← Chapters

ပင်လယ်ဝံပုလွေမျိုးနွယ်စု

Vol. 73 Ch. 4.607

ပင်လယ်ဝံပုလွေမျိုးနွယ်စု

Vol. 73 Ch. 4.607

လမ်းတစ်လျှောက်တွင် လုရွှမ်သည် ပင်လယ် မျိုးနွယ်စုများစွာကို ဖြတ်သန်းခဲ့ပြီး​​ပြီ ဖြစ်သည်။

တချို့သော မျိုးနွယ်စုများက အားနည်းကြပြီး တချို့ကတော့ သန်မာကြသည်။ သူတစ်ခါမှ မကြားဖူးတဲ့ ပင်လယ်သားရဲ အမျိုးအစားအချို့ ကတော့ အလွန်ထူးဆန်းပေမယ့် အစွမ်းထက်လှသည်။ သူတို့ရဲ့ အထူးဖွဲ့စည်းပုံတွေမှာ အထူးမှော်အစွမ်းတွေ ရှိနေတာကို တွေ့ရပေ၏။

လုရွှမ်သည့ တစ်ချက်ကြည့်လိုက်ရုံဖြင့် မျက်လုံးများကို လူများကို ကျောက်တုံးအဖြစ် ပြောင်းလဲပစ်နိုင်သော မျိုးနွယ်စုတစ်ခုကိုလည်း တွေ့လိုက်ရသည်။ ကြိုတင်ကာကွယ်မှု မပြုလုပ်ထားပါက သူလည်း ကျောက်တုံး ဖြစ်သွားနိုင်ကြောင်း သေချာပေါက် ခံစားလိုက်ရသည်။

ဒါက လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတစ်ခုဖြစ်ပြီး သူ လက်လှမ်းမမီနိုင်ပေ။ အဲဒါက နိယာမစွမ်းအင် တစ်ခုဖြစ်ကာ ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များကို နိယာမစွမ်းအင်ထဲ ထုပ်ပိုးပြီး ကျောက်အဖြစ် ပြောင်းလဲသွားအောင် အသုံးချခြင်းပဲ ဖြစ်သည်။

အရေးကြီးသော အခိုက်အတန့်တွင် ယွမ်ယန်ကျင့်စဥ်က သူ့အသက်ကို ကယ်တင်ခဲ့သည်။ ယွမ်ာန်ရဲ့ စွမ်းအားသည် ပျံ့နှံ့သွားပြီး ခန္ဓာကိုယ်တွင်း ကျောက်တုံးအဖြစ် ပြောင်းလဲသွားသော ယွမ်စွမ်းအင်များကို ပြန်လည်ထူထောင်ကာ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

ယွမ်ယန်ကျင့်စဥ်ရဲ့ စွမ်းအင်နဲ့ ယင်စွမ်းအင်ကိုးစင်းတို့ရဲ့ သန့်စင်မှုအောက်တွင် ထိုနိယာမစွမ်းအင်များသည် ကွဲထွက်သွားကာ လေညင်းအဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ထဲမှ ဖယ်ထုတ်ပစ်လိုက်နိုင်သည်။

ထိုသားရဲက အတော်လေး ဆုံးဖြတ်ချက် ပြက်သားလှသည်။ လုရွှမ်က သူ့ရဲ့ နိယာမစွမ်းအင် တွေကို ပြောင်းပြန် လှန်လိုက်တာကို မြင်လိုက်ရတော့ ချက်ချင်း ကိုယ့်ကိုကိုယ် ပေါက်ကွဲပြီး သေဆုံးသွားခဲ့သည်။

ရှေ့ကို ဆက်လျှောက်လာရင်း မြေကြီးထဲကနေ လွတ်မြောက်နိုင်တဲ့ ပင်လယ်သားရဲ တစ်ကောင်ကို တွေ့လိုက်သည်။ မြေကြီးထဲက ထွက်လာတယ်ဆိုတော့ ထူးကဲတဲ့ စွမ်းရည်တစ်ခုပဲ။ ဒါဟာ ပင်လယ်ရဲ့ အောက်ခြေဖြစ်ပြီး နက်နဲတဲ့ပင်လယ်ထဲ ရောက်သွားပြီဆိုတာ သိထားရမယ်။ ဒီပင်လယ်ရဲ့ အောက်ခြေကို ကီလိုမီတာ သောင်းနဲ့ချီတဲ့ ပင်လယ်ရေတွေက နှစ်ပေါင်းထောင်ချီပြီး ဘယ်လောက်ကြာကြာ ဖိနှိပ်ခံခဲ့ရတယ်ဆိုတာ ဘယ်သူက သိမှာလဲ။

