← Chapters

လင်ရှီးမြက်

Vol. 73 Ch. 4.608

လင်ရှီးမြက်

Vol. 73 Ch. 4.608

"အကျပ်အတည်း.. ဘာအကျပ်အတည်းလဲ?"

လုရွှမ် မေးလိုက်သည်။

"ငါတို့ရဲ့ ပင်လယ်ဝံပုလွေ မျိုးနွယ်က စွန့်လွှတ်ခံလိုက်ရပြီ... ပင်လယ်မျိုးနွယ် တစ်ခုလုံးနဲ့ ပင်လယ်မျိုးနွယ် ဆက်လက်တည်ရှိနေဖို့ အတွက် ဘာကြောင့် ငါတို့က ယဇ်ပူဇော်ရမယ့်လူတွေ ဖြစ်နေရတာလဲ?"

ပင်လယ်ဝံပုလွေအို​​​ကြီးသည် အလွန်ဒေါသ ထွက်နေပုံရပြီး သူ့အသံမှာလည်း ဒေါသတွေ အပြည့် ရှိ​နေသည်။ လုရွှမ် စကားမပြောဘဲ ပင်လယ်ဝံပုလွေ တစ်စုံတစ်ရာ လှုပ်ရှားလာမှာကို တိတ်တဆိတ် စောင့်​​ကြည့်နေသည်။

ခဏလောက် အသံတိတ်သွားပြီးနောက် ပင်လယ်ဝံပုလွေအိုကြီးက

"ငါ အသက်အရမ်း ကြီးနေပြီ.... အသက်ဘယ်လောက်​တောင် ရှိပြီလဲဆိုတာ မင်းတောင် စိတ်ကူးမယဉ်နိုင်ဘူး... ဒီရေရဲ့ ပထမဆုံးရာသီကို ငါမြင်လိုက်ရတယ် မှော်သတ္တဝါတွေ ပေါ်လာတာကို ငါမြင်တယ်... ဒီတောင်တန်းတွေ ဖြစ်ပေါ်လာတာကို မြင်လိုက်ရတော့ ငါတို့ ပင်လယ်ဝံပုလွေမျိုးနွယ်စုရဲ့ အနာဂတ်ကိုလည်း မြင်လိုက်ရတယ်”

ပင်လယ်ဝံပုလွေအိုကြီးသည် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ အသံက ကျယ်လောင်လွန်းသဖြင့် လုရွှမ်ရဲ့ ခေါင်းကို နာကျင်စေကာ မေ့လဲလုမတတ် ဖြစ်သွားသည်။

ထိုအဘိုးကြီး ဘာလှည့်ကွက်​​တွေ ကစားနေတာလဲ ဟူ၍ တွေးနေတုန်း လုရွှမ်အလိုလို ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရာ ဤအခိုက်အတန့်တွင် ပင်လယ်ဝံပုလွေများ အားလုံး မူးမေ့လဲသွားတာကို တွေ့လိုက်ရသည်။

"မင်း အခုထွက်လာလို့ ရပြီလား?"

ပင်လယ်ဝံပုလွေအိုကြီးက အရာအားလုံးကို နားလည်သွားပုံနဲ့ အော်လိုက်သည်။ လုရွှမ်လည်း ခဏလောက် စဉ်းစားပြီးမှ ထွက်လာခဲ့လိုက်၏။

ပင်လယ်ဝံပုလွေတွေရဲ့ ခန္ဓာကိုယ်တွေပေါ်က လျှောက်သွားရင်း ဒီအကောင်တွေကို မတော်တဆ နင်းမိမှာကိုလည်း ကြောက်ရသေးသည်။ ဒီလူကြီးရဲ့ စွမ်းပကားက သူမှန်းဆထားတာထက် ကျော်လွန်နေတာပဲ။

