← Chapters

လမ်းအဆုံးမှာ ကောင်းကင်တံတား ထွက်‌ပေါ်လာတယ်

Vol. 70 Ch. 918

လမ်းအဆုံးမှာ ကောင်းကင်တံတား ထွက်‌ပေါ်လာတယ်

Vol. 70 Ch. 918

ယွင်ကျန်းလီနှင့် ယွင်ချွီးရှို့က ချင်မူ့ကို တိတ်ဆိတ်စွာ အကဲခတ်နေကြသည်။ ချင်မူသည် တတိယမျက်လုံးဖြင့် ယွင်ကျန်းလီကို အတန်ကြာ အကဲခတ်နေသော်လည်း မည်သည့်အရာမှ မဖြစ်ပွားခဲ့ပေ။

ယန်အာနှင့် နဂါးချီလင်မှာလည်း အထူးအဆန်း ဖြစ်နေကြသည်။ ချင်မူက အချိန်ရပ်တန့်သွားသကဲ့သို့ တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်နေ၏။

သူတို့ မသိသည်မှာ ချင်မူသည် ရှုကျွင်း သူ့ကို သင်ပေးခဲ့သော ကျင့်စဉ်များကို တွေးခေါ်ရင်း ကမ္ဘာဦးအစ မူလကျောက်တုံးဖြင့် အသိစိတ်အလျဉ်အား ကျင့်ကြံရန် ကြိုးစားနေခြင်း ဖြစ်သည်ကိုပင်။

ဖန်ဆင်းရှင် သူ၏အသိစိတ်အလျဉ်ကို လေ့ကျင့်ပေးဖို့ သုံးသော နည်းလမ်းသည် ယနေ့ ဘာသာစကားအရ အထွတ်အမြတ်နန်းတော်ဧရိယာ အဆင့်မြင့်အသိပညာဟု ခေါ်တွင်ရလိမ့်မည်။ ၎င်းက မဟာကမ္ဘာဦးအစ မူလကျောက်တုံးကို သုံး၍ အထွတ်အမြတ်နန်းတော်ဧရိယာကို မြင်ယောင်ရခြင်း ဖြစ်ပေသည်။

မူလက ဖန်ဆင်းရှင်များ အသုံးပြုသော ကျင့်စဉ်များသည် ရိုးရှင်းပြီး အကြမ်းစားဆန်လိမ့်မည်ဟု ချင်မူ ထင်ထားခဲ့၏။ သို့သော် မထင်မှတ်ဖွယ်ကောင်းစွာနှင့် အထွတ်အမြန်နန်းတော်ဧရိယာမှာ အတိုင်းထက်အလွန် ရှုပ်ထွေးနေသည်။

ထိုကဲ့သို့ အသိစိတ်အလျဉ်ကျင့်စဉ်များကို ကြယ်တာရာအရှင်သခင် ရှေးဟောင်းနတ်ဘုရားများ၏ အသွင်သဏ္ဍာန်များအား မြင်ယောင်၍ အသိစိတ်အလျဉ်ကို မဟာကမ္ဘာဦးအစ မူလကျောက်တုံးအတွင်း၌ ကြယ်စင်စု အစုနှစ်ဆယ် ဖန်တီးစေခြင်း ဖြစ်သည်။ ရှေးဟောင်းကြယ်တာရာအရှင်သခင် ၇၈ ဦးပါ ထည့်ပေါင်းပြီး အထွတ်အမြတ်နန်းတော်ဧရိယာကို ဖွဲ့တည်လိုက်လျှင် ကမ္ဘာဦးအစ မူလကျောက်တုံး၏ နေရာဟင်းလင်းပြင်အား လင်းထိန်သွားစေလိမ့်မည်။

လူတစ်ယောက်သည် ထိုနည်းလမ်းအတိုင်း ကျင့်ကြံသရွေ့ အသိစိတ်အလျဉ်ကို သန်မာအားကောင်းလာစေနိုင်၏။

သို့သော် ချင်မူက ၎င်းကို တွေးခေါ်ကြည့်ပြီးနောက်တွင် အထွတ်အမြတ်နန်းတော်ဧရိယာ အဆင့်မြင့်အသိပညာသည် ကမ္ဘာဦးအစ မူလကျောက်တုံး၏ တစ်စိတ်တစ်ပိုင်းကိုသာ ထွန်းလင်းစေသဖြင့် အပြည့်အစုံမဟုတ်သေးကြောင်း ခံစားလိုက်ရ၏။

သိသိသာသာပင် ရှုကျွင်းသည် ကျင့်စဉ်၏ တချို့အခန်းကဏ္ဍများကို လျှိုထားပြီး ဖန်ဆင်းကျင့်စဉ်တစ်ခုလုံအား မပေးခဲ့ပေ။

“ငါတို့ အသိစိတ်အလျဉ်ကို လေ့ကျင့်ပေးတဲ့ ကျင့်စဉ်က မင်းအတွက် မသင့်တော်လောက်ဘူး… ငါတို့ရဲ့မျိုးနွယ်က မတူဘူးမဟုတ်လား”

ရှုကျွင်းက ပြောသည်။ “ဒါ့အပြင် မင်းရဲ့အသိစိတ်အလျဉ်က အားနည်းတယ်… လက်ရှိမင်းက ဒီလူငယ်ရဲ့ သွေးကျိန်စာကို အပြည့်အဝ နားမလည်နိုင်သေးတော့ အချိန်တစ်ခုအထိ ကျင့်ကြံဖို့ လိုတယ်”