ကျောက်ခဲ သို့မဟုတ် သဲတစ်စေ့မှာပင် ခိုင်ခံ့တင်းကျပ်ပြီး တစ်ကိုယ်လုံးကို သဲထဲ ကျောက်စရစ်ခဲတွေထဲ အရည်ပျော်လုနီးပါး ဖြစ်သွားစေတဲ့ စွမ်းရည်ရှိနေတာက ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်လဲ။

အဲဒီလိုနေရာမျိုးမှ လုရွှမ်တောင် မလွတ်မြောက်နိုင်ခဲ့ပေ။ သူ့အစွမ်းရှိသမျှ ဓားနဲ့ ထိုးနှက်ပြီး ပင်လယ်ရေအောက် လက်မအနည်းငယ်သာ နက်သော ခြေရာကို ထွင်းထုနိုင်ခဲ့သည်။

ထိုပင်လယ်သားရဲမျိုးကနေ ထူးခြားထဲ မြေကြီးထဲက လွတ်မြောက်နိုင်ခဲ့သည်။ သိသာထင်ရှားသည်မှာ ထိုသားရဲဟာ မြေကြီးထဲရှိ နိယာမစွမ်းအင်များကို ထိန်းချုပ်နိုင်စွမ်း အလွန်မြင့်မား​ပေမည်။

ပင်လယ်သားရဲများသည် လုရွှမ်အား ခိုးဝင်တိုက်ခိုက် ချင်သော်လည်း လုရွှမ်ရဲ့ စိတ်ဝိညာဉ် စွမ်းအားက အလွန်အားကောင်းသဖြင့် ပတ်ဝန်းကျင်ကို ဖုံးအုပ်ထားရာ တခြားပင်လယ်သားရဲများကို တိုက်ခိုက်ရန် အခွင့်မပေးပေ။ နောက်တစ်ကောင် ပေါ်လာတာနဲ့ ချက်ချင်းပင် ဓားဖြင့် လွှဲခုတ်ထစ်ကာ ပင်လယ်သားရဲရဲ့ခေါင်းကို အကြိမ်ပေါင်းများစွာ ဆက်တိုက် ထိုးနှက်လိုက်သဖြင့် ကြံစည်ချင်နေတဲ့ အကောင်တွေပါ နောက်ပြန်ဆုတ်သွားခဲ့သည်။

လုရွှမ် ပင်လယ်သားရဲ တစ်ကောင်ကို ဖမ်းဖို့ ကြံစည်ခဲ့ပေမယ့် ကံမကောင်းစွာပဲ ထိုပင်လယ်သားရဲဟာ အလွန်လိမ္မာပါးနပ်ပြီး အရေးကြီးတဲ့ အခိုက်အတန့်မှာ ထွက်ပြေးသွားနိုင်ခဲ့သည်။

လုရွှမ် ဆက်၍ လမ်းတစ်လျှောက်လုံး တွန်းလှန်ခဲ့ပြီး အားကြီးသော သားရဲများနှင့်လည်း တိုက်ခိုက်သည်။ အားနည်းသော ခွန်အားရှိ သားရဲများနှင့် ရင်ဆိုင်ရသောအခါတွင် လုရွှမ်ဟာ ရက်စက်ကြမ်းကြုတ်စွာပဲ အားလုံးကို သတ်ပစ်ခဲ့သည်။

ထို့နောက် အဲဒီပင်လယ်သားရဲတွေရဲ့ စည်းစိမ်တစ်ဝက်ကို လုယူပြီး လမ်းပေါ်မှာ ဆက်သွားနေခဲ့သည်။ လမ်းတစ်လျှောက်မှာ ရတနာတွေ အများကြီးရရှိခဲ့ပြီး သူ့​ရဲ့တိုက်ခိုက်ရေး အတွေ့အကြုံကလည်း လျင်မြန်စွာပဲ ကြီးထွားလာခဲ့သည်။

