နတ်ဆိုးဓား ကျောက်လုံ
Vol. 73 Ch. 4.604
ဝုန်း!
အေးစက်တဲ့ အလင်းတန်းတစ်ခု ဖြာထွက်သွားသည်။
ကျန့်ကျောက် အံ့အားသင့်သွားသော်လည်း နောက်ပြန်မဆုတ်ဝံ့ပေ။ သူ့နောက်တွင် ထျန်းယင်ရှိနေပြီး သူ့လက်တစ်ဖက်တွင် ဓားတစ်လက်ကို ကိုင်ထားသည်။ အလင်းတန်းနှစ်ခု တစ်ခုနဲ့တစ်ခု တိုက်မိသွားကာ ဝုန်းကနဲ မြည်သံနဲ့အတူ တစ်ချိန်တည်းတွင် သူတို့နှစ်ဦးလုံး ဆုတ်ခွာသွားရသည်။
လက်ထဲမှာ ဓားရှည်တစ်လက်ကို ကိုင်ထားတဲ့ လူငယ်တစ်ယောက် ထွက်လာသည်။ ဆယ်ပေကျော်ရှည်သော ဓားမီးတောက်က ချောက်ကြီးတစ်ခုကို ပိတ်ဆို့ထား၏။
ပင်လယ်ထဲက ရေတွေ လျော့သွားပြီး အမျိုးမျိုးသော အနေအထားတွေကနေ ယိုစိမ့်ထွက်ကျလာရာ ကုန်းမြေထက်သာသော ရှုခင်းကို ပုံဖော်နေသည်။
လက်ရှိ ချောက်ကြီးသည် ဆယ်ရက်ကျော် ခရီးနှင်လာပြီးနောက် ကျန့်ကျောက်နဲ့ ထျန်းယင်တို့နှစ်ယောက် နောက်ဆုံး တွေ့ရှိခဲ့သော နေရာဖြစ်သည်။ ဒါပေမဲ့ ဒီကိုဝင်ပြီးပြီးချင်းမှာပဲ တစ်စုံတစ်ယောက်ရဲ့ တိုက်ခိုက်ခံရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။
"ဟားဟား မင်းတို့နှစ်ယောက်ကို မတွေ့ရတာ ရက်တော်တော်ကြာပြီနော် ငါ့မှာမင်းတို့ကို အရမ်းလွမ်းနေတာ"
"နတ်ဆိုးဓားလား? ကျောက်လုံ??"
ကျန့်ကျောက် မျက်မှောင်ကြုတ်ပြီး အော်လိုက်မိသည်။ ကျောက်လုံက တဟားဟား ရယ်ရင်း
"အဲဒါက နှိမ့်ချတဲ့ နာမည်တစ်ခုပါပဲ... ဒီကလူနှစ်ယောက်အတွက်ကတော့ မှတ်မိနိုင်ဖို့ ရှားလောက်ပါတယ်... မင်းနှစ်ယောက်ကို ကြိုဆိုပါတယ် ဒါပေမဲ့ ဒီချောက်ကြီးကို ငါအရင် ရှာတွေ့ခဲ့တာ အရင်လာခဲ့တာ ဆိုတော့ ငါအရင်ဝင်ရမှာပေါ့"
ဒါကြီးက မမြင်နိုင်သော စည်းကမ်းတစ်ခု ဖြစ်သည်။ နောက်တစ်ခုက လူတိုင်းက ကျင့်ကြံသူဖြစ်တာကြောင့် အပေးအယူမရှိဘဲ သေတဲ့အထိ တိုက်ခိုက်နိုင်လျှင် အချင်းချင်း စကားပြောနေဖို့ ဆန္ဒရှိနေမှာတောင် မဟုတ်။
ထို့အပြင် ယခုလသည် နက်နဲသော ပင်လယ်ထဲသို့ ဝင်ရောက်ခြင်းရဲ့ ပထမဆုံးလသာ ဖြစ်သည်။ ထို့ကြောင့် ယခုလို တိုက်ပွဲကြီးကြီး ဖြစ်လာဖို့အထိ မထိုက်တန်သေးချေ။
တခြား ဘယ်အချိန်တွင်မဆို သူတို့နှစ်ဦးသည် ဤလမ်းမှ ထွက်ခွာပေးနိုင်သော်လည်း သူတို့နှစ်ဦးအား လျှို့ဝှက် ဆန်းကြယ်သော ချိုင့်ဝှမ်းတစ်ခုဆီသို့ လမ်းညွှန်ပေးနိုင်သည့် လျှို့ဝှက်ဆက်သွယ်ရေး လမ်းကြောင်းတစ်ခု ရှိနေခဲ့သည်။ ချိုင့်ဝှမ်းထဲတွင် နတ်သမီးထျန်းယင် အရက်ချက်ဖို့အတွက် လိုအပ်သော နတ်သမီးမျက်ရည်က အထဲမှာ ရှိနေသည်။