ချင်မူ ယုံကြည်ချက်အပြည့်ဖြင့် အထွတ်အမြတ်နန်းတော်ဧရိယာ အဆင့်မြင့်အသိပညာကို ထုတ်လွှတ်လိုက်၏။ “ကျွန်တော်က လောကသခင်ခန္ဓာလေ… သေချာပေါက် ကျင့်ကြံနိုင်တယ်”

ရှုကျွင်းမှာ အံ့အားသင့်သွားသည်။ “လောကသခင်ခန္ဓာဟုတ်လား… ဘယ်မျိုးနွယ်ကလဲ”

ချင်မူက မဖြေပေ။ မဟာကမ္ဘာဦးအစ မူလကျောက်တုံး၏ ယဇ်ပလ္လင်ထက်တွင် လည်နေသော ဧရာမအသားလုံးကြီးကို သူ မြင်လိုက်ရသည်။ မကြာခင် အသားလုံးကြီးက နှစ်ခြမ်းကွဲသွားကာ ပတ်ဝန်းကျင်ကို အကဲခတ်နေသည့် ဧရာမမျက်လုံးကြီးတစ်လုံး ဖြစ်လာ၏။

မဟာကမ္ဘာဦးအစ မူလကျောက်တုံး၏ အနီရောင်အလင်း လွှမ်းခြုံနေသော ဧရိယာအတွင်း၌ ကြယ်တာရာများ တစတစ ထွက်ပေါ်လာကာ ဧရိယာတစ်ခုလုံးအား လင်းထိန်လာစေ၏။ မကြာခင် ကြယ်စင်စု ၂၀ စု ဖွဲ့တည်လာတော့သည်။

‘ဒီကောင်လေးရဲ့ တွေးခေါ်နိုင်စွမ်းက မဆိုးပေမယ့် အထွတ်အမြတ်နန်းတော်ဧရိယာရဲ့ ကြယ်စင်စု ၂၀ စုကို ထွန်းလင်းဖို့က လွယ်တယ်… ငါ သူ့ကို အသွင်သဏ္ဍာန်မြေပုံ ပေးမထားတော့ နတ်ဘုရား ၇၈ ပါးကို မြင်ယောင်ဖို့က ခက်မှာ….”

ယခုလေးတင်မှ ရောက်လာခဲ့သည့် မျက်လုံးကြီးသည် ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါလာ၏။ မကြာခင် ပြင်းထန်အားကောင်းသော ချီစွမ်းအင်များ ဝင်ရောက်လာပြီး ချင်မူ၏ အသိစိတ်အလျဉ်နှင့် ပေါင်းစည်းသွားသည်နှင့်အမျှ ကြယ်တာရာများက တစတစ တောက်ပလာ၏။

‘ဒါက ငါ သူ့ကို ပေးခဲ့တဲ့ အထွတ်အမြတ်နန်းတော်ဧရိယာ အဆင့်မြင့်အသိပညာမဟုတ်ဘူး… သူက ငါပေးထားတဲ့ ကျင့်စဉ်ကို ပြောင်းလဲလိုက်တာပဲ…’

ချင်မူက ချီစွမ်းအင်ကို သူ၏အသိစိတ်အလျဉ်နှင့် ပေါင်းစည်း၍ သင်္ကေတအမှတ်အသားမျိုးစုံ ဖွဲ့တည်နေကြောင်း သူ မြင်နေရသည်။

မျက်လုံးကြီးမှာ ဆွေ့ဆွေ့ခုန်မတတ် ဒေါသထွက်သွားသော်လည်း အေးစက်စက် ရယ်သည်။ ‘ခွေးကောင်လေး၊ ငါ့အမျိုးနွယ်ရဲ့ ကျင့်စဉ်ကို လျှောက်လုပ်လိုက်ရင် မင်း ဘယ်လိုသေသွားမှန်း မသိဘဲ သေရလိမ့်မယ်’

ဤအခိုက်အတန့်တွင် မဟာကမ္ဘာဦးအစ မူလကျောက်တုံး၏အတွင်း ရှေးဟောင်းကြယ်တာရာအရှင်သခင်တစ်ပါး၏ ပုံရိပ် ထွက်ပေါ်လာသည်။ ထိုပုံရိပ်သည် သူတော်စင်သုံးပါးကြယ်စင်စု၌ စံမြန်းသော ရှေးဟောင်းနတ်ဘုရားစစ်လွီ ဖြစ်၏။

မျက်လုံးကြီးမှာ အကြီးအကျယ် တုန်လှုပ်သွားပြီး ချင်မူ လုပ်နေသောအရာကို နားလည်သွားသည်။ ချင်မူက သူ့ခေတ်မှ အသိအမြင်များအား အသုံးချ၍ အထွတ်အမြတ်နန်းတော်ဧရိယာ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနေခြင်းပင်။

