← Chapters

သရေကျသွားတယ်

Vol. 73 Ch. 4.603

သရေကျသွားတယ်

Vol. 73 Ch. 4.603

"ဟူး... ငါ သတိလက်လွတ် ဖြစ်သွားတာပဲ"

ဟွမ်ရီးက အော်လိုက်သည်။ သူက ထပ်ပြီး

"ပမွှားလေးပါကွာ... ငါမင်းကို တစ်ကြိမ် တိုက်ခိုက်နိုင်တယ် ဒါပေမဲ့ မင်းငါ့ကို နှစ်ကြိမ် တိုက်ခိုက်နိုင်ခဲ့တယ်... မင်းမှာ အရည်အချင်းတွေ ရှိပေမယ့် မင်းတို့လူသားတွေက အားနည်းတဲ့ ကိုယ်ခန္ဓာနဲ့ ကွဲအက်နေတဲ့ ဝိညာဉ်တွေ ရှိတယ်...ငါတို့ပင်လယ်သားရဲတွေနဲ့ မယှဉ်နိုင်ဘူး"

လုရွှမ်က "ငါတို့လူသားတွေမှာ ပြောနေကျ စကားတစ်ခွန်း ရှိတယ်... တစ်နေရာတည်းမှာ အချိန်အကြာကြီး ရှိနေရင် တဖြည်းဖြည်းနဲ့ နေသားကျလာလိမ့်မယ်။ ပြီးတော့ သူက တဖြည်းဖြည်း မာနကြီးလာပြီး ရန်သူ့က ဒီနေရာဟာ သူ့ပိုင်နက်​လို့ တွေးတောင် မတွေးနိုင်တော့ဘူးတဲ့"

"ဘာသဘောလဲ?"

"ဝမ်းနည်းစရာကောင်းတဲ့ သဘောပေါ့"

လုရွှမ် သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီးသည်နှင့် နောက်ထပ် ဓားတစ်လတ်က သူ့လက်ထဲ အသင့်ပေါ်လာသည်။

"ငါ့လက်စွပ်ထဲမှာ ဓားရှည်တွေ အများကြီးရှိတယ် ဒါပေမဲ့ မင်းရဲ့လက်သည်းတွေ ကျိုးသွားရင် ပြန်ပေါက်နိုင်ဦးမလား မသိဘူး"

"မင်းကို သတ်ဖို့တော့ လုံလောက်တယ်ကွ!"

ဟွမ်ရီးက အော်ပြောလိုက်ပြီး သူ့ခန္ဓာကိုယ်က ဖျတ်ကနဲ ပြေးထွက်လာသည်။ သူ့ပုံသဏ္ဌာန်က တုန်ခါနေဆဲဖြစ်ပြီး အရိပ်တစ်ခုကို ဆွဲထုတ်လိုက်သလိုမျိုး သူ့ရဲ့အရှိန်က အလွန်မြန်နေ၏ အရှိန်အလွန် မြန်သောကြောင့် မျက်စိထဲတွင် ကျန်ရစ်ခဲ့သော အရာမှာ ပုံရိပ်သာ ဖြစ်သည်။

လုရွှမ်အရင်က သူ့ရဲ့​​ထူးကဲသော အရှိန်အဟုန်ကို ကြွားဝါခဲ့သော်လည်း အခုတော့ မအောင်မြင်နိုင်​တော့ပေ။ ဓားရောင်ဝါ ထွက်လာတာနဲ့ တစ်ပြိုင်နက် ယွမ်ယန်ဓားကိုးစင်းက အသက်ဝင်လာသည်။ ဒီပင်လယ်သားရဲနဲ့ ရင်ဆိုင်နေရတာကြောင့် လုရွှမ် လုံးဝဂရုမစိုက်ဘဲ မနေဝံ့ပေ။