ကျန့်ကျောက် ထျန်းယင်ကို ငုံ့ကြည့်လိုက်တော့ သူမရဲ့ မျက်လုံးအိမ်ထဲတွင် တုံ့ဆိုင်းနေသော အရိပ်အယောင်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ယောက် ဒီနေရာကို မစွန့်ခွာနိုင်ပေ။
နေရာတိုင်းက ပို့ဆောင်ခြင်း အစီအရင်တွေဟာ ကောင်းမွန်စွာ ဝှက်ထားပြီး သာမန်လူများတွေဆို ဘယ်တော့မှ ရှာမတွေ့နိုင်ချေ။ သို့သော် ကျောက်လုံမှာက နတ်ဆိုးဓားဟု ခေါ်သော ဓားတစ်လတ် ရှိသည်။ ထိုဓားက ဓားဖြတ်တောင်ထွတ် သာမက ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံးတွင်ပါ အလွန်ကျော်ကြားသည်ဟု ဆိုနိုင်သည်။
ကျော်ကြားသော ဂုဏ်သတင်းအောက်တွင် အတုမရှိသော ကျင့်ကြံသူတို့ ပို့ဆောင်ခြင်း အစီအရင်ကို မတွေ့ရသော်လည်း ကျောက်လုံကတော့ ပို့ဆောင်ခြင်းအစီအရင်ကို သေချာပေါက် ရှာတွေ့နိုင်မည် ဖြစ်သည်။
ကျောက်လုံရဲ့ မျက်လုံးများက လူနှစ်ယောက်ရဲ့ တုံ့ဆိုင်းနေသော အရိပ်အယောင်များကို မြင်တွေ့ရပြီးနောက် သူ့အမူအရာ ပြောင်းသွားသည်။ သူရုတ်တရက် ပြုံးလိုက်ပြီး
"မင်းတို့နှစ်ယောက်က မထွက်သွားချင်ကြဘူးပေါ့?? ငါနဲ့တစ်ပွဲလောက် တိုက်ခိုက်ချင်နေတာလား? ဟားဟား.... မင်းတို့ယူကိုယူရမယ့် အရာက ချောက်ကြီးရဲ့ နောက်ကွယ်မှာ ရှိနေတာလား ဒါမှမဟုတ် နတ်သမီးထျန်းယင် လိုချင်နေတဲ့ အရာတစ်ခု ဖြစ်နေမလား?"
"ထျန်းယင်က အခုအချိန်မှာ အထူးသဖြင့် ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံးမှာ နာမည်ကြီးနေပြီ... သူမလက်ရှိ လိုချင်နေတဲ့ နတ်သမီးမျက်ရည်က နတ်မီးနယ်ပယ်က အကြီးအကဲတွေပဲ တွေ့နိုင်တဲ့ ရှားပါးရတနာပဲ.... ဧကန္တ ချောက်ထဲမှာ ရှိနေတာများလား?"
သူတို့နှစ်ယောက် စကားမပြောခင် နတ်ဆိုးဓားရှင် ကျောင်လုံက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး
"ငါ့ရဲ့ ခန့်မှန်းချက်က တကယ်ကို မှန်နေပုံရတယ်.... အခု ငါတို့မှာ ရွေးချယ်စရာ နှစ်ခုပဲ ကျန်တော့တယ် ထင်တယ်။ ပထမတစ်ခုက ငါတို့ ပူးပေါင်းဆောင်ရွက်ဖို့ပဲ ဒုတိယက ငါတို့တိုက်ခိုက်လိုက်ဖို့ပဲ ရှိတယ်....”