အထွတ်အမြတ်နန်းတော်ဧရိယာသည် ရှေးဟောင်းနတ်ဘုရားများကို မြင်ယောင်ရန်အတွက်သာ အသုံးပြုခြင်း ဖြစ်၏။ ချင်မူကမူ ချီစွမ်းအင်နှင့် အသိစိတ်အလျဉ်ကို ပေါင်းစည်းရင်း ရှေးဟောင်းနတ်ဘုရားများကို မြင်ယောင်နေခြင်းမဟုတ်ဘဲ အက္ခရာသင်္ချာနှင့် အဏုမြူသင်္ချာမှတစ်ဆင့် လမ်းကြောင်းအသွင်သဏ္ဍာန်များအား ပြန်တည်ဆောက်နေခြင်း ဖြစ်သည်။

အထွတ်အမြတ်နန်းတော်ဧရိယာမှာ ရှုပ်ထွေးသော်လည်း ရှေးဟောင်းနတ်ဘုရားတို့၏ အသွင်သဏ္ဍာန်မြေပုံမှာ ရိုးရိုးရှင်းရှင်း မြင်ယောင်လိုက်ခြင်းသာ မဟုတ်ပါလော။ ထို့ကြောင့် ချင်မူ၏ ရှေးဟောင်းနတ်ဘုရား မဟာတာအိုသင်္ကေတများနှင့် ယှဉ်လျှင် မှိန်ဖျော့သွားလေသည်။

ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုသင်္ကေတများက နှစ်တစ်သန်းကြာ လေ့လာမှုများမှတစ်ဆင့် ပေါင်းစည်းထားသောအရာများ မဟုတ်ပါလော။ ၎င်းတွင် ချင်မူ၏ ထိုက်ဝေသင်္ချာကျမ်းကဲ့သို့ အသေးငယ်ဆုံး မော်လီကျူးထိ တွက်ထုတ်ပေးနိုင်သော ခေတ်သစ်သင်္ချာပင် ပါဝင်လေသည်။

ရှေးဟောင်းကြယ်တာရာအရှင်သခင် ၇၈ ပါး ဖြစ်တည်လာနေစည် ချင်မူသည် သူ၏အသိစိတ်အလျဉ် ထိန်းချုပ်မရလောက်အောင် စုစည်းပြီး လျင်မြန်လာသည်ကို ခံစားလိုက်ရ၏။

“မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကိုပါ ထည့်ပေါင်းလိုက်ရင် ကျင့်ကြံနေတဲ့နှုန်းက မြန်လာမှာလား”

သူ ထိုသို့တွေးရင်း တွေးသည့်အတိုင်း လုပ်လိုက်သည်။ သူက ချက်ချင်းဆိုသလို မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို အသုံးပြုလိုက်ရာ ရှုကျွင်းသည် ကောင်းကင်နှင့် အထွတ်အမြတ်နန်းတော်ဧရိယာအား အားလှိုင်းအလွှာသုံးထပ်ဖြင့် မြင်လိုက်ရ၏။ ရှေးဟောင်းနတ်ဘုရားတို့၏ အသွင်သဏ္ဍာန်များလည်း သုံးဆပွားလာလေသည်။

အထွတ်အမြတ်နန်းတော်ဧရိယာ၏ အလွှာသုံးထပ်က စတင်ထပ်လာပြီး ရှေးဟောင်းနတ်ဘုရားများလည်း ထပ်လာသည်။

‘ဒီခွေးကောင်လေးကတော့…’

မျက်လုံးကြီးသည် ချင်မူ့ကို စိုက်ကြည့်၍ တွေးနေ၏။ ‘အထွတ်အမြတ်နန်းတော်ဧရိယာ အဆင့်မြင့်အသိပညာကို သူ မွန်းမံပြီးသွားရင် အဆင့်မြင့်အသိပညာသုံးခုလောက်နီးနီး ကောင်းသွားလိမ့်မယ်… အဆင့်မြင်အသိပညာသုံးခုမှာ အထွတ်အမြတ်နန်းတော်ဧရိယာ အဆင့်မြင့်အသိပညာ၊ ခရမ်းရောင်တားမြစ်ဧရိယာ အဆင့်မြင့်အသိပညာနဲ့ ကောင်းကင်ဈေးဧရိယာ အဆင့်မြင့်အသိပညာတို့ပဲ… အဲဒီအဆင့်မြင့်ပညာသုံးခုကို ပေါင်းစည်းလိုက်တဲ့အခါ ပြည့်စုံတဲ့ကျင့်စဉ်တစ်ခု ဖြစ်လာတယ်… သူက အထွတ်အမြတ်နန်းတော်ဧရိယာ အဆင့်မြင့်ပညာကိုပဲ သုံးရင်း အဲဒီလိုလုပ်နိုင်ခဲ့တာဆိုတော့ သူက ဘာကြီးလဲ… မဟာဧကရာဇ်ကျူယွီရှစ်များ ဖြစ်နေမလား”

ချင်မူမှာ မည်သို့တွေးရမှန်း မသိပေ။ တခဏကြာသော် သူ၏အသိစိတ်အလျဉ်သည် ကြောက်ခမန်းလိလိ အဆင့်မြင့်တက်သွားကြောင်း ခံစားလိုက်ရ၏။

“ဒီကမ္ဘာဦးအစကျင့်စဉ်က အမှန်တကယ် ထူးခြားတာပဲ” သူ့မှာ ချီးကျူးမဆုံးဖြစ်နေတော့သည်။

ရုတ်တရက် သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံးက ဆတ်ခနဲ လှုပ်သွားပြီး ယွင်ကျန်းလီဆီမှ ယွင်ချွီးရှို့ထံ လှမ်းကြည့်သည်။

