာနဂါးရဲ့ အငွေ့အသက် ဖီးနစ်အငွေ့အသက်...?? မင်းက လူမဟုတ်ဘူး မင်းက နတ်သားရဲကနေ ဆင်းသက်လာတာပဲ မဟုတ်ဘူး မဟုတ်ဘူး မင်းက လူသားပဲ စွန့်စားမှု တစ်ခုခုတော့ လုပ်ဖူးတာ ဖြစ်ရမယ်"
"ဟာဟားဟား ကောင်းကင်သစ်ခွအသီးလေး နည်းနည်းအတွက်နဲ့ ငါ ဒီလိုစွန့်စားမှုမျိုး ရလာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး... ဟီးဟီး ကောင်လေး မင်း သေလိုက်တော့ "
ဟွမ်ရီး အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်က ပုံတူကိုယ်ပွားတွေအဖြစ် ကွဲထွက်သွားပြီး အရင်ကထက် ပိုမြန်သော လူသုံးယောက်ကို ဖန်ဆင်းလိုက်သည်။ လက်ချောင်းသုံးချောင်းက ပြင်းထန်တဲ့ အလင်းတန်းတွေနဲ့ လုရွှမ်ကို ပြေးဖမ်းကြသည်။
လုရွှမ် သူ့ကျောက နာကျင်မှုကို ခံစားနေရပြီ။ ဒါကသူ ပြန်လည်မွေးဖွားပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ် အဆင့်တူ တိုက်ပွဲမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့တာပဲ။ ဘာကြောင့်မှန်း မသိပေမယ့် စိတ်ထဲမှာ ကြောက်စိတ်မရှိဘဲ ပျော်ရွှင်မှုတစ်မျိုးကို ခံစားနေရသည်။
"ဟမ့် တူညီတဲ့ သိုင်းကွက်ကို နှစ်ကြိမ်သုံးမယ်ပေါ့? မင်းကိုယ်မင်း အရမ်းကြီး တုံးလွန်းတယ်လို့ မထင်ဘူးလား"
လုရွှမ်လည်း ပြန်အော်ပြောလိုက်ပြီး ဓားတစ်ချက် ဝေ့ယမ်းလိုက်သည်။ ထိုဓားစွမ်းအင်က လူတစ်ယောက်ကို ဓားနဲ့ထိုးလိုက်သလို လက်သည်းတစ်ချောင်းကိုလည်း တောက်ပတဲ့ လျှပ်စီးမီးတောက်တွေနဲ့ ကာကွယ်ပြီးသား ဖြစ်သွားသည်။
ချွင်းကနဲ အသံတဲ့အတူ ဓားရှည်ကြီးဆီမှ ဓားစွမ်းအင် အလင်းက တောက်ပစွာ ထွက်ပေါ်လာသည်။ လုရွှမ်လက်ထဲက ဓားရှည်ဟာ အပိုင်းပိုင်း ကွဲအက်၍ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
ဟွမ်ရီး ခြေတစ်လှမ်း ဆုတ်သွားပြီး ခြေသည်းများမှ သွေးများစီးကျလာခဲ့သည်။ သူ့ဘယ်ဘက်က လက်ချောင်းလေးရဲ့ လက်သည်းများ ကျိုးသွားခဲ့ပြီ။ လုရွှမ်ရဲ့ ဓားရှည်ကြီး ပေါက်ကွဲထွက်သွားချိန်တွင် ကျန်ပုံတူလူရုပ်နှစ်ရုပ်မှာလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
"မင်းငါ့ကိုဘယ်လိုလုပ် သိသွားတာလဲ?"
ဟွမ်ရီးမေးရင်း သူ့မျက်ခုံးတွေ တွန့်သွား၏။ သူ့မျက်လုံးထဲမှာတော့ လုရွှမ်အပေါ် မထီမဲ့မြင်ပြုမှုတွေက လျော့ပါးသွားသည်။ လုရွှမ် ပြုံးလိုက်ပြီး ဟွမ်ရီးလက်ထဲက သွေးတွေကို လက်ညှိုးထိုးပြလျက်။
"ငါ့သွေးကို ငါ မခံစားနိုင်ဘူးလို့ မင်းထင်နေတာလား?"