ချွင်းကနဲ အသံနှင့်အတူ ယွမ်ရီး၏ လက်သည်းများက လုရွှမ်၏ဓားရှည်နှင့် တိုက်မိသွား​ပြန်သည်။ အရှိန်နဲ့ကြိမ်နှုန်းက လုရွှမ်ရဲ့ ခန္ဓာကိုယ်အတွင်းရှိ သွေးများကို ဆူပွတ်လာစေကာ သူတစ်ခါမှ မကြုံဖူးသော တိုက်ပွဲစိတ်ဓာတ်ကို ပထမဆုံးအကြိမ် နိုးကြားလာ​စေခဲ့သည်။

ဓားရှည်ကို ဝေ့ယမ်းလိုက်တဲ့ အရှိန်ကလည်း မြန်လာကာ ဓားတစ်ချောင်းစီသည် အလင်းတစ်ချက်လို မြန်လာပြီး သားရဲတစ်ကောင်လို ရက်စက်ကြမ်းကြုတ်လာပေသည်။ ထို့ပြင် ဒန်တန်ထဲရှိ ရွှေဒြပ်စင် နတ်ပုတီးစေ့ရဲ့ အင်အားတစ်ခုက သူ့လက်မောင်းထံကို တိတ်တဆိတ် စီးဆင်းလာကာ ဓားရှည်ဆီသို့ ရောက်ရှိလာသည်။

ဓားရှည်သည် မူလက သာမန်လျှို့ဝှက်ဆန်းကြယ် အဆင့်က လက်နက်တစ်ခု ဖြစ်ပြီး ကောင်းကင်အောင်ခြင်းဂိုဏ်းက သန့်စင်သော ဓားဖြစ်သည်။ တခြားလက်နက်များစွာ မရှိသော်လည်း လျှို့ဝှက်ဆန်းကြယ် အဆင့် လက်နက်က​​တော့ များစွာရှိသည်။

သို့သော် ယခုအခိုက်အတန့်တွင် ဤသာမန်လျှို့ဝှက်ဆန်းကြယ် အဆင့် လက်နက်သည် တဖြည်းဖြည်း ဆန်းကြယ်စွာ လင်းလက်တောက်ပလာခဲ့သည်။

ယခင်ကတော့ ယွမ်ရီးရဲ့ လက်သည်းများနဲ့ ရင်ဆိုင်လိုက်ရချိန် အချိန်မရွေး ကွဲတော့မလို တုန်လှုပ်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ယခုမူကား တဖြည်းဖြည်း တည်ငြိမ်လာပြီ။ ၎င်းက အသံမြည်နေသေးသော်လည်း ဓားဝိညာဉ်ကို မွေးဖွားပေးသည့် ဓားရှည်တစ်လတ်နဲ့ တူလာသည်။

ဓားရှည်ကြီးရဲ့ ခံနိုင်ရည်အားနဲ့ တွန်းအားက တဖြည်းဖြည်း အားကောင်းလာသည်။

ဟွမ်ရီးလည်း မကြာမီတွင် လုရွှမ်ရဲ့ ဓားရှည်ဆီက ထူးကဲသော စွမ်းအားကို ခံစားလိုက်ရသည်။ သူ့တွင် အသာစီးရထားသော်လည်း တဖြည်းဖြည်း အကျိုးကျေးဇူး မရနိုင်တော့ပေ။ သူ၏ လက်သည်းများ ပြတ်တောက်သွားကာ လက်ကတဆက်ဆက် တုန်ရီလာသည်။

လုရွှမ်သည် ဓားရှည်များရဲ့ အပြောင်းအလဲများကို သဘာဝကျကျ သိရှိနားလည်သူ ဖြစ်သည်။ ဓားရှည်ဆီကနေ ပျော်ရွှင်မှု အရိပ်အမြွက်ကို ထင်ရှားစွာ ခံစား​​နေရပြီး ၎င်းသည် များများတိုက်ပေးလေ ရဲရင့်လာလေ ဖြစ်နေ၏။

ဓားစွမ်းအင်ကို နှိုးဆွပြီးတာနဲ့ ၎င်းရဲ့စွမ်းအားက အလွန်တိုးလာသည်။ ပြီးတော့ လှုပ်ရှားလိုက်တိုင်း ဓားဟာ သူ့အလိုလို ချိန်ညှိသွားပြီး အတိကျဆုံးနေရာကို ထိုးနိုင်သည်။ ဟွမ်ရီး ညည်းတွားပြီး သူ့လက်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းကာ လုရွှမ်ကို ဖယ်ခိုင်းပြီး ပြန်ပြေးသွားလေသည်။

လေထုထဲမှာတော့ သူ့ လက်နှစ်ချောင်းသာ ကျန်တော့သည်။

"မင်းတို့ လူသားတွေက လက်နက်ကို အားကိုးပြီး အခွင့်ကောင်းယူနေတဲ့ ကောင်တွေ! မင်းက ငါတို့နဲ့ယှဥ်ဖို့ ဝေး​နေသေးတယ်ကွ!"