ယွင်ချွီးရှို့က သူ့ကို ချိုသာစွာ ပြုံးနေ၍ ချင်မူလည်း ပြန်ပြုံးပြလိုက်သည်။ သူက မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးဖြင့် ယွင်ချွီးရှို့ကို ကြည့်သော်လည်း မူမမှန်သည့်အရာ မတွေ့ပေ။

သူမသည် နုနယ်ပျိုမျစ်သော အားအင်တို့ဖြင့် အလွန်သန့်ရှင်းစင်ကြယ်သော မိန်းကလေးတစ်ယောက်အလား တင့်တယ်ကြော့ရှင်းနေ၏။ ထို့အပြင် သူမ၏ဝိညာဉ်၊ မူလဝိညာဉ်၊ ကောင်းကင်ရတနာများ၊ အသိစိတ်အလျဉ်နှင့် ချီစွမ်းအင်တွင်လည်း ပြစ်ချက်များကင်းရှင်းနေသည်။

သူမ၏မူလဝိညာဉ်က ပျိုဖော်ဝင်စ မိန်းမငယ်လေးသဖွယ် အလွန်တက်ကြွအားကောင်းနေသည်။

“ရှုကျွင်း၊ ဒီမိန်းကလေးနဲ့ပတ်သက်ပြီး အပြစ်တစ်ခုခု ရှာနိုင်လား” ချင်မူက အသိစိတ်အလျဉ်ဖြင့် မေးလိုက်သည်။

မဟာကမ္ဘာဦးအစ မူလကျောက်တုံး၏ ယဇ်ပလ္လင်ထက်တွင် မျက်လုံးကြီးသည် ရုတ်တရက် ကျုံ့သွားကာ အသားလုံးကြီးတစ်လုံး ဖြစ်လာ၏။ အသားလုံးထဲမှ ရှုကျွင်း၏အသံ ထွက်ပေါ်လာသည်။ “ငါ့အတွက် သွေးနဲ့ အသိစိတ်အလျဉ်တွေ သုံးလတိုင်တိုင် ထောက်ပံ့ပေးပြိး ငါ ခေါင်းထွက်လာအောင် လုပ်ပေးရမယ်… ဒါဆို ငါ မင်းကို ဒီမိန်းကလေးရဲ့ ပြစ်ချက် ပြောပြမယ်”

“အာ ဒါဆိုလည်း ထားလိုက်တော့” ချင်မူက ပြောသည်။

ရှုကျွင်းမှာ အမျက်တစ်ချောင်းချောင်း ထွက်သွား၍ အသားလုံးကြီးမှာ ဆွေ့ဆွေ့ခုန်၍ ပေါက်ကွဲတော့မည့်အလား လှုပ်ခါနေတော့သည်။

ချင်မူက ယွင်ချွီးရှို့၏မျက်ဝန်းများကို စိုက်ကြည့်နေသော်လည်း မကြာခင် အကြည့်လွှဲပြီးနောက် တတိယမျက်လုံးကို ဖြည်းဖြည်းချင်း ပိတ်လိုက်သည်။ သူက တစ်ယောက်တည်း တိုးညင်းစွာ ရေရွတ်နေပြီးနောက် ယွင်ကျန်းလီဆီသို့ ပြောလိုက်၏။ “နောင်တော်ယွီမှာ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ကူးစက်နေခဲ့တဲ့ သွေးကျိန်စာရှိနေတယ်…. ကုနိုင်မယ့် နည်းလမ်း ရှိလောက်ပေမယ့် ဒီလောက်ပြင်းထန်တဲ့ ကျိန်စာမျိုး မမြင်ခဲ့ဖူးဘူး.. ကုသဖို့ အတော်လေး အချိန်ယူရလိမ့်မယ်”

“သွေးကျိန်စာဟုတ်လား၊ ကောင်းကင်နတ်အရှင်မှာ ကုသနိုင်မယ့် နည်းလမ်းရှိတာလား”

ယွင်ကျန်းလီမှာ အံ့လည်း အံ့ဩ၊ ဝမ်းလည်း ဝမ်းသာသွားသည်။ အလွန်အကျူး စိတ်လှုပ်ရှားလာမှုကြောင့် သူ၏အသိစိတ်အလျဉ်မှာ ဖရိုဖရဲ ပြန့်ကြဲကာ ချီစွမ်းအင်ကို မထိန်းချုပ်နိုင်လုဆဲဆဲ ဖြစ်သွား၏။ စွမ်းအင်ဆေးလုံး အတော်များများ စားလိုက်မှသာ တားဆီးနိုင်လိုက်လေသည်။

ယန်ကျန်းလီ စွမ်းအင်ဆေးလုံးများ၏ စွမ်းအင်ကို ပြန့်ကြဲနေသော အသိစိတ်အလျဉ်ဆီ ပေးပို့လိုက်မှ အသိစိတ်အလျဉ်သည် တည်ငြိမ်သွား၏။ ထို့နောက် သူက တောင်းလျှိုးပန်လျှိုး ပြောသည်။ “ဣန္ဒြေပျက်သွားမိလို့ တောင်းပန်ပါတယ် ...ကောင်းကင်နတ်အရှင် နားလည်မယ်လို့ မျှော်လင့်ပါတယ်.... စိတ်မရှိရင် ကျွန်တော့်အိမ်မှာ လိုက်နေပါ့လား... အဲဒါက ကောင်းကင်နတ်အရှင်တစ်ပါးရဲ့ နေအိမ်မဟုတ်ပေလား... ဘယ်သူမှ ကောင်းကင်နတ်အရှင်ယွင်ရဲ့ နေအိမ်ကို လာမထိရဲဘူး”

