ရူးလောက်တဲ့အမှတ်
Vol. 73 Ch. 4.605
လဝက်လောက်ကြာတော့ လုရွှမ် ရှေ့ကို ဆက်လျှောက်နေပေမယ့် သူ့မှာ အရင်ကလို ကံကောင်းမှုမျိုး မတွေ့ရတော့ချေ။ ပို့ဆောင်ခြင်းအစီအရင်ကိုလည်း ထပ်မတွေ့ရတော့ပေ။ ပျံသန်းဖို့ သူ့ရဲ့ လေ့ကျင့်မှုကိုသာ အားကိုးရပြီး အရင်းအမြစ် အားလုံးကို ရှာနိုင်သမျှ ရှာနေလိုက်သည်။
သို့ပေမယ့်လည်း သူ့ရဲ့ အမှတ်တွေက အရှိန်အဟုန်နဲ့ တိုးတက်နေဆဲပါပဲ။
လုရွှမ်သည် ယခုအချိန်မှာ အမဲလိုက်ရာသီရဲ့ အကျိုးသက်ရောက်မှုက ဘာကြောင့် ဒီလောက် အရေးကြီးနေရတာလဲ နားလည်နေပြီ ဖြစ်သည်။ သူရထားတဲ့ အရင်းအမြစ်တွေကို ကြည့်လိုက်ရုံနဲ့ ဒါက ချမ်းသာသုခဆိုတာ တွေ့နေရပြီလေ။
ကောင်းကင်အောင်ခြင်းဂိုဏ်းက စုစုပေါင်း လူ ၃၀၀၀ ကို စေလွှတ်လိုက်သည်။ နောက်ဆုံးမှာ လူ ၁၀၀၀ ရှင်သန်နိုင်ရင်တောင် လူ ၁၀၀၀ ရဲ့ ရိတ်သိမ်းမှုဟာ အခုအချိန်အထိ သူရိတ်သိမ်းထားတဲ့ တစ်ဝက်လောက်သာ ဖြစ်ပါလိမ့်မည်။ ဒါကြောင့် တောင်တံခါးကို ပြန်သယ်လာတဲ့ အရင်းအမြစ်တွေက သူတို့ဂိုဏ်းအတွက် လုံလောက်နေပြီ။ ဂိုဏ်းမှာ လူ၁သိန်း ရှိရင်တောင် စုဆောင်းထားတာတွေက အနှစ် ငါးဆယ်စာလောက် ရှိသွားပြီလေ။
တစ်လခွဲအတွင်း သူ့ရိတ်သိမ်းမှုက အတော်လေး တိုးတက်လာခဲ့သည်။ လုရွှမ် အခုကြောက်နေတဲ့အရာက သူဘာမှမရရှိနိုင်တော့မှာကို မဟုတ်ဘဲ သူ့ရဲ့လက်ရှိသိုလှောင်လက်စွပ်က လုံလောက်ပါ့မလား ဆိုတာပါပဲ။ အရင်က ရယ်စရာကောင်းတယ်လို့ ထင်ခဲ့ပေမဲ့ အခုတော့ အတွေ့အကြုံတွေ ရလာပုံရတယ်။
သားရဲကိုသတ်ပြီး ရလာတဲ့အရာတွေ အပြင် လုရွှမ်မှာ ယခု စုစုပေါင်းသိုလှောင်လက်စွပ် ၃၂ ကွင်းနဲ့ သိုလှောင်လက်ကောက် ရှစ်ကွငိး ရှိသည်။ အခုရထားတဲ့ ရတနာတွေ အားလုံးဟာ သိုလှောင်လက်ကောက်တွေထဲ ပြည့်သွားသလို သိုလှောင်လက်စွပ် ခြောက်ကွင်းတောင် အသုံးပြုပြီးပြီ။
သမုဒ္ဒရာရဲ့ အနက်ပိုင်းသို့ ပျံသန်းလေလေ ပစ္စည်းကောင်းများကို များများရလေဟု တွေးထင်နိုင်ပေသည်။ အဲဒီလိုဆိုရင်တောင် သိုလှောင်လက်စွပ်က သေချာပေါက် မလုံလောက်တော့ပေ။