လုရွှမ် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး

"ပင်လယ်သားရဲကောင်! မင်းရဲ့ အပြုအမူကို ရှင်းပြဖို့ အကြောင်းပြချက်တွေ ရှာတွေ့တဲ့အခါ မင်း ရှုံးသွားပြီပဲ "

"ငါ့ရဲ့ ယွမ်ယန်ဓားကိုးစင်းကို ကြည့်စမ်း!!"

"လူနဲ့ဓား တစ်သားတည်း ဖြစ်စေ!"

"ဓားတစ်သောင်းရိုက်ချက်!"

"ဓားထွက်​လာတဲ့အခါ ကိုယ်၌ မရှိ!"

"လေထုကိုဖြတ်!"

"ဖျက်ဆီးပစ်!!"

လုရွှမ် ယွမ်ယန်ဓားကိုးစင်းရဲ့ ဓားများကို တစ်ချက်ချင်း ရွှေ့သွားသော်လည်း အလွန်လျင်မြန်ပြီး အစွမ်းထက်သည်။ ဟွမ်ရီး ထပ်ခါထပ်ခါ ရှောင်လိုက်ပြီး ဓားချက်အားလုံးကို သူ့လက်နဲ့ တားဆီးထားလိုက်သည်။

ရုတ်တရက် အမူအရာက ပြောင်းလဲသွားကာ လက်တစ်ဖက်ဖြင့် ပိတ်ဆို့ရင်း လှည့်ထွက်သွား၏။ ဟွမ်ရီးသည် အဝေးက တစ်ခါသုံး ပို့ဆောင်ခြင်းအစီအရင်ဆီသို့ ပြေးသွားခဲ့သည်။

လုရွှမ် ဟွမ်ရီးရဲ့ လှုပ်ရှားမှုကို သတိမထားမိခဲ့ပေ။ ပဉ္စမဓားကို ခုတ်ထစ်ပြီးနောက်တွင် သူ့ရင်ဘတ်ထဲတွင် ဘယ်သောအခါမှ မပျောက်ကွယ်နိုင်သော သို့မဟုတ် မပျော်မရွှင် ဖြစ်စေသည့် ရောင်ဝါတစ်ခု ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။

ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး ယွမ်ယန်ကိုး ဓား ၅ ချောင်းရဲ့ အရှိန်သည် မြေပြင်ပေါ်သို့ ကျရောက်၍ ကြီးမားသော ဖိအားများ ကျဆင်းသွားကာ လေလှိုင်းများကလည်း လှိမ့်ဝင်ရင်း ပရမ်းပတာ ဖြစ်လာသည်။

ကျစ်! လူရော?

ကျန်ရှိခဲ့​သော ပင်လယ်ရေများသည် လေလှိုင်းအလွှာများ အဖြစ်သို့ အငွေ့ပျံသွားခဲ့ပြီ။ အနီးပတ်ဝန်းကျင်တွင် ပေပေါင်းများစွာ နက်သော ဓားရှည်ရာကြီးက အက်ကြောင်းများဖြင့် ဝန်းရံခံထားရသည်။

လုရွှမ်၏ ခန္ဓာကိုယ်သည် ကောင်းကင်ထက်တွင် မြင့်မားစွာ ပျံသန်းနေပြီး အောက်ဖက်တွင်တော့ အသည်းအသန် ပြေးနေသော ဟွမ်ရီးရဲ့ ရုပ်ပုံရှိသည်။