"သူတို့ သိဖို့ မလိုဘူး.... သူတို့မှာ အဲဒီလိုခွန်အားလည်း မရှိဘူး... မင်းတို့လူသားတွေ ခေါ်တဲ့အတိုင်း ငါမင်းကို မိတ်ဆွေလေးလို့ ခေါ်သင့်တယ်ထင်တယ်... မိတ်ဆွေလေး အခု မင်းကို ကျေးဇူးကြီးကြီးမားမားနဲ့ ငါတို့မျိုးနွယ်စုကို ကယ်တင်​ပေးဖို့ လိုအပ်​နေ​တယ်"

လုရွှမ် ရယ်လုမတတ် ဖြစ်သွားသည်။ ပင်လယ်ဝံပုလွေအုပ်စုက သူတို့ကို ကယ်တင်ဖို့ သူ့ကို လိုအပ်​နေတယ်။ ဒါက တကယ့်ကို ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား။

"မိတ်ဆွေလေး... မင်းစိတ်မရှိရင် မကြောက်ရင် ဒီကိုလာပြီး မင်းလက်ဖဝါးကို ဒီလင်ရှိးမြက်ခင်းပေါ်မှာ တင်ထားလိုက်ပါ..."

ဒီမြက်ကို လင်ရှီးမြက်လို့ ခေါ်တာကိုး!

စိတ်ဝိညာဉ်နဲ့ ဆက်စပ်နေကာ ၎င်းတွင် အမှန်တကယ် ဝိညာဉ်စွမ်းအား ရှိ​​နေသည်။ အစောက လင်ရှီးမြက်ဆီကနေ အသတ်ခံရလုနီးပါးဖြစ်ခဲ့ပုံကို စဉ်းစားရင်း လုရွှမ်နှလုံးသားသည် ကြောက်ရွံ့မှုအပြည့်နှင့် နိုးနိုးကြားကြား ဖြစ်နေသည်။

"ဟာဟား မှန်တယ်။ တခြားသူတွေကို ဘယ်လိုလုပ် ပေါ့ပေါ့တန်တန် ယုံနိုင်ပါ့မလဲ?

....မင်းရဲ့ အထောက်အထားကို ခန့်မှန်းပြီး အတည်ပြုပေးမယ် ဘယ်လိုလဲ?"

ပင်လယ်ဝံပုလွေအိုကြီးက မေးလိုက်ရာ လုရွှမ် သူ့ပုခုံးကို ပုခုံးတွန့်ပြလိုက်ပြီး ကိစ္စမရှိပါဘူး! လို့ ဆိုလိုက်သည်။

ပင်လယ်ဝံပုလွေ သည် သူ့လက်ဖဝါးကို အလိုက်အထိုက် လင်ရှီးမြက်ခင်းပြင်ပေါ်တွင် တင်ကာ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ လုရွှမ် သူ့ရဲ့နေမျက်လုံးများဖြင့် ကြည့်လိုက်ရာ လင်ရှီးမြက်ပင်မှ ပင်လယ်ဝံပုလွေအိုကြီးရဲ့ ခန္ဓာကိုယ်ဆီကို ဖြတ်ပြေးသွားသော အပြာရောင် စွမ်းအင်များကို တွေ့လိုက်ရသည်။

"မင်းနာမည်က ကျန်းထျန်းချိုင် ဒါက နာမည်အတုပဲ... ကျာရန်လိုပေါ့ မင်းတကယ့်နာမည် အရင်းက လုရွှမ်"

ပင်လယ်ဝံပုလွေအိုကြီးရဲ့ မျက်လုံးများက တောက်ပသော အပြာရောင် အလင်းတန်းဖြင့် ပြည့်နေသည်။

"ငါပြောတာ မှန်ရဲ့လား"

လုရွှမ်က စကားမပြောချင်ဘဲ ထိုသို့သော ခန့်မှန်းချက်က တိုတောင်းလွန်းလို့ ခံစားရလေ၏။ ပင်လယ်ဝံပုလွေအိုကြီးကလည်း သူ့အတွေးတွေကို နားလည်ပုံပေါက်ပြီး

"တကယ်တော့ ဒါက ရိုးရှင်းလွန်းပါတယ်... ထပ်ပြောမယ် မင်းမှာ မှော်ဆန်တဲ့ အရာတစ်ခုရှိတယ် အဲဒါက ကမ္ဘာကြီးရဲ့ ရတနာထက်တောင် အစွမ်းထက်လွန်းတယ်"