လုရွှမ် မသိခဲ့တာက သူ့စိုးရိမ်မှုတွေက နောက်ကလိုက်လာတဲ့ သူတွေကို ပြသလိုက်တာပဲ ဆိုတာပင်။
နောက်ကွယ်က အကြွင်းအကျန်တွေကို ရှင်းထုတ်နေတဲ့ ကောင်းကင်ဘုံသခင် နှစ်ယောက်ကို ဖမ်းမိရလောက်အောင် လုရွှမ် ကံကောင်းသွားခဲ့သည်။ ထို့နောက် ပို့ဆောင်ခြင်းအစီအရင်ကို ရှာတွေ့သွားကာ လုရွှမ်သည် ဝက်တစ်ကောင်လို ဟန်ဆောင်၍ ကျားအသားကို စားသောက်ပြီးနောက် စစ်မက်ဖြစ်ပွားသည့်ကာလကို ရရှိခဲ့သည်။
ထို့အပြင် သူရောက်လာခဲ့သော ပင်လယ်ဧရိယာသည် တခြားကျင့်ကြံသူများ ရောက်နေတဲ့ နေရာထက် သာလွန်နေလို့ လူတိုင်းရဲ့အရှေ့မှာ လမ်းလျှောက်နေတာနဲ့ ညီမျှပေသည်။ သူလိုချင်တာမှန်သမျှ ရပေမယ့် သူ့နောက်က လူတွေကတော့ ဘာကိုမှ ရှာမတွေ့တော့တာကြောင့် အရမ်းကြိုးစားနေရ၏။
သိုလှောင်လက်စွပ်က မလောက်ဘူးဆိုတဲ့ အချက်ကို မကြိုက်တဲ့သူက အခုအချိန်မှာတော့ တခြား လူတစ်ယောက်ရဲ့ လက်စွပ်ကို လုနေကြပြီ။
လျှို့ဝှက်နေရာ တစ်ခုတွင် ကောင်းကင်ဘုံသခင် အဆင့်၉ ပြီးပြည့်စုံသော ကာလက လူတစ်ယောက်သည် သူ့ရှေ့က ကျောက်တုံးကြီးကို လက်ဖဝါးဖြင့် အပိုင်းပိုင်း ခွဲပစ်လိုက်သည်။
"ဒီပင်လယ်မျိုးနွယ်စုတွေက ပစ္စည်းကောင်းတွေကို တတ်နိုင်သမျှ မြန်မြန် သိမ်းသွားကြတာပဲကွ...စိတ်ပျက်စရာပဲ! မယူနိုင်တာကျတော့ မီးရှို့လိုက်တယ်တဲ့!"
ချောက်နက်တစ်ခုတွင်တော့ လူတစ်ယောက်သည် ကျောက်စာတိုင်တစ်ခုကို ဓားဖြင့် ဖြိုချကာ အတွင်းအပေါက် တစ်ခုသာ ချန်ထားခဲ့သည်။
သူသည် ပြင်းထန်သော ရေသလင်းအနံ့ကို သင်ခံစားရနိုင်ပါသေးသည်။ သို့သော် အတွင်းမှာတော့ ပေါက်ဖွားလာသော ရေသလင်းခဲများ အားလုံးကို သူများက စုဆောင်းသွားပြီးပြီ ဖြစ်သည်။
ရေချိုးတောထဲတွင် ပင်လယ်ရေမှော်များသည် ထူထပ်စွာ ထုပ်ပိုးနေပြီး ကောင်းကင်နှင့် နေကို ပိတ်ဆို့ထားသည်။ ဤနေရာက ဘယ်နေရာလဲ ဆိုတာကိုသာ မသိပါက ဝမ့်ရှန်းကမ္ဘာမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ တောအုပ်တစ်ခု ရှိနေတယ်ဆိုပြီး အံ့သြသွားလိမ့်မည်။
“ခွေးကောင်! ခွေးကောင် ခွေးကောင်!”