သူက ခါးသက်သက် ရယ်သည်။ “ယွင်မိသားစုရဲ့ ဆက်ဆံသူတွေယောက်ျားသားရဲ့ အစွမ်းအစတွေက သိပ်လည်း မဟုတ်ပါဘူးဗျာ... လက်ထပ်လိုက်တဲ့ မိန်းမတွေကမှ အင်မတန် အစွမ်းထက်ကြတာ... ရိုးရိုးသားသား ပြောရရင် ကျွန်တော့်အမျိုးသမီးက အစွမ်းအစတော်တော် ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ... ကျွန်တော့်အဘွားနဲ့ ဘွားဘွားကြီးကလည်း သိပ်ကို အင်အားကြီးကြတယ်... သူတို့က ကျွန်တော့်ဆိုရင် မျက်စိအောက်က အပျောက်မခံတာလေး တစ်ခုပဲ”

ချင်မူ ရယ်လိုက်၏။ “အင်း ကျွန်တော်ကလည်း ကောင်းကင်နတ်အရှင်တစ်ယောက်ပဲ မဟုတ်လား.... ကျွန်တော့်ကို သတ်ချင်ရင် ဘယ်မှာနေနေ မလွတ်ပါဘူး... သူတို့က ကောင်းကင်နတ်အရှင်တစ်ယောက်ကို သတ်ရဲရင် ယွင်မိသားစု ဂရုစိုက်နေပ့ါမလား”

ယွင်ကျန်းလီက မျက်မှောင်ကြုတ်၍ ယွင်ချွီးရှို့ဆီသို့ ပြောလိုက်၏။ “ညီမတော်၊ ငါ ဒီမှာ ရက်ပိုင်းလောက် နေလိုက်ဦးမယ်... နင် ယွင်စံအိမ်ကို ပြန်ပြီး အဘွားနဲ့ ဘွားဘွားကြီးကို ငါ ဘာမှမဖြစ်တဲ့အကြောင်း အကြောင်းကြားထားပေးပါ”

ယွင်ချွီးရှို့သည် ခေါင်းညိတ်၍ သဘောကျစွာ ရယ်လျက် ထသည်။ “ကျွန်မလည်း တချို့ပြဿနာလေးတွေအတွက် ကောင်းကင်နတ်အရှင်နဲ့ ဆွေးနွေးချင်လို့ ဒီမှာနေချင်တာပါ... ပြန်လာရင် ကောင်းကင်နတ်အရှင် ကျွန်မကို မောင်းထုတ်မှာတော့ မဟုတ်ဘူးမလား”

ချင်မူ ခေါင်းယမ်းပြီး ပြန်ဖြေလိုက်သည်။ “မောင်းမထုတ်ပါဘူး.... ဒီမှာ အိမ်တွေအများကြီးပဲ စိတ်ကြိုက်နေလို့ရတယ်”

ယွင်ချွီးရှို့သည် မန့်လန်အဆောင်ထဲမှ ဖြည်းဖြည်းချင်း ထွက်ခွာသွား၏။

ချင်မူက ထရပ်ပြီး ဖော်‌ရွေစွာ ပြုံးလျက် ပြောသည်။ “ကျွန်တော် နေဖို့နေရာဆီ လိုက်ပို့ပေးပါ့မယ်”

ယွင်ကျန်းလီက သူ့အနောက်မှ လိုက်လာပြီး နှစ်ယောက်သား မန့်လန်အဆောင်ထဲမှ ထွက်လိုက်ကြသည်။ ချီကျုံရီ၊ ယန်အာနှင့် နဂါးချီလင်လည်း အနောက်မှ လိုက်လာ၏။

နဂါးသွဲ့ရေကန်၏ အလှတရားသည် အလွန်ပင် ရှုမောခံစားဖွယ်ရာ ဖြစ်ပြီး ချင်မူ ရောက်ခဲ့ဖူးစဉ်ကထက် များစွာတင့်တယ်လှပနေချေ၏။ ချင်မူက အလှတရားကို ရှုစားရင်း လမ်းလျှောက်နေရာမှ ရုတ်တရက် မေးသည်။ “နောင်တော်ယွင်၊ ယွင်ချွီးရှို့ကို ဘယ်လိုသိခဲ့တာလဲ”

ယွင်ကျန်းလီက ရယ်သည်။ “ကောင်းကင်နတ်အရှင် သူ့အပေါ် စိတ်ရှိနေတာလား”

ချင်မူက တဟားဟား ရယ်လိုက်ပြီး ပြန်ဖြေ၏။ “သူက ချိုသာတယ်၊ လှတယ်၊ တင့်တယ်တယ်... ကြင်ယာကောင်းတစ်ယောက် ဖြစ်မယ့် မိန်းကလေးပဲ... ကျွန်တော်လည်း သေတော့မှာဆိုပေမယ့် မသေခင် နောက်ဆုံးအကြိမ်အဖြစ် ကြယ်ယာဖက်ကောင်းတစ်ယောက် ရှာလို့ရပါသေးတယ် ခံစားရလို့ပါ”