ကျောက်လုံရဲ့ မျက်လုံးများထဲတွင် သွေးခြေရာတစ်ခု တောက်ပလာပြီး နတ်ဆိုးဓားကို ဝှေ့ယမ်းလိုက်သောအခါတွင် သွေးများ ဖြာထွက်သွားသည်။
နတ်ဆိုးဓား အလွန်ကျော်ကြားရဆဲ့ အကြောင်းရင်းမှာ နတ်ဆိုးဓားသည် ကောင်းကင်လက်နက် သို့မဟုတ် မြေကြီးရတနာ သို့မဟုတ် တော်ဝင်လက်နက် မဟုတ်ဘဲ ရိုးရှင်းသော လျှို့ဝှက်ဆန်းကြယ်သော လက်နက် ဖြစ်သည်။ နောက်ပိုင်းမှသာ လူတော်တော်များများကို သတ်ပစ်နိုင်လိုက်လို့ ကျော်ကြားလာ၏။
နောက်ပိုင်းတွင် ကျောက်လုံနဲ့ မထင်မှတ်ဘဲ တွေ့သွားခဲ့ပြီး သူ့လက်နက်များဟာ သွေးရောင်လွှမ်းကာ ဆိုးယုတ်သည့် အရိပ်အယောင်များဖြင့် ဖုံးလွှမ်လာရာ တော်ဝင်လက်နက်များကဲ့သို့ အားကောင်းလာခဲ့သည်။
ထို့နောက် ကျောက်လုံဟာ တောင်တံခါးငယ် တစ်ခုလုံးကို သူတစ်ယောက်တည်းနဲ့ သတ်ပစ်လိုက်သည်။ နတ်မီးနယ်ပယ် သခင်မရှိသော်လည်း အနည်းဆုံး ကောင်းကင်ဘုံသခင်က တစ်ဒါဇင်ခန့် ရှိလေသည်။ ထိုတောင်တံခါးသည် သွေးများဖြင့် ပြည့်နေပြီး ကျောက်လုံလည်း ထိုတိုက်ပွဲတွင် ကျော်ကြားလာပြီး နတ်ဆိုးဓားရဲ့ ဂုဏ်သတင်းကို တက်သွားခဲ့သည်။
ကျောက်လုံဟာ သာမန်တပည့်အဖြစ်မှ ရုတ်တရက် အတွင်းစည်းတပည့် ဖြစ်လာခဲ့သည်။ ကျင့်ကြံမှု အရှိန်အဟုန်ကလည်း အလွန်တိုးတက်လွယ်ပြီး နှစ်တစ်ရာအတွင်း မဟာသူတော်စင် ဖြစ်လာခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်အတွင်း သူဟာ တောက်လျှောက် အောင်မြင်မှုများ ရရှိလာခဲ့ပြီး ယခုအခါတွင် ကောင်းကင်ဘုံသခင် ပြီးပြည့်စုံမှု ကာလသို့ ရောက်ရှိနေပြီ ဖြစ်သည်။
၎င်းတို့တောင်ထွတ်က မျိုးဆက်သစ် လူငယ်များကြားတွင် ထင်ရှားကျော်ကြားသော ဆရာကြီးတစ်ဦး ဖြစ်လာခဲ့သည်။
သူ့ရဲ့ တိုက်ခိုက်တဲ့ပုံစံက ရူးသွပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ ပုံစံမျိုးဖြစ်ပြီး သူ့ကြောင့် ထိခိုက်ဒဏ်ရာရသူတွေ သေဆုံးသွားသူတွေ ဒါမှမဟုတ် ကိုယ်လက်အင်္ဂါ ချို့တဲ့သွားသူတွေ များလှသည်။ ပုံမှန်အခြေအနေမှာ ဘယ်သူမှ သူ့ကို တိုက်ခိုက်ဖို့ ဆန္ဒမရှိကြချေ။
ရန်သူကို အကြိမ်တစ်ထောင် ဒဏ်ရာရစေပြီး ကိုယ့်ကိုကိုယ် အကြိမ် ရှစ်ရာလောက် ထိခိုက်အောင် ရိုက်နိုင်ရင်တောင် ဒီအရူးနဲ့ မပေါင်းချင်ကြဘူး။