လုရွှမ် သူ့လက်ဖဝါးကို ဝှေ့ယမ်းပြီး လေပြင်းတိုက်ခတ်သွားအောင် ပြုလုပ်လိုက်သည်။ လေထုက ပြန့်ကျဲသွားကာ ဟွမ်ရီးသည် မြေပြင်ပေါ်တွင် လက်ဖဝါးရာတစ်ခု ချထားလိုက်ပြီး အကွာအဝေး တစ်ခုအတွင်း အလင်းတန်းတစ်ခု လင်းလက်သွား၏။ ၎င်းမှာ ဟွမ်ရီးတစ်ယောက် ပို့ဆောင်ခြင်းအစီအရင်ဖြင့် ပျောက်ကွယ်သွားခဲ့ခြင်းပင်။

လုရွှမ် ကောင်းကင်မှ ဆင်းသက်လာပြီး လက်ဖဝါးရာထဲက ပစ္စည်းကို ကောက်ယူကာ သိုလှောင်လက်စွပ်ထဲသို့ ပစ်ထည့်လိုက်သည်။

အစတုန်းကတော့ ရွှေဒြပ်စင်နတ်ပုတီးထဲက ဓားသွား ရည်ရွယ်ချက်နဲ့သာ ယွမ်ယန်ဓားကိုးစင်းကို တစ်ချက်တည်း ခုတ်ထစ်နိုင်ခဲ့တာ ဖြစ်သည်။ ဓားငါးချောင်းရဲ့ စွမ်းအားက တခြားဓားစွမ်းအင်ထက် ပိုမိုအားကောင်းသည်။ ပဉ္စမဓားကို ထုတ်သောအခါ ဟွမ်ရီးသည် ထိုဓားစွမ်းအင်ကို မရပ်တန့်နိုင်မှန်း သိသဖြင့် လှည့်ထွက်ပြေးသွားခဲ့သည်။

သူ သေခြင်းတရားရဲ့ အငွေ့အသက်ကို ခံစားခဲ့ရသည်လေ။ ပစ္စည်းကို မထားခဲ့လျှင် တကယ် သေရပေလိမ့်မည်။

လုရွှမ် တိတ်တိတ်လေး နှမြောစိတ်ဖြင့် သက်ပြင်းချလိုက်ပြီး ဟွမ်ရီး ဒီဓားကို အထပ်ထပ် တားဆီးနိုင်ခဲ့လျှင် ပိုကောင်းပေလိမ့်မည်ဟု တွေးလိုက်မိသည်။ သူယွမ်ယန်ဓားကိုးစင်းရဲ့ ၆စင်းမြောက်ဓားရဲ့ အရိပ်အယောင်ကို ဖျတ်ခနဲ ခံစားလိုက်ရ၏။ ကံမကောင်းစွာပဲ သူ့တွင် အရိပ်အမြွက်မျှသာ ရှိသော်လည်း ထိုလူယုတ်မာ ဟွမ်ရီးမှာ တစ်ခုခုမှားနေတာကို မြင်ပြီး ချက်ချင်း လှည့်ထွက်ပြေးသွားခဲ့သည်။

ထျန်းရှောင်းရဲ့ ဓားကို မြင်ပြီးနောက် ထိုဓားရဲ့အနှစ်သာရက သူ့စိတ်ထဲ စွဲထင်​နေခဲ့သည်။ အစောက အဆက်မပြတ် ထိပ်တိုက်တွေ့မှုများကြောင့် ဓားရည်ရွယ်ချက်ကို ပို၍နားလည် သဘောပေါက်လာခဲ့သည်။ သို့သော်လည်း အခွင့်အရေးက လွဲချော်သွား၏။

"ဟမ့် ကောင်လေး မင်းကံကောင်းနေဦးပေါ့... နောက်ကျရင် ငါနဲ့ ထပ်မတွေ့စေနဲ့"

လုရွှမ် ကျိန်ဆဲလိုက်သည်။ ဒီနေရာက ပို့ဆောင်ခြင်းအစီအရင်က ပျက်စီးသွားပြီမို့ လုရွှမ် အနီးနားကို လှည့်ထွက်သွားခဲ့သည်။