ပင်လယ်ဝံပုလွေအိုကြီးသည် သွေးတစ်လုတ်ကို ထွေးထုတ်ပြီး မောပန်းနွမ်းနယ်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ့လက်ဖဝါးက လင်ရှီးမြက်ပင်ကို ကိုင်ထားသေးတာကြောင့် သူ့မျက်လုံးများက ပြာနေသေး၏။ လုရွှမ်ကို စိုက်ကြည့်ရင်း သူ့ပါးစပ်က အသံများ ထွက်ချင်နေသော်လည်း ပါးစပ်ထဲမှာ သွေးများပြည့်နေတာမို့ ဘာမှ မပြောနိုင်ပေ။

"မသေနဲ့ဦးလေ.... အဘိုးကြီး"

လုရွှမ် အော်ဟစ်လိုက်သည်။ ပင်လယ်ဝံပုလွေအိုကြီးက သိသိသာသာ တုန့်ပြန်မှုဒဏ်ကို ခံစားခဲ့ရပြီး လုရွှမ်လည်း အမှန်တကယ်ပင် တုန်လှုပ်သွားခဲ့သည်။ ဘာကို ကမ္ဘာ့ရတနာထက် အစွမ်းထက်တဲ့ အရာလဲ။ အဲဒါက အာကာသ ကျောက်စိမ်းပြားတစ်ခုပဲ မဟုတ်ဘူးလား။

အာကာသ ကျောက်စိမ်းပြားသည် လုရွှမ်ရဲ့ မှော်အဆန်ဆုံး အရာဖြစ်ပြီး ၎င်းသည် သူအမှီအခိုဆုံးအရာလည်း ဖြစ်သည်။ အာကာသ ကျောက်စိမ်းပြားရဲ့ တည်ရှိမှုအကြောင်းကို တခြားသူများသိစေရန် မဝံ့မရဲဖြစ်ခဲ့ပြီး သိသွားပါက သူ့အတွက် သေခြင်းတရားတွေသာ များလာစေနိုင်၏။

သို့သော် ပင်လယ်ဝံပုလွေအိုကြီးကတော့ သူ့ပါးစပ်မှ သွေးများ ထွေးထုတ်ကာ မြေပေါ်သို့ လဲကျကာ သေဆုံးသွားခဲ့​ပြီ။

လျှို့ဝှက်စွာ ကျိန်ဆဲရင်း လုရွှမ်သည် ထိုထူးဆန်းသော လင်ရှီးအပင်ကို စိုက်ကြည့်ကာ အံကြိတ်ရင်း ထိုမြက်ပင်အား လက်ဖဝါးဖြင့် ထိလိုက်သည်။ လက်ဖဝါးက သံပူပူနဲ့ ဖိထားမိသလို တောက်လျှောက် အသံ​တွေ ထွက်လာပြီး နာကျင်မှုက လုရွှမ်ရဲ့ စိတ်ဝိညာဥ်ထဲအထိ တိုးဝင်လာပါတော့သည်။

သို့သော် နာကျင်မှု လွန်သွားပြီးနောက် လုရွှမ်သည် သူ့ဦးခေါင်းက ပေါင်ဒါဇင်ချီတဲ့ သံတုံးကြီးနဲ့ အဖိခံထားရသလို ခံစားနေရ၏။ သူ့ရှေ့က မြင်ကွင်းတွေ လျင်မြန်စွာ ပြောင်းလဲသွားပြီးနောက် လုရွှမ်သည် လျှို့ဝှက်ဆန်းကြယ်သော ​လေထုထဲသို့ ပစ်ချခံလိုက်ရသလို ခံစားလိုက်ရသည်။

အောက်ဖက်က ရှုခင်းကတော့ အတော်လေး မိုက်လွန်းလှသည်။ ၎င်းသည် အားကောင်းသော မုန်တိုင်းတစ်ခုနဲ့အတူ လှိုင်းလုံးကြီးများကို ဖန်တီးနေသည့် ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာ​ကြီး တစ်ခုဖြစ်သည်။

ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံးကို ဖြတ်ကျော်ပြီးကြည့်လျှင် လက်ရှိသူရှိနေတဲ့ ဝမ့်ရှန်းကမ္ဘာသည် တောင်များ သို့မဟုတ် ကုန်းမြေများ မရှိဘဲ အရာအားလုံးက သမုဒ္ဒရာ ပိုင်နက်တစ်ခုဖြစ်ကြောင်း ထင်ရှား​နေသည်။

လုရွှမ်ရဲ့ စိတ်က ပင်လယ်ရေများလို ဧရိယာတစ်ခုလုံးအပေါ် ပျံ့နှံ့သွားသည်။ ဒါက အလွန်မှော်ဆန်သော ခံစားမှုတစ်ခုပဲ ဖြစ်ကာ လုရွှမ် သူ့စိတ်တွေ ခဏလောက် ကျယ်​ပြန့်သွားတာကို ခံစားလိုက်ရ၏။ သူ ပိုမြင်လာပြီး ပိုခံစားလာရသည်။

သမုဒ္ဒရာထဲမှာ ပထမဆုံး ငါးသေးသေးလေးကို တွေ့လိုက်ရကာ ၎င်းက ဘယ်က​ရောက်လာမှန်း မသိပေ။ သို့သော် ၎င်းလိုသတ္တဝါငယ်လေးတွေ ပင်လယ်ရေထဲတွင် ပေါ်လာပြီး သတ္တဝါများ တဖြည်းဖြည်း ပေါများလာပြီး အမျိုးအနွယ်​တွေ ဖြစ်လာကြသည်။

အဲဒီလို ပင်လယ်သတ္တဝါတွေ ပေါ်လာတာကို မြင်လိုက်ရတဲ့အခါ သူ့စိတ်သည် ကြီးမြတ်တဲ့ နတ်ဘုရားတစ်ပါးလို နှလုံးသားက ရွှင်လန်းတဲ့ အငွေ့အသက်မျိုး ရှိနေ၏။

ထို့နောက် လုရွှမ်သည် ပင်လယ်ဝံပုလွေမျိုးနွယ်စု အတွင်းက အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည့် ကြီးမားလှသော ပင်လယ်ဝံပုလွေ တစ်ကောင်ကို တွေ့လိုက်ရသည်။ ၎င်းသည် မုန်တိုင်းကြောင့် ဖြစ်ပေါ်လာခဲ့သည့် ယခင်ပင်လယ်ဝံပုလွေထက် အဆ မရေမတွက်နိုင်အောင် ကြီးမားလှသည်။

သို့သော် အဆက်မပြတ် လှိမ့်နေသော ပင်လယ်ဝံပုလွေများကြားတွင် နက်ရှိုင်းသော တွင်းကြီးတစ်ခု ပေါ်လာသည်။

အဲဒါက ထူးဆန်းတဲ့ တွင်းနက်ကြီး ဖြစ်ပြီးတော့ ပင်လယ်ရေတွေအားလုံး အဲဒီထဲကို စိမ့်ဝင်သွားကြကာ ထိုတွင်းကြီးကပဲ သက်ရှိသတ္တဝါအားလုံးကို ပင်လယ်ဂူထဲသို့ စုပ်ယူ၍ သုတ်သင်ပစ်ခဲ့သည်။

ထို့နောက် တွင်းကြီးထဲမှ ပင်လယ်ရေများ စိမ့်ထွက်လာပြန်သည်။ ဒါပေမဲ့ ပင်လယ်ရေထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ရောင်ဝါတစ်ခု ရှိနေပြီး အဲဒီရောင်ဝါက ပင်လယ်ရေထဲက သတ္တဝါတွေကို စိတ်အနှောင့်အယှက် ဖြစ်စေလေသည်။