ယခု ဓားဝေ့ယမ်းလိုက်ခြင်းကနေ ကျန့်ကျောက်လည်း ဓားပေါ်က နားမလည်နိုင်သော စွမ်းအားကို ခံစားလိုက်ရပြီး သူ့သွေးများကို တုန်လှုပ်သွားစေသည်။ ကျောက်လုံ အစောတုန်းက တိုက်ခိုက်မှုတွင် သူ့အင်အားကို အပြည့်အ၀ မသုံးထားကြောင်း သိသောကြောင့် နောက်ဆက်တွဲ တိုက်ပွဲက ဘယ်လောက် အန္တရာယ်ရှိမယ် ဆိုတာကို တွေးကြည့်နိုင်သည်။
ထျန်းယင်က ခေါင်းယမ်းလိုက်ပြီး
"ကျောက်လုံ ရှင်ထင်တာမှန်တယ်... အဲဒီချောက်ထဲမှာ ပို့ဆောင်ခြင်းအစီအရင် တစ်ခုရှိတယ်။ အစီအရင်ရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ချိုင့်ဝှမ်းတစ်ခု ရှိတယ်.... ချိုင့်ဝှမ်းထဲမှာ မှော်ဆေးပင် သုံးပင်ရှိတယ်။ နတ်သမီးမျက်ရည် အတွက် အဓိကဆေးပဲ.... ရှင်အရင်လာတော့ ရှင့်အတွက်ပဲ... ကျန့်ကျောက် ငါတို့ သွားကြစို့။"
သူမက ပြုံး၍ ကျန့်ကျောက်ကိုဆွဲ၍ ထွက်ပြေးသွားခဲ့သည်။
ကျောက်လုံလည်း သက်ပြင်းချလိုက်သည်။ သူက တိုက်ပွဲအတွက် အသင့်ဖြစ်နေပြီ။ ကျန့်ကျောက်က ကောင်းကင်ဘုံသခင် အဆင့်၇သာ ရှိကာ ယခုလိုအောင်မြင်မှု တစ်ခုရအောင် ပြုလုပ်ထားသောကြောင့် သူ့ကို အလေးအနက် မထားပေ။ ကောင်းကင်အောင်ခြင်းဂိုဏ်းက ထျန်းယင်ဟာ အမြဲနာမည် ကျော်ကြားနေသော်လည်း ကျင့်ကြံမှုအဆင့်အရ သူမသည် ကောင်းကင်ဘုံသခင် အဆင့်၉မှာ ရပ်နေတာ ကြာမြင့်နေပြီဖြစ်ပြီး ခိုင်မာသော ပြိုင်ဘက်တစ်ဦး ဖြစ်သည်။
ဒါပေမဲ့ သူတို့နှစ်ယောက်က ထွက်သွားပြီး နတ်သမီးမျက်ရည်ရဲ့ လျှို့ဝှက်ချက်ကိုပင် ပြောပြသွားခဲ့သည်။
လိမ်လည်မှုဆိုတာ ထင်ရှားပါ၏။
သူအဲဒီမှာ ခဏလောက် ရပ်နေလိုက်မိသည်။ သူ့ပတ်ဝန်းကျင်မှာ သူ့စိတ်ဝိညာဉ် စွမ်းအားတွေက တဟုန်ထိုး ရစ်ဝဲနေပြီး လူနှစ်ယောက် တကယ်ပဲ ထွက်သွားခဲ့တာကို သူတွေ့လိုက်ပြီးနောက် မဆိုင်းမတွဘဲ သူ့စိတ်ဝိညာဉ်စွမ်းအားရဲ့ အကွာအဝေး အတွင်းမှာပဲ ပျောက်ကွယ်သွားခဲ့သည်။
ကျောက်လုံ တိတ်တဆိတ် ကျိန်ဆဲပြီး ခဏကြာမျှ ချီတုံချတုံလုပ်ကာ နောက်ဆုံးတွင် ပို့ဆောင်ခြင်းအစီအရင် တစ်ခုကို တွေ့လိုက်ရသည်။ နောက်တော့ အန္တရာယ်ရှိမှာစိုးလို့ အချိန်အကြာကြီး ဂရုတစိုက် ကြည့်ရင်း သူတော်စင်သားရဲရဲ့ ခြေရာလက်ရာကို အရင်ဆုံး စစ်ဆေးပြီးမှ နောက်ဆုံးတော့ ပို့ဆောင်ခြင်းအစီအရင်ထဲ ဝင်သွားလိုက်သည်။