ယွင်ကျန်းလီ၏ အမူအရာ လေးနက်သွားကာ ဝန်ခံသည်။ “အရိုးသားဆုံး ပြောရရင် ကောင်းကင်နတ်အရှင်၊ ကျွန်တော် သူ့နောက်ကြောင်းကို မသိပါဘူး”

ချင်မူ အနည်းငယ် အံ့အားသင့်သွား၏။ “သူက နောင်တော်ယွင်ရဲ့ သွေးသောက်ညီမမဟုတ်လား... ဘယ်လိုလုပ်ပြီး သူ့နောက်ကြောင်းကို မသိတာလဲ”

ယွင်ကျန်းလီက ဆက်ပြောသည်။ “ကျွန်‌တော် သူ့အကြောင်း တစ်ခါမှ မကြားဖူးဘူး.. တစ်နေ့ သူက ကောင်းကင်နတ်ဘုံမှာ ရုတ်တရက် ပေါ်လာပြီး တစ်နေရာလုံးကို အုတ်အော်သောင်းနင်း ဖြစ်စေခဲ့တယ်... သူ့ကို လိုက်ပိုးပန်းတဲ့သူတွေလည်း မရေမတွက်နိုင်ဘူးပေါ့... ဒါပေမဲ့ သူက ကျွန်တော့်ကို သဘောကျသလို လာရောခဲ့တော့ သူ့ကို ကြိုက်နေတဲ့ကောင်တွေက ကျွန်တော့်ကို အကြိမ်ပေါင်းများစွာ လာလာစိန်ခေါ်လို့ သေလုမျောပါးတောင် ဖြစ်ခဲ့ရတယ်... ဒါပေမဲ့ ကျွန်တော်က အဲဒီလိုအန္တရာယ်တွေကြားမှာ အသက်ရှင်ကျန်ခဲ့ပြီး သတိထားတတ်လာတယ်”

ချင်မူ ရယ်လိုက်သည်။ “နောင်တော်ယွင် ဘာလို့ သတိထားလာတာလဲ”

“ကျွန်တော်က သေတော့မယ့်လူတစ်ယောက်၊ သူကတော့ သဘောကျနေတဲ့သူတွေ အများကြီးရှိတဲ့ မိန်းမလှလေးတစ်ယောက်... သူ့ သဘောကျတဲ့လူတွေထဲမှာ ကောင်းကင်နတ်ဘုံက နတ်ဘုရားဘုရင်တစ်ပါးတောင် ပါသေးတယ်... ဒါတောင် သူက ကျွန်တော့်လို သေအံ့ဆဲဆဲလူရဲ့ ဘေးမှာ နေဖို့ ရွေးချယ်ခဲ့တယ်လေ”

ယွင်ကျန်းလီသည် မထူးခြားဟန်ဖြင့် ရယ်၏။ “ကျွန်တော်က ချီကျုံရီလို အချစ်ကြောင့်လည်း စုံလုံးမကန်ဘူး... သူ ကျွန်တော့်ကို ချဉ်းကပ်နေတဲ့ အကြောင်းရင်းရှိမှန်း သိတယ်.. ဒါကြောင့် သူ့ကို ညီမတော်လိုက်ပြီး အနားမှာ ထားလိုက်ရင် သူဘာတွေ ကြံစည်နေမလဲ စောင့်ကြည့်နိုင်မယ်လို့ တွေးလိုက်မိတာပဲ”

ချီကျုံရီမှာ စိတ်ကူးယဉ်အတွေးများထဲ နစ်မျောနေဆဲဖြစ်ကာ ယွင်ချွီးရှို့၏ အလှနွံထဲမှ ရုန်းမထွက်နိုင်သေးပေ။ သူက ပြုံးနေပြီး လွှတ်ခနဲ ပြောလိုက်၏။ “ငါတို့ကလေးတွေရဲ့ နာမည်က ဘာဖြစ်မလဲ”

ချင်မူမှာ ချီကျုံရီ နေ့ခင်းကြောင်‌တောင် မည်ကဲ့သို့အိပ်မက်မျိုး မက်နေမှန်း မသိ၍ အူကြောင်ကြောင်ဖြင့် လှမ်းကြည့်လိုက်မိသည်။

“နောင်တော်ယွင်၊ ယွင်ချွီးရှို့ရဲ့ ရည်ရွယ်ချက်ကို သိလား” ချင်မူ စပ်စုမိသည်။

ယွင်ကျန်းလီသည် နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်၏။ “သိတယ်... သူ့ရည်ရွယ်ချက်က ခင်ဗျားပဲ ကောင်းကင်နတ်အရှင်မူ”

ချင်မူမှာ မှင်သက်သွားပြီးနောက် ပါးစပ်ပြန်မစေ့နိုင်အောင် ပြုံးနေတော့သည်။ “ယွင်ချွီးရှို့ရဲ့ ရည်ရွယ်ချက်က ကျွန်တော်တဲ့လား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... နောင်တော်ယွင်၊ နောက်နေတာပဲ ဖြစ်မယ်”

ယွင်ကျန်းလီက အလေးအနက် ပြန်ဖြေ၏။ “ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်ဘုံကို ပြန်လာတယ်... ကျွန်တော်၊ ယွင်မိသားစုရဲ့ တစ်ဦးတည်းသောသားက ဘိုးဘေးကြီးရဲ့ အမှာစကားကြောင့် ကောင်းကင်နတ်အရှင်မူနဲ့ တွေ့ရဖို့ အကြောင်းဖန်လာတယ်... ကျွန်တော့်အတွက် ကောင်းကင်နတ်မူနဲ့ ရင်းနှီးအောင် လုပ်ဖို့ မခက်ဘူးမလား... ဒါ့အပြင်..”