အဲဒါက ပင်လယ်ဝံပုလွေ မျိုးနွယ်စုဆီသို့ ရောက်တဲ့အထိပင်။

ပင်လယ်ဝံပုလွေ မျိုးနွယ်စုက သူတို့ရဲ့အမည်လိုပဲ အလွန်ရက်စက် ကြမ်းကြုတ်ပြီး သူတို့ရဲ့ အငွေ့အသက်နဲ့ သွေးတွေဟာလည်း တောရိုင်းသားရဲတွေလို အန္တရာယ်နဲ့ ပြည့်နှက်နေသည်။

ပင်လယ်ဝံပုလွေ မျိုးနွယ်စုအနီးသို့ သူရောက်လာတာနဲ့ တပြိုင်နက် လုရွှမ်ရဲ့စိတ်တွေ လှုပ်ရှားသွားသည်။ မျိုးနွယ်စုက အလွန်ကြီးမားပြီး တောင်တစ်ခုလုံးတွင် ပျံ့နှံ့လုနီးပါးရှိသည်။

လုရွှမ် ဂရုတစိုက် အကဲခတ် ကြည့်လိုက်တော့ ဤနေရာတွင် နတ်မီးနယ်ပယ်က သခင်တွေရဲ့ အရိပ်အယောင် မရှိသော်လည်း ဤပင်လယ်သားရဲများသည် ဆက်ဆံရလွယ်ကူသော သားရဲများ မဟုတ်ကြပေ။

ဤပင်လယ် ဝံပုလွေများဆီက အပိုင်းပိုင်း ကိုက်ဖြတ်ခံနေရသော တောင်ကုန်းတစ်ကုန်းလောက် ကြီးမားတဲ့ ပင်လယ်သားရဲ တစ်ကောင်ကို လုရွှမ် လှမ်းမြင်လိုက်ရသည်။

သို့သော် ဒီပင်လယ် ဝံပုလွေများက ရတနာကောင်း များစွာကို သိမ်းဆည်းထားကြောင်း သိသာထင်ရှားလှသည်။ ဥပမာ သူတို့ဒီမှာနေရတဲ့ အကြောင်းရင်းက ထူးဆန်းတဲ့လေထုကို ဖြန့်ကျက်ထားတဲ့ အပြာရောင် မြက်ခင်းတွေကြောင့်ပဲ ဖြစ်လေသည်။

ဒီမြက်မျိုးသည် သာမန်​မြက်ပင်ငယ်များထက် ပိုကြီးသောကြောင့် ထူးဆန်းသော မြက်ပင်ဟု ဆိုနိုင်သည်။ အကိုင်းအခက် မရှိသလို ရိုးရိုးအရွက်တောင် မရှိပေ။ သူတို့သည် သာမန်ပေါင်းပင်များနဲ့ တူသော်လည်း အရွယ်အစားကို အဆများစွာ ချဲ့ထွင်ထားသလို ဖြစ်နေသည်။

နေ့ခင်ဘက်တွင် သိပ်မထူးခြားသော်လည်း ညဘက်မှာတော့ မွှေးပျံ့တဲ့ ရနံ့ကို ထုတ်လွှတ်နေတတ်တဲ့ ဒီလိုထူးဆန်းတဲ့ မြက်ပင်ကြီးက တစ်ပင်ပဲ ရှိလေသည်။ မြင့်မြတ်သော မြက်ခင်းတွေလို ဒီပင်လယ်ဝံပုလွေ မျိုးနွယ်စု အားလုံးကလည်း ဒီထူးဆန်းတဲ့ မြက်ခင်းများကို ကိုးကွယ်နေကြပုံပင်။

ထူးဆန်းသော မြက်ခင်းပြင်ကို ပထမဆုံး မြင်တွေ့လိုက်ရသောအခါ လုရွှမ်သည် သူ မမြင်ရတာကြာပြီး လိုက်ရှာနေခဲ့တဲ့ ကောင်းကွက်တစ်ခုကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။ ဆန္ဒမရှိပါဘဲ သူ့မသိစိတ်မှ ရယူလိုစိတ်တွေ ပြည့်နှက်နေသလို ထိုထူးဆန်းတဲ့ အပြာရောင်မြက်ခင်းပြင်တစ်ဆုံး သူ့တစ်သက်လုံး လိုက်သွားချင်လာသည်။