ကျင့်ကြံသူ မိန်းကလေးတစ်ယောက်လည်း ဒေါသတကြီး အော်ဟစ်ကျိန်ဆဲလိုက်ပေသည်။
ဂိုဏ်းရဲ့ မှတ်တမ်းများအရ ဤနေရာတွင် ရတနာများ ရှိသော်လည်း ယခုအချိန်တွင် မြေကြီးဟာ ပျော့ပျောင်းနေပြီး ပန်းများ၊ အပင်များ၊ အမြစ်များနှင့် အစေ့များကို တခြားသူက စုဆောင်းသွားလို့ ဘာမှမကျန်တော့ပေ။
တဖြည်းဖြည်းနဲ့ လုရွှမ်လည်း သူ့ရှေ့မှာ ဘာမှသိပ်မရှိတော့တာကို သိလိုက်ရသည်။ သို့နှင့် သက်ပြင်းတစ်ချက်သာ ချရင်း ချလိုက်သည်။
ကျားဖြူလေးလည်း ပြေးထွက်လာပြီး သူမဘာသာ လုရှောင်ပိုင်လို့ နာမည်ပေးလိုက်၏။ ထိုနာမည်ကို ကြားတော့ လုရွှမ်မှာ တစ်နေ့ခင်းလုံး ရယ်မောနေခဲ့ရာ ရှောင်ပိုင်မှာ ဒေါသအလွန်ထွက်ကာ သူ့ကို ပြင်းထန်စွာ ရိုက်ပုတ်လေတော့သည်။ လုရွှမ် ဝိညာဥ်အသီးအနှံ တချို့ကို ပစ်ချပေးလိုက်တော့မှာ ၎င်းတို့ကို စားပြီးနောက် ရှောင်ပိုင်ရဲ့ မျက်လုံးများလည်း တောက်ပလာခဲ့သည်။
သူ့လက်ထဲမှာ ကောင်းတာတွေ အများကြီး ရှိနေပြီ။ ဒါကြောင့် လုရွှမ်လည်း ဝန်ထုပ်ဝန်ပိုး ပြဿနာကို ဖြေရှင်းရန်အတွက် ထိုအသီးတွေကို ပေါ့ပေါ့ဆဆပဲ ဝါးခဲ့သည်။
ကမ်းခြေရှိ နတ်မီးနယ်ပယ် အကြီးအကဲတွေသာ သူတို့နှစ်ယောက် လုပ်နေကြတဲ့ မြင်ကွင်းကို မြင်နိုင်လျှင် နှမြောစရာစိတ်ကြောင့် နှစ်ယောက်သား ဆူပူကြိမ်းမောင်းခံရမှာ သေချာပေသည်။ ထိုကောင်းသော အသီးအနှံများကို အဂ္ဂိရတ်ဆေး သန့်စင်ရာမှာ အသုံးပြုကြသည်။ ဆေးဝါးသည် အလွန်ကောင်းမွန်သော်လည်း ခွေးစားခံလိုက်ရသလို ဆေးစွမ်းအား အများစုမှာ အလဟသ ဖြစ်သွား၏။
အထူးသဖြင့် သူတို့နှစ်ယောက် တစ်ဝက်လောက် စားပြီးချိန်မှာတော့ အရသာက မကောင်းတော့ဘူးလို့ ထင်ကြတာကြောင့် တစ်ဝက်လောက်ကို လွှင့်ပစ်ကြပြီး လမ်းတစ်လျှောက်မှာ ကျန်ခဲ့တဲ့ ဟင်းပွဲတွေသာ စားလိုက်ကြသည်။
လုရွှမ် ရှေ့တွင် ဓားငယ်တစ်စင်း ရုတ်တရက်ပေါ်လာသည်။ ဒါက ကျန့်ကျောက် သူ့အား သင်ပေးထားသော ဓားပျံအသံ ထုတ်လွှင့်ခြင်းပဲ ဖြစ်သည်။
"ကောင်လေး မင်းဘယ်ကို သွားနေတာလဲ? မင်း အမှတ်တွေ ဘယ်လိုလုပ် ဒီလောက်တောင် ရခဲ့တာလဲ"
ဓားပျံကို ဖမ်းလိုက်တာနဲ့ ကျန့်ကျောက်ရဲ့ အသံက သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။
"ဒီမှာပစ္စည်းတွေ သိပ်မတွေ့ရတော့ဘူး... မင်းရဲ့တည်နေရာကို သတင်းပို့လိုက် ငါတို့ လိုက်လာခဲ့မယ်"
ဓားပျံငယ်ရဲ့ အသံထုတ်လွှင့်နိုင်မှုက သဘာဝအတိုင်း အားကောင်းနေတာ မဟုတ်သော်လည်း အချိန်နံတပြေးညီ ဆက်သွယ်နိုင်သည်။ တစ်ဖက်သတ် ဆက်သွယ်ရေး တစ်ခုသာဖြစ်ပြီး စွမ်းအင်များစွာ သုံးစွဲရသည်။
လုရွှမ် နည်းနည်းတော့ စိတ်ရှုပ်သွား၏။ ဒီမှာ ပစ္စည်းတွေ အများကြီး ရှိပါတယ်။ ဘာလို့ ရှာမတွေ့ကြတာလဲ။ ဘာပဲဖြစ်ဖြစ် ဒီမှာက စိတ်ဝင်စားစရာတွေ အများကြီးရှိတာကြောင့် သူတို့ကို အတူတူ လာခိုင်းဖို့ အချိန်ကောင်းပဲ။
"ကျွန်တော် ပေါ့ပေါ့ပါးပါး လှည့်ပတ်ပြေးပြီး ပို့ဆောင်ခြင်းအစီအရင် ၂ခုကို သုံးလိုက်တယ် အခု ဘယ်ရောက်နေမှန်း မသိဘူး"
လုရွှမ် သူ့တည်နေရာကို ဖြန့်ကျက်ရန် ဓားပျံရဲ့ ခံစားချက်ကို သုံးလိုက်သည်။ ခဏကြာတော့ ကျန့်ကျောက်ရဲ့ ဓားပျံသာမက နတ်သမီးထျန်းယင်ရဲ့ ဓားပျံကပါ ထွက်ပေါ်လာခဲ့သည်။
"ဘုရားရေ မင်း ပင်လယ်အလယ်အထိ ရောက်နေပြီကွ! ကီလိုမီတာ သန်းပေါင်းများစွာ ဝေးနေပြီ... ငါတို့မင်းကို လာမရှာတော့ဘူး မင်းဘာသာ ဂရုစိုက်တော့"
နတ်သမီးထျန်းယင်ရဲ့ အသံကလည်း "သတိထား... မင်းရဲ့အကွာအဝေးက အရမ်းနက်နေပြီ အရမ်းမနက်စေတော့နဲ့ အန္တရာယ်များတယ် အပြန်လမ်းကိုလည်း မှတ်မိနေရမယ်နော်"
ပင်လယ်အနက်ပိုင်းကို ရောက်သွားရင် နတ်မီးနယ်ပယ်က သခင်တွေကို တွေ့နိုင်သည်။ သူတို့ဆီမှာသာ အဖမ်းခံလိုက်ရရင် သေခြင်းတရားကို ဝင်တိုးတာနဲ့ မခြားတော့ပေ။ ကျန့်ကျောက်ကတော့ ထျန်းယင်ကို စကားမပြောဘဲ ကြည့်နေသည်။
ကျန့်ကျောက်က ပခုံးတွန့်ကာ "လူတွေများ တစ်ယောက်နဲ့ တစ်ယောက် ခိုင်းနှိုင်းရတာ စိတ်ရှုပ်စရာကောင်းချက်ပဲ.... ငါတို့မှာ အချိန်အတော်ကြာတဲ့အထိ ကြိုးကြိုးစားစား လုပ်ခဲ့တာတောင် သူက ပို့ဆောင်ခြင်းအစီအရင် တွေ့သွားပြီး ငါတို့ကတော့ ပြေးရင်းလွှားရင်း အလုပ်များနေရတယ်"
ထျန်းယင်က ရယ်သံဖြင့်
"စိတ်ဓာတ်ကျ မနေပါနဲ့... ကျွန်မတို့ ရခဲ့တာတွေလည်း မနည်းပါဘူး ဒါပေမဲ့ တခြားဂိုဏ်းတွေက ဒီထက်နည်းသွားမှာတော့ သေချာတယ် "
ထျန်းယင် ယခုအချိန်တွင် စကားအလွန်များနေသည်။ ယခင်ကတော့ ဂိုဏ်းပေါင်းစုံမှ တပည့်များသည် ပစ္စည်းကောင်း တချို့ကို ရှာဖွေနိုင်ခဲ့သော်လည်း တဖြည်းဖြည်းနဲ့ တစ်စုံတစ်ရာကိုမှ ရှာမတွေ့ခဲ့ပေ။
ကမ်းခြေ၌ အမှတ်များရဲ့ ရပ်တည်မှုကို အာရုံစိုက်နေသော ကောင်းကင်ဘုံသခင် အကြီးအကဲများနဲ့ နတ်မီးနယ်ပယ် သခင်များအားလုံးသည် ယခုအချိန်တွင်တော့ ရောင်စုံမျက်နှာများ ရှိနေကြပြီ။
အစတုန်းကတော့ ကျန်းထျန်းချိုင်ရဲ့ အမှတ်တွေကို တဖြည်းဖြည်း တိုးလာတာကို ကြည့်ပြီး တခြားဂိုဏ်းဆရာကြီးများက မနာလိုကြသော်လည်း တိတ်တဆိတ် ပျော်နေကြသည်။ သူတို့ဝင်သွားတာနဲ့ တပြိုင်နက် အမြတ်အစွန်းများစွာ ရသွားရန် မမျှော်လင့်ထားခဲ့ချေ။ သူတို့ တပည့်များက အနည်းငယ် နောက်ကျခဲ့သော်လည်း မကြာမီ လိုက်လာလိမ့်မည်ဟု ထင်မြင်မိပါသည်။
ထို့နောက် တပည့်များ၏ အမှတ်များ လျင်မြန်စွာ တိုးလာနေတာကို မြင်လိုက်ကြပြီး အားလုံးလည်း ပြုံးရယ်နေကြသည်။ လူတိုင်း ဆင်နွှဲနေသေယ ဤအမဲလိုက်ရာသီသည် ယခင်ကာလများထက် များစွာပို၍ ချမ်းသာလာပေမည်။
သို့သော် အစောတုန်းက ရပ်နေတဲ့ လုရွှမ်ရဲ့ အမှတ်များက တဟုန်ထိုး တက်လာမယ်လို့ ဘယ်သူက ထင်မှာလဲ။ သူတို့တပည့်တွေရဲ့ အမှတ်တွေကတော့ တရွေ့ရွေ့နဲ့ ရပ်တန့်သွားကြသည်။ ဂိုဏ်းပေါင်းစုံက ဆရာတွေအားလုံး ကျန်းထျန်းချိုင်ဆိုတဲ့ နာမည်ကြီး ကြီးလာတာကိုပဲ မြင်နေရတော့သည်။