သူက ရပ်လိုက်၍ ချင်မူလည်း ရပ်လိုက်ပြီး မေးသည်။ “ဒါ့အပြင် ဘာဖြစ်လဲ”

“ဒါ့အပြင် ကောင်းကင်နတ်ဘုံရဲ့ အစွမ်းထက်ဆုံး ကောင်းကင်တံတားအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်တွေထဲက တစ်ယောက်အနေနဲ့ ကျွန်တော်က သူနဲ့ ခင်ဗျားကို သဝန်တိုပြီး ခင်ဗျားကို သတ်လိုက်ရင် ယွင်မိသားစုအတွက် ပြစ်မှုကြီးဖြစ်သွားမယ် မဟုတ်လား”

ယွင်ကျန်းလီသည် ရယ်လိုက်၏။ “ကျွန်တော် ၊ ယွင်မိသားစုရဲ့ တစ်ဦးတည်းသောသားက ကောင်းကင်နတ်အရှင်မူရဲ့ လက်ထဲမှာ သေသွားရင်ရော စိတ်ဝင်စားစရာမကောင်းဘူးလား... ယွင်မိသားစုရဲ့ အဘွားနဲ့ ဘွားဘွားကြီး မိုးမီးလောင်ပြီး ခင်ဗျားကို လာသတ်လိမ့်မယ်... ဒါဆို ခင်ဗျားသေမယ်၊ ယွင်မိသားစုလည်း ပျောက်ကွယ်သွားလိမ့်မယ်... ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တာမျိုးပေါ့”

ချင်မူ ရယ်လိုက်သည်။ “နောင်တော်ယွင်က သဝန်တိုမှာလား”

ယွင်ကျန်းလီမှာ အနည်းငယ် မောနေပြီး ခေါင်းယမ်းလိုက်သည်။ “မတိုပါဘူး... သေခြင်းရှင်ခြင်းကိုတောင် ရင်မခုန်တာ ကြာပြီ... သူ့ကြောင့်နဲ့ ဘာလို့ စိတ်လှုပ်ရှားနေတော့မှာလဲ... ခင်ဗျားသာ သူ့အလှထဲ နစ်မျောသွားမှာ စိုးရိမ်တာပါ”

ချင်မူက ပြန်ဖြေသည်။ “အဲဒီလိုမဖြစ်ပါဘူး... သူက လှပေမယ့် ကျွန်တော့်နှလုံးသားထဲမှာတော့ အလှဆုံး မဟုတ်ဘူး”

ယွင်ကျန်းလီက စပ်စုသည်။ “ဒါဆို ဘယ်လိုမျိုးက အလှဆုံးလဲ... ကောင်းကင်နတ်အရှင်မူအတွက် အလှဆုံးအမျိုးသီးတစ်ယောက်က ဘယ်လိုပုံစံမျိုးလဲ”

ချင်မူ တွေဝေမနေဘဲ မဆိုင်းမတွ ဖြေလိုက်သည်။ “ရင်သားကြီးကြီး၊ တင်ပါးကြီးကြီး၊ ခန္ဓာကိုယ်မှာ ကြွက်သားတွေနဲ့ တောင့်တောင့်တင်းတင်း ပုံစံမျိုးပေါ့”

ယွင်ကျန်းလီ မှင်သက်ဆွံ့အသွားတော့သည်။

အတန်ကြာသော် သူ့မှာ ဣန္ဒြေပြန်ဆည်ပြီး စနောက်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူရဲ့ စံနှုန်းကတော့ ထူးခြားလှပါပေတယ်... ရိုးရိုးသားသား ပြောရရင် ကျွန်တော် ယွင်ချွီးရှို့ကို ပြန်လွှတ်လိုက်တာက တခြားအကြောင်းရင်းကြောင့်ပဲ... အဲဒီအကြောင်းရင်းက ကျွန်တော့်ဘိုးဘေးကြီး ချန်ခဲ့တဲ့ စကားနောက်တစ်ခွန်းနဲ့ ဆိုင်တယ်”

ချင်မူ အလေးအနက် မေးလိုက်သည်။ “ကောင်းကင်နတ်အရှင်ယွင်ရဲ့ နောက်ဆုံးအမှာစကားက ဘာလဲ”

ယွင်ကျန်းလီက ပြန်ဖြေ၏။ “ကျွန်တော့်ဘိုးဘေးကြီးက ကောင်းကင်နတ်အရှင်မူအယောင်ဆောင်ပြီး နဂါးဟန်ခေတ်မှာ ခဏခဏ လှုပ်ရှားခဲ့တယ်... တချို့လူတွေက ကောင်းကင်နတ်အရှင်ယွင်က အားနည်းလာပြီ၊ ကောင်းကင်နတ်အရှင်မူနဲ့ မယှဉ်နိုင်ဘဲ ဟန်လုပ်နေတယ်လို့ ပြောကြတယ်”

သူက ဆက်မပြောပေ။

ချင်မူ ဖြေလိုက်သည်။ “ကောင်းကင်နတ်အရှင်ယွင်က ကျွန်တော့်အောက် အားမနည်းပါဘူး”