လုရွှမ် ထိတ်လန့် တုန်လှုပ်သွား၏။ လုရွှမ်မှာ ကြောင်တက်တက်ဖြင့် သူပုန်းကွယ်နေသော နေရာမှ ထွက်သွားလုနီးပါး ဖြစ်သွားကာ ထိုရက်စက်ကြမ်းကြုတ်သော ပင်လယ်ဝံပုလွေ အုပ်စုနှင့် ထိတွေ့မိလုနီးပါး ဖြစ်သွားသည်။

သူ့စိတ်ထဲက ကြည်လင်သော စွမ်းအင်တစ်ခု တိုးထလာကာ လုရွှမ်ရဲ့ အသိစိတ်ကို ပြန်ခေါ်လာခဲ့သည်။ ထိတ်လန့်သွားတာကြောင့် သူ့နောက်ကျောကနေ ချွေးအေးများလည်း ထွက်ကျလာတော့သည်။

သူ့ရဲ့လက်ရှိ စိတ်ဝိညာဉ် စွမ်းအားနဲ့တောင် ဒီလိုထူးဆန်းတဲ့ မြက်ပင်ကြီး၏ ဆွဲဆောင်မှုကို ခံ​နေရဆဲ ဖြစ်​လေသည်။ သိသာသည်မှာ ဒီထူးဆန်းသော မြက်ခင်းပြင်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုက သူ့စိတ်ကူးထားတာထက် ကျော်လွန်နေပြီ။

"ကျီးဖိုးဖိုး... အဲဒါက ဘာလဲ?"

ရှားရှားပါးပါးကတော့ ရွှေကျီးကန်းလည်း ဘာဖြစ်သွားတယ် ဆိုတာတောင် မသိလိုက်ပေ။

"ငါကဘယ်လိုလုပ် သိမှာလဲ? လောကကြီးထဲမှာ အံ့ဩစရာတွေ အမျိုးမျိုးရှိတယ် အရာအားလုံးကို ငါသိထားဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ"

ရွှေကျီးကန်းသည် သူမသိသော အရာများကို အမြဲတစေ ပြောင်ပြောင်တင်းတင်း ပြောကာ ပြုံးပြုံးကြီး ကြည့်​နေတတ်သည်။

လုရွှမ် ထို​နေရာ၌ စောင့်ဆိုင်းနေသော ပင်လယ်ဝံပုလွေကြီးကို ကြည့်လိုက်တဲ့အခါ ၎င်းက အလွန်အိုနေတဲ့ ပင်လယ်ဝံပုလွေ တစ်ကောင်ဖြစ်နေတာ တွေ့လိုက်ရသည်။ တစ်ကိုယ်လုံး ပုပ်ပွလုနီးပါး ဖြစ်​နေကာ မနှစ်မြို့ဖွယ် အနံ့များလည်း ထွက်​နေသည်။

တချို့သော ဝံပုလွေငယ်များသည် ဤနေရာကို မကြာခဏ လာတတ်သော်လည်း သူတို့အားလုံးဟာ ဝံပုလွေအိုကြီးနဲ့ ခပ်ဝေးဝေးတွင်သာ ရှိနေကြသည်။

ပင်လယ်ဝံပုလွေအိုကြီးရဲ့ နယ်ပယ်က အရမ်းမြင့်ပြီး နတ်မီးနယ်ပယ်က သခင်တစ်ယောက် ဖြစ်နိုင်သည်။ ခုတော့ အသက်ကြီးလာပြီမို့ သူ့နယ်ပယ်ကလည်း တဖြည်းဖြည်း ကျဆင်းလာရာ ကောင်းကင်ဘုံသခင် အဆင့်ပဲ ရှိတော့သည်။

ပြီးတော့ တိုက်ခိုက်ရေး ထိရောက်မှုနဲ့ ပတ်သက်လာရင် သာမာန် ကောင်းကင်ဘုံသခင်တွေတောင် သူ့ကို သတ်နိုင်မှာကို ကြောက်ရ၏။ သို့သော် ဝံပုလွေအိုကြီးက မမျှော်လင့်ဘဲ အလွန်လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။