ရေထဲတွင်ရှိသော သတ္တဝါများရဲ့ ဆင့်ကဲဖြစ်စဉ်က အကြိမ်ပေါင်း မရေမတွက်နိုင်အောင် အရှိန်မြှင့်သွားပုံရသည်။ ပင်လယ်သားရဲတွေရဲ့ လက်တွေဟာ ပိုပိုကြီးလာပြီး တွင်းနက်တွေကလည်း ပိုပိုပြီးများလာကာ ဒီပင်လယ်သားရဲတွေဟာ ပင်လယ်လိုဏ်ဂူထဲကို ထပ်ခါထပ်ခါ စုပ်ယူခံရပြီး ခဏအကြာမှာ ပြန်ပေါ်လာပါ၏။

သို့သော် ထိုပင်လယ်သားရဲများ တစ်ဖန်ပေါ်လာသောအခါ ၎င်းတို့ရဲ့ ရောင်ဝါတွေက ပို၍ပြင်းထန်လာသလို ဆင့်ကဲတိုက်ပွဲတွေကလည်း ယခင်ကထက် များပြားလာသည်။

လုရွှမ်ရဲ့ ခန္ဓာကိုယ်ဟာ လင်ရှီးမြက်ပင်များထဲမှ ရုတ်တရက် ခုန်ထွက်သွားသည်။ သူသည် သူ့ရှေ့ရှိ လင်ရှီးမြက်ပင်များကို တစ်ဖန် လှမ်းကြည့်လိုက်သည်။ ယခင်ပုံစံအတိုင်း မဟုတ်တော့ဘဲ ပင့်ကူမျှင်လို အပိုင်းပိုင်း ကွဲအက်သွားကာ ဝိညာဉ်စွမ်းအင် စီးကြောင်းများက ပြန့်ကျဲကာ သူတို့အားလုံး အပေါ်သို့ ပက်ဖြန်းသွားသည်။

လုရွှမ်လည်း သူ့ခန္ဓာကိုယ်ပေါ်က တင်းမာမှုတွေ ပြေလျော့သွားသလို ခံစားလိုက်ရပြီး စိတ်ဝိညာဥ်လည်း သန့်စင်သွားသည်။ ဒါပေမဲ့ နောက်ကွယ်က အရာတွေကို မမြင်နိုင်တော့တာ နှမြောစရာ ကောင်းလှ၏။

သို့သော် လုရွှမ်လည်း လင်ရှီးမြက်က ကြောက်မက်ဖွယ် ကောင်းသော ထိုထူးဆန်းလှိုဏ်ဂူရဲ့ မှော်အတတ်ကို သတိ​ပေးနေခြင်း ဖြစ်ကြောင်း နားလည်သွားခဲ့သည်။

"ဟမ် ငါနဲ့ ဘာဆိုင်လို့လဲ?!"

လုရွှမ် အော်ပြောပြီး ချက်ချင်း ထွက်ပြေးသွားတယ်။

သူ့ခန္ဓာကိုယ်ထဲကို ပြေးဝင်လာသော ဝိညာဉ်စွမ်းအင်က သူ့စိတ်ကို နိုးကြားစေသလို သူ့ပတ်ဝန်းကျင်က မြေပြင်ပေါ်တွင် လဲလျောင်းနေသော ပင်လယ်ဝံပုလွေများကိုလည်း နိုးကြားလာစေသည်။

လုရွှမ်ရဲ့ ရုပ်ပုံကို မြင်လိုက်ရသော်လည်း လင်ရှီးမြက်က​တော့ ပျောက်ကွယ်သွားကာ သူတို့ရဲ့မျိုးနွယ်စု အကြီးအကဲလည်း အမှန်တကယ် သေဆုံးသွားပြီ။ ဒါ့ထက် သူသည် သွေးအန်ပြီး သေဆုံးသွားခဲ့ခြင်းပင်။

အားလုံးက လုရွှမ်ကိုသာ ညွှန်ပြနေသည်။ သူတို့ရဲ့ မျိုးနွယ်စု အကြီးအကဲကို ခေါင်းဖြတ်ခဲ့တာက လုရွှမ်ပဲဟူ၍။

All Chapters