“ဒါပေမဲ့ ကမ္ဘာကြီးကတော့ အဲဒီလိုမထင်ဘူး”

ယွင်ကျန်းလီသည် သက်ပြင်းချ၍ ဆက်ပြော၏။ “ကျွန်တော့်ဘိုးဘေးကြီး မဆုံးပါးခင် သူ့နောက်ဆုံးစကားတွေက ကောင်းကင်နတ်အရှင်မူ အယောင်ဆောင်ခဲ့တဲ့အတွက် တောင်းပန်ဖို့ပဲ... ဒုတိယကတော့ ဘိုးဘေးကြီးဟာ သူ့သိုင်းကွက်တွေက ကောင်းကင်နတ်အရှင်မူရဲ့ သိုင်းကွက်တွေကို ရင်ဆိုင်နိုင်တဲ့အကြောင်း သိစေချင်ခဲ့တယ်.. အဲဒါကြောင့် သူ့မျိုးဆက်တိုင်း ကောင်းကင်နတ်အရှင်မူနဲ့တွေ့ရင် သိုင်းကွက်တွေ ထုတ်ကစားပြရမယ်လို့ မှာခဲ့တယ်”

ချင်မူ ပြုံးလိုက်မိသည်။ “ဒါပေမဲ့ နောင်တော်ယွင်ခန္ဓာကိုယ်က မကျန်းမာဘူးလေ... ဒီအလုပ်ကို လုပ်နိုင်ပါ့မလား”

ယွင်ကျန်းလီသည် ယုံကြည်ချက်အပြည့်ဖြင့် ပြုံးလိုက်၏။ “ကောင်းကင်နတ်အရှင်မူရဲ့ ခန္ဓာကိုယ်ကလည်း မကျန်းမာပါဘူး.. ကျွန်တော်က ကောင်းကင်နတ်အရှင်မူအတွက်သာ စိတ်ပူနေတာ”

ချင်မူ တဟားဟား ရယ်လိုက်မိသည်။ “အပြင်လူတွေအရှေ့မှာဆိုရင်တော့ ကျွန်တော့်ခန္ဓာကိုယ်က သေချာပေါက် အသုံးမကျဘူးပေါ့... ဒါပေမဲ့ နောင်တော်ယွင်အတွက်တော့ ကျွန်တော်က ကျန်းမာနေတဲ့လူတစ်ယောက်ပဲ... ကောင်းကင်နတ်အရှင်ယွင်ရဲ့ ကျင့်စဉ်က ဘယ်လိုနာမည်မျိုးလဲ”

ယွင်ကျန်းလီသည် လက်ရန်း၌ မှီ၍ နဂါးသွဲ့ပင်လယ်ဆီသို့ ကြည့်နေ၏။ နေမကောင်းသော သခင်လေးက ကျယ်လောင်စွာ ရွတ်လေသည်။ “တောင်ထိပ်တစ်ထောင် ကောင်းကင်ထက်သို့ ထူမတ်လာတယ်... လမ်းအဆုံးမှာ ကောင်းကင်တံတား ထွက်ပေါ်လာတယ်.... ကြယ်တွေဟာ အထက်ကောင်းကင်ပြာမှာ နီးကပ်လို့... သေမျိုးကမ္ဘာဟာ အဆုံးမရှိ သံသရာလည်ဆဲ၊ သံသရာလည်မြဲ”

“လမ်းအဆုံးမှာ ကောင်းကင်တံတား ထွက်ပေါ်လာတယ်တဲ့လား”

ချင်မူ ထိုစာကြောင်း၏ အဓိပ္ပါယ်ကို နားလည်လိုက်၍ ကောင်းကင်နတ်အရှင်ယွင် ကောင်းကင်တံတားကောင်းကင်ရတနာ ဖွင့်လှစ်ခဲ့သော အကြောင်းရင်းကိုလည်း သဘောပေါက်သွားသည်။

‘အဲဒီအချိန်တုန်းက ကောင်းကင်နတ်အရှင်ရုံ သေခြင်းရှင်ခြင်းကောင်းကင်ရတနာ ဖွင့်လှစ်ပြီးတဲ့နောက်မှာ ကောင်းကင်နတ်အရှင်ပညာရှင်တွေအတွက် ဘယ်ဆက်သွားမှန်း မသိခဲ့ဘူး... လမ်းမရှိတာကြောင့် ကောင်းကင်နတ်အရှင်ယွင်က ကောင်းကင်တံတား ကောင်းကင်ရတနာကို ဖန်တီးခဲ့တာပဲ... ဒီရတနာက ကောင်းကင်အရှင်ယွီကိုလည်း အကြံရသွားစေလိုက်ပြီး ကောင်းကင်နတ်အရှင်ယွီက ကောင်းကင်တံတားရဲ့ အဆုံးမှာ ကောင်းကင်နန်းဆောင် ဖွင့်လှစ်နိုင်ခဲ့တယ်’

ချင်မူမှာ လက်ခုပ်လက်ဝါး တီး၍ ချီးကျူးလိုက်သည်။ “လမ်းအဆုံးမှာ ကောင်းကင်တံတား ထွက်‌ပေါ်လာတယ်... ကောင်းတယ်၊ သိပ်ကောင်းတယ်... ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ ခေတ်နောက်ကျသွားပြီ”

All Chapters