ဒါပေမဲ့ အလျင်စလို ဖြစ်နေတော့ မြုံနေတဲ့တောင်ကြီး တစ်တောင်ဆီ ရောက်သွားသည်။ ဘယ်နေရာမှာမှ ဘာမှော်အပင်တွေမှ မရှိပေ။
ခဏလောက် လေပူတွေ မှုတ်ထုတ်ပြီးနောက် ကျောက်လုံ ဆက်ရှာကြည့်ပေမယ့် ဘာမှမတွေ့သေးပါဘူး။ သို့နှင့် ပို့ဆောင်ခြင်းအစီအရင်ကနေ ဂရုတစိုက် ပြန်ထွက်လာပြီးနောက် သူ့ပတ်ဝန်းကျင်ကို စိတ်ဝိညာဉ် စွမ်းအားဖြင့် အာရုံခံလိုက်စဥ် အနီးနားတွင် ပုန်းနေသူတစ်ယောက် ရှိနေတာကို တွေ့လိုက်ရသည်။
သူ ဝမ်းသာအားရ ပြေးသွားသော်လည်း တစ်ဖက်လူက ကျန့်ကျောက်နဲ့ နတ်သမီးထျန်းယင် ဖြစ်မယ့်အစား ဓားတစ်သောင်းဂိုဏ်းက ကောင်လေးတစ်ယောက် ပင်လယ်သားရဲနဲ့ တိုက်ခိုက်နေတာပဲ ဖြစ်လေ၏။
ကျောက်လုံ ဒေါသတကြီးနဲ့ သူတို့နှစ်ယောက်ကို သတ်ပစ်ပြီး ချောက်ကမ်းစပ်မှာ အယုံအကြည်မရှိ စောင့်ဆိုင်းနေလိုက်သည်။
နတ်သမီးမျက်ရည်များနဲ့ နှိုင်းယှဉ်ပါက ဤနေရာ၌ သူရရှိထားသည့် အရာအားလုံးက နတ်သမီးမျက်ရည်များလောက် မကောင်းပေ။
အချိန်အတော်ကြာ ပျံသန်းပြီးနောက် နတ်သမီးထျန်းယင်နဲ့ ကျောက်လုံတို့ ပျံသန်းနေတာကို ရပ်တန့်လိုက်သည်သည်။
"စိတ်မပူပါနဲ့ အဲဒီလူက သံသယဖြစ်စရာကောင်းပေမယ့် အရမ်းကြီးလည်း တော်ပြီး သူ့ကိုယ်သူ မှန်တယ်လို့ ထင်နေတာ သေချာတယ်... ဖြစ်နိုင်ရင် သူအဲဒီမှာ စောင့်နေလိမ့်မယ်။ ဒါပေမဲ့ တစ်လ နှစ်လလောက်ကြာရင် သူစပြီး သံသယဝင်လာလိမ့်မယ် အဲ့ကျမှ ပြန်သွားကြည့်ရအောင်”
ကျန့်ကျောက်ကလည်း ဂုဏ်ယူစွာ ပြုံးလိုက်သည်။ ထျန်းယင်က အရက်ချက်တာ ကျွမ်းကျင်ကြောင်း ဝမ့်ရှန်းကမ္ဘာက လူတိုင်းသိကြသော်လည်း သူမက အလွန်ထက်မြက်ပြီး လူအများရဲ့ နှလုံးသားကို ဖမ်းစားနိုင်သူဖြစ်ကြောင်း ဘယ်သူမှ မသိကြပေ။
ဒီလိုမှမဟုတ်ရင် ဒီလိုမှော်ဆန်တဲ့ အရာတစ်ခုကို နတ်သမီးထျန်းယင် ချက်နိုင်မှာ မဟုတ်ဘူးလေ။
ထိုနတ်ဆိုးဓား ကျောက်လုံကတော့ ၎င်းတို့အား လုပ်ကြံရန် ကြံစည်နေသော်လည်း ကြေကွဲဖွယ်ရာ အရူးအဖြစ်သို့ ရောက်သွားခဲ့သည်။