တစ်ဖက်က ဟွမ်ရီးမှာတော့ ပို့ဆောင်ခြင်း အစီအရင်ထဲက ထွက်လာပြီး လေထဲတွင် လွင့်မျောနေသော သူ့နောက်ကွယ်ရှိ ပို့ဆောင်ခြင်းအစီအရင်ကို ကြည့်လိုက်ရာ သူ့မျက်နှာက အလွန်အမင်း မှောင်မိုက်သွားချေ၏။

လက်ကောက်ဝတ်ကို ငုံ့​ကြည့်လိုက်တော့ လက်တစ်ဖက်ရဲ့ လက်ကောက်ဝတ်မှာ ကျိုးနေတာကို တွေ့လိုက်ရလေသည်။

"အရှင်မင်းသား... မင်းသားရဲ့လက်က ဘာဖြစ်သွားတာလဲ?"

ဟွမ်ရီးရဲ့ အသွင်အပြင်ကို မြင်လိုက်သောအခါ အစေခံတွေအဖြစ် ၀တ်ဆင်ထားသော အမျိုးသမီး အများအပြားက ပြေးလာကြသည်။

"ဟမ့် ရပါတယ် မင်းတို့ တစ်ဖက်လူ ဘယ်လိုနေလဲဆိုတာ ကြည့်ထားလိုက်...ငါ အနားယူချင်တယ် မင်းတို့မှာ ဘာကိစ္စမှမရှိရင် ငါ့ကို မနှောင့်ယှက်နဲ့"

ဟွမ်ရီး ဂူထဲကို ပြေးဝင်သွား၏။

တင်ပျဉ်ခွေထိုင်နေတဲ့ ဟွမ်ရီးဟာ သူ့​လက်ဖဝါးများ တဖြည်းဖြည်း ပြန်လည် ကြီးထွားလာတာကို ကြည့်လိုက်သည်။ ဒါပေမဲ့ အနီးကပ်ကြည့်မယ်ဆိုရင် လက်ရှိလက်ဖဝါးဟာ အရင်ကထက် ပိုပြည့်နေတာကို တွေ့ရပါလိမ့်မည်။

"အဲဒီဓား!! အရမ်းအစွမ်းထက်တယ်!"

ဟွမ်ရီး ညည်းညူလိုက်သည်။

လုရွှမ်မှာ အစောတုန်းက ဓားအကြောင်းကို တွေးနေသေးသော်လည်း ထို​အကြောင်းကို ပို၍တွေးလေလေ သဲလွန်စ မရှိလာလေ ဖြစ်​နေရှာသည်။ ကျားဖြူလေးက လုရွှမ်ရဲ့ နောက်ကျောက ဒဏ်ရာကို ပြန်လည် ကောင်းမွန်လာအောင် ကုသပေးရင်း တိုးတိုးလေးပြောသည်။

"ကိုကိုလုရွှမ်.... အဲဒီလူက အရမ်းအစွမ်းထက်တာပဲ.... ကိုကိုသူ့ကို မရိုက်နိုင်ဘူးလား?"

"ငါတို့ သရေကျသွားတယ်လို့ ယူဆလို့ရတယ်"

လုရွှမ်နဲ့ ဟွမ်ရီးတို့ တိုက်ခိုက်နေကြတဲ့ အချိန်မှာ ကျင့်ကြံသူ အများအပြားသည် နောက်ဆုံးတွင် ပို့ဆောင်ခြင်း အစီအရင်များကို ရှာတွေ့သွားခဲ့ပြီး ရှေ့တန်းတွင် တပ်စွဲထားသော ပင်လယ်သားရဲတချို့နှင့် ကြုံတွေ့ခဲ့ရသည်။

တချို့လူမှာ ခေါင်းဖြတ်ခံရပြီး တချို့ပင်လယ် သားရဲများလည်း ခေါင်းဖြတ်ခံလို​က်ရ၏။ ကျင့်ကြံသူတွေဟာ ပင်လယ်သားရဲများဆီက အကျိုးကျေးဇူး များစွာရရှိကာ အမှတ်များလည်း လျင်မြန်စွာ မြင့်တက်လာခဲ့သည်။

All Chapters