ပင်လယ်ဝံပုလွေအိုကြီး သူ့ဘက်ကို တစ်ချက် ကြည့်လာတဲ့အခါ လုရွှမ်လည်း အမြန် ပုန်းနေလိုက်သည်။ မထင်ထားဘဲ တစ်ဖက်က လူအိုကြီးရဲ့အသံက ထွက်ပေါ်လာခဲ့သည်။

"လူသားကျင့်ကြံသူတွေ မင်းတို့ ရောက်နေပြီ မဟုတ်လား? ထွက်လာခဲ့ပါ"

လုရွှမ် အံ့အားသင့်သွားသည်။ သူ့ကိုယ်သူ ထုတ်ဖော်မပြ​သေးပေမယ့် တစ်ဖက်လူက ဒီမှာ သူနဲ့ စကားပြော​နေတယ်။ သူ ဘာလုပ်ချင်​နေတာလဲ။

လုရွှမ်ရဲ့ စိတ်ဝိညာဉ် စွမ်းအားများ ပြန့်ကျဲသွားပြီး သူ့ပတ်ဝန်းကျင်က ပင်လယ်ဝံပုလွေများ ရှာဖွေတွေ့ရှိသွားမှာကို သူ စိတ်မပူပေ။ ဒီပင်လယ် ဝံပုလွေအို​ကြီးမှလွဲ၍ တ​ခြားပင်လယ်ဝံပုလွေရဲ့ ဝိညာဉ်စွမ်းအားက မမြင့်မားလှပေ။

အစီအစဥ်တစ်ခု ချထားပုံတော့ မရှိပေ။ ပတ်ဝန်းကျင်ရှိ ပင်လယ်ဝံပုလွေတွေဟာ ဒီနေရာကို မစုရုံးလာကြပေ။ ဒါက ပိုတောင်ထူးဆန်းနေ၏။

"လူငယ်လေး အံ့သြနေစရာ မလိုပါဘူး... ငါ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူး ငါ မင်းနဲ့ စကားစမြည် ပြောချင်တယ်... ငါ သေတော့မယ်ဆိုတာ မင်းမြင်ပြီးပြီ ထင်ပါတယ်"

ပင်လယ်ဝံပုလွေအိုကြီးက အော်လိုက်ပြီး သူ့ခန္ဓာကိုယ်က အနည်းငယ် လှုပ်သွားပြီး လုရွှမ်ဘက်ကို တစ်ချက်ကြည့်လိုက်သည်။ ပင်လယ်ဝံပုလွေအိုသည် အလွန်ပိန်လှီ၍ မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး အရေ​ပြားနဲ့အသားတို့သည် သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသောကြောင့် ဘာဖြစ်နေလဲ သေချာ မမြင်နိုင်ပေ။ သို့သော် မတ်တပ် ထရပ်လိုက်သောအခါတွင်မူ ပိန်လှီနေပုံအရ မကြာခင် သေတော့မယ့်ပုံပါပဲ။

လုရွှမ်က "လူကြီးမင်း ဘာလုပ်ချင်လို့လဲ?"

အဆင့်မြင့် ကျင့်ကြံသူများက ရဲရင့်သော်လည်း လုရွှမ်ကတော့ သူ့အကျင့်အတိုင်း မာနကြီး​နေသည်။ ထိုလူကြီးက သူ့ကိုရန်စရန် ကြံစည်နေသော်လည်း သူ့အနေနဲ့ ဒီနေရာကနေ ရုန်းထွက်သွားနိုင်ဖို့တော့ အစွမ်းအစ ရှိပါသေးသည်။

"ငါကမင်းသနား ညှာတာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်.... ပင်လယ်ဝံပုလွေ မျိုးနွယ်စုက နောက်ထပ် မုန်တိုင်းတစ်ခုကို မဖြတ်သန်းနိုင်တော့ဘူး"

ဝံပုလွေအိုကြီးဟာ အရမ်းပင်ပန်းနေပုံပေါ်ပြီး မြေပြင်ပေါ် ပြန်လှဲအိပ်လိုက်သည်။

"အကျပ်အတည်းက လာ​နေပြီ!!"